![]() |
မြစ်ဝ |
မြစ်လက်တက်များ။
ညာဘက်တွင် (Ucayali , Purus Madeira, Xingu, Tocantins, Leticia,Manaus အဓိက မြစ်လက်တက်များရှိသည်။
အရှည်……….6,400 km (4,000 မိုင် )
မြစ်ဝှမ်းအကျယ် .7,050,000 k 2 (2,720,000 sq mi)
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် 5,170m(16,962 ft)
အင်းဒီးစ် တောင်တန်းများမှ မြစ်ဖျားခံ စတင်ခဲ့ပြီး အတ္တလန်တစ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သည်။
![]() |
အမေဇုံမြစ်၏ ထင်ရှားသိသာသော မြစ်လက်တက်များ |
အမေဇုံ (Amzone)အမည်မှာ အင်္ဂလိပ်အခေါ်အဝေါ်သာဖြစ်သည်။ စပိန်ဘာသာဖြင့် သော်၎င်း ပေါ်တူဂီဘာသာဖြင့်သော်၎င်း သီးခြားအခေါ်အဝေါ်များရှိသည်။
ကမ္ဘာပေါ်ရှိ အရှည်ဆုံးမြစ်ကြီးခုနှစ်စင်းတွင် တောင်အမေရိကတိုက်မှ အမေဇုံမြစ်သည် ဒုတိယအရှည်ဆုံးဖြစ်ပြီး မြစ်ရေစီးဆင်းရာတွင် အကြီးဆုံးမြစ် ခုနှစ်စင်းထက်ပျမ်းမျှရေစီးဆင်းမှုနှုံး ပိုမိုသွက်လက်များပြားသည်။
![]() |
ရေပေါ်ရွာကလေး |
၁၅၀၀တွင်ဗင်းဆင့် ပင်ဇွန် ဆိုသူ ဥရောပတိုက်သားတဦး ရွက်လွှင့် ရောက်ရှိလာသည်။၁၅၆၀တွင် အခြားပေါ်တူဂီလူမျိုး လုဒ် ဆိုသူရောက်ရှိလာပြီး ၁၆၃ရတွင်ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူ ပီထရို ထရိုင်စီရာ ဆိုသူ အမေဇုံမြစ်ဝတွင် အချေချနေထိုင်ခဲ့သည်။
![]() |
မြစ်စတင်ပေါ်ပေါက်ရာ မူလဒေသ ကို ဤသို့ အပါချီတာ ကျောက်ထရံကြီး အနီးရှိလက်ဝါးကပ်တိုင်အမှတ်အသားဖြင့် ညွှန်ပြထားသည်။ |
![]() |
အမေဇုံမြစ်၏ဇစ်မြစ် |
အမေဇုံမြစ်သည် မြစ်လက်တက်ပေါင်းထောင့်တရာကျော်ကျော် ရှိသည့်အနက်ဆယ့်ခွန်နှစ်ခုသည် ကီလိုမီတာ ထောင့်ငါးရာကျော် (မိုင်အားဖြင့် ၉၃၀ မိုင် ကျော်)ရှည်လျားကြပြီး ကိုလံဘီယာနိုင်ငံတွ င် အဓိကကျသော မြစ်မကြီးများ အသွင်တည်ရှိသည်။ အီကွေဒေါနိုင်ငံနှင့် ပီရူးနိုင်ငံတို့ရှိမြစ်များသည်လည်း အရေးပါသော မြစ်လက်တက်များအဖြစ် အမေဇုံမြစ်အတွင်း သို့တိုက်ရိုက်စီးဝင်သည်။
![]() |
မြစ်၏ရေကြီးနေသည့် အစိတ်အပိုင်းတခုကို နာဆာမှ ရိုက်ကူးထားပုံ |
![]() |
အမေဇုံမြစ်၏ မြစ်လက်တက်နှစ်ခု ပေါင်းဆုံရာ (ရိုင်အိုနီဂရိုးမြစ်နှင့်ရိုင်အို ဆိုလီမိုးစ်မြစ်) |
မြစ်ဝအကျယ်ဘယ်လောက်ဆိုတာ ပထ၀ီအနေအထား ထူးခြားနေခြင်းကြောင့် ခုထိ ပညာရှင်များငြင်းခုံဆဲဖြစ်ပါတယ်။
![]() |
အမေဇုံမြစ်ဝတောင်ဘက်ခြမ်းကို ဆဲတဲလ်လိုက်မှကြည့်လျှင် မြင်ရပုံ |
အမေဇုံမြစ်၏ မိုးသည်းစိုစွတ်ချိန် |
သိပ္ပံဆရာအချို့က နိုင်းလ်မြစ်ထက် ပိုရှည်လျားသည်၊ အမေဇုံမြစ်က ကီလိုမီတာ ၆၉၉၂ (၄၃၄၅မိုင်) ရှိပြီး နိုင်းလ်မြစ်က ကီလိုမီတာ၆၈၅၃(၄၂၅၈မိုင်)သာရှိသည်ဟု ကောက်ချက်ချကြသည်။၂၀၀၇ခုနှစ် ဇွန်လ ၁၆ရက် BBC သတင်းကလည်း နိုင်းလ်မြစ်ထက် ပိုရှည်ကြောင်း ဆိုခဲ့သည်။
![]() |
လူကို အန္တရယ်ပေးနိုင်သော်လည်း ဖျံဘီလူးကြီးများ၏သားကောင် ဖြစ်ရသည့် ပီရန်ညားငါးများ |
နို့တိုက်သတ္တ၀ါများ ရှစ်ပေ ခြောက်လက်မအရွယ်ရှိ အသက်နှင့်အလိုက် အရောင်ပြောင်းလဲတတ်သည့် လင်းပိုင် စသည် (ငယ်စဉ်ဘ၀တွင် အညိုရောင် အရွယ်ရင့်ကျက်လာသော် ပန်းရောင် အဖြူရောင်သို့ ပြောင်းလဲတတ်သည်)ပင်လယ်ဖျံ နှင့် သားစား အပင်စားသတ္တ၀ါများ ပျော်မွေ့နေထိုင်ကြသည်။ ဝေလငါး နှင့်ငါးမန်းကြီးများမှစ၍ ငါးမျိုးစိတ်ပေါင်း ၅၆၀၀ ကျော်ရှိသည်ဟု သုတေသန ပုဂ္ဂိုလ်တို့က ဆိုသည်။
![]() |
မန်ဒူရူကူ အင်ဒီးယဲန် လူမျိုးများ ပန်းချီကား(၁၅၆၀ တွင် ဟာကျူလီ ဖလောရင်းက ရေးဆွဲသည်) |
၁၆၃၇ နှင့် ၁၆၄၇အတွင်းစပိန်လူမျိုးများ လူပေါင်း၂၀၀၀ကျော် ကနူးလှေ ၃၇စင်းဖြင့် အင်အားပြည့်ဖြိုးစွာ ရောက်ရှိလာကြသည်။ ၁၆၄၈-၁၆၅၂တွင်ပြင်သစ်မှ အန်ထော်နီယို ရာပိုဆို တာဗာရီဦးဆောင်၍ ဆပိုလိုမှအမေဇုံမြစ်ဝအထိခရီးမိုင်ပေါင်းများစွာ စွန့်စားရှာဖွေ လေ့လာခဲ့ကြသည်။ ရိုင်အိုနီဂရိုးအပါအ၀င် မြစ်လက်တက်များ၏ အသုံးဝင်ပုံ ကို ကီလိုမီတာ တသောင်းကျော်(မိုင်အားဖြင့်၆၂၁၄မိုင်)အကျယ်အ၀န်းကို စုံစမ်း စစ်ဆေးကြည့်ရှုကြသည်။ ဘရာဇီးလ် အီကွေဒေါလ် ဘိုလီဗီးယား ၊ကိုလံဘီယာ၊ပီရူး၊ ဗင်နီဇွဲလား စသည်ကိုလိုနီ နိုင်ငံများမှ လာရောက်ကြသူများ။မစ်ရှင်ကျောင်းများတည်ထောင်ကြသူ သာသနာပြုသင်းအုပ်ဘုန်းကြီးများ၊ ခရစ်ယန်တရားဟောဆရာများ ကုန်ကူးသန်းရောင်းဝယ် ဖေါက်ကားလိုသူများဖြင့် အမေဇုံမြစ်သည် စည်ကားသိုက်မြိုက်လာသည်။ချားလ်မေရီ ဒီ လာ ကွန်ဒါမိန်း ၏ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာသူများ တဖွဲဖွဲ ရောက်ရှိလာကြသည်။
![]() |
၁၈၄၈ - ၁၈၅၉ ခုနှစ်တွင် ရှာဖွေစွန့်စားသူ |
ဟင်နရီဝေါ်တာဘေ့သ် ရောက်ရှိခဲ့သည်။၁၈၅၀ခုနှစ်စက်တင်ဘာလ(၆)ရက်တွင်ပြင်သစ် ဧကရာဇ်ဘုရင် ပီထရိုတူး(PedroII) က Maua မြို့စားကို အာဏာအပ်နှင်း၍ ရေကြောင်းခရီးစုန်ဆင်းစေပြီးပြုရန်ရှိသည်တို့ကို ကိစ္စအ၀၀ဆောင်ရွက်စေသည်။၁၈၅၂ခုနှစ်တွင်လည်း မြို့စားများကို မီးသင်္ဘောငယ်သုံးစင်းဖြင့်လည်း စေလွှတ်၍ရိုင်အို ဒီဂျနေးရိုး အမေဇိုနီးယားများနှင့် မိတ်ဖွဲ့ခါ သက်ဦးဆံပိုင်ဘုရင်ဘွှဲကို ခံယူသည်။
![]() |
နာဆာမှ ရိုက်ကူးခဲ့သော မြစ်၏ မိုးကြီးရေလျှံ ပုံရိပ်အစိတ်အပိုင်းတခု |
၁၈၅၇တွင် တန်၂၀၀ ၀န်ဆောင်မှုပေးနိုင်သော မီးသင်္ဘောငယ်များဖြင့် ကုန်ပစ္စည်းများတင်ဆောင်ကာ လစဉ်ကူးသန်းရောင်ဝယ်မှု ဆိုင်ရာ သဘောတူစာချုပ်ကိုအတည်ပြု၍ ပါရာနှင့် မာနျူးစ်မြစ်များအကြားမှာ ကူးသန်းသွားလာခဲ့သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ပြည်တွင်းရေကြောင်းကုန်စည်ဖြန့်ဖြူးရောင်းဝယ်မှုအစပျိုး ဖွင့်လှစ်ခဲ့နိုင်ခြင်းဟု ဆိုရမည်ဖြစ်သည်။
![]() |
အမေဇုံမြစ်အတွင်းမှာ ကူးချီ သမ်းချီ ၀န်ဆောင်မှုပေးနေတဲ့ ပီရူးက ရေပေါ်သွား တက္ကစီလေး |
![]() |
အမေဇုံမြစ်အထက်ပိုင်း |
![]() |
မြွေတကောင်လို ကောက်ကောက်ကွေ့ကွေ့ စီးဆင်းနေတဲ့မြစ်က အူယားစရာ… |
![]() |
လက်တင် အမေရိကဲန်နှင့် သို့မဟုတ် အမေရိကဲန်အင်ဒီးရဲန်နှင့်စပိန်မျိုးနွယ်တို့မှ ဆင်းသက်သော ဒေသခံဌာနီတိုင်းရင်းသား လူမျိုးစု များ အမေဇုံ တ၀ိုက် ပျံ့လွင့်နေထိုင်ကြသည်။(၄င်း၏ဦးခေါင်းပုံ) |
ထိုမှ ယနေ့တိုင် အမေဇုံမြစ်သည် လူတို့ အများဆုံးစိတ်ဝင်စားမှု ဖြစ်လာနေဆဲ ဒေသတခုဖြစ်သည်။
ဗဟုသုတတော့အများကြီးရတယ်မဖြိုး။ကျေးဇူးပါ။မဖြိုးအမေလည်းရေးနိုင်တာပဲနော်။ကျွန်တော်တို့ရင်းနှီးကျွမ်းဝင်ပြီးသားနေရာတွေဟာတစ်ချိန်ကဘယ်သူမှမသိခဲ့တဲ့နေရာတွေဖြစ်နေတာပေါ့နော်။နောက်တော့လည်းသဘာဝတရားလည်းပျက်စီးခြင်းကိုဦးတည်သွားရတာပါပဲ။
ReplyDelete