Tuesday, August 24, 2010

You may say that I'm a dreamer ... But I'm not the only one !!!

Imagine ကို “ဘာသာကိုဆန့်ကျင်တဲ့သီချင်း၊ တိုင်း၊နိုင်ငံမရှိ ဆန့်ကျင်တဲ့ သီချင်း၊ ဒါပေမဲ့ သကြားလေး အုပ်ထားတယ်” တို့ ဝေဘန်ခဲ့ကြဖူးတယ်၊ ကြာခဲ့ပါပြီ၊ သီချင်းလေးပြန်နားထောင်ရင်း ဂျွန်လင်နွန်ကို ဘယ်သူသတ်တာလဲ ဆိုတာ ပြန်တွေးမိတယ်၊ မာ့ခ်ဒေးဗစ်ချပ်မန်း ကပဲ သူ တစ်ယောက်တည်းရဲ့စိတ်ရူးနဲ့ နောက်ကနေ ကျည်လေးတောင့် ပစ်သွင်းလိုက်တာလား၊ FBI လား၊ မသိခဲ့ကြပါ၊ ချပ်မန်း ကတော့ ၁၉၈၀ခုနှစ်ထဲက အကျဉ်းသားအဖြစ် ထောင်ဒဏ် အနှစ် ၂၀ ကျခဲ့တယ်၊ ၂၀၁၀ သြဂုတ်လ ၁၁ ရက်နေ့က ချပ်မန်းက အာမခံခြောက်ကြိမ်မြောက်ကြိုးစားခဲ့ပေမဲ့ စက်တင်ဘာအထိ ရက်ရွှေ့ဆိုင်းထားပါတယ်၊ လင်နွန်ရဲ့ ကျန်ရစ်တဲ့ဇနီး အိုနိုက သူ လွတ်လာရင် အိမ်မက်ဆိုး၊ ထိတ်လန့်ချောက်ခြားစရာ တစ်ခါထပ်ပြီးသယ်ဆောင်လာလိမ့်မယ်၊ သူ ကြောက်နေတယ် လို့ ဆိုတယ်။


Imagine there's no Heaven
It's easy if you try
No hell below us
Above us only sky
Imagine all the people
Living for today

Imagine there's no countries
It isn't hard to do
Nothing to kill or die for
And no religion too
Imagine all the people
Living life in peace

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will be as one

Imagine no possessions
I wonder if you can
No need for greed or hunger
A brotherhood of man
Imagine all the people
Sharing all the world

You may say that I'm a dreamer
But I'm not the only one
I hope someday you'll join us
And the world will live as one

Imagine သီချင်းနဲ့ နိုင်ငံရေး၊ ငြိမ်းချမ်းရေး အမြင်တွေ အင်တာဗျူးတစ်ခုမှာ လင်နွန်ဖြေခဲ့ဖူးတယ်၊

In a 1980 interview with David Sheff for Playboy magazine, Lennon remarks on the message of "Imagine":

Sheff: On a new album, you close with "Hard Times Are Over (For a While)". Why?
Lennon: It's not a new message: "Give Peace a Chance" — we're not being unreasonable. Just saying "give it a chance." With "Imagine" we're asking, "can you imagine a world without countries or religions?" It's the same message over and over. And it's positive.
Ono indicated that the lyrical content of "Imagine" was "just what John believed — that we are all one country, one world, one people. He wanted to get that idea out." In addition, the content of "Imagine" was inspiration for the concept of Nutopia: The Country of Peace, created in 1973. Lennon included a symbolically mute "anthem" to this country on his album Mind Games. Also, inspiration for Yoko's Imagine Peace Tower in Iceland came from words in the second verse: Imagine all the people living life in peace.

6 comments:

  1. အဲ အကြိုက်ချင်းက တူနေပါရောလား.. အရမ်းကို ပါရမီ ရှိတဲ့ လူတစ်ယောက်ပါဘဲ... သူ့သီချင်းတွေ တော်တော်များများ ကြိုက်တယ်..
    မအိပ်ဘဲ တစ်ညလုံး ဘာလုပ်နေပါလိမ့်အောက်မေ့တာ
    ဒါတွေ တင်ဖို့လုပ်နေတာကိုး။။
    ဒီကလဲ မအိပ်ဘဲ စာရေးနေတော့ တွေ့နေတယ်လေး))

    ReplyDelete
  2. ညီမ ဖြိုး ရေ

    ညီမ တင်မှဘဲ ဂျွန်လင်နွန် ကိုပြန်သတိရလာတယ် အင်း လူတွေ ရူးလိုက်ကြတာနော်

    သနားပါတယ်

    ခင်တဲ့
    အမရွှေစင်

    ReplyDelete
  3. ဟုတ်ပဗျာ ... ကံဆိုးလိုက်တဲ့ အိုနိုလေး . .

    ReplyDelete
  4. လူတစ်ယောက်ရဲ့ စိတ်ရူးတစ်ချက်က လူသားပေါင်းများစွာရဲ့ ပျော်ရွှင်မှုကို ဖျက်ဆီးလိုက်သလိုပါပဲ။ အသတ်ခံရတဲ့သူလည်း သေ သတ်တဲ့သူလည်း ထောင်ကျ နဲ့ ဘာများကောင်းလို့လဲ..။

    ReplyDelete
  5. @မချော လဲ ဂျွန်လင်နွန်ကြိုက်လား၊ အမှန်က နဲရှော နားထောင်နေတာ၊ Imagine သိပ်ကြိုက်တာ သူက၊ အဲဒါနဲ့ နားထောင်ရင်း ပြန်သတိရသွားတော့ ဒီမှာ ပစ်တင်လိုက်တာ၊ မချောလဲ မအိပ်ဘူးကိုး :)
    @မရွှေစင် ..ဟုတ်တယ် မနေ့က သီချင်းတွေလိုက်ကြည့်ရင်းမှ သနားတောင်သနားနေမိသေးတယ်၊
    @နွေဆူးလင်္ကာ .. အော် အိုနိုလေးပဲ သနားတယ်ပေါ့ ;)
    @ကိုမြစ်ကျိုး သူများတွေခေါ်သလိုပဲ၊ ရင်းရင်းနှီးနှီးခေါ်လိုက်တော့မယ်နော်၊
    ဟုတ်တယ်၊ ဘာမှမကောင်းဘူး၊ အဲလိုသတင်းတွေဖတ်ရ၊ စိတ်မကောင်းဘူး၊ ကိုယ်လဲ ဘာမှ လုပ်မရ၊ လုပ်လို့ရတာဆိုလို့ ကိုယ်က မသတ်မိဖို့ပဲရှိတယ် :(

    ReplyDelete