Wednesday, May 23, 2012
~ Swim against the stream ~
EUROVISION သီချင်းပြိုင်ပွဲ ပထမနေ့ ကြည့်ရင်း ဆွဇ် ညီအစ်ကိုနှစ်ဦး Sinplus ရဲ့ သီချင်း unbreakable သီချင်းကို နားထဲ၊ မျက်စိထဲစွဲသွားရော၊
semifinal တောင် မကျော်လိုက်ပါဘူး။ မကျော်လည်း စွဲတာတော့စွဲသွားတာပဲ။ တတ်နိုင်ဘူးလေ :D
Swim against the stream
Following your wildest dream, your wildest dream ဒီနေရာလေးကို လိုက်ဆိုကြည့်နေရော၊ တစ်ချိန်လုံး
~ You can do everything you want
It doesn’t matter how hard it is
You can do it, you can do it
So please don’t mind, close your eyes
Take a trip outside your head
You can give me more
Swim against the stream
Following your wildest dream, your wildest dream
Swim against the stream
Following your wildest dream, your wildest dream ~
Thursday, May 17, 2012
ဒစ္စကို ဘုရင်မ ရဲ့ နောက်ဆုံးကကြိုး
The Queen of Disco လို့ တင်စားခဲ့ကြတဲ့ ဒေါ်နာဆန်းမား အသက် ၆၃ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါပြီတဲ့။
သတင်းတက်လာတာတွေ့ရင်း သီချင်းတွေလိုက်နားထောင်ရင်း။
တစ်ယောက်ယောက်ဆုံးပါးတိုင်း စိတ်မကောင်းဖြစ်ရတာပါပဲ။
I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad ................. တဲ့
R.I.P Donna Summer
Last dance
Last dance for love
Yes, it's my last chance
For romance tonight
I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad
So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight
Last dance
Last dance for love
Yes, it's my last chance
For romance tonight
I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad
So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight
Yeah, will you be my Mr. Right
Can you fill my appetite
I can't be sure
That you're the one for me
But all that I ask
Is that you dance with me
Dance with me, yeah
I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad
So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight
I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad
So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight
Monday, May 14, 2012
ချက်သမ္မတ ဗာဆလာ့ဗ်ဟာဗဲလ် နဲ့ အမေးအဖြေ
(၂၀၀၉ခုနှစ် ဒီဇင်္ဘာလ ၉ရက်နေ့ က Foreign Policy Magazine မှ အယ်ဒီတာ “ဆူဆန် ဂလက်ဆာ”နှင့်စာရေးဆရာ လည်းဖြစ် သဘောထားကွဲလဲသူလည်းဖြစ်ခဲ့တဲ့  ချက်ကိုဇလိုဘက်ကီးယားသမ္မတ “ဗာဆလာ့ဗ် ဟာဗဲလ် “တို့  တွေ့ ဆုံ မေးမြန်းခန်း တခု ပြုလုပ်ခဲ့ပါတယ်။ )
“ကတ္တီပါတော်လှန်ရေး” အပြီး နှစ်၂၀နီးပါးရှိတဲ့ အခါ ပြီးခဲ့တဲ့  သီတင်းပတ်အနည်းငယ်က မှ သမ္မတကြီးနှင့် ခုလို တွေ့ ဆုံခဲ့ ကြတာပါ။ သမ္မတကြီးဟာ စာတွေရေးနေခဲ့တဲ့ နေ့ ရက်များက အဆင်တန်ဆာအမှတ်တံဆိပ် ဇင်စဂျက်ကက်အင်္ကျီကို ယခုတိုင်ဝတ်ဆင်ထားဆဲပါဘဲ။
မေး။
ဒီနှစ်ဟာ ဘာလင်တံတိုင်ကြီးြ့ပိုလဲသွားခဲ့တဲ့  နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။အဲဒီအချိန်က ချက်နိုင်ငံမှာ ဘယ်လိုပုံရိပ်မျိုးထင်ဟပ်ခဲ့သလဲ ။့ ကနေ့ အရှေ့ ဥရောပရဲ့  လူ့ အဖွဲ့ အစည်းကိုရော  ဘယ်လိုမြင်သလဲ။ 
 ဖြေ။
“အဲဒီအချိန်တုံးက အခြေခံကျကျ အကောင်းဆုံးနမူနာတခုကို မြင်နေရတယ်လို့  ကျွန်တော်ထင်ပါတယ်ဗျာ။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေ ၊ဒီမိုကရေစီဝါဒကို အခြေခံတဲ့ ပရိုဂရမ်တွေ ၊လွတ်လပ်တဲ့  စာနယ်ဇင်းတွေ အို…အများကြီးပါဘဲ ။ကျွန်တော်တို့ ဟာ လမ်းမကြီးတွေကို စွန့် လွှတ်မေ့ချန်မထားဘူး။သစ္စာလဲ မဖေါက်ဘူး။သို့ သော်လဲ အရာရာတိုင်းဟာ အဲဒီအချိန်တုံးက ကျွန်တော်တို့  တွေးထင်ထားတာထက် ပိုမို ခက်ခဲပါတယ်။ အချိန်တွေပိုမို ပေးခဲ့ရ့ပါတယ်။အဲဒီကာလကို ဖြတ်သန်းခဲ့ ရတာဟာ ဆူးခင်းလမ်းလို အန္တရယ်များလွန်းခဲ့ပါတယ်။
မေး။
ဒီသီတင်းပတ်ထဲမှာ အမေရိကန်သမတကြီး အိုဘားမား နိုဘယ်လ်ဆုယူဖို့ လာမယ်တဲ့။သူက အဖဂန်နစ္စတန်ကို စစ်အင်အား  ၃၀၀၀၀ ထပ်ပို့ မယ်လို့  ကြေငြာထားတယ်။ဒီလို စစ်အင်အားတွေ ပိုမိုသုံးစွဲခြင်းဟာ တခါတရံ ငြိမ်းချမ်းရေးအတွက် ရှေ့ ရှူပြီး လိုအပ်တယ်ထင်လို့  ပြုမူဆောင်ရွက်တာလား။သမတကြီးဘယ်လို ထင်ပါသလဲ။
ဖြေ။
အား ..ကြောက်ခမန်းလိလိပါဘဲဗျာ။ဆုံးဖြတ်ချက်မမှန်ကန်ဘူးလို့  ထင်တယ်။တခါတရံ ဒီလိုနေရာမျိုးမှာ ထောင်ပေါင်းများစွာသော လူ့ အသက်တွေ ကယ်တင်ဖို့ ဆိုရင်  ကြားဝင်ဖြန်ဖြေမဲ့  သူလိုမယ်ထင်တယ်။လေးလေးနက်နက် စေ့စေ့စပ်စပ် ချိန်ဆပြီး လုပ်ဖို့ လိုတယ်။အလွန်တာဝန်ကြီးပါတယ်။ အမေရိကားက  ပြောပေလိမ့်မယ်။
“အမေရိကားမှာ ဟိုနေရာ ဒီနေရာ ဘယ်နေရာမှ လွတ်လပ်မှု မရှိတော့ဘူး။ဒါ့ကြောင့် ကျုပ်တို့  အလုံးအရင်းနဲ့  ၀င်ကြရမယ်။နိုင်ငံတကာရဲ့  သဘောတူမှုကိုလည်းရယူမှာပါ။ဘယ်လိုဘဲ အဖြေရှာရှာ  တမျိုးတည်းထွက်မှာပါဘဲ။ “စသည်။
 ကျွန်တော်တို့ ဟာ အီရတ်ရဲ့ ဖြစ်စဉ်ကို မြင်ခဲ့ ကြပြီးပြီ။ဒါမျိုးထပ်မဖြစ်သင့်ဘူး။
အကယ်၍ ခေတ်အလိုက်ဖြစ်ပေါ်လာတဲ့  ကတ္တီပါတော်လှန်ရေးမျိုး ဖြစ်လာရင် ဒါဟာ ကောင်းပါတယ်။ဒါပေမဲ့ ဒါကလည်း ဖြစ်နိုင် မဖြစ်နိုင် နေရာဒေသရှိပါသေးတယ်။အဖဂန်ဒေသဟာ စိုးရိမ်ဖွယ်ကောင်းလွန်းတဲ့  ဝေးလံခေါင်ဖျား ရပ်ဝန်းဖြစ်နေတယ်။ဒီကိစ္စ ကျွန်တော်ဆုံးဖြတ်ရမှာ မဟုတ်ပါဘူးဗျာ။
ဘာဘဲဖြစ်ဖြစ် ဝေးလွန်းတာက အမှန်ဘဲ။ပြီးတော့ အမေရိကန်တွေအဖို့  စိမ်းလွန်းတယ်။တာလီဘန်တွေက သူတို့ နယ် သူတို့  ကျွမ်းပြီးသား။နှစ်ပေါင်းများစွာကတည်းက အလုံးအရင်းနဲ့  ဆန့်ကျင် တိုက်ခိုက်လာကြတာ။သူတို့  ကရှင်သန်တာမြန်တယ်။ပေါက်ပွားတာများတယ်။အမြစ်ကစဖြိုဖို့ ဆိုတာကလဲ  မလွယ်ပါဘူး။ ဒါက ကျွန်တော့အထင်ပါ။ အိုဘားမားဟာ သူ့ အယင်သမတတွေ စိုက်ပျိုးထားတဲ့ အသီးဟူသမျှ အကုန် သူရိတ်သိမ်းခူးဆွတ်နေရတယ်လို့  ကျွန်တော်မြင်တယ်။စစ်သည်အင်အားနောက်ထပ် တသန်းပို့ လဲ ပြီးပြတ်သွားမှာမဟုတ်ပါဘူး။
မေး။
အရှေ့ ဥရောပမှာ ရုရှားရဲ့  အခန်းကဏ္ဍ ဘယ်လိုရှိမယ် မြင်သလဲ။ရုရှားရဲ့ ပြဿနာတွေနဲ့ စပ်လျင်းပြီး သမတကြီးဘယ်လောက်စိတ်ပါဝင်စားမှုရှိသလဲ။ ပြီးတော့ အမေရိကန်ဟာ အဗရှ့ ဥရောပက မိတ်ဆွေတွေကို မေ့လျော့နေတယ်လို့ ထင်ပါသလား။
ဖြေ။
မထင်ပါဘူး။ကျွန်တော်တို့ ကို မေ့နေတာမဟုတ်ပါဘူး။ဒါပေမဲ့  ဥရောပအလယ်ပိုင်းမှာရှိတဲ့ မြေရိုင်းတွေ နဲ ပတ်သက်ပြီး မပြေလည်တာရှိတယ်ဗျ ။ဒီမှာ ပေါက်ကွဲလွယ်တဲ့ အနေအထားဘဲ။ ကမ္ဘာစစ်မျိုးဖြစ်နိုင်တယ်။ အီရန်မှ မြောက်ကိုးရီးယားမှ မဟုတ်ဘူး ဘယ်နေရာဒေသမဆို စစ်ပွဲတွေဟာ ဖြစ်လာနိုင်တဲ့ အနေအထားချည်းဘဲ။
  အမေရိကန်ဟာ ကျွန်တော်တို့ ကို အပေါင်းအသင်းလုပ်ဖို့  စိတ်ပါဝင်စားမှု မရှိဘူးလို့ တော့ ကျွန်တော် တခါမှ မတွေးဖူးဘူး။
ပြီးတော့ သူက ပဲ့ထိန်းဒုံးကျည်(ဒုံးခွင်းဒုံး) ဥရောပမှာပြန်လည်နေရာချထားဖို့  အစီအစဉ်ရှိတယ်။ နောက်တခုကိုလည်း မဖြစ်မနေချထားဖို့ လဲ ဆုံးဖြတ်ထားတယ်။အမေရိကန်ဟာ ဒေသတွင်းမှာ ဟာကွက်မရှိအောင်တော့ ပိပိရိရိ ဖြန့် ကျက်ထားလိမ့်မယ်။ရုရှားဘက်ကကြည့်လိုက်တော့လဲ အခက်သားဗျ။ ကျွန်တော် မော်စကိုကို အလယ်အပတ်ရောက်ခဲ့တုံးက ပုဂ္ဂိုလ်ရေးအရ  စကားစမြည် အများကြီးပြောခဲ့ကြတာပေါ့ ဗျာ။ပုံစံသစ်နဲ့ စပယ်ရှယ် ဒီမိုကရေစီစံနစ်ကို လိမ္မာပါးနပ်စွာ ကိုင်တွယ် ပုံဖေါ်ဖို့ မော်စကိုက အခိုင်အမာ ပြောတယ်။ဒါမှမဟုတ် ကွန်မြူနစ်ဇင်မ် ၀ါဒထက် စစ်အာဏာရှင်စံနစ်ကိုဘဲ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်ထားတဲ့  နည်းစံနစ်နဲ့  ကျင့်သုံးကြမလား သူတို့ စဉ်စားနေတယ်။ရုရှားဟာ သူ့ ရဲ့ သြဇာ အာဏာကို ဖြန့်ကျက် ချဲ့ ထွင်ဖို့  ပြန်လည်ထူထောင်ဖို့  မသိမသာ ကြိုးပမ်းအားထုတ်နေတာ မြင်ရပါလိမ့်မယ်။
ရုရှားဟာ လက်ရှိအနေအထားမှာ စစ်အင်အားထူထောင်မှု ပြောပလောက်အောင် များများစားစားတို့း ချဲ့  ခြင်းမရှိသေးသော်လည်း စီးပွားရေးနှင့် နိုင်ငံရေးနယ်ပယ်မှာ တော်တောလေး အားသွန်ခွန်စိုက် အမျိုးမျိုး ဖိအားပေး ပြီး ရည်ရွယ်ချက်ရှိရှိ ကြိုးစားထူထောင်နေတာတွေ့ ရမယ်။သူတို့ ရဲ့  ရင်းနှီးမြှုပ်နှံအားကောင်းတဲ့ စီးပွားရေးကုမ္ပဏီကြီးများ ဟာ ကုန်စုံဆိုင်ကလေးတွေကို သိမ်းပိုက်စုစည်းပြီး အင်အားကြီးထွားးတဲ့  ဆိုင်ကြီးကန္တွာားကြီး ဖြစ်စေခဲ့တယ်။
သေချာပါတယ်။ကျွန်တော်တို့ ဟာ ရုရှားနဲ့  အခင်းမများချင်ကြပါဘူး။ပဋိပက္ခ ဘာမှ မရှိချင်ဘူး။
အခြားအခြားသောလက်တွဲဖေါ်များလိုဘဲ အေးအေးချမ်းချမ်းနဲ့ အပေးအယူပြုပြီးနေမှာပါ။ဒါပေမဲ့  ကျွန်တော်တို့ ဘာတွေ တွေးနေသလဲ။ ဘယ်လောက်ပြောနိုင်မလဲ။ သူတို့ ဘယ်လို ခြိမ်းခြောက်မှုမျိုးပြုလာမလဲ စသည် တိတိကျကျသိဖို့  လိုပါသေးတယ်။ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမှ လက်မခံနိုင်ပါဘူး။သူတို့ က ကျွန်တော်တို့ ကိုပြောတယ်။ ဓါတ်ငွေ့ တွေ မပေးဘူး။စက်သုံးဆီတွေ မပေးဘူး တဲ့။ ဒီတော့ သူတို့ ကို ကျွန်တော်တို့ ဘယ်လို ပြောစေချင်သလဲ ။ကျွန်တော်တို့  သင်ယူကြရလိမ့်မယ်။ ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါ လို့  ။ သူတို့ ကပြောမယ်။ကျွန်တော်တို့ ကို မီးတွေ လျော့သုံးပါ။ ဓါတ်ငွေ့ တွေ လျော့သုံးပါ။ အဲဒါ သူတိုရဲ့ အကြပ်ကိုင်နည်းတွေဘဲပေါ့။
မေး။
တရုပ်နှင့် အာရှရဲ့  ကြီးထွားလာမှုက နောင်အနာဂါတ်မှာ ချက်ခ်သမတနိုင်ငံအပါအ၀င် ဥရောပကို ခြိမ်းခြောက်တာမျိုး ရှီလာနိုင်သလား။
ဖြေ။
တရုပ်ကို အန္တရယ်လို့ ကျွန်တော်တို့ မမြင်ပါဘူး။တိဘက်ကိုတော့ သူအလျော့ပေးမှာမဟုတ်ဘူး။တိုင်ဝမ်ရောဘဲ။ ဒါပေမဲ့ တရုပ်ဟာအောင်နိုင်သူအဖြစ် ကမ္ဘာကြီးကို အုပ်စိုးလိုတာမျိုးတော့ မြင်တွေ့ နေရတယ်ဗျ။ဒါပေမဲ့ ဒါက ဒီလောက် မပေါ်လွင်လှဘူး။ ပေါ်လွင်ထင်ရှားတာက စီးပွားရေးနယ်ချဲ့ တာဘဲဗျ။ ကမ္ဘာတခြမ်းကို ပိုင်နေပြီ။တရုပ်ကုန်ပစ္စည်းဈေးကြီးတာမျိုးမတွေ့  ရဘူး။
သေချာတာက ရုရှားအော်သိုဒေါ့ဘာသာရေး ယုံကြည်ချက်ဘဲ ။  သူတို့ ဟာ ကမ္ဘာကြီးကို ကယ်တင်ဖို့  သူတို့  တဦးတည်းဘဲ ရှိတယ်လို့  ဘာသာရေးအမြင်ရှိတယ်ဗျ။ယနေ့ ရုရှအုပ်ချုပ်ရေး စနစ်အောက်မှာ ဒါဟာ ထူးခြားတဲ့ သွင်ပြင်လက္ခဏာတခုဖြစ်နေတယ်ဗျ။
ဗုဒ္ဓဘာသာက အဲလို ဇွတ်ကယ်တင်ရှင် မလုပ်ဘူး။ခရစ်ယန် တို့  အဇ္ဇလမ် တို့ ဆိုတာက တမန်တော်ရှိတယ် ။ယုံကြည်မှု ရှိတယ် ။ ဆုတောင်းရတယ်။မှားယွင်းနေတဲ့ ယုံကြည်မှု ကို စောင့်ထိန်းလိုက်နာပြီး ဘယ်သူ ဘယ်လို မျှဝေမလဲ။ ဒီနေရာမှာ ပညာဥာဏ်လိုတယ်ဗျ။ ဗုဒ္ဓဘာသာမှာ ဒါမျိုး မရှိဘူး။ ဒီအကြောင်းပြချက် တခုတည်းနဲ့  တရုပ်ဟာ အန္တရယ် မပေးနိုင်ဘူးလို့  ကျွန်တော်ထင်တာပါ။
မေး။
အမေရိကန်သမတ အိုဘားမားဟာ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမားကို တွေ့ ဆုံဖို့ ရက်ရွှေ ဆိုင်းလိုက်တယ်။ သူတို့ ရဲ့ ခင်မင်ရင်းနှီးမှုကို မထိခိုက်လိုဘူး။  လက်တွေ့ မှာလဲ  ဖီလင်မပါဘူး.ဒီနေရာမှာ  တစုံတရာ အကျိုးသက်ရောက်မှု ဘယ်လို ရှိလာနိုင်မလဲ ရှင်းပြပေးနိုင်မလား။
ဖြေ။
 ခေတ်မီသမိုင်းရာဇ၀င်တွေအရ ကျွန်တော်တို့ သိတာက ၁၉၃၈ခုနှစ်တုံးက မြူနစ်ကွန်ဖရင့်ကနေ့ ပြင်သစ်ဝန်ကြီးချုပ် အက်ဒ်ဝပ်ဒလာဒီးယား ပြန်လာတဲ့အခါ ငြိမ်းချမ်းရေးကို ဖေါ်ဆောင်နိုင်သူလို့  တမျိုးသားလုံးက ၀ိုင်းဝန်း လက်ခုပ်သြဘာပေး ခဲ့ ကြတယ်။ သူလုပ်နိုင်ခဲ့တာ က အပေးအယူသဘော နည်းနည်းပါးပါးပါ။ဒါပေမဲ့ ဒါဟာ အစပိုင်းမှာ မကောင်းဆိုးဝါး ကြိုးမျှင်တစဖြစ်ပြီး
နောက်ပိုင်းမှာ လူတွေ သန်းနဲ့ချီသေခဲ့တယ်။
နည်းနည်းပါးပါးအပေးအယူသဘောဆိုတာမှာလည်း အပေါ်ယံအမြင်ပါ။ လို့  ကျွန်တော်တို့   မပြောချင်ပါဘူး။
 ပထမ ကျွန်တော်တို့  တရုပ်ကို သွားတယ်။” ဒလိုင်းလားမားအကြောင်း “ ပြောကောင်းပြောမိမယ်။တရားမျှတတယ် ၊ လက်တွေ့ ကျတယ်၊အမှန်တရားသာလျှင် ပဓါနကျပါတယ်။
ဒါပေမဲ့လဲ ပထမ နည်းနည်းပါးပါး သေးသေးငယ်ငယ်အပေးအယူဆိုပေမဲ့ ကြိုးစရှည်သွားရင် ဒါဟာ မကောင်းပါဘူး။
ဒါပေမဲ့ ဒီလို တွေးခေါ်နေဖို့  မလိုပါဘူး။ ဒီအမှုထဲမှာ ဖြစ်နိုင်ရင် ဒါမရှိချင်ဘူး။ဒါပေမဲ့ ဗျာ ဒါက ကျွန်တော့်ရင်ထဲက ဆန္ဒပါ။
မေး။
ပြောတာကလွယ်ပါတယ်။ ဒါပေမဲ့  ဒီ သေးငယ်တဲ့ အပေးအယူ ကိစ္စတခုဟာ နောင်အခါ် အန္တရယ်ကြီး ကြီးမားမားဖြစ်လောက်အောင် ထိုက်တန်သွားစေဖို့ သမတတယောက်အနေနဲ့  ဦးဆောင် ဆုံးဖြတ် ပေးမလား။
ဖြေ။
နိုင်ငံရေးဆိုတဲ့  သဘောတရားက နေ့ တိုင်း နေ့ တိုင်း စေ့စပ်ညှိနှိုင်းအဖြေရှာနေရတာမျိုးပါ။ အဆိုးနှင့် အဆိုးကြားက ကြီးတဲ့ အမှု ကို သေးငယ်အောင် ၊ သေးတဲ့အမှု ပပျောက်အောင် လုပ်ရတဲ့ သဘောသဘာဝရှိပါတယ်။ ဒါပေမဲ့  တခါတရံ အလွန်အန္တရယ်များပါတယ်။ ကိုင်တွယ်ရ ခက်ပါတယ်။ လမ်းမတွေပေါ်မှာ အပေးအယူကိစ္စတွေ တခုပြီးတခု စဉ်တိုက် ပေါ်ထွက်လာနိုင်တယ်။ ကျွန်တော်ထင်တယ် ။ဒါ ဖြစ်နိုင်မလား။ ဖြစ်ကောင်းဖြစ်လာမလား။ နောင်ဆယ်နှစ်အကြာ ဖြစ်လာမလား။ အန္တရယ် ဘယ်လောက်အထိ ရှီနိုင်မလဲ ။ အများကြီး တွေးစရာ ရှိနေပါတယ်။
ကျွန်တော့ အတွေ့ အကြုံ အရ ပြောရရင် ကျွန်တော် သမတအဖြစ်အရွေးခံရအပြီး နှစ်ရက်အကြာ တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမားကို အလယ်လာဖို့  ကျွန်တော်ဖိတ်ပါတယ်။ နိုင်ငံ့ဦးသျှောင် သမတတယောက်အနေနဲ့ ဖိတ်ကြားလိုက်တာပါ။ဒီတော့ အားလုံးက ဒါ အန္တရယ်လို့  မြင်ကြတယ်။ သဘောမကျတဲ့ အမူအရာတွေ ဖေါ်ပြကြတယ်။
ဒါပေမဲ့  ဒါဟာ ဘာသာရေးနှင့်ကြည့် လိုက် ၊ ရိုးရာဓလေ့ ထုံးတမ်းစဉ်လာသဘောတွေ့ ရမယ်။ တဦးရဲ့  ဘာသာကို တဦးက ပြစ်ပြစ်ခါခါမလုပ်ရဘူး။ မလိုက်နာနိုင်ရင်တောင် လေးစားရမယ်။ ဒီသဘောပါ။
တရုပ်ဝန်ကြီးချုပ်နဲ့  တရုပ်နိုင်ငံခြားရေးဝန်ကြီးတွေ ကျွန်တော့်ထံ ရောက်လာကြတယ်။ ဒလိုင်းလားမားအကြောင်းပါတဲ့  ကတ္တီပါအုပ့်စာအုပ်တွေ ယူလာပေးတယ်။ အစိုးရနဲ့ ပတ်သက်ရာပတ်သက်ကြောင်းစာချုပ်စာတမ်း လက်မှတ်စသည်တို့ ပေါ့လေ။တိဘက်ကို ဘယ်လောက် အလေးထား ကိုင်တွယ်နေသလဲ ဆိုတာ ရှေ့ ကိုလဲ ဘယ်လို ကိုင်တွယ်သွားမလဲ ဆိုတာ တွေပေါ့။သူတို့ ဘယ်လို ရှင်းပြပြ ဒါက လုပ်ဇတ်တွေပါဘဲ။ ၀ါဒဖြန့်ချီရေးသက်သက်ပေါ့။  စာနယ်ဇင်းကွန်ဖရင့်တခုမှာ ကျွန်တော် သူတို့ နှင့် တွေ့ သေးတယ်ဗျ။ အဲဒီ ၀န်ကြီးကပြောတယ်။
“ သိပ်ထူးခြားတဲ့ ပွဲဘဲ။ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းပြောဆိုကြရမယ်။ မစ္စတာ ဟာဗဲလ်က သူ့ အမြင်တွေကို ပြောပါလိမ့်မယ် ကျွန်တော်က ကျွန်တော်တို့  အစိုးရ သဘောထားကို ပွင့်ပွင့်လင်းလင်းပြောမယ် ကျွန်တော်က သူ့ ကိုစာအုပ်တွေ ပေးထားပါတယ်။ဒီစာအုပ်တွေအပေါ် သူ့အမြင် သူပြောပြပါလိမ့်မယ် ။”တဲ့ဗျ။ မယုံနိုင်စရာပါဘဲဗျာ။ဘာ့ကြောင့် သူတို့  ဒီလို လုပ်ဖို့  လိုအပ်နေသလဲ။ တစုံတယောက်ဟာ သူ့ မြေ သူ့ ရေ ထဲမှာ ရှိနေတယ် ။ အဲဒီတစုံတယောက်ဟာ ဘာ့ကြောင့် တပါးမြေရေပေါ်က လူကို  ဘာ့ကြောင့် များ ကြောက်လန့် နေအုံးမှာတဲ့လဲ။
Florist   (ဆီလျော်အောင် မြန်မာမှုပြုသည်။)
The FP Interview; Vaclav Havel ( Dec 9 , 2009)
အချစ်မှာ စည်းရိုးမရှိ
photo from
အချစ်မှာ စည်းရို:ခြားနားမှုမရှိဘူးလို့ RDမဂ္ဂဇင်း အယ်ဒီတာ  Dora Cheok က အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ ဒါဟာ အသစ်အဆန်းကိစ္စတော့လဲ မဟုတ်ပါဘူး။ရှေးရှေးမင်းဧကရာစ်များဟာ နှစ် ပြည့်တပြည် မိတ်ဖက်ပြု ရွှေလမ်း ငွေလမ်းဖေါက် တဲ့ အနေနဲ့  လက်ထပ်ထိမ်းမြားခဲ့ ကြတာ သမိုင်းတွေက အထင်အရှားဖေါ်ညွှန်းနေတယ် ။အများအားဖြင့် ဥရောပ တော်ဝင်မိသားစုတွေဟာ နှစ်ပြည်ထောင်ချစ်ကြည်ရေးကို ရှေ့ရူပြီး နယ်စည်းမခြားလက်ထပ်မင်္ဂလာပွဲအခန်းအနာတွေကို ကျင်းပခဲ့ကြတာပါ။ ဒီလို နယ်စပ်ဖြတ်ကျော် လက်ထပ်ပေါင်းစည်းခြင်းဟာ နိုင်ငံ့  အရေး ၊ စီးပွားရေး၊ သာသနာရေး တိုင်းရေးပြည်ရေး စသည် အဘက်ဘက်က ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်တဲ့ အကောင်းဆုံးနည်းပရိယါယ်တခုပါပဲ။ ဒါကိုလက်ခံရမှာဖြစ်ပါတယ်။ မဟာအလက်ဇန္ဒား ဘုရင် ဟာ (Alexander the great )  သူ့ မက်ဆီဒိုးနီးယဲန်စစ်သားတွေကို ပါရှန်အမျိုးသမီးတွေ သောင်းနဲ့ချီ သွေးနှောစေခဲ့တယ်လို့  သမိုင်းကဆိုတယ်။ ဒီလိုပါပဲ။ ၂၁ရာစုမှာ ပညာရှာမှီးလိုသူ၊ အလုပ်အကိုင်ရှာဖွေလိုသူများ ဟာ လေယာဉ်ခရီးစီးလို့  ပင်လယ်တွေဖြတ်သန်းသွားရောက်ကြတယ်။ ဒီတော့ ကမ္ဘာရွာဖြစ်တည်မှုမှာ မိုင်ပေါင်းကုဋေ ဝေးကွာပါစေ ချစ်သူတွေ ဖြစ်နီုင်ကြတာပဲမို့ လား တဲ့ ။
၂၀၀၈ခုနှစ် စစ်တမ်းတခုအလိုအရ စင်္ကာပူနိုင်ငံသား ရာခိုင်နှုးံ ၄၀လောက်ဟာ နိုင်ငံရပ်ခြားချစ်သူများနဲ့ မှတ်ပုံတင်လက်မှတ်ရေးထိုးလက်ထပ်ခဲ့ကြောင်းသိရတယ်။  “ယဉ်ကျေးမှု ဓလေ့စရိုက်တွေ ဘယ်လိုပဲခြားခြား စည်းရိုးတွေ ဘယ်လောက်ထူထူကာကာ နှစ်ဦးသဘောတူ ညှိနှိုင်း အဖြေရှာပြီး အောင်မြင်စွာ လက်တွဲပေါင်းစည်းနိုင်ခဲ့ တယ်။”   လို့  လက်ထပ်ထိမ်းမြားမှုကို ဦးစီးပြုလုပ်ပေးသူ  Counselor  Jonathan  Siew က ၀န်ခံပြောကြားလိုက်တယ်။ တခါက  RDမ၈္ဂဇင်းရုံးခန်း တာဝန်ကျ အမေရိကန်လူမျိုး ဒီဇိုင်းနာ ဒါရိုက်တာ ဒေးဗစ်ရော့ဆင် ဟာ ဂျပန်အမျိုးသမီး  မီချီကို နဲ့ လက်ထပ်ခဲ့ ပြီး Discovery Channel Magazine  မှ အင်္ဂလိပ်လူမျိုး နာတာလီသွန်မ်ဆင် ဟာ တိုင်ဝမ်သား  ဗစ်တာနဲ့  လကိထပ်ထိမ်းမြား ခဲ့ ရာမှာ ရင်သွေး သားဦးတယောက် ထွန်းကားခဲ့ ပါပီ။ “ လို့  အယ်ဒီတာက ဆိုထားပြန်ပါတယ်။  ကမ္ဘာရွာပြုချိန် အင်တာနက် အွန်လိုင်း ခေတ်စားချိန် ၂၁ရာစုမှာ ဒီလို လက်ထပ်ထိမ်းမြားသွေးနှောပေါင်းစည်းမှု တွေ ပုံစံအမျိုးမျိုးနဲ့ တွေ့နေရပြီဖြစ်ပါတယ်။ ဒါ ဘာ့ကြောင့်လဲ ။RDမဂ္ဂဇင်းကစုံတွဲ သုံးတွဲလေ့လာ တင်ပြထားပုံကြည့်ရအောင် ။
မီလာနီ အဲလ်ဘတ်ထ် နှင့် ချွန်တူး(Melanie & Cuong Tu )
ဂျာမဏီနိုင်ငံ  ဟဲန်နိုဗာမြို့  (Hanover) က  အာရှ    ဥယျာဉ်ပျော်ပွဲစားရုံက စားပွဲထိုးမလေး မီလာနီကို ဗီယက်နာမ်ဖွား တရုပ်မျိုးနွယ် သြစတြေးလျား နီုင်ငံသား ချွန်တူက မြင်မြင်ချင်း မျက်စိကျခဲ့ပါသတဲ့။ ချွန်ရှိတဲ့ စားပွဲမှာ မီလာနီက အမဲဟင်းလျာတပွဲ လာချပါတယ်။ ဆူညံအော်ဟစ်နေတဲ့ စားသုံးသူများအကြား ဂီတသံစဉ်အလိုက် စည်းဝါးကျကျ လျှေက်လှမ်းနေတဲ့ မီလာနီ့ပုံစံလေးကို သူဖျေက်မရနိုင်ဘူး။  ဒါပေမဲ့  သူတို့ သီတင်း ၃ပတ်အတွင်း မဆုံဖြစ်ခဲ့ကြဘူး။ နောက်ပိုင်း စားပွဲရုံကို သွားရှာပေမဲ့ အချိန်ပိုင်း စားပွဲထိုးမလေးက အဆင်သင့်ရှိမနေဘူး။ ဖူးစာဆုံဖို့ကြုံချင်တော့ အမှတ်မထင် လမ်းပေါ်မှာ ပြန်လည်ဆုံတွေ့ခဲ့ကြတယ်။ ချွန်က၂ရနှစ်၊ မီလာနီက ၂၂နှစ် ။ သူတို့၂ဦး ၁၀ နှစ်နီးပါး အတူတွဲ ခဲ့ ကြပြီးမှ  လကိထပ်ခဲ့ ကြတာပါ။ ခုဆိုရင် အိမ်ထောင်သက်တမ်း ၅နှစ်ရှိပါပြီ တဲ့။  မီလာနီက ဂျာမန်သူကလေးပါ။ ချွန် က ဒုက္ခသည် ၃၀၀၀ နဲ့အတူ  မိသားစုလိုက်  ရေနံတင်သင်္ဘောနဲ့  သြစတြေးလျားကို စွန့်စားရောက်ရှိလာခဲ့တယ်။ သူမရဲ့မိခင် က  စပိန်လူမျိုး ဖြစ်ပြီး ယဉ်ကျေးမှုဘာသာစကား စတာတွေ မတူခြားနားသော်လဲ သူတို့၂ဦး ပြေလည်ခဲ့ပါတယ်။ “ကျမတို့  အချင်းချင်း ဂျာမန်လိုပြောလိုက် အင်္ဂလိပ်လိုပြောလိုက်  တခါတရံ ဗီယက်နမ် လို လို စပိန် လို လို ပြောလိုက်နဲ့ ဘာသာ၎မျိုး စကားပြောကြတာ အဆင်တော့ အပြေသားလို့ သူမက ရယ်မော ပြောဆိုပါတယ် တဲ့ ။
Joy Shiferaw  နဲ့   Sean   Searcie 
ဂျွိင်း ရဲ့ မိခင်က ဖိလစ်ပိုင်ကပေမဲ့ဘခင်က အီသီယိုပီးယား ကပါ တဲ့။ သူမမိခင်က အီသီယိုးပီးယား ကျေးလက်စာသင်ကျောင်း ကို ဆရာမတယောက်အနေနဲ့ ရောက်ရှိနေခိုက်  လူငယ်၂ဦးက ဆုံတွေ့ ခဲ့ကြတာပါ။ အတ္တလန်တာ  ဘုရားကျောင်းမှာ  ဇာတ်လမ်း စခဲ့ကြတယ်။ သူတို့ ၂ဦး တွေ့တွေ့ချင်းပဲ ငြိ သွားကြတယ် ။ဒါပေမဲ့ “ ဂျွိင်းက ရှက်အကြောက်ကြီးသလို ကျနော်ကလဲ အရှက်အကြောက်ကြီးတယ်ဗျ" လို့ ရှောင်က ပြောတယ်။ ဒါ့ကြောင့် သူတို့၂ဦး မိတ်ဆွေဘ၀မှာပဲ  အေးစက်ထုံထိုင်း နှေးကွေးစွာ ရှေ့ မတိုး နောက်မဆုတ် ဖြစ်နေ ပါတယ်။ တဲ့။  သူတို့ ဟာ ချစ်သူစုံတွဲ အသွင် ပီပြင်မှု မရှီခဲ့ ကြပါပဲ နားလည်မှုရဘို့ တနှစ်လောက် အချိန်ယူခဲ့ရကြောင်းပြောပါတယ် ရှောင်ကဂျွိင်းထက် ၇ နှစ်ကြီးပါတယ်။ လက်ထပ်ပွဲ ကျင်းပနိုင်ဘို့  အထိ ငွေရေး ကြေးရေး ၊ အလုပ်အကိုင်ကိစ္စ။ သားသမီး ကိစ္စ၊ ဘာသာရေး  စသည် ၂နှစ် အချိန်ပေး ညှိနှိုင်းခဲ့ ကြကြောင်း သူက ပြောတယ်။ ဘာသာရေးကိစ္စကို အဓိက ထားကြောင်း ၊ ရှောင်က Seventh  Day Adventist  ဖြစ်ပြီး  ၈ျွိုင်း က Evangelical Protestant ဘာသာချင်းတူပေမယ့် ၀တ်ပြုဆုတောင်းပုံချင်း ခြားနားပါတယ် တဲ့။ ဘာတွေပဲ ကွဲပြားခြားနားနေပါစေ ။သူတို့ ၂ဦးဟာ ၂နှစ်သားကလေး  Yohanmes ရဲ့ မိခင် ဘခင် အနေနဲ့ ယခုအခါ ဂုဏ်ယူဝင့်ကြွားနေရပြီ ဖြစ်ပါတယ်။ ရေခြား မြေခြား  စည်းရိုးတွေ ကျော်လွှားပြီး ရှားရှားပါးပါး မဖြစ်မနေ ဘယ်လို ရယူခဲ့ တဲ့  မိခင်မျိုးလဲဆိုတာ  ကျနော် သားကြီးလာရင် မလွဲမသေ ပြောပြမှာဖြစ်ပါတယ်တဲ့ ။
ဟီရိုကို တာကာဂျီ  နဲ့   ဘေဆယ်လ်မက်ဆီ (ံHiroko Takagi  & Basil Massey )
Ger deza  ဟာ  အဖဂန်နစ္စတန်မှာ  အဆိုးဝါးဆုံး အအေးလွန်ကဲတဲ့  ဒေသဖြစ်ပါတယ်။
ဟီရိုကိုဟာ gerdis မှာ  ရုံးစိုက်တဲ့ Undp  ဋ္ဌာနချုပ်မှာ (  United Nations Development  Programme)တာဝန်ထမ်းဆောင်ဘို့ ရောက်လာတယ် ။ ကုလသမ၈္ဂအစီအစဉ်တခုဖြစ်တဲ့ ဒေသဆိုင်ရာ နယ်မြေဖွံ့ ဖြိုးမှု အချေအနေ ကို ဂျပန်နိုင်ငံအနေနဲ့  အစီရင်ခံစာတင်သွင်းရမှာပါ။ ဘေဆယ်လ် ကတော့ အိန္ဒိယနိုင်ငံ အစိုးရအဖွဲ့က စေလွတ်ထားတဲ့လက်နက်ဖျက်သိမ်းရေး  (DDR  Project ) အတွက် ရောက်ရှိနေတဲ့ ဗိုလ်မှူးဟောင်းတဦးပါ။ ကံဆိုးချင်တော့ ကုလ ဓည့်ဂေဟာမှာ အခန်းလွတ်မရှိတော့ဘူး။ သူရရှိထားတဲ့ အခန်းကို ဟီရိုကိုဆီ လွဲပြောင်းပေးအပ်ခဲ့ပြီး သူကတော့ အေးခဲနေတဲ့ ကြမ်းပြင်တခုမှာ အိပ်ဘို့ နေရာယူခဲ့တယ်။ ဒါပေမဲ့လဲ ရေခဲ အမှတ်သုညအောက်အထိ ကျဆင်းသွားချိန်မှာတော့ ကြမ်းကြုတ်ရက်စက်လွန်းတဲ့ အဖဂန်ဆောင်းက သူတို့ ကို ရင်းနှီးနွေးထွေးသွားစေခဲ့ ပါတယ်တဲ့ ။ ဘေဆယ်လ်    ၃၉နှစ်နဲ့ ဟီရိုကို  ၃၂နှစ်တို့ ဟာ ဒီလိုမျိုး ဆုံတွေ့လိမ့်မယ်လို့ ဘယ်လိုမှ မျှော်လင့်မထားပါဘူးတဲ့။ ဟီရီုကိုဟာ နယူးရော့ခ်ရုံးခန်းမှာ ချစ်ရတဲ့  ခင်ပွန်းသည် ရှိနေပါပြီလို့  ရဲရဲဝံ့ဝံ့ကြေညာခဲ့ ပါတယ်။ ဂျပန်ဗုဒ္မဘာသာ ဟီရိုကို နဲ့  မူဆလင် ဘေဆယ်လ် တို့ ဟာ မတူခြားနားတဲ့စရိုက် တွေနဲ့ နိုင်ငံ ဝေးကွာလွန်းသော်လဲ လက်တွဲဖေါ်ဖြစ်ခဲ့တယ်။ မိမိတို့ရဲ့ တာဝန်ကျရောက်ရာ ဒေသတွေမှာ တကွဲတပြား ထမ်းဆောင်ခဲ့ရသော်လဲ နောက်ဆုံးမှာတော့  အတူ ပေါင်းဆုံဖြစ်ဘို့ ကြိုးစားခဲ့ ကြတယ်လို့  ခုလို ပြောပြပါတယ် ။ ကျနော့်ကို  အထက်လူကြီး တွေက  ခါတွန် ( Khartoum) ကို ပို့ ပြီး ဟီရိုကို ကို တော့ အရှေ့ တီမောကို  ပို့ လိုက်တာပေါ့ဗျာ ..။ ကျနော်တို့  ခွဲ မနေနိုင်ကြပါဘူး။ အရှေ့ တီမောက အလုပ်ကို ထွက်ပြစ်ခဲ့ ပြီး ဟီရိုကိုက ခါတွန်ကို လိုက်လာခဲ့ တယ် ။ ခါတွန်မှာ အလုပ်သစ်ရှာဖွေနိုင်ပါတယ်။ ကျနော်တို့ခွဲ ခွာနေခဲ့ရတဲ့နေ့ရက်တွေကို ဘယ်လိုများ ကျော်ဖြတ်ခဲ့ ရသလဲ ဆိုတာ ပြန်တောင် မတွေးချင်ပါဘူးဗျာ" လို့  ပြောပါတယ်။
RD မဂ္ဂဇင်းအယ်ဒီတာက သူတို့အားလုံးကို  နယ်စည်းမခြား ချစ်သူများ   လို့ ခေါင်းစဉ်ပေး ဂုဏ်ပြုထားကြောင်း တင်ပြလိုက်ပါတယ်။              ။
( Love without Borders)  by Dora Cheok - Reader's Digest- February 2010)
Florist
25, june2010
Thursday, May 10, 2012
လွတ်နေတဲ့ လူသတ်သမား
လူသတ်သမားတဦးကြောင့် ဖီးနစ်စ် မြို့ လေးဟာ ကျီးလန့်စာစား ဖြစ်နေရပြီ။
 တာဝန်ရှိသူတွေက သူ့ ကို မြေလှန်ရှာနေကြပြီ။ အို..ဘုရားသခင်... အဲဒီလူဟာ  ကျွန်တော့်မိတ်ဆွေ ဆန်မီ များ....လား..။
မွန်းကျပ်ပူလောင်နေတဲ့ ဇူလိုင်လရဲ့ ညနေခင်းတခုမှာ ရွန်းဟော်လ်တန်  ကတော့ သူကျက်စားနေကျ  ဖီးနစ်မြို့ လေးရဲ့  ဆင်ခြေဖုံး ရေကူးကန်တခုမှာ  သက်တောင့်သက်သာနဲ့ ပဲ ရှိနေတယ်။  အသက်က ၄၇နှစ် ၊ သားသုံးယောက်ဘခင် ၊ အလုပ်က  ဆောက်လုပ်ရေး ကြီးကြပ်သူ ။ အားလပ်ရက်ကလေးရရင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး ဆိုင်ကယ်စီးထွက်တတ်တယ်။  သူ့ ၀န်းကျင် သူ့ အသိုင်းဝိုင်းမှာ စိတ်ထားဖြောင့်မတ်သူ ရင့်ကျက်သူ ခင်တွယ်တတ် စာနာတတ်သူ  အဖြစ် လူသိများတယ်။ ဖီးနစ်စ်မြို့အလယ်ခေါင်မှာရှိတဲ့  သူ့ အိမ်လေးကို  ၀င့်ဝါမှု မရှိ၊ ပလွှားမှု မရှိ၊ ရိုးရိုးရှင်းရှင်းလေးမွန်းမံထားတယ်။
တညမှာ  ဟော်လ်တန် နဲ့  သူ့ မိတ်ဆွေတွေ  ခါတိုင်းလိုပဲ  ဘားတခုမှာ ဆုံကြတယ်။ တယောက်က  .. “ ဟေ့ .. မင်းတို့  ကြားပြီး ပလား ၊လူတွေ တလှေကြီး ပစ်သတ်ခံရတဲ့   သတင်း ” လို့  အစချီလိုက်တယ်။  “ဟော်လ်တန်” က ပခုံးကို တွန့် လိုက်ရင်း မခိုးမခန့် ပြုံးလိုက်တယ် ။
“အဲတော့ ...ဘာဖြစ်သလဲဗျ ”
“ဘာဖြစ်ရမလဲဗျ  ..၊သေကုန်တာပေါ့ ။ အစုလိုက် အပြုံလိုက်ပဲ ။ ဘယ်ငကြောင်  သောင်းကြမ်းသွားသလဲ မသိဘူး။
လူတဒါဇင်လောက် ဗိုင်းကနဲပဲ ။ ခြောက်ယောက်က ပွဲခြင်းပြီးဗျ။ ရဲတွေကတော့ဗျာ  ..ထုံစံအတိုင်းပေါ့  ..။”
နောက်တယောက်က  ..၊ ဆက်ပြောတယ်။
“ ဘယ်လိုဖြစ်တာလဲဗျ။”
“ပီးခဲ့ တဲ့ စနေနေ့ က နှစ်ယောက်သေတာ .မကြာသေးဘူး ၊ ခု  တယောက်သေပြန်ပလား။”
“ ဒီကောင်က ဦးတည်ချက် မရှိပစ်တာဗျ ။ ပရမ်းပတာပဲ ဗျို့ ၊ လမ်းသွားလမ်းလာတွေ ဆို တထိတ်ထိတ်ပဲ။ ကျည်က သူတို့  ခေါင်းပေါ် ၀ဲပျံပြီးကို   ဆံပင်ကြားကနေ ၀ှီးကနဲ ထွက်သွားတာ”
“ဘယ်မှာတဲ့လဲဗျ”
“ဖီးနစ်စ်ဗဲလီ အနောက်ပိုင်း မှာ အဖြစ်များတယ်”
ဟော်လ်တန် ရင်ခုန်သွားတယ်။ လွန်ခဲ့တဲ့လေးလလောက်က မိတ်ဆွေဟောင်းတယောက်နဲ့  ဘီယာမူးရင်း စကာအလွန်အကျွံ ပြောကြရင်းက ကြားလိုက်ရတဲ့  စကားတခွန်းက ဖြောင့်ချက်ပေးတာများလား။ ဒီကောင် ဆန်မီ ..လူသတ်သမား မဟုတ်ပါစေနဲ့။
မစ္စတာ ဟော်လ်တန်ဟာ Mason Jar Rock Bar ရဲ့  မန်နေဂျာ ဘ၀နဲ့  ခက်ခက်ခဲခဲ ရှင်သန်ခဲ့ ရဖူးတယ်။
ဒီတုံးကများ သူ့ ခမြာ  မိုးစင်စင်လင်းလို့  နေထွက်မှ အိမ်ကို ပြန်ရတယ်။ ဆေးဝါးတွေနဲ့ လဲ ကာလ အတန်ကြာ ရပ်တည်ခဲ့ရတယ်။ ဒက်ဘီ နဲ့  ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးဟာလဲ  ခလေး ၃ ယောက်အရ မှာ  ပြိုကွဲခဲ့ရတယ်။ မိခင်ရဲ့  အဆုံးအမကို နာယူပြီး  သားသမီးတွေကို ရင်အုပ်မကွာ  ထိန်းသိမ်းစောင့်ရှောက်ရင်း  အိမ်စာတွေ ကူညီ ဖြေရှင်းပေးတယ် ၊ ဘာသာရေးပို့ ချမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ လိုအပ်တာမှန်သမျှ ဖြည့်ဆီးပေးနိုင်ခဲ့ပေမဲ့ ဇနီးဖြစ်သူ ကတော့ သူ့ ကို စွန့်ခွာထွက်သွားခဲ့တယ်။   အဲဒီနောက်မှာတော့ ပိုပြီး အလုပ်ကောင်းတဲ့  ဆောက်လုပ်ရေးဘက် သူရောက်လာတယ်။
တနေ့မှာ ဆင်မြူရယ်လ် ဒိုင်ယက်မင်း ဆိုသူ  မိတ်ဆွေသစ်တယောက်နဲ့  အပေါင်းအသင်းဖြစ်လာတယ်။ ဒီလူကတကယ်တော့ ဖွဲပါ။ အရက်ကို တိုက်ရင် တိုက်သလောက် သောက်နိုင်တဲ့ သူ ။ အမြဲ ပျော်ပါးမူးယစ်ပြီး စကားဖွာတတ်သူ ၊ တချို့ က သူ့ကို နာမည်ဟောင်း ဆန်မီ  လို့ သိကြတယ်။ ဆိုင်ကယ်စီးအဖွဲ့ မှာ သူပါဝင်လိုကြောင်း ပန်ကြားခဲ့သလို အားလုံးကလဲ  နွေးနွေးထွေးထွေးပဲ ဆက်ဆံခဲ့ကြတယ်။ ဘာဘဲဖြစ်ဖြစ်  မစ္စတာဟော်လန်ကတော့  သူ့ အပေါ် သံယောဇဉ်တွယ်နှောင်ခဲ့တာပါ။ ဒါပေမဲ့ .အနေကြာတော့   ဆန်မီ့ရုပ်လုံးက တဖြည်းဖြည်း  ကြွတက်လာတယ်။  ဥပဒေနဲ့မကင်းလွတ်တဲ့အပြုအမူတွေ ရှိခဲ့  လို့   ထောင်ဒါဏ်ကျခံ ဖူးကြောင်း ၊ ဖခင်ရဲ့  နောက်အိမ်ထောင်ကို အားကိုး ရှင်သန် နေထိုင်ရကြောင်း ၊ လျှပ်စစ်ကျွမ်းကျင်အဖြစ် ဟန်နီ ၀ဲလ် အလုပ်ရုံမှာ လုပ်နေရာက အလုပ်ပြုတ်ခဲ့ ရကြောင်း သိလာရတယ်။  ဆန်မီ ဟာ အသက်၃၂နှစ်အရွယ်မှာ အိမ်ချေယာမဲ့ ဘွဲ့ နဲ့  အလုပ်လက်မဲ့ ဘွဲ့ ၂ခု ပိုင်ဆိုင်သွားခဲ့ တယ်။
စိတ်ရင်းကောင်းပြီး စာနာတတ်သူ  ဘော်လ်တန် က  သူ့ ကလေးတွေနဲ့ အတူ နေထိုင်ဘို့  အခွင့်ပေးပြီး   သူ့ အိမ်ရိပ် အတွင်းဆွဲ သွင်းခဲ့ တယ် ။ ဆန်းမီနဲ့  တွဲနေတဲ့  ဂယ်ရီ ဂိုင်း  ဆိုသူက “ ဒီကောင်က ဘာမဆို လုပ်ရဲ ကိုင်ရဲတယ်ဗျ။ အိုးနဲ့ အိမ်နဲ့ ထိုက်ထိုက်တန်တန် နေဘူးတာ မဟုတ်ဘူး။ လှည့်ပတ်သွားလာနေတဲ့ကောင်   ဒီပုံစံမျိုးနဲ့ခင်ဗျားမဖြစ်ပါဘူး” လို့ပြောတယ်။ “ဒါပေမဲ့  သနားစရာပါပဲဗျာ။ ကိုင်တတ်တွယ်တတ်ရင် လူကောင်းလေးဖြစ်လာမှာပါ ”တဲ့။ ၂၀၀၅ ဒီဇင်္ဘာလမှာ သူပျောက်သွားခဲ့ ပြီး  လအတော်ကြာ  သတင်းမကြားရဘူး။ ဒီ့နောက် မေလအတွင်း နေ့တနေ့ မှာ  ရုတ်တရက် ဖုန်းလက်ခံ ရရှိခဲ့ တယ်။ ရစ်ဘ် ရှော့ပ် စားသောက်ဆိုင်မှာတွေ့ ကြဖို့  ချိန်းဆိုတာနဲ့။ ဟော် လ်တန်  သွားတွေ့ တဲ့ အခါ ... သူအလုပ်အကိုင်ရနေပြီ ဆိုတဲ့အကြောင်း၊ နေစရာအိပ်ခန်းလဲ ရနေပြီဖြစ်ကြောင်း သူက ကြွားဝါ ပြောဆိုနေတယ်။ ဘာဘဲဖြစ်ဖြစ် ဟော်လ်တန် က သူ့ မိတ်ဆွေလေးအတွက် အားရ ကျေနပ်ခဲ့ပေမဲ့  ..စားကြ သောက်ကြ  ရယ်ကြ မောကြ  ပြောကြ ဆိုကြ ရင်း က လူတယောက်ကို သတ်ချင်လာအောင် တွန်းအားပေးတဲ့အကြောင်းရင်းကို  ခင်ဗျားသိလား   လို့  အမေးခံရတဲံ့အခါမှာတော့ ...
အံ့သြ ထိတ်လန့်ရင်း  “ ငါ..ဘယ်သိမလဲ ကွာ”  ဖြေမိသွားတယ်။
“ကျွန်တော်လဲ  ..ပီးခဲ့တဲ့ ၂လလောက်အထိတော့ မသိတာ အမှန်ပဲဗျ ။ ဆန်မီ က သူ့စကားကို ရှေ့ဆက်တယ်။ ရက်ရက်စက်စက် အပြစ်ကျူးလွန်ခဲ့ တယ် လို့  ပုံပြင်တပုဒ်လို  သွန်ချတယ်။ မစ္စတာ ဟော်လ်တန် ကတော့  ခါတိုင်းလိုပါပဲ ။ ပုံပြောကောင်းတဲ့ ဆ်န်မီ တယောက် ရယ်စရာဟာသတွေ မူးမူးရူးရူး ပြောနေတာလို့ ပဲ ယူဆလိုက်တယ်။ ဒါပေမဲ့ “မင်း ဘာ့ကြောင့် ဒီလို လုပ်မလဲကွာ  ..ပြောစမ်းပါအုံး။” မေးတော့ ဆန်မီ ပြောတာက  “အပျင်းပြေ လက်တဲ့ စမ်းတာပေါ့ဗျ။ အကြောင်းပြချက် ဘာရှိမှာလဲ။ လှုပ်လှုပ်မြင်ရင်ပစ်ထဲ့ လိုက်တာပဲ။ တစ်ခုရှိတာက  ကျွန်တော်သုံးတဲ့ သေနတ်က 410 Shotgun ဗျ။ ဒါ ခြေရာခံဘို့  မလွယ်ဘူး” ဆိုပါလား။
ဒီကောင် ဒီလိုပြောနေတာသူမူးနေ လို့ ပါပဲ။ ဘာမှ အခြေအမြစ်မရှိပါဘူး။ သူ့ စကားတွေက ဟိုရောက်ဒီရောက်။ ယုံကြည်လောက်စရာ မရှိပါဘူး။ မပီဝိုးဝါးနဲ့ ရေရာတာဘာမှ မရှိဘူး။ ဒါပေမဲ့ ဦးဏှောက်ထဲမှာ ဒီကောင်ပြောတဲ့  စကားတွေက သေးဖွဲပေမဲ့  စုပြုံလာရင်တော့  စိတ်ပူပင်ရတာပေါ့။ သွယ်ဝိုက်တဲ့နည်းနဲ့ သူ့အပြစ်တွေကိုဖွင့်ဟ၀န်ခံနေသလား။  တစ်ခါက ဆန်မီပြောဖူးတဲ့ ပုံပြင်တွေထဲက တခုမှာ အိပ်ပျော်နေရင်း အသတ်ခံလိုက်ရတဲ့ လူတယောက်အကြောင်း။ မစ္စတာဟော်လ်တန် ဖျတ်ကနဲ သတိရလိုက်တယ်။  အလို ဘုရားသခင်..၊ ကျွန်တော့်မိတ်ဆွေကလေးဟာ သွေးအေး လူသတ်သမားတယောက်ဖြစ်နေမလား။ မဖြစ်နိုင်ပါဘူး။
ဒီတခါ မစ္စတာဟော်လ်တန် နဲ့ တွေ့ဆုံချိန်မှာတော့  ဆန်မီ တစ်ယောက် အရက်ကလဲမူးရင်း ဒေါသအိုးပေါက်ကွဲ နေတယ်။ သူ့ကို ကန်ထုတ်လိုက်တဲ့  အခန်းဖေါ်ကြောင့်ပါ။
တော်တော်လေး ပြဿနာ တက်ခဲ့ကြပုံပါပဲ။  အခန်းဖေါ်က တခြားလူမဟုတ်ပါဘူး။ သူ့အကို ဒေးလ် ဟော်ဇနာ ဆိုသူပါပဲ။ ဖီးနစ်စ်မြို့ရဲ့  အရှေ့ ပိုင်း မီဆာရပ်ကွက်မှာ အိပ်ခန်းတခုပိုင်ဆိုင်တဲ့ သူပါ။ လမ်းပေါ်က ဆန်မီ ကို သူ့အိပ်ခန်းပေါ် ကောက်ယူ ဆယ်တင်ခဲ့သူပါ ။  ဆန်မီကတော့ အတော့်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုနေတယ်။ ချက်ခြင်းဆိုသလို သူ့အစ်ကို  ဒေးလ် ရောက်လာပြီး နှစ်ယောက်သား စကားတွေများကြတယ်။ သန်းခေါင်ကျော်တောင် မပြီးပြတ်ကြဘူး။ သူ့ အစ်ကိုကလဲ အမှတ်တော်တော်ကြီးမဲ့ပုံပဲ။ ဆန်မီ ဘားထဲက ထွက်သွားတယ်။ မိနစ်မဆိုင်းပဲ text message  ၀င်လာတယ်။  နမိတ်ကောင်းပုံ မရဘူး။
“ကျွန်တော် သိပ်စိတ်ဆိုးတယ်၊ သည်းမခံနိုင်တော့ဘူး။ တစ်ခုခု လုပ်မိလိမ့်မယ်ထင်တယ်” တဲ့ ။ အိုး .. ဘုရားသခင် ကယ်ပါ။
သီတင်း၂ပတ်လောက်ကြာသွားပြန်တယ် ။ ဆန်မီမြုပ်နေတယ်။ တစ်နေ့ ဟော်လ်တန် ရေကူးကန်မှာ မိတ်ဆွေတွေနဲ့  ဆုံကြတော့  သန်းခေါင်ကျော်  လူသတ်ပွဲတခု  အကြောင်း   စပြောမိတြတယ်။ အင်း ။ ကြားကြရပြန်ပြီ။
သူ အိမ်ပြန်ရောက်တော့ သတင်းစာတစောင်က လူသတ်မှု ကျူးလွန်တဲ့အဓိကနေရာကို ပင်စိုက်ပြတဲ့ မြေပုံနဲ့တကွ ဖေါ်ပြထားတယ်။ အလို ..။ ဒါ.. ဒီနေရာဟာ  ဆန်မီ နောက်ဆုံးနေထိုင်ခဲ့ တဲ့  အိပ်ခန်းတည်ရှိရာ  အ၀န်းအ၀ိုင်းကို ဖေါ်ပြနေခြင်းပါပဲလား။ ဟော်လ်တန် ဂယ်ရီ ဂိုင်း ဆီ ဖုန်းတစ်ချက်ဆက်တယ်။ ဆန်မီအကြောင်း သတင်းထူးရင် အကြောင်းကြားဖို့။ ဟော်လ်တန် အလုပ်ထဲမှာတောင် စိတ်မ၀င်စားနိုင်ဘူး။ ညလဲ စဉ်းစား။ နေ့ လဲ စဉ်းစား။ အတွေးနယ်ချဲ့နေတယ်။ ဆန်မီ ကို သူ မသင်္ကာတာအမှန်။ ထင်လဲ မထင်ချင်ပြန်ဘူး။
ဖီးနစ်စ် က လူတွေ ထိခိုက်ဒါဏ်ရာရနေတာလဲ မလိုလားဘူး။ အသေအပျောက်ဘာညာ မဖြစ်စေ့ချင်တော့ဘူး။
ဒီကောင် ဆန်မီ။ ငါတားရမယ်။ ဘယ်နည်းနဲ့ ပဲဖြစ်ဖြစ် ဒီအမှု မြန်မြန်ပေါ် အောင် ငါလှုပ်ရှားမယ် ..။ဆိုပဲ။  ဒီလိုနဲ့ နေ့များစွာ ကုန်လွန်သွားခဲ့ တယ်။ ကားတစ်စီးနဲ့  စနည်းနာတယ်။ အလုပ်ကိုမသွားနိုင်ဘူး။ ရသရွေ့ သတင်းတွေ ရဲ ကိုပို့ တယ်။ ရဲကလဲ  မသင်္ကာစရာ အထောက်အထားမတွေ့ ရသေးဘူး တဲ့ ။ သူလက်မလျော့ဘူး ။ ကိုယ်တိုင်သတင်းလိုက်တယ်။ ဒါပေမဲ့ မရေ မရာ မသေမချာနဲ့ သူရတဲ့ သတင်းတွေက ရဲ အတွက် အသုံးမကျပဲ တခြား မြုပ်နှံ သဂြိုလ်ပြီးသား  သတင်းမှားထဲ ရောနှောသွားတယ်။
ဒါပေမဲ့ သေနတ်သမားက ငြိမ်မနေပါဘူး။ ပေါ်လာပြန်တယ်။ မြို့လယ်ခေါင်လူစည်ကားရာ မှာပဲ ပြောင်ပြောင်တင်းတင်း  ပစ်သတ်သွားတယ်။ ဓါးစာခံ ၃ဦး စလုံး ကို နောက်ဘက်ကနေ လက်လွတ်စပယ် ပစ်ခတ်လိုက်ပုံရတယ်။ တစ်ဦးက ဦးခေါင်း ၊ ကျန် ၂ယောက်က နောက်ကျော  စသည် ထိမှန်ကုန်တယ်။ သေတော့ မသေသေးဘူး။
ဒါတွေဟာ ဆန်မီ မှာ တာဝန်ရှိနေပြီလို့ ဟော်လ်တန်က အာရုံရနေတာပါ။  ဒါဟာ ငါ့လက်တွေကိုပါ သွေးစွန်းပေစေတာပဲ လို့  သူယူဆတယ်။ ဆန်မီ ဖုန်းကလဲ ခေါ်မရဘူး။ ဒေးလ် ကလဲ မထူးဘူး။ ခြေရာပျောက်နေပြီ။ ဖီးနစ်စ် ဟာ  သူရောက်လာမှ  ဝေဒနာအပြည့်  ဒါဏ်ရာအပြည့် ။
ဒီလိုနဲ့  မစ္စတာဟော်လ်တန်တယောက် နေမထိ ထိုင်မထိ ဖြစ်နေစဉ်မှာပဲ ကြားရပြန်ပြီ။ သားကောင်ချောင်း တဲ့ လူသဲတ်သမားဟာ ရှေ့ကို တိုး တိုး လာနေပါလား။
သူ့မှာတော့ ရတက်မအေးရပြန်ဘူး။ သူ့ ဦးဏှောက်တွေ ဆူဝေနေတယ် ။ ငါ ဘာလုပ်ရမလဲ ။ ဟော..။ သတိရပြီ။ ဆန်မီ နဲ့  တခါက အမှတ်မထင် စကားပြောခဲ့ကြတုံးက “ကျွန်တော်သုံးတဲ့  သေနတ်က 410 shotgun  တဲ့ ။  ဟာ ဟုတ်ပြီ။  သူ  ရဲကို ဖုန်းဆက်လိုက်တယ်။
“ဟဲလို ..ဟဲလို  သေနတ်သမားကိုင်တဲ့ သေနတ်အမျိုးအစားက  410 shotgun ပါ” “သူကိုယ်တိုင် ပြောခဲ့ တာပါ”
“အိုကေ...အိုကေ..  ၊ ကောင်းပြီ  ကျုပ်တို့ လိုအပ်တဲ့ အချိန် ဆက်သွယ်ပါမယ်။အသင့်ရှိနေပေးပါ”  တဲ့ ။
“ဟုတ်ကဲ့ ပါ ခင်ဗျား”
ရဲအရာရှိ ဒယ်ရီ စမစ် ဟာ အမှုသွားအမှုလာကို ကြည့်ပြီး တိုးတက်မှုရှိလာပြီလို့  ကျေနပ်အားရနေတယ်။ ဒါပေမဲ့  မီဒီယာတွေ သိလို့ မဖြစ်သေးဘူး။ မကြာခင်မှာပဲ ဒယ်ရီ စမစ်ဟာ ဟော်လ်တန်  နဲ့  မက္ကဆီကန် စားသောက်ဆိုင်မှာ တွေ့ ဆုံကြတယ်။ ဆန်မီရဲ့ အသွားအလာကို လေ့လာစောင့်ကြည့်ဘို့ ပါ။
မက္ကဆီကန် စားသောက်ဆိုင်ထဲမှာတော့ မီးရောင်ကမှိန်ပျပျပါပဲ ။ မသဲမကွဲ။ မရှင်းမလင်း။  ဟော်လ်တန် နဲ့  စမစ် ဓအတူထိုင်မိကြပြီ။ စုံထောက် ကလပ်ခ်ဝပ်ဇကော့ဖ် လည်း ပါဝင်လာတယ်။ သတင်းမှတ်တမ်းတွေ ဖလှယ်ကြတယ်။ ရေးမှတ်ကြတယ်။ စုံထောက် ကလပ်ခ် က  ခြေလှမ်းကြဲကြီးနဲ့  ကားဆီပြန်ပြီး ကားထဲက  ဓါတ်ပုံတပုံ  ယူလာပြတယ်။
“ ဆန်မီ ဆိုတာ ဒီကောင်လား ”
 “သူပဲ”
“ဒီဘက်ကမင်စာက ...”
“ဒေးလ်  .. ဒေးလ် ဟော်ဇနာ”  ကောင်းပြီ။
လူသတ်သမားတွေ ကျက်စားတတ်တဲ့ ဝေါလ်မတ်ထ်တွေ နား မှာ အရက် ၊ဆေးလိပ် ၊ လက်နက် မှောင်ခို စတာတွေ နှိမ်နင်းရေးအဖွဲ့ တခုလဲ ချထားပေးတယ် ။
ဟော်လ်တန် ဟာ အန္တရယ်များတဲ့ အလုပ်တခုဖြစ်တာမို့ သူ့ခလေးတွေကို သူတို့ အဖွားဆီ  ပို့ ထားလိုက်တယ်။
လူသတ်တရားခံကတော့ သဲလွန်စရထားပေမဲ့   ပျောက်ကွယ်နေဆဲပါပဲ။ သူဘာကိုမှ နှောင့်နှေးမနေဘူး။ သဲသဲမဲမဲ ရှာတယ်။ မိတ်ဆွေတွေဆီ ချဉ်းကပ် အကူအညီတောင်းတယ်။ အရေးပေါ် လျို့ ဝှက်၊ သတင်းတွေ စုတယ်။ ထူးခြားမှုက ရှိမလာသေးပါဘူး။ ဇူလိုင် ၂၃ရက်နေ့မှာတော့  စောစောစီးစီး စမစ် ထံက ဖုန်းဝင်လာတယ်။ သေနတ်သမားဟာ အတင့်ရဲလွန်းပြီ တဲ့။ လမ်းပေါ်စက်ဘီးစီးလာသူတဦးကို ပစ်သတ်ခဲ့ တယ်တဲ့။ ဒုက္ခပါပဲ   ဖီးနစ်စ်လမ်းတွေဟာ  သွေးတွေနဲ့  ညစ်ထေးစွန်းပေကုန်ပြီ။ လူတိုင်း အသက် ဖက်နဲ့ ထုပ်ထားကြရြ့ပီ။ ဇူလိုင် ၂၈ရက်နေ့ မှာတော့ ဟော်လ်တန် “ဆန်မီ” ဖုန်းနံပတ်အသစ်ကိုရလိုက်ပြီ။ သူဖုန်းခေါ်ပေမဲ့  မကိုင်ပါဘူး။ အကြိမ်များစွာ ခေါ်ပေမဲ့ မတုံ့ ပြန်ပါဘူး။
တနင်္ဂနွေ နေ့  ညမှာတော့  လာ့စ်ဗီးဂတ်စ် ကနေ ဆန်မီ က ဖုန်းလက်ခံ တုံ့ ပြန်တယ်။
 “မင်း နိုင်နေလား ရှုံးနေလား”
စိတ်ပျက်အားပျော့သံဖြင့်  . “ရှုံးတယ်။”
“ငါလာခဲ့မယ် ”  ပြောတော့ သူ  ဖုန်းချသွားပြီ။  စမစ် ဆီ ဒီအကြောင်းပြန်ပြောပြတော့ “အေး သတိထား  တနင်္ဂနွေ။ အင်္ဂါဆိုရင် သတိထား။
“ဒီနေ့ တွေက  စူပါနေ့ ကြီး တွေ ကွ”
ပြီးခဲံ့ တဲ့  လူသတ်မှု ဖြစ်စဉ်တွေရဲ့  နေ့ တွေကြည့်ရင် ၁၇ ယောက်က တနင်္ဂနွေ နဲ့  အင်္ဂါနေ့  တွေမှာ ကျူးလွန်ထားတာတွေ့ ရတယ် ။ ပြောရင်းဆိုရင်း
..အလို ဒီကနေ့  ဆန်းဒေးပါလား။
နောက်နေ့ မနက်စောစော “စမစ်” ဖုန်းဆက်တယ်။
“ညက  အသက်၂၂နှစ်အရွယ် မိန်းကလေးချောချောတစ်ယောက်  မီဆာ ရပ်ကွက်မှာ အသတ်ခံလိုက်ရသတဲ့ ။
တကယ့်ကို ကြေကွဲစရာပါပဲ တဲ့ ။
မစ္စတာ ဟော်လ်တန် ပါးစပ် အဟောင်းသားနှင့် ဘာပြန်ပြောရမည်မသိချေ။
ဟော်တန် ဆန်မီ ဆီ message ပို့တယ်။ ဘီယာသောက်ကြရအောင်လို့ ချိန်းဆိုတာပါ။ မအားဘူးလို့ ငြင်းတယ်။ ဟောလ်တန် စိတ်မရှည်ချင်တော့ဘူး။ ဂုတ်ကနေဆွဲခေါ်ပီး လက်သီးနဲ့  ပစ်ထိုးချင်ပီ။ မကြာပါဘူး။ ဆန်မီ သတင်းပို့ တယ်။
“Stardust Bar မှာ ဆုံကြရအောင်...”
စုံထောက်စမစ် ဆီ ဒီအကြောင်း ဖုန်းဆက်တယ်။ ကျားနဲ့  ဆင်  လယ်ပြင်မှာ တွေ့ ဖို့ နီးပြီ။
သူတိုနှစ်ဦးချိန်းဆိုထားရာမှာ ရဲတွေ လျှို့ ဝှက် လှုပ်ရှား နေကြတယ်။ ခြုံပုတ်တွေမှာ အချို့ ပုန်းခို စောင့်ကြည့်နေကြတယ်။ ဟော်လတန်နဲ့ အတူ ဂယ်ရီဂိုင်လ် တယောက်လဲ ပါလာတယ်။  ကံဆိုးသူ ဆန်မီ  က တယောက်တည်းပါ။ သူကတော့  မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတဲ့အတွက် ပြုံးပြုံးရွှင်ရွှင် ရယ်စရာလေးတွေ အပြောမပျက်ခဲ့ပါဘူး။ ဆိုင်ကယ်စီးအဖွဲ့သားတွေကိုလဲ မေးသေးရဲ့။ ဟော်လ်တန့် ခလေးတွေကိုလဲ သွားရောက်တွေ့ ဆုံအုံးမယ်လို့  လည်း အိနြေ္ဒမပျက် ပြောနေတယ်။
Stardust Bar ကတော့ လုံလုံခြုံခြုံနဲ့  အရာရာ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် ရှိနေပုံပါပဲ။ မှုံကုပ်ကုပ်လို့ လဲ ဆိုနိုင်ပါတယ်။ ဒါပေမဲ့  မကြာလိုက်ဘူး။ ဟိုရှေ့ က စားပွဲဝိုင်းတခုမှာ မုတ်ဆိတ်ဗလပြစ်နဲ့  လူတယောက် ဘီယာမသောက် ရေတွေသောက်နေတာ ရဲ လား။ ငါ့ ကို လှည့်လှည့် ကြည့်နေတယ် ၀ါယာကြိုးတွေ နားထဲ ထည့်တယ်။  စသည် ဆန်မီ  တွေး လာတယ်။ ဒါနဲ့  သူ သန့် စင်ခန်းသွားမယ်ဆိဲုပီး ထွက်သွားတယ်။
ဟော်လ်တန် က စမစ်ကို  အရေးတကြီးဖုန်းခေါ်ပြီး အရင်မလိုဖို့ သတိပေးတယ်။ ခဏနဲ့ ဆန်မီ ရောက်လာပေမဲ့  သူက ကောင်တာမှာ ငွေရှင်းပြီး ချက်ခြင်းထွက်ခွာသွားတော့တယ် ။ သိက္ခာရှိရှိ ကလေးပါပဲ။ စမစ် က စိတ်တိုနေပြီ။ ချက်ခြင်းကြီးကို ဖမ်းချင်နေပြီ။ စိတ်မရှည်ချင်တော့ဘူး။  တောက် တခေါက် ခေါက်။ နေနှင့်အုံး။ တနေ့ မင်းတို့လည်ပင်း မင်းတို့ ကြိုးကွင်းစွပ်မှာ။ ဟော်လ်တန် ကတော့  ချော့ချော့ မော့မော့ နဲ့  ကာစီနို လောင်းကစားရုံကို  သူ့ ထရပ်ကားနဲ့ ခေါ်လာတယ်။ အချိန်တော်တော်ကြာအောင် ကစားခဲ့ ကြပေမဲ့ သူတို့  အရှုံးပေါ်နေတယ်။ ပါသမျှငွေတွေ ပြောင်နေပါပြီ။ ဆန်မီ ဟာ ရှုံးရင်း သောက်။ သောက်ရင်းရှုံး နေရာက လုံးဝ မထနိုင်တော့ပါဘူး။ အကွက်ကောင်းစောင့်နေတဲ့  မစ္စတာ ဟော်လ်တန်  အကြိုက် တွေ့ စရာပါပဲ။ ဆန်မီ ကို ဘယ်နေရာ လိုက်ပို့ ရမလဲ မေးတော့  ဒေးလ်ရဲ့  လိပ်စာကို ပြောပါတယ်။ ဖုန်းနံပတ်လဲ ရတယ်။ နိပ်ပြီ။ တချိန်တည်း။ တပြိုင်တည်း ငါးရံ့နှစ်ကောင်ဖမ်းမိပြီ။ ဆန်မီ ကို လာရောက်ခေါ်ယူဖို ဒေးလ် ထံ အကြောင်းကြားရာမှာတော့  အရာရာ ချောမွေ့ သွားခဲ့ တယ်။
မစ္စတာ ဟော်လ်တန်  ပေါ့ ပေါ့ပါးပါး လေး  စမစ် ဆီ သတင်းပို့ တယ်။
“အဆင်သင့်ပါပဲ ။ ရဲမှူးကြီး ။ ကျွန်တော် သူတို့ ကို  တစ်နရာတည်းအတူ ထားခဲ့ နိုင်ပါပြီ”
“ အို ကေ..အိုကေ ၊ ကောင်းပြီ။  ကောင်းပြီ ။ ခွေးမသားတွေ ..မင်းတို့   ဘယ်ပြေးမလဲ ဟေ့”  ။  စမစ် က ကြိမ်းဝါးနေပြီ။ အမှန်တော့  နောက် ၂ရက်လောက်အထိ  မစ္စတာ ဟော်လ်တန် စိုးရိမ်စိတ်တွေနဲ့  ကတုန်ကယင် ဖြစ်နေဆဲပါ။ စမစ်က သူတို့နှစ်ကောင်လုံး ဖမးမိလိုက်ပီ လို့ သတင်းပြန်ပို့ပီးမှ စိတ်အေးသွားတာပါ။ စမစ် ပြောတာက ကျုပ်တို့ ဒေးလ် ရဲ့ အိမ်ကို ၂၄နာရီ စောင့်ကြည့်ခဲ့တယ်။ သူတို့ လှုပ်ရှားမှုကို လုံးဝမျက်ခြေပြတ်မသွားစေခဲ့ဘူး။ ရွန်းဟော်လ်တန်..ခင်ဗျားဟာ ဖီးနစ်ရဲ့  သူရဲကောင်းပါပဲ။ ချီးကျုးပါတယ်ဗျာ..။ ဟော်လ်တန် သက်ပြင်းတစ်ချက် ခိုးချလိုက်တယ်။
 “စိတ်မကောင်းပါဘူး မိတ်ဆွေလေးရယ်။  ထိုက်သင့်တဲ့ပြစ်ဒါဏ်ခံယူပီးရင် မင်းဘ၀ကို အသစ်ပြန်လည် ထူထောင် လာနိုင်မှာပါ ။
 တကယ်တော့ မစ္စတာဟော်လ်တန် ဟာ သူ့ မိတ်ဆွေ လေးကို အကြမ်းဖက်လူသတ်သမားဘ၀က လွတ်မြောက်စေလိုတဲ့ စေတနာပါ။ တရားဥပဒေကို ရင်ဆိုင်ဖြေရှင်းပါ။ ဒါ အကောင်းဆုံးနည်းလမ်းပါ။ ငါ့မြို့သူ မြို့ သားတွေလဲ  ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတော့မှာပါ  လို့  သူကပြောနေတယ်။
အမှန်ပါပဲ။ ဖီးနစ် မြို့ သူမြို့ သားတွေဟာ ဆန်မီ ကို ဖမ်းဆီးပြီးတဲ့ နောက်  ဘာသံမှ မကြားရတော့တာပါ။ ဆန်မီ နဲ့ ဒေးလ်  တို့ ၂ ဦးဟာ  Marcopa  County  Attorney’s ရုံးမှ  ပြစ်ဒါဏ်စီရင်ချက်တွေကို ခုခံ ကာကွယ်ဖို့  အကောင်းဆုံးရှေ့နေတွေ ငှားရမ်းခွင့်ပေးပါတယ်။  နှစ်ယောက်စလုံးကတော့ ဒီအမှု ဟာ မှားယွင်းနေတယ် လို့  ငြင်းဆန်နေဆဲပါပဲ။
ဘာပဲပြောပြော  ဒီကနေ့မှာတော့  ဖီးနစ်စ်မြို့ရဲ့လမ်းတွေဟာ   ပျော်ရွှင်ချမ်းမြေ့စွာ သွားလာလှုပ်ရှားနေပြီဖြစ်တဲ့ မြို့သူ မြို့သားတွေနဲ့ ပြည့်နက် နေပါတော့တယ်။       ။
Sniper on the Loose by  katheryn wallance, Reader's Digest        
Florist
Monday, May 7, 2012
ကြွေလွင့်ခဲ့သော အလင်းတစ်စ
(သို့မဟုတ်)
ချက်ပြည်သူ့သမ္မတနိုင်ငံရဲ့ သမ္မတဟာဗဲလ်
Memorial gathering of Václav Havel in Wenceslas Square in Prague
on the day of his death on 18 December 2011
ချက်ကိုစလိုဗက်သမ္မတ အဲဒီထက်အတိအကျဆိုရရင် ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ပထမဦးဆုံး ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ခဲ့ကြတဲ့ ချက်သမ္မတ ဗာဆလာ့ဗ်ဟာဗဲလ် ရဲ့ ရုပ်အလောင်းကို မြို့တော်ပရတ် လမ်းတစ်လျှောက်ကနေဖြတ်သန်းကာ ပရတ်ရဲတိုက်ကြီးဆီသယ်ယူခဲ့ကြပါတယ်။ ဟာဗဲရဲ့ နိုင်ငံတော်ဈာပနအခမ်းအနားကို ကြည့်ရှုခဲ့ကြတဲ့ လမ်းဘေးတစ်လျှောက်ဝဲယာပြည်သူတွေ ငိုကြွေးနေကြတယ်။ မြို့တော်ပရတ်က ဒေးလီးသတင်းထောက် ကာတရီနာကရီစီဆိုဗာ က ဟာဗဲလ်အပေါ်သူမရဲ့ အမြင်ကို ရေးသားပေးပို့ခဲ့ပါတယ်။
ဗာဆလာ့ဗ်ဟာဗဲလ် အမှတ်တရတွေမှာ
ဗာဆလာ့ဗ်ဟာဗဲလ်ဟာ လူလတ်တန်းစားမိသားစုနောက်ခံရှိတဲ့သူပါ။ အဲဒီအချိန်ကတော့ လူလတ်တန်းစားတွေကို “ဘူဇွာ”လို့ ရည်ညွှန်းခေါ်ဆိုကြတယ်။ ချက်နိုင်ငံနဲ့ ကမ္ဘာ့နိုင်ငံရေးတွေ၊ ယဉ်ကျေးမှု၊ လူအဖွဲ့အစည်း အဲဒီအကြောင်းတွေ မကြာခဏဆိုသလို ဖောဖောသီသီကြီး ငြင်းခုံဆွေးနွေးနေကြတဲ့ နေရာမှာ ဟာဗဲလ်ဟာမိသားစုနဲ့အတူကြီးပြင်းလာခဲ့ပါတယ်။ ဟာဗဲလ်က အကြောင်းအရာတော်တော်များများကို စိတ်ဝင်စားတယ်။ ဥာဏ်ကောင်းတဲ့ ရှင်းရှင်းလင်းလင်းသိမြင်တတ်တဲ့ဥာဏ်ရှိတဲ့ လူငယ်တစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ သူ့ရဲ့လုပ်ဆောင်ချက်တွေမှာ တွေ့မြင်နိုင်ခဲ့ကြပါတယ်။ မိသားစုနဲ့ ပတ်ဝန်းကျင်မှာ ဟာဗဲလ်ဟာ ကိုယ်ကျင့်တရားကောင်းမွန်သူ၊ ယဉ်းကျေးတဲ့အပြုအမူရှိသူ၊ ရိုးသားတဲ့သူအဖြစ် နမူနာယူစရာဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ကွန်မြူနစ်တွေကတော့ အဲဒီလိုလူမျိုးတွေကို အလိုမရှိကြပါဘူး။ ကွန်မြူနစ်တွေဟာ အဲဒီလိုလူငယ်တွေကိုကြောက်လန့်ကြတယ်။ အဲဒီလိုလူငယ်တွေတည်ရှိမှုကိုတောင် သူတို့က စိတ်အနှောင့်အယှက်ဖြစ်နေတတ်ကြတယ်။
အမှတ်ရမိပါသေးတယ်။ ၁၉၈၀ခုနှစ်ကာလတွေဟာဆိုရင် ကိုယ်ကျင့်တရား၊ ကျင့်ဝတ်နဲ့အညီနေထိုင်မှုတွေ လျော့ပါးနေခဲ့ကြတယ်။ ဘယ်သူကမှ တစ်ယောက်တစ်လေလေးကိုတောင် စကားပြောဆိုကြတာမရှိဘူး။ လူတွေက ၀ိညာဉ်ကင်းမဲ့နေတဲ့ ခန္ဓာကိုယ်တွေလိုပဲ လျှောက်လှမ်းနေကြတယ်။ လူတိုင်းက သူတို့ကိုယ်တိုင်အတွက်ပဲ စိတ်ဝင်စားကြတယ်။ အဲဒီနေရာမှာ ဘာဆိုဘာမှမရှိဘူး။ ဘာမှလည်း ဖြစ်မလာကြဘူး။ အားလုံးက အဟောင်းအတိုင်း ရိုးအီဆွေးမြည့်နေကြတယ်။ဒီနေ့လူတွေ ဘယ်သူမှ အဲဒီကာလတွေအကြောင်း သိနိုင်ကြမှာမဟုတ်တော့ဘူး။ ၁၉၈၉ နိုဝင်္ဘာ၁၇ ရက်နေ့မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် ကျောင်းသားတွေကိုထိခိုက်ခဲ့ရတော့ အဲဒီလိုအသက်မရှိတဲ့ကာလတွေဟာ ရုတ်တရက်အဆုံးသတ်သွားတော့တယ်။ စကားပုံလာ စကားလိုပေါ့။ နောက်ဆုံးကောက်ရိုးတစ်မျှင် ဖြစ်ခဲ့ပါတယ်။ ကျွန်မတို့အားလုံး ကြောက်လန့်ခဲ့ကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေနဲ့ ရင်ဆိုင်ခဲ့ကြတဲ့ ဗာဆလာ့ဗ်ဟာဗဲလ်နဲ့ တစ်ခြားကျောင်းသားတွေကို ကျွန်မတို့တလေးတစား ချီးမွမ်းခဲ့ကြတယ်။ အခြေအနေတွေအကောင်းဘက်ကိုပြောင်းလဲနိုင်မယ်လို့ ကျွန်မတို့ ယုံကြည်ခဲ့ကြပါတယ်။ ကျွန်မတို့ရဲ့ ပထမဆုံးဒီမိုကရက်တစ်သမ္မတဘယ်သူဖြစ်လာမလည်း။ အဆုံးအဖြတ်ပွဲမှာ ကျွန်မတို့ ဗာဆလာ့ဗ်ဟာဗဲလ်အတွက် လက်မှတ်ရေးထိုး၊ အသနားခံလွှာတင်လိုက်ကြတယ်။ ဘာကြောင့်လည်းဆိုတော့ ကျွန်မတို့ ဟာဗဲလ်ကို သမ္မတအဖြစ် အလိုရှိနေလို့ပါပဲ။
တော်လှန်ရေးပြီးဆုံးသွားတော့ နေ့တိုင်း ဗာဆလာ့ဗ်ဟာဗဲလ်ရဲ့ ခြေလှမ်းတိုင်း၊ လှုပ်ရှားမှုတိုင်းမြင်တွေခဲ့ကြရတယ်။ ဟာဗဲလ်သမ္မတအဖြစ် အချိန်ကြာကြာ မနေနိုင်ခဲ့တာတောင်မှ ကမ္ဘာကြီးမှာ ချက်ပြည်သူတွေကို အသိအမှတ်ပြုနိုင်လာအောင် အလုပ်တွေဆက်လုပ်ခဲ့တယ်။ အာဏာရှင်အုပ်စိုးတဲ့တိုင်းပြည်တွေက ပြည်သူပြည်သားတွေအတွက် ကူညီပါတယ်။ နှစ် ၂၀ကာလတွေဟာ ဘယ်လောက်မှမကြာလိုက်ဘူး။ သဘောထားကွဲလွဲသူ၊ စာရေးဆရာ၊ တော်လှန်ရေးအလွန်ကာလက ကျွန်မတို့ရဲ့ သမ္မတကြီး မစ္စတာဗာဆလာ့ဗ်ဟာဗဲလ် ဟာ ၂၀၁၁ ဒီဇင်ဘာ ၁၈ရက်၊ တနင်္ဂနွေနေ့ ညနေ ၆နာရီ ၁၂မိနစ်မှာ သေဆုံးသွားခဲ့ပါပြီ။ အဲဒီသတင်းကြောင့် ချက်နိုင်ငံနဲ့ အပြင်ဘက်ကမ္ဘာကပါ တုန်လှုပ်သွားခဲ့ကြပါတယ်။
ဟာဗဲလ်ဟာ သိက္ခာရှိပြီး ၀င့်ဝါပလွှားမှုမရှိတဲ့သူပါ။ ချက်ပြည်သူတွေအတွက် မြင့်မားတဲ့ပန်းတိုင် ရရှိအောင်ဖန်တီးပေးဖို့ မကြောက်မရွံ့ နောက်မဆုတ်တတ်သူပါပဲ။ အားကြီးတဲ့ဆိုဗီယက်အင်ပါယာကြီးရဲ့ ထမ်းပိုးအောက်ကနေ ကျွန်မတို့ကို ဆွဲထုတ်ကယ်ဆယ်ခဲ့တယ်။ အနောက်နိုင်ငံတွေနဲ့ အောင်မြင်စွာပေါင်းစည်းစေဖို့ ကူညီခဲ့တယ်။ ဟာဗဲလ်နဲ့အတူ တစ်ခြား Civic Forum နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ဝင်တွေကိုလည်း ကျေးဇူးတင်ရမှာပါ။ ၁၉၆၈ခုနှစ်ကတည်းက နေရာယူခဲ့တဲ့ ဆိုဗီယက်တပ်သားတွေကို ဖယ်ရှားနိုင်ခဲ့ပါတယ်။  ကွန်မြူနစ်ခေတ်ခေါင်းဆောင်တွေကို အာဏာ၊ နေရာတစ်ခုမှ မရယူစေအောင် ကာကွယ်နိုင်မယ့်ဥပဒေအပါအ၀င် ဟာဗဲလ်ရဲ့ လှုပ်ရှားမှုတွေဟာ တိုင်းပြည်အသွင်ကူးပြောင်းတဲ့အခါ လျှင်မြန်စေဖို့အရေးပါခဲ့တယ်။
ပထမဆုံးပြည်သူ့သမ္မတနိုင်ငံရဲ့ ဖွဲ့စည်းပုံစည်းမျဉ်း၊ ဥပဒေတွေကိုလိုက်နာတဲ့ ဖွဲ့စည်းပုံဥပဒေသစ်ကို ဟာဗဲလ် ဦးဆောင်ရေးဆွဲခဲ့ပါတယ်။ နေတိုးအုပ်စု၊ အီးယူအဖွဲ၊ ယူအန်တို့နဲ့ ပေါင်းစည်းမိစေဖို့လည်း ကူညီခဲ့တယ်။ အဲဒီလုပ်ဆောင်ချက်တွေနဲ့ တစ်ခြားလှုပ်ရှားမှုတွေအတွက် ကျွန်မတို့ ဟာဗဲလ်ကို ကျေးဇူးတင်ပါတယ်။  တနင်္ဂနွေနေ့က ညနေ ၆ နာရီမှာ ဗာဆလာ့ဗ်ဟာဗဲလ်ကိုဂုဏ်ပြုတဲ့ ခေါင်းလောင်းသံတွေ မြို့အနှံ့အပြားမှာ ပျံ့လွင့်နေခဲ့ပါတယ်။ အဲဒီရက်သတ္တပတ် ဗုဓ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ကြီးမြတ်တဲ့ပုဂ္ဂိုဟ်ဟာဗဲလ်ကို နှုတ်ဆက်ဂုဏ်ပြုတဲ့ ၀မ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်အစိုးရက ကြေညာခဲ့တယ်။ ဟာဗဲလ်ရဲ့ အခေါင်းကို ပရတ်ရဲတိုက် ဗလာဒီဆလာဗ့်ခန်းမမှာ ဈာပနအခမ်းအနားပြုလုပ်မယ့် ဒီဇင်ဘာ ၂၃ ရက်နေ့အထိ ထားရှိခဲ့ပါတယ်။ ဈာပနအခမ်းအနားကို စိန့်ဗီတပ်စ်ရိုမန်ကက်သလစ်ဘုရားကျောင်းမှာပြုလုပ်ခဲ့စဉ် ပြင်သစ်သမ္မတ နီကိုလပ်စ်ဆာကိုဇီ၊ ဘီလ်ကလင်တန်နဲ့ ဟီလာရီ၊ လက်ဝဲလ်လဲစာ၊ ဆလိုဗက်သမ္မတ အီဗန်ဂက်စ်ပါရိုဗစ်ဆ် နဲ့ ၀န်ကြီးချုပ် အီဗဲတာရာဂျစ်အော်ဗာ တို့ တက်ရောက်ခဲ့ကြတယ်။ ချက်အမျိုးသားသီချင်းနောက်ခံ သီချင်းသံသဲ့သဲ့နဲ့အတူ ဟာဗဲလ်ရဲ့မိန့်ခွန်းကိုနားထောင်ရင်း တစ်မိနစ်ငြိမ်သက်ကာ ကျွန်မတို့ ဟာဗဲလ်ကို နှုတ်ဆက်လိုက်ရပါတယ်။
ဝါရှင်တန်အခြေစိုက် National Endowment for Democracy(NED) မှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အစည်းအဝေးမှာ အမေရိကန်သမ္မတအိုဘားမားက ပြောခဲ့တယ်။
“ဟာဗဲလ်ရဲ့ ကိုယ်ကျင့်တရားနဲ့ပြည့်စုံတဲ့ ခေါင်းဆောင်မှုဟာ မီးပြတိုက်က အချက်ပြမီးအလင်းတစ်စလို ကျန်ရစ်ပါတယ်” တဲ့။
“ဆလာ့ဗ်ဟာဗဲလ်ရဲ့ ငြိမ်းချမ်းတဲ့ခုခံမှုဟာ အင်ပါယာကြီးတစ်ခုရဲ့အုတ်မြစ်တွေကို ယိမ်းယိုင်လှုပ်ခါစေခဲ့တယ်။ ချုပ်ချယ်တဲ့အတွေးအမြင်စနစ်ရဲ့ အနှစ်သာရမဲ့မှုကို မြင်သာစေခဲ့တယ်။  ကိုယ်ကျင့်တရားနဲ့ ပြည့်စုံတဲ့ခေါင်းဆောင်မှုဟာ လက်နက်တစ်စုံတစ်ရာထက်ပိုပြီး အားကောင်းတယ်ဆိုတာ သက်သေပြခဲ့ပါပြီ” လို့ သမ္မတအိုဘားမားက ပြောပါတယ်။ “တစ်ခြားလူသန်းပေါင်းများစွာလိုပဲ သူ့ရဲ့စကားလုံးတွေနဲ့ ခေါင်းဆောင်မှုတွေက ကျွန်တော့်ကို စိတ်လှုပ်ရှားစေတယ်။  လွတ်လပ်ငြိမ်းချမ်းပြီး ပဲ့တင့်ရိုက်ခတ်သံတွေမြည်ဟည်းနေတဲ့ ဟရာဒ့်ကာနီရင်ပြင်မှာ ချက်ပြည်သူပြည်သားတွေနဲ့အတူ ရိုကျိုးနှိမ့်ချတဲ့သမ္မတအဖြစ် ရပ်တည်ခဲ့တယ်။ ဒီနေ့ကမ္ဘာမှာ လွတ်လပ်ရေးအတွက်ရုန်းကန်နေရဆဲအခြေအနေတွေအတွက် အချက်ပြမီးလို ဆက်ပြီးတာဝန်ထမ်းဆောင်ပါတယ်” လို့ အိုဘားမားက ဆိုတယ်။
NED ဥက္ကဌ ကားလ်ဂျာ့ရှ်မန်းက အီရန်သဘောထားကွဲလွဲသူ လာဒန်ဘိုရူမန်ဒ်ပြောထားခဲ့ဖူးတဲ့စကားကိုရည်ညွှန်းပြီး ဟာဗဲလ်ကို ဂုဏ်ပြုစကားပြောကြားပါတယ်။ “ကမ္ဘာတစ်ဝှမ်းက အာဏာရှင်အစိုးရနဲ့ သဘောကွဲလွဲသူအမျိုးသား၊ အမျိုးသမီးတွေအကြောင်းတွေဟာ အဲဒီတိုင်းပြည်အသီးသီးက လုံခြုံရေးတပ်သားတွေကလွဲပြီး သိရှိသူမရှိသလောက်မှေးမှိန်နေခဲ့တာကို မြင်သာအောင် ဟာဗဲလ်စွမ်းဆောင်ခဲ့ပါတယ်” တဲ့။ မြန်မာနိုင်ငံရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် များပြားလှတဲ့လှုပ်ရှားရေးသမားနဲ့ လေ့လာဆန်းစစ်သူတွေကလည်း ဂုဏ်ပြုစကားပြောကြားပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပေးပို့တဲ့ ဗီဒီယိုသတင်းစကားမှာ “ဟာဗဲလ်ဟာ နွေးထွေးတဲ့နှလုံးသား၊ ပကတိရိုးရှင်းတဲ့နားလည်နိုင်စွမ်းတွေနဲ့အတူ သူ့ရဲ့အသိဥာဏ်လက်ဆောင်တွေပေါင်းစပ်ပေးအပ်ခဲ့တဲ့ ရှားပါးလှတဲ့လူတစ်ဦးပါ” လို့ ပြောပါတယ်။
“အကြွင်းမဲ့အာဏာရှင်စနစ်အုပ်စိုးခဲ့တဲ့ နှစ်၅၀ အပြီး၊ သဘောတရား အများအပြားလက်ခံတဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုဆီ လျှောက်လှမ်းကြတဲ့လမ်းဟာ သိပ်ပြီးတော့ လွယ်ကူလှတာတော့မဟုတ်ပါဘူး” လို့ ဟာဗဲလ် သူမဆီ ရေးပို့ခဲ့တဲ့စာမှာ ရေးခဲ့ပါတယ်။ အဲဒီစာကို ဟာဗဲလ်သေဆုံးပြီး ရက်အနည်းငယ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ရရှိခဲ့တယ်။ “လှိုက်လှဲနွေးထွေပြီး၊ ၀ါကြွားမှုမရှိနိုင်သလောက်ကင်းတဲ့သူအဖြစ်” သိရှိရတယ်လို့ သူမက ပြောပါတယ်။ သူ့ရဲ့တိုင်းပြည်ဟာလည်း လုံးလုံးလျားလျားငြိမ်ဆိမ်နေတာတော့မဟုတ်သေးပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ အကူးအပြောင်းကို အထောက်အကူပြုနိုင်ဖို့ အသွင်ကူးပြောင်းရေးကာလအတွေ့အကြုံတွေကို ၀မ်းမြောက်စွာဝေငှလိုပါတယ် လို့ စာထဲမှာရေးသားထားပါတယ်။
“သူ့ရဲ့ လူ့အခွင့်အရေးအတွက် ခိုင်မာစွဲမြဲတဲ့သဘောထားဟာဆိုရင် သူကိုယ်တိုင် အခွင့်အာဏာ လုပ်ပိုင်ခွင့်ရှိတဲ့အနေအထားမှာတောင် နာကျည်းမှု၊ လက်စားချေမှုတွေ မရှိတာကိုပြသခဲ့တယ်။ အဲဒီအစား တညီတညွတ်တည်း ပြန်ပြီးသင့်မြတ်စေအောင် ကြိုးစားအလုပ်လုပ်ခဲ့ပါတယ်” လို့ ဒလိုင်းလားမား က ပြောပါတယ်။ ဟာဗဲလ်တည်ထောင်ခဲ့တဲ့ Forum 2000 ဖောင်ဒေးရှင်းရဲ့ တိကျတဲ့ရည်ရွယ်ချက်မှာ ကွဲပြားတဲ့ ယဉ်ကျေးမှု၊ သမိုင်းနောက်ခံ၊ ဘာသာရေး နဲ့ စည်းကမ်းဥပဒေတွေရှိနေတဲ့ တိုင်းပြည်အသီးသီးကလူတွေကို အပြန်အလှန်အတူတကွ အလုပ်လုပ်နိုင်စေဖို့ပါရှိတယ်။ အဲဒါဟာ ဒီမိုကရေစီနိုင်ငံမဟုတ်သေးတဲ့နိုင်ငံတွေမှာ ဒီမိုကရေစီကို အားပေးထောက်ခံဖို့ အသင့်တော်ဆုံးနည်းလမ်းတစ်ခုလို့ မြင်မိပါတယ်။ လူအခွင့်အရေးလေးစားဖို့ အားပေးကူညီရမှာတွေ၊ ဒီမိုကရေစီပေါ်ထွန်းလာစေဖို့ သည်းခံရမှာတွေပါရှိတယ် လို့ ဒလိုင်းလားမားက ပြောပါတယ်။
“Charter 77 ထုတ်ဝေခဲ့ပြီး ၃၅နှစ်မြောက်မှာ ဒီအဖြစ်အပျက်ဟာ နေရာတကျ အံဝင်ဂွင်ကျဖြစ်လာပါပြီ။ ဟာဗဲလ်က အဓိကဇာတ်ကောင်အဖြစ်လှုပ်ရှားခဲ့တယ်”လို့ သမ္မတအိုဘားမားက ပြောပါတယ်။ ၁၉၈၉ နိုဝင်္ဘာ ၁၇ရက်ကနေ ဒီဇင်ဘာ ၂၉ အထိ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းတဲ့ "ကတ္တီပါလူထုတော်လှန်ရေး" အပြီးမှာ ချီကာဂိုတက္ကသိုလ်က ပရော်ဖက်ဆာ အက်ရှ်တိန်ကပြောပါတယ်။ “အခု အလင်းရောင်အဆုံးသတ် လိုဏ်ခေါင်းထဲကို ၀င်လာပါပြီ။ ဟာဗဲလ်ရဲ့ အတွေးအမြင်ဝါဒတွေနဲ့ လှုံ့ဆော်အသက်သွင်းနေချိန်၊ သူဟာ စိတ်ကူးယဉ်ဝါဒအဖြစ်ကို စိတ်ပြောင်းမသွားပါဘူး။ နိုင်ငံရေးအကူးအပြောင်းကာလအလွန်မှာ ကြုံတွေ့ရတဲ့ အကျပ်အတည်း၊ စိန်ခေါ်မှု၊ စုပုံနေတဲ့နိုင်ငံရေးအမှိုက်သရိုက်တွေကို ရှင်းထုတ်ဖို့ သူက အမြဲ စိတ်အားထက်သန်နေခဲ့ပါတယ်” တဲ့။
“ကွန်မြူနစ်အစိုးရကို လူအခွင့်အရေးလိုက်နာဖို့ ကတိခံဝန်ချက် ပျက်ကွက်ခဲ့တာတွေအတွက် တာဝန်ယူဆောင်ရွက်စေရန် Charter မှာ ဖော်ပြခဲ့တယ်။ သူတော်ကောင်းယောင်ဆောင်မှုနဲ့ အလိမ်အညာတွေပြည့်နေတဲ့ စနစ်တစ်ခုအဆုံးသတ်ဖို့ သူတို့လူ့အဖွဲ့အစည်းမှာ တစ်ဦးချင်းဆီက ပြောင်းလဲနိုင်တဲ့ပုံစံကို ငြိမ်းချမ်းတဲ့သဘောထားနဲ့ သမ္မတဟာဗဲလ် ပြသခဲ့တယ်။ အမှန်တရားဘောင်အတွင်းမှာ ရှင်သန်စေဖို့ ကြိုးပမ်းခဲ့တယ်”လို့ National Democratic Institue ဥက္ကဋ္ဌ၊ ယူအက်စ်အတွင်းရေးမှူးဟောင်း မက်ဒ်လင်းအောလ်ဘရိုက်ထ် ပြုလုပ်ခဲ့တဲ့ညီလာခံမှာ အိုးဘားမားက ဟာဗဲလ်အကြောင်း စာတမ်းဖတ်ခဲ့ပါတယ်။
နှစ်ပေါင်း ၂၁ခန့်ရှိခဲ့ပါပြီ။ ဟာဗဲလ်သမ္မတအဖြစ်ရွေးကောက်ခြင်းမခံရမှီ ရက်သတ္တတစ်ပတ်မတိုင်ခင် National Democratic Institute (NDI)ကိုယ်စားလှယ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအဖြစ် မက်ဒ်လင်းအောလ်ဘရိုက်ထ်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံဖူးခဲ့ကြတယ်။ ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြစ်ပေါ်လာဖို့ အကြံပြုချက်အပါအ၀င် ဖြစ်နိုင်ချေရှိတဲ့အထောက်အပံ့တွေအကြောင်း ပြန်လည်ဆန်းစစ်ကြတဲ့အခါ ဟာဗဲလ်ရဲ့ ဒီမိုကရေစီနိုင်ငံရေးအသွင်ပြောင်းမှုမှာ စိတ်ပါဝင်စားမှု ထုထည်ခိုင်ခံ့တာကို တွေ့ရှိခဲ့ကြတယ်။ ဆွေးနွေးပွဲမှာ ဟာဗဲလ်က ချက်ချင်းဆိုသလိုခုန်ထလိုက်ပြီး မေးပါတယ်။ “သောကြာနေ့မှာ ခင်ဗျားတို့ရဲ့ကျွမ်းကျင်သူတွေ ဒီကိုလွှတ်ပေးမလား”  လို့ မေးလိုက်ပါတယ်။ အားလုံးရဲ့ အံ့အားသင့်ကြက်သေသေနေကြတဲ့ တုံ့ပြန်မှုကို ဟာဗဲလ်က တွေ့လိုက်တော့ သူ မျှမျှတတလိုက်လျောပြီးပြောပါတယ်။ “အိုကေ၊ ဒါဆို တနင်္လာနေ့ပေါ့” တဲ့။ ခိုင်မာတဲ့စိတ်ထားရှိပေမယ့် ဆွေးနွေးညိနှိုင်းရခက်ခဲတတ်တဲ့လူစားမျိုးမဟုတ်တာကလည်း ဟာဗဲလ်ရဲ့ ရိုးဖြောင့်တဲ့အရည်အသွေးတစ်ရပ်ပါပဲ။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေလွတ်မြောက်ခဲ့တဲ့ ဂျူးတွေရဲ့ “လွတ်မြောက်မှုဆိုတဲ့ခက်ခဲတဲ့စမ်းသပ်ပွဲ” အတွင်းက ရှင်သန်မှုအကြောင်းကို ဂျူးလူမျိုးစာရေးဆရာ ဆောလ်ဘဲလို တွေးဆဆင်ခြင်ခဲ့သလိုပါပဲ။ ဟာဗဲလ်ကလည်း အနှောင်အဖွဲ့က လွတ်မြောက်လာတဲ့ခေတ်သစ်နိုင်ငံသားတွေရဲ့ “အသိစိတ်မှေးမှိန်အားဖျော့နေမှု” နဲ့ “စိတ်ခံစားမှုယုတ်လျော့ပျက်စီးနေမှု” စတဲ့ ရုပ်ဝါဒီလက္ခဏာရပ်တွေကို ကြောက်ရွံ့စိုးထိတ်နေခဲ့ပါတယ်။
ဒီမိုကရေစီစနစ်ကို ရှင်သန်နိုင်ဖို့ဆိုရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုတွေကို ထိန်းထားနိုင်မယ့် ခိုင်မာတဲ့ကျောက်ဆူးတစ်ခု နှစ်မြုပ်ထားနိုင်ရပါမယ်။ ဟာဗဲလ်ရဲ့ အတွေးအမြင်ဟာ စိန်ခေါ်မှုတစ်ပါပဲ။ “ကျွန်တော်တို့ အမှန်တရားနဲ့ရှင်သန်နေထိုင်နိုင်ဖို့ဆိုရင် ပြန်ပြီးသင်ယူဖို့၊ စွန့်စားဖို့ ဘာတွေပြင်ဆင်ထားခဲ့ပြီလဲ” ဆိုတဲ့ စိန်ခေါ်မှုပါ။ လွတ်မြောက်မှုရဲ့ ရှေ့ပြေးအဖြစ် ဟာဗဲလ်ကူညီထောက်ပံ့ခဲ့တဲ့ ဘာလင်တံတိုင်းပြိုကျမှုဟာ ဘယ်သူ့ကိုမှ မချေမှုန်းနိုင်ခဲ့ပါဘူး၊ ဒါပေမဲ့ ပြန်ပြီးသင့်မြတ်စေဖို့ တံတားတစ်ခုတော့ ဖြစ်လာခဲ့တယ် ဆိုတာပါပဲလို့ ကျူးဘား ဗာရဲလားစီမံကိန်းတည်ထောင်သူ အောစ့်ဝဲလ်ဒိုပါရာက ဗီဒီယိုသတင်းစကားပြောကြားခဲ့ပါတယ်။ ဟာဗဲလ်နဲ့ လုပ်ဖော်ကိုင်ဖက်တွေဟာ ကျူးဘားပြည်သူတွေ ဆန္ဒပြင်းပြနေတဲ့ “ပြည်သူ့အသံ၊ အခွင့်အရေး၊ ဂုဏ်သိက္ခာ” ဒါတွေကို အနိုင်ရခဲ့ကြတယ်။ ကျူးဘားကျွန်းနိုင်ငံလေးရဲ့ ကွန်မြူနစ်အစိုးရ အလီလီစိတ်ပြီးပေးနေခဲ့တဲ့ “အယောင်ဆောင်ပြောင်းလဲမှု” အစား စစ်မှန်တဲ့ပြောင်းလဲမှုဆုပ်ကိုင်နိုင်ဖို့ သူတို့ကြိုးပမ်းမယ်လို့ ဆိုတယ်။
ဟာဗဲလ်က ကျွန်တော်တို့အကြောင်းတရင်းတနှီးသိနေသလိုပဲလို့ စာရေးဆရာ၊ သဘောထားကွဲလွဲသူ လျူဇီယိုဗိုပြောခဲ့ပါတယ်။ “တရုတ်နိုင်ငံက လစ်ဘရယ်ပညာတတ်တွေ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေအတွက် ဟာဗဲလ်က တိုက်ရိုက်ပြောကြားခဲ့တာပါပဲ” လို့  လီဆွန်ယွန်ကလည်း ပြောပါတယ်။  လီက အားကြီးတဲ့ အာဏာရှင်စနစ်အကြောင်းကို ဝေဘန်ပါတယ်။ သူမက အမှန်တရားကို ပြောဖို့ ကြိုးစားပါတယ်။ “တရားသဖြင့်ရှင်သန်နေထိုင်ခြင်း၊ မေတ္တာတရားခွင့်ပြုခြင်း၊ မုန်းတီးမှုနဲ့ လိမ်ညာမှုတွေကိုအနိုင်ယူခြင်း စတဲ့ ဟာဗဲလ်ရှင်သန်နေထိုင်သလို ကျွန်မတို့ ဘယ်လိုလုပ်နိုင်မလဲ” လို့ လီက ပြောတယ်။ ဟာဗဲလ်က ကျွန်မတို့ကို လမ်းညွှန်ပြောကြားနေတုန်းပါပဲ။ သူ ကျွန်မတို့အကြားမှာ ရှင်သန်နေဆဲပါ” တဲ့။
"သဘောထားကွဲလွဲသူအဖြစ်ကနေ သမ္မတအဖြစ်ပြောင်းလဲနိုင်ခဲ့တာဟာ ထူးခြားတဲ့လှုံ့ဆော်မှုပါ"လို့ အီဂျစ်သဘောထားကွဲလွဲသူ၊  Ibn Khaldoun စင်တာတည်ထောင်သူ ဆက်ဒ်အက်ဒင်အီဘရာဟင် က ပြောပါတယ်။ “ဗာဆလာ့ဗ်ဟာဗဲလ်၊ နဲလ်ဆန်မန်ဒဲလားနဲ့ အောင်ဆန်းစုကြည်တို့လို ခြေချစရာမရှိတဲ့အကျဉ်းခန်း မှောင်မိုက်တဲ့အချိန်နာရီတွေမှာနေခဲ့ရတဲ့ ပုဂ္ဂိုဟ်တွေဟာ လွတ်လပ်မှုအတွက်၊ ဒီမိုကရေစီအတွက် ကျွန်တော်တို့ရဲ့ ရုန်းကန်လှုပ်ရှားမှုတွေကို မယိမ်းမယိုင်စေအောင် အထောက်အပံ့ပေးပါတယ်။  အဆုံးမှာတော့ အောင်ပွဲခံနိုင်စေလိမ့်မယ်” လို့  NED အစည်းအဝေးမှာပြောခဲ့တယ်။ ဟာဗဲလ်ရဲ့ သတ္တိပြောင်မြောက်တဲ့အဖြစ်အပျက်တွေမှာ လူထုအင်အားဟာ အောင်မြင်နိုင်တဲ့အဆုံးအဖြတ်ပဲဆိုတာ သရုပ်ပြခဲ့တယ်။ အာရပ်ဒေသမှာ ဗာဆလာ့ဗ်ဟာဗဲလ် ကျွန်တော်တို့အတွက် ကိုယ်စားပြုရပ်တည်ပေးခဲ့တာမပါဘဲနဲ့ အာရပ်နွေဦးတော်လှန်ရေးဟာပေါ်ထွက်လာနိုင်စရာမရှိပါဘူး လို့ အီဘရာဟင်က ပြောပြသွားတယ်။
ချက်ကိုစလိုဗက်သဘောထားကွဲလွဲသူတွေရဲ့ Charter 77 ဟာ တရုတ်နိုင်ငံရဲ့ Chartter 08 စံပြပုံစံတင်မကပဲ၊ ဒမတ်စကပ်ကြေညာချက်ကိုလည်း  လှုံ့ဆော်ပေးခဲ့ပါတယ် လို့ ဒမတ်စကပ်လူ့အခွင့်အရေးလေ့လာရေးစင်တာရှိ ဒါရိုက်တာ ရာ့ဒ်ဝန်ဇီယာဒါ က ပြောပါတယ်။ ချက်သမ္မတနိုင်ငံရဲ့ ကတ္တီပါတော်လှန်ရေးဟာ ငြိမ်းချမ်းစွာပြုလုပ်ခဲ့တယ်။ ကွဲပြားချက်က ဆီးရီးယားရဲ့ ရုန်းကန်လှုပ်ရှားမှုတွေမှာတော့ သေဆုံးခဲ့တဲ့လူဦးရေဟာ ၆၀၀၀ကျော်ရှိနေခဲ့ပါပြီ။ နှစ်ခုလုံးက အားကောင်းတဲ့တော်လှန်ရေးတွေပါ။ ဟာဗဲလ်ရဲ့ အတွေးအခေါ်ဟာ တိုင်းပြည်တစ်ခုရဲ့ အဆုံးသတ်ဒီမိုကရေစီအကူးအပြောင်းအတွက် မှတ်သားလိုက်နာဖွယ်ဖြစ်ပါတယ် လို့ ဆိုတယ်။
စလိုဗက်သဘောထားကွဲလွဲသူ မာတင်ဘူတိုရာကတော့ ၁၉၆၉ခုနှစ် ဆိုဗီယက်ကျူးကျော်မှု ပထမနှစ်ပတ်လည်မှာ စလိုဗက်နိုင်ငံရေသမား၊ ချက်ကိုစလိုဗက်ခေါင်းဆောင်တစ်ဦးလည်းဖြစ်တဲ့ အလက်ဇန်းဒါးဒူးဘ်ချက် ဆီ ဟာဗဲလ် ရေးသားခဲ့တဲ့ စာတစ်စောင်ကို ရည်ညွှန်းခဲ့ပါတယ်။ “နိုင်ငံရေးအရအရေးပါတဲ့တိုးတက်မှုဆိုတာ ချက်ချင်းမျှော်လင့်ဖို့တော့ မဖြစ်နိုင်ပါဘူး၊ မြင်သာတဲ့နိုင်ငံရေးသက်ရောက်မှုဟာ တဖြည်းဖြည်းချင်း၊ ကွေ့ကွေ့ကောက်ကောက်နဲ့ပဲ အချိန် ပိုယူရပါတယ် လို့ ဟာဗဲလ်ရေးသားခဲ့တယ်။ အဲဒီစာဟာ တစ်ဦးချင်းစီရဲ့ စိတ်ကူးတွေနဲ့လက်တွဲလုပ်ဆောင်ရမယ်၊ တော်လှန်ရေးအတွက် ထိုက်တန်တဲ့ပမာဏ၊ ယုံကြည်ဖို့အတွက် ထိုက်တန်တဲ့ခေါင်းဆောင်တွေ တလုံးတစည်းတည်းရှိနေရမယ်ဆိုတာ လူတွေကို နားလည်သဘောပေါက်စေပါတယ်။ ဟာဗဲလ်ရဲ့ ဘ၀ရှင်သန်နေထိုင်မှုသဘောထားကို အနက်ဖွင့်နိုင်တဲ့စာတမ်းတစ်စောင်ဖြစ်ခဲ့တယ် လို့ ဘူတိုရာက မှတ်ချက်ချခဲ့တယ်။ World Uyghur Congress ရဲ့ ဥက္ကဌ တရုတ်နွယ်ဖွား လူ့အခွင့်အရေးလှုပ်ရှားသူအမျိုးသမီး ရဲဘီယာကာဒီရာ ကို တွန်းအားပေးလှုံ့ဆော်ခဲ့နိုင်တာလည်း သံသယဖြစ်စရာမရှိပါဘူး။ ဟာဗဲလ်က သူမကို ပြောပါတယ်။ “အမှောင်မိုက်ဆုံးအချိန်နာရီတွေမှာတောင်မှ မျှော်လင့်ချက်ကို ဘယ်တော့မှ လက်လွှတ်အရှုံးမပေးလိုက်ပါနဲ့” တဲ့။ “ဟာဗဲလ်ဟာ ကွန်မြူနစ်တွေရဲ့ဝါဒဖြန့်မှုကို အမြဲထိုးဖောက်ပြီးမြင်ခဲ့တယ်။ ဒါကြောင့်မို့ ဟာဗဲလ်ရဲ့စာပေအရေးအသား၊ အတွေးအမြင်တွေဟာ   တရုတ်နိုင်ငံက ဖိနှိပ်ချုပ်ချယ်တဲ့စည်းကမ်းတွေအောက်မှာ ရှင်သန်နေထိုင်နေရတဲ့ ကျွန်မတို့ဝေဟွာဂျင်း(Uyghur)တရုတ်လူမျိုးနဲ့ တစ်ခြားလူနည်းစုအတွင်းမှာ ခိုင်မာစွာပဲ့တင်ထပ်မြည်ဟီးနေပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။
အီသီယိုးပီးယားလူမျိုး ဒီမိုကရေစီရေးလှုပ်ရှားသူ ဘီယာတူကန်မီဒက်စာ က ဟာဗဲလ်ရဲ့ ကျော်ကြားခဲ့တဲ့အက်ဆေးတွေထဲက “အာဏာမဲ့သူတို့ရဲ့ စွမ်းအား” အက်ဆေးကို ဖတ်ခဲ့ရပြီးတဲ့အခါ ဟာဗဲလ်ကို သွေးရင်းသားရင်းတစ်ယောက်လို လှိုက်လှိုက်လှဲလှဲခံစားမိပါတယ် လို့ ဆိုတယ်။ သူမဟာ နှစ်ရှည်တိုက်ပိတ်အကျဉ်းကျခံခဲ့ရသူပါ။
“ချက်နိုင်ငံက တစ်မူထူးလှပေမယ့် ပြည်သူပြည်သားတွေရဲ့စိတ်နှလုံးကတော့ အတူတူပါပဲ။ ဟာဗဲလ်က ကိုယ့်ကိုယ်ကို ဂုဏ်ရည်မသွေးတဲ့ ပညာတတ်လူနည်းစုထဲက တစ်ဦးပါ” လို့ ဟာဗဲလ်ရဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံ ယူအက်စ်သံအမတ်ဟောင်း သူငယ်ချင်း ၀ီလျမ်လောရက်စ်က ပြောပါတယ်။ ပိုလန်လူမျိုးသဘောထားကွဲလွဲသူ အဒမ်မစ်ခ်ျနစ်ခ် ကတော့ ဟာဗဲလ်သေဆုံးသွားခဲ့ပြီးမှ ဟာဗဲလ်အကြောင်းပြောရတာ သူ့အတွက်တော့ ခက်ခဲပါတယ်တဲ့။ “ရုရှသဘောထားကွဲလွဲသူတွေကို ကမ္ဘာကပိုသိကြတယ်။ ပိုလန်အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာလည်း အရှိန်ကြီးမားခဲ့ပါတယ်။ ဒါပေမယ့် ဟာဗဲလ်ဦးဆောင်တဲ့တော်လှန်ရေးက ပန်းတိုင်နဲ့ အလှည့်အပြောင်းတွေ အလွန်အမင်းရရှိခဲ့တယ်။ ဟာဗဲလ်နဲ့ ကျွန်တော် Charter 77 နဲ့ KOR(အလုပ်သမားများကာကွယ်ရေးကော်မတီ) ကိုယ်စားလှယ်အဖြစ်နဲ့ ပိုလန်-ချက်ကိုစလိုဗက်နယ်စပ်မှာတွေ့ခဲ့ကြတယ်။
၃၄နှစ်လောက် ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ခဲ့ကြပါတယ်။ ဟာဗဲလ်ဟာ ကွန်မြူနစ်ဝါဒီကို ပြန်ပြီးအသက်မသွင်းလိုသူတွေထဲမှာရှိခဲ့တယ်။ လူပ်ရှားတက်ကြွတဲ့တော်လှန်ရေးကိုစည်းရုံးပြီး အလှည့်အပြောင်းရှိတဲ့ဘ၀တည်ဆောက်ခဲ့တဲ့သူတွေထဲမှာ ရှိခဲ့ပါတယ်။ ကျွန်ပြုခဲ့တဲ့လူအဖွဲ့အစည်းထဲမှာ သူတို့နေထိုင်ခဲ့ကြသည့်တိုင်အောင် ဟာဗဲလ်တို့ တည်ဆောက်ခဲ့တဲ့ဖွဲ့စည်းပုံကြောင့် လူတွေလွတ်လပ်လာခဲ့ကြတယ်။ ဟာဗဲလ်ရဲ့ ကိုယ်ကျင့်တရားပြည်စုံပြီး ခိုင်မာတဲ့ယုံကြည်မှုတွေဟာ အတိုက်အခံဘ၀ကနေ အစိုးရအဖွဲ့ထဲ ခြေချနိုင်ခဲ့တယ်။ ဆန့်ကျင်ဘက်အတိုက်အခံတွေနဲ့ အရပ်သားအဖွဲ့အစည်းတွေအတွက် အခက်အခဲတွေမကြာခဏကြုံတွေ့နေခဲ့ကြပေမယ့် ဟာဗဲလ်ကတော့ တော်လှန်ရေးကနေ နိုင်ငံရေးလောကဆီ အကူးအပြောင်းပုံဖော်နိုင်ခဲ့ပါတယ် လို့ မစ်ခ်ျနစ်ခ် က ပြောခဲ့တယ်။
ဆိုဗီယက်နျူကလီးယားရူပဗေဒပညာရှင်၊ လူအခွင့်အရေးလှုပ်ရှားသူ အန်ဒရေဆာ့ခရိုဗ် ရဲ့ အက်ဆေးပေါင်းချုပ်စာအုပ်အတွက် အမှာစာမှာ ဟာဗဲလ် ရေးပေးခဲ့တာက “သူရဲ့ ခေတ်ပြိုင် ကျွန်တော်တို့ကိုပဲ လှုံ့ဆော်စေနိုင်တာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ ရှေ့ရေးအနာဂတ်ကိုအလေးထားတဲ့ နောက်မျိုးဆက်သစ်တွေအတွက်လည်း အသိဥာဏ်ဖွံ့ဖြိုးစေပါတယ်” တဲ့။
“ပြီးခဲ့တဲ့နှစ်ပေါင်း၄၀မှာ သင်တို့ရဲ့အစိုးရက သင်တို့ကိုပြောခဲ့တယ်။ အရာအားလုံးက ဘယ်လောက်တောင်အောင်မြင်ခဲ့တာ။ သင်တို့ စတီးလ်တန်ပေါင်းဘယ်လောက်တောင် ထုတ်လုပ်နိုင်ခဲ့တာ။ ဒါတွေချည်းပါပဲ။ အဲဒီလို အလိမ်အညာတွေ သင်တို့ကို ထပ်ပြီးပြောဖို့အတွက်နဲ့ ကျွန်တော့်ကို မဲပေးခဲ့တာမဟုတ်ဘူး ဆိုတာ ကျွန်တော်သိပါတယ်။ လူထုကြီး - အခု သင်တို့လက်ထဲကို သင်တို့ရဲ့ တိုင်းပြည်ပြန်၍ရောက်ခဲ့ပါပြီ”
ဟာဗဲလ်ရဲ့ အဲဒီမိန့်ခွန်းဟာ လူပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့တယ်။ တရုတ်နိုင်ငံ ရဲ့ web portal “NetEase(www.163.com)” မှာ ဟာဗဲလ်ရဲ့ ဒီမိုကရေစီနဲ့ လူအခွင့်အရေးလှုပ်ရှားမှု၊ ထောက်ပံ့အားပေးမှုတွေကို ချီးမွမ်းတဲ့အကြောင်းအရာတွေအသားပေးဖော်ပြခဲ့တယ်။ ဟာဗဲလ်ရဲ့ မိန့်ခွန်းကိုလည်း လူပေါင်း ၃၅၀၀၀ ကျော်က ချီးကျူးဂုဏ်ပြုတဲ့ထင်မြင်ချက်တွေ မဲပေးရေးသားခဲ့ကြပါတယ်။
National Endowment for Democracy ဥက္ကဌ ဂျာ့ရှ်မန်းက ဟာဗဲလ်အတွက် အခုလို ဂုဏ်ပြုစကားပြောကြားခဲ့တယ်။
“ဟာဗဲလ်ရဲ့ ဆန္ဒအတွေးအမြင်တွေအတိုင်း တရုတ်နိုင်ငံကိုလည်း တရုတ်ပြည်သူပြည်သားတွေ လက်ထဲပြန်၍ရောက်စေဖို့ ကျွန်တော်တို့ မျှော်လင့်ကြရအောင်ပါ။ ပြီးတော့ မြန်မာ၊ ကျူးဘား၊ အီရန်၊ ဘီလာရုစ်၊ ဆီးရီးယား၊ အီဂျစ်၊ အီသီယိုးပီးယား၊ တိဘက်၊ အရှေ့တာကစ္စတန် နဲ့ မြောက်ကိုးရီးယား နိုင်ငံတွေလည်းပဲ ပြည်သူပြည်သားတွေရဲ့လက်ထဲ တိုင်းပြည် ပြန်၍ရောက်စေချင်ပါတယ်။ ဟာဗဲလ် သူ့တိုင်းပြည်နဲ့ တစ်ခြားတိုင်းပြည်တွေအတွက် ကြိုးစားခဲ့သလို၊ ကမ္ဘာကြီးရဲ့ မှောင်မိုက်နေတဲ့နေရာတွေမှာ ပျော်ရွှင်မှုနဲ့ ဂုဏ်ကျက်သရေ ယူဆောင်ပေးနိုင်ဖို့ ကူညီရမယ်။ လုပ်ရမယ့်အလုပ်တွေအများကြီးပါပဲ” ။          ။
Special thanks to Ko ZawLuSane :
ဟာဗဲလ်အကြောင်းရေးဖြစ်ဖို့ မူရင်းစာတွေပို့ပေးခဲ့တဲ့ နွယ်နီမဂ္ဂဇင်းအယ်ဒီတာ ကိုဇော်လူစိမ်းကို ကျေးဇူးအများကြီးတင်ပါတယ်။
Source : http://www.demdigest.net/blog/2012/01/havel%E2%80%99s-moral-leadership-remains-a-beacon-obama-tells-memorial-tribute/
             http://www.thedaily.cz/vaclav-havel-remembered/
နွယ်နီမဂ္ဂဇင်း၊ ဇွန်လ၊ ၂၀၁၂
Friday, May 4, 2012
ပစိဖိတ် ဆိုင်ကလုံးမုန်တိုင်း
                     ပထမ အကြိမ်  ရွက်လွှင့်စဉ်က  ကယ်လီဖိုးနီးယား ကမ်းခြေအထက် ဆန်ဒီယာဂို မှနေ လောင်းဘိခ်ျ  အထိ ၄ယောက်အစုအဖွဲ့  ဖွဲ့ ပြီး သွားရောက်ခဲ့ကြဖူးပါပြီ။ “ကျွန်တော့်ဘ၀မှာ  အဦးဆုံး သဲထိတ်ရင်ဖို ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ ပါဘဲ” လို့  ..ဒါနာက ပြောပါတယ်။
သူတိုနှစ်ဦးဟာ တကယ်တော့ ပင်လယ်ပျော်တွေပါ။ ရေမိုင် ၂၀၀၀၀ မက ရွက်လွှင့် စွန့်စားခဲ့ဖူးသူများဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူတို့ဟာ ခုအချိန်မှာ ရေကြောင်းကျွမ်းကျင်သူများအဖြစ် ရင့်ကျက်ခဲ့ကြပြီးဖြစ်လို့ မိုးလေ၀သ သတင်းကို သိပ်အမှုမထားခဲ့ ကြဖူး။
                ပင်လယ်ရေ ဟာ ၁၈ ပေအထိ မြင့်တက်လာရာမှာတော့  သူတို့  တုန်လှုပ်ခဲ့ကြပြီ။  Destiny  ရေယာဉ်ဟာ ပုခက်လွှဲသလို  ဟိုဘက် ဒီဘက် လှုပ်ခတ်ယိမ်းခါနေခဲ့ပြီ။
တနာရီပြီးတနာရီ ရွေ့ ရှား ဖြတ်သန်းနေရသည်နှင့်အမျှ  လေ တိုက်နှူံး ဟာ  တနာရီ ၃၅ မိုင်မှ
၄၀  ၊ ၄၅  ။ ၅၀ ။ ထိုမှ ၆၀ ၊ ၇၀ ၊ ၈၀ ။၉၀ ကျော်  ၁၀၀ ထဲ ကို ရောက်ဖို့  နီးစပ်နေခဲံ့  ပြီ။
                ဒါနာဟာ အားကုန်ခန်းနွမ်းနယ်နေပြီ။  သည်းခံနိုင်စွမ်းးမရှိတော့ဘူး။ ပဲ့ ထိန်းလက်ကိုင်ကို မြဲမြဲ ကိုင်ထားရတဲ့အတွက် လက်မောင်းတွေက ကိုက်ခဲ ထုံကျင်လာပြီ။  “ငါတို့စကိတ်စီးတုံးက  ဒီလို ပြုတ်ကျဖူးခဲ့တာပဲ” လို့ လွမ်းလွမ်းဆွေးဆွေး ပြောလိုက်သေးတယ်။  သူတို့နှစ်ဦးရဲ့  ပတ်လည် ကောင်းကင်မှာတော့ …..လျှပ်စီးချောင်းတွေက မြှားပစ်သလို  တွင်တွင်ပြေးထွက်နေတယ်။ မိုးကြိုးပစ်ခွင်းသံမှာလဲ နားကွဲ မတတ် မည်ဟိန်းနေပြန်တယ်။ မိုးတိမ်တွေက ဖြူလာလိုက် .. စိမ်းမှောင်သွားလိုက် ၊ ပင်လယ်ကြီးဟာ မလှမပနဲ့  ၊မနှစ်မျို့ စရာ သရဲ တစ္ဆေ ပူးကပ်နေသလိုဘဲ မုန်တိုင်းဟာ အငြိုးတကြီး  တလောကလုံးကို  မလိုမုန်းထားစွာ  အင်အားသုံးဖြိုခွဲဖို့  ပိုင်းဖြတ်ထားဟန်ပါဘဲ။ သေချာတာက သူတို့ နှစ်ဦး သဲထိတ်ရင်ဖို ဇာတ်လမ်းတခုကို လက်တွေ့ ကျကျ မျှဝေခံစားနေကြရပါ ပြီ။ကော။
                ဘုရားသခင်က ပဲ ခေါ်တော်မူ ချင်နေရော့လား။ ဒါနာ ကိုယ်တိုင်လဲ အသက်ရှင်ဖို့  မမျှော်လင့်ပါဘူး တဲ့ ။  “  “ပေါ်လာရေ..မင်းကို ..ငါ  သိပ်ချစ်ခဲ့ ပါတယ်ကွယ် တဲ့ ။ပေါ်လာကဖြင့် ..
                ဒါပေမဲ့ လဲ ..ပင်လယ်ရေက ပဲ့ ပိုင်းကို အရမ်း တွန်းထိုးနေတယ်။ သင်္ဘောဦးပိုင်းက ရေမြုပ်နေပြီ။  သူတို့  နှစ်ဦး သေဖို့ ကို အသာတကြည် လက်ခံ လိုက်နိုင်ပြီ။
               တဖြည်းဖြည်း  နေအရုဏ်မြင့်တက်လာချိန်မှာတော့ လေတိုက်နှုံးက တနာရီ ၅၄ မိုင်နှုံးအထိ လျော့ကျသွားတာမို့   အားငယ်လက်လျော့ချင်စိတ် ၀င်နေရာက မျှော်လင့်ချက် ရောင်ခြည်ကလေး ပြပြမှုံမှုံပေါ်လာ  တယ်လို့  ဆိုရမှာပါ။
နို့ ပေမဲ့ လဲ အချေအနေက  ထင်သလို ချောမွေ့ ချင်မှ ချောမွေ့ မှာပါ။ပင်လယ်ပြင်နဲ့ ကောင်းကင် ခွဲခြားမရအောင် ကို ..
 နေ့ ခင်းကြောင်တောင် မိုးမှောင်ကြီးကျနေတယ်၊    ပင်လယ်လှိုင်းတွေရဲ့  ကြားကနေ  ကျွန်းကလေးတွေဟာ အဝေးက အမြင် အကျယ်ရော အမြင့်ပါ အိမ်ကြီးတလုံးစာလောက်  မို့ မောက်နေရာမှာ လှိုင်းလုံးတွေက ထိပ်ကနေ ပြိုဆင်းလာနေတယ်။  လှိုင်းလုံးတွေရဲ့ အမြင့်ဟာ                ” Destiny “  ရဲ့ ရွက်တိုင်အမြင့် ၅၅ပေ နဲ့ တညီတည်းဘဲ ။လှိုင်းခေါင်းဖြူကြီးတွေ  လိမ့်ဆင်းလျောကျလာတဲ့အခါ  ရေမှုံ ရေမွှားတွေက သူတို့  ဇနီးမောင်နှံ ကိုယ်ပေါ် လွှမ်းအုပ် ရိုက်ပုတ်သွားတယ် ။ လှိုင်းလုံးအမောက်တွေ ပြိုဆင်းလျောကျတာ “တကယ်လှလိုက်တာ.ရှင် စီအာရာ စ်  က နှင်းတွေလိုဘဲ ။ အံ့သြလိုက်တာ။”လို့  ပေါ်လာက အပြော  လေတိုက်နှုံးက  တနာရီ ၆၉မိုင်  အထိ မြင့်တက်လာနေပြန်တယ်။ဒါကို anemometer  က ထင်ထင်ရှားရှား ပြနေတာပါ။Destinyဟာ ရေထဲ နစ်သွားလိုက် လှိုင်းက ပင့်တင်
တဲ့ အခါ ပေါ်လာလိုက်  တနာရီပြီးတနာရီ အချိန်နဲ့ အမျှ ပေါ်လိုက် မြုပ်လိုက် …ဒီ့နောက်…
                ပေ ၅၀မြင့် လှိုင်းလုံး နှစ်လုးံဟာ ရှေ့ ဆင့် နောက်ဆင့် တခုပေါ်တခုထပ်ပြီး Destiny ကို ၀င်တိုးလိုက်တယ်။ လေပြင်းတချက်ကလဲ သူ့ကို
မွှေ့ ရမ်းတွန်းတင်ပြန်တယ်။  လျိုင်းခေါင်းဖြူကြီးတွေက တခါ ဒေါကြီး မောကြီး နဲ့   တစခန်းထ ၀ါးမြိုပြန်တယ်။ လှိုင်းခွက်ထဲ ကိုတော့ကျမသွားဘူး။ ဒါနာက တခုခုတော့ ထူးပြီ လို့  အလန့်တကြားအော်တယ်။  Destiny ဟာ ရေပေါ်မှာ ၀ဲပျံပြီးနေရာက  ပေ ၇၀ အထက် ပိုနိုင်တဲ့  ရေတခွန်အမြင့်ကနေ ထိုးကျသည့်နှယ် ရေထဲ ကို သင်္ဘောဦးပိုင်းစိုက်ကျသွားတော့တယ်။ ဒါနာတယောက်ကတော့ တက်မကြီးကိုင်ပြီး မားမားကြီးရပ်လို့  ..အို..ဘုရားသခင် …စိတ်လှုပ်ရှား ရင်ခုန်စွာ နာနာကျင်ကျင် စူးစူးဝါးဝါးသံပြိုင်အော်မိကြတယ်။ လောက်လေးနဲ့  လွှဲပြစ်သလို အရှိန်ပြင်းငြင်း လွင့်စင်ထွက်သွားပြီး မြေကြီးရဲ့ ဆွဲငင်အားကြောင့် ပြန်ကျလာတဲ့ အခါ …ဖြည်းဖြည်းချင်း….ဖြည်းဖြည်းချင်း…
“သွားပြီ  “…..။  ရွက်လှေလေးရဲ့ ဦးပိုင်း ချိုင့်ဝှမ်းတခုထဲ ဖြည်း ဖြည်းချင်း ဂျွမ်းစိုက်ထိုးကျသွားစဉ် ဒါနာ စတီယာဘီးကို တွယ်ကပ်နိုင်ခွင့်ရထားတယ်။အဲဒီနောက် ပင်လယ် လှိုင်းလုံးများက ရိုက်ပုတ် ပြစ်ချလိုက်ပြန်တာကြောင့် ဂျွမ်းထိုးမှောက်ခုံ ဖြစ် ကျရပြန်တယ်။
မျှော်လင့်မထားတဲ့  အသံ
                 ပဲ့ ထိန်းလက်ကိုင်ကို မလွှတ်ပဲ ကြံ့ခိုင်စွာ မြဲမြဲစွဲကိုင်ထားတဲ့  ဒါနာက လှေနဲ့ အတူ ရေအောက်ရောက်သွားပါတယ်။ ဒါနာဟာ အတွေ့ အကြုံ ရင့်ကျက်သူပြီပြီ သူ့ မနောဝိညာဉ်က ဖရိုဖရဲ ဖြစ်မသွားပါဘူး။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ရေပေါ် ရောက်နိုင်ဖို့  အခွင့်အရေးကို ရှာနေတယ် ။ ခေါင်းမူးနေတဲ့ ကြားက အချေအနေကို သုံးသပ်ပြီး မကြာခင် သူ့  Destiny  တနည်းနည်းနဲ့   ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်လို့  ယုံကြည်နေတယ်။သူ ယုံကြည်ထားသလိုပါဘဲ။ Destiny ရေပေါ် ပြန်ပေါ်လာတယ်။
               ပေါ်လာ့ကို သတိရရချင်းရှာတယ်။ .ဘုရားသခင့်ကျေးဇူးတော်ကြောင့် ပေါ်လာ့ကို သူတွေ့ သွားပါပီ။ ဒါပေမဲ့  သင်္ဘောဦးပိုင်း ခုံတွေအကြား သပ်လျိုသွင်းထားသလို ညှပ်နေတယ်။ ဒါနာ သူ့ ကိုယ်ကို ရွေ့ ကြည့်တယ် ။လှုပ်ကြည့်တယ်။ရွက်ကြိုးးတွေနဲ့  နှောင်ဖွဲ့နေလို့  လှုပ်မရဘူး ။ရှုပ်ရှက်ခတ်နေတယ်။ ဒါ့အပြင် နံရိုးတွေ ..ပေါင်ရိုးတွေလဲ ကျိုးနေပလားဘဲ ။ ပေါ်လာကဘဲ  သူမ အကြပ်အတည်းကို ဖြေရှင်းရုန်းထွက်နီုင်ခဲ့ ပြီး  ဒါနာ့ထံ ဖြည်းဖြည်းချင်းတွားသွားပါတယ်။ သင်္ဘောဦးခန်းက လေယာဉ်ထိုင်ခုံမှာ မှိထားပေးတယ်။ ဒါနာ့ ဝေဒနာက ပြင်းနေတာမို့ ..သူမလဲ ဘာလုပ်ရမှန်းမသိဘဲ စိတ်မကောင်းဖြစ်နေရတယ်။
‘”ကျွန်မ ဘာလုပ်ပေးနိုင်မ လဲ .. ကွယ် ..” သူမက သက်ပြင်းတချက်ရှိုက်ရင်း ညီးညူ ပြောဆိုလိုက်တော့ …ဒါနာ က .”.ရွက်ဆိုင်းကြိုးတွေကို မင်းဖြတ်ပေးရမယ်။ ပေါ်လာ ။”  အင်တာနာကြိုးတချောင်း ရော ။ ပြီးတော့ ရေ တွေကို ငါတို့ ဘယ်လောက်ခပ်ထုတ်ပစ်နိုင်မလဲ  ကြည့်ပါ ။”
နှစ်တော်တော်များများမှာ  ဒီလို အရေးပေါ် အချေအနေမျိုး ကြုံကြိုက်ဖူးခဲ့ ပေမဲ့   အခုတခါမှာတော့  သူတို့  မကြံတတ်ကြဖူး။
 ပေါ်လာ ဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို သူမ သင်္ဘောကို သူမ မောင်းနှင်  ထိန်းသိမ်းနိုင်စွမ်း ရှိတယ်။ သေသပ်ကျနစွာ ရွက်လွှင့် သွားလာနိုင်စွမ်းရှိပါတယ်။ ရေဒီယို ဆက်သွယ်မှု ၊ရေဒါစံနစ် စတာတွေ ရာသီဥတုပြ ဇယားကွက်တွေ ၊ ဖက်က်စ်  စတာတွေ  ကောင်းကောင်း ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့  ခု တကြိမ်တော့ သူမ ဘာလုပ်ရမှန်ဒမသိတော့ဘူး။
                ပေါ်လာ သင်္ဘောအောက်ခန်းကို ဆင်းလိုက်တော့ မူးမေ့ သွားချင်စရာပါဘဲ။ ရေတွေက ကြမ်းခင်းပျဉ်ပေါ်မှာ အပြည့်။ ရေအိမ်ခန်း နဲ့ အခြား ကက်ဘင် ခန်းငယ်များ ပတ္တာတွေက ပြုတ်ထွက်ကုန်တယ်။ ပုဂံခွက်ရောက်တွေကအစ မွစာကြဲအောင်ကွဲကြေ ကုန်ပြီ။
တိုလီမိုလီပစ္စည်းတွေက လဲ ပြန့် ကြဲလို့ ။ရေခဲ သေတ္တာတောင်  မကျန်ရပါ  လွှင့်စင်ကွဲအက်နေပြီဟာ။
 သူမရဲ့ အရုပ်ကလေး Teddy ခမြာလဲ ရေထဲမှာ မျောပါနေပြီ။
                ကံကောင်းချင်တော့  ရေဒီယို အချက်ပြ  ( Emergency Position indicating Radio Beacon )  ဘက်ထရီ မီးက  အလုပ်လုပ်နေဆဲပါ။ သူမအနေနဲ့ သူမတို့  ရဲ့  တည်ရှိမှု ကို သတင်းပေးပို့  ဖို့  အလားအလာရှိပါတယ်။ ဟုတ်ပြီ။သူတို့  ယခု ရှင်ခြင်းနဲ့  သေခြင်းအကြား
ခဲခက်စွာ ဖြတ်သန်းနေရပြီဆိုတာ သတင်းပို့ ရပါမယ်။ သူမ ခလုပ်တွေကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ လဲ သူမ ရမယ်လို့ တော့ တတ်အပ်သေချာ မပြောနီုင်သေးပါဘူး။ “ ဘုရားသခင် ..ကူညီစောင့်ရှောက်ပါ။ “ 
                အလူမီနီယံ  ရွက်တိုင်များဟာလဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ ရတာကြောင့် အောက်ကို လိန်ကျစ်ငိုက်ကျပြီး  သင်္ဘောကိုယ်ထည်ပေါ် တဖြတ်ဖြတ်  တဖတ်ဖတ် ရိုက်နေတော့တယ်။ ဖန်မျှင်များ ကြေမွ ပွင့်ထွက် မကုန်မီ သူမ ရွက်ကြိုးကို ဖြတ်တောက်ပစ်ရမယ် ဆိုတာ သဘောပေါက် သွားတယ်။ သူမ သက်ကယ်ကြိုးမပါဘဲ သတ္တုဖြတ်လွကို လက်မောင်းမှာ ပူးချီပြီး  သင်္ဘော
ဝမ်းဗိုက်ပေါ်က ကုန်းပတ် တလျှောက် ဖြည်းဖြည်း တွားသွားတယ်။သင်္ဘောကလဲ ဆိုးဆိုးဝါးဝါး ကို လူးလိမ့် လှုပ်ခါနေတာပါ။ သူမကိုယ်ကို စဉ်ဆက်မပြတ် ဖုံးလွှမ်း တိုက်စားနေတဲ့  လှိုင်းလုံးကြီးများဒါဏ်ကိုလဲ မနည်းကြံ့ ကြံ့ ခံနေရတာပါ။
                ပေါ်လာ ပထမ ဦးဆုံးမြင်လိုက်ရတာက သံမဏိ ကြီုးတွေပါ။ ရွက်တိုင်တွေကို ထိန်းချုပ်ထားပါတယ်။  သူမလုပ်ရမဲ့ ကိစ္စက အောင်မြင်ဖို့ လမ်းသိပ်မမြင်ပါဘူး။သူမ နောက်ကို နည်းနည်း ပြန်ဆုတ်မိတော့  ဒါနာက သူ့ခေါင်းကို တွင်တွင် ရမ်းခါလိုက်တယ်။လူကလဲ ဖြူဖျော့နေပြီ။ နှုတ်ခမ်းတွေက ပြာလာတယ်။ ချေလက်တွေ ကတုန်ကရင် ဖြစ်လာတယ်။ ပါးစပ်က တောင်စဉ်ရေမရ တတွတ်တွတ် ရွတ်နေတယ်။ ပေါ်လာ သူ့ကို ထားခဲ့ ပြီး  ပဲ့ ပိုင်းကို ဒယီးဒယိုင်သွားပြန်တယ်။ကွေးကောက်နေတဲ့  တာဝါတိုင်ပေါ်  ရေဒီယို အင်တာနာကြိုးကို တတ်နိုင်သလောက်မြင့်မြင့် ပြန်ဆင်တယ်။  သင်္ဘောဦးပိုင်းပြန်ရောက်တော့  ဒါနာ  တယောက် မူးဝေယစ်သီပြီး
ပျို့ အံနေတာ တွေ့ ရတယ်။ လူတကိုယ်လုံးလဲ နာကျင်နေတဲ့ အပြင် စိတ်ပါ  ခြုံးခြုံးကျနေတယ်။
               ဒါနာ့ကို နွေးနွေးထွေးထွေးထားဖို့  လိုတာမို့  ပေါ်လာဟာ  သင်္ဘောကြမ်းပြင်မှာ ဒရွတ် ဆွဲခေါ်သွားရတယ်။ကက်ဘင်ခန်းရောက်ဖို့  အနည်းငယ်မျှသာ ကွားလှမ်းပေမဲ့  ပေါ်လာက တနာရီးလောက်ကြာအောင် အလုပ်လုပ်
လုပ်ခဲ့ ရတာပါ။ ဒါနာကို သတိလစ်ရက်ကြီး အိပ်ယာပေါ် ရောက်အောင် ပို့ လိုက်နိုင်တယ်။
                ပင်လယ်ကြီးက ကောင်းကောင်းကြီး ထုထောင်း သောင်းကျန်း နေတုံးပါဘဲ ။ ဒါနာနဲ့  ပေါ်လာတို့ က လှေနဲ့ အတူ မျောပါနေဆဲ ပါဘဲ။ Destiny ဟာ ရုန်းထွက်လာလိုက်  ၊ နစ်မြုပ်သွားလိုက် ..။ အလူးအလဲ ခံနေရဆဲ ပါ။တခါတရံ ဒါနာ တယောက် သူ့ အိပ်ယာကနေ .ခုန်ထွက်လာပြီး မျက်နှာကျက်နဲ့  ပြေးဆောင့်လိုက် ၀ုန်းကနဲ  ပြန်ကျလာလိုက်…။အကြိမ်ကြိမ်ပါဘဲ ။ သူ့တကိုယ်လုံး ကျေမွသွားအောင် နှိပ်စက်နေကြသလား။ ဘယ်တုံးကမှ ဒီအနေအထားမျိုး မရောက်ခဲ့ ဖူးဘူး။
                 ရွက်တိုင်က သင်္ဘောကိုယ်ထည်ကို ရိုက်နေတဲ့ အသံ ကြားနေရဆဲဘဲ။ ဒီ အချိန်မှာဘဲ …နယူးဇီလန်သားလေသံမျိုးနဲ့ 
“ Destiny.., Destiny… , Kiwi ခေါ်နေတယ် … သရီး..၀မ်း…ဖိုက်.. ကြားလား….အိုဗာ။ “ ဆိုတဲ့  အသံကိုပီပီပြင်ပြင်ကြားလိုက်ရတော့တယ်။
အသံတွေက နည်းနည်းတော့ ဗလုံးဗထွေးနေပေမဲ့  သဲကွဲ ပါတယ်။ VHF ရေဒီယိုက  ဆက်သွယ်လာခြင်းဆိုတာ သူမ သိနေတယ်။ ရွက်တိုင်ထိပ်ဖျားက အင်တာနာက ရေအောက်ရောက်နေပေမဲ့ လဲ ပုံမှန် အလုပ်လုပ်နေဆဲပါလား။ သူမ မိုက်ကရိုဖုန်းကို ကောက်ယူ စကားပြောဖို့  ကြိုးစားရှာတယ်။ မကြာမီ နယူးဇီလန် တော်ဝင်ရေတပ် ( Royal New Zealand  Air Force P3 Orion ) နဲ့  အဆက်အသွယ်ရလာတဲ့ အခါ  p3 0rion  လေယာဉ်မှာ ဆရာဝန်တဦးလိုက်ပါလာမယ် ဆိုတာ သိရလို့   ပေါ်လာ  ပျော်သွားတယ် ။ စကားပြောဖို့  အခက်အခဲ ရှိပေမဲ့  ဒါနာ့ အချေအနေကို ရေလည်အောင်တော့  နည်းနည်းချင်း ပေါ်လာ ရှင်းပြနိုင်ခဲ့ တယ်။
                 လေယာဉ်ဟာ သူတို့ ခေါင်းပေါ်မှာ ၀ဲလည်လှည့်နေပါပြီ။ ပေ၂၀၀ အကွာလောက်အထိ ဆင်းပြီး ကြည့်ရှုနေပါတယ်။ မိုးထဲ လေထဲမှာ ဖြတ်သန်းမောင်းနှင်နေတာပါ။  ရွက်တိုင်က သင်္ဘောကိုယ်ထည်ကို ရိုက်ပုတ်နေလို့  ဒါကို လေယာဉ်မှုးက ကြားပေမဲ့  အတည်ပြုနိုင်ဖို့  လိုပါသေးတယ်တဲ့ ။ ပေါ်လာကလဲ “  လေယာဥစက်သံ ကို ငါ ကြားနေတယ်။ မင်းတို့  ငါတို့ ကို မုချ ကယ်တင်နိုင်မှာပါ လို့  အော် .အော်ပြောနေတယ်။ ကိုးကွယ်ရာမဲ့  မိန်းမသားတဦးအဖို့  သနားစရာ အကောင်းဆဲုး အချိန်ပါဘဲ ။
                 Orion  အဖွဲ့ သားများက Destiny  ရေပေါ် တာရှည် မနေနိုင်ဘဲ နစ်မြုပ်သွားမှာကို အထူးစိုးရိမပူပန်နေကြတယ်။
ရေဒါစကင်မှာ လဲ  တန်ချိန် 7987တင်ဆောင်လာတဲ့  ကွန်တိန်နာ သင်္ဘော  Tui Cakau 111 ဟာ  ဒီအနီးအနားတ၀ိုက်မှာဘဲ ရှိနေတယ်
ဆိုတာ ဖေါ်ပြလာတယ်။ သူ့ မာလိန်မှူး James  Hebden က  ရေဒီယို သတင်းတခု ပေးပို့ ရာမှာ သူတို့  ၄၈ မိုင် အကွာမှာ ရောက်နေပြီး
ပါတဲ့ ။ ဒါပေမဲ့  သူတို့ လဲ အလားတူ မုန်တိုင်း ၊ လှိုင်း တွေနဲ့   မကြုံစဖူး  ကြုံနေရတာမို့  ဘယ်လောက် အချိန်ကြာမှ သူတို့  Destiny ဆီေ၇ာက်မယ်ဆိုတာ ပြောပြဖို့  စောလွန်းနေတယ်တဲ့ ။တွက်ချက်ရလဲ ခက်လှပါတယ်တဲ့ ။
                 ပေါ်လာ နဲ့  ဒါနာ တို့ ဟာ  ဒီမျှ ခက်ခဲ ဆိုးဝါးလွန်ူးတဲ့  အချေအနေ ပေါ်မှာ မယုံကြည်နိုင်ဖွယ် ရှင်သန်ရပ်တည်နေတာကို Orion အဖွဲ့ သားများက ချီးကြူးခဲ့ ကြတယ်။ လှိုင်းပုတ်လို့  မချိမဆန့် အော်ခဲ့ တဲ့  ပေါ်လာ့ အသံကို သူတို့  ကြားခဲ့ ကြရကြောင်း နဲ့  ဒါနာ ..ပေါ်လာ  တို့  သေသည် ရှင်သည် အချေအနေ ကို အတည်ပြုချက် ရယူဖို့  အချိန်တိုင်း စိုးရိမ်မကင်းစောင့်ကြည့်ခဲ့ ကြောင်းကို
ပြောပြခဲ့ ကြတယ်။
                 ညဘက် ရောက်တဲ့ အခါမှာတော့ Orion လေယာဉ်က  Destiny ပေါ် ခပ်နိမ့်နိမ့် ပျံသန်းလိုက်ပါလာနိုင်ပါပြီ။ ဒါပေမဲ့  ညအမှောင်က  ကြီးစိုးလွန်းတာကြောင့် ကယ်ဆယ်ဖို့ အခွင့်အရေး ကို ရှာဖွေရတာဟာလဲ ရင်မောစရာပါဘဲ။ အသက်ကယ်ဖေါင်တွေလဲ ရှိတော့တာမဟုတ်ဘူး။
  “ ဘုရားသခင်။”     ပေါ်လာခမြာ ဘုရားသာ အတွင် တနေရတယ်။” လှေမြုပ်သွားရင်တော့ ငါတို့  အသေဘဲ “  လို့  တွေးနေတယ်။ Orion
က ချပေးလိုက်တဲ့  ၀ိုင်ယာလက်စ် အသံလွှင့်စက်ကလေး ကတော့ Destiny အနားက  ရေပေါ်မှာ ပေါလောမျောလို့  ..။အရေးပေါ် အချက်ပြမီးက အလုပ် မလုပ်တော့ဘူး။ 
ခွန်အားမဲ့  ခုခံ ခြင်း
                    ဒီဗွီယာနာဝီလာ ဟာ ဒါရေးလ် နှင့် လက်ထပ်အပြီး နှစ်အတန်ကြာမှ ဒါရေးလ် ဇွတ်တရွတ် လုပ်တတ်ကြောင်း အခိုင်အမာ ယုံကြည်လိုက်ရတော့တယ်။  သူမက  မုန်တိုင်းနဲ့  ကြုံတွေ့ ရနိုင်တယ်လို့  သတိပေးပေမဲ့  ဒါရေးလ် က မမှုခဲ့ ပါဘူး။ ဆုံးဖြတ်ပြီးကိစ္စတရပ်မို့  သူ နောက်မဆုတ်ဘူးလို့  ပြောခဲ့ တယ်။  ဒါကြောင့်   သူမခင်ပွန်းကို အနီးကပ် ကူညီ စောင့်ကြည့် ဖို့  တာဝန်ရှီလာပြန်တယ်။ နောက်ဆုံး တနေ့  ဘုရားသခင်က စောင့်ရှောက်မှာပါလို့ တော့ သူမ ခံယူထားပါတယ်။
                     ဂရိတ်ဘာရီယာ (Great Barrier Island ) ကျွန်းမှာ မုန်တိုင်းနဲ့  တဲ့ တဲ့  တိုးနိုင်ကြောင်း သူမက နိမိတ်ဖတ်ပြောကြားခဲ့ပေမဲ့ 
ရာသီဥတုက လက်ရှိမှာ သာယာလှပလွန်းနေတယ်။ တနာရီ  ၄၅ မိုင် နှုံး ထက် ပ်ုလို့  တိုက်ခိုက်လာလိမ့်မယ် ဆိုရင် အဲဒါ  လုံးဝ မယုံကြည်နိုင်စရာပါဘဲ တဲ့ ။
                      အမှန်တော့လဲ  သူတို့  တတွေ က  ရှုပ်ထွေးပွေလီလှတဲ့  မြို့ ပြဆီကနေ ..   ရေပြာပြာ မှာ  ရွက်ဖွေးဖွေး တက်ဖွေးဖွေး
လှော်ခတ် ရွက်လွှင့် ရင်း ပင်လယ် ရေကြောင်းခရီး သွားလာကြဖို့  စိတ်အားထက်သန်ခဲ့ ကြတာပါ။ ဒါသူတို့ ရဲ့  အကြိုက်ဆုံး လူနေမှု စတိုင်တခုပါဘဲ တဲ့ ။ ဒီဗွီယာနာကလဲ ရေကြောင်းခရီးထွက်ရတာဟာ သူမ ခံတွင်းအမြိန်ဆုံးဟင်းတခွက်နဲ့  အစာ စားလိုက်ရသလိုပါဘဲတဲ့ ။
                      ရာသီဥတု အခြေအနေက လုံးဝ ကျေနပ်စရာပါဘဲ။ အပူအအေးမျှတတယ်။  သင်္ဘောသားတယောက်ရဲ့  အိမ်မက်ကို
လက်တွေ့ ပုံဖေါ်ရတော့မှာ ဘဲလို့  ဒါရေးလ်က ဥဒါန်းကျူးရင့်နေပါတယ်။
အဲဒါနဲ့ ဘဲ သူတို့  ရွက်လှေကလေး  Heart Light  ကို ရေချပြီး  တွန်ဂါ ဘုရင့်နိုင်ငံဘက်ကို ဦးတည် ထွက်ခွာ ရွက်လွှင့်ခဲ့ ကြတော့တယ်။ သူတို့ ရဲ့  ရေကြောင်းခရီးဟာဘယ်လိုဘဲ  ချောမွေ့ တယ်ပြောပြော အချိန်နာရီနဲ့ အမျှ  ရာသီဥတုက ပြောင်းလဲ လာတယ်။ မုန်တိုင်းရဲ့  အရိပ်အငွေ့ တွေ တဖြည်းဖြည်း  ထင်ဟပ်လာတယ်။
                      စနေနေ့ မနက်မှာတော့ ….လေတိုက်နှူံးက တနာရီ ၄၅မိုင်နှုံးကနေ  ကျော် ကျော်လာတယ်။ ပင်လယ်ရေက ၂၅ပေ မြင့်တက်လာတယ်။ ဒါရေးလ်ဟာ ဒီတော့မှ တခြား ရွက်လှေတွေဆီက သတင်းပေးပို့ ချက်များကို နားစွင့်လာတယ်။ တစင်းပြီးတော့ တစင်း အချင်းချင်း   သတင်းဖလှယ်ကြတယ်။ တစ တစ အခြေအနေ ဆိုး ဆိုး လာကြောင်း  မာယာများတဲ့  ညည့်အမှောင်ထဲ ရွက်လှေလေးတွေ တစင်းပြီးတစင်း တိုးဝင်မိကြပြီဆိုတာ  ဒါရေးလ် အတည်ပြု လက်ခံ လိုက်တယ်။ စိုးရိမ်ဖွယ် အနေအထားမှာ ရောက်နေပြီးမို့  ပုန်းခို နားနေ စရာ  တွေ့ မလား ရာသီဥတု အခြေပြ ကားချပ်ကို ဆွဲထုတ်ရှာဖွေ ကြည့်တယ်။ ဘယ်မှာမှ ရှာမတွေ့ ပါဘူး။ နယူးဇီလန် ကျွန်းက သူတို့ နောက်  မိုင်၄၀၀ အကွာမှာ ကျန်ရစ်ခဲ့ ပြီး တွန်ဂါ ရောက်ဖို့  နေ့များစွာ လိုပါသေးတယ်။
                       အလို…ပင်လယ်ပြင်က ဘာကြောင့် ငြိမ်သက်နေပါလိမ့် ။  Heart Light  ရွက်လှေ လဲ အခြေမပျက် ရှိနေတယ်။ အော်တို ပိုင်းလော့ကို ဖွင့်ပေးပြီး ဒလစပ် အပြေးခိုင်းလိုက်ရမလား။
                        သင်္ဘောဦးခန်းထဲက ထိုင်နေတဲ့  ပဲ့ထိန်းသမားတယောက်အဖို့  ဟို မိုးကုတ်စက်ဝန်းတွေဆီ က ပေးပို့ မဲ့  သတင်းအချက်အလက်တွေကို  မျက်ခြေမပြတ် စောင့်ကြည့်ဖို့ တော့ လိုပေလိမ့်မယ်။  အပှန်က အဲဒါက ကျေနပ်စရာဘဲမဟုတ်ပါလား။
မိမိလက်နဲ့  ပဲ့ ထိန်းဘီးကို လိုရာထိန်းချုပ်ပြီး  မ်ုင်ပေါင်း ၁၆,ooo  ပင်လယ်ရေကြောင်းခရီးကို ကျော်ဖြတ် သွားလာနိုင်ခဲ့ တာ ပီတိဖြစ်စရာပါ။
အော်တိုပိုင်းလော့ထ်ကိုပိတ်ပြီး နီးရာ ကုန်းမြေတခုမှာ  ကျောက်ချနားနေလိုက်တာဟာ ခုအချိန်မှာ သူမအဖို့  (ံHeart Light ) အဖို့ 
 ဘေးအကင်းဆုံးပါဘဲ။
 ဒါပေမဲ့  လောလောဆယ်  လေတိုက်နှုံးက တနာရီ ၇၀ မိုင်နှုံးထိ ကြမ်းတမ်းလာ ပြီ။ ဒီလို မုန်တိုင်းအကြား ငါတို့ ရွက်လှေကလေး ကို ဘယ်လို ခွန်အားတွေနဲ့  စောင့်ရှောက်ထိန်းသိမ်းနိုင်မတဲ့ လဲ။ ‘ ဒါရေးလ် တွေးပူနေတယ်။
                 ဒီဗွီယာနာဟာ အော်တိုပိုင်းလော့ထ် ဘာတွေလုပ်မယ်ဆိုတာ ဒိုင်ခွက် သုံးခုပေါ်ကနေ  မျက်ခြေမပြတ်စောင့်ကြည့်နေရတယ။်
ပင်လယ်ရေက ပေ၅၀ ထိ မြင့်တက်လာတယ်။  Heart Light ရဲ့  ပဲ့ ပိုင်းဟာ လျိုင်းတွေအောက်ကို ဘေးစောင်းကလေး လျောကျ သွားတယ်။
                  ညဟာ သိပ်သည်း ကျစ်လစ်စွာ   မဲညစ်နေတယ်။ ဘာတခုမှ ထိုးဖေါက်မြင်နိုင်စွမ်း မရှိဘူး။  မကြာခဏ  Heart Light ဟာ လှိုင်းခေါင်းဖြူများက ပြေးလွှားဖုံးအုပ်သွားလို့  မြုပ်ချည် ပေါ်ချည် ဖြစ်နေတယ်။ ဖြိုးးကနဲ ဖြန်းကနဲ  လွှင့်စင် တိုက်စားသွားတဲ့ 
ရေမှုံ ရေမွှားတွေကလဲ  Heart Lightကို အနေအထားပျက်ယွင်းစေတာပါ။ဒါရေးလ်ဟာ သူတို့ နှစ်ဦးရဲ့  အဖြစ်သနစ်ကို အသိပေးသင့်ပြီလို့  ယူဆတာမို့  ကမ်းခြေစောင့် ကယ်ဆယ်ရေးဋ္ဌာနများဆီ ရေဒီယို သတင်းပို့ ပါတယ်။
                  ပြီးတော့ သူ့ ဇနီထံ မိုက်ခွက်ကို လှမ်းပေးလိုက်တယ်။  အမေရိကန်ပြည်ထောင်စုမှာရှီတဲ့ သူမ မိခင်ထံ  ဆက်သွယ် ပြောဆိုတာပါ။ သူတို့  ကုန်းပေါ်ကို ပြန်လာနိုင်ဖို့  အချိန်လိုသေးတယ် တဲ့ ။
                  ပင်လယ်ကြီးကတော့ သူပုန်ထနေဆဲပါ။ လေမုန်တိုင်းကလဲ အလားတူ သောင်းကျန်းနေဆဲပါဘဲ။ ညက ပိုမှောင်ပြီး ပို နက်ရှိုင်းလာတော့တယ်။ အင်အားကြီး လှိုင်းတလုံးက Heart Light  ကို ဖြတ်ကနဲ ခွပ်ကနဲ ရုတ်တရက်  ရိုက်ပုတ်လိုက်တာကြောင့်
ထိန်းမရ သိမ်းမရ  သူမ ခမြာ ချာလည် ပတ်လည် ဖြစ်သွားတော့တယ်။ဒီအခါ ဒီဗွီယာနာက  autopilot  ခလုပ်ကို အပြေးသွားပိတ်ရတယ်။
ဘီးကိုလဲ လိမ်လှဲ့  ဆွဲယူပြီး အစွမ်းကုန် ရှောင်တိမ်းရပြန်တယ်။ ဒါရေးလ် ကိုတောင်  သူမက ဒီပုံမျိုး ပြုလုပ်ရင် လမ်းကြောင်းမှန်ပြန်သွားနိုင်တယ်လို့  ပညာပေးနေတယ်။
                    “ Heart Light ကတော့ ဖြောင့်ဖြောင့်တန်းတန်း မရှိလှဘူး။ သူမ autopilot ကို ဖွင့်ပြန်တယ်။ ဒါပေမဲ့  ဘာမှ မတတ်နိုင်ဘဲ နောက် ဆယ်မိနစ်အကြာမှာတော့ လက်လျော့သွားတော့တယ်။
                   ကောင်းကင်က လျှပ်စစ်ရောင်ခြည်တွေနဲ့  ၀င်းလက်နေတယ်။မိုးကြိုးခွင်းသံကလဲ ကြောက်ခမန်းလိလိ
ပါ။ဒီအခြေအနေအောက်မှာ ရွက်လှေလေးတွေ  ဆီက ကျိုးကြေ ပွန်းရှသံတွေ  ခပ်စူးစူး ထွက်ပေါ်နေပြန်တယ်။ ဒါရေးလ်ခမြာ လှိုင်းပေါ်က
ဒီဗွီယာနာကလဲ အပြင်းအထန် ကူညီနေရတယ်။
                 ပီးခဲ့ တဲ့  နှစ်တွေမှာ တုံးက “နှင်းပွင့် တိုင်းပြည်များ “ မှာ သူတို့ံ နှဦး နှင်းလျောစီး ခဲ့ ကြစဉ်က ဒီလိုမျိုး သစ္စာ မဲ့ လွန်းလှတဲ့  ရာသီဥတုမျိုးနဲ့  တကြိမ် ကြုံခဲ့ ရဖူးပါတယ်။ သူမဟာ ဒါရေးလ် ရဲ့  စွမ်းရည်ကိုလဲ အမြဲ ယုံကြည်ခဲ့ သူဖြစ်ပါတယ်။ သူမက “ ကျမတော့ ဒါမျိုးနှစ်ခါ မကြုံ ပါရစေနဲ့  လို့  ဆုတောင်းတာ မပြည့်ဖူး ထင်တယ် “ ‘ဒါပေမဲ့  ..ရှင် အောင်မြင်မှာပါ ။”   တဲ့ ။အားပေးလာတယ်။
                   သူမ က သူ့ အနောက်မှာ ရပ်ပြီး အခါမလပ်  ခက်ခက်ခဲ ခဲ သတင်းပို့ နေရတယ်။ဒါရေးလ်ကတော့ သူ့  ရွက်လှေကလေးကို
လမ်းကြောင်း မှန်မှန် ပြေးနေစေဖို့  အင်ဂျင်စက်တွေ  ဂရုစိုက်နေရတယ်။  တက်မနှခုနဲ့  လဲ တည်ငြိမ်မှုရအောင် မနည်းအားထုတ်နေရတယ်။လီဗာ မောင်းတံ ကို ရှေ့ သို့  အားအပြည့် ထိုးစိုက်လိုက် ၊ ရွှေ့ လိုက် ၊ ပြောင်းလိုက် ၊ အဲလို အချိန်မျိုးမှာ အင်ဂျင်စက်သံ နဲ့  ပန်ကာလည်တဲ့ အသံတွေက ငှက်ဆိုးတကောင် အော်မြည်နေသလို ပါဘဲ။
                   ဒါရေးလ်  အောင်မြင်ပါတယ် ။ သူလှေကလေး ထူထူထောင် ထောင်ဖြစ်လာခဲ့ ပါတယ်။  သူကိုယ်တိုင်ကတော့ ဖြူလျော်လျော်
ေ၀၀ါးဝါး  ။မှုံရီရီ ၊ မြင်ကွင်းက မရှင်းဖူး။ ဒီဗွီယာနာက သူနဘေးမှာရပ်ပြီး ထိုင်ခုံမှာ သူမြဲမြဲ ထိုင်စေနိုင်ဖို့  ထိန်းပေးနေရတယ်။ တလုံးပြီးတလုံး လှိမ့်ဝင်လာနေတဲ့  လှိုင်းတွေကြားကဘဲ သူတို့  အော်ဟစ်ပြီးစကားတွေလဲ ပြောဖြစ်ခဲ့ တယ်။ သူတို့ ဟာ တနာရီ ၇မိုင် ကနေ ၁၅ မိုင် နှုံ့း အကြား ခရီးသွားနေရတာကို အလွန်အမင်း အံ့သြနေကြတယ်။
                   ရုတ်တရက်  Heart Light ရဲ့  အနောက်ပိုင်းဟာ ခါရမ်းသွားပြီး  လှိုင်းတွေအကြား ဘေးတိုက် ပြစ်ချလိုက်သလို စောင်းကျသွားတယ်။ ပြီးတော့ ရေပေါ် ပြန်တက်လာတယ်။ ဒါရေးလ်နဲ့ ဒီဗွီယာနာတို့  ၂ယောက်  လဲကျသွားတယ်။သူမက  ခြေဆစ် နဲ တင်ပါးရိုးတွေ နာသွားတယ်။ Heart Light ရဲ့  အင်ဂျင်တွေသုံးစားလို့  မရ တော့အောင်  ပျက်စီးနေလောက်ပြီ။
                  စတက်ဖနီ ကတော့ အိပ်စင်ကနေ ကြမ်းပေါ် ဘုတ်ကနဲ ပြုတ်ကျလာတယ်။
ရေကြောင်းခရီးသွားသူများဟာ   ပင်လယ်လှိုင်း တံပိုးတို့ ရဲ့  ဒါဏ်ကို ခုခံဖို့  ခွန်အားမရှိတော့သော်လဲ  စွမ်းနိုင်သလောက်
ခုခံ ကာကွယ် နေရတော့တယ်။
သေမင်းခေါ်သံ
                  ဒီလို အဖြစ်တွေကြားမှာ ရာဘာ လှေကလေးတစင်း  ဒုံးလွှတ်သလို  ပျံတက် လွတ်ထွက်သွားတယ်။ သင်္ဘောကိုယ်ထည်နဲ့ တောင် ပွတ်တိုက် ပေါက်ထွက် သွားနိုင်တယ်။ သားဖြစ်သူ ရှိန်းန် က ရာဘာလှေကလေးကို ဆင်းဆယ်ဖို့ တံခါးကိုဖွင့်  ထွက်သွားတယ်။   မိုးနဲ့ အတူ လှိုင်းလုံးတွေက  တလုံးပြီးတလုံး သွန်ချ လှိမ့်ဝင်လာတာမို့   ဒီဗွီယာနာကလန့် ဖြန့် ပြီး တံခါးပိတ်လိုက်တယ်။ အပြင်မှာ ကျန်ရစ်တဲ့ သားကို စိတ်မချတာနဲ့  ပြတင်းပေါက်ကနေ ချောင်းကြည့်တော့ သားဟာ ကြာပွတ်နဲ့  ရိုက်နေသလို သင်္ဘောကိုယ်ထည်မှာ  တဖြတ်ဖြတ်ဖြစ်နေတဲ့ 
ရာဘာလှေ ကြိုးကို တင်းတင်းရင်းရင်းဖြစ်ဖို့  ကြိုးစားနေတာမြင်ရတယ်။ မကြာပါဖုး။ ရေနံရံ ကြီးတခု ကွာကျလာသလို ပြိုဆင်းလာတဲ့ 
ရေပြင်ကြီးအကြား ရှိန်းန် တယောက် ရေပေါ် မြောက်ပါသွားတော့တယ်။ ဒါရေးလ်က  ရှိန်းန်ကော  ရှိန်း န့် …… သူ့ကို မြန်မြန် အထဲ ၀င်ခိုင်းလိုက် ….တဲ့ ။ ဒီဗွီယာနာက  ဘုရား မလို့  သူ ခုထိ အဲဟိုမှာ ရှိနေတုံးဘဲ …တဲ့ ။ အပေါ်မြောက်တက်ပြီး ပလူပျံနေတဲ့  ရှိန်းန် ကို တဖန်
တန်ချိန်များစွာ လေးမဲ့  ရေလုံးကြီးတလုံးက တွန်းတိုက် ပြစ်ချလိုက်တာ  ကုန်းဘောင် တံခါးတခုနဲ့  ပြေးဆောင့်တော့တယ်။ ရှိန်းဟာ အရှိန်အဟုန် ပြင်းပြင်း နဲ့  ပြစ်ချခံရရာမှ ကြောက်အားလန်ူအားနဲ့  သင်္ဘောဦးခန်းက ကော်ဇောကြီး ကို ဆွဲမိ ဆွဲရာ  ဆွဲထားလိုက်တယ်။
.. ရေလုံးကြီးလျောဆင်းသွားရာမှာလဲ သူ့ ခြေ နှစ်ချောင်းကိုပါ စုပ်ယူသွားလို့   လျောပါသွားသေးတာပါ။
                  နာရီဈားစွာ ကြာညောင် ပြီးချိန်မှာတော့  အပြင်ဘက်ကနေ သင်္ဘောကိုယ်ထည်ကို  တခုခု
ရိုက်ပုတ်နေသလို ကြားပြန်တယ်။ ကြိုးတန်းလန်းနဲ့ ရာဘာလှေက မုန်တိုင်းခေါ်ရာ လေဟုန်စီးလိုက်ရင်း  သင်္ဘောကိုယ်ထည်ကို တဖြတ်ဖြတ် ရိုက်ချနေတာပါ။  ရှိန်းန် က ဒါကို အပြီး အပြတ်လုပ်မှ ဖြစ်မယ် ဆိုတာ ဆုံးဖြတ်မိတော့ တခါးဖွင့်ထွက်ပြန်တယ်။ သက်ကယ်ကြိုးလဲ မသုံးဘူး။
မိခင် က အထဲကနေ ဓါတ်မီးထိုးပြတယ်။ ကြိုးပြတ်သွားတဲ့  ရာဘာလှေကလေးကတော့ လွတ်ရာ ကျွတ်ရာ ပြေးထွက်သွားပါတော့တယ်။
                  ဒီအချိန်မှာ ခွေရစ်သိမ်းဆည်းထားတဲ့  ပေ၆၀၀ အရှည်ရှိ ကြိုးခွေ တခွေက သိုလှောင်ခန်းကနေ အပြင်ကို ခုန်ထွက်လာတယ်။ ကုန်းပတ်ပေါ်မှာ သူက ဖိတ်စင်ကျလာပြီး အရာအားလုံးကို တွယ်ညိ ရစ်ပတ်ကုန်တော့တယ်။ နေရာအနှံ ပြန့် န်တယ်။  ဒါဟာလဲ အန္တရယ်
တခုပါ။ ရှိန်းန် က ငါ ဒါကို ပင်လယ်ထဲ ပြစ်ချရမယ် ။ တဲ့ ။   ဒါရေးလ်က သူ့သားကို စိတ်မချဘူး။
                  စတက်ဖနီ  ကတော့  ၂ရက်လုံးလုံး ရေတွေကို ခပ်ထုတ်နေရတာနဲ့  လက်ပန်းကျနေပါပြိ။ ရှီန်းန် က တံခါးဖွင့်လိုက် ထွက်လိုက် ၀င်လိုက် လုပ်နေတော့ ရေ တွေက အရမ်း လှိမ့် ၀င်တာကြောင့်  တခါးပိတ်ဖို့ ဘဲ သူမ တွင်တွင် အော်နေရတယ်။
                အဆိုးတွေက ဒီလောက်နဲ့  ပြီးပုံ မရသေးပါ။ လေတိုက်နှုံးက တနာရီ   မိုင် ၁၀၀ နှုံးနဲ့  အားဖြည့် တိုက်ခတ်လာပါတယ်။ Heart Light ရဲ့  နံရံတွေကို ထုခွဲ ချေမှုံး နေကြတယ်။ ဖအေရော သားပါ  နံရံ တွေမှာ အဟုန်ပြင်းပြင်း ပြေးဆောင့် နေတော့တယ်။ ပြိုဆင်းလာတဲ့  ရေလုံးကြီးတွေ အင်နဲ့  အားနဲ့  သွန်းလောင်း မှုကြောင့် နဂိုက ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတဲ့  တံခါးဟာ ပြုတ်ထွက်ကုန်တယ်။ ထုထယ်ကြီးမားလွန်းတဲ့  ရေ လုံးကြီးတွေ ဆက်တိုက်  တလုံးပီးတလုံး  အခဲလိုက် အတုံးလိုက် ၀င်လာတာပါ။ ဒါရေးလ်ဟာ Heart Light ရဲ့ 
ဦးခေါင်းကိုရှေ့ တဲံ့တဲ့  ထား လမ်းမှန်ဖို့  အလွန်ခက်ခဲ နေပါတယ်။ အရှိန်က မလျော့ဘူး။ လှေမှာလဲ လေးဂွနဲ့ ဆွဲပြစ်လိုက်သလို   လွတ်ထွက်သွားပြီး လှိုင်းခေါင်းဖြူကြီးတလုံးရဲ့   အပေါ် အမောက်ကနေ  တခါ လေထဲမှာ တွဲလဲဆွဲ လျောကျရာမှာ သင်္ဘောကိုယ်ထည်တွေက ဖိန့် ဖိန့် သိမ့်သိမ့် တုန်ခါရင်း အက်သံ ကျိုးသံ ညံ နေတော့တယ်။
                 ဒီဗွီယာနာဟာ သားနဲ့  ချွေးမကို သနားနေတယ်။ သူတို့  လိုက်ပါလာတဲ့  အခေါက်ကျမှ  ဖြစ်ရလေခြင်းလို့  စိတ်မကောင်းဖြစ်နေတာပါ။ သူတိုကို အပြည့်အ၀ ကူညီချင်တယ်။ တဒင်္ဂဖြစ်ဖြစ် စိတ်အေးစေချင်တယ်။ ဒါ့ကြောင့် သူမက သူတို့ ကို
စိတ်၏ ငြိမ်းချမ်းမှုကို ရှာနိုင်တယ်လို့  ညွှန်ကြားတယ်။ ဒါရေးလ် ကလဲ ရွက်လွှင့်သင်တန်းတက်စဉ်က စိတ်ကို တည်ငြိမ်အောင် ဦးစွာ ထားတတ်ဖို့  လေုကျင့်ခဲ့ ရတာကြောင့်  တရားမှတ်တာကို စိတ်ဝင်စားပါတယ်။ မိသားစုနှင့် အတူ နေထိုင်ခဲ့ စဉ်ကာလမှာလဲ စိတ်ကိုရှုမှတ်ခြင်းအလုပ် ကို မပြတ် ပြုလုပ်ခဲ့ သူပါ။ ဒါပေမဲ့  ဒီနေရာမှာ ဒါတွေက အလုပ်ဖြစ်ပါ့မလား။  တလုံးပြီးတလုံး လှိမ့်ဆင်းလာတဲ့  လှိုင်းကြီးများ တနာရီ မိုင် ၁၀၀ ကျော် တိုက်ခတ်နေတဲ့  လေပြင်းမုန်တိုင်းများအကြား  ဘယ်လို သတ္တိတွေနဲ့  ကြံ့ ကြံ့ခံ ရပ်တည်
နေနိုင်မှာတဲ့ လဲ ။
                ခုဘဲ ကြည့်လိုက်ပါ။ ဒါရေးလ် ခမြာ လေပွေတခုက သူ့ ကို   သူ့ ထိုင်ခုံကနေ ညာဖြန်းလှည့်ပတ် ဆွဲခေါ်သွားပြီး  ပစ်ပေါက် ခံရတာ အုံးကနဲ ..ဒိုင်းကနဲ ပါဘဲ။ သူတို့ သားအဖကို နေရာကနေ ဆွဲယူ ပစ်ပေါက်လိုက်တာမှာ နောက်ဆုံးတော့  ကြမ်းပြင်ပေါ်  တပြိုင်တည်း အရုပ်ကြိုးပြတ် ကျလာတော့တယ်။
                အရေးထဲ  သေမင်းခေါ်သံပမာ   အင်ဂျင်စက်သံက ဆူညံ စူးရှ စွာ အော်မြည်နေတော့တယ်။ သေခါနီး သိန်းငှက်တကောင် ပူပူလောင်လောင်  ဆွေးဆွေးမြေ့ မြေ့  ငိုကြွေးနေခြင်းများလား။ ဒါတင်မကသေးပါ။ စက်ကရိယာ ပစ္စည်း ဟူသရွေ့  တ၀ီဝီ တစီစီ  သံစဉ်မမှန်
 ဆူညံနေကြပြန်တယ်။
                 ဒီဗွီယာနာက ထူးခြားတဲ့  အသံတသံကြောင့် ဒါရေးလ် ကို  “ ဘာသံပါလိမ့် “ လို့  မေးတယ်။ ဒါရေးလ် က  “ အဲဒါ  အင်ဂျင်ထဲ ဆားငံရေ ၀င်လို့  ပေါ်လာတဲ့ အသံပေါ့   “ တဲ့ ။  မကြာဘူး။ အင်ဂျင်စက်ရပ်တန့် သွားတယ်။
                 “  ရပ်လိုက် “  ဒီဗွီယာနာက  အလန့်တကြားအော်ပေမဲ့  ဒါရေးလ် က လက်ယာဘက်ကို  လှည့်လိုက်တယ် ။တကယ်လို့  လှိုင်းကသာ ဆွဲချလို့  ပါသွားရင် ဒေါင့်မှန်အနေအထားနဲ့  ပါသွားနိုင်ဖို့   အရေးကြီးတယ် လေ။
တနင်္ဂနွေနေ့  ။
                ဒါရေးလ်ဟာ ပဲ့ထိန်းဘီး ကို ၃၆ နာရီ လုံးလုံး မနားတမ်း ကိုင်တွယ် ထိန်းချုပ်နေရ လို့  လူက အားကုန်သွားတယ်။ အင်ဂျင်ကလဲ သုံးမရ ၊ သင်္ဘောကိုယ်ထည်မှာလဲ အက်ကွဲကြောင်းရာတွေ နဲ့  မွစာကြဲ ကျိုးပဲ့ နေပြီ။ ပင်လယ်ရေမှာလဲ ခပ်ထုတ်မရ ပြည့်လျံနေပြီ။ လှေက ရေမှာ ဒရွတ်တိုက် လျောပါနေပြီ။ တက်မကိုလဲ ဘာတွေလဲ မသိ  ငြိတွယ်နေတယ်။ ဒါရေးလ်ဟာ  မိမိ အစွမ်းသတ္တိ အားမာန်များ စွန့် လွှတ်ခြင်ဒမဟုတ်သော်လဲ .. အရေးပေါ်  အချက်ပြ သင်္ကေတ မီးကို ဖွင့်လိုက်တော့တယ်။
ဝဲကတော့အတွင်းသို့
              တန်ချိန်1000 ကျော် ကုန်ပစ္စည်း တင်ဆောင်လာတဲ့  Tut Cakau 111  သင်္ဘော ဟာလဲ အလားတူ ဆိုးဝါးပြင်းထန်လွန်းတဲ့  လှိုင်းများရဲ့  မာယာ ထောင်ချောက်ထဲ ပိတ်မိနေသူပါ။ မာလိန်မှုး ဂျိမ်းစ်ဟက်ဒင် ဟာ Destiny  ကို  ဘယ်အချိန်မှာ  ဘယ်လောက်
အထိ ကူညျီနိုင်မယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။ တဲ့ ။ လိုရာခရီးအရောက် သွားနိုင်ဖို့ ဆိုတာ  လှိုင်းလေကြားမှာ အလွန်ခက်ခဲ ပါတယ် တဲ့ ။ မာလိန်မှုးဟာ သင်္ဘောကုန်းပတ်ပေါ်က တံတားလေးမှာ မားမား ရပ်ရင်း ရေအထက် ပေ ၆၀ နီးနီး မြင့်တဲ့  သင်္ဘောရဲ့  အထက်မှာ  ခွေရစ်နေတဲ့  လှိုင်းလုံးကြီးရဲ့  အမောက် ထောင်နေပုံ ကို  မြင်ရတော့  လန့် ဖြန့် ပြီး အံ့သြတကြီး ကြည့် နေတယ်။ ဒေါသကြီးပြီး  မာန်ဟုန်ပြင်းတဲ့  ပင်လယ်ကြီး အကြောင်း သူ သိပါတယ်။ ပေ ၄၀ လောက် ခန့်မှန်းရတဲ့  လှိုင်းတွေက စဉ်တိုက် လာနေတာလဲ သိတယ်။ တံတားလေးပေါ် ကဲမိုးပြီး ပေ ၁၀၀ လောက် အမြင့်ရှီမဲ့ လှိုင်းလုံးအသွင်  ဖြစ်လာနိုင်ချေ ရှီ ကြောင်း သူခန့်မှန်းတယ်။
             ရေတံလျှောက်လို   ပင်လယ်လှိုင်းခွက်များက  TuiCakau  နဲ့  အပြိုင်ပါဘဲ ။ ကြီးမားတဲ့  လှိုင်းလုံး ကြီးနှစ်လုံးက ပါ
Tui Cakau  ကို ပင့်မ ထားလို့  ဘယ်ညာလူးလိမ့် ရင်း ၄၀ ဒီကရီလောက်တိမ်းစောင်းသွားစေတယ်။ ဒါ့အပြင် သင်္ဘောအရာရှိ ခမြာ သူထိုင်နေတဲ့  ကုလားထိုင် နဲ့  အတူ ကြမ်းပြင်ဆီပြစ်ပေါက်ခံလိုက်ရတာကြောင့်  ဂျိုးဂျိုးဂျွတ်ဂျွတ် မည်သွားခဲ့ ပြီး ခြေ တဘက်ကျိုးသွားတော့တယ်။ Destiny  ရဲ့  ရေဒီယို အချက်ပြ ဆက်သွယ်မှု များ အားနည်းနေပေမဲ့ James  Hebden  ဟာ  Orion  လေယာဉ် အဖွဲ့ ရဲ့  အသံလွှင့် ၀ိုင်ယာလက်စက်က  အားပေးသံတွေကိုတော့ ကြားနေရပါတယ်။
                ဒီအချိန်မှာဘဲ  နယူးဇီလန်ကနေ  ထွက်ခွာလာတဲ့  San Te Maru 18   ငါးဖမ်း သင်္ဘောဟာ လဲ တူနာငါါ်ကြီးများနောက် လိုက်ရင်း  မုနိတိုင်းနဲ့  တဲ့ တဲ့  တိုးနေပါတယ်။ Captain Bruce White  ဟာ  တန်ချိန် 400  ရှိတဲ့  ငါးဖမ်းပစ္စည်းတွေ တင်ဆောင်လာတာပါ။  ရွက်လှေတလေးတွေရဲ့  အခြေအနေကိုလဲ သူက သိထားပါတယ်။  သူကိုယ်တိုင်လဲ ဘာမှ မတတ်နိုင်သေးဘဲ  အချည်းနှီးဖြစ်နေရပါတယ်။                         
 ကမ်းခြေစောင့်မရိန်းတပ်ဖွဲ့ များထံမှ  ပေးပို့ တဲ့ သတင်းအရ သိထားတာပါ။
                  San Te Maru ဟာ ပေ  180 ရှည်ပါတယ်။ဒါပေမဲ့  သူမကိုယ်တိုင်လဲ ကြီးမားလွန်းတဲ့  လှိုင်းလုံးများထိပ်က  အကြိမ် ကြိမ် လျောကျ လာခဲ့ ရတာပါ။ သူမခေါင်းပေါ်မှာ လှိုင်းတွေက အထပ်ထပ် ခွေပတ်နေတာကလား။ တခါတရံ သူမညာဘက် ၊တခါတရံ ဘယ်ဘက် ၊ တခါတရံ သူမ အပေါ်တည့်တည့် စသည် ဘက်ပေါင်းစုံကနေ  ထိုးနှက်နေတာပါ။ ငါးဖမ်းထွက်ခဲ့ တဲ့  သက်တမ်း ၂၀  အတွင်းတကြိမ်တခါမှ   မကြုံ မဆုံခဲ့ ရပါဘူးတဲ့ ။ ငါးဖမ်းသင်္ဘောကြီးရဲ့  ရွက်ဆိုင်းကြိုးတွေ     ရေဒီယို အင်တာနာ ၊ ကက်ဘင်ခန်း  စသည် အားလုံး ပုံမှန် မဟုတ်တော့ပါဘူး။
                  အချိန်နာရီ  တော်တော်ကုန်သွားချိန်မှာတော့  ရေဒီယိုမှ  အသံစူးစူး ထွက်ပေါ်လာတယ်။ Orion  မှ ဆက်သွယ်လာတာပါ။ သူနဲ့  က မနီးမဝေးမှာဘဲ ရှိနေတာမှန်ပေမဲ့  မမြင်ရပါဘူး။ Orion က “  ငါတို့  မင်းအကူအညီ လိုအပ်နေတယ် ..”  တဲ့ ။ “ ကောင်းပါပြီ။ ကွှန်တော်  ဘာလုပ်ပေးရမလဲ “   တဲ့ ။ White က မေးတယ်။  “ Heart Light  ဆီကို သွားပါ။ ဒီက မြောက်အရပ် စူးစူး  ၆၃မိုင်အကွာ လူလေးယောက် ၊အသက်အန္တရယ်စိုးရိမ်အမှတ် ရောက်နေပါပြီ  “ တဲ့ ။ “  ကောင်းပြီလေ ..နည်းလမ်းရှာကြတာပေါ့။” လို့  White ကဖြေတယ်။
                  ကွန်မဲန်ဒါ  Larry Robbins  ဦးစီးတဲ့ Monowai အဖွဲ့ သားများဟာ ဆက်သွယ်ရေး ကီရိယာကတဆင့်   Australia က  ရွက်လှေ Ramtha  ဟာလဲ အလားတူ လှိုင်းတွေနဲ့  ၀န်ပိလေးလံနေတဲ့  ပင်လယ်ကြီးရဲ့  အထု အထောင်းခံနေရတယ် ဆိုတာ သိရှိနားလည်ထားကြတယ်။ သင်္ဘောသားတွေ ဒုက္ခရောက်နေကြတယ်ဆိုတာ လဲ သံသယ ရှိဖို့  မလိုပါဘူး။             
Monowai သင်္ဘောဟာ  တော်ဝင် နယူးဇီလန်က  Hydro graphic Servey Ship  ရေကြောင်းလေ့လာရေး သင်္ဘောဖြစ်ပါတယ်။
တန်ချိန် ၃၇၅၀ ရှိပြီး  သူမဟာလဲ လှိုင်းခေါင်းဖြုကြီးများရဲ့ ထိပ်က လျောကျလာခဲ့ တာပါ။
                     Monowai ရဲ့ ကုန်းပတ်များ ပေါ် ပင်လယ်ရေက  တလိမ့်လိမ့် ပြေးတက်လာနေပါတယ်။     လေ၀င်လေထွက်အပေါက် များ နဲ့  တံခါးပေါက်တွေမှာလဲ  သွန်ချထားတဲ့ ရေက မနည်းဘူး။ ပင်လယ်ကြီးက  နတ်ဘီလူးများရဲ့  တန်ခိုးအာဏာကိုများ သိမ်းပိုက် ရရှိထားလေသလား။   သစ်သားနဲ့ လုပ်ထားတဲ့  သင်္ဘောပဲ့ပိုင်း ကုန်းပတ်  ပေါ်က မြောင်းတွေမှာဆိုလဲ ရေတွေက ပြည့်လျံနေတာပါ။ ခေးချွတ်ဆေးရည်သိုလှောင်ထားတဲ့ စည်များလဲ ပေါ်က်ကွဲ ဖိတ်စင်ကုန်လို့  အဲဒါ စိတ်အလွန်ပျက်ဘို့ ကောင်းလှတယ်။
                     တနင်္ဂနွေနေ့ မနက်၎နာရီ  မှာတော့ ..ကောင်းကင်မှာ အဖြူရောင်  အလင်းတန်းတခု  တွေ့မြင်နေရတာမို့  အလွန်အမင်း အံ့အားသင့်နေကြတယ်။ ဒါဟာ  ခဏတဖြုတ် လင်းလက်လာခြင်းလဲ ဖြစ်နိုင်သလို စိုးရိမ် ကြောင့်ကြစရာ ကိစ္စရယ်လို့  သူတို့  မထင်မြင်ကြပါဘူး။  သင်္ဘောအချို့ ရဲ့  အရိပ်အရောင်ရယ်လို့ လဲ သူတို့  မပြောနိုင်ပြန်ပါဘူး။
                      ရုတ်တရက်  ကွန်မဲန်ဒါ  Robbins  က  VHF မိုက်ကရိုဖုန်းကို  ကောက်ကိုင်လိုက်ပြီး မေးလိုက်တယ်။ “  သင်္ဘောကြီး တစင်းစင်း ကများ မီးမောင်းထိုးလိုက်တာ တွေ့ မိလား ..အကြောင်းပြန်ကြားပေးပါ တဲ့ ။ ”
Ramtha  မှ   Robyn  Fobes  က  “သူမနဲ့  Bill တို့ နှစ်ယောက်ဟာ ဒီ ထူးဆန်းတဲ့ အဖြူရောင်  အလင်းတန်း  ကို  တွေ့ မြင်နေရကြောင်း.. ဒလဟော သွန်ချနေတဲ့  မိုးနဲ့  လျို့ ဝှက်သိပ်သည်းတဲ့  တိမ်တွေကြောင့်   ဘယ်နေရာက ဆိုတာ အတိအကျ သိဖို့ ခက်ပါတယ်တဲ့ ။ မိုးကြိုး
 လျှပ်စစ်ရောင်ခြညိမျိုး  တို့ နဲ့ လဲ ကွဲပြားပါတယ် “   တဲ့ ။  တုံ့ ပြန်လာတယ်။  
                       သူတို့  ဒီလို ပြောဆိုနေစဉ်အတွင်းမှာဘဲ Royin နဲ့  Bill တို့ ရဲ့   Ramtha  ရွက်လှေကလေးဟာု အင်အားကြီး လှိုင်းတလုံးရဲ့   ၀ါးမြို ဖုံးအုပ် မှုကို ခံရ ပြီးနောက်   လှိုင်းထိပ်ကနေ ဘေးစောင်း ကြီး လျောကျ သွားတော့တယ်။  Bill က  စိုးရိမ်စွာ လက်မြဲမြဲ ကိုင်ထားဖို့  အော်ပြောနေပေမဲ့   သူကိုယ်တိုင်လဲ သင်္ဘောဦးခန်း ခုံပေါ်ကနေ နောက်ပြန်လန်ကျ သွားတော့တာပါ။
                  Robyn  ကတော့ သူမကိုယ်ကို သူမ ထိန်းမတ်ပြီး လှမ်းနေရသလို Ramtha ကလေးလဲ ကတုန်ကယင်နဲ့  လှိုင်းခေါင်းဖြူကြီးတခုအတွင်း တိုးဝင်သွားတော့တယ်။ Bill ဟာ လဲကျရာကနေ အမြန်ထပြီး ပဲ့ ထိန်းလက်ကိုင်ဘီးဆီ အရောက်သွားတယ် ။ ခဏ ခဏ လဲကျနေတာကြောင့် သူ နောက်ဆုံးမှာ ပြန်ထဖို့  မကြိုးစားဘဲ တွားသွားပါတယ်။
                 ရေတွေက ကက်ဘင်ခန်းမှာ ပြည့်လျှံနေတာပါ။ စာအုပ်၊ ကက်ဆက် ၊ တိတ်ခွေ ၊ တီဗွီ ၊ အင်တာနာ ၊ VCR  ဘာမှ သုံးမရတော့ပါဘူး။ အားလုံး ဖရို ဖရဲ နဲ့ ။ သွားပြီ။ ဘာမှ မရှိတော့ဘူး။ သူ အော်ပြောလိုက်တယ်။တက်မတွေလဲ မရှိတော့ဘူး။ စတီယာရင်း မရှီတော့ဘူး။ ဒါပေမဲ့  ဒီသတင်းဟာ VHF  ကို ရောက်သွားပါတယ်။
                Monowai   သင်္ဘော ကြီး လာနေပါပြီ..တဲ့ ။ဘီလ် က မိုက်ကရိုဖုန်းကို ကိုင်ပြီး Robbins  ထံ   “ လိုအပ်ရင် ကျွန်တော်တို့  လှေကို စွန့် လွှတ်ဖို့  အဆင်သင့်ပါဘဲ .. “တဲ့ ။
                 ကွန်မဲန်ဒါ Robbins  က  “  ခင်ဗျားတို့  အသက်နဲ့  ခန္ဒာကိုတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ ဒါပေမဲ့    ဘယ်နည်းနဲ့ မဆို ကျွန်တော်တို့  အရောက်လာခဲ့ မှာပါ ။ ခင်ဗျား တို့  သွက်လက်တက်ကြွမှု ရှိရဲ့ လား။ တဲ့ ။  ဒီလိုမေးတော့ ..Robyn က ဘာကြောင့် မေးတာပါလိမ့် လို့  စဉ်းစားနေလေရဲ့ ။ “ငါထင်တာက ငါတို့ ကုန်တင်  သင်္ဘောရဲ့   ပိုက်ထဲကို  ခုန်ချရမယ်ထင်တယ် ။မဟုတ်လဲ တနည်းနည်းပေါ့  “လို့  ဘီလ် ကပြောတယ်။
အန္တရယ်လမ်းက ကယ်ဆယ်ရေး           
                မာလိန်မှုး ဂျိမ်းစ် ဟာ သူ သင်္ဘောက တံတားလေးမှာရပ်ပြီး အမှောင်ထဲကို ချောင်းမြောင်းရင်းစဉ်းစားနေတယ် ။  Destiny နဲ့   တော့  တဖြည်းဖြည်း နီး နီးလာနေပြီ။ ဒါကို သံသယ ရှိဖို့  မလိုဘူး။ ဒါပေမဲ့  သူတို့ ကို ကယ်တင်ဖို့  ဆိုတာ  အန္တရယ် အများသား။ ပင်လယ်ကြီးရဲ့  အချေအနေကတော့ လုံးဝ အဆိုးဘဲ။ မှောင်မိုက်ညကိုရှောင်မှဖြစ်မှာမို့  နေ့အလင်းရောင်ရမဲ့ အချိန် စောင့်နေရတာဟာလဲ စိတ်မရှည်စရာပါဘဲ။ ကယ်ဆယ်ရေးအစီအစဉ်က ရိုးစင်းပေမဲ့  ရူးမိုက်ရာ ကျမလား။ ကြံမိကြံရာ ကြံစည်မိသည် ဆိုမလား ။အန္တရယ်များတဲ့ အလုပ်ဆိုတာက အသေအချာပါ။  မုန်ယိုနေတဲ့  ပင်လယ်ကြီးကို အံတုပြီး သက်ကယ်လှေငယ်ကလေးတစင်း မဖြစ်မနေ ချပေးဖို့ ဆိုတာ တကယ်တော့ မတွေးဝံ့စရာပါဘဲ။
                  ကုန်တင်သင်္ဘောကြီး Tui Cakau  ပေါ်ကနေ  လူနှစ်ယောက် က အသက်ကယ်ဖေါင်ပေါ် လျောဆင်း Destiny ကုန်းပတ်ပေါ် တွယ်ဖက် ခုန်တက် ၊ ပြီးရင်တော့ အမျိုးသမီးနဲ့  ဒါဏ်ရာရနေသူ အမျိုးသားကို Tui Cakau ပေါ် အရောက်ဆွဲ တင်ရမှာပါ။ ဒါဟာ အဆုံးစွန် အန္တရယ် များတဲ့  အလုပ် ဆိုတာလဲ အားလုံး နားလည် သဘောပေါက်ကြပါတယ်။ 425ပေ ရှည်တဲ့  ကုန်တင်သင်္ဘောကြီး နဘေး တလျှောက် 45ပေသာရှည်တဲ့   ရွက်သင်္ဘောလေးဆီ ဘေးတိုက်ယှဉ်ပြိုင် ချဉ်းကပ်ပြီး သက်စွန့် ဆံဖျား ဆောင်ရွက်ရမဲ့  ကိစ္စမို့  မာလိန်မှုးက ဘယ်သူ ဘယ်ဝါ သွား ဆိုပြီး အမိန့် ပေး စေခိုင်းတာမျိုး မလုပ်လိုဘူး။ သူက စေတနာ့ဝန်ထမ်း ဗော်လန်တီယာ ၂ ယောက်လိုချင်တယ် ။ လူကယ်ရမယ်။ အန္တရယ်ရှိတယ် တဲ့  အစီအစဉ်ချပြပါတယ်။ မင်းတို့  ကိုယ်တိုင် ဆုံးဖြတ်ပါတဲ့  ။
                     ရဲရဲ တောက် မိန့် ခွန်းပါဘဲ။ သူ့ အတွင်းစိတ်မှာတော့ ဘယ်သူနဲ့  လိုက်ဖက်တယ်ဆိုတာ ရွေးချယ်ပြီးဖြစ်ပေမဲ့  ဖွင့်ဟ မပြောပါဘူး။
                   အားခွန်ဗလနဲ့  ပြည့်စုံတဲ့   စစ်ထွက် ဖီဂျီယဲန် တဦး နဲ့  စက်ဘက်ဆိုင်ရာ ကျွမ်းကျင် တယောက်ပါ ။ ဂျိမ်းစ် ဟဲဘ်ဒင် က သူတို့ ကို ခေါ်ထုတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့  သူ့ အတွင်းစိတ်မှာ ရွေးချယ်မိသလိုဘဲ တက်တက်ကြွကြွ နဲ့  ရှေ့  ကို သူတို့  ထွက်လာကြတယ်။
                  အရုဏ်ဦးကို ရောက်လာနေပါပြီ။ ပေ 50 ခန့် ရှိ။နိုင်တဲ့  ဒီလှိုင်းတွေက ၀ရုံးသုန်းကား သောင်းကျန်းနေဆဲပါ။
ဒီအချိန်မှာဘဲ “ ပေါ်လာ “ ဟာ မှုံမှုံမွှားမွှား ထဲမှာ ကြီးကြီးမားမား ညိုညိုညစ်ညစ် ကိုယ်ထည်ကြီးတခု ချဉ်ဒကပ်လာနေတာ မြင်နေတော့ အလန့် တကြား အော်လိုက်တယ်။ “ ဘုရားရေ…ဒါနာ.. ကြည့်စမ်း ။ဒီမှာ  ဘာလဲ  ကြည့်စမ်း။  “
                ဒါနာက မလှုပ်နိုင်ပါဘူး။ သူ့ အခန်းကနေ ကားဂိုးကြီးရဲ့  အင်ဂျင်စက်သံကိုတော့ ကြားနေတာပါ ။ ဒီအသံကို ကြားရတာ သူ စိတ်ချမ်းမြေ့ သွားပါတယ်။ ကောင်းတဲ့ နိမိတ်ဘဲလို့  သူက ယူဆနေတယ်။
                တဖြည်းဖြည်းနဲ့ စက်သံက  နိးနိးလာနေတယ်။ ဒီတော့မှ ပေါ်လာက  သူတို့ ကို ကယ်ဆယ်ဖို့  ချဉ်းကပ်လာနေကြောင်း နားလည်သွားတယ်။ ဒါပေမဲ့  …..
                မာယာဆန်တဲ့  လှိုင်းတို့ ရဲ့  ကြည်စားမှုအောက်မှာ  သင်္ဘော ၂စင်းဟာ ဆန့်ကျင်ဘက် အရပ်ဆီ အသီးသီး ဦးတည် သွားနေကြတာကြောင့် ဒါဟာ ဖြစ် နိုင်ချေ ရှိပါ့ မလား။  သူတို့ ၂ဦးရဲ့  ချဉ်းကပ်မှုဟာ မရေ မရာ နိုင်လွန်းလှတယ်။
                မာလိန်မှုးဟာ ပဲ့ ၊ တက်၊ ဒလက်။ ပန်ကာ စတာတွေကို လိုအပ်သလို အသုံးချ ကိုင်တွယ် ထိန်းချုပ်ပြီး သင်္ဘောချင်း ဘေးချင်းကပ် ယှဉ်ျနိုင်ဖို့  ကြိုးစားတယ်။း ချိန်သားမကိုက်နိုင်ဘဲ နည်းနည်းလွှဲချော်သွားတဲ့  အပြင် “ပေါ်လာ့ ” တကိုယ်လုံး ပင်လယ်ရေက ဖြန်းပက်လိုက်တာမို့ု စိုရွှဲ သွားတော့တယ်။Destiny လိမ့်သွားနေတဲ့  အနေအထားနဲ့ 
ဆန့် ကျင်စွာ Tui Cakau ကလဲ လိမ့် နေတာပါ။  ဒါတင်မက Destiny  ရဲ့  ထိပ်ဦးပိုင်းက  ကုန်တင် ရေယာဉ်ကြီးရဲ့  နံဘေးကို ၀င်တိုက်မိပြန်တာကြောင့်ဖန်မျှင်များ  ကွဲအက်ထိခိုက် သွားတယ်။ မာလိန်မှုးက ဒါကို မမှုပါဘူး သူထပ်ကြိုးစားပါတယ်။ ပါဝါ အပြည့်နဲ့   တဟုန်ထိုး  မောင်းထွက်သွားတယ်။
               ပေါ်လာကတော့ ကြောက်ကြောက်လန့့်လန့် နဲ့  ငေးကြည့်နေပါတယ်။ သင်္ဘောကြီးကိုယ်ထည်ကြီးက ပြောင်ချောချော တောင်နံရံကြီးသဖွယ် မတ်စောက် နေတယ်။ မာလိန်မှုးအတွက်လဲ လိုရာခရီး မရောက်နိုင်ဘဲ  Destiny သာ ရေ မြုပ်ကိန်းမြင်နေရတယ်။ ဒါနာမှာလဲ ငြိမ်မနေနိုင်ဘဲ “ ဘာဖြစ်တာလဲ   ဘာဖြစ်တာလဲ ။ “  နှင့်  တတွတ်တွတ် မေးနေတော့တယ်။ “ ကျမတို့  ဒလက်တွေ ပဲ့ တွေ အောက် ရောက်မှာ သေချာတယ် ။သူတို့  ကျမတို့ ကို မကယ်နိုင်တော့ဘူး “ လို့  ငိုကြီးချက်မ ပြောနေရှာတယ်။ ဒါပေမဲ့  …
               ရုတ်တရက်  ကံကောင်းချင်တော့  လေတိုက်နှုံးက  အံ့သြစရာပါဘဲ ၊ ချက်ခြင်း လျော့ကျသွားတယ်ဟာရီကိန်း အဆင့်ကနေ   သာမန်လေတိုက်နှုံးအဆင့်အထိပါ။ မာလိန်မှုး ဂျိမ်းစ် အဘို့ တော့  ဒါဟာ အခွင့်ကောင်းပါဘဲ ။
သင်္ဘောကြီးရဲ့  ရေဒီယို အော်ပရေတာမှ  “ ပေါ်လာ ငါတို့  နောက်ထပ် ကြိုးစားကြမှာမို့  အသင့်ပြင်ထားပါ  တဲ့ ။”
အမှန်တော့ သူမ အားပြတ်နေပါပြီ။သင်္ဘောဦးပိုင်းကို  ချိနဲ့  ချိနဲ့ လျှောက်သွားတယ်။ဒါပေမဲ့ လဲ ရှိစု မဲ့ စု သတ္တိလေးနဲ့  ရဲဆေးတင်ရပြန်တယ်။
               ကယ်မဲ့ သူ၂ဦးက သူမအပေါ်ကို ကြိုးခွေ ချပေးတော့ သူမ ဖမ်းဆုတ်နိုင်ခဲ့ ပြီး ၀န်ချီစက်သီးမှာ ချီနှောင်လိုက်တယ်။
               ဒီတခါတော့ ကုန်တင် သင်္ဘောကြီးက တလက်မပြီး တလက်မ တစ တစ   ချဉ်းကပ်လို့ လာနေပါပြီ။ ဂျိမ်းစ်ဟာ မာလိန်မှုးဘ၀နဲ့  အတွေ့ အကြုံ ရင့်ကျက်သူပါ ။ဒါပေမဲ့ လဲ သင်္ဘော ကိုယ်ထည် ၂ခု ဘေးတိုက် ယှဉ်မိစေဘို့  ဆိုတာက  အလွန့် အလွန်ကို ကြိုးစားနေရတာပါ။ တကယ်တမ်း ဘေးချင်းယှဉ်မိချိန်မှာတော့  ပေါ် လာ ကုန်းပတ်ပေါ်မှာ လဲကျ
 သွားခဲ့ တယ်။  အသက်ကယ် ဖေါင်လေးတခု သူမ နဘေးကို  ကျလာတယ်။ထွားကျိုင်းသန်မာလှတဲ့  ဖီဂျှီယဲန် တယောက် ချိုမြတဲ့  မျက်နှာပေးနဲ့   သူမကို ကူညဖို့  ရောက်လာပါတယ် ။ အသက်ကယ်ဖေါင်ပေါ်ဝင်ဖို့  သူမခေါင်းပေါ်က ပြောဆိုတိုက်တွန်းနေသံတွေ ကြားနေရတယ်။ သူမ ဘာတွေ ဖြစ်ပျက်နေသလဲ ဝေခွဲ မရမီ လူတယောက်က သူမကို ရာဘာဖေါင်ကလေးဆီအရှိန်ပြင်းပြင်း  တွန်းပို့ လိုက်တယ်။ လှေတွေက လူးနေတော့ “ ပေါ်လာ “ လွဲချော်သွားတယ်။ ဒါပေမဲ့  အဲဒီဘေးပတ်လည်မှာရှိတဲ့  ပိုက်ကိုတော့ ဖမ်းဆွဲမိပြီး ဖရိုဖရဲ တွဲလဲ ဆွဲနေတော့တယ်။
                သင်္ဘော ၂စင်းဟာလဲ ဖြတ်ကနဲ တချက် နီးစပ်သွားတယ်။ “ပေါ်လာ” ကတော့ ကြောက်လန့် အော်ဟစ်နေဆဲပါ။ ပိုက်ကို အသေဆုတ်ထားတဲ့ ဘယ်လက်က ပြုတ်ထွက်တော့မယ်။  Tui Cakau ရဲ့  နဘေး  လေထဲမှာ ဖေါင်ကလေး တွဲလဲ ၀ဲပျံနေတယ်။ သူမ အောက်ကို ငုံ့ ကြည့်လိုက်တော့ အလိုလေး..လေ..၊ပေ ၆၀ အနည်းရှိမဲ့  ၀ဲကတော့ကြီးးက သူမကို စိန်ခေါ် ခြိမ်းခြောက်နေပြီလား။   သင်္ဘောဦးခန်း အိပ်စင်ပေါ်က ဒါနာ ဟာ ကုန်းပတ်ပေါ်အရောက် ခြေဒရွတ်ဆွဲ တွားသွားပါတယ် ။ မော့ကြည့်လိုက်တော့ လား ..လား..ပေါ်လာ တယောက်.. အာကာသထဲက  သက်ကယ်ဖေါင်မှာ မရေမရာ တွဲလဲ  ချိတ်လို။့  ခြေနှချောင်းက ယိမ်းထိုးနေတဲ့ လှေတွေအကြား  ကနေ လှုပ်ရှားလို့ ။ မုချ သူပြုတ်ကျသေမှာဘဲ ။ လို့  ဒါနာ တွေးပူနေတယ်။ လှိုင်လုံးတလုံးကလဲ သူအပေါ် ဖုံးလွှမ်းသွားတယ်။..ငါတော့ သေပြီ။ လို့ သူ့ ထင်ပြန်တယ်။
                 ပေါ်လာ က လေထဲမှာ ရုန်းကန်နေရတုံးပါ။ ဒုတိယ ကယ်တင်ရှင်က သူမကို မယူပြီး သက်ကယ်ဖေါင်ထဲ ထိုင်စေတယ်။ သင်္ဘောရဲ့    ကုန်းပတ်ပေါ် အရောက်  မြန်မြန်ဆန်ဆန်ဘဲ ဆွဲ တင်လိုက်နိုင်တာပါ။ ပေါ်လာဟာ မူးဝေရစ်သီ ယိမ်းယိုင်နေတာမို့  သင်္ဘောသားများက သူမကို ထည်ငြိမ်မှု ရအောင် ကြိုးစား အားပေးနေကြတယ် ။အကြောက်လွန်တဲ့   လူနာတယောက် အဖြစ် သူတို့ က ပြုစု စောင့်ရှောက် ကြပါတယ်။ ဒါနာ့ ဘေးကိုလဲ အဆိုပါ ဖီဂျီ နှယောက် ရောက်လာပါပြီ။ ကင်းဗတ်လူနာထမ်းစင်တခုလဲ ပါလာတယ်။လှိုင်းပုတ်တဲ့ ဒါဏ်ရာတွေက  အများသား  သူ့ ခမြာ မလှုပ်နိုင်ရှာဘူး။   နံရိုးနဲ့  ခြေထောက်တချောင်းထိခိုက်ဒါဏ်ရာ ရခဲ့ တာမို့  ဖီဂျီယဲန် များဟာ ထမ်းစင်ကို ပုံမှန်အတိုင်း ကျဉ်ဒမြောင်းတဲ့  စင်္ကြန်လမ်းတလျှောက် သယ်ယူဖို့  ကြိုးစားနေကြတယ်။ အချိန်တိုင်းဘဲ သင်္ဘောကြီးကို ရွက်လှေလေးက ဆောင့်ဆောင့်တိုးနေတာကြောင့်ရော လှိုင်းဒါဏ်ကြောင့်ရော..  ကယ်မဲ့ လူတွေကပါ  ဒါနာ့ အပေါ် ထပ်ပြီး လဲကျကုန်တော့ ဒါနာ့ခမြာ အနာပေါ် အနာထပ်ဆင့်လို့  နာရပြန်တယ်။  အဲဒါကြောင့် ဒါနာကို  ထမ်းစဉ်နဲ့ တွဲပြီး ချီနှောင်ကြရတယ်။
                  ဒါနာ့ ခမြာ ..ဖြစ်လိုရာ ဖြစ်စေတော့လို ဝေဒနာကို သည်းခံရင်း..တဖြည်းဖြည်းနဲ့ ဘဲ ကုန်တင် သင်္ဘောကြီးပေါ် ဒါနာ ရောက်လာတော့တယ်။
နောက်ဆုံးမှာ  Tui Cakau နဲ့ ပတ်သက်ပြီး  ဇတ်လမ်းက နိဂုံးချုပ်တော့မှာပါ။
Orion   အဖွဲ့ သားများဟာ ဒီသတင်းကို ကြားသိတဲ့ အခါ  ကောင်းကြီး ထောပနာ ပြုခဲ့ ကြတယ်။
မူးမေ့သွားတဲ့  ကြယ်ပါးနှစ်ကောင်  
                ပင်လယ်ရဲ့ ရှုခင်းတွေကတော့  ကြောက်ခမန်းလိလိပါဘဲ။ ဒေါသခက်ထန်နေတဲ့  နဂါးကြီးတကောင်လို သောင်းကျန်းနေသလို .ပါ။ ရေအမြင့်က ပေ၄၀ အထက်ရှိပါမယ်။ Robbins ဟာ သူ့  သင်္ဘောကြီး အန္တရယ်ကင်းဖို့  ဖိ ဆုတောင်းနေရတယ်။ပြီးတော့  Ramtha  ရွက်လှေပေါ်က သြစတြေးလီယဲန် စုံတွဲ  တတွဲု ကိုလဲ ကယ်တင်ဖို့  မျှော်လင့်ထားတာပါ။ ဘုရားသခင်က သူနဲ့ အတူ ရှိစေချင်ပါတယ်တဲ့ ။ လေတိုက်နှုံးက တနာရီ မိုင် ၉၀အထက်မှာ ရှီနေတာပါ။  သင်္ဘောအုပ်ချုပ်ရေးအရာရှိက သူ့ သင်္ဘောသား ၁၃၅ယောက်ကို မာလိန်မှူးရဲ့  အစီအစဉ်တွေ  အတိုချုပ်ရှင်းပြပါတယ်။
                  သူ့အစီိအစဉ်ကတော့ ..Monowai သင်္ဘောကြီးကို ရွက်လှေအနီး ချဉ်းကပ်နီုင်သရွေ့  ချဉ်းကပ်ပြီး ရွက်လှေဆီ
ကြိုးပစ်ပေးဖို့ ပါဘဲ။ ပြီးရင် အဲဒီကြိုးမှာ ကကြိုးတန်ဆာ ၂ခု ပူးနှောင်လိုက်မှာပါ။Ramthaရဲ့ အဖွဲ့ သား နှစ်ယောက်ကို အဲဒီ ကကြိုးတန်ဆာနှစ်ခုထဲ ၀င်စေရမှာပါ။ သူတို့ဟာ တဖြည်းဖြည်းချင်း ရေလွှာပြင်ကို ဖြတ်သန်းပြီး ၀န်ချီစက်နဲ့  ဆွဲတင် မယူပြီး Monowai ပေါ်ကို အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ 
                   နေဗီသင်္ဘောကြီးက ကယ်ဆယ်ရေးအစီအစဉ်ကို စတင်ပါပြီ။ သင်္ဘော ၂ စင်း ဘေးတိုက်ယှဉ် ရပ်တည်နိုင်အောင် သိမ်မွေ့ စွာ
ကိုင်တွယ်ထိန်းချုပ်ဲပီး  ရွက်လှေကလေးပေါ် ကြိုးတချောင်းပစ်လွှတ်လိုက်တယ်။ Ramtha  ရွက်လှေသမားတွေကို ကကြိုးအတွင်းဝင်စေပြီး ပစ်လွှတ်လိုက်တဲ့  ကြိုးမှာ တွဲနှောင်ထားတာပါ။ သင်္ဘောသားတွေက ဒါကို ရေမှာ  ဖြတ်ကျော် ပြီး နေဗီသင်္ဘောအရောက် ဆွဲတင်ကြပါတယ်။
  တယောက်ပြီးတယောက် လက်ပြောင်းလက်လွှဲ သယ်ယူ ဆွဲတင်ကြရတယ်။ ဒီလို မျိုး ကြံစည် ပြုလုပ်ရာမှာ သုံးကြိမ်မက  လွဲချော်မှုတွေ ရှီခဲ့ ပါတယ် . သေးငယ်လှတဲ့ ရွက်လှေကလေးဟာ ရေပေါ်မှာ မြင့်တက်ပေါ်လာပြီး သိသာ ထပ်ရှားစွာ မြင်တွေ့ နေရပေမဲ့ လူတွေကို  ဆယ်ယူဖို့  အခက်တွေ့ နေရပါတယ်။   ဘာ့ကြောင့်လဲ ဆိုရင် Ramtha  က  လေရှိန် ရေရှီန်နဲ့  လမ်းလွှဲ  လွှဲနေပြီး အဝေးကြီးကို တိမ်းယိမ်း
းရွေ့ ရှားသွားခဲ့ လို့ ပါ။ လှေဝမ်းထဲမှာ ရေတွေ အများကြီး သိုလှောင် မျိုချထားတဲ့ အတွက်လဲ  မနိုင်ဝန်ထမ်းနေရပါတယ်။ ဒါ့ကြောင့် ဘီလ် က အင်ဂျင်စက်တွေ နိုးထလာအောင် ကြိုးစားရတယ်။ သင်္ဘော ၂စီးအတူ ယှဉ်မိစေဖို့  ခက်ခဲစွာကြိုးစားအားထုတ်ကြရတယ် ။ယာဉ်၂စီး နီးစပ်သွာဲးပီး ကြိုးပစ်ပေးနိုင်ဖို့  အချေအနေ အခွင့်အခါကောင်းရသွားပေမဲ့  မမျှော်လင့်ဘဲ  သင်္ဘော၂စင်း ဆန့်ကျင်ဘက်အရပ်ကို  သုံးကြိမ် မက    လိမ့်သွားတတ်ကြလို့  လွဲချော်သွားပြန်ပါတယ်။ နောက်ထပ်လှိုင်းတလုံးက Ramtha ကို အောက်ခြေကနေ ထိုးသွင်းကော်ထုတ်
တာကိုလဲ ခံရသေးတာပါ။                     
                    နောက်ဆုံးမှာ သူတို့  Ramtha ကို စွန့် ခွာ ထားရစ်ခဲ့ ဖို့  ၀မ်းနည်းကြေကွဲစွာ ဆုံးဖြတ်ကြရတော့တယ်။   “  ငါတို့  Ramtha ကို စွန့် ခွာဖို့ အပြင် တခြားနည်းလမ်း မရှိတော့ဘူး။ “  လို့  Robyn က ကွန်မင်ဒါ  Robbins နဲ့  ရေဒီယိုချင်း  ဆက်သွယ် ပြောဆိုခဲ့ တယ်။ Robbins  က “ ငါတို့  အကြိမ်ကြိမ် ကြိုးစားခဲ့ ပြီဘဲ ။ “တဲ့ ။
                    သင်္ဘော ၂စင်းဟာ ပေ၆၀ အကွာမှာ ရောက်လာတယ် ။ သြစတြေးလီယဲန် နှစ်ယောက်ဟာ သူတို့   အဆင်သင့်ရှိနေပီဖြစ်ကြောင့်း  သင်္ကေတအဖြစ် လက်မကို အပေါ်ထောင်ပြလိုက်ံကြပါတယ်။ ဒီ့နောက်မှာတော့ Monowai က  အချက်ပေးဥသြ ဆွဲပါတော့တယ်။ ဒီအခါ သူတို့  ရေထဲ ခုန်ဆင်းကြတယ်။ harnesses(ကကြိုးတန်ဆာ)ထဲမှာ သူတို့  သက်တောင့်သက်သာရှိဖို့  တော်တော့်ကို ရုန်းကန်နေရတာပါ။ လှိုင်းတလုံးကလဲ Monowai ရဲ့  နဘေးကိုဆောင့်ဝင်လာတာကြောင့်Ramtha ကနေ  တော်တော်ဝေးဝေး လိမ့်ပြေးသွားတော့တယ်။
နောက်ထပ်လှိုင်းတလုံးကလဲ Ramtha ကို အောက်ခြေကနေ ထိုးသွင်းကော်ထုတ်လိုက်တာကြောင့် ဆန့်ကျင်ဘက်အရပ်တွေဆီ ရောက်ကုန်ပြန်တယ်။ Robyn ဟာလဲ ပင်လယ်ထဲကို ပြုတ်ကျသွားတော့တယ်။ ဒါပေမဲ့ သူမမှာ အသက်အင်္ကျီ ၀တ်ထားတာမို့ေ၇ပေါ် ပြန်ပေါ်လာနိုင်ပါတယ်။
                    သင်္ဘောသားများဟာ ဒါကို ချက်ခြင်းအရေးယူပါတယ်။၆၆၀အရှည်ရှိတဲ့  ကြိုးတချောင်း ပစ်ပေးပြီး ဆွဲယူပါတယ်။
မာလိန်မှုးဟာ သူတို့ ၂ဦးကို သတိမေ့ မျောမသွားစေဖို့  မျှော်လင့်နေတာပါ ။တကယ်လို့  မျောမေုသွားရင်လဲ အရေးပေါ် ကုသပေးနိုင်ဖို့ ကို ကြိုတင် ပြင်ဆင်ထားပါတယ်။
                     အမှန်က သူတို့  သတိကောင်းကောင်းရှိပါတယ်။ “ ငါတို့  ၂ယောက် ငါးမျှားချိတ်မှာ တွယ်ညိနေတဲ့  ငါးတွေလိုပါဘဲလားလို့  တောင်   တွေးနေကြတာပါ။ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းလို့  Robyn ရဲ့  ကြိုးဟာ ရော့ရဲရဲဖြစ်တောကို သတိမထားမိကြဘူး။ ခေါင်းငိုက်စိုက်ကျပြီး ချာချာလည်နေတယ်။ အနှေးနဲ့ အမြန် ရေထဲ ငုပ်လျိုးသွားနိုင်တဲ့  အချေအနေပါဘဲ။ ဘီလ် ကတော့ ရေမှာပေါ်လာပြီး အသက်၀၀ရှူနိုင်ခွင့်ရသွားတယ်။ ဘီလ်က သူ့ ဇနီးကို ရှာပါတယ် ။မတွေ့ ပါဘူး။ သူမက ရေအောက်မှာပါ။ ရေပေါ် အမြန်ပြနတက်နိုင်ဖို့ သူမကိုယ်ကို ဖေါ့ပြီး  မတ်မတ်ထောင်တက်ပါတယ်။ ဘီလ်က မကြည့်ရက်ဘူး။နစ်သွားမှာကို ပူနေတယ်။ ကြိုးထုံကို အရအမိ အသေဆုတ်ကိုင်ရင်း  Robin  ရေပေါ် တချက်ပေါ်လာစဉ် အသက်၀၀ရှူဖို့  ချိနဲ့ နဲ့  သတိပေးနေတယ်။ သူမ ကြိုးတွေထဲမှာဘဲ  ဟိုသည် ကန်ကျောက်ရင်း လမ်းမှန်မရောက်ဘဲ ချော်ထွက်နေတယ်။  ရုတ်တရက် သူတို့ ဆုတ်ထားတဲ့ ကြိုးက ရော့ရဲလာ ပြီးး
 ရေအောက်ကို ရောက်သွားပြန်တယ် ။သူမက အားမလျော့ပါဘူး။ ရေပေါ် ရောက်ဖို့  အရှိန်အဟုန်မြှင့်ဲပီး  အမြန်နှုံးနဲ့ တက်ပါတယ်။သူမရဲ့ မျက်စိတွေကိုလဲ ..တချိန်လုံးဖွင့်ထားတာပါ။ ဒါပေမဲ့ ခု သူမ ပစိဖိတ်သမုဒ္ဒရာ ထဲမှာ နစ်မြုပ်တော့မှာဖြစ်ပါတယ်။ “ ဟင့်အင်း .မမြုပ်ရဘူး။ ငါ့ကို သူတို့  ကယ်မှာပါ  လို့  သူမ ဖြေသိမ့်နေတယ်။ ဒီအခို က် သူတို့  ၂ဦး မမျှော်လင့်ဘဲ လေထဲကို ရောက်သွားတယ် ။ တွဲလဲ ဆွဲနေတာပါ။ ဘီလ် နဲ့  သူဇနီး က တူတူဘဲ  လေထဲမှာ  ၀ဲပျံနေရာက မကြာမီ  Monowai အဖွဲ့ သားများရဲ့  ၀မ်းပန်းတသာ ညာသံပေးဟစ်အော်မှုများနဲ့ အတူ  မူးမေ့နေတဲ့ ငါး၂ကောင် ပေါ်လာပြီဟေ့ လို့   ချီးမွမ်းထောပနာ ပြုသံတွေ လျှံတက်သွားတော့တယ်။
ထူးခြားတဲ့ ဖြစ်စဉ်တွေပါဘဲ။
အလင်းပျောက်ပြီ
              ‘ဒီကနေ  Heart Light အကြောင်းဆက်ရရင် ပေးပို့ လိုက်တဲ့  ရေဒီယို သတင်းအရ ငါးဖမ်းလှေပေါ်က Bruce White က လက်ခံ ရရှိပါတယ်။
White နဲ့  ဒီဗွီယာနာတို့  စကားပြောခဲ့ ကြစဉ်က သူမရဲ့  နာမည်ပြောင်ဟာ Storm  ဖြစ်ကြောင်း ပြောခဲ့ သလို White ကလဲ သူ့မှာ Storm  လို့ ခေါ်တဲ့  ခွေးကလေး တကောင်ရှိကြောင်းပြောဆိုခဲ့ ကြတယ်။ ငါးဖမ်းသင်္ဘောနဲ့  ရွက်လှေရဲ့  အကွာအဝေးဟာ ၆မိုင်ခန့်လော်ရှိမှာ ဖြစ်ပါတယ်။ Heart Light ရဲ့  မီးရောင်ကို မြင်နေရပါတယ်။ ညကြီးသန်းခေါင် ငါးဖမ်းသင်္ဘောကအားကောင်းတဲ့  မီးမောင်းရှေ့ မှာ  Heart Light ရဲ့  မီးရောင် မှီန်ပျပျကို တော့မြင်နေရတာပါ။
                    White  က ဘာတွေ ပျက်စီးထားသလဲ မေးရာမှာ  ဒါရေးလ်က  အင်ဂျင်ငသ် ၂လုံး ၊ အလုပ်မလုပ်တော့ကြောင်း၊ ပဲ့ နှင့် ရွက်ဆိုင်းကြိုးများ ရှုပ်ထွေးညိတွယ်နေကြောင်း ၊ ကိုယ်ထည်ပျက်စီး ကွဲအက်လို့  ဖယောင်းများပိတ်ဆို့ ထားရကြောင်း ပြောပြပါတယ်။White က ဒီတညတော့  သင်္ဘော၂စင်းလုံး အန္တရယ် ကင်းဖို့  မျှော်လင့်ရင်း နာရီ ၂၀ ဒုက္ခနွံအတွင်း ပထမအကြိမ် အနားယူတဲ့ အနေနဲ့  စိတ်ချယုံကြည်စွာ အ်ပ်စက်နားနေဖို့  ။ အကြံပေးပါတယ်။
                    မနက်၆နာရီမှာတော့ မိမိတို့  သင်္ဘောများ  တည်နေရာနဲ့   အခြေအနေ  White က လှမ်းမေးပါတယ်။ ဒါရေးလ် က ဘုရားသခင့်ကျေးဇူးတော်ကြေင့် သူတို့  ခုထိ အသက်ရှင်နေကြ သေးကြောင်းပြောပြပါတယ်။ White ကတော့  သူတိ့ရဲ့  Heart Light ကို စွန့်ပစ်ခဲ့ ဖို့ သာ အကြံပေးနေပါတယ်။ ဒီဗွီယာနာဟာ သမတို့ ရဲ့  Heart Light ကို ကြိုးနဲ့ ဆွဲယူလာဖို့  မျှော်လင့်ထားတာပါ။ ခုတော့ ဘုရားသခင်က အလိုရှိဟန်မတူဘူး။
                    San Te Maru ဟာ အခု ကယ်ဆယ်ရေးလုပ်ငန်းစတင်တော့မှာဖြစ်ပါတယ်။ ငါးဖမ်းထွက်စဉ် White ဟာ မကြာခဏ မုန်တိုင်းနဲ့  တိုးတတ်ပါတယ် ဒီအခါ အချက်ပြမီးနဲ့  ဗော်ယာတွေရဲ့  နဘေးတလျှောက် ကျွမ်းကျင်စွာ  စံနစ်တကျ ခုတ်မောင်းတတ်လေ့ရှိပါတယ်။
                    White က ရွက်လှေဆီ တဖြည်းဖြည် ချဉ်းကပ်လာနေပါတယ်။ငြ်းထန်လွန်းတဲ့ လေပွေ တိုက်ခတ်မှုကို သူ့ သင်္ဘောကြီးက ကိုယ်ထည်ကြီးနဲ့  ရွက်လှေကလေးကို ကွယ်ကာပေးထားသလိုပါဘဲ။ လိုအပ်တဲ့ အနေအထားကိုရရှိဖို့ တော့  သဲထိတ်ရင်ဖို စွန့် စားနေရအုံးမှာပါ။ သင်္ဘော၂စင်းအတူယှဉ်ဖို့  အကြိမ်ကြိမ် ကြိုးစားနေရပါတယ်။ နီးစပ်မှုရှိလာချိန်မျိုးမှာ ဒါရေးလ်နဲ့  ရှိန်န် တို့ ဟာ  မိမိတို့ ပစ္စည်းအချို့ ကို သင်္ဘောကြီးပေါ် အရောက် ပစ်ပေါက် ပို့ပေးခဲ့ ကြတယ်။
                      နောက်ပြီး သင်္ဘောအချင်းချင်း ယှဉ်မိနေခိုက် ခုန်ကူးရမှာပါ။ ပထမ စတက်ဖနီ ခုန်ကူးပါတယ် ။ ရွက်လှေကလေးက လှိုင်းပေါ်မှာမြုပ်ချီ ပေါ်ချီ   ငါးဖမ်းသင်္ဘောကြီးက လှိုင်းဖါလို့ အကြွ ၊ စတက်ဖနီ တယောက် လေမှာ ၂စက္ကန့် လောက်  တွဲလဲ ဆွဲ နေသေးတာပါ။ သန်မာထွားကျိုင်းတဲ့ လက်မောင်းတစုံက ဆွဲယူ မတင်ခဲ့ တာကြောင့်  ဘေးကင်းလုံခြုံသွားပါ ပြီ။
                     ဒီဗွီယနာကတော့ သွေးကြောင်နေပါတယ် ။ အားလုံးက ခုန်လေ ..ခုန် ..ခုန် ပြောလဲ ။။သူက မခုန်ပါဘူး။ လှိုင်ူလုံးတလုံးက မတင်လိုက်လို Heart Light  ကြွတက်အလာ့ သင်္ဘော၂စင်း တပြေးညီ ယှဉ်မိသွားချိန်မျိုးမှာ သူမက အသာကလေး လှမ်းတက်လိုက်တာပါ။           
သင်္ဘောသားများက သူမကို အပြေးလေး ဆီးဖမ်းလိုက်ကြတယ်။ သူမက ကျေးဇူးပါ လို့ စကားဆိုနိုင်သေးပါတယ်။ ဒီ့နောက်မှာတော့ ဒါရေးလ်နဲ့ ရှိန်န် တို့ အလှည့်ပါဘဲ ။သူတို့ လဲ အေးဆေးညင်သာစွူးနိုင်ခဲ့ ကြပါတယ်။ ဒါပေမဲ့  ….Heart Light  ရွက်လှေ ကလေးကတော့
လှိုင်းတို့ ခေါ်ရာ အဆုံးအစမရှိ မျောပါသွားပြီဖြစ်ပါတယ်။ Heart Light  ရွက်လေးကလေးက အလင်းပြ မီးရောင်ကလေးများ ထာဝရ ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့ ပါပြီ ..။
ရယူခြင်းနှင့် ဆုံးရှုံးခြင်း
မုန်တိုင်းဟာ စဲသွားပြီလို့  ပြောရတော့မှပါ။ မုန်တိုင်းကာလအတွင်း ခက်ခဲကြမ်းတမ်းစွာ ဖြက်သန်းတွေ့ ကြုံ ခံစားရမှုများကို ပြန်လည် သုံးသပ်ကြည့်ရင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ များက တကယ့် ကြီးမားတဲ့  စိန်ခေါ်မှုတွေပါဘဲ။
Heart Light ရွက်လှေကလေးက ပစိဖိတ်သမုဒ္ဒရာအောက်မှာ နစ်မြုပ်သွားခဲ့ ရပေမဲ့  မုန်တိုင်းလွန်မြောက်ချိန်မှာ  Ramtha
ကတော့  ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ ကြပီး ဆိပ်ကမ်းကို ဆွဲတင်နိုင်ခဲ့ တယ်။မုန်တိုင်းမိနေတဲ့  ရွက်လှေထဲက လူတွေဟာ
မြင်းရိုင်းတကောင်စီးနေရသလို ဘယ်တော့ ခါချမလဲ  တွေးပူနေရတဲ့  အချေအနေမျိုးပါ။
 ခုတော့ သူတို့  သြစတြေးလျား ကို ပြန်ရောက်သွားပါပြီ။ မုန်တိုင်းရဲ့ သဘောကို ကိုယ်တိုင် လေ့လာတွေ့ ရှိရခြင်းဟာ အမြတ်များများ ရရှိလိုက်ခြင်းပါဘဲ ။နောက်ထပ် သုတေသန ပြုဖို့  ရံပုံငွေ ထူထောင်ကြအုံးမှာဖြစ်ပါတယ်။ စိတ်ပျက်လက်လျော့ကြမဲ့ လူများမဟုတ်ပါဘူး။ မုန်တိုင်းကို ကြံ့ကြံ့ခံ
နိုင်ခြင်းတဲ့  သတ္တိကို ချီးကြူးဂူဏ်ပြုရမှာဖြစ်ပါတယ်။
              သူတို့ ဟာ နောင်တမရကြပါဘူး။ ပင်လယ်ပြင်ကို ပြန်လည် ထွက်ခွာ ဖို့  ထပ်မံ ရှာဖွေ စူးစမ်းဖို့  ဘယ်တော့မှ လက်မနှေးပါဘူးတဲ့ ။ ဒါနာနဲ့  ပေါ်လာတို့ ကတော့ ကယ်လီဖိုးနီးယာ.ကို ပြန်လည်ရောက်ရှိခဲ့ ကြပြီး မုန်တိုင်းကာလက ဖြစ်စဉ်များကို မမေ့နိုင်သလို နောင်တလဲ မရပါဘူးတဲ့ ။ သူ့ ခြေတဘက် ခွဲစိတ်ကုသလိုက်ရပေမဲ့  အားမငယ်တဲ့ အပြင် Seattle အရှေ့ ပိုင်းခရိုင်မှာ  လယ်ကွက် တကွက်ဝယ်ယူ ပြီးလယ်စိုက်နေပါတယ်။ သူ့ လှေကိုလဲ ထွန်စက်အဖြစ် အသွင်ပြေင်းပြီး ထယ်ထိုးရာမှာသုံးပါသတဲ့ ။
                  သူတို့ မှာ အခြား တာဝန်ယူ ဆောင်ရွက်ရမဲ့  ခရီးရှည်တခု ရှိနေပါတယ်တဲ့ ။ သူတိုံရဲ့  ရွက်လှေ အစား ချစ်စဖွယ် သမီးရင်သွေး အသစ်စက်စက်ကလေး ရင်မှာ ကိန်းအောင်းနေပါသတဲ့ ။ သူကလေးကို ပြုစု ပျိုးထောင်ပေးရအုံးမှာဖြစ်လို့  လောလောဆယ် နွေးထွေးတဲ့  အိပ်ယာထက်က ကျွန်မရဲ့ ရင်ခွင်ကြားမှာ ထည့်ထားရမဲ့  ခလေးကို ချော့သိပ်ရပါအုံးမယ်တဲ့ ။ဒါပေမဲ ပင်လယ်ကြီးကို မေ့မထားပါဘူး။ သမီးကြီးပြင်းလာတဲ့ တနေ့  သမီးနဲ့ အတူ  ပင်လယ်ကို ပြန်လာမှာပါလို့  ပြောပါတယ်။ Wheelers တို့ ကတော့ ရေထဲ က San Te Maru  ကို ဆယ်ယူခဲ့ ကြပြီး ၄ရက်မြောက်နေ့ မှာဘဲ  မိသားစု အာုလုံး အော့ကလန်မှာ ဆုံတွေ့ ခဲ့ ကြတယ် တဲ့ ။ာ
သူမရဲ့  အတွေ့ အကြုံ တွေကို ဟောပြောပွဲ ပြု လုပ်ကျင်းပမှာဖြစ်ပြီး ခေါင်းစဉ်ကိုတော့ “ ရှားပါးဖြစ်စဉ် “ လို့  အမည်ပေးထားပါတယ်။ အနိုင်မခံ အရှုံးမပေး ဇွဲ သတ္တိအပြည့်နဲ့  ကြံ့ကြံ့ခံ ၇ပ်တည်ခဲ့ ကြတဲ့   ရွက်လှေသမားများရဲ့ ဖြစ်စဉ်တွေဟာ တကယ်လဲ မေ့ဖျောက်မရတဲ့  “ အိပ်မက် “ တခုသာဖြစ်ကြောင်း လက်ခံ ကြတယ်။
                 သူတို့  အားလုံးဟာ မိမိတို့  ရရှိခဲ့ ကြတဲ့  ဗဟုသုတ များကို အသီးသီး ကိုယ်ပိုင်အမြင် ကိုယ်ပိုင် ခံစားချက်များဖြင့်  စာအုပ်ထုတ်ဝေ ရေးသားကြမှာဖြစ်ကြောင်းသိရှိရပါတယ်။         ။
မေလ ၂ရက် ၂၀၀၉ ခုနှစ်  နာဂစ်နှစ်ပတ်လည်နေ့  အမှတ်တရ ။
Florist
Pacific Cyclone!  byTony Farrington
reader's digest sep,1996