Sunday, June 20, 2010

လူချ / ဟန်များတဲ့ပွဲ ဘရာဇီး vs အိုင်ဗရီကိုစ့်

ဘရာဇီး ဒုတိယဂိုးကြီးကလက်မောင်းကြီးနဲ့ ဖမ်းထိန်းပြီးသွင်းသွားတာ၊
၈၃ မိနစ်မှာ ဖီဂိုနဲ့ ဇီဒန်းထပြန်တယ်၊ အနိုင်အရှုံးသေချာပြီဆိုပြီး၊
ရန်ဖြစ်တာတွေသူတို့မကြည့်လိုက်ရတော့ဘူး :D
ဒရောဂ့်ဘာက ခေါင်းကောင်းတော့ တစ်ဂိုးရသွားတယ်၊ ပျော်စရာကြီး အိုင်ဗရီကိုစ့်ကိုသနားလို့၊
ဘရာဇီးက ဟန်ဆောင်တယ်၊ လူချတယ်၊ အိုင်ဗရီကိုစ့်ကလဲ ပြန်ချ၊ ဟန်ဆောင်
ရန်တွေဖြစ်၊ ရန်တွေဖြစ်၊
ကာကာ က အ၀ါရပြီးသားကို တံတောင်ထပ်ကျွေးတယ်၊
အိုင်ဗရီကိုစ့်ကလဲ ကျောက်ဆောင်ကြီးနဲ့ ပစ်ပေါက်လိုက်သလိုလဲကျတယ်၊
ကာကာ နီသွားတယ်၊
ဘောလုံးရသသိပ်မြောက် မမြောက်တော့ မပြောတတ်ဘူး၊ နဲနဲလေးမှ အိပ်မငိုက်လိုက်ဘူး၊
ဘာပဲဖြစ်ဖြစ်
ကျေးဇူး ဘရာဇီး
ကျေးဇူး အိုင်ဗရိကိုစ့်
ဂွတ်နိုက်

4 comments:

  1. ပိုရီရတာက ကာကာ ကျွေးလိုက်တာ ရင်ဘတ်ကို။ ဟိုဘက်ကလူက မျက်နှာကိုအုပ်ပြီး လဲကျသွားတယ်။

    ReplyDelete
  2. အခု တီဗွီကလာနေတယ်..
    မနက်၂ခွဲ ထမကြည့်နိုင်ဘူး..
    သူများအလှပျက်မှာစိုးး..
    ခစ်ခစ်..

    ReplyDelete
  3. အို...........ဘာတွေလဲ .နားမလည်ဘူ.

    ဘောလုံပွဲကိုပြောတာ..

    ReplyDelete
  4. အဲဒီကာကာက သူဘာမှ မသိသလိုလေးနဲ့ ပြေးဝင်လာတဲ့သူကို တတောင်နဲ့ တွက်ပစ်လိုက်တာ.. ဟိုလူကလည်း ဘာဖြစ်လို့ ပြေးဝင်လာလည်း မသိဘူး။ ဒီပွဲက ၂သင်းလုံး ကလေးဆန်သလိုပဲ။

    ReplyDelete