Saturday, August 28, 2010

Show Them to me ! Have Fun


come on girls ! I'd like to shake your daddy's hand :D

အမေရိကန်ဟာသသရုပ်ဆောင်၊ ကန်းထရီးဂီတအဆိုတော် ရောဒ့်နေးကာရင်တန်(Rodney Scott Carrington)ရဲ့ ၂၀၀ရခုနှစ်က ထွက်ရှိခဲ့တဲ့ King of the Mountains အယ်လ်ဘမ်ထဲက Show Them to me ဆိုတဲ့ သီချင်းပါ။

facebook မှာ သူငယ်ချင်းတစ်ယောက်တင်ထားတာတွေ့တာနဲ့ မျှဝေလိုက်ပါတယ်၊
အားလုံးရယ်မောပျော်ရွှင်နိုင်ကြပါစေ။

Oh it seems to me this whole world's gone crazy
There's too much hate and killin goin on
But when I see the bare chest of a woman
My worrys and my problems are all gone
No one thinks of fightin, when they see a topless girl
Baby if you would show yours too, we could save the world

Show them to me, show them to me
Unclasp your bra and set those puppies free
They'd look a whole lot better without that sweater baby I'm sure you'll agree
If you got, two fun bags,
Show them to me

I don't care if they don't match or ones bigger than the other
You could show me one, and I'll imagine the other
Even if you're really old, theres nothing wrong
Don't be sad your boobs ain't bad, they're just a little long

Show them to me, show them to me
Lift up your shirt and let the whole world see
Just disrobe, show your globes and a happy man I'll be
If you got, dos chichi's,
Show them to me

I've met a lot of them, but never one I've hated
Even if you've had thirteen kids and you think they look deflated
Theres no such thing as a bad breast, I believe this much is true
If you're a big fat man I'm a titty fan and I'd love to see yours toooo

Show them to me, show them to me
Just like the girls gone wild on T.V.
Just lean back and show your rack and I'll be in ecstasy
If you got two casabas
Show them to me

All the world will live in harmony
It'll do you good, it'll give me wood, we'll make history
If you love your country, I'm gonna say it one more time,
I said if you love your country yea
Then stand your ass up and show them big old titties to me

Friday, August 27, 2010

ob-la-di, ob-la-da, life goes on, brah !!!

ဘီတဲလ်စ်တွေရဲ့ ob-la-di, ob-la-da သီချင်းကို ငယ်ငယ်က အစ်မတွေခေတ်တုန်းက ကော်ပီဆိုထားတာကြားဖူးခဲ့တယ်၊

♫ နေရာတကာမှာ မင်းတို့အတွဲက စံပါပဲ၊ ပြောလဲ ပြောပြော ၊ ပြောလဲ မောတော့မယ် ♫
♫ အလှ ကြည့် ♪ အ၀ကြည့် ♪ တွဲကြည့်ကြတာ ♪ ဘာတွေလဲ ကိုယ့်ချစ်သူ ကိုယ်တိုင်ရွေးလို့ အချစ်ရူး ရူးကြတယ်  ♫အိုဘလာ တိ ♫ အိုဘလာ တာ ♪

ဘယ်သူဆိုတာလဲ မသိတော့ပါဘူး၊ နာမည်ကြီးတော့ နာမည်ကြီးပဲ၊ ဒီနေရာလေးပဲရတယ်၊ ဒါတောင် မှန်မယ်မထင်ဘူး။ (သိတဲ့သူရှိရင် ဘယ်သူဆိုတာလဲ၊ ပြီးတော့ စာသားလေးပါ ရွတ်သွားပေးရင် ကောင်းမှာပဲ) သီချင်းက ပျော်ဖို့ကောင်းလို့၊ အားလုံး အပျင်းပြေနားထောင်ဖို့ပါ။
အားလုံး ပျော်ရွှင်ပါစေ ...



Desmond has his barrow in the market place...
Molly is the singer in a band...
Desmond says to Molly "Girl, I like your face"
And Molly says this as she takes him by the hand...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on.

Desmond takes a trolley to the jewelry store...
Buys a twenty carat golden ring...
Takes it back to Molly waiting at the door...
And as he gives it to her she begins to sing...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on.

In a couple of years they have built a home sweet home,
With a couple of kids running in the yard,
Of Desmond and Molly Jones... (Ha ha ha ha ha)

Happy ever after in the market place...
Desmond lets the children lend a hand...
Molly stays at home and does her pretty face...
And in the evening she still sings it with the band...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on.

In a couple of years they have built a home sweet home,
With a couple of kids running in the yard,
Of Desmond and Molly Jones...
Happy ever after in the market place...
Molly lets the children lend a hand...
Desmond stays at home and does his pretty face...
And in the evening she's a singer with the band...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on...
Ob-la-di, ob-la-da, life goes on, brah!...
Lala how the life goes on.


စစ်မီးပျားအုံထဲက စစ်ဘေးသင့်ပျားများ

စစ်ပွဲတစ်ပွဲဟာ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ခဏလေးအတွင်းစိတ်အခန့်မသင့်၊ စိတ်ဆိုးစိတ်ကောက်ပြီး စကားတွေများ၊ ရန်တွေဖြစ် ၊ စကားလုံးတွေနဲ့ပစ်ပေါက် ပြီးတော့ပြန်တည့်သွား အဲဒီသဘောသဘာဝမျိုး မရှိကြဘူး။ စစ်ပွဲအကြောင်း ဖတ်ကြည့်လိုက်တာနဲ့ ရာဇ၀င်သမိုင်းကြောင်းက ရှည်ရှည်လျားလျား၊ အခန့်မသင့်တဲ့ကိစ္စတွေက အတော်များများ၊ သွေးထွက်သံယို ဒဏ်ရာအနာတရတွေက နှစ်ဘက်လုံးမှာ အလဲလဲအကွဲကွဲ၊ ဘယ်သူက မှားတယ်၊ ဘယ်သူက မမှားဘူး၊ မှန်တယ် မမှန်ဘူး၊ ဆုံးဖြတ်ကြည့်လို့ မရအောင် ရှုပ်ထွေးလှပါတယ်။ အဆုံးသတ်ဖို့လဲ သိပ်ခက်တယ်၊ လူမျိုးရေးတွေ၊ ယဉ်ကျေးမှုတွေ၊ ဘာသာရေးတွေ ညှိယူလို့ မရတာတွေ၊ ညှိယူဖို့ မစဉ်းစားကြတွေ မာန်မာနလျှော့ချဖို့ မဖြစ်နိုင်တာတွေ၊ ရပိုင်ခွင့် ဆုံးရှုံးသွားမှာ ကြိုတင်တွက်ချက်ကြတာတွေ၊ ကိုယ့်တိုင်းသူပြည်သားတွေရဲ့ အရေးကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစား ကြရတာတွေ၊ တစ်ဖက်က ဖိအားတွေ၊ အခြားတစ်ဖက်က တွန်းအားတွေ အဲဒါတွေ အများကြီးပြည့်နှက်နေတယ်။ စစ်ပွဲရဲ့အဓိက ဖန်တီးရှင်နှစ်ဦးလုံးမှာလည်း အခက်အခဲတွေ သိပ်များလွန်းတယ်။ သူတို့နှစ်ဦးမှာ အပြစ်တွေများသလို အကျပ်အတည်းတွေ များကြတယ်။ တိုင်းသူပြည်သားတွေဆိုတာကတော့ ပြောဖွယ်မရှိပေါ့၊ စိတ်ပင်ပမ်းဆင်းရဲကြရတယ်။ ဘ၀ကို တိုးတက်အောင် ပိုပိုပြီး ရုန်းကန်ကြရတယ်။ သာယာငြိမ်းချမ်းနေတဲ့ စစ်မဲ့ဒေသတွေက ကံကောင်းလှတဲ့ တိုင်းသူပြည်သားတွေထက် အများကြီးပိုကြိုးစားကြရတယ်။

ကိုဆိုဗိုသမိုင်းကြောင်းနဲ့ ရှေးရှေးကအဖြစ်တွေ ...
ကိုဆိုဗိုစစ်ပွဲမတိုင်ခင် နှစ်တွေအများကြီး နောက်ပြန်ဆုတ်ကြည့်ရရင်၊ ၄ရာစုလောက်က ရှေးကျပြီး ဘာသာစကား တစ်မျိုးတည်းကိုပဲပြောနေကြတဲ့ ဆလာ့ဗ်လူမျိုးဆိုတာတွေပဲရှိနေကြတယ်။ သူတို့တွေနေထိုင်ကြတာက အရှေ့ဥရောပနဲ့ ဥရောပအလယ်ပိုင်းတွေဆီမှာ၊ ဘော်လ်ကန်ဒေသတွေမှာလဲ အခြေကျနေထိုင်ကြပါတယ်။ ဘော်လ်ကန်ဒေသတွေကတော့ ဥရောပအရှေ့တောင်ပိုင်းဒေသတွေ၊ ဘော်လ်ကန်တောင်တန်းတွေဆီက ဘူလ်ဂေးရီးယားတလျှောက်ဖြတ်လျှက် ဆားဘီယား အရှေ့ပိုင်းဒေသတွေအထိပါဝင်ကြတယ်။ အဲဒီခေတ်က မြို့စား(Duke)တွေ အသီးသီးအုပ်ချုပ်ကြတယ်။ ကိုယ့်ရဲတိုက်တွေနဲ့ ကိုယ်၊ ကိုယ်ပိုင်တပ်သား၊ ကိုယ်ပိုင်နယ်နမိတ် သတ်မှတ်ပြီး ကိုယ့်ရွာသားတွေနဲ့ကိုယ် နေထိုင်ကြတဲ့ခေတ်မျိုးပါ။ အဲဒီခေတ်က ကိုဆိုဗိုဒေသမှာ ရာခ်ျ့ကာပြည်နယ်(Raška)ရှိနေတယ်၊ အဲဒီပြည်နယ်ရာခ်ျ့ကာရဲ့မြို့စားက ဆာဘ့်(ဆားဘီးယန်း) ဘိုးဘေးကဆင်းသက်လာတဲ့ မြို့စားကြီးစတဲဖန်နဲမာညာ(Stefan Nemanja)ပါ။ သူက အင်အားအကြီးဆုံး မြို့စားဖြစ်လာပြီး နယ်မြေဧကတွေအများကြီး ပိုင်ဆိုင်တယ်။ တခြား မြို့စားတွေကို လွှမ်းမိုးလာနိုင်တယ်။ မြို့စားကြီးနဲမာညာက သူပိုင်တဲ့ဒေသတွေနဲ့ သြဇာလွှမ်းမိုးတဲ့ နယ်မြေဒေသတွေမှာပါ ဘာသာရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရအောင် ကြိုးပမ်းခဲ့တယ်။  အဲဒီအချိန်က အရှေ့ရောမ အင်ပါယာနဲ့ အနောက်ရောမအင်ပါယာတို့က အားကြီးနေချိန်၊ ပိုင်ဆိုင်တဲ့ နယ်နမိတ်တွေက အတိအကျမရှိကြသေးပါဘူး။ ဘာသာရေးမှာလည်း အရှေ့ရောမအင်ပါယာ(Byzantine Empire) ပိုင်းကတော့ အစပိုင်းမှာ နတ်ဘုရားတွေကိုးကွယ်ခဲ့တဲ့ခေတ်ကနေ ဘုရားသခင်နဲ့ ခရစ်တော်ကိုယုံကြည်သက်ဝင်တဲ့ monotheism ၀ါဒကို ပြောင်းလာကြတယ်။ နောက်ပိုင်းမှာ အော်သိုဒေါစ့်ခရစ်ယာန်(Eastern Christianity)ကို တဖြည်းဖြည်းချင်းပြောင်းလဲလာတယ်။ အနောက်ရောမအင်ပါယာကတော့ ကက်သလစ်ခရစ်ယာန်ဝင်တွေ အများစု ဖြစ်လာကြတယ်။ ၁၁ရာစုနောက်ပိုင်း တူရကီတွေက ရောမအင်ပါယာကိုအောင်နိုင်လာခဲ့ပြီး အော်တမန်အင်ပါယာ ထူထောင်ခဲ့ကြတယ်။ မြေထဲပင်လယ်ဒေသတွေအထိပါ တိုက်ခိုက်သိမ်းပိုက် လာနိုင်ခဲ့တယ်။ တူရကီတွေအင်အားအကြီးဆုံး ၁၆ရာစု၊ ၁၇ရာစုအချိန်မှာ ဥရောပအရှေ့တောင်ပိုင်း၊ အာရှအနောက်ပိုင်းနဲ့ မြောက်အာဖရိကထိပါ နယ်ပယ်ချဲ့ထွင်နိုင်တဲ့အထိ ဖြစ်လာကြပြီး၊ နယ်ပယ်ချဲ့ နိုင်သလောက် ဘာသာရေးမှာလည်း လက်အောက်ခံနယ်မြေတွေမှာ ဆွန်နီအစ္စလာမ်ဘာသာ လွှမ်းမိုးလာခဲ့ပါတယ်။ နောက်ပိုင်း၁၉၁၄ခုနှစ် နွေရာသီကာလမှာမှ ဥရာပတိုက်က စတင်မွှေးတဲ့မီး ပထမကမ္ဘာစစ်ဖြစ်လာခဲ့တယ်။

အယ်လဘေးနီးယားနိုင်ငံဟာ ကမ်းရိုးတန်းဒေသနိုင်ငံဖြစ်ပြီး မြေမျက်နှာပြင်နိမ့်ကျပြီး အယ်လ်ဘေးနီးယန်းတွေကို နွံထဲမှာနေတဲ့သူတွေလို့ ဆိုကြတယ်၊ တစ်ဖက်မှာလည်း ကိုဆိုဗိုဘက်ဖြတ်ထွက်တဲ့နေရာမှာ တောင်တွေရောယှက်နေတဲ့ သစ်တောသုံးမျိုးရှိနေကြတယ်။ အယ်လ်ဘေးနီးယန်းတွေဟာ မိသားစုတစ်စုမှာ ကလေး ၁၀ယောက် အနည်းဆုံးရှိကြတယ်ဆိုလို့တယ်။ လူဦးရေများပြားလွန်းလာတဲ့ အယ်လ်ဘေးနီးယန်းတွေက အဲဒီတောင်တွေပေါ်ကကျော်ပြီး ကိုဆိုဗို၊ ဘူလ်ဂေးရီးယား၊ မက်ဆီဒိုးနီးယား၊ ရိုမေးနီးယားနဲ့ အနီးအနားနေရာဒေသအသီးသီးမှာ အခြေချလာကြပါတယ်။  ဆွန်နီအစ္စလာမ်ဘာသာဝင်အယ်လ်ဘေးနီးယန်းတွေဟာ ကိုဆိုဗိုဒေသမှာ အခြေကျနေခဲ့ကြပြီ၊ မြို့စားကြီးနဲမာညာ လက်ထက်ကတည်းက တည်ဆောက်ခဲ့တဲ့ အော်သိုဒေါစ့်ခရစ်ယာန် ဘုရားကျောင်းတွေရှိ နေခဲ့သလို မျိုးရိုးစဉ်ဆက်နေထိုင်လာတဲ့ ဆာ့ဘ်လူမျိုးတွေလဲ ကိုဆိုဗိုမှာရှိနေကြတယ်။ ကွန်မြူနစ်ဝါဒကျဆုံးခဲတဲ့ခေတ် နောက်ပိုင်း၊ ဆိုဗီယက်ယူနီယံပြိုကွဲသလို မူလယူဂိုဆလားဘီးယားဟာ ၁၉၈၉ ခုနှစ်ကစပြီး တနိုင်ငံပြီးတစ်နိုင်ငံ ခွဲထွက်လာခဲ့ကြတာဟာ ၂၀၀၈ခုနှစ်မှာတော့ အစိတ်စိတ်အပိုင်းပိုင်း ကိုယ်ပိုင်အုပ်ချုပ်ရေးတွေ အသီးသီးရယူခဲ့ကြတယ်။ ဥရောပမှာ အားအကြီးဆုံး ဆိုဗီယက်ယူနီယံကြီးပြိုခွဲတာကို ယူအက်စ်စီအိုင်အေအဖွဲ့ United States Central Intelligence Agency ကြီးရဲ့လှုပ်ရှားမှုတွေပါတယ်လို့ ယူဆသူတွေလဲရှိနေကြတယ်၊ ကိုဆိုဗိုဒေသမှာလည်း လူများစုဖြစ်လာနေတဲ့ အစ္စလာမ်ဘာသာဝင် အယ်လ်ဘေးနီးယန်းတွေနဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဝင်တွေနဲ့ ပဋိပက္ခတွေ ရှိလာကြတယ်။ ကိုဆိုဗိုဒေသက အယ်လ်ဘေးနီးယန်းတွေကလည်း ခွဲထွက်ခွင့်ကြိုးစား လာကြတယ်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် တောင်းဆိုလာကြတယ်။

အတွင်းလူတွေရဲ့အမြင်မှာ ...
အယ်လ်ဘေးနီးယန်းတွေဟာ မိသားစုတစ်စုမှာ ကလေးငယ်ပေါင်း ၁၀ဦးကျော်ပျှမ်းမျှနဲ့ ၁၅ဦးအထက်ရှိလာကြတယ်။ အဲဒီတော့ လိုအပ်ချက်တွေအရမ်းများလာတယ်။ နေရာဒေသတွေပိုလိုတယ်။ အစားအစာ၊ အလုပ်အကိုင် အားလုံး အများကြီးလိုလာကြပြီ၊ လိုအပ်ချက်တွေများလွန်းလာတော့ လိုအပ်သလို တောင်းလာကြတယ်။ ကိုဆိုဗိုဒေသမှာ လူများစုဖြစ်လာတဲ့ အယ်လ်ဘေးနီးယန်းတွေဟာ ကိုဆိုဗိုဒေသကို စီမံခန့်ခွဲခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် အာဏာပါ လိုချင်လာကြတယ်။ အခွန်အခတွေ မပေးချင်ကြတော့ဘူး၊ ဆားဘီးယားအာဏာရအစိုးရကိုဆန့်ကျင်ခဲ့ကြတယ်။ ဆာ့ဘ်တွေကိုတွေ့ရင် တိုက်ခိုက်ကြတယ်၊ ဘုရားကျောင်းတွေကို ဖျက်ဆီးလာကြတယ်။ ကလေး၊ သူငယ်၊ မိန်းကလေးတွေ သတ်ဖြတ်လာကြတယ်။ ဆာ့ဘ်တွေကလည်း ပြန်တိုက်ခိုက်ကြတာပါပဲ၊ နှစ်ဘက်လုံးတိုက်ကြ၊ ခိုက်ကြ သေကြေကြတယ်။ တိုက်ခိုက်ကြတာက အပြန်ပြန် အလှန်လှန်၊ ဘာသာရေး၊ လူမျိုးရေးနဲ့ ခွဲခြားပြီး နှစ်ဘက်လုံးက နယ်မြေလုတိုက်ခိုက်ကြတယ်၊ သေကြေကြတယ်။ ဆားဘီးယားအစိုးရ အာဏာရှိသေးတဲ့အတွက် ဆားဘီးယန်းရဲတွေကို ကိုဆိုဗိုဒေသကိုလွှတ်တယ်။ (ဆားဘီးယန်းရဲတွေရဲ့ အယ်လ်ဘေးနီးယန်းတွေကို ကိုင်တွယ်မှုဟာ အင်မတန်ကြမ်းလွန်းတယ်လို့ အတွင်းလူတွေကပဲ လက်ခံကြပါတယ်)၊ ဆိုရှယ်လစ်စနစ်ခေါင်းဆောင်ကြီး ဆလိုဘော်ဒန်မီလိုရှဗစ်ခ်ျရဲ့ဟာကွက်တွေ အများကြီး ရှိနေခဲ့ပါတယ်။ အဲဒီအနေအထားမျိုးမှာ နိုင်ငံတကာက အထူးသဖြင့် အနောက်နိုင်ငံတွေက အားနည်းတဲ့ လူမျိုးစုတစ်စုကို အာဏာနဲ့ ဖိနှိပ်သတ်ဖြတ်မှု (လူမျိုးတုန်းသတ်ဖြတ်မှု) လို့ ခေါင်းစဉ်တပ်တော့တယ်၊ အနောက်နိုင်ငံရဲ့သတင်းကွန်ယက်ပြန့်နှံတဲ့ နိုင်ငံတွေမှာလည်း မွတ်စလင်လူမျိုးတွေကို လူမျိုးတုန်း သတ်ဖြတ်မှုကြီး(Genocide) လို့ သုံးနှုန်းလာကြတယ်။ ဆာ့ဘ်တွေရဲ့တိုက်ခိုက်မှုတွေအတွက် ရာဇ၀တ်ပြစ်မှုတွေ သင့်စေခဲ့ပြီး အယ်လ်ဘေးနီးယန်းတွေရဲ့တိုက်ခိုက်မှုမှာတော့ သူရဲကောင်းတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ နိုင်ငံရေးပရိယာယ် အင်မတန်နည်းသေးတယ်လို့ ဒေသခံတွေက ဆားဘီးယား အစိုးရကို မြင်ကြတယ်။ နေတိုးအဖွဲ့က ၁၉၉၀မှာ လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပါတယ်၊ ဆားဘီးယား အစိုးရရဲ့ ကိုဆိုဗိုဒေသကို လွှမ်းမိုးထားတဲ့အာဏာကို ပြတ်တောက်ကျဆုံးစေလိုကြတယ်။ အားနည်းတယ်လို့ ယူဆတဲ့လူမျိုးစု (အယ်လ်ဘေးနီးယန်း)တွေကို လက်နက်ရိက္ခာစစ်သင်တန်းတွေပေးတယ်၊ စီအိုင်အေရဲ့ ညွှန်ကြားမှုတွေဝင်လာကြတယ်။ အယ်လ်ဘေးနီးယန်းတွေရဲ့ ကလေးငယ်တွေ အဆမတန်မွေးဖွားမှုကို နိုင်ငံရေးကွက်ဆင်မှုတွေထဲကတစ်ခုလို့ဆိုတဲ့ ယူဆချက်ကိုတော့ ဘုရားသခင်ကိုယုံကြည်ကြတဲ့ ခရစ်ယာန်ဘာသာဝင်တွေက ကလေးသူငယ်မွေးဖွားမှုဟာ ဘုရားသခင်ရဲ့အလိုတော်အတိုင်းမို့ ကလေးငယ်တွေဟာ နိုင်ငံရေးနဲ့ မဆိုင်ပါဘူး။ ကလေးငယ်တွေဟာ အပြစ်ကင်းစင်ကြတယ် လို့ ငြင်းဆိုကြပါတယ်။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက နိုင်ငံရေးပညာရှင်တွေဟာ အင်မတန်ပါးနပ်ပြီး အဆင့်တိုင်းအဆင့်တိုင်း အကွက်မြင် ဥာဏ်ကြီးကြတယ်လို့ ဆိုတယ်။ အင်မတန် ပါးနပ်လိမ္မာကြတယ်လို့လဲ အထင်ကြီးချီးကျူးသလို တစ်ဖက်ကလည်း၊ ရုရှားနိုင်ငံနဲ့နိုင်ငံရေး အချိတ်အဆက်တွေကြောင့် ကိုဆိုဗို လူမျိုးရေးကိစ္စမှာ ကုလသမဂ္ဂနဲ့အတူ အမေရိကန်တပ်တွေ ကိုဆိုဗိုမှာနေရာယူထားနိုင်ထားတာဟာ ဥရောပနိုင်ငံတွေကို တစ်စိတ်တစ်ပိုင်းထိန်းချုပ်နိုင်မယ့် မဟာဗျူဟာတစ်ခုလို့လဲ ယူဆကြတယ်။ ကိုဆိုဗိုမှာ မိုင်းတွင်းတွေရှိနေတယ်။ နိုင်ငံတစ်ခုရဲ့အခက်အခဲကို ပြေလည်စေချင်ရုံသက်သက်၊ ငြိမ်းချမ်းရေးကို ပုံဖော်လိုရုံသက်သက်နဲ့တော့ အမေရိကန်တပ်တွေ ဘယ်တော့မှ ၀င်ရောက်တိုက်ခိုက်လာမှာမဟုတ်ဘူးလို့ အပြစ်တင်ကြတယ်။ ထရက်ပ်ချာမိုင်းတွင်းTrepča Mines တွေကို ထောက်ပြကြတယ်၊ ကိုဆိုဗိုမြို့တော် ပရစ်ရှ်တီးနားမှာ ဘီလ်ကလင်တန်လမ်းဆိုတာပေါ်လာတယ်။ ပေ ၁၀မြင့်တဲ့ အမေရိကန်သမ္မတ ဘီလ်ကလန်တန်ရဲ့ရုပ်တု ထုလာကြတယ်။ မြို့တော်ရဲ့လမ်းတွေမှာ သမ္မတဘုရှ်အပါအ၀င်၊ ၂၈ယောက်မြောက်အမေရိကန်သမ္မတ၀ီလ်ဆင်ရဲ့အမည်တွေ မှည့်ခေါ်ခဲ့ကြပါတယ်၊ ပါလီမန်ကိုယ်စားပြု ဒီမိုကရေစီ အုပ်ချုပ်ရေးလမ်းကြောင်းဆီပြောင်းလဲလာကြတယ်။ မူးယစ်ဆေးနဲ့ ရာဇ၀တ်ပြစ်မှုတွေ တိုးလာနေတယ်လို့ စာရင်းဇယားတွေနဲ့ ချပြကြတယ်။ အရင်က အယ်လ်ဘေးနီးယန်းအကြမ်းဖက်သမား တွေက တော်လှန်ရေးခေါင်းဆောင်တွေအဖြစ်သတ်မှတ်ခံရပြီး အခုအခါ အာဏာတွေရလာကြတယ်။ ပိုင်ဆိုင်မှုတွေ ပိုပိုများလာပြီး သူဌေးကြီးတွေဖြစ်လာကြတယ်လို့ အပြစ်တင်ကြတယ်။ ကုလသမဂ္ဂတပ် တွေက အော်သိုဒေါစ့်ဘုရားကျောင်း တွေကို စည်းရိုးတွေကာထားပြီး အကာအကွယ်ပေးထားကြပါတယ်။ အဲဒီတပ်တွေတဖြည်းဖြည်း ရုတ်သိမ်းပြီး အယ်လ်ဘေးနီးယန်းအာဏာရတပ်ဖွဲ့တွေက အကာအကွယ် ပေးကြလိမ့်မယ်လို့ ကုလသမဂ္ဂတပ်တွေဘက်က ကြေညာကြတယ်။ လက်တွေ့မှာက အဲဒီအာဏာရ တပ်သားတွေက အရင်က အော်သိုဒေါစ့်ဘုရားကျောင်းတွေကို ဖျက်ဆီးခဲ့ဖူးသူတွေပဲ ဖြစ်နေကြတယ် လို့ဆိုတယ်။ အဲဒီတပ်သားတွေက ဘယ်လိုကာကွယ် ပေးကြမှာတဲ့လဲ လို့ စိုးရိမ်သူတွေရှိနေကြတယ်။ ကိုဆိုဗိုမှာ ရှိနေတဲ့ လူနည်းစု ဆာ့ဘ်တွေရဲ့ ရပ်ကွက်တွေမှာ လျှပ်စစ်မီး ခဏခဏပြတ်တောက် တာတွေဖြစ်တယ်။ အကြောင်းပြချက်မပေး၊ အချိန်အတိုင်းအတာမရှိ လျှပ်စစ်မီးပြတ်ကြတယ်။ သောက်သုံးရေစနစ်ရပ်တန့်သွားတာတွေ ကြုံရတယ်လို့ဆိုကြတယ်။ ကိုဆိုဗိုမှာရှိနေတဲ့ ဆာ့ဘ်တွေကို ကိုဆိုဗိုကနေ ရွှေ့ပြောင်းပေးဖို့မှာ ဘိုးဘွားစဉ်ဆက်နေထိုင်လာကြသူတွေက ပြောင်းရွှေ့ရမှာ ငြင်းဆန်ကြသလို အန္တရာယ်ကင်းကင်းနေထိုင်ရေးမှာလည်း အခက်အခဲတွေ ရှိနေကြပြန်တယ်။

အပြင်လူတွေရဲ့အမြင်မှာ ...
ဆာ့ဘ်တွေက ကိုဆိုဘိုကို သူတို့ ရဲ့ဝိညာဉ်၊ သူတို့ ရဲ့  အသဲနှလုံးသဘွယ် ခံယူထားတယ်လို့ ယူဆကြတယ်။ အဲဒါကြောင့်ပဲ ဘဲလ်ဂိတ်အာဏာပိုင်တွေဟာ ဘောဆနီးယားနဲ့ ခရိုအေးရှား တိုက်ပွဲအတွင်း အိမ်ခြေယာမဲ့ဖြစ်သွားတဲ့ ဆာ့ဘ်တွေကို ကိုဆိုဘိုဒေသမှာ  ပြန်လည်နေရာချထားဖို့ ကြိုးစားတယ်လို့ ဆိုတယ်။ လူဦးရေ ၉၀ % လောက်ရှိနေတဲ့ အယ်လ်ဘေးနီးယန်းတွေကြားမှာ ဆာ့ဘ်တို့လုံခြုံဘေးကင်းဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အုပ်စုနှစ်ခုဟာ အဲဒီအချိန်မှာ ပဋိပက္ခစဖြစ်တော့တယ်လို့ ထင်မြင်ကြတယ်။ ဆာဘီးယန်းဒုက္ခသည်များ ကိုဆိုဘိုမှာ နေရာချပေးလိုက်ခြင်းဟာ မီးခတ်ကျောက်ပေါ် လောင်စာချ လိုက်ခြင်းလို့  သမိုင်းဆရာတွေကလည်း ရေးသားကြတယ်။ ဆာဘီးယန်းရဲတွေဟာ နေအိမ်တွေကို ၀င်ရောက်ရှာဖွေ ဖမ်းဆီးတာ၊ ရိုက်နှက်တာလုပ်လာကြတယ်။ လုပ်ရိုးလုပ်စဉ် သာမညောင်ညကိစ္စလို လုပ်ဆောင်လာကြတယ်။ အဲဒီက စလို့  မျိုးတုံးသုတ်သင်မှု “Ethnic  Cleaning “ဆိုတာပေါ်ပေါက်ခဲ့ပါတယ် လို့ ဆိုကြတယ်။ အယ်လ်ဘေးနီးယန်းမျိုးနွယ်စုတွေ ကိုယ်ပိုင်အုပ်ချုပ်ရေး အလိုရှိလာကြတယ်၊ ဘော်လ်ကန်ဒေသရှိ နိုင်ငံငယ် အားလုံးဟာ ကိုယ်စီ ကိုယ်စီ  သွေးစွန်းပေခဲ့ကြတယ်။ ဒီကြောက်ခမန်းလိလိ ဖြစ်ရပ်ဆိုးတွေက နေ့ညမရွေး ခြောက်လှန့်နေခဲ့ကြတယ်။ အယ်လ်ဘေးနီးယန်းတွေက သူတို့  ဒီမှာ အခြေချနေလာတာ နှစ်ထောင်ချီနေပြီ လို့ပြောလာကြတယ်။ သူတို့ ဒုတိယလူ မဖြစ်နိုင်ဘူးလို့ဆိုတယ်။ ပထမ ၊ဒုတိယ ဆိုတဲ့ နေရာတခုအတွက် တိုက်ခိုက်တာတွေ နှစ်ဘက်လုံး လုပ်ခဲ့ကြပါတယ်။  ဒါပေမဲ့ ကုလငြိမ်းချမ်းရေးတပ်တွေ ၀င်လာတဲ့အခါ အဲဒီလူမျိုးရေး စစ်ပွဲတွေကို ရပ်ပြစ်နိုင်ကြတော့မယ်။ အယ်လ်ဘေးနီးယန်း တွေက ကြိုဆိုခဲ့ကြတယ်။ အယ်ဘေးနီးယန်း မျိုးနွယ်စုတို့ဟာ တကယ်တော့ ဘောစနီးယားက မျိုးတုံးသတ်သင်မှုမျိုး ဖြစ်လာမှာကို ကြောက်ရွံ့နေခဲ့ကြတယ်။  သူတို့ဟာ နောင် ဖြစ်လာနိုင်ခြေရှိုတဲ့စစ်ပွဲတွေကို  တားဆီးဖို့ ဆန္ဒရှိလာကြပြီ၊ ခေတ်မှီငြိမ်းချမ်းတဲ့ နိုင်ငံတော်ကြီးဖြစ်လာဖို့ ဆန္ဒတူညီရှိုလာကြတယ်။ အရှေ့ဥရောပတစ်ခွင်  ဒီမိုကရေစီဖြစ်ထွန်းပေါ်ပေါက်မှုကို ပွင့်လင်းညင်သာ စွာ အသွင်ကူးပြောင်းလိုကြတယ်။  မာရှယ်တီတိုရဲ့ကွန်မြူနစ်ဝါဒလဲ ကျဆုံးပါပြီ၊ ဆာဘီးယန်း အာဏာရှင် ဆလိုဘော်ဒန် မီလိုရှဗစ်ခ်ျ ရဲ့ ဖိနှိပ်ချုပ်ချယ်မှုကလဲ လွတ်မြောက်ခဲ့ပါပြီ၊ ဘော်လ်ကန်ုဒေသမှာ စစ်မက် မဖြစ်ပွားစေလိုတော့ဘူး။ စစ်ပွဲတွေကိုရပ်ပြစ်ဖို့ ကုလသမဂ္ဂတပ်တွေကြိုးစားနေကြပြီ၊ လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးစနစ် ဖေါ်ဆောင်ကြဖို့ ဒီမိုကရေစီစနစ်ကို ထူထောင်ကြဖို့ သူတို့ ကြိုးစားနေကြပါပြီ လို့ ဆိုကြတယ်။

ဒီမိုကရေစီစနစ်ကိုဖော်ဆောင်ကြသူတွေ စနစ်ဟောင်းထဲမှာပဲဖက်တွယ်လိုသူတွေ၊ တွန်းအားတွေ၊ ဖိအားတွေ၊ ဒါတွေအားလုံးထဲမှာ ညပ်ညပ်သတ်သတ်၊ အငတ်ငတ်အပြတ်ပြတ် ရုန်းကန်ကြရတာက ပြည်သူပြည်သားတွေပါ။ “သူတို့တွေ ပျားအုံထဲက ပျားတွေလို တစ်ချိန်လုံးရုန်းကန်နေကြရတယ်၊ သူတို့ရဲ့ရုပ်သွင်အပြုအမူတွေဟာ အပြင်ပမ်းက ကြည့်ရင် မာကြောလှသလို၊ ကြမ်းတမ်းခက်ထန်လှသလို ထင်မြင်ယူဆရပေမဲ့ သူတို့ဟာ လူဆိုးတွေမဟုတ်ကြပါဘူး” ဆိုတဲ့စကားသံတွေ သူတို့က ပြောလာကြတယ်။ စစ်တွေရဲ့အကျိုးဆက် ကန့်သတ်ပိတ်ဆို့မှုတွေကြောင့် ပြည်သူပြည်သားတွေ အခက်အခဲ၊ အကျပ်အတည်းတွေ ပိုမိုတွေ့ကြုံရတယ်လို့ ဆိုတယ်။ နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်စေဖို့ အားလုံးက ကိုယ်ကျိုးစီးပွားမကြည့်ပဲ ကြိုးစားကြဖို့၊ အားလုံးလက်တွဲအကောင်အထည်ဖော်ကြဖို့ လိုတယ်လို့ သူတို့ယုံကြည်ကြတယ်။ သူတို့တွေမှာ လူမျိုးရေး ခွဲခြားမုန်းတီးမှု မရှိဘူးလို့ အခိုင်အမာပြောကြတယ်။
ဘာတွေ လွဲမှားနေကြသလဲ။
ဘာကြောင့် လွဲမှားတဲ့ဘက် နယ်ကျွံကုန်ကြတာလဲ။
ဘယ်နေရာတွေမှာ အဟန့်အတားဖြစ်နေသလဲ။
အဲဒီ အဟန့်အတားတွေ ဘယ်လိုဖြိုဖျက်နိုင်မလဲ။
နိုင်ငံတိုင်းအတွက် အကောင်းဆုံး အခြေအနေတွေ မျှော်လင့်ရင်း၊ ကမ္ဘာကြီးအနာတရ ... မရှိ၊ ကျန်းမာသန်စွမ်းနိုင်ပါစေကြောင်း သူတို့တွေနဲ့... ကမ္ဘာကြီးထဲက တိုင်းသူပြည်သားတွေအားလုံးကလည်း အကောင်းဆုံးအတွက် ကြိုးစားလုပ်ဆောင်ကြရင်း ... ဆုတောင်းနေကြပါတယ်။            ။

                    http://en.wikipedia.org/wiki/Ottoman_Empire
                    http://en.wikipedia.org/wiki/Byzantine_Empire
                    http://en.wikipedia.org/wiki/Western_Roman_Empire
မော်နီတာဂျာနယ် Vol 1, No 21


Tuesday, August 24, 2010

You may say that I'm a dreamer ... But I'm not the only one !!!

Imagine ကို “ဘာသာကိုဆန့်ကျင်တဲ့သီချင်း၊ တိုင်း၊နိုင်ငံမရှိ ဆန့်ကျင်တဲ့ သီချင်း၊ ဒါပေမဲ့ သကြားလေး အုပ်ထားတယ်” တို့ ဝေဘန်ခဲ့ကြဖူးတယ်၊ ကြာခဲ့ပါပြီ၊ သီချင်းလေးပြန်နားထောင်ရင်း ဂျွန်လင်နွန်ကို ဘယ်သူသတ်တာလဲ ဆိုတာ ပြန်တွေးမိတယ်၊ မာ့ခ်ဒေးဗစ်ချပ်မန်း ကပဲ သူ တစ်ယောက်တည်းရဲ့စိတ်ရူးနဲ့ နောက်ကနေ ကျည်လေးတောင့် ပစ်သွင်းလိုက်တာလား၊ FBI လား၊ မသိခဲ့ကြပါ၊ ချပ်မန်း ကတော့ ၁၉၈၀ခုနှစ်ထဲက အကျဉ်းသားအဖြစ် ထောင်ဒဏ် အနှစ် ၂၀ ကျခဲ့တယ်၊ ၂၀၁၀ သြဂုတ်လ ၁၁ ရက်နေ့က ချပ်မန်းက အာမခံခြောက်ကြိမ်မြောက်ကြိုးစားခဲ့ပေမဲ့ စက်တင်ဘာအထိ ရက်ရွှေ့ဆိုင်းထားပါတယ်၊ လင်နွန်ရဲ့ ကျန်ရစ်တဲ့ဇနီး အိုနိုက သူ လွတ်လာရင် အိမ်မက်ဆိုး၊ ထိတ်လန့်ချောက်ခြားစရာ တစ်ခါထပ်ပြီးသယ်ဆောင်လာလိမ့်မယ်၊ သူ ကြောက်နေတယ် လို့ ဆိုတယ်။


Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

Imagine သီချင်းနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အမြင်တွေ အင်တာဗျူးတစ်ခုမှာ လင်နွန်ဖြေခဲ့ဖူးတယ်၊

In a 1980 interview with David Sheff for Playboy magazine, Lennon remarks on the message of "Imagine":

Sheff: On a new album, you close with "Hard Times Are Over (For a While)". Why?
Lennon: It's not a new message: "Give Peace a Chance" — we're not being unreasonable. Just saying "give it a chance." With "Imagine" we're asking, "can you imagine a world without countries or religions?" It's the same message over and over. And it's positive.
Ono indicated that the lyrical content of "Imagine" was "just what John believed — that we are all one country, one world, one people. He wanted to get that idea out." In addition, the content of "Imagine" was inspiration for the concept of Nutopia: The Country of Peace, created in 1973. Lennon included a symbolically mute "anthem" to this country on his album Mind Games. Also, inspiration for Yoko's Imagine Peace Tower in Iceland came from words in the second verse: Imagine all the people living life in peace.

အနာဂတ်အတွက် ကိုယ်ပိုင်ဆုံးဖြတ်ခွင့် (သို့မဟုတ်) ဒီမိုကရေစီ

မာခ့်မဲလောခ့်ဘရောင်း Democratic Governance: Linking the Security and Development Agendas- Mark Malloch Brown

နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ဘ၀လုံခြုံမှုတွေက ဒီမိုကရက်တစ်အုပ်ချုပ်ရေး (ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးစနစ်)နဲ့ ပတ်သက် ဆက်နွယ် နေကြတယ်။ တစ်ချို့သောဒေသ၁၀၀ကျော်ဟာ ကမ္ဘာအဆင့်မှီစေဖို့အတွက် သူတို့ရဲ့တိုင်းပြည်တွေမှာဒီမိုကရေစီကို အထောက်အပံ့ပေးဖို့၊ ချီးမြှောက်အားပေးဖို့အတူတကွကြိုးပမ်းနေကြပြီ။ ဒီမိုကရေစီကိုဦးထိပ်ထားတဲ့ အပြည်ပြည်ဆိုင်ရာ အုပ်ချုပ်ရေးရာအကူအညီပေး အဖွဲ့အစည်း (စီဒီ-Community of Democracies) ဟာ ကျွန်တော်တို့ရဲ့ အရေးကြီးနေတဲ့ ဒီမိုကရေစီ အကူးအပြောင်းကာလမှာ အခြေခံအကျဆုံး စိန်ခေါ်မှုတစ်ခုကို ထောက်ပံ့ ပေးမယ့် အဓိကဇာတ်ကောင်အဖြစ် ကျားကျားလျားလျားရှိနေတယ်။ ကျွန်တော်တို့ရဲ့ အရေးကြီးနေတဲ့အချိန် ဆိုတာ ကတော့ ဒီမိုကရေစီ အကူးအပြောင်းကာလရဲ့ လှိုင်းတံပိုးတွေရိုက်ခတ်မှု ကြံ့ကြံ့ခံရင်ဆိုင်ရမယ့် အချိန်ကို ပြောချင်တာပါ။ ပြီးခဲ့တဲ့နှစ်ပေါင်း သုံးဆယ် အတွင်းကမ္ဘာကြီးရဲ့ အစိတ်အပိုင်းအတော်များများမှာ ဒီလိုသာဓကတွေ ကျွန်တော်တို့အများကြီးပဲကြုံခဲ့ရပြီ၊ အဲဒီတိုင်းပြည်တွေနဲ့ ပြည်သူပြည်သားတွေအတွက် ဒီမိုကရေစီ ဆိုတဲ့ လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းကြောင်း မှန်ပေါ်ရောက်အောင် ဘယ်လိုထောက်ပံ့ရမလဲ ကျွန်တော်တို့အတွေ့အကြုံတွေရှိခဲ့ကြပါပြီ။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေ မွှေနှောက်ခလောက်ဆန်လိုက်တော့ အရှေ့အလယ်ပိုင်းဒေသမှာဆို ရလာဒ်က သတိရှိရမယ့် မျှော်တလင့်လင့်အခိုက်အတန့်တွေ ပေါ်ပေါက်လာရော၊ ဘယ်လိုမျှော်လင့်စရာ တွေများလဲ။ အီရတ်မှာ စစ်ပွဲဂယက်ဖုံလုံးတွေတအုံးအုံးထတုန်းပါ ဆိုတဲ့ အမြင်မျိုးရှိနေပါစေ မကြုံစဖူးထူးကဲတဲ့ အထွေထွေရွေးကောက်ပွဲ အောင်မြင်မှုရှိခဲ့ပြီ။ အဲဒီရွေးကောက်ပွဲကနေဆက်ပြီး အီရတ်ပြည်သူပြည်သားတွေရဲ့ ဘ၀တွေ ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်း တည်ငြိမ်အေးချမ်းစေဖို့ တည်ဆောက်ကြတဲ့အခါ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ထောက်ပံ့မှု၊ အဲဒီလို တန်ဘိုးကြီးတဲ့ အခွင့်အရေးတွေရကြပြီ၊ တစ်ခါ ပါလက်စတိုင်းသမ္မသစ်ရွေးကောက်ပွဲတွေကလဲ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် လတ်လတ်ဆတ်ဆတ် မျှော်လင့်ချက်တွေ ယူလာတယ်။ နောက်ထပ်  အီဂျစ်က လာမယ့်၂၀၁၁သမ္မတရွေးပွဲမှာဆိုရင် ရွေးကောက်ပွဲဝင်တွေ အများကြီး ခွင့်ပြုပေးမယ်။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက်လို့ကြေညာထားတယ်။ လက်ဘနွန်နိုင်ငံသား ထောင်ပေါင်းများစွာဟာလည်း လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအတွက် ဘေရွတ်မြို့ရဲ့လမ်းမတွေပေါ်ထွက်ခဲ့ကြတယ်။ အင်မတန်ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဘေရွတ်မှာ ပေါ်ပေါက်လာရတယ်။ အဲဒီအဖြစ်အပျက်တွေအားလုံးက ကျွန်တော်တို့ကို တပ်လှန့်လိုက်တာပါပဲ။ အဲဒီဒေသတွေမှာဒီမိုကရေစီဖွံ့ဖြိုးမှုအတွက် စိတ်လှုပ်ရှားစရာ အချိန်ဖြစ်လာပြီ။ ပြီးတော့ နိုင်ငံသားတိုင်းဟာ သူတို့ရဲ့ကိုယ်ပိုင်အနာဂါတ်အတွက်ဦးတည်ရာကို ကိုယ်တိုင်ပဲ ဆုံးဖြတ်ကြလိမ့်မယ်။ ဒီမိုကရေစီဆိုတာ နိုင်ငံအပြင်ဘက်မှာမဟုတ်ဘူး၊ အတွင်းမှာပဲရှိနေတာပါ၊ အချိန်အခါမရောက်နိုင်သေးတဲ့သဘောပဲ၊ ဒီမိုကရေစီဆိုတာ တိတိကျကျဆိုရရင် အံ့အားသင့်စရာပါ၊ ဘာကြောင့်လဲ။ ဒီမိုကရေစီဟာ လူတိုင်းအတွက် သူတို့အနာဂါတ်ကို ကိုယ်တိုင်ဆုံးဖြတ်ဖို့ အခွင့်အရေးပေးကမ်းလို့ပါပဲ။
လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုမှာ အဓိကကျတဲ့ အတားအဆီး အပိတ်အဆို့ ၃ ခုကို မီးမောင်းထိုးပြရရင် လွတ်လပ်မှု၊ အမျိုးသမီးတွေရဲ့အခွင့်အာဏာ နဲ့ အသိဥာဏ်ပညာ တွေမှာ ကွာဟမှုသိပ်ကြီးမားလွန်းတာ တွေကြောင့်ဖြစ်ရတယ်ဆိုတာ သိခဲ့ကြရတယ်။ UNDP-United Nations Development Programme ကမကထပြုခဲ့တဲ့ Arab Human Development Reports (AHDRs) ဟာ အဲဒီဒေသက ငြင်းခုံမှုတွေ၊ ဆွေးနွေးပွဲကို အကူအညီပေးနိုင်ခဲ့တယ်။ ပြီးတော့ ဒီမိုကရက်တစ်အုပ်ချုပ်ရေးအတွက် အာရပ်ဒေသကို ယူအန်က ဘယ်လိုချဉ်းကပ်ရမလဲ၊ အတိတ်က ဖြစ်ပွားခဲ့တဲ အခက်အခဲတွေကို ဘယ်လိုဆက်ပြီး ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတာ ညွှန်ပြနိုင်ခဲ့တဲ့ မှတ်တမ်းတွေပါပဲ။

ယူအန်အထွေထွေအတွင်းရေးမှူး လတ်တလောကပဲ လန်ဒန်မှာ ရှင်းပြခဲ့သလို စစ်အေးကာလအမြင့်ဆုံး အချိန်အတောအတွင်း ကမ္ဘာကြီးဟာ ဒီမိုကရေစီနဲ့ အာဏာရှင်ဝါဒဆိုပြီး စခန်း၂ခုကွဲနေချိန်မှာ ယူအန်ဟာ အဲဒီစခန်း၂ခုလုံးအတွက် ကြားဝင်ဖြန်ဖြေနိုင်မယ့်အချက်အလက်တွေ ရှာဖွေခဲ့ရတယ်။   စခန်း ၂ ခုဟာ လုံးလုံးလျားလျား အဖြူနဲ့အမည်းလို ကွဲပြားနေတာကြောင့်  ဒီနေ့မှာတော့ အဖြူဖြစ်တဲ့ ဒီမိုကရက်တစ် အုပ်ချုပ်ရေးစနစ်ကသာ ကမ္ဘာ့စံပြုတန်ဘိုးအဖြစ် ထင်မြင်သုံးသပ်မှုတွေ ပိုပိုပြီး တိုးလာနေပါပြီ။ ယူအန်အဖွဲ့ဝင်ဒေသအတော်များများ သူတို့ဆန္ဒအလျောက် ဒီမိုကရေစီ အကူးအပြောင်းကာလ ဆီကိုလျှောက်လှမ်းနေကြတယ်။ အနည်းဆုံးတော့ သီအိုရီအရ ချဉ်းကပ်နေကြပြီ၊ စစ်အေးကာလ စခန်း ၂ ခုအကွဲအပြဲထက် အဲဒီဒေသတွေမှာ ရောင်စဉ်တွေဖြာထွက်လာကြပြီ။ အဲဒီရောင်စဉ်တွေဟာ ဒီမိုကရေစီ ခရီးရှည်ကြီးကို အတူတကွလှမ်းလျှောက်နေကြတဲ့ နိုင်ငံသား တွေရဲ့ခြေလှမ်းတွေပဲ ဖြစ်တယ်။

ကမ္ဘာကြီးရဲ့တွယ်ယှက်ဆက်နွယ်မှုတွေကတော့ မယုံကြည်နိုင်လောက်အောင်ပါပဲ။ ဆန့်ကျင်တိုက်ခိုက်မှု၊ ငတ်မွတ်ခေါင်းပါးမှုနဲ့ မတရားအုပ်စိုးမှု တွေ ဒီကမ္ဘာလုံးကြီးရဲ့တစ်နေရာမှာဖြစ်လိုက်ပီဆိုတာနဲ့ ကျွန်တော်တို့ အားလုံးကို အကျိုးသက်ရောက်မှုရှိနိုင်တယ်။ ကမ္ဘာလုံးဆိုင်ရာအကြမ်းဖက်ဝါဒ အရှိန်အဟုန် မြင့်တက်လာမှု တွေ စီတန်းပြီးဖြစ်ပျက်ခဲ့ကြတာတွေကြည့်မယ်ဆိုရင် ၂၀၀၁ စက်တင်ဘာမှာ နယူးယောက် တိုက်ခိုက်မှု ကနေစပြီး ၂၀၀၂ ဘာလီ အကြမ်းဖက်တိုက်ခိုက်မှု၊ ပြီးတော့ လူပေါင်း ၂၀၀ ခန့် သေဆုံးခဲ့တဲ့ ၂၀၀၄ မက်ဒရစ်ရထား ဗုံးခွဲမှုအထိ တွေ့နိုင်တယ်။ ဒီအကျည်းတန် အဖြစ်အပျက်တွေဟာ ကျွန်တော်တို့ကို သတိပေးလိုက်ပါတယ်။ အပြည်ပြည်ဆိုင်ရာအစီအစဉ်နဲ့ ယူအန်ရဲ့ထောက်ပံ့မှုတွေ ထင်ထင်ရှားရှားပိုင်ဆိုင်ထားတဲ့ ဒီမိုကရက်တစ်အုပ်ချုပ်ရေးကိုတည်ဆောက်ဖို့၊ တည်ဆောက်ပြီးရင်ခိုင်မာအားကောင်းစေဖို့ တတ်နိုင်တဲ့နိုင်ငံတွေက အားပေးကူညီကြဖို့ပါပဲ။

ဒီမိုကရက်တစ်အုပ်ချုပ်ရေး - လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြား အရေးပါတဲ့ဆက်နွယ်မှု
   
ကမ္ဘာတ၀ှမ်းလုံးဒီမိုကရေစီအခြေအနေတွေကို ကျွန်တော်တို့လေ့လာဆန်းစစ်တဲ့အခါ အကောင်း၊ အဆိုးသတင်းတွေ များပြားနေတာ တွေ့ရတယ်။ ၁၉၈၀ ခုနှစ်တွေ နဲ့ ၁၉၉၀ခုနှစ်တွေမှာ ဒီမိုကရေစီပေါက်ကွဲမှု၊ တစ်နည်းဆိုရရင် ဒီမိုကရေစီပေါက်ဖွားမှု အရေအတွက်ဟာ တချို့နိုင်ငံ ၈၀လောက်က ဒီမိုကရေစီကိုဦးတည်ပြီး လျှောက်လှမ်းနေကြပြီ။  ၁၉၉၀ ခုနှစ်ကတည်းက- ကျွန်တော်တို့ရဲ့ UNDP အချက်အလက်တွေအရဆိုရရင် ပါတီစုံရွေးကောက်ပွဲစနစ်တွေဟာ ၄၄ရာခိုင်နှုန်းကနေ ၅၈ရာခိုင်နှုန်းအထိ မြင့်တက်နေပြီ။ လူပေါင်း၁.၄ ဘီလီယံလောက်ဟာ မဲပေးနိုင်တဲ့အခွင့်အရေး ရှိမှုနဲ့ သူတို့ရဲ့ စိတ်ကြိုက်အစိုးရကို ရွေးချယ်ပိုင်ခွင့်တွေအတွက် ပျော်ရွှင်ကျေနပ်နေကြတယ်။ ဒါပေမဲ့လည်း စိတ်အေးခေတ်ပြီးဆုံးသွားတဲ့ကာလ ကျေနပ်အားရမှုတွေနဲ့ ဇာတ်လမ်းဇာတ်ကွက်ကျကျတိုးတက်လာတဲ့ ကမ္ဘာ့တ၀ှမ်းနိုင်ငံရေးစနစ်၊ နိုင်ငံရေးလွတ်လပ်မှုတွေဟာ တချို့ကိစ္စတွေမှာတော့ ၂၁ရာစုနိုင်ငံရေးလိုပဲ မူ၊ စနစ်တွေက ကျန်ရစ်နေတုန်းပဲ။

ဒီမိုကရက်တစ်အုပ်ချုပ်ရေးဟာ ရွေးကောက်ပွဲတွေမှာ အခေါ်အဝေါ်အားဖြင့်တိုးတက်လာသော်လည်း ဒီမိုကရေစီဟာ တိုင်းပြည်ရဲ့ ခြေလှမ်းတွေကိုငြိမ်အောင် မထိန်းနိုင်ဘူး။ ၅နှစ်တစ်ခါ အမည်ခံမဲတစ်မဲ ပေးကမ်းတာထက် နိုင်ငံသားတွေလိုအပ်တဲ့ ဦးစားပေးအရာတွေကို တစ်ဦးတည်းကသာ အစစ်အမှန်ဖြန့်ဝေပေးနိုင်တယ် လို့ဆိုတယ်။ ပထမအချက် ၁၉၈၀ နဲ့ ၁၉၉၀ ခုနှစ်တွေမှာ ဒီမိုကရေစီဟာအဆင့်မြင့်ဖို့ အခြေအနေကောင်းတွေရှိပေမဲ့၊  အဲဒီကာလတွေမှာ အမည်ခံရွေးချယ် တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့တွေရဲ့ ၆၀ရာခိုင်နှုန်းထက်နည်းတဲ့အရေအတွက်က သူတို့ပေးတဲ့ အုပ်ချုပ်ရေးမျိုးဟာ လုံးလုံးလျားလျား ဒီမိုကရေစီစနစ်လိုပဲ အတန်းအစားသတ်မှတ်နိုင်တယ်လို့ ရှေ့ကညွှန်းဆို ဖော်ပြခဲ့ကြတယ်။ အမှန်တကယ်တော့ ကမ္ဘာတလွှားမှာစိတ်ပူပန်နေကြတာက အာဏာရနေတဲ့ ခေါင်းဆောင်တွေဟာ သူတို့ရဲ့အာဏာကိုဆုပ်ကိုင်ထားပြီး အားကောင်းစေဖို့၊ သက်တမ်းရှည်ကြာစေဖို့ ဖွဲ့စည်းပုံပြောင်းလဲရေးဆွဲ ခြင်းဖြင့် နည်းလမ်းရှာနေကြတာကိုပါပဲ၊ အဲဒီဖွဲ့စည်းပုံဆိုတာက အားနည်းတဲ့ ဥပဒေပြုအဖွဲ့တွေနဲ့ တရားသူကြီးတွေကို ဗိုလ်ကျပြီး၊ ရွေးကောက်ပွဲကို စိတ်ကြိုက်ကိုင်တွယ်နိုင်တဲ့ အစီအမံတစ်ခုဖြစ်သွားတတ်တယ်။

ဒုတိယအချက် ဒီမိုကရေစီက နိုင်ငံသားတွေရဲ့ တောင့်တချက်တွေဖြစ်တဲ့ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှု၊ ငြိမ်းချမ်းရေးနဲ့ စီးပွားဖြစ် အောင်မြင်တိုးတက်ခြင်းတွေမှာ  ခြေလှမ်းတွေကိုထိမ်းညှိမထားနိုင်ဘူး။ လက်တင်အမေရိက ဥပမာကြည့်ရအောင်၊ UNDP ကမကထ ပြုခဲ့တဲ့  ၂၀၀၄ ခုနှစ်မှတ်တမ်း Democracy in Latin America: Towards a Citizens' Democracy မှာ လက်အမေရိကဟာ ဒီမိုကရက်တစ် အုပ်ချုပ်ရေးဆီကို ခြေလှမ်းကျဲနဲ့ပဲ ခပ်သွက်သွက်လှမ်းခဲ့ကြတယ်။ စစ်ဗိုလ်ချုပ်ကြီးတွေကို စစ်တန်းလျားတွေ ဆီကို နှင်ထုတ်ခဲ့ကြတယ်။ ဆယ်စုနှစ်၂ခုကျော်စာ ဒီမိုကရက်တစ်အုပ်ချုပ်ရေးအတွက် ဂုဏ်ယူဝံ့ကြွားစွာ နောက်ပြန်လှည့်သုံးသပ်ကြည့်တဲ့အခါမှာတော့ ဒီမိုကရေစီကတိုင်းသူပြည်သားတွေ မျှော်လင့်သလိုရလာဒ်မျိုးဖြန့်ဝေမပေးနိုင်ခဲ့ဘူး။ ဒီမိုကရေစီချင်းတူနေပေမဲ့ ကမ္ဘာထဲက မတူညီဆုံးဒေသတစ်ခုအဖြစ် ရှင်သန်နေတယ်။ အထူးသဖြင့်တော့ လက်တင်အမေရိကရဲ့ ဆင်းရဲမွဲတေမှုပါပဲ။

ဒါကြောင့်မို့ အဲဒီဒေသမှာ အရင်မကြုံဖူးခဲ့တဲ့ ဖွံ့ဖြိုးမှုတွေနဲ့ ကမ္ဘာလုံးဆိုင်ရာစီးပွာရေးအခွင့်အလမ်းတွေ တိုးတက်လာပေမဲ့ လူသန်းပေါင်းများစွာဟာ ဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်တွေထဲမှာ ပါဝင်နိုင်ခြင်းမရှိပဲ ချန်လှပ်ခံနေရတယ်။ ပစ္စည်းရှိ နဲ့ ပစ္စည်းမဲ့လူတန်းစားကွာဟမှုက သို့မဟုတ် ရှိ၊ မဲ့ နှုန်းက တိုင်းပြည်အတွင်း ကြီးသထက်ကြီးလာတယ်။  တစ်ဦးချင်းဆီရဲ့ ဆင်းရဲမွဲတေမှုတွေဟာ ဖွံ့ဖြိုးနေတဲ့ကမ္ဘာက ပြည်သူပြည်သားတွေ တိုးတက်မှုတွေကို လှမ်းမျှော်လို့မမှီနိုင်အောင် အလှမ်းဝေးနေပါတယ်။ ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲမွဲတေမှုရဲ့ လက်ရှိ လက်ခံနိုင်စရာမရှိ မြင့်တက်နေတဲ့အဆင့်တွေဟာ ကျိုးလွယ်ပဲ့လွယ်ဖြစ်နေတဲ့ပြည်နယ်တွေကို ခြိမ်းခြောက်တယ်။ အမြစ်လှန်ပြုပြင်ပြောင်းလဲဖို့ကြိုးစားမှု၊ ထိပ်တိုက်ရင်ဆိုင်မှုနဲ့ နိုင်ငံရေးအခြေအနေ ပြင်းထန်မှုတွေပိုများလာဖို့ အားပေးကူညီတဲ့ကိစ္စတွေဖြစ်တယ်။

ဒီနေ့ ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်မှာ ကျွန်တော်တို့ရင်ဆိုင်လာရတဲ့ ကမ္ဘာလုံးဆိုင်ရာခြိမ်းခြောက်မှုတွေ၊ အဲဒီခြိမ်းခြောက်မှုတွေကို ဖန်တီးတဲ့ ကမ္ဘာလုံးဆိုင်ရာနိုင်ငံရေးမူ စနစ်အသစ်တွေကို ကျွန်တော်တို့ မျက်ကွယ်ပြုနေလို့ မဖြစ်နိုင်ပါဘူး။ ဒီမိုကရေစီဖြန့်ဝေသူတွေအတွက် ကျိန်းသေပေါက်ဘာတွေလိုမလဲ၊ ဘာတွေပြီးစီးဖို့ လိုမလဲဆိုတာ ကျွန်တော်တို့ တချို့ကိုသိထားသော်လည်းပဲ၊ တစ်ချို့ဆိုတာက - နိုင်ငံသား - ဘယ်လိုနိုင်ငံသားတွေလဲ - နိုင်ငံရေး၊ ပြည်တွင်းရေး၊ လူမှုအခွင့်အရေးတွေမှာ စိတ်ဝင်စားမှုရှိသူတွေ၊ နိုင်ငံရေး - ဘယ်လိုနိုင်ငံရေးမျိုးလဲ - ပူးပေါင်းပါဝင်မှုလက်ခံနိုင်ခြင်း၊ ထုတ်ချင်းခတ်မြင်ရခြင်း၊ တာဝန်ရှိ-တာဝန်သိ-တာဝန်ယူခြင်း၊ စစ်မှန်တဲ့နေရာ - ဘယ်လိုနေရာမျိုးလဲ - ဆင်းရဲနွမ်းပါသူ၊ အားနည်းသူတွေအတွက် အစဉ်အမြဲကြိုဆိုတဲ့နေရာ၊ အတိအကျဆိုရရင် အမျိုးသမီးတွေ၊ ကလေးသူငယ်နဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အစွန်အဖျားမှာပဲ ကပ်တွယ်နေရတဲ့အစုအဖွဲ့တွေအတွက်အရာထား စဉ်းစားဆောင်ရွက်ပေးတဲ့နေရာဖြစ်တယ်။ ဒီလိုအရှိအတိုင်း ရှုမြင်သုံးသပ်ချက်တွေအားလုံးကို ဘယ်လိုအောင်မြင်ပြီးမြောက်နိုင်မလဲဆိုတဲ့ ရှင်းလင်းတဲ့လမ်းပြမြေပုံ ကျွန်တော်တို့မှာမရှိခဲ့ပါဘူး။

ဒီမိုကရက်တစ်အုပ်ချုပ်ရေးအဆင့်မြှင့်တင်ခြင်း နဲ့ လုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် -
ယူအန်ရဲ့ အခန်းကဏ္ဍ
   
ကျွန်တော်တို့ရင်ဆိုင်ရတဲ့ ကမ္ဘာလုံးဆိုင်ရာ ခြိမ်းခြောက်မှုတွေ (ဒီမိုကရေစီကနေ လုံခြုံမှု၊ ဖွံ့ဖြိုးတိုးတက်မှုဆီ) ရဲ့ အပြန်အလှန်ဆက်သွယ်မှုတွေ ရှုပ်ထွေးနက်နဲလွန်းတာကို သဘောပေါက် နားလည်ပြီးတဲ့အခါ၊ ယူအန်အထွေထွေအတွင်းရေးမှူးက ကမ္ဘာလုံးဆိုင်ရာငြိမ်းချမ်းရေး၊ လုံခြုံရေး ခြောက်လှန့်မှုတွေကိုစစ်ဆေးဖို့ အဆင့်မြင့်အကဲဖြတ်အဖွဲ့သတ်မှတ်ထားပြီး လိုအပ်တဲ့မူဝါဒတွေ သူတို့ကိုကူညီညွှန်ကြားပေးတယ်။ အကဲဖြတ်အဖွဲ့ရဲ့ မှတ်တမ်းပါ အထူးကောက်နှုတ်ချက်တွေအရ ဒီနေ့ခေတ်ကမ္ဘာကြီးကို ခြိမ်းခြောက်ရာမှာ ငတ်မွတ်ခေါင်းပါးမှု၊ ကူးစက်ရောဂါဆိုးတွေနဲ့ ပတ်ဝန်းကျင် နိုင်ငံတွေရဲ့ အဆင့်လျှော့ချသတ်မှတ်ခံရခြင်း၊ အဲလိုပဲ ရှေးထုံးစံဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေရဲ့ ခြောက်လှန့်မှုနဲ့ အကြမ်းဖက်မှု၊ ပြီးတော့ နူကလီးယား၊ ဓါတုလက်နက်၊ ဇီဝပိုးမွှားလက်နက်တွေ ပြန့်နှံ့မှုနဲ့ရှေ့အလားအလာ၊ အကြမ်းဖက်ဝါဒနဲ့ နိုင်ငံတွင်း/နယ်စပ်ဖြတ်ကျော် ရာဇ၀တ်မှုတွေက အဓိက တရားခံ တွေ ပါ။

မှတ်တမ်းကနေပြီးရလာတဲ့ ရှင်းလင်းပြတ်သားတဲ့ကိစ္စက စီးပွားရေးနဲ့လူမှုဖွံ့ဖြိုးတိုးတက်မှုဟာ ယုံကြည်စိတ်ချရတဲ့ လုံခြုံရေးစနစ်ရဲ့ အခြေခံ အုတ်မြစ်တစ်ခုဖြစ်ရမယ်တဲ့၊ ကမ္ဘာလုံးဆိုင်ရာအစည်းအဝေးက ကောက်ချက်ချတဲ့အခါ Milliennium Developemnt Goals အချက်အလက် တွေကို ကမ္ဘာ့ခေါင်းဆောင် တွေက လက်ခံသဘောတူခဲ့ကြတယ်။ အဲဒီ MDGs အချက်အလက်တွေဖြည့်ဆည်းဖို့ ဆိုရင် ဆင်းရဲ/ချမ်းသာ နိုင်ငံတွေကြုံတွေ့ရတဲ့ လုံခြုံရေးလိုအပ်ချက်တွေကို တရားဥပဒေနဲ့အညီ အသိအမှတ်ပြုပေးဖို့ လိုအပ်ပါတယ်။
(MDGs ပန်းတိုင်တွေကတော့ အချက်ရှစ်ချက်ပါ စံသတ်မှတ် ထားတဲ့ ဖွံ့ဖြိုးတိုးတက်မှုအစီအစဉ်တွေပါ၊ နောက်ပိုင်းမှာ MDGs ကို အကျဉ်း ရှင်းပြပေးပါမယ်)
တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပိုမိုအားကိုးနေထိုင်လာရတဲ့ ကမ္ဘာကြီးမှာ နိုင်ငံရေးနဲ့နိုင်ငံရေးဆိုင်ရာ ဖွဲ့စည်းပုံဟာ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်မှုနဲ့လုံခြုံရေးကို ပိုပြီးဂရုပြုတာ မတွေ့ခဲ့ ရဘူး၊ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတဲ့ တည်ငြိမ်လူ့အဖွဲ့အစည်းအထောက်အပံ့အမွှာတိုင်လုံးကြီး ၂တိုင် အရင် ခိုင်မာအောင်တည်ဆောက်ဖို့ ဒီနေ့မှာ တော့ အရင်ကထက်ပိုပြီး ဂရုစိုက်လာကြပြီ။

အဲဒီအကြောင်းပြချက်တွေအတွက် ဒီမိုကရေစီပုံဖော်တည်ဆောက်ရာမှာယူအန်ရဲ့ အခန်းကဏ္ဍက အရေးပါတယ်ဆိုတာထက် ပိုသာတဲ့အခြေအနေမျိုးတော့မရှိခဲ့ဘူး။ ယူအန်က ဒီမိုကရေစီဖော်ဆောင်တဲ့ နေရာမှာ ကျွန်တော်တို့အကူအညီလိုအပ်တဲ့ တိုင်းပြည်တွေကို အားပေးကူညီခဲ့တာဟာ အရေအတွက်တွေ တိုးတက်ခဲ့ပါပြီ၊ နှစ်စဉ်နှစ်တိုင်း ရွေးကောက်ပွဲစောင့်ကြပ်ကြည့်ရှုပေးဖို့ ၂ဒါဇင်ဝန်းကျင်တောင်းခံလွှာတွေ ယူအန်ကရရှိခဲ့တယ်။ အရှေ့တီမောကနေ ဓနသဟာယအဖွဲ့ဝင်နိုင်ငံ ဆီရာရာလီယွန်နီ၊ အာဖဂန်နစ်စတန် ကနေ လတ်တလောအီရတ်အရေးကိစ္စထိ၊ ယူအန်ဟာ စစ်မှန်တဲ့ရွေးကောက်ပွဲ ပြင်ဆင်ကျင်းပဖို့ လိုအပ်တဲ့ နည်းပညာအထောက်အပံ့တွေနဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လှမ်းလျှောက် လာတဲ့နိုင်ငံတွေကို အားပေး ထောက်ပံ့ခဲ့တယ်။ ယူအန်လူ့အခွင့်အရေးဝန်ထမ်းတွေကို ၃၉နိုင်ငံမှာ အခုနေရာချထားပေးတယ်။  နိုင်ငံပေါင်းဒါဇင်ကျော်မှာ နည်းပညာနဲ့အကြံပေးအဖွဲ့တွေ စေလွှတ်ထားပေးပြီး၊ လိုအပ်ရင် အထူးသံတမန်၊ တခြား လူ့အခွင့်အရေးကျွမ်းကျင်သူတွေကို သွားရောက်လည်ပတ်စေတယ်။ UNDP ဟာ အကူအညီ ပေးနေတဲ့ တိုင်းပြည်တွေမှာ မှန်ကန်တဲ့ ဒီမိုကရက်တစ်အုပ်ချုပ်ရေးရရှိစေဖို့ အာရုံစူးစိုက်တယ်။ အဆုံးသတ် ရည်မှန်းချက်ဖြစ်တဲ့ အဲဒီအုပ်ချုပ်ရေးစနစ်ဟာ လွတ်လပ်မှုနဲ့ ပွင့်လင်းတဲ့လူ့အဖွဲ့အစည်းဘောင်အတွင်းမှာ လူတွေထိတ်လန့်မှုကင်းကင်း နေထိုင်သွားနိုင်ဖို့ ဖြန့်ဝေ ပေးကမ်းနိုင်တယ်။

ပါလီမန်လွှတ်တော်တိုးတက်လာအောင် ဖြည့်တင်းထောက်ပံ့မှုကနေ၊ ရွေးကောက်ပွဲစနစ်နဲ့ ဖြစ်စဉ်တွေ (လတ်တလောကျွန်တော်တို့ ထောက်ခံအားပေးခဲ့တဲ့ ၃၇ နိုင်ငံ) ဟာ တရားမျှတမှု၊ လူ့အခွင့်အရေးနဲ့ သတင်းစီးမြောမှုကိုလက်ခံခြင်း၊ ဗဟိုမှ အာဏာခွဲဖြာပေးဝေခြင်း၊ ပြည်တွင်း အုပ်ချုပ်ရေး၊ အများပြည်သူနှင့် စပ်ဆိုင်တဲ့စီမံခန့်ခွဲရေးနဲ့ စစ်မှုထမ်းမဟုတ် ပြည်သူပြည်သားစစ်စစ် နိုင်ငံ့ဝန်ထမ်းတွေရဲ့ တာဝန်ပိုင်း ပြန်လည်ပုံသွင်းခြင်းတွေမှာ အောင်မြင်ခဲ့ကြပါပြီ၊ UNDP ဟာ ဒီမိုကရေစီလုပ်ငန်းလုပ်ဆောင်တဲ့အခါ အခွံနဲ့လေးမြှားထဲ ကျင်လည်လုပ်ရှားနေရတယ်။ ဒီမိုကရေစီ လုပ်ငန်းဆိုတာတွေက တိုင်းပြည်နဲ့လူသားတွေရဲ့လုံခြုံမှု၊ စီးပွားရေးဖွံ့ဖြိုးမှုနဲ့ လူစွမ်းအားဖွံ့ဖြိုးတိုးတက်မှုတွေကို ဘယ်လိုစောင့်ရှောက်မလဲ ဆိုတာ တွေဖြစ်တယ်။ ဒီမိုကရက်တစ်အုပ်ချုပ်ရေးဟာ ဆင်းရဲမွဲတေမှုလျှော့ချခြင်းနဲ့ လူသားစွမ်းအား ဖွံ့ဖြိုးတိုးတက်မှုတွေဟာ ဆက်နွယ်နေတယ်ဆိုတာ ကျွန်တော်တို့ရဲ့ ၂၀၀၅ ထုတ်ပြန်ချက်အရသိရှိနိုင်ပါတယ်။ အဲဒီဖော်ပြချက်ဟာ လုံခြုံရေးနဲ့ Milliennium Developemnt Goals အဆင့်မြှင့်တင်ရေး အတွက် အရေးပါတဲ့ အခွင့်အရေးတစ်ခု နားလည်သဘောပေါက်စေတယ်။

ဒီမိုကရက်တစ်အုပ်ချုပ်ရေးနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆင့်မြှင့်ခြင်း
MDGs ပန်းတိုင်ပြီးစီးအောင်မြင်ခြင်းအတွက်
အရေးကြီးတဲ့နှစ်တစ်နှစ်

ဒီမိုကရေစီစောင့်ကြပ်ကြည့်ရှုအဖွဲ့ (Democracy Caucus) ကဲ့သို့ လုပ်ဆောင်မှုအကြောင်း၊ ငြင်းခုံမှုတွေကြွယ်ဝနေတဲ့ (စီဒီ-Community of Democracies) အတွင်း နားလည်သဘောပေါက်မှုမှာ ကြည့်မယ်ဆိုရင် ၂၀၀၅ စက်တင်ဘာကပြုလုပ်ခဲ့တဲ့ ညီလာခံရဲ့ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ထားရှိရမဲ့ရည်မှန်းချက်ပန်းတိုင်တွေကို ကမ္ဘာ့ခေါင်းဆောင်တွေကအရေးတယူရှိမယ်။ ဒါကိုလည်း အဖွဲ့ဝင်အားလုံးကသဘောတူကြမယ် လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီမိုကရေစီနဲ့ပတ်သက်တဲ့ ရည်မှန်းချက်တွေမှာ ပြည်တွင်း/အဖွဲ့အစည်းတွင်းအဆင့်မှာပဲ ပြင်ဆင်လုပ်ဆောင်ရမှာ မဟုတ်ပဲ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ဘယ်လိုစုပေါင်းအလုပ်လုပ်နိုင်ကြမလဲ၊ အထူးသဖြင့် ယူအန်အဖွဲ့အစည်းရဲ့ ပူးပေါင်းပါဝင်မှု၊ အဲဒါ ရှိရပါမယ်။ ဒီမိုကရေစီဲရဲ့ အချက်အချာကျမှုနဲ့ ကမ္ဘာကြီးအတွက်အားလုံးနဲ့ဆိုင်တဲ့ ရည်မှန်းချက်တွေကဲ့သို့ ဥပဒေစည်းမျဉ်းတွေ အတိအလင်းထုတ်ပြန် ကြေငြာဖို့ တွန်းအားပေးသင့်တယ်ဆိုတာ CD အဖွဲ့ဝင်တိုင်း လက်ခံသဘောတူကြမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ တခြားတစ်ဖက်မှာလည်း ဒေသတွင်း၊ ဒေသပြင်ပ နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးစီစဉ်တဲ့အခါ တာဝန်ရှိမှု၊ ထုတ်ချင်းခတ်မြင်နိုင်မှုတွေမှာလည်း ထိန်းညှိပေးရမယ်။

နောက်ထပ်အရေးပါတဲ့ထုတ်ပြန်ချက်က ၂၀၀၅ မှာ ယူအန်ဒီမိုကရေစီစောင့်ကြပ်ကြည့်ရှုအဖွဲ့ (UN - Democracy Caucus) ဟာ MDGs အချက်အလက်တွေ ပြည့်စုံအောင် ဖြည့်တင်းမှုမှာကူညီပံ့ပိုးတဲ့ တာဝန်ယူရတယ်။ ဘာကြောင့်လဲဆိုတော့ ဒီမိုကရက်တစ်ကမ္ဘာပုံသွန်း လောင်းဖို့ ကူညီကြမယ်ဆိုရင်  ပြည်တွင်းပြည်ပကျွန်တော်တို့ရဲ့ အဖွဲ့အစည်းအားလုံး ဒီမိုကရက်တစ်ကြေညာချက်ကို ထုတ်ပြန်သတင်းပို့ ပေးဖို့ လိုအပ် တယ်။ MDGs ဟာ အဲဒီအချက်အလက်တွေအရ ဆင်းရဲတဲ့ကမ္ဘာအတွက်ဖြစ်လာတယ်။ ဒီမိုကရေစီဖြန့်ကျက်ရေးအတွက် စီးပွားနဲ့လူမှုဖွံဖြိုးရေး အတွက် လိုအပ်သလို အင်တိုက်အားတိုက်လုပ် ဆောင်ဖို့ဖြစ်တယ်။

MDGs ဟာ နေရာတိုင်းကလူတွေအတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ်၊ အလွန်အကျွံ ဆင်းရဲမွဲတေခြင်းကို လျှော့ချ၊ ကျန်းမာရေးနဲ့ပညာရေးအတွက်ထောက်ပံ့ HIV/AIDS/TB နဲ့ MALARIA လိုကူးစက်ရောဂါတွေကို ထိန်းချုပ်နိုင်အောင် စီစဉ်ပေးဖို့ဖြစ်ပြီး၊ မိန်းကလေးငယ်တွေ ပညာရေးမှာခွဲခြားခံရခြင်းနဲ့ လူ့အဖွဲ့အစည်းထဲကအလွှာအားလုံးရှိ အမျိုးသမီးများကို ခွဲခြား ပြုမူခံရခြင်း၊ သဘာဝပတ်ဝန်းကျင်အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ အခြေခံစွမ်းအင်၊ ရေသန့်၊ ကျန်းမာရေးစနစ် ထောက်ပံ့ပေးဖို့အတွက် လုပ်ဆောင်တယ်။ အဲဒါ တွေက နေရာတိုင်းကငတ်မွတ်ခေါင်းပါးမှုတွေရဲ့ အခြေခံလိုအပ်ချက်တွေပဲရှိသေးတယ်။ ကျွန်တော် နိုင်ငံရေးအတိုင်ပင်ခံအဖြစ် နိုင်ငံတွေမှာ နှစ် တော်တော်များများလုပ်ခဲ့တဲ့အခါ၊ ရွေးကောက်ပွဲမှာအကြံပေးအဖြစ် လုပ်ခဲ့တဲ့အခါ ဒီနေ့ လူတွေ (နိုင်ငံသားတွေ)ဟာ အမတ်လောင်းတွေဆီက ဘာတွေ လိုချင်နေကြသလဲဆိုတာရှာဖွေဖို့ ပိုပြီးသုတေသနပြုလေ့လာနိုင်ခဲ့တယ်။ အဲဒီနှစ်တွေတုန်းက MDGs မရှိသေးပါဘူး၊ ဒါပေမဲ့ နေရာတိုင်း၊ အချိန်တိုင်း၊ နိုင်ငံတိုင်းက ဆင်းရဲမွဲတေသူနိုင်ငံသားတွေဟာ သင့်တင့်လျှောက်ပတ်တဲ့ကျန်းမာရေးစနစ်၊ သူတို့ရဲ့ကလေးငယ်တွေအတွက် ပညာရေး၊ အလုပ် အကိုင်ရရှိနိုင်မယ့်အခွင့်အရေး၊ သူတို့ရဲ့ဘ၀နဲ့ မိသားစုကို သူတို့ကိုယ်တိုင်တိုးတက်အောင်ဖန်တီးနိုင်ဖို့ အခွင့်အရေးတွေလိုချင်ကြတယ်။ ဒါကြောင့် MDGs ဟာ ဆင်းရဲမွဲတေသူနိုင်ငံသားတိုင်းအတွက် ရှင်းလင်းပြတ်သားတဲ့အချက်တွေ စုစည်းထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနှစ်မှာ ဖွံ့ဖြိုး တိုးတက်မှုအတွက် တကယ်လိုအပ်တဲ့နေရာတွေကို ဦးတည်လုပ်ဆောင် ပေးနိုင်ခြင်း မရှိခဲ့ဘူးဆိုရင်၊ အခြေခံအားဖြင့် ကျွန်တော်တို့ Summit ကျရှုံးတာပဲပေါ့၊ ဘာပဲဖြစ်ဖြစ် လုံခြုံရေးအခြေအနေတွေမှာ အောင်မြင်ပါတယ်။

၁၉၈၀ ခုနှစ်တွေမှာ ဒီမိုကရေစီပြန့်နှံ့မှုဟာ ငတ်မွတ်ခေါင်းပါးမှုကို အဆုံးသတ်ဖို့ အခွင့်အရေးတွေ ဆောင်ယူလာတယ်။ ဖွံ့ဖြိုးတိုးတက်မှု ကို အကောင်အထည်ဖော်ဖို့ အရင်းအမြစ်၊ အဖြေ၊ ဒါတွေကို အရင်ကထက်ပိုသိလာခဲ့ကြပြီ၊ အဲဒီတော့ ဒီမိုကရေစီနဲ့ ငတ်မွတ်ခေါင်းပါးမှု အဆုံးသတ် ရေး ဒီ၂ခုကို ဦးတည်လုပ်ဆောင်ကြဖို့ပါပဲ။

ဒီဦးတည်ချက်ဟာ နယူးယောက်မှာတွေ့ကြမယ့် Summit မှာ ကမ္ဘာ့ခေါင်းဆောင်တွေကို ချပြမယ့် ကျွန်တော်တို့ရဲ့ အဓိကမေတ္တာရပ် ခံချက်ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ အထွေထွေအတွင်းရေးမှူးရဲ့ မှတ်တမ်းနဲ့အတူ အရင်ဆုံးအယူခံမယ်။ ဒါပေမဲ့ ဆင်းရဲ၊ ချမ်းသာနိုင်ငံသားတိုင်း အတွက် ပိုမိုလုံခြုံတဲ့ ကမ္ဘာကြီးပြုလုပ်တဲ့အခါ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှုရဲ့ကြီးမားတဲ့အန္တရာယ်ကို အမြစ်ပါမကျန် နှုတ်ပယ်ပစ်ဖို့ လုပ်ဆောင် သင့်တာတွေကိုတော့ ဘယ်သူ့မျက်နှာကြောင့်မှ နောက်ဆုတ်မှာမဟုတ်သလို၊ ကြောက်ရွံ့တွေဝေမှုမရှိ အောင်မြင်မှုရတဲ့အထိ အခု ကျွန်တော်တို့ လုပ်ကိုင်သွားမယ်။ ဒီနေ့ နိုင်ငံတွေဟာ သူတို့ရဲ့ လုပ်ပိုင်ခွင့် အခွင့်အရေး၊ နားလည်သဘောပေါက်မှုမှာ ခေါင်းမာစွာပဲ ကိုယ့်စိတ်ကြိုက်ဆုပ်ကိုင် ထားကြတယ်၊ နိုင်ငံရေးနဲ့နိုင်ငံရေးဆိုင်ရာဖွဲ့စည်းပုံတွေကို လူသားဖွံ့ဖြိုးတိုးတက်မှုနဲ့လူသားတွေရဲ့ လုံခြံမှုတွေထက် အဓိကထားနေကြတယ်။ နိုင်ငံရေး မှာပဲ ကျားကွက်တွေရွှေ့နေကြတယ်။ ဒီမိုကရေစီကို လေးနက်အောင်လုပ်ဆောင်တဲ့အခါ အဲဒီအစဉ်၂ခုကို တွဲပြီးလုပ်ဆောင်မှဖြစ်မယ်။ ကျွန်တော်တို့ ဒီနေ့ရင်ဆိုင်နေရတဲ့ အကြီးလေးဆုံးစိန်ခေါ်မှုတွေက ယူအန်နဲ့အထွေထွေအတွင်းရေးမှူးတို့ဟာ အခန်းကဏ္ဍတစ်ခုလုံးမှာ ပြည့်ပြည့်၀၀ပါဝင် လုပ်ဆောင်နိုင်အောင် လွှဲအပ်ခံရဖို့ဆိုတဲ့ စိန်ခေါ်မှုဖြစ်နေပါတယ်။

(ဒီဆောင်းပါး ဟာ Milliennium Developemnt Goals ကို အဓိကရှင်းပြချင်တဲ့ ဆောင်းပါးမဟုတ်တဲ့ အတွက် MDGs အကြောင်း အကျယ်ချဲ့ မရေးပြတော့ပဲ အကျဉ်းချုပ်မျှသာ ရေးသားလိုက်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ http://en.wikipedia.org/wiki/Millennium_Development_Goals  မှာ ဖတ်ကြည့်နိုင်ပါတယ်။ )

Milliennium Developemnt Goals

Milliennium Developemnt Goals ဟာ အချက် ၈ချက်ပါ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်တွေဖြစ်ပါတယ်။ ၂၀၁၅မှာ ဒီပန်းတိုင်တွေ ပြီးမြောက် အောင်မြင်အောင် လုပ်ဆောင်ကြဖို့ ယူအန်အဖွဲ့ဝင် ၁၉၂ နိုင်ငံနဲ့ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း အနည်းဆုံး ၂၃ ခု က သဘောတူညီထားတဲ့ အချက်အလက်တွေပါ။

Goal 1 - အလွန်အမင်း ဆင်းရဲမွဲတေမှုနဲ့ဆာလောင်မွတ်သိပ်မှု အမြစ်ပါမကျန်နှုတ်ပယ်ခြင်း။
Target 1A- - တစ်နေ့တစ်ဒေါ်လာအောက်သုံးနေရတဲ့ လူ ထက်ဝက်လျှော့ချခြင်း။
        Target 1B- အမျိုးသမီး၊ အမျိုးသား နဲ့ လူငယ်တွေအတွက် သင့်တော်တဲ့အလုပ်အကိုင်ရရှိခြင်း။
        Target 1C- - ဆာလောင်မွတ်သိပ်မှုခံစားနေရသူ ထက်ဝက်လျှော့ချခြင်း။

 Goal 2 - အားလုံး အခြေခံမူလတန်းပညာရေးပြီးဆုံးခြင်း။
        Target 2A - ၂၀၁၅မှာ ကလေးတိုင်း(ယောက်ျားလေး၊ မိန်းကလေး)မူလတန်းပညာပြီးဆုံး အောင်မြင်ခြင်း။

Goal 3 - အမျိုးသမီး၊ အမျိုးသား သာတူညီမျှရှိခြင်း၊ အမျိုးသမီးများနေရာ(အာဏာ)ရခြင်း။
        Target 3A - ၂၀၀၅မှာ မူလတန်း၊ အထက်တန်းပညာရေး ကျား၊မ မညီမျှမှုတိုက်ဖျက်ခြင်း။ ၂၀၁၅ မှာ အဆင့်အားလုံးအတွက်

Goal 4 - ကလေး သေဆုံးနှုန်းလျှော့ချခြင်း။
        Target 4A - ၁၉၉၀နဲ့ ၂၀၁၅ အတွင်း ၅ နှစ်အောက်ကလေးငယ်သေဆုံးနှုန်း ၃ပုံ ၂ပုံလျှော့ချခြင်း။

Goal 5 - မိခင်ကျန်းမာရေးအဆင့်မြှင့်ခြင်း။
        Target 5A - ၁၉၉၀နဲ့ ၂၀၁၅ အတွင်း မိခင်များသေဆုံးနှုန်း ၄ပုံ ၃ပုံ လျှော့ချခြင်း။
        Target 5B - ၂၀၁၅ မွေးဖွားခြင်းနဲ့သက်ဆိုင်သောကျန်းမာရေးကဏ္ဍအတွက် နိုင်ငံတိုင်းကလက်ခံဆောင်ရွက်ပေးခြင်း။

Goal 6 - HIV/AIDS/Malariaနဲ့ တခြားရောဂါများ တွန်းလှန်တိုက်ခိုက်ခြင်း။
        Target 6A - ၂၀၁၅မှာ HIV/AIDS ရောဂါပြန့်နှံ့မှု ရပ်တန့်စေခြင်း၊ တန်ပြန်တိုက်ခိုက်ခြင်း။
        Target 6B -  ၂၀၁၀မှာ HIV/AIDS ကုသမှု လိုအပ်သူတိုင်းရရှိစေရန် နိုင်ငံတိုင်းကလက်ခံ ဆောင်ရွက်ပေးခြင်း။
        Target 6C - ၂၀၁၅မှာ ငှက်ဖျားနဲ့ အခြားရောဂါပမာဏကို ရပ်တန့်စေခြင်း၊ တန်ပြန်တိုက်ခိုက်ခြင်း။

 Goal 7 - ပတ်ဝန်းကျင်စွမ်းအင်ဆိုင်ရာအထောက်အပံ့ပေးခြင်း။
        Target 7A - ဖွံ့ဖြိုးတိုးတက်ရေးအထောက်အပံ့တွေကို နိုင်ငံရဲ့မူဝါဒနဲ့အစီအစဉ်အဖြစ်စုစည်း လုပ်ဆောင်ခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အရင်းအမြစ်ဆုံးရှုံးမှုတွေကို တားဆီးခြင်း။  
        Target 7B - အပင်၊ တိရစ္ဆာန်ပြုန်းတီး ဆုံးရှုံးမှု လျှော့ချခြင်း၊ ၂၀၁၀ မှာပြုန်းတီး၊ ဆုံးရှုံးမှုနှုန်း ရပ်တန့်ခြင်း။
        Target 7C - ၂၀၁၅ မှာ စိတ်ချရတဲ့သောက်ရေနဲ့ အခြေခံကျန်းမာရေးစနစ် အထောက်အပံ့မရရှိတဲ့ လူပေါင်း တ၀က်လျှော့ချခြင်း။
        Target 7D - ၂၀၂၀ မှာ ဆင်းရဲသားရပ်ကွက်များမှာ နေထိုင်သူအနည်းဆုံးသန်းတစ်ရာ အတွက် တိုးတက်မှုရရှိစေရန် ဆောင်ရွက်ခြင်း။

Goal 8 -  ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာလုံးဆိုင်ရာ အကျိုးတူပူးပေါင်းလုပ်ကိုင်မှုများ တိုးတက်ခြင်း။
        Target 8A - ပွင့်လင်း၊ နည်းစနစ်ကျကျ၊ အကျိုးအမြတ်ခန့်မှန်းနိုင်၊ သာတူညီမျှ ကုန်သွယ်မှုနဲ့စီးပွားရေးစနစ် တိုးတက်ခြင်း။
        Target 8B - ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံတွေရဲ့ အထူးလိုအပ်ချက်ကို အာရုံစိုက်လုပ်ကိုင်ဆောင်ရွက်ခြင်း။
        Target 8C - ကုန်းတွင်းပိုင်းဒေသ၊ ကျွန်းဒေသ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ အထူးလိုအပ်ချက်ကို အာရုံစိုက်လုပ်ကိုင်ဆောင်ရွက်ခြင်း။
        Target 8D - နှစ်ရှည်ချေးငွေအထောက်အပံ့အတိုင်း ပြည်တွင်း ပြည်ပတိုင်းပြည်တွေနဲ့အတူ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ချေးငွေပြဿနာကိုဆက်ဆံလုပ်ကိုင်ခြင်း။
        Target 8E - ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အဓိကလိုအပ်တဲ့ဆေးဝါး အထောက်အပံ့ပေးရေး ဆေးဝါးကုမ္ပဏီများနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း။
        Target 8F- သတင်းအချက်အလက်နဲ့ဆက်သွယ်မှုဆိုင်ရာ နည်းပညာအသစ်တွေရဲ့ အကျိုးရလာဒ်ရရှိနိုင်အောင် ပုဂ္ဂလိကကုမ္ပဏီများနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း။
  • တယ်လီဖုန်းလိုင်းနဲ့ ဆယ်လူလာ လူပေါင်း ၁၀၀မှာ တစ်ယောက် သုံးစွဲနိုင်ခြင်း။
  • PC(personal computer)လူပေါင်း ၁၀၀မှာ တစ်ယောက် သုံးစွဲနိုင်ခြင်း။
  • အင်တာနက် လူပေါင်း ၁၀၀မှာ တစ်ယောက် သုံးစွဲနိုင်ခြင်း။
စာရေးသားသူ မာခ့်မဲလောခ့်ဘရောင်း (Mark Malloch Brown) ၏အတ္ထုပတ္တိ

အာရှ၊ အာဖရိကပြည်နယ်ဝန်ကြီး နဲ့ ယူအန်အဖွဲ့ဝန်ကြီး
တာဝန်ထမ်းဆောင်ချိန် - ၂၈ ဇွန် ၂၀၀၇ - ၂၄ ဇူလိုင် ၂၀၀၉
ဝန်ကြီးချုပ် - ဂေါ်ဒန်ဘရောင်း

ယူအန်လက်ထောက်အထွေထွေအတွင်းရေးမှူး
တာဝန်ထမ်းဆောင်ချိန် - ၁ ဧပြီ ၂၀၀၆ - ၃၁ ဒီဇင်ဘာ ၂၀၀၆
အထွေထွေ အတွင်းရေးမှူး - ကိုဖီအာနန်

ယူအန်ဒီပီ အုပ်ချုပ်ရေးမှူး
တာဝန်ထမ်းဆောင်ချိန် - ၁ ဇူလိုင် ၁၉၉၉ - ၁၅ သြဂုတ် ၂၀၀၅
အထွေထွေ အတွင်းရေးမှူး - ကိုဖီအာနန်
Styles & Honours
  • Mr Mark Malloch Brown (1953-2006)
  • Sir Mark Malloch Brown KCMG (December 2006-July 2007)
  • The Rt. Hon. The Lord Malloch-Brown KCMG, PC (July 2007-)
  • Eminent member of the Sergio Vieira de Mello Foundation
  • Honorary Patron, University Philosophical Society, Trinity College, Dublin.
Ref : Democratic Governance: Linking the Security and Development Agendas- Mark Malloch Brown
http://en.wikipedia.org/wiki/Millennium_Development_Goals
http://en.wikipedia.org/wiki/Mark_Malloch_Brown,_Baron_Malloch-Brown

Saturday, August 21, 2010

စကားမစပ် သတင်း "Goodbye Iraq"

htun: စကားမစပ်

phyo: ဘာတုန်း

htun: အမေရိကန်တိုက်ခိုက်ရေးတပ်တွေ အီရတ်က ထွက်သွားပြီနော်

phyo: ၂၀၁၁ မှဆို

htun: ဟုတ်

phyo: ထွက်သေးပါဘူး မလား

htun: အီရတ်အစိုးရကို ကူညီပေးမယ့် တပ်တွေတော့ ကျန်ခဲ့တယ်
သူတို့က လက်နက်ကိုင်ထားပေမယ့် ပစ်ခွင့်မရှိဘူး

phyo: ဟယ် ပစ်ခွင့်မရှိကိုင်ထားပြီး သေနတ်နဲ့ ကောက်ပေါက်ရမှာလား
 

htun: မဟုတ်ဘူး
ရိုက်ရမှာ
သေနတ်ဒင်နှင့်


အဲဒီလိုနဲ့ သူငယ်ချင်း ဘာမှထပ်ပြီး စကားမစပ်တော့ပါဘူး၊
သတင်းတွေနဲ့ အလှမ်းဝေးနေပြီ။



Saturday, August 14, 2010

သူငယ်ချင်းအားလုံး ကျန်းမာရွှင်လန်းကြပါစေ

ရေစက်လေးများ ... များ ... များ ... များ ... ဟော ... ပင်လယ်လောက်ကြီး

အခုတော့ လယ်ရီတစ်ယောက် သွားရှာပြီ။

ကျွန်တော်တို့လို လူပျိုတွေဆိုတာ အထီးကျန်နေတဲ့လူအမျိုးအစားတွေပါ။ ကျွန်တော်သာ အချိန်တွေများများစားစား အထီးကျန်မဟုတ်ခဲ့ဘူးဆိုရင် အဆိုကောင်းလှတဲ့ လယ်ရီဝှိုက်မန်းနဲ့ သူငယ်ချင်းဖြစ်ခဲ့ကြမှာ မဟုတ်ဘူး။ သူငယ်ချင်းတော့လည်းမဟုတ်ဘူး၊ လုပ်ဖော်ကိုင်ဖက်လို့ပြောရမယ်။ အဓိပ္ပါယ်ကတော့ သူရဲ့အကျင့်စရိုက်တွေ အသေးစိတ်ကြိုက်ကြိုက် မကြိုက်ကြိုက် သူနဲ့ အချိန်ဖြုန်းဖြစ်တာပေါ့ဗျာ။ လူပျိုကြီးတွေ အသက်ကြီးလာရင် ကျွန်တော်တွေ့နေရသလို၊ သူတို့မှာ မိတ်ဆွေအပေါင်းအသင်းကဏ္ဍချဲ့ဖို့ နယ်ပယ်ကျဉ်းသထက်ကျဉ်းလာတော့တာပဲလေ။ သူတို့ရဲ့ဘ၀တွေ၊ သူငယ်ချင်းတွေ ကလည်း အလေ့အထတစ်ခုလို မပြောင်းလဲချင်တော့ပဲ စွဲစွဲမြဲမြဲရှိလာကြတာ၊ စီမံကိန်းတစ်ခုရဲ့အစိတ်အပိုင်းလိုပဲ။ ဥပမာဆိုရရင် လယ်ရီ ကြောက်စရာကောင်းလောက်အောင် စိတ်ကြီးဝင်လွန်းတာ သိသိကြီးနဲ့လည်း လျစ်လျူရှုပြီး သူနဲ့ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက် နေလာ၊ ပေါင်းသင်းလာတာ နှစ်တွေကြာပြီ။ မှန်မှန်တွေ့လိုက် မှန်မှန်မတွေ့လိုက်ဆိုတာကို ကျွန်တော်ပြန်နားလည်သဘောပေါက်လာတာက လယ်ရီ့ကို အင်္ဂါနေ့ ညနေငါးနာရီနဲ့ ခြောက်နာရီမှာဆို ရှိနေကြနေရာတွေမှာ ရှိကိုရှိနေတယ်။ အလေ့အထက ပြောင်းပဲမပြောင်းတော့ဘူး။ ကျွန်တော်လည်းပဲ ဒီလိုဖြစ်လာတာပါပဲ။ သောကြာနေ့ညနေတွေဆို ဒိတ်လုပ်တဲ့ကိစ္စတွေရှိတယ်။ လယ်ရီကမေးတယ်။ ကျွန်တော်ပြောပြတယ်။ နောက်တစ်ပတ်အတွက် သောကြာနေ့ညနေ ဘာအစီအစဉ်လဲ ထပ်မေးလဲ။ ကျွန်တော်က ဒိတ်လုပ်တဲ့ကိစ္စပဲ ဖြေဦးမှာ ဒါပဲပေါ့ဗျာ။ မြန်မြန်လေးထပ်ပြောဦးမှ ကျွန်တော်က အမျိုးသမီးတွေကြိုက်တယ်။ ဒါပေမဲ့လည်း ရွေးချယ်မှုတွေကြောင့် လူပျိုတစ်ယောက်ဖြစ်နေဆဲပဲ၊ ကျွန်တော်ကရွေးချယ်လိုက်တာနဲ့ သူတို့ကရွေးပယ်လိုက်ကြတာပဲ၊ ကျွန်တော်နားလည်သဘောပေါက် လိုက်တာကတော့ လူပျိုတွေက အထီးကျန်လူသားတွေဖြစ်နေတဲ့အချိန်မှာ အိမ်ထောင်ရှင်အမျိုးသား တွေကလည်း မှီခိုတွယ်ကပ်နေသူတွေရှိလျက်နဲ့ အထီးကျန်နေကြတာပါပဲ။

ကျွန်တော် အမျိုးသမီးတွေကြိုက်တယ်လို့ ပြောရရင်။ နာမည်တပ်ပြီးသတ်သတ်မှတ်မှတ်ပြောနိုင်ပါတယ်။အကြောင်းကတော့ လယ်ရီနဲ့ ဒီလောက်ပေါင်းနေမှတော့ လယ်ရီ အဆင့်ဆင့်ရွေးချယ်သတ်မှတ်သလို ကျွန်တော်ကလဲ သဘောကျသွားတာ။ အီဒါ့ဗရေခန်- စကန်နက်တဒီမြို့တော်က အရက်ချက်သူရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဂျဲနစ်ဂဲနီ - အင်ဒီယာနာပေါလစ်မြို့က ကုန်မာကုန်သည်ကြီးရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး။ ဘီးထရစ်ဝါးဂ်နာ - မဲလ်ဝါးကီမြို့တော်က အတိုင်ပင်ခံအင်ဂျင်နီယာရဲ့သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေး နဲ့ အဲလန်စပါ့ခ်စ် - ဘတ်ဖဲလိုမြို့တော်က လက်ကားကုန်စုံရောင်းသူရဲ့ သမီးလေး .. သီချင်းဆိုချင်ခဲ့သူလေးပေါ့ဗျာ။

ကျွန်တော် ဒီငယ်ငယ်ရွယ်ရွယ် ဆွဲဆောင်မှုရှိလှတဲ့ အမျိုးသမီးလေးတွေကို အစဉ်လိုက် တစ်ဦးချင်းစီ (တချို့က အိမ်ခန်းလို့ ခေါ်တဲ့) လယ်ရီရဲ့စတူဒီယို့ မှာ ဆုံတွေ့ခဲ့ရတာပါ။ လယ်ရီက သီချင်းဆိုဝါသနာပါတဲ့ ချစ်စရာအမျိုးသမီးငယ်ငယ်လေးတွေကို အသံအားကောင်းအောင်ကျင့်ပေးတဲ့ အဆိုသင်တန်းပေးပါတယ်။ လယ်ရီက နူးညံ့ပြီဆို ဆန်ဒေးချောကလက်ရေခဲမုန့်ပျော့အိအိလို အင်မတန်ချိုအီပျော့ပြောင်းလှတယ်၊ လယ်ရီက လူကောင်ထွားထွား၊ ဟိတ်ဟန်ကလဲကောင်းတယ်။ ကောလိပ်ကျောင်းဆင်း သစ်ခုတ်သမားကြီးလိုပဲ၊ ဒါမှမဟုတ် ထပ်ပြီးနှိုင်းယှဉ်ပြရရင် Royal Canadian Mounted Police (RCMP)က ရဲသားကြီးတစ်ဦးလိုပဲထွားထွားကျိုင်းကျိုင်းကြီးဗျ။ သူ့အသံကလည်း အထင်ကြီးလောက်စရာပဲ၊ ဒီလိုနဲ့ သူ့ရဲ့တပည့်မလေးတွေဟာ မရှောင်လွဲနိုင်တော့ပဲ လယ်ရီကို အချစ်ကြီးချစ်မိကုန်ကြ တော့တယ်။ ခင်ဗျားက လယ်ရီ့ကို သူတို့ဘယ်လိုချစ်ကြသလဲလို့ မေးရင် ကျွန်တော်က မေးခွန်းတစ်ခုမေးပြီးအကြောင်းပြန်ရမှာ။ စက်ဝိုင်းရဲ့ဘယ်အပိုင်းလောက်ကအနေအထားကိုဆိုလိုတာလဲ လို့ပဲ ပြန်မေးရမှာ။ ခင်ဗျားက အစပိုင်းလောက်ကလို့ ဆိုရင် လယ်ရီကိုချစ်တာ အဖေတစ်ယောက်လို ခေတ္တယာယီပေါ့။ နောက်တော့ လယ်ရီ့ကို စေတနာကောင်းလှတဲ့ဆရာကောင်း တစ်ယောက်လိုချစ်ကြတာ။ နောက်ဆုံးပိုင်းမှာ ချစ်သူတစ်ယောက်လို ချစ်မက်ကုန်ကြတော့တာ။

အဲဒီနောက်တော့ သင်တန်းက ဘွဲ့ရတဲ့တိုင်အောင်၊ လယ်ရီ နဲ့ သူ့သူငယ်ချင်းတွေက ဘွဲ့ရတယ်လို့ ခေါ်တယ်။ တပည့်မလေးရဲ့ အဆင့်ကတော့ ပြောင်းမသွားဘူး။ အဆိုတော်လဲ ဖြစ်မသွားကြဘူး။ အားလုံးက ချစ်မှုရေးရာ စ၊ လယ်၊ ဆုံး သံသရာထဲမှာပဲ တ၀ဲလည်လည်ဖြစ်ကြတယ်။ လယ်ရီရဲ့ အဆိုသင်တန်းက ဘွဲ့ရတယ် ဆိုတဲ့ စကားလုံးကို ညွှန်းဆိုရရင်တော့ အိမ်ထောင်ရေးဆိုတဲ့စကားလုံးရဲ့ အသိအမြင် ဗဟုသုတတွေ ပွင့်ပွင့်လင်းလင်း သိမြင်နားလည်သွားကြတာပဲရှိတယ်။

လယ်ရီက ဇနီးတွေကိုတစ်ယောက်ပြီးတစ်ယောက်သတ်ပစ်လေ့ရှိတဲ့ပုံပြင်ထဲက ဇာတ်ကောင်ကြီး ဘလူးဘတ်လို အမျိုးအစားတစ်မျိုးပေါ့ဗျာ။ ကျွန်တော်ပြောပါရစေ.. အခုထိတော့ သူဟာ ကံဇာတာမြင့်တက်နေတဲ့ ကံကောင်းတဲ့ ခွေးတစ်ကောင်ပေါ့။ အီဒါ့၊ ဂျဲနစ်၊ ဘီးထရစ် နဲ့ အဲလန် တို့ဟာ အံသြဖို့ကောင်းတဲ့ မိန်းမလှလေးတွေပါ။ သူတို့အကုန်လုံးက ဇာတိမြို့ကနေ နယူးယောက်မြို့တော်ကြီးဆီ ရထား၊ လေယာဉ် တစ်မျိုးပြီးတစ်မျိုးပြောင်းပြီးလာခဲ့ကြတယ်။ သူတို့အားလုံးဒါကိုကျေနပ်နေကြတယ်။ ဒီမှာပဲ ပိုပြီး ပျော်မြူးနေကြပုံပေါ်တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့က သီချင်းဆိုချင်ခဲ့ကြတာကိုး၊ လယ်ရီကလည်း ယာယီနေရာချထားပေးဖို့ ပြဿနာမရှိပါဘူး။ တပည့်မလေးတွေပြောင်းလဲ နေရာပေးဖို့ သူ ဘယ်တော့မှအခက်မတွေ့ဘူး။ ဒါပေမဲ့ အမြဲတမ်းစီမံစောင့်ရှောက်ရမယ့် “လက်ထပ်ခြင်း” ဆိုတာကိုတော့ သူ အင်မတန်ချွေတာတယ်။ အမြဲသတိကြီးကြီးထားရှောင်တိမ်းလေ့ရှိတယ်။

လယ်ရီရဲ့ ဘ၀က လုံးလုံးလျားလျား လူပျိုလိုပဲဗျို့။ အကျိုးသင့်အကြောင်းသင့် ရှင်းချက်ထုတ်ရပြန်ရင်လဲ သူ့မှာ အမျိုးသမီးတွေကို အမျိုးသမီးလို စောင့်ရှောက်ပေးဖို့ အချိန်နည်းနည်းလေးပဲရှိတယ်။ ဘယ်လောက်ပဲ မျက်နှာသာပေးခံရတဲ့ တပည့်ဖြစ်စေဦးတော့ တနင်္လာနဲ့ ကြသပတေးနေ့ ညနေခင်းတွေမှာပဲ သူ အနားမှာရှိနေနိုင်တယ်။ သင်တန်းအတွက်အချိန်၊ သူငယ်ချင်းတွေနဲ့ နေ့လည်စာစားချိန်၊ အဆိုလေ့ကျင်ချိန်၊ ဆံသသမားဆီ သွားတဲ့အချိန်၊ ကျွန်တော်နဲ့ ကော့တေးသောက်ကြတဲ့အချိန် နှစ်ချိန်၊ တခြား အရာအားလုံးအတွက် အချိန်၊ သူရဲ့ အချိန်ဇယားက ဘယ်တော့မှမပြောင်းလဲဘူး။ ကြာချိန်မိနစ်တွေကအစ မပြောင်းလဲဘူး၊ တူတာပြောရရင် သူ့ရဲ့ စတူဒီယိုကိုလည်း နေရာတိုင်းမှာ အာလုံးကို သူကြိုက်သလိုထားတယ်။ ဘယ်သူကမှ နေရာလေးတစ်နေရာတောင်းလို့မရဘူး၊ ပစ္စည်းတစ်ခုခု နေရာပြောင်းလို့မရဘူး။ ဘယ်လောက်ပဲ တောင်းပန်းတိုးလှိုးပါစေ သူက ပစ်ပယ်လိုက်တာချည်းပဲ။ လူငယ်လူရွယ်လေးလို လက်ထပ်ထိမ်းမြားခြင်း ခြံစည်းရိုးပေါ်ရောက်နေတာတောင် လက်ထပ်ခြင်းဆိုတာက လယ်ရီ့အတွက်တော့ မဖြစ်နိုင်တဲ့အရာပါပဲ။

“အလေ့အကျင့်ဆိုတာ ငါ့ရဲ့ ခွန်အားပဲ” တဲ့ လယ်ရီ တစ်ခါပြောဖူးသေးတယ်။
အား .. သူတို့က ငါ့ကို မိအောင်ဖမ်းဖို့ ချစ်ခဲ့ကြသတဲ့လား .. ဟမ် .. ငါ့ကို ပြန်ပြီး တန်ပြန်ကြမတဲ့လား၊ ဟ ဟ ..  ကောင်းကြပါပေရဲ့၊ တကယ်က ငါ့ကို သူတို့ထောင်ခြောက်ထဲ ထည့် မဖမ်းမိခင်မှာ ငါ့ရဲ့ အချစ်ကွန်ယက်ထဲ သူတို့ကရောက်နေပြီ၊ အချစ်မေတ္တာတွေပေါက်ကွဲနေကြပြီ၊ ငါ့ရဲ့ သက်တောင့်သက်သာရှိလှတဲ့ အကျင့်လေး ဒါမှမဟုတ် သုံးထပ်ကွမ်းဒိုင်းလေးကို ငါကတော့ အတော်ကြီးချစ်တယ်ဟေ့”

“ဘယ်လို..ဟာ.. တဲ့” ကျွန်တော်မေးခဲ့တယ်။

“သုံးထပ်ကွမ်းဒိုင်းလေ ကွာ” .. သူ ပြန်ဖြေခဲ့ပါတယ်။

“အိုး” ..
သုံးထပ်ကွမ်းဒိုင်းဆိုတာ သူရဲ့ စ ၊ လယ်၊ ဆုံး အချစ်သံသရာစက်ဝိုင်းကို ပြောတာထင်ပါရဲ့။

အဲလန်စပါတ်ခ့်စ် က လယ်ရီ့ဘေးနား တ၀ဲလည်လည်ရှိနေခဲ့တယ်။ လယ်ရီ့ရဲ့ တခြားကောင်မလေးတွေထက် အခြေအနေတိုးတက်နေသလိုပဲ ထင်ရတယ်။ ဘီးထရစ်ဝါးဂ်နာဆိုရင် နှစ်လလောက်မတိုင်သေးခင်မှာပဲ ရှင်းလင်းပြီးသားဖြစ်နေပြီ။ အဲလန်ကတော့ အရင်ကလိုပဲ ဘာမှထူးထူးခြားခြားမူပျက်တာမတွေ့ခဲ့ရဘူး။ လယ်ရီ့ဘေးမှာရှိနေဆဲပဲ။ အမျိုးသမီးတွေကိုကြိုက်တယ်လို့ ကျွန်တော်ပြောခဲ့သလို၊ အဲလန်အပါအ၀င် လယ်ရီ့ တပည့်မလေးတစ်ချို့ကို ဥပမာပေးခဲ့သလို ပဲ။ စိတ်ချရတဲ့အနေအထား အကွာအဝေးကနေ ကျွန်တော်သူတို့ကိုကြိုက်တယ်။ လယ်ရီ ရဲ့ ဒိုင်း သံသရာမှာ ဇာတ်လမ်းတွေအားလုံးရပ်ပြီး အိမ်ကနေအဝေးရောက်နေတဲ့ ဖခင်တစ်ယောက်အဖြစ်၊ စိတ်ကြိုက်ပြန်ပြီး ပြောင်းလဲတဲ့အခါ ကျွန်တော်က အဖေတစ်ယောက်အမျိုးအစားလိုပဲ ဖြစ်လာတော့တာပဲ။ စိတ်မကောင်းခြင်းကြီးစွာဖြစ်နေတဲ့ ဖခင်တစ်ဦးပုံစံကြီး ကရော်ကမယ် သဏ္ဍာန်လုပ်သရုပ်ဆောင်ရတယ်ဗျ။ မိန်းကလေးတွေကလည်း သူတို့ဘာတွေဖြစ်နေသလဲ ပြောပြလိုစိတ်ရှိကြတယ်။ ကျွန်တော့်ဆီကလဲ အကြံဥာဏ်တောင်းကြတယ်။ ကျွန်တော်ဆိုတဲ့ စိတ်ချဉ်ပေါက်စရာအကြံပေးကလည်း သူတို့ကိုပြောစရာ တွေးလိုက်တိုင်း  “အို ဟုတ်ပါရဲ့.. ဘယ်လောက်ဆိုးဝါးလိုက်သလဲ .. မင်းဟာ အင်မတန်ငယ်ရွယ်လှပပါတယ်ကွယ်” ဒီတစ်ခုပဲပြောတတ်တယ်ဗျို့။

အဲလန်စပါတ့်ခ်စ်ကိုတော့ အလွန်အမင်းချစ်စရာကောင်းတဲ့ ဆံပင်မည်းသိပ်သိပ်၊ မျက်ဆံနက်နက်နဲ့ ညိုချောလေးမို့ ပိုက်ဆံအတွက်၊ ဟိုဟိုဒီဒီမေတ္တာရေးကိစ္စတွေအတွက်နဲ့ စိတ်ဓါတ်ကျနေမယ် မထင်ဘူးလို့ ပြောတတ်သလောက် ခပ်များများပြောခဲ့တယ်။ အဲလန်ရဲ့ စကားသံလေးက လိုအပ်သလောက်လေးပဲ ချိုမြလိုက်တာ၊ ဒါပေမဲ့ သူသီချင်းဆိုလိုက်ရင်တော့ လိုဏ်ထဲက ထိုးထွက်လာတဲ့ အသံမျိုးပဲ၊ “ဂျူး စောင်းသံနဲ့ စာသားကိုဆိုထားတဲ့အသံမျိုး” လို့ လယ်ရီကပြောခဲ့တယ်။ “အီတလီသီချင်းစာသားကို အနောက်အလယ်ပိုင်းလေသံနဲ့ ဆိုသလိုမျိုးလဲ ဟုတ်တယ်” လို့ မှတ်ချက်ပေးတယ်။ ဒါပေမဲ့ အဲလန့်ကို လယ်ရီ အတော်ကြာချုပ်ကိုင်ထားခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲလန့်ကို ကြည့်ရရင် ပျော်ရွှင်စရာတွေပြည့်နေတယ်။ သူ့ရဲ့ သင်တန်းကြေးကို ချက်ချင်းပေးတယ်။ ပြီးတော့ လယ်ရီရဲ့ သင်ခန်းစာတစ်ခုအတွက် သင်တန်းကြေးတောင်းတဲ့အချိန်ဟာ လယ်ရီသုံးစရာလိုတဲ့အချိန်တိုင်း ဖြစ်တယ်ဆိုတာ အဲလန်က ဘယ်တော့မှ သတိပြုမိဟန်မတူဘူး။

တကြိမ်တော့ ကျွန်တော် အဲလန့်ကို “အဆိုတော်ဖြစ်ဖို့ဘယ်ကများစိတ်ကူးရလာသလဲ” လို့ မေးခဲ့ဖူးတယ်။ သူ ဖြေတာက လီလီပွန်းစ်ကိုကြိုက်လို့ပါ တဲ့။ သူ့အတွက်တော့ ဒီအဖြေက အသင့်တော်ဆုံး၊ အပြည့်စုံဆုံးတစ်ခုလို့ပဲ သတ်မှတ်ထားပုံရတယ်။ အမှန်တကယ်တော့ သူ ... အိမ်ရဲ့တသီးတသန့် ဆန်လွန်းတာကို ထားပစ်ခဲ့ချင်တာ။ သူ့ကိုတစ်ဦးတစ်ယောက်ကမှ မသိတဲ့ တစ်နေရာရာမှာ ချမ်းသာကြွယ်ဝချင်တာ လို့ ကျွန်တော်ထင်တယ်။ သူက တခြားမိန်ကလေးတွေထက် ဂီတ၊ အနုပညာ ဒါတွေကို ပိုပြီး ပြင်းပြင်းထန်ထန်စိတ်ဝင်စားတယ်။ သတင်းမဂ္ဂဇင်းတွေအများကြီး လစဉ်ကြေးပေးသွင်းထားပြီး နေ့တိုင်း အဲဒီမဂ္ဂဇင်းတွေဖတ်တယ်။ အရေးကြီးမယ်ထင်တဲ့ စာမှန်သမျှ မျဉ်းသားထားတယ်။ သူ့ရဲ့ ဒေါ်လာသုံးဆယ်တန် ဖောင်တိန်နဲ့လေ။

ကောင်းပါပြီ... အခု နယူးယောက်ဖခင်ကြီး ကျွန်တော့်ကို အဲလန်ပြောတာက .. အရင့်အရင် အမျိုးသမီးလေးတွေ ပြောကြ၊ ကြေငြာကြသလိုပါပဲ .. သူ လယ်ရီ့ကို ချစ်ခဲ့တယ်။ မသေချာလောက်ပေမဲ့ လယ်ရီကလည်း သူ့ကို တော်တော်ကြီးချစ်တယ်လို့ အဲလန်ကယုံကြည်ခဲ့တယ်။ သူ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေခဲ့ပါတယ်။ အတော်အသင့်အောင်မြင်နေတဲ့အမျိုးသားတစ်ဦးနဲ့ ရှေ့ဆက် သေချာပေါက် ခရီးဆက်နိုင်မယ်လို့ထင်နေခဲ့တယ်။ သူ အိမ်က ထွက်လာတာ ငါးလအတွင်းမှာပဲ အောင်မြင်မှုတွေ ရလာပြီလို့ အရသာခံတွေးနေတယ်။ ဘတ်ဖဲလိုမှာလည်း ဒီအကြောင်းတွေ တစာစာပြောနေခဲ့တယ်။ အနုပညာအကြောင်းတစ်ရှုးထိုး ပြောဆိုခဲ့ကြတဲ့ ညနေခင်းတွေ။ ၀ိုင်ခွက်တွေရဲ့ညနေခင်းတွေ၊ အဲဒီအကြောင်းတွေ သူ ဆုတ်ဆိုင်းဆုတ်ဆိုင်း ယုံကြည်နေခဲ့ပါတယ်။

“တနင်္လာနဲ့ ကြာသပတေးညနေခင်းတွေ” ကျွန်တော်မေးခဲ့တယ်။

သူ အလန့်လန့်အဖြတ်ဖြတ်ဖြစ်သွားဟန်နဲ့ ပြူးပြီးကြည့်တယ်။ “ရှင်ကဘာလဲ၊ ချောင်းမြောင်းနေတဲ့တွမ် လား” လို့တင်စားပြီး ပြန်မေးတယ်။

ရက်သတ္တခြောက်ပတ်ကြာပြီးတဲ့အခါ အဲလန်ပြောတယ်။ လယ်ရီ့ကြည့်ရတာ လက်ထပ်ဖို့ ဆန်းစစ်နေဟန် တူတယ်။ သူကလဲ အဲဒီ လက်ထပ်ခြင်း ကို စောင့်ဆိုင်းနေပါတယ်လို့ ပြောခဲ့တယ်။ ရက်သတ္တခုနှစ်ပတ်ကြာတဲ့အခါ သူ ဘွဲ့ရတော့တယ်။ တနည်းအားဖြင့် အဆိုသင်တန်းပြီးသွားတယ်ပေါ့။ ကျွန်တော်လည်း လယ်ရီ့ရဲ့အင်္ဂါနေ့ဖုန်းအခေါ်ကြောင့် ကျွန်တော့်ရဲ့ အင်္ဂါနေ့မှာ ကော့တေးဆိုင်ဆီ ထွက်လာခဲ့တယ်။ လမ်းမဘက်ဖြတ်လျှက်မြင်ရတဲ့နေရာ အ၀ါရောင်ကူရှင်မှာ အဲလန်ထိုင်နေတာ ကျွန်တော်တွေ့တယ်။ စကားမစပ်ပြောပြရရင်၊ သူက ကူရှင်ထဲ ကိုယ်ကို ကုန်းကုန်းကြီးနှစ်မြှုပ်ပြီး ခေါင်းငိုက်စိုက်ချရက်သားထိုင်နေတယ်။ တစ်ချိန်တည်းမှာပဲ အာခံချင်ဟန်ပုံစံ သူ့မျက်နှာမှာ မြင်နေရပြီ၊ ဘာတွေဖြစ်ပျက်ခဲ့ပြီးပြီလဲဆိုတာ ကျွန်တော် သိခဲ့ပြီ၊ ပုံပြင်ဟောင်းတွေအတိုင်း သေလုမြောပါးကိစ္စတစ်ခု ဖြစ်ဦးတော့မယ်။ သူ့ကို ဒီအချိန်တစ်ယောက်တည်းလွှတ်ပေးထားတာ အကောင်းဆုံးလို့ ကျွန်တော်တွေးနေတုန်းမှာပဲ။ သူ... အဲလန် .. ကျွန်တော့်ကို ရှာတွေ့သွားတယ်။ ပြီးတော့ ကျွန်တော့်ဆံပင်တွေကို သူ့ရဲ့ထရမ်းပက် လေအရှိန်နဲ့ မှုတ်ထုတ်တယ်။

“အိုး .. အဲလန် ..ဟဲလို သင်ခန်းစာပြီးသွားပြီလား”

“လုပ်လိုက်ပေါ့ .. ရှင် ကျွန်မကို ရယ်မောနိုင်ပါတယ်”

“ငါ .. မရယ်ပါဘူး။ ငါ ဘာကြောင့် ရယ်မောရမှာတဲ့လဲ”

“ရှင်က အတွင်းလူပဲလေ” သူ က ခါးသည်းစွာပြောတယ်။ “ကဲ ကိုယ့်လူ.. ရှင်လည်း တခြားကိစ္စတွေသိနေခဲ့တာပဲမလား။ ရှင် သိခဲ့တယ်မဟုတ်လား၊ သူတို့ ဘာတွေဖြစ်ခဲ့ကြတယ်၊ ကျွန်မဘာတွေဖြစ်မလဲ ရှင်သိခဲ့တာပဲမဟုတ်လား”

“လယ်ရီ့ကျောင်းသားတွေနဲ့ပတ်သတ်ပြီး ငါသိတာတွေသိပ်များတာဟုတ်ပါတယ်။ သူတို့တွေ လယ်ရီနဲ့ တော်တော်လေး တွယ်ငြိကြတယ်”

“ပြီးတော့ .. ပြတ်စဲကြတာကိုရောပဲလား။ ကောင်းပါရဲ့ရှင်။ ဒီမှာက မပြတ်စဲချင်တဲ့ မိန်းမငယ်တစ်ယောက်လေ”

“သူ က အင်မတန် အလုပ်များတဲ့သူကြီး.. အဲလန်”

“လယ်ရီက ပြောတယ်။ သူ့ရဲ့ရည်မှန်းချက်က သ၀န်တိုတဲ့အိမ်ရှင်မတစ်ဦးတဲ့” အဲလန်က ခြောက်ကပ်ကပ်ကြီးပြောတယ်။ “အဲဒါကျွန်မကို ဘာလုပ်တာလဲ။ အဲဒီ လယ်ရီရဲ့ မှတ်ချက်က ကျွန်မကပဲ လိုအပ်တာထက် အသားနည်းနည်းပေါနေတယ်လို့ ပြောနေသလို”

“ကဲ .. အဲလန်.. ငါထင်ပါတယ်။ မင်း ဒီဇာတ်လမ်းပြီးလိုက်တာကောင်းတယ်။ မင်းရဲ့ အသက်အရွယ်မှာ တစ်စုံတစ်ဦးနဲ့ နီးစပ်ဖို့ ထိုက်တန်လှပါတယ်”

“အဲဒီသဘောက ကျွန်မက လယ်ရီနဲ့ထိုက်တန်တယ်ပေါ့”

“မင်းက သူ့ကို လိုချင်တယ်။ အဲဒီလို လုံလောက်အောင်ရူးသွပ်နေပါစေ။  မင်း သူ့ကိုမရနိုင်ဘူး။ သူ့ရဲ့ဘ၀ကြီးက ပြောင်းမရတဲ့အကျင့်တွေနဲ့ ကျောက်ဖြစ်နေတာကွ။ သူက ဇနီးတစ်ယောက်အလိုကို လိုက်လျောနိုင်မယ်မထင်ဘူး။ မက်ထရိုပိုလီတန်အော်ပရာကုမ္ပဏီမှာ စီးပွားဖြစ်သီချင်းဆိုတာကမှ ပိုပြီးလွယ်ကူဦးမယ်ကွာ”

“ကျွန်မ ပြန်လာမှာပဲ”  အဲလန်က ခက်ထန်စွာကြိမ်းမောင်းပြောခဲ့တယ်။

ကျွန်တော်ဝင်လာတော့ လယ်ရီရဲ့ကျောဘက်ကိုမြင်ရတယ်။ သူ အမျိုးမျိုးရောစပ်သောက်သုံးနေတယ်။

“မျက်ရည်တွေနဲ့လား”
သူက မေးပါတယ်။

“သေသေသပ်သပ်ပါပဲ” ကျွန်တော်ဖြေလိုက်တယ်။

“ကောင်းပါလေ့” လယ်ရီကပြောတယ်။ ကျွန်တော်ကတော့ တကယ်ပဲ သူပြောသလို ကောင်းရဲ့လား ဝေခွဲမရဖြစ်နေတယ်။

“သူတို့တွေ ငိုယိုကြတိုင်း ငါလဲ အမြဲခံစားရတာပဲကွ” သူ့ရဲ့လက်တွေကို မြှောက်ယမ်းပြီးပြောတယ်။ “ဒါပေမဲ့၊ ငါ ဘာလုပ်နိုင်မလဲ၊ “ငါရဲ့ရည်မှန်းချက်က ၀န်တိုတတ်တဲ့အိမ်ရှင်မလေ”

“ငါ သိပါတယ်။ အဲလန် ငါ့ကိုပြောတယ်. ဘီးထရစ် ငါ့ကိုပြောတယ်။ ဂျဲနစ် ငါ့ကိုပြောတယ်။ အီဒါ့ ငါ့ကိုပြောတယ်” ကျွန်တော် ဒီလို အမည်စာရင်းနဲ့ပြောလိုက်တာက လယ်ရီ့အတွက် စိတ်ကျေနပ်စရာဖြစ်သွားစေတယ်။ “စကားမစပ် .. အဲလန်ကပြောတယ်နော်။ သူ မပြတ်စဲချင်ဘူးတဲ့”

“တကယ်ပဲလား .. ဘယ်လောက်များ ဥာဏ်မကြီးလိုက်သလဲ။ ကောင်းပြီလေ .. ငါတို့ ဘာကိုမြင်တွေ့ရမလဲ၊ မြင်သင့်တာကိုမြင်မယ်ကွ”

ဘုရားသခင်က သူ့ရဲ့ကောင်းကင်ဘုံမှာရှိနေတယ်။ ကောင်းကင်ဘုံနဲ့ဝေးကွာနေသလို  အဲလန်နဲ့ ပတ်သတ်သမျှတွေနဲ့ ဝေးကွာခဲ့တယ်။ ရက်သတ္တတွေပြီးဆုံးတော့ အဲလန် ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေပိုရှိလာပြီး နယူးယောက်ကျော်ကြားသူတစ်ဦး အဖြစ် အသိအမှတ်ပြုခံရတဲ့လက်မှတ်တစ်ခု ဘတ်ဖဲလိုကို ယူဆောင်သွားနိုင်ခဲ့တယ်။ သူ ကျေနပ်နေပုံပါပဲ။ သူ လယ်ရီနဲ့ပြတ်စဲပြီးနောက်ပိုင်း၊ အဲဒီမှာ ကျွန်တော် အဲလန်ကို တွေ့ခဲ့တယ်။

သူ့အသက်အရွယ်မှာ တစ်စုံတစ်ယောက်နဲ့နီးစပ်ဖို့ ထိုက်တန်တယ်လို့ လယ်ရီနဲ့ ကျွန်တော်ပြောဖြစ်ကြသလို အဲလန် က အမြဲတမ်းအဲဒီလို ပုံစံလေးနဲ့ပါပဲ။ သူ့ရဲ့ချစ်စဖွယ် ကြောင်တက်တက်ဟန်လေးနဲ့ပဲဗျာ။ စားသောက်ဆိုင်မှာ ကျွန်တော်တို့ တွေ့သွားကြတယ်။ ကျွန်တော့်ရဲ့ခေါင်းအညိမ့်တွေကိုလဲ အဲလန်လျစ်လှူရှုတယ်။ ကျွန်တော်ကလည်း ဒီဇာတ်ကြောင်းရဲ့ တစ်စိတ်တပိုင်းပဲလို့ အဲလန်ထင်မြင်နေပုံရတယ်။ တစ်နည်းအားဖြင့် သူ့ကို အရှက်ခွဲဖို့ဆိုတဲ့ လယ်ရီ့ရဲ့စီမံကိန်းကြီးထဲမှာ ကျွန်တော်ပါတယ်လို့ အဲလန် ထင်နေတယ်။ အနားမှာရှိနေတဲ့ လူတစ်ဦးကိုခေါ်ပြီး နေ့လည်စာအတွက်မှာတယ်။ အဲလန် ကျွန်တော့်စားပွဲနောက်တလုံးမှာ ၀င်ထိုင်တယ်။ သူ့ရဲ့ လည်ချောင်းဖြူလွလွလေးကိုရှင်းတယ်။

“ရှင် ဒီရက်တွေအတွင်း ဘယ်လိုလဲ” သူ က အေးအေးစက်စက် မေးတယ်။ “ရယ်မောစရာတွေ အများကြီးပြည့်လျှက်ပဲလား”

“အိုး .. ဟုတ်တာပေါ့ .. အများကြီးမှ အများကြီး ရက်စက်ရမှ နေသာထိုင်သာ ရှိသူကြီးပဲလေ၊ မင်းသိလား၊ နယူးဂျာစီက ဒါကို တရားဝင်ခွင့်ပြုလိုက်ပြီ။ အင်ဒီရာနာနဲ့ ၀ိုင်အိုမီကတော့ အစွန်းအနားပဲရှိသေးတယ်”
အဲလန် ခေါင်းညိမ့်ပါတယ်။ “ရေတွေက ခပ်နက်နက်စီးဆင်းနေတုန်းလေ” သူက စဉ်းစားရခက်ခက်၊ တစ်ခုခုထိန်ဝှက်ထားဟန်နဲ့ ပြောလိုက်တယ်။

“ငါ့ကို များ ဆိုလိုသလား အဲလန်”

“ရှင့်ကို”

“ငါ သိပြီ” ကျွန်တော် နားလည်ရခက်နေစွာ ပြောပါတယ်။ “မျက်လုံးချင်းဆုံစရာထက် မင်းဆီမှာ အများကြီးပဲ လို့ မင်းဆိုလိုတာလား။ ငါ သဘောတူတယ်” ကျွန်တော် သဘောတူတယ် လို့ ပြောခဲ့တယ်။

လယ်ရီရဲ့ မျက်လုံးလေ” သူ က ပြောတယ်။

“အိုး .. လုပ်စမ်းပါ .. မင်းက အသေအချာကိုကျော်ဖြတ်ခဲ့ပြီပဲ။ သူက မာနကြီးပြီး တကိုယ်ကောင်းဆန်တဲ့လူစားမျိုးပါ။ ပြီးတော့ သူ့ရဲ့ ဗိုက်လုံးကြီးကို ခါးပတ်နဲ့ ထုပ်ပိုးထားနေရပြီ”

“မဟုတ် .. မဟုတ်ဘူး .. ကျွန်မကို တဆိတ်လောက် ပို့စ်ကတ်တွေနဲ့ ထရမ်းပက်အကြောင်းသာ ပြောပြစမ်းပါရှင်။ အဲဒါတွေအကြောင်း သူ ဘာပြောလဲ”

“ပိုစ့်ကတ်တွေ .. ထရမ်းပက်” ကျွန်တော် ခေါင်းယမ်းပြလိုက်တယ်။ “သူ အဲဒီ စကားလုံးတွေ မပြောပြဖူးဘူး”

“ဒါပေါ့”
အဲလန်က ပြောတယ်။ “ကောင်းလိုက်တာ၊ လုံးလုံးလျားလျားပဲ။ ဒါပေမဲ့ ပြည့် ...” ဆိုပြီး အဲလန်က စကားကိုရပ်ထားလိုက်တယ်။

“ဆောရီး ... ကျွန်တော် .. စိတ် ...   ပြီးတော့ ကျွန်တော့်မှာ အရေး .. အချိန်း ... တစ်ခုရှိတယ်” ကျွန်တော် လဲ စိတ်ပေါက်ပေါက်ရှိတာနဲ့ ရွတ်တွတ်တွတ်ပြောပစ်လိုက်တယ်။

“ဘာတွေပြောနေတာလဲ”  အဲလန် မေးတယ်။

“ကျွန်တော်ပြောတာက .. ကျွန်တော် စိတ်ရှုပ်ထွေးနေပြီ။ အဲလန် ပြီးတော့ ကျွန်တော် နားလည်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ အချိန်မရှိဘူးဗျ။ ကျွန်တော်မှာ အရေးကြီးတဲ့ အချိန်းအချက်တစ်ခု ရှိတယ်။ ကံကောင်းပါစေ။ ချစ်စရာ အဲလန်ရေ”

အချိန်းအချက်က သွားဆရာဝန်နဲ့တွေ့ဖိုပါ။ အဲလန်နဲ့ ခက်ထန်တဲ့တွေ့ဆုံမှုပြီးတော့ နေ့လည်ခင်းတစ်ခုက ပြိုက်ကနဲ ကုန်သွားတယ်။ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ လယ်ရီ့ကိုရှာမယ်။ ပို့စ်ကတ်တွေနဲ့ ထရမ်းပက် အကြောင်းမေးရမယ်။ အဲဒီနေ့က အင်္ဂါနေ့၊ ညနေလေးနာရီ၊ ဒါကြောင့် လယ်ရီ သူ့ရဲ့ဆံသသမားဆီ ရောက်ကိုရောက်နေရမယ်။ ကျွန်တော် အဲဒီဆိုင်ကိုသွားခဲ့ပါတယ်။ ထိုင်စရာခုံဆွဲယူပြီး သူ နဲ့ယှဉ်လျှက် ထိုင်လိုက်တယ်။ သူရဲ့ မျက်နှာမှာ ဆပ်ပြာမြှုပ်တွေ ဖွေးဖွေးထလို့၊ ဒါပေမဲ့ အဲဒါ လယ်ရီပဲ ဆိုတာ သေချာသိတယ်။ နှစ်တွေအများကြီး၊ အင်္ဂါနေ့ ညနေလေးနာရီ ဒီထိုင်ခုံနေရာမှာ လယ်ရီကလွဲရင် ဘယ်သူမှ မရှိခဲ့ပါဘူး။

“တဆိတ်လောက်ဗျာ” ကျွန်တော် ဆံသသမားကို ပြောတယ်။ ပြီးတော့ လယ်ရီ့ဘက်လှည့်ပြီး

“အဲလန်စပါတ့်ခ်စ် ကပြောခဲ့တယ် ရေတွေက ခပ်နက်နက်စီးဆင်းနေတုန်းလေဆိုတာ မင်း သိသင့်တယ်ဆိုပဲ”

“အင်း” .. ဆပ်ပြာမြှုပ်ဖွေးဖွေးကြီး လယ်ရီက မေးတယ်။ “အဲလန်စပါတ့်ခ်စ် က ဘယ်သူလဲကွ”

“မင်းရဲ့ ကျောင်းသူဟောင်းတစ်ယောက်လေ၊ သတိရပြီလား”  ဒီလို မေ့လျော့ခြင်းလုပ်ရိုးလုပ်စဉ်ကြီးကလဲ လယ်ရီရဲ့ အိုမင်းဟောင်းနွမ်းနေတဲ့ ပရိယာယ်တစ်ခုပဲ။ ကျွန်တော် အားလုံးသိနေခဲ့ပါတယ်။ “သူ က လွန်ခဲ့တဲ့နှစ်လကပဲ ဘွဲ့ရသွားခဲ့တာလေးကွာ”

“ကျောင်းသားတွေအားလုံး မှတ်မိနေဖို့က ခက်ခဲတဲ့အလုပ်ကြီးပါ”
သူက ပြောတယ်၊၏။ “ဟို ဘတ်ဖဲလိုလေး လေကွာ၊ လက်လီရောင်းကုန်စုံတွေလေ” ကျွန်တော်သတိရသလောက် ပြန်ပြောပြခဲ့တယ်၊ “အခု .. ရှန်ပူလားဗျို့”  လယ်ရီက ဆံသသမားကို မေးတယ်။

“အစစ်ပေါ့၊ မစ္စတာဝှိုက်မန်း၊ ပုံမှန်အတိုင်း ရှန်ပူက နောက်တစ်ဆင့်ပေါ့”

“သူ က ပို့စ်ကတ်တွေနဲ့ ထရမ်းပက်အကြောင်း သိချင်နေတာကွ”

လယ်ရီ စဉ်းစားပြီးပြောတယ်။ “မဟုတ်သေးပါဘူး။ ဘာခေါင်းလောင်းမှ မမြည်ခဲ့ပါဘူး” သူ လက်ချောင်းတွေကို တဖြောက်ဖြောက်မြည်အောင် ချိုးတယ်။ “အိုး .. ဟုတ်တယ်ဟေ့ .. ဟုတ်တယ် .. ဟုတ်ပြီ.. မင်း သူ့ကိုပြောလိုက်စမ်းပါကွာ။ သူက အဲဒါတွေနဲ့ ငါ့ကို မနက်တိုင်း ဖျက်ဆီးနေခဲ့တာ၊ မနက်တိုင်း စာတွေထဲမှာ သူရဲ့ပိုစ့်ကတ်က ရောက်နေပြီ။ သူက ဘာပြောသေးလဲ၊ သူ့ကို ပြောပါ၊ ငါ့ရဲ့မနက်စာ လေးမိနစ်ကြက်ဥတွေစားနေပြီ ဆို စာရောက်လာပြီ၊ စာတွေထဲ သူ့ ကတ်က ထိပ်ဆုံးကပဲဟေ့၊ မနက်စာကြက်ဥတွေကုန်အောင်စားတယ်။ ပြီးတော့ .. ဘာလုပ်လဲဆိုတော့၊ သူ့ ပိုစ့်ကတ်ကို နှစ်ပိုင်းဆွဲဆုတ်တယ်၊ ပြီးတော့ လေးပိုင်း၊ ပြီးတော့ တစ်ဆယ့်ခြောက်ပိုင်း၊ ပြီးရင်တော့လား ငါ့ရဲ့အမှိုက်ခြင်းလေးထဲမှာ နှင်းမုန်တိုင်းသေးသေးလေး မွှေတော့တာပေါ့ကွာ၊ ပြီးတော့ ကော်ဖီသောက်ချိန်၊ သူ ဘာပြောလဲ မှတ်မိနိုင်တဲ့ မှတ်ဥာဏ်စွမ်းအား ငါ့မှာမရှိဘူး”

“ပြီးတော့ ထရမ်းပက် ကရော”

“အလိုလေးလေး ကတ်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့ အပြစ်ပေးမှုပေါ့ကွာ” သူ က ရယ်မောပါတယ်။ “ငရဲမှာတောင် မိန်းမတွေရဲ့မထေမဲ့မြင်ပြုသလို ဒေါသမာန်ဟုန်ကြီးတာမျိုးရှိမယ်မထင်ဘူး၊ ... ဆိုတော့ကာ၊ နေလည့်ခင်းတိုင်း နှစ်နာရီခွဲဆို ငါ လေကျင့်ခန်းစတဲ့အချိန်၊ ဘာဖြစ်တယ်ထင်လဲ”

“ အဲလန်က မင်းကို ကြမ်းပြင်ကနေ အပေါ်ကို မြောက်တက်သွားအောင် ထရမ်းပက်ကြီးနဲ့ ငါးမိနစ်လောက် မှုတ်နေမှာပေါ့”

“သူလား အဲဒီလောက် သွေးမရှိပါဘူး။ နေ့ခင်းတိုင်း ငါကြားရတယ် မသိမသာလေးပါပဲ၊ ပြီးတော့ ဂီယာထိုးတဲ့အသံကြားတယ်။ မိုက်မဲတဲ့ ကလေးတစ်ကောင် ပြေးပြီလေ”

“မင်း စိတ်အနှောင့်အယှက် မဖြစ်ဘူးပေါ့။ ... ဟမ်”

“ငါ့အတွက် စိတ်အနှောင့်အယှက်၊ ငါက ထိခိုက်လွယ်တဲ့သူမျိုးလို့ သူက ထင်နေမှာ၊ သူမှန်ပါတယ်။ ဒါပေမဲ့ သူက ငါ့ရဲ့ လိုက်လျောညီထွေနေတတ်မှုကို လျှော့တွက်တာကိုး၊ ပထမရက်တွေတုန်းက စိတ်ရှုပ်ခဲ့ရတယ်၊ ဒါပေမဲ့ ခုတော့ ရထားတစ်စင်းဖြတ်သွားတာထက် ဘာမှ ပိုပြီးမခံစားရတော့ဘူး။ မင်းပြောပြောချင်း မင်းဘာပြောနေမှန်း တကယ်ကို နားမလည်ခဲ့တာကွ။ တစ်မိနစ်လောက်စဉ်းစားပြီးမှ အမှတ်ရသွားတာဟေ့၊ ဘာ ထရမ်းပက်များလဲလို့”

“အဲဒီမိန်းကလေး မျက်လုံးထဲ သွေးတွေစီးဝင်နေပြီ” လို့ ကျွန်တော်ပြောလိုက်တယ်။

“သူ ဦးနှောက်လေးနည်းနည်းပို အလုပ်ပေးပြီး ဘာ ပို့မလဲ သေချာလုပ်သင့်တယ်” လယ်ရီက ပြောခဲ့တယ်။
“ဒါနဲ့ စကားမစပ်၊ ငါ့ရဲ့ကျောင်းသူအသစ်လေးကို ဘယ်လိုထင်လဲကွ”

“ခရစ်တီးနား”

“သူ သာ ငါ့ရဲ့သမီးလေးဖြစ်ခဲ့ရင်” ... သူ က လေ့လာဖို့ စိတ်အားထက်သန်လှတဲ့ကလေးမလေးဆိုပြီး လယ်ရီ က ခရစ်တီးနားအကြောင်း အားပါးတရ ချီးမွမ်းစကားဆိုတော့တယ်။

“နောက် ၁၀နှစ်ဆို ခရစ်တီးနားက Hot Cross Buns မှာ ဆိုဖို့ အသင့်ဖြစ်ပြီ။ သူ မင်းကို အံ့အားသင့်စေမှာကွ”

“ငါတော့ သူလုပ်နိုင်မယ် မထင်ဘူး။ ဒါပေမဲ့ အဲလန်ကတော့ လုပ်နိုင်တယ်” 
ကျွန်တော် လယ်ရီ့ကို ဆန့်ကျင်ပြီးပြောပါတယ်။

“အဲလန် .. ဘယ်သူ .. တဲ့”  လယ်ရီက ပူနေတဲ့ မျက်နှာသုတ်ပုဝါအောက်ကနေေ၀၀ါးဝါး မေးခွန်းထုတ်ပြန်တယ်။
ဆံသဆိုင် တယ်လီဖုန်းမြည်လာခဲ့ပါတယ်။ ဆံသသမား အနည်းငယ်လှုပ်ရှားလိုက်စဉ်မှာပဲ ဖုန်းမြည်သံ ရပ်သွားတယ်။

“ရယ်စရာပဲ၊ မကြာသေးခင်ကပဲ မစ္စတာဝှိုက်လာတိုင်း  အဲဒီလိုဖုန်းထထမြည်တယ်။ ပြီးတော့ ကျသွားတယ်။ ချသွားတယ်”

ကျွန်တော် အိပ်ရာထဲ အိပ်မောကျနေတုန်း ဖုန်းမြည်ခဲ့တယ်။
“ငါ လယ်ရီဝှိုက်မန်းဟေ့”

“သေလိုက်စမ်းကွာ၊ ဖုန်းချလိုက် လယ်ရီဝှုက်မန်း” နာရီက မနက်ခင်းနှစ်နာရီပဲရှိသေးတယ်လို့ ပြောနေပါတယ်။

“အဲဒီမိန်းကလေးကို လက်လျှောဖို့ ပြောလိုက်စမ်းပါ။ မင်း ကြားရဲ့လား”

“ကောင်းသားပဲ၊ ၀မ်းသာစရာပဲ မင်းတောင်းပန်မယ်ပေါ့” ကျွန်တော် စဉ်းစဉ်းစားစားပြောလိုက်တယ်၊ “ဘယ်သူလဲ” “ဘာလဲ” သေချာအောင်ထပ်မေးတယ်။

“အဲဒီ လက်ကားကုန်စုံဆိုင်ကမိန်းကလေးလေ၊ ဘတ်ဖဲလိုလေးပေါ့၊ မင်း ငါပြောတာ ကြားလား၊ သူ့ကို ချက်ချင်းလက်လျှော့ခိုင်းရမယ်၊ အလင်းတွေနဲ့ .. ဘုရာစူးအလင်းတွေကွာ”

ကျွန်တော်ဖုန်းခွက်ထဲ ဖုန်းကို ဆောင့်ပြီးချလိုက်တယ်။ စိတ်ထဲမှာလည်း လယ်ရီ နားစည်ကွဲ နားငြီးသွားလဲ ကောင်းတာပဲ လို့တွေးနေခဲ့တယ်။ မနက်မိုးလင်းလာတော့ ကျွန်တော်နားလည်သဘောပေါက်လိုက်ပြီး စိတ်ထဲမှာ အဲဒီအကြောင်းပဲ စဉ်းစားမိခဲ့တယ်။ အဲလန် တော့ သူ့ရဲ့နောက်ဆုံးလှို့ဝှက်လက်နက်ကို ထုတ်သုံးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လယ်ရီ အဲဒီညက ဂီတဖျော်ဖြေပွဲရှိတယ်။ လူတွေအားလုံးရဲ့ရှေ့မှာ လယ်ရီ့ကို စူးရှတဲ့အလင်းနဲ့ ထိုးခဲ့တာဖြစ်နိုင်ပါတယ်။

“သူ မင်းကို အလင်းနဲ့ မျက်စိကန်းစေခဲ့တာလား”

“ဆိုးတယ်ဟေ့ ... အဆောက်အဦးက မီးတွေအရှိန်ချလိုက်တဲ့အချိန်မှာ သူရဲ့ ရူးနှမ်းနေတဲ့ မျက်နှာကို အဲဒီဖလက်ရှ်အလင်းနဲ့ ထိုးပြီးတော့ ပြလာတာ။ ပရိသတ်တွေကလဲ ဖလက်ရှ်အလင်း သော့တွဲတွေ ယူလာကြတယ်။ အဲဒါတွေနဲ့ တစ်ချိန်လုံး ကစားနေကြတာ။ ငါ့မျက်နှာကိုလဲ ထိုးထားကြတယ်။ ဘက်ထရီတွေ ကုန်သွားတဲ့အထိပဲ။ အဲဒီထဲမှာ သူ့ မျက်နှာက ပြုံးဖြဲဖြဲကြီး မှောင်ထဲမှာ၊ သေမင်းက ပူပူနွေးနွးလွတ်လာသလို ခံစားနေရတဲ့ မျက်နှာကြီးနဲ့၊ တစ်ညနေလုံး သူ အလင်းနဲ့ထိုးနေခဲ့တာ၊ သူမှန်း ငါသေချာသိသွားတဲ့ အထိပဲဟေ့၊ ပြီးမှ ထွက်သွားတယ်။ ပြီးတော့ ချောင်းဆိုးသံတွေပေါ်လာပြန်ရော၊ ဘုရားရေ ချောင်းတွေဆိုးလိုက်ကြတာ”

“တစ်ယောက်ယောက်များ ချောင်းဆိုနေတာလားပဲ”

“ငါ အသက်ပြင်းပြင်းရှုပြီး သီချင်းဆိုတော့မယ် ဆို ... အဟွတ်.. အဟွတ်... အဟွတ် ဆိုတဲ့အသံကြီးက ထွက်လာပြီ။ စဉ်းစဉ်းစားစား ချောင်းဆိုးလိုက်သလိုပဲ”

“ဇာတ်မင်းသားအိုကြီးရေ၊ ဒီလို အုံနဲ့ကျင်းနဲ့ ဒုက္ခပေးတာကိုတော့ မင်း လစ်လှူရှုထားလို့ မဖြစ်တော့ဘူး”

“သူက  တတောက်တောက် တဂျောက်ဂျောက်လုပ်နေတာ။ ငါ့ရဲ့ Town Hall ဂီတပွဲကို အစိတ်စိတ်အမွှာမွှာ ကွဲအက်စေချင်နေတာကွ”  လယ်ရီ က ခါးသက်စွာပြောခဲ့တယ်။

နှစ်စဉ်ပြုလုပ်တဲ့ Town Hall ဂီတပွဲ က လယ်ရီအတွက် အင်မတန်အရေးကြီးပါတယ်၊ လူသိအများဆုံး၊ အောင်မြင်မှုအရဆုံး ဂီတဖျော်ဖြေပွဲပါ။  ကံအားလျှော်စွာ လယ်ရီ့ဂီတဖျော်ဖြေပွဲမှာ အမှားမလုပ်မိစေဖို့ အရေးကြီးလှတယ်။ လယ်ရီက ရေပမ်းအစားဆုံးအဆိုတော်ပါ။ ဒါပေမဲ့ အခုတော့ အဲလန်နဲ့ သူ့ရဲ့ အလင်းနဲ့ ချောင်းဆိုးအဖွဲ့ကြီး က လယ်ရီ့ကို ဒုက္ခပေးဖို့ စောင့်နေကြပြီဗျို့။ လယ်ရီရဲ့ တုန်လှုပ်ချောက်ခြားတဲ့ ဖုန်းခေါ်မှု ရရှိခဲ့ပြီး နှစ်ပတ်လောက်မှာ အဲလန်နဲ့ ကျွန်တော် နေ့လည်စာ စားရင်း မတော်တဆတွေ့ကြ ပြန်တယ်။ သူက ခုထိ ကျွန်တော်နဲ့ အကျွမ်းတ၀င်ရှိလိုဟန်မပြပါဘူး။ ကျွန်တော်ဟာ လယ်ရီ့ရဲ့ သူလျှိုတစ်ယောက်၊ ယုံကြည်လောက်စရာမရှိ ဆိုတဲ့ အနေအထားနဲ့ပဲ နှစ်သက်ဟန်မပြဘူး။  သူ ကမေးပါတယ်။ လယ်ရီ တစ်ယောက် အလင်း တွေနဲ့ ပတ်သက်ပြီး တစ်စုံတစ်စုပြောသလားမေးခဲ့တယ်။

“ထူးခြားလှတဲ့အစီအစဉ်ပေါ့ဗျာ၊ ခင်ဗျားရဲ့ ပထမဆုံးအလင်းပြပွဲမှာပဲ၊ သူတော့ တော်တော်လေး အပူမီးလောင်မြိုက်ခဲ့တယ်ဗျို့ ”

“ဒါပေမဲ့ .. အခုကျတော့ရော” သူ က စိတ်လှုပ်ရှားစွာမေးပါတယ်။

“မင်းအတွက် သတင်းဆိုး၊ လယ်ရီအတွက် သတင်းကောင်းပေါ့၊ ဂီတပွဲ သုံးပွဲပြီးတော့ သူတော်တော်လေး တည်ငြိမ်သွားပါတယ်၊ ကျင့်သားရသွားတယ်ဆိုရမှာပေါ့၊ အဲလန် မင်းအတွက် ဒေါသအမျက်ခြောင်းခြောင်း ထနေပေမဲ့ လယ်ရီတော့ ခဏလေးနဲ့ နာရီလက်တံရွေ့လျားသလောက်ပဲရှိတော့မှာ၊ သူ အားလုံးကို ခဏလေးနဲ့ လစ်လျှူရှုနိုင်မှာပဲ”

“အဲလန်.. ငါ့ကို ကတိတစ်ခုလောက်ပေးပါ”

“သေချာတာပေါ့” သူက ပြောတယ်။ “အဲလန် .. လယ်ရီရဲ့လာမယ့် Town Hall ဂီတပွဲမှာ ဘာမှ ဆိုးဆိုးဝါးဝါးတိုက်ခိုက်တာမလုပ်ပါနဲ့”

“ကင်းထောက်တပ်သားလေးရဲ့ဂုဏ်သတင်း” သူ က ပြောတယ် ပြီးတော့ ပြုံးပြန်တယ်။
“အလွယ်ဆုံးကတိတွေကိုတော့ ကျွန်မ အမြဲပေးခဲ့တာပဲ” တဲ့၊ အဲလန်က ဖြေခဲ့ပါတယ်။

အဲဒီညနေကျတော့ လယ်ရီနဲ့ စကားအပြန်အလှန် ပလေးဘက်ပြန်ရစ်ခဲ့ရသေးတယ်။ လယ်ရီက ညအိပ်ရာဝင် အဆာပြေမုန့်တွေနဲ့ နွားနို့ပူပူတစ်ခွက်သောက်နေတဲ့အချိန်ဗျ၊ “ဟမ် .. အမ် ”.. သူ ထူးတယ်။ ပါးစပ်ထဲမှာကလည်း မုန့်တွေ့ပြည့်သိပ်လို့ “သူက ဒါကို လုပ်မယ်ဆိုရင် သူ့ဘ၀အတွက် ပထမဆုံးအချိန်ဖြစ်နေမှာပဲ” ရှုတ်ချလိုစိတ်နဲ့ပြောပြီး လယ်ရီက ပုခုံးကို တွန့်လိုက်သေးတယ်။ “သူ က တိုက်ချင်ခိုက်ချင်နေတာ အဲဒီ ဟဲလန် .. စမာထ့်ကလေ”

“အဲလန်စပါတ့်ခ်စ်ပါကွာ” ကျွန်တော်က အမှန်ကို ပြင်ပေးလိုက်တယ်။

သူ့အမည်ဘယ်လိုပဲဖြစ်ပါစေ သူအိမ်ကို ပြန်တဲ့ ရထားပေါ်ကို မကြာခင်ရောက်တော့မှာပါ။ ဘောလုံးလေးတွေနဲ့ ငါ့ကို ပစ်ထည့်ဦးတော့။ ငါ့ အခန်းခေါင်းလောင်းထဲ ပင်အပ်တွေနဲ့ ခေါင်းလောင်းအလုပ်မလုပ်အောင်လုပ်ဦးတော့ ...  ငါ့တော့ ထူးပြီး မအံ့သြတော့ပါဘူး၊ အမှိုက်ပုံးမှာ ဆူညံပူညံအသံတွေထွက်အောင်လုပ်လဲ ဂရုမစိုက်ဘူးကွ”

“အိုး ... ဟုတ်သားပဲ အမှိုက်ပုံးတွေမှာဆို မင်းအသုံးပြုကိုပြုရမယ်။ ဘယ်သူလုပ်မှန်းလဲ သေချာမသိနိုင်ဘူး၊ ညတိုင်းမှာ အမှိုက်ပုံးကို ဖွင့်လိုက် ပိတ်လိုက် လုပ်နေနိုင်တယ်” လို့ ကျွန်တော် က ပြောပြတယ်။

နောက်တစ်ခါ အဲလန်နဲ့စားသောက်ဆိုင်မှာတွေ့ကြတော့ ကျွန်တော် ကတိ .. ကတိကိုပဲ ထပ်တောင်းမိခဲ့တယ်၊ လယ်ရီရဲ့ Town Hall ဂီတပွဲမှာ ဖျက်လိုဖျက်ဆီးမလုပ်ဖို့ကိုပဲ ပြောဖြစ်ခဲ့တယ်၊ အဲလန်ငြိမ်သက်နေခဲ့တယ်၊ လယ်ရီအကြောင်းလဲ ဘာတစ်ခုမှ မမေးတော့ဘူး၊ သူ့ရဲ့ တည်ရှိမှုကို သတိပေးခဲ့တဲ ထရမ်းပက်သံ၊ ပိုစ့်ကတ်တွေ၊ ဖလက်ရှ်အလင်း၊ ချောင်းဆိုးသံတွေ၊ အမှိုက်ပုံးထဲက ဆူညံသံတွေ၊ နောက်ထပ် ဘာဖြစ်ဦးမလဲ ဘုရားသခင်ကပဲ သိနိုင်တော့မယ်၊ ဘတ်ဖဲလိုကိုပဲ ပြန်တော့မယ် လို့ ကျွန်တော်ကတော့ လိုရာဆွဲတွေးလိုက်ပါတယ်၊ အဲလန်နဲ့တွေ့လိုက်တိုင်း ဒေါသထွက်စိတ်လှုပ်ရှားနေတဲ့ အဲလန်ရဲ့အသွေးအရောင်ဟာ အနီရောင်တွေပြေးနေလေ့ရှိတယ်၊ ဒီနေ့တော့ လှို့ဝှက်ဆန်းကြယ်တဲ့ မျှော်လင့်မှုမျိုးနဲ့ ပန်းရောင်ကြည်ကြည်လေး၊ ဆင်စွယ်ရောင်လေးလက်လို့နေခဲ့တယ်။

နောက်တစ်နေ့ မွန်းလွဲပိုင်းရောက်တော့ လယ်ရီနဲ့ ငါးကြိမ်မြောက် ကော့တေးသောက်ရင်း စကားစမြည်ပြောဖို့ တွေ့ကြပြန်တယ်။ ကျွန်တော် သူ့ စတူဒီယိုကို ဒီအချိန်ရောက်ဖြစ်တိုင်း ဧည့်ခန်းမှာ ထိုင်လျှက်သား လယ်ရီကိုပဲ တွေ့ရစမြဲဗျ၊ ဒီနေ့တော့ “လယ်ရီ” လို့ ခေါ်လိုက်တာနဲ့ ၊ သက္ကလပ်ဂျာကင်ဝတ်အမျိုးသမီးကြီးတစ်ဦးက ကျွန်တော်ရောက်ပါပြီလို့ လယ်ရီကို သတင်းစကားပါးလိုက်တယ်။ သူ့ရဲ့ အိပ်ခန်းထဲ က အခန်းဆီတွေ ရုတ်ကနဲ လှုပ်လာပြီး လယ်ရီ လှုပ်လှုပ်ရှားရှားထွက်လာတယ်။ အိုး လယ်ရီ .. သနားစဖွယ်တောင်ကောင်းနေသေးတော့တယ်ဗျို့။ ကြက်သွေးရောင် လက်ပြတ်အင်္ကျီကို ၀တ်လို့၊ ထိုင်ခုံမှာ ကိုယ်ကိုနှစ်မြှုပ်ပြီး ထိုင်တယ်။ ဒဏ်ရာရစစ်ဗိုလ်ချုပ်တစ်ယောက်လိုပဲ။ သူ့ရဲ့မျက်နှာကိုလဲ လက်တွေထဲ ထိုးထည့် ဖွက်ထားတယ်။

“တုပ်ကွေး လား” ကျွန်တော်က မေးလိုက်တဲ့အခါ

“အမျိုးအမည်မသိဗိုင်းရပ်စ်တစ်မျိုးဟေ့” သူ က မရှင်းမလင်းဖြေခဲ့တယ်။

“မင်း အိပ်ရေး၀၀ အိပ်ဖို့ လိုအပ်နေတာပဲဖြစ်မှာပါ”

“အိပ်ရမယ်။ ငါ အိပ်မရတာ ညတော်တော်များလာပြီ။ ညတိုင်း အမှိုက်ပုံးတွေက ဂျိုးဂျိုးဂျစ်ဂျစ်အသံတွေက တချိန်လုံးပဲ။  ဒီလိုပုံစံမျိုးနဲ့ ငါ ဘယ်လို Town Hall ဂီတပွဲလုပ်နိုင်မလဲ” လယ်ရီ ချဉ်တူးတူးဖြေပါတယ်။

“မင်းက ဒေါ်လာပေါင်းတစ်သန်းနဲ့တူပါတယ်ကွာ။ ဘာပဲဖြစ်ဖြစ် ဆံသသမားက ...”

“ဟေ့ဟေ့ .. တော်ပါကွာ .. ဒီဆံသသမားက သားသတ်သမားလိုပဲ ငါ့ဆံပင်တွေကို ခုတ်ထစ်ထားလိုက်တာ မွစာကြဲနေပြီ”

“မနေ့က အဲလန်နဲ့ နေ့လည်စာစားဖြစ်တယ်။ သူ က ပြောတယ်။ သူ ဘတ်ဖဲလိုကို ပြန်တော့မယ်တဲ့”
လယ်ရီလက်ချောင်းတွေ ဖြောက်ကနဲ ချိုးလိုက်ပြန်တယ်။
“... အဲဒါပဲ .. အဲဒါပဲ .. သူ က ငါ့ကို အဆိပ်သင့်စေတာ၊ ဒီ ခြကောင်မလေးက ငါ့ကို ထိုးဆွနေတာ”
လယ်ရီ အသံပြာပြာကြီးနဲ့ဆိုတယ်။
“သူလား တွင်းအောင်းပြီး မသမာတဲ့ဥာဏ်တဲ့ အကောက်ကြံဖို့ ကြံစည်နေတာ၊ ငါ့ကို ကပြောင်းကပြန်ဖြစ်အောင် ဖျက်ဆီးနေတာ .. ဒီပိစိကွေးမလေးကလေ”
လယ်ရီက ပြောပြောဆိုဆို မီးဖိုဆောင်အထက်ဘောင်ကို တူနဲ့ တဒုန်းဒုန်း ထုရိုက်တော့တယ်။
“ငါတော့ ငါ့အကျင့်ကို ဖောက်ဖျက်ရလိမ့်မယ်ထင်တယ်ဟေ့”

“အကျင့်တွေပါကွာ” ကျွန်တော် က အမှား ပြင်ပေးလိုက်ပြန်တယ်။

“မင်းလုပ်မယ်ဆိုရင် ပထမဆုံး မင်း ဖောက်ဖျက်ခဲ့တဲ့ အလေ့အကျင့်အဖြစ် စာရင်းဝင်သွားတော့မှာပဲ။ မနက်ဖြန် လုပ်နိုင်မလားဟေ့”

“အမ် .. မနက်ဖြန်” သူက ညဉ်းညူရင်းပြန်မေးခဲ့တယ်။

“အိမ်မီးတွေပိတ်လိုက်တော့ ...”

“မရှိပါဘူး၊ ဘာ ဖလက်ရှ်အလင်းမှမရှိဘူး”
“ချောင်းဆိုးသံတွေဘယ်မှာလဲ ..”  လယ်ရီက အရဲစွန့်လျှက်မေးတယ်။

“ ငါ .. တက်စ်ဆက်စီးတီးဆီ မှုတ်ထုတ်လိုက်မယ်”

တုန်လှုပ်ချောက်ခြားနေတဲ့လယ်ရီ က .. ဖုန်းကိုကောက်ကိုင်ပြီး အော်ပရေတာကိုခေါ်တယ်။ ဘတ်ဖဲလိုကို ပေးပါလို့ သူကပြောတယ်။ “သူ့နာမည်လေး တစ်ခါ ပြန်ပြောပါဦး ခင်ဗျား” လို့ အော်ပရေတာက ထပ်မေးလိုက်တယ်။

“စပါတ့်ခ်စ် ... အဲ .. လန်.. စပါတ့်ခ်စ် ပါ”
.. လယ်ရီ တစ်လုံးချင်းဖြေတယ်။

-------------------------------------------------------------------

ကျွန်တော့်ကို မင်္ဂလာဆောင်တစ်ခုကဖိတ်ထားတယ်။ မကြာမီ လူသိရှင်ကြား ခေါင်းဖြတ်သတ်ပွဲများ တက်ရတော့မလားလဲ တွေးပူမိတယ်။  ကျွန်တော် စတာလင်ငွေခရင်းလေး နဲ့ ကျွန်တော့်ရဲ့နောင်တတွေ မင်္ဂလာလက်ဖွဲ့အဖြစ် ပို့ခဲ့ပါတယ်။
ကျွန်တော် အံ့သြရတာက မင်္ဂလာဆောင်ပြီး နောက်တစ်ရက်မှာပဲ အဲလန်က ကျွန်တော်နဲ့အတူ နေ့လည်စာ လာစားခဲ့တယ်။ သူတစ်ယောက်တည်းပါ။ လက်ထဲမှာလည်း ပါဆယ်ထုတ်ကြီးကြီးကို ဘယ်၊ ညာ လှုပ်ယမ်း ဆော့ကစားနေခဲ့တယ်။

“ဒီလို နေ့မျိုးမှာမှ ဒီနေရာမှာ ဘာလုပ်နေပါသလဲ” ကျွန်တော် စနောက်ချင်စွာမေးပါတယ်။

“ဟန်းနီးမွန်းထွက်နေတာလေ” ဂုဏ်ယူစရာကြီးပါရှင်လို့ ဆိုပြီး အဲလန်က ဆန်းဒ်ဝစ်ခ်ျတစ်ခုမှာတယ်။

“ဟား ဟား .. သတို့သားက ဘယ်မှာပါလိမ့်”

“သူ့ စတူဒီယိုထဲမှာ ဟန်းနီးမွန်းနေမှာပေါ့ရှင်”

“ဒီနေ့ ကျွန်မ.. စေတနာအလျောက် ကျွန်မအချိန် နှစ်နာရီကိုပေးထားခဲ့ပါတယ်”  “ပြီးတော့ သူ့ရဲ့ အခန်းထဲ အ၀တ်အစားတစ်စုံချိတ်ပေးခဲ့တယ်”

“ပြီးတော့ မနက်ဖြန်...”

“နှစ်နာရီခွဲပေါ့ရှင့်၊ ရှုးဖိနပ်တစ်စုံ ထပ်ပေါင်းထည့်ရမယ်”

“ရေစက်ရေပေါက်လေးတွေ၊ သဲပွင့်သဲမှုန်လေးတွေ” ကျွန်တော် ပြန်ရွတ်ဆိုခဲ့ပါတယ် “ကြီးမားတဲ့ ပင်လယ်ကြီးပြုလုပ်မလို့၊ ပြီးတော့ သာယာလှပတဲ့ ကုန်းမြေပေါ့”
ကျွန်တော် ပါဆယ်ထုတ်ကြီးကို ညွှန်ပြပြီး အဲလန်ကို မေးလိုက်တယ်။
“အဲဒါ မင်းရဲ့ သတို့သမီး ခန်းဝင်ပစ္စည်းများလားပဲ”

အဲလန်က ပြုံးခဲ့ပါတယ်။ အဲလန်ဖြေတယ်။
“ဒါ အမှိုက်သရိုက်ပါ။ အိပ်ရာဘေး ဖုံးကာထားဖို့လေ”  တဲ့။          ။

Little Drops of Water by Kurt Vonnegut

ကာ့ထ်ဗွန်နဂက်ထ် ဟာ အမေရိကန် စာရေးဆရာတစ်ဦးပါ၊ သရော်စာ၊ ရယ်ရွှင်ဖွယ်သရော်စာ နဲ့ သိပ္ပံဆန်းကြယ်ဇာတ်လမ်းမျိုးတွေရေးသားလေ့ရှိတယ်။ Slaughterhouse Five(1969) နဲ့ Breakfast of Champions(1973) အပါအ၀င်ဝတ္ထုတွေအများကြီးရေးခဲ့ပါတယ်။ အသက် ၈၄ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ သေဆုံးခဲ့တယ်။ ဒီ “ရေစက်လေးများ” ၀တ္ထုဟာ ဗွန်နဂက်ထ် ရဲ့ ပုံနှိပ်ထုတ်ဝေခြင်းမပြုရသေးတဲ့ ၀တ္ထုတိုတွေကို စုစည်းထားတဲ့ လက်ရွေးစင်စာအုပ် Look at the Bardie ထဲက တစ်ပုဒ်ပါ။