photo from |
ကျွန်မဟာ ညီအမသုံးယောက်ထဲက တယောက်ဖြစ်ပြီးတော့ ကျွန်မတို့ သုံးယောက်စလုံးဟာ ကက်သလစ်ဘာသာဝင်များဖြစ်သည်နှင့်အညီ ဘာသာရေးလုပ်ငန်းများကို စွမ်းစွမ်းတမန် လုပ်ကိုင်ပျော်ရွှင်နေကြသူများဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံ ထဲက အလွန်ဝေးသီခေါင်လွန်းလှတဲ့  အရပ်ဒေသတခုမှာပါ။ လူဦးရေ နှစ်သောင်းဝန်းကျင်လောက်ဘဲ ရှိပြီး ဆင်းရဲ နွမ်းပါးကြသူများ ဖြစ်ပြီးတော့ အထူးသဖြင့် ကျန်းမားရေးဘက်မှာအလွန်ချို့တဲ့လှပါတယ်။ ဌာနီ ဆေးဝန်ထမ်းမရှိပါဘူး။ အမြဲနေထိုင်မယ့်ဆရာဝန်ဆိုတာ ဝေးလာဝေးပါ။ ကျွန်မတို့ခရစ်ယာန်အသိုင်းအ၀ိုင်းကသာ ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်ဓါတ်နဲ့ စာနာကူညီမှုတွေ ပေးခဲ့ကြရတာပါ။ ကျွန်မအနေနဲ့လဲ လက်မှတ်ရ သူနာပြု ဆရာမတယောက် ဖြစ်ခဲ့ပြီးပြီမို့ ပိုမို အဆင်ပြေ ချောမွေ့ စေပါတယ်။
ပြီးခဲ့တဲ့ ၁၉၇၈ခုနှစ်ရဲ့  ညနေခင်းတခုမှာ Anda ကျေးလက်ကျန်းမာရေး ဌာနက ကျန်းမာရေးဆရာမ နှင့် ခင်ပွန်းသည်တို့ဟာ လေးနှစ်အရွယ် သမီးကလေး Serena နှင့်အတူ ကျွန်မတို့ အိမ်ကို ရောက်ရှိလာကြပါတယ်။ ခလေးမကလေးကို ကြည့်ရတာ တော်တော့်ကို ခက်ခက်ခဲခဲ အသက်ရှူနေရဟန်ရှိပါတယ်။ သူ့မေမေက ကျွန်မကိုပြောပါတယ်။ ခလေးမလေးဟာ ဒေသထွက် ကျေးလက်အစာ(chico) အသီးတခုကို နေ့လည်စာစားချိန်က စားရင်းလည်ချောင်းမှာတစ်နေခဲ့တယ်တဲ့။ သူမကြိုးစားပြီး တတ်စွမ်းသလောက် ထုတ်ယူခဲ့ပေမဲ့ မရခဲ့ဘူး တဲ့။ ညစာစားချိန်မှာတော့ ခလေးမကလေးဟာ အသက်ရှုရတော့ဘဲ တကိုယ်လုံးပြာနှမ်းလာတယ်လို့ ဆိုပါတယ်။ ကျွန်မထင်ပါတယ်။ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့ နေတဲ့အရာကို ခပ်မြန်မြန်လေး ထုတ်ပစ်ဖို့လိုမယ်ဆိုတာ။ ဒါနဲ့ဘဲ ကျွန်မ ခပ်မြန်မြန်ဘဲ လူနာတင်ကားတစင်းကို ဖုန်းဆက်ခေါ်လိုက်ပါတယ်။ လူနာတင်ကားလို့သာ ဆိုတယ် အမှန်က သာမန်ထရပ်ကားတစင်းပါဘဲ ။ ထူးခြားတာက ဥသြဆွဲလို့တော့ရတယ်လေ။ ကားရောက်တယ်ဆိုရင်ဘဲ အချိန်မဆိုင်းတော့ဘူး။ ကျွန်မ ခလေးမလေးကို ပွေ့ပြီးကားပေါ်တက်လိုက်တယ်။သူမဖေဖေရော သူမမေမေရောပါဘဲ။ သူတို့ နှင့်အတူ လိုက်လာတဲ့ Anda က သားဖွားဆရာမတယောက်လဲ ပါပါတယ်။ ကျွန်မတို့  အရေးပေါ်ဆေးရုံကြီးကို ခုလို သွားကြရာမှာ တူးမြောင်းတခုကိုလဲ ဖေါင်နဲ့  ဖြတ်ကူးကြရတယ်။
ကျွန်မတို့သင်္ဘောဆိပ်ခံတံတားရောက်တော့..လူတွေက ပြားပန်းခတ်ရှုပ်ထွေးနေတယ်။ ဖေါင်နဲ့ ဖြတ်ကူးဖို့ ခွင့်မပြုကြောင်း တာဝန်ရှိသူတွေက အချက်ပြ မီးနဲ့သတိပေးနေပြန်တယ်။ သူတို့က စပိဘုတ်ကလေးတခုအပေါ်ကို ပို့ပေးပါတယ်။ ဒါပေမဲ့ အဆင်မပြေပါဘူး။ လမ်းတ၀က်မှာဘဲ ကျွန်မတို့တခြား စပိဘုတ်တစင်းကို ပြောင်းကြရတယ်။ ခလေးမလေးကိုတော့ ကျွန်မတင်းတင်းမြဲမြဲ ပွေ့ချီတက်ရတယ်။ ကျွန်မတို့အဖို့တော့သည်းထိတ်ရင်ဖို အတွေ့အကြုံတခုပါဘဲ။ ပင်လယ်လေက အေးစက်လွန်းပေမယ့် ကျွန်မတို့အမှုမထားနိုင်ကြဘူး။ ကျွန်မ ခလေးမလေးကို ဖောက်ထိုးထားလိုက်ဖြေးဖြေးညင်သာ ထူမတ်ပေးလိုက်နဲ့ တလမ်းလုံးလုပ်ပေးခဲ့တယ်။ ဒါ့ကြောင့်လဲ ခလေးမလေးရဲ့မျက်နှာကလေး သွေးရောင်နဲနဲ လွှမ်းလာခဲ့တယ်။ ကုန်းပေါ်ရောက်တော့ ကျွန်မတို့ ၂ကီလိုမီတာလောက်ဝေးမယ့် အရေးပေါ်ဆေးရုံကို သွားဖို့ ကားတစီး ရှာရပြန်တယ်။ ရရာဂျစ်ကားတစ်စီးနဲ့ အပြေးသွားကြရပြန်တယ်။ ကားက သုံးရရုံဘဲ။ ရှေ့မီးတစ်လုံးတည်းအလုပ်လုပ်တယ်။ မှောင်လာပြီဖြစ်တဲ့လမ်းကို ကောင်းကောင်း အလင်းမပေးနိုင်ဘူး။ ဒရိုင်ဘာက အလိုက်မသိ ဒီလမ်းဟာ သိပ်အန္တရယ်များကြောင်း ဘယ်နေ့ က ဘယ်နားမှာ ဘာဖြစ်ကြောင်း ပြောနေလိုက်တာ လျှာတော်တော်ရှည်တဲ့ သူဘဲ။ ဒီလူလျှာရှည်နေတာနဲ့ဘဲ ဖြုံးဆို သူ့ကားက လမ်းဘေးထိုးရပ်ပါရော။ ကားဘီးပေါက်တယ်လေ။ ဘီးတလုံးကပြားသွားပြီ။ ကားဘီးကို ၃မိနစ်နဲ့ အပြီးလဲရတယ်။ ဒီအတောအတွင်းမှာ ကျွန်မ ဘုရားသခင်နဲ့  သူတော်စင်စိန့်တွေထံ ခလေးမလေးကို စောင့်ရှောက်ပေးဖို့အသက်ကို ကယ်တင်ပေးဖို့အသနားခံ ရပါတယ်။ အကြိမ်ကြိမ် အခါခါဆုတောင်းနေရပါတယ်။ ဒီကြားထဲမှာ ဒရိုင်ဘာကြီးကိုလဲ ကားဘီးမြန်မြန်လဲပြီးဖို့လှမ်းပြီး တောင်းပန်နေရသေးတာ။
ဒီလိုနဲ့ကျွန်မတို့ ကံအားလျော်စွာ ဆေးရုံကြီးကို ရောက်ခဲ့ရပါပြီ။ ဒါပေမဲ့ တာဝန်ကျဆရာဝန်ကမရှိပါဘူးတဲ့။ လိုအပ်တဲ့ပစ္စည်းကရိယာတောင်မရှိပါဘူးတဲ့။ သွားပါပြီ။ ကျွန်မတို့ကို သုံးနာရီကြာ ရှေ့ဆက်မောင်းနှင်ရမယ့် Dagupan မြို့ ကိုသွားဖို့ လမ်းညွှန်တော့တယ်။ ဘာဘဲပြောပြော ဟိုမှာက ပစ္စည်းကရိယာစုံလင်တယ်အောက်ဆီဂျင် ပေးလို့ရနိုင်မယ်ဆိုတော့ ကျွန်မတို့ မျှော်လင့်ချက် ရှိပါသေးတယ်။ သူတို့က သူနာတင်ကားကို ပေးလိုက်တဲ့အတွက် ကျေးဇူးတင်ရပေမယ့် လမ်းတ၀က်ရောက်တော့ သူနာတင်ကားက ဂက်စ်ဖြည့်ရပါတယ်။ ဆီဖြည့်ဌာနမှာ ကံမကောင်းစွာ ဆီဖြည့်တဲ့  ပန့်ပ်ကွဲထွက်သွားတယ်။
ဘုရားသခင်!
ကျွန်မတို့ ဒုက္ခသုက္ခတွေ အဆုံးမသတ်သေးပါလား။ သူနာတင်ကားဟာ တခြားပန့်ပ်တခုမှာ ဆီသွားဖြည့်ရပါတယ်။ ကျွန်မတို့ ရှေ့ဆက်လက်ထွက်ခွာခဲ့ပါတယ်။ မကြာမီ Dangupan မြို့ ကို ရောက်ခဲ့ပါတယ်။ ဆေးရုံနဲ့ အနီးဆုံးတနေရာမှာကားရပ်နားလိုက်တယ်။ ဒါပေမဲ့ သူတို့က အဆုတ်နဲ့ပတ်သက်တဲ့အထူးကုဆရာဝန်က မရှိပြန်ဘူးတဲ့။ ခလေးအတွက် အဆုတ်ရောဂါကု ကျွမ်းကျင်ဆရာဝန်တယောက် အမြန် လိုအပ်တယ်လို့ဆိုတယ်။ ကဲ ကျွန်မတို့ တခြားဆေးရုံတခုကို ထပ်မံ ပြောင်းလဲ သွားရောက်ဖို့ ပြင်ဆင်ရပြန်ပြီ။ ဒီအခါမှာတော့ သူနာတင်ကားလဲ ရှေ့ခရီးကို သည်ပိုးမပေးတော့ပါဘူး။ ကျွန်မတို့  ဒါရိုက်တိုရီလမ်းညွှန်ကို ဖုန်းဆက်မေးရတော့တယ် ။ ဒါဂူပန်မြို့ မှာ ရနိုင်မယ့် ဆရာဝန်တယောက်ယောက်ကိုပေါ့။ ဒီတော့မှ ကျွန်မတို့  ဆရာဝန်ကောင်းကောင်းနဲ့ ဆေးရုံကောင်းကောင်းနဲ့ ဆုံတွေ့နိုင်ကြတော့တယ်။ ဆရာဝန်က ဓါတ်မှန်လေးကြိမ်ရိုက်ပြီးတဲ့ နောက်မှာတော့ သူတို့ တိကျတဲ့အဖြေတစ်ခုကို ပေးနိုင်ခဲ့ကြပြီး ခလေးရဲ့ အသက်ကိုလည်း သူတို့ ကျိန်းသေကယ်တင်နိုင်ပီလို့  ဆိုတယ်။
သူမရဲ့လေပြွန်မှာ တွယ်ကပ်ခိုအောင်းနေတဲ့ သစ်သီးစေ့ကို ထုတ်ယူနိုင်ပါလိမ့်မယ် တဲ့။ တကယ်လဲ အောင်မြင်စွာ ဖယ်ရှားထုတ်ပစ်နိုင်ခဲ့ပါပြီ။ ပင်မလေပြွန်ကို ပိတ်ဆို့ထားတဲ့အသီးစေ့ကြောင့် ညာဘက်အဆုတ်တခြမ်းဟာ ကျုံ့သွားပြီး ခလေးဟာ အသက်ရှူ ခက်ခဲ သွားခြင်းဖြစ်ပါတယ်။ ဒါဟာ အချိန်အလွန်ကြန့်ကြာသွားရင် မုချ အသက် သေစေနိုင်ပါတယ်။ ဘယ်ဘက်အဆုတ်တခြမ်းက ဘာမှ မဖြစ်တဲ့အတွက် ဆရီနာ ကံကောင်းပါတယ်။ ဒါပေမဲ့ ဆေးရုံကိုလာခဲ့ရတဲ့ ခရီးမှာ အခက်အခဲတွေ တလှေကြီးရင်ဆိုင်ခဲ့ရရှာတာပါ။ နောက်ဆုံးမှာတော့ ကျွန်မတို့ အားလုံး စိတ်ချလက်ချ အသက်ရှူခွင့်ရခဲ့ပါပြီ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးကျူးမိပါတယ်။ ဆရီနာ့ မိခင်ဘခင်ဟာလည်း ကျွန်မကို အထူးကျေးဇူးတင်ရှိကြတယ်။ ကျွန်မရင်ထဲမှာလည်း ဒီလို ထိထိမိမိကူညီပေးနိုင်ခဲ့ လို့ ရင်ထဲမှာ ပြောမပြတတ်အောင်ဘဲ သိပ်ကို ၀မ်းသာကြည်နူးမိပါတယ်။
နောက်တစ်လအကြာမှာတော့ ကျွန်မနှင့်အတူ သီလရှင်အများအပြား ဆရီနာ့မိသားစုနှင့်ပါ ဘုရားကျောင်းဝေယျာဝိစ္စ ပြုကြတယ်။ ကက်သလစ်ဘာသာထဲကို သူတို့ကူးပြောင်းဝင်ရောက်လာတယ်။ ဆရီနာလေးကိုလဲ ရေဖြန်းစေပါတယ်။ အစစအရာရာ ကျွန်မတို့ ညီအမသုံးယောက်က ကူညီပံ့ပိုးရတာဘဲပေါ့။ ကျွန်မတို့ကြုံခဲ့ရတဲ့ မယုံနိုင်စရာ သည်ခရီးကိုတော့ အားလုံးက မမေ့ကြပါဘူး။
ကျွန်မတို့ နှစ်ပေါင်းတော်တော်ကြာအောင် အဆက်အသွယ် ပြတ်တောက်နေပေမယ့်လည်း သူတို့  ကျွန်းကလေးပေါ်မှာဘဲ ရှိနေကြတယ်ဆိုတာ ကြားနေရပါတယ်။ ခုဆိုရင် လမ်းပန်းအဆက်အသွယ်တွေလဲ ကောင်းမွန်ချောမွေ့ နေတယ်တဲ့။
ဆယ်စုနှစ်သုံးခုစာလောက် အချိန်တွေ ကုန်ဆုံးခဲ့ချိန်မှာတော့ တစ်နေ့ လွမ်းမောဘွယ် အဖြစ်အပျက်ကလေးတခုနဲ့ ကြုံခဲ့ကြရတယ်။ ကျွန်မ ဇာတိမြေကျွန်းကလေးကနေ ရောမမြို့ကို ဘာသာရေးကိစ္စနဲ့သွားဖို့အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာဘဲ မိန်းခလေးတယောက် လက်ဆွဲအိပ်ကလေးတလုံးနဲ့  ရောက်လာခဲ့တယ်။

“မာမီကပြောပါတယ်။ ကျွန်မအသက်ကို ဆရာမကြီး ကယ်တင်ခဲ့တယ်တဲ့။ ကျေးဇူးတင်ပါတယ်ရှင်။ ကျွန်မတို့ဘယ်တော့မှ မမေ့ခဲ့ပါဘူး။ အစဉ်အမြဲ ဒါကို သတိရနေတာပါ”တဲ့။ နွေးထွေးတဲ့အပြုံးနဲ့ မျက်ရည်ကလေးဝဲပြီးပြောရှာတယ်။ သူမလက်ထဲက ပစ္စည်းအပြည့်နဲ့ အိတ်တလုံးကို လှမ်းပေးရင်းကျွန်မအတွက် လက်ဆောင်တဲ့။ ကျွန်မလဲ အိတ်ထဲကပစ္စည်းတွေကို မကြည့်အားပါဘူး။ သူမကိုယ်ကလေးကိုသာ တင်းတင်းဖက်ပြီး နွေးနွေးထွေးထွေးဘဲ အားပါးတရ ပြောလိုက်ပါတယ် ။
“ဘုရားသခင်ကိုဘဲ ကျေးဇူးတင်ပါ ခလေးရယ်“ လို့။
Florist
RD nov,2011
ဖတ်ပြီး...။
ReplyDelete၂ခါလောက်ဖတ်လိုက်တယ်..။
ပေါက်
'သည်ခရီး' ဖတ်သွားတယ် ဖြိုးဖြိုးရေ။ ကျေးဇူးပါနော်။
ReplyDeleteစိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
မဖြိုးရေ သေသေချာချာလေးကို ဖတ်သွားပါတယ်ဗျာ။။။
ReplyDeleteမဖြိုးရေ... ကက်သလစ်ဘာသာထဲကိုဝင်လာတယ်ဆိုရင် နှစ်ခြင်းခံတယ်လို့မသုံးပဲ ဆေးကြောခြင်းခံတယ်လို့ပဲသုံးပါတယ်။ ကက်သလစ်မှာ နှစ်ခြင်းခံတယ်လို့မသုံးပါဘူး။

ReplyDeleteဘယ်လိုဖြစ်တယ်သိ... ကွန်မန့်က အပြည့်မပေါ်ဘူးရယ်။ အဲဒါကြောင့်နှစ်ခုဖြစ်သွားရတယ်။ ဆောရီးပါနော်
ReplyDeleteတကယ့်အဖြစ်ကလေးကို ဘာသာပြန်ထားတာထင်တယ်နော်။ ရင်ကိုထိတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ။ အသေအချာကို ဖတ်သွားတယ်..း)
ReplyDeleteအားလုံးကိုကျေးဇူးတင်ပါတယ်။
ReplyDelete@Anonymous ဟုတ်ကဲ့၊ ကျေးဇူး မေမေလည်းကိုယ့်ဘာသာမဟုတ်တော့နားမလည်ဘူးနေမှာ။ မှတ်ထားလိုက်ပါမယ်။
မေမေ့ကိုလည်းပြောပြလိုက်မယ်နော်။
ပြောပြတဲ့အတွက်ကျေးဇူးအများကြီး။
ဘုရားဘုရား လေပြွှန်ထဲထိ ၀င်ချသွားတာကိုး။ ကံကောင်းသွားတာက တစ်ဖက်ခြမ်းနဲ့  အသက်ရှုနေနီုင်လို့  သာပဲ။ မဟုတ်ရင် ဒုက်ခ များမယ် အစ်မရေ။
ReplyDeleteဘယ်လိုဘာသာတရားပဲ ဖြစ်ဖြစ် အကြင်နာ တရား ထားပြီး တပါးသူ အတွက် ကူညီစောင့်ရှောက် စေနိုင်ဖို့  လမ်းကြောင်းပေးထားတာဟာ မွန်မြတ်သန့် စင် ခြင်းပါပဲလေ။ ဗုဒ္ဓဘာသာမှာရော ခရစ်ယာန် ဘာသာမှာပါ အချင်းချင်း ကူညီရိုင်းပင်းကြဖို့  ဒုက္ခရောက်သူကို ကူညီကြဖို့  ဟောကြားထားပါတယ်။ အင်မတန်ကို မွန်မြတ်ပါတယ်လို့  ပြောပါရစေ။
ကောင်မလေးရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ သူတွေကိုလည်း ချီးကျူး ဂုဏ်ပြုမိပါတယ်ဗျာ။
အသက်တစ်ချောင်းကယ်ဖို့ ခက်ခက်ခဲခဲကြားက ခရီးတွေသွားလိုက်ရတာ
ReplyDeleteစိတ်ထဲတစ်ထင့်ထင့်နဲ့ ဖတ်နေရတယ်။ အဆင်မှ ပြေပါ့မလား ကယ်မှ ကယ်နိုင်ပါ့မလားနဲ့
ကယ်နိုင်ပြီဆိုတော့မှ သက်ပြင်းချမိတယ်..
ဝေးလံခေါင်းပါးတဲ့ နေရာသူတွေအဖို့တော့ ဆေးရုံဆေးခန်းသွားရဖို့ သိပ်ခက်ခဲတာဘဲနော်..
ဖြိုးမေမေကို ကျေးဇူးတင်ပါတယ်. ဒီလိုစာလေးတွေ ရေးပေးတဲ့အတွက်ပါ။
ဖြိုးဖြိုးေ၇.... ဆင်းရဲနိမ့်ကျသူများအပေါ် ဘာသာရေးအသိစိတ်နဲ့ စာနာကူညီမှုတွေပေးတဲ့ ပရဟိတစိတ်ဓာတ်ကို တကယ်လေးစားဂုဏ်ယူပါတယ်။ ခရစ်ယန်ဘာသာဝင်တို့ရဲ့ မြင့်မြတ်တဲ့လုပ်ငန်းပေါ့။
ReplyDeleteချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ
အခက်အခံတွေ့သူကို ကူညီတတ်တာ မွန်မြတ်တဲ့ ချစ်စရာစိတ်ကလေးပဲနော်။ ဘယ်အရာမဆို လွယ်လွယ်နဲ့ စိတ်အားမလျှော့သင့်ဘူး..၊ ဘယ်လောက်အခက်တွေ ကြုံပါစေ၊ ဇွဲမလျှော့ပဲ အဆုံးစွန်ထိတိုင် ကြိုးစားသင့်တယ်..ဆိုတဲ့ အမြင်လေးရလိုက်စေတယ် ဖြိုးရေ...။
ReplyDeleteမေမေ က comment လေး ပြန်ပေးပါဆိုလို့။
ReplyDeleteမေမေပို့လိုက်တဲ့အတိုင်းပါပဲ။
Reader Digest November 2011 စာအုပ် စာမျက်နှာ 13 စာကြောင်းရေ.28 မှာ baptized as Catholic လို့  စာရေးဆရာက ရေးပါတယ်။
ဒီတော့ baptize ဆိုတာကို ပထမ လက်လှမ်းမှီသလောက် florist မှီငြမ်းပြုနေကျ .. dictionary တွေမှာ ပြန် ရှာကြည့်ရအောင်။
အင်္ဂလိပ်မြန်မာ ရာပြည့်အဘိဓာန် စာမျက်နှာ59 မှာ “ baptize ကို (V)ခရစ်ယာန်ဘာသာဝင်အဖြစ် နှစ်ခြင်းပေးသည် “လို့  အတိအလင်းဖွင့်ဆိုထားပါတယ်။” baptism ကိုတော့ (n) ရေနှစ် ရေဖြန်းမင်္ဂလာနှင့်ဆိုင်သော “
လို့ ဖွင့်ဆိုထားပါတယ်။
ခေတ်သစ် အင်္ဂလိပ်မြန်မာdictionary မှာလည်း “baptism ( ဘက်ပ်တစ်စဲင်) n . ခရစ်ယာန်ရေနှစ် မင်္ဂလာ ရေဖြန်းမင်္ဂလာပေးခြင်း။” တဲ့။ စာမျက်နှာ 66 မှာပါ။ တခါ ..
Times-Chambers Learners ‘dictionary (1992 impression) ကို အခြေခံ ကိုးကားတဲ့
Oxford Learner’s dictionary စာမျက်နှာ93 မှာလည်း baptize ကို sprinkling water or “dipping in water “ (ရေနှစ်)လို့ အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။
မြန်မာစာအဖွဲ့ဦးစီးဌာန ညွှန်ချုပ်ဦးစံလွင်စီစဉ်တဲ့ Myanmar-English dictionary စာမျက်နှာ 396 မှာ “ရေနှစ် / n baptist “ လို့  ဖွင့်ဆိုထားပြန်ပါတယ်။
တခါ ဦးထွန်းညိမ်း ရဲ့ The Student English - Burmese Distionary စာမျက်နှာ74 မှာ ‘Baptist,n.ရေနှစ်ခရစ်ယာန် “် , Baptism,n.ရေနှိုက် နှစ်ခြင်း၊ရေနှစ်မင်္ဂလာ၊ရေနှစ်၍ဖြစ်စေ ရေဖြန်း၍ဖြစ်စေ ခရစ်ယာန်ဘာသာသို့ သွင်းသည့် အထိမ်းအမှတ်မင်္ဂလာ ။Baptismal , a. ရေနှစ် ရေဖြန်းမင်္ဂလာနှင့်ဆိုင်သော စသဖြင့် အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်။ ဒါ့အပြင် Kingsway Dictionary စာမျက်နှာ 32 မှာတော့ Baptism, n . Christening
( ခရစ်ယာန်အဖြစ်ခံယူခြင်း)
Baptize , v. to christen ( The Vicar will baptize the babies by sprinkling water on their foreheads ) သင်းအုပ်ဆရာက ကလေးသူငယ်များ၏ဦးခေါင်းပေါ်သို့  ရေကိုဖြန်းပက်၍ ခရစ်ယာန်အဖြစ် ချီးမြှောက်ခြင်း။လို့ ဖွင့်ဆိုပါတယ်။
Florist တို့  ကွန်ပြူတာသုံး Babylon Dictionary မှာလည်း “ရေနှစ် ခြင်း ရေဖြန်ခြင်းမင်္ဂလာပြုပေးသည် “် လို့  အဓိပ္ပါယ်ပေးပါတယ်။
့ ဗုဒ္ဓဘာသာဝင် florist က ခရစ်ယာန်တွေရဲ့  အပြုအမူ အသုံးအနှုံးတွေကို လက်တွေ့ကျကျ မမြင် မသိပါဘူး။ ကိုးကားမှီငြမ်းပြုထားတဲ့  စာအုပ်ကြိးတွေအရရေးသားရခြင်းဖြစ်ပါတယ်။
florist က ဆယ်တန်းတောင် မအောင်ပါဘူး။ မီးဖိုချောင်ထဲကနေ ကမ္ဘာကြီးကို တိတ်တခိုး ချောင်းမြောင်း လိုက်ကြည့်နေသူဖြစ်ပါတယ်။ ခုလို ထောက်ပြ ပြောဆိုကြတာကို အလွန်ကျေးဇူးတင် ပါတယ်။ တင်သမျှစာတွေ ဖတ်ပေးကြလို့ လဲ ၀မ်းသာကြည်နူးနေရပါတယ်။ နောင်ကိုလည်း florist ကို လက်တွဲ ခေါ်ယူကြပါလို့ ပြောပါရစေ။
November 27, 2011 5:41 PM ကသူပါ။ ပြောပြတာကို ပြင်ပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် အမ။
ReplyDeleteအမရေ... ကျမဆိုလိုချင်တဲ့သဘောက ကက်သလစ်တွေခေါ်ရိုးခေါ်စဉ်ကိုပြောပြလိုတဲ့သဘောပါ။ baptized ကို မြန်မာလိုဆို ကက်သလစ်တွေက နှစ်ခြင်းခံတယ်လို့ မသုံးပဲ ဆေးကြောခြင်းခံတယ်လို့သုံးတာရယ်၊ နှစ်ခြင်းခံတယ်ဆိုတာ နှစ်ခြင်းခရစ်ယာန်တွေသုံးတာလို့ပဲ သိထားတာရယ်ကြောင့် ကက်သလစ်တယောက်အနေနဲ့ ပြောပြတဲ့သဘောပါနော်။ ကျမတို့က နှစ်ခြင်းအသင်းတော်တွေကလို ဘာသာဝင်အဖြစ်အသိအမှတ်ပြုဖို့ ရေထဲနှစ်ခြင်းမလုပ်ပဲ ခေါင်းပေါ်ကနေပဲ ရေဖြန်းပါတယ်။ အဲ့ဒါကြောင့် ကက်သလစ်တွေကို ဖြန်းခြင်းလို့ တချို့က ခေါ်ကြပါတယ်။ {ဗုဒ္ဓဘာသာဝင် florist က ခရစ်ယာန်တွေရဲ့  အပြုအမူ အသုံးအနှုံးတွေကို လက်တွေ့ကျကျ မမြင် မသိပါဘူး။ ကိုးကားမှီငြမ်းပြုထားတဲ့  စာအုပ်ကြိးတွေအရရေးသားရခြင်းဖြစ်ပါတယ်။} ကျမ အပြစ်ပြောလိုတဲ့သဘောမဟုတ်ပါဘူးအမ။ နှစ်ခြင်းအသင်းတော်တွေကို လူသိများပေမယ့် ကက်သလစ်ဘာသာဝင်တွေကို လူသိမများတဲ့အတွက် ဘာသာရေးအခေါ်အဝေါ်တွေကို မသိတာ ကျမ လုံးဝနားလည်ပါတယ်။ ကက်သလစ်တယောက်အနေနဲ့သာ မြင်မိတာတခုကို ပြောပြတာပါ။ {သင်းအုပ်ဆရာက ကလေးသူငယ်များ၏ဦးခေါင်းပေါ်သို့  ရေကိုဖြန်းပက်၍ ခရစ်ယာန်အဖြစ် ချီးမြှောက်ခြင်း။လို့ ဖွင့်ဆိုပါတယ်။ }ဒီအဘိဓာန်အရဆိုလည်း သင်းအုပ်ဆရာဆိုတာ နှစ်ခြင်းခရစ်ယာန်တွေအနေနဲ့ ဘုန်းတော်ကြီးကိုသုံးသလို၊ ဘုန်းတော်ကြီးမဟုတ်တဲ့သူတွေကိုလည်းသုံးပေမယ့် ကက်သလစ်တွေမှာ ဓမ္မဆရာလို့ပဲသုံးပါတယ်။ ကက်သလစ်ဓမ္မဆရာတွေဟာ လူဝတ်တွေပါ။ ဘုန်းတော်ကြီးတွေကို အဲ့ဒီဝေါဟာရမသုံးပါဘူး။ နှစ်ခြင်းမှာ ရေနဲ့ဖြန်းခြင်းရှိမရှိ မသိပေမယ့် ဒီအဘိဓာန်မှာ သုံးထားတဲ့ ဖြန်းခြင်းဆိုတာ ကက်သလစ်တွေအတွက်သုံးထားသလိုပါပဲ။ အဘိဓာန်တွေမှာ စကားလုံးတွေက ခရစ်ယာန်ဆိုတာကိုပဲ ရည်ညွန်းနေတဲ့အတွက် ဝေါဟာရတွေကိုလည်း ဂိုဏ်းဂဏမခွဲဘဲ ဘုံသုံးလိုက်သလိုပါပဲ။ ကျမလည်း တကယ်တော့ အကိုးအကားတွေကို မသိပါဘူး။ သုံးနေတဲ့ဝေါဟာရကိုပဲ ပြောပြတာပါ။ အခုလို ပြန်ဖြေပေးတဲ့အတွက် မမမေမေကိုရော အမကိုရော တကယ်ကို ကျေးဇူးတင်ပါတယ်။ ဒီလို အများကြီးပြောတဲ့အတွက် ကျမ အနောနိမတ်စ်နဲ့ မပြောချင်ပါဘူး။ ဘလော့က အသစ်မို့ ကြေငြာသလိုဖြစ်သွားမှာစိုးလို့ ပထမဆုံးကွန်မန့်မှာ ဘလော့နာမည်မထည့်တာပါ။
ReplyDelete