Showing posts with label သိပ်ကြိုက်တဲ့သီချင်းတွေ. Show all posts
Showing posts with label သိပ်ကြိုက်တဲ့သီချင်းတွေ. Show all posts

Friday, September 14, 2012

~ I can hear the bells ~

~ I can hear the bells
My head is spinning
I can hear the bells 
Something's beginning ~
ဂျွန်ထရာဗိုလ်တာ အမေနေရာက သရုပ်ဆောင်ထားတဲ့ Hairspray တေးသံစုံရုပ်ရှင်ထဲက သီချင်းလေးတွေ အကုန်ချစ်ဖို့ကောင်းတယ်။ နားထောင်တိုင်း သဘောကျလို့။

~ I can hear the bells ~

~ I can hear the bells
My head is spinning
I can hear the bells 
Something's beginning ~
ဂျွန်ထရာဗိုလ်တာ အမေနေရာက သရုပ်ဆောင်ထားတဲ့ Hairspray တေးသံစုံရုပ်ရှင်ထဲက သီချင်းလေးတွေ အကုန်ချစ်ဖို့ကောင်းတယ်။ နားထောင်တိုင်း သဘောကျလို့။

Friday, July 6, 2012

KISS ရဲ့အလှူ


အမေရိကန် ရောခ့်အဖွဲ့ KISS ဟာ အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့က လန်ဒန်မှာ ဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လန်ဒန်ဖျော်ဖြေပွဲခရီးစဉ်ဟာ ဗြိတိသျှဒဏ်ရာရတပ်သားတွေကူညီထောက်ပံ့မှုပေးနေတဲ့ အဖွဲ့အစည်း Help for Heros  ရံပုံငွေ အတွက် သီဆိုလှူဒါန်းခဲ့တာပါ။ Kiss အဖွဲ့သားတွေရဲ့ အဲဒီလန်ဒန်ဖျော်ဖြေရေးပွဲဟာ စင်ဂယ်လ်သစ် Hell or Hallelujah  အရောင်းမြှင့်တင်ရေး ဥရောပခရီးစဉ် ဖျော်ဖြေပွဲတွေထဲက တစ်ပွဲပါပဲ။ KISS အဖွဲ့ဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၇၃ ခုကနေစတင်ပြီး အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချခဲ့ပြီးပါပြီ။  KISS ရဲ့ ဂီတစတိုင်လ်က hard rock စတိုင်လ်တွေပါ။ ၇၄ ကနေ ၇၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ သီချင်းအမျိုးအစားတွေမှာတော့ hard rock နဲ့ rock n' roll ဂီတအမျိုးအစားတွေ နွယ်နေခဲ့ပါတယ်။ မျက်နှာမှာ မိတ်ကပ်အမြဲ ဆေးခြယ်ထားခဲ့တဲ့ စတိုင်လ်ဟာ သူတို့ရဲ့ အမှတ်အသားတစ်ခုပါပဲ။ ပေါလ်စတန်လီ က The Starchild ၊ ဂျီးန်စင်န်မန်စ် က The Demon ၊ အေစ့်ဖရက်လေ နဲ့ တွမ်မီသယာ က The Spaceman ဒါမှမဟုတ် The Space Ace ၊ ပီတာခရစ်စ် နဲ့ အဲရစ်စင်းဂါး က The Catman ၊ အဲရစ်ခ်ကားရ် က The Fox နဲ့ ဗင်နီဗင်းဆန့်တို့က The Egyptian Ankh Warrior ပုံစံတွေမျက်နှာမှာ ဆေးခြယ် သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ KISS က ပြောပါတယ်။ "ငရဲ ပဲ ဖြစ်ဖြစ်၊ ဟာလေးလူယားဖြစ်ဖြစ်၊ ခင်ဗျားဘာတွေလုပ်လုပ်၊ ကျွန်တော်ကတော့ ကျော်ဖြတ်နေပါတယ်။  ကျွန်တော်ဖြတ်သန်းရမယ့် လမ်းကြောင်းရလာဖို့ ကျွန်တော်က အဖိုးအခပေးခဲ့တယ်။ ဘာကြောင့်လည်း ငွေက ဥပဒေတွေကို ပြုလုပ်နိုင်တယ်" တဲ့။

The Egyptian Ankh Warrior or The Wiz – Vinnie Vincent
The Catman – Peter Criss, Eric Singer
The Demon – Gene Simmons
The Fox – Eric Carr
The Spaceman or The Space Ace – Ace Frehley, Tommy Thayer
The Starchild – Paul Stanley
အလှူဒါနအတွက် KISS တွေ ပြောခဲ့တာက-

ဘာကြောင့် Help For Heroes အတွက် ထောက်ပံ့တာလဲ။
ဂျီးန် : ခင်ဗျားရဲ့ နိုင်ငံရေးသဘောတရားအရချဉ်းကပ်မှုဘာပဲဖြစ်ဖြစ်ပါ။ အစစ်အမှန်က အင်္ဂလန် နဲ့ အမေရိကမှာ ရှိနေတဲ့ လွတ်လပ်ခွင့်တွေအတွက်ပါ။ ဒါ နိုင်ငံရေးသမားတွေအတွက်အလုပ်လုပ်တာမဟုတ်ပါဘူး။ ဒီက၊ ယူအက်စ်က၊ ပြီးတော့ လွတ်လပ်တဲ့ကမ္ဘာက ယူနီဖောင်းဝတ် ရဲရင့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက်ပါ။  တကယ်တော့ သူတို့ဟာ သူတို့ရဲ့ ဘ၀ကို ဟိုဘက်ဒီဘက် ကျနိုင်တဲ့ မျဉ်းကြောင်းလေးတစ်ကြောင်းပေါ်မှာ စတေးထားရတာ။ Help For Heroes လုပ်နေတာက သူရဲကောင်းတွေရဲ့ ဘ၀တွေမှာ စွန့်စားမှုတွေပြီးဆုံးတဲ့အခါ လူ့အဖွဲ့အစည်းထဲပြန်လာနိုင်ဖို့ပါ။ အနည်းဆုံး ကျွန်တော်တို့လုပ်နိုင်တာက ကျွန်တော်တို့ရဲ့ လေးစားမှု၊ တန်ဖိုးထားမှုတွေ သူတို့ကို ပြသနိုင်တာပါပဲ။

ပေါလ် : လွတ်လပ်တဲ့တိုင်းပြည်တိုင်းက အကြီးမြတ်ဆုံးရတနာဟာ လွတ်လပ်မှုကိုထိန်းသိမ်းပေးထားတဲ့ အဲဒီတိုင်းသူပြည်သားတွေပါ။ ဗော်လန်တီယာတွေဟာ အသက်ဘ၀တွေ၊ ခြေလက်တွေကို တိုင်းပြည်အတွက်၊ လွတ်လပ်မှုကို ထိန်းသိမ်းဖို့အတွက် ထောက်ပံ့ထားကြပါတယ်။ ပြီးတော့ သူတို့ပြန်လာတဲ့အခါမှာလည်း၊ လူ့အဖွဲ့အစည်းထဲမှာ သူတို့ရဲ့လမ်းကြောင်းအတွက် ပြန်ပြီးတိုက်ခိုက်ရဦးမယ် ဆိုရင် အဲဒါ ရာဇ၀တ်မှုပါ။ သင့်ရဲ့အပြန်လမ်းမှာ ဘေးအန္တရာယ်ဆိုးထဲမှာကျင်လည်ရရင် ကျိုးပဲ့နေတဲ့ကိုယ်ခန္ဓာလိုပဲ စိတ်ကျန်းမာရေးလည်း ကျိုးပဲ့ပျက်စီးသွားမှာပဲ။ လွတ်လပ်မှုအတွက် ထိန်းသိမ်းစောင့်ရှောက်နေသူတွေကို စောင့်ရှောက်ရမှာက လူတိုင်းအတွက် တာဝန်ဝတ္တရားပါ။

ဒီရက်သတ္တပတ်တွေမှာ Sonisphere သတင်းတွေကလည်း ခေါင်းကြီးပိုင်းမှာဆိုတော့။ ဒီအခြေအနေမှာ ငွေရေးကြေးရေးအတွက် စိတ်ပူကြလား။
(Sonisphere Festival ဆိုတာက ဂျွန်လ နဲ့ သြဂုတ်လအတွင်းမှာပြုလုပ်တဲ့ heavy metal အဖွဲ့တွေရဲ့ ဥရောပဖျော်ဖြေရေးခရီးစဉ် ဂီတပွဲတော်ပါ။ အဲဒီဂီတပွဲတော်မှာ     Metallica, Slipknot, Korn, Machine Head, Linkin Park, Down, Lamb of God, Kamelot နဲ့ Pendulum အဖွဲ့တွေနဲ့ တစ်ခြား metal အဖွဲ့တွေပါဝင်ကြတယ်။)
ပေါလ် : ကျွန်တော်တို့ ပရိတ်သတ်နည်းနည်းလေးပဲရှိတဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ မိုဟာမက်အလီရဲ့ အမည်ဟာ “The Greatest” ပဲ။ အဲဒါ သူ ပွဲတိုင်းအနိုင်ရခဲ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူဟာ ချန်ပီယံဖြစ်ခဲ့တယ်။ သူ အားကုန်ကြိုးစားခဲ့တယ်။
ကျွန်တော်တို့ ဂီတကို လုပ်တယ်။ ကျွန်တော်ကို ချစ်မြတ်နိုးလို့ လုပ်နေကြတာပါ။ ခု အခြေအနေမှာ တစ်ခြားအဖွဲ့တွေနဲ့ ကျွန်တော်တို့ သိပ်ပြီး မထိုးဖောက်နိုင်သလို ဖြစ်နေကြတယ်။

Hell or Hallelujah စင်ဂယ်လ်သစ်အကြောင်း ခင်ဗျားတို့ ဘာပြောပြနိုင်မလဲ။
ပေါလ် : အဲဒါ တိုက်ပွဲထဲက ငိုကြွေးသံပေါ့။ အယ်လ်ဘမ်ထဲက အရာအားလုံး ပြောပြထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီအချိန်မှာ ကျွန်တော်တို့ လုပ်ချင်တာက ကြီးကျယ်ခမ်းနားတဲ့ KISS အယ်လ်ဘမ်မဟုတ်ဘူး။ ကြီးကျယ်တဲ့ကလပ်စစ်ရောခ့်အယ်လ်ဘမ်တစ်ခုပါ။ Hell or Hallelujah ကိုယ်တိုင်ကပဲ သေချာအောင်ပြောပြနိုင်မယ်ထင်တယ်။ တစ်ခြားအရာတွေကလာတဲ့ နက်နက်ရှိုင်းရှိုင်း၊ ခက်ခက်ခဲခဲ ခံစားမှုတွေလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့အရာက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကိုပြောပြမှာပါ။

အင်္ဂလန်ကို လာရတာပျော်ရဲ့လား။
ပေါလ် : ကျွန်တော်တို့အတွက် ယူကေက ကြီးမြတ်တဲ့နယ်မြေပါပဲ။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပေါ်ထွက်လာတဲ့နေရာပေါ့။ Rock 'n' Roll ကို အမေရိက က တီထွင်ခဲ့တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားခဲ့သလို ဒီမှာ ဖြစ်ထွန်းနေခဲ့ပြီ။

တွမ်မီ : အံ့အားသင့်စရာ အင်္ဂလန် Rock 'n' Roll အဖွဲ့တွေရဲ့ အရေအတွက်ကို ကြည့်ပြီး ကျွန်တော်တို့ ဦးခေါင်းတွေပဲ တဗြင်းဗြင်းကုတ်ရတော့တယ်။ အဲဒါ ကျွန်တော်တို့ အမြဲ ပြောဖြစ်ကြတဲ့အကြောင်းပါပဲ။     ။

Friday, June 22, 2012

it's not me, it's not my ....... family !!!

Zombie သီချင်းဟာ အိုင်းရစ်ရောခ့်အဖွဲ့The Cranberries ရဲ့ protest song(ဆန္ဒပြဖော်ထုတ်သီကြွေး)တဲ့သီချင်းပါ။ အိုင်းရစ်ရောခ့်အဖွဲ့ The Cranberries ရဲ့ ၁၉၉၄ က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ် No Need to Argue ထဲက သီချင်းတစ်ပုဒ်ပါ။ The Cranberries ရဲ့ ဖန်တီးနေကျသီချင်းတွေနဲ့ တစ်မူကွဲပြီး ဂစ်တာ riff ပြင်းပြင်းနဲ့ တီးထားတဲ့ သီချင်းပါ။ grunge/alternative metal သံစဉ်မျိုးဘက်ကို ပိုပြီး နွယ်ပါတယ်။
၁၉၆၀ နဲ့ ၁၉၉၈ ခုနှစ်တိုင်အောင် အိုင်ယာလန်မြောက်ပိုင်းမှာ လူမျိုးရေးယဉ်ကျေးမှုစံတွေ-နိုင်ငံရေးတွေပဋိပက္ခတွေနဲ့ လုံးထွေးရစ်လိမ်နေတဲ့ကာလမှာ အိုင်းရစ်တွေအားလုံး စိတ်ဖိစီးကြတယ်။ ပြဿနာအရှုပ်အထွေးတွေ ရပ်တန့်ချင်တယ်။ ငြိမ်းချမ်းရေးရစေချင်ကြတယ်။ အဲဒီထဲက အိုင်းရစ်အနုပညာရှင်တွေဖြစ်တဲ့ ဂစ်တာသမား နိုဝယ်ဟိုဂန်(Noel Hogan) ဘေစ့်ဂစ်တာသမား မိုက်ခ်ဟိုဂန်(Mike Hogan) ဒရမ်မာ ဖာဂယ်လောလာ(Fergal Lawler) နဲ့ အဆိုမိန်းကလေးက ဒိုလိုရီးစ် အိုရီယိုဒန်(Dolores O'Riordan)တို့ကလည်း အတူတူပဲ ငြိမ်းချမ်းစေချင်တယ်။ ဒိုလိုရီးစ် အိုရီယိုဒန် က သီချင်းတစ်ပုဒ်ရေးစပ်လိုက်တယ်။ ၁၉၉၃ ခုနှစ်အစောပိုင်းက အင်္ဂလန်နိုင်ငံ ၀ါရင်တန်မှာ အိုင်အာအေ (Irish Republican Army) လက်နက်ကိုင်အဖွဲ့ရဲ့ ဗုံးဒဏ်ကြောင့် သေဆုံးခဲ့တဲ့ ကလေးနှစ်ယောက် ဂျိုနသန်ဘောလ်(jonathan Ball) နဲ့ တင်မ်ပါရေး(Tim Parry) အဖြစ်အပျက်ကို မူတည်ပြီး သူမ ကိုယ်တိုင်ရေးစပ်ခဲ့ပါတယ်။ သူမ က ပြောပါတယ်။ “ငြိမ်းချမ်းရေးအတွက် သီချင်းပါ၊ အင်္ဂလန် နဲ့ အိုင်ယာလန် တို့ ကြားက ငြိမ်းချမ်းရေးအတွက်၊ ပြီးတော့ တစ်ကမ္ဘာလုံးက မငြိမ်းချမ်းတဲ့နေရာတွေ အတွက် ငြိမ်းချမ်းရေးသီချင်းပါ” လို့ပြောပါတယ်။ အိုင်းရစ်တွေဟာ လွတ်လပ်ရေးအတွက် တိုက်ကြခိုက်ကြတယ်။ ဒီဗုံးခွဲတိုက်ခိုက်မှုဟာ နောက်ဆုံးဖြစ်ပါစေတော့ တဲ့။
ဒီသီချင်းဟာ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ သြစတြီးယား၊ သြစတြေးလျ၊ ဖင်လန်၊ ဂျာမနီ၊ ကနေဒါအပါအ၀င် နိုင်ငံတွေအတော်များများ မြန်မာနိုင်ငံလည်းအပါအ၀င်အင်မတန် လူကြိုက်များခဲ့တဲ့ သီချင်းဖြစ်ခဲ့ပါတယ်။

Zombie သီချင်းရဲ့ ထူးခြားမှုက ဒီသီချင်းထွက်ရှိခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အကြာ ၁၉၉၄ သြဂုတ်လ ၃၁ ရက်နေ့မှာ IRA လက်နက်ကိုင်အဖွဲ့က စစ်ပြေငြိမ်းမယ်။ အတိုက်အခိုက်တွေ ရပ်ဆိုင်းတော့မယ်လို့ ကြေငြာခဲ့တာပါ။ အိုင်အာအေအဖွဲ့ဟာ အိုင်ယာလန်မြောက်ပိုင်းမှာ တပ်စွဲနေကြတဲ့ ဗြိတိသျှတပ်သားတွေကို ဖယ်ရှားဖို့ လက်နက်ကိုင်စွဲတိုက်ခိုက်တဲ့အဖွဲ့ပါ။ ဘယ်လိုအကြောင်းမျိုးကြောင့်ပဲ တိုက်ခိုက်ပါစေ။ တိုက်ခိုက်မှုတွေရဲ့ နောက်မှာ အသက်၊ သွေး တွေ စတေး လိုက်ရတာပါပဲ။

သူမရဲ့ အမေးအဖြေတစ်ခုမှာ “Zombie” လို့များပြောလိုက်ရင် ခေါင်းထဲဘာရောက်လာမလဲ လို့ မေးခံရဖူးတယ်။
သူမက ဓမ္မတေးတစ်ပုဒ်လို့ ဖြေပါတယ်။

နည်းနည်းသရုပ်ခွဲပြပါဦး လို့ ထပ်ပြောတော့
Zombie ဗီဒီယို သူမက ကြောက်ရွံ့စရာကောင်းတဲ့ ဗီဒီယိုပါတဲ့။ သူမ က အဲဒီဗီဒီယို ကို မုန်းလည်းမုန်းပါသတဲ့။

အိုင်အာအေအဖွဲ့က ၁၉၉၃ ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့မှာ တစ်ကြိမ်၊ မတ်လ ၂၀ ရက်နေ့မှာ တစ်ကြိမ်ဗုံးခွဲ တိုက်ခိုက်ခဲ့တယ်။ ပထမတစ်ကြိမ်ကိုတော့ ဓါတ်ဆီသိုလှောင်တဲ့အဆောက်အဦးအနီးမှာ ခွဲခဲ့တယ်။ အပျက်အစီးများခဲ့ပေမယ့် ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ပါဘူး။ ဒါပေမဲ့ ရဲအရာရှိတစ်ဦး ဗုံးခွဲတဲ့သူတွေပစ်ခတ်တာကြောင့် ဒဏ်ရာရခဲ့ပါတယ်။ ဒုတိယတစ်ကြိမ်မှာတော့ Bridge Street မှာ ဗုံးခွဲခဲ့တယ်။ ဗုံးခပ်သေးသေးနှစ်လုံးပေမယ့် တစ်လုံးကို ဘုထ့်စတိုးဆိုင်အနီး နဲ့ နောက်တစ်လုံးကို မက်ဒေါ်နယ်စားသောက်ဆိုင်အပြင်ဘက်မှာ ခွဲလိုက်တာကြောင့် မက်ဒေါ်နယ်ဆိုင်မှာ ကလေးနှစ်ဦးသေဆုံးခဲ့ကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့ကြပါတယ်။
သီချင်းတွေရဲ့ နောက်ကွယ်က ဖြစ်ရပ်တွေဟာ အင်မတန် စိတ်ထိခိုက်စရာ၊ စိတ်ဝင်စားစရာတွေပြည့်နေတတ်ပါတယ်။

Zombie သီချင်းကို အရင်ကတော့ စာသားတွေသိပေမယ့် နားထောင်ကောင်းလို့ အစ်မ မစုမီအောင် ဆိုလွန်းတဲ့ သီချင်းမို့လို့ သူဆိုတာ နားထောင်ပြီး လိုက်ဆိုရင်း သဘောကျခဲ့တာပါ။

အခုတော့ သီချင်းလေးရဲ့ နောက်ကွယ်က ဖြစ်ရပ်လေး ကြောင့် ပဲ။          ။


But you see, it's not me, it's not my family.
In your head, in your head they are fighting,
With their tanks and their bombs,
And their bombs and their guns.
In your head, in your head, they are crying...

In your head, in your head,
Zombie, zombie, zombie,
Hey, hey, hey. What's in your head,
In your head,
Zombie, zombie, zombie?
Hey, hey, hey, hey, oh, dou, dou, dou, dou, dou...

Another mother's breakin',
Heart is taking over.
When the vi'lence causes silence,
We must be mistaken.

It's the same old theme since nineteen-sixteen.
In your head, in your head they're still fighting,
With their tanks and their bombs,
And their bombs and their guns.
In your head, in your head, they are dying...

In your head, in your head,
Zombie, zombie, zombie,
Hey, hey, hey. What's in your head,
In your head,
Zombie, zombie, zombie?
Hey, hey, hey, hey, oh, oh, oh,
Oh, oh, oh, oh, hey, oh, ya, ya-a... 


Wednesday, May 23, 2012

~ Swim against the stream ~

EUROVISION သီချင်းပြိုင်ပွဲ ပထမနေ့ ကြည့်ရင်း ဆွဇ် ညီအစ်ကိုနှစ်ဦး Sinplus ရဲ့ သီချင်း unbreakable သီချင်းကို နားထဲ၊ မျက်စိထဲစွဲသွားရော၊
semifinal တောင် မကျော်လိုက်ပါဘူး။ မကျော်လည်း စွဲတာတော့စွဲသွားတာပဲ။ တတ်နိုင်ဘူးလေ :D
Swim against the stream
Following your wildest dream, your wildest dream ဒီနေရာလေးကို လိုက်ဆိုကြည့်နေရော၊ တစ်ချိန်လုံး



~ You can do everything you want
It doesn’t matter how hard it is
You can do it, you can do it

So please don’t mind, close your eyes
Take a trip outside your head
You can give me more

Swim against the stream
Following your wildest dream, your wildest dream
Swim against the stream
Following your wildest dream, your wildest dream ~

Thursday, May 17, 2012

ဒစ္စကို ဘုရင်မ ရဲ့ နောက်ဆုံးကကြိုး

The Queen of Disco လို့ တင်စားခဲ့ကြတဲ့ ဒေါ်နာဆန်းမား အသက် ၆၃ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ သေဆုံးသွားခဲ့ပါပြီတဲ့။
သတင်းတက်လာတာတွေ့ရင်း သီချင်းတွေလိုက်နားထောင်ရင်း။
တစ်ယောက်ယောက်ဆုံးပါးတိုင်း စိတ်မကောင်းဖြစ်ရတာပါပဲ။

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad ................. တဲ့

R.I.P Donna Summer


Last dance
Last dance for love
Yes, it's my last chance
For romance tonight

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad

So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight

Last dance
Last dance for love
Yes, it's my last chance
For romance tonight

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad

So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight

Yeah, will you be my Mr. Right
Can you fill my appetite
I can't be sure
That you're the one for me
But all that I ask
Is that you dance with me
Dance with me, yeah

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad

So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight

I need you by me
Beside me, to guide me
To hold me, to scold me
'Cause when I'm bad
I'm so, so bad

So let's dance the last dance
Let's dance the last dance
Let's dance this last dance tonight

Tuesday, March 6, 2012

လရိပ်

♫ The trees that whisper in the evening
Carried away by a moonlight shadow ♫

လရောင်ရှိတဲ့ညတွေမှာ
လရောင်ခပ်လဲ့လဲ့လေးဖြာကျတဲ့နေရာမှာအိပ်ရင်း  ...
လ ကို ငေးပြီးကြည့်ရင်း ...
အိပ်ပျော်သွားရတာ သိပ်ကြိုက်တာပဲ။
ဘာကြောင့်လည်းမသိ အူထဲအသည်းထဲကကို ကျလိကျလိနဲ့သဘောကျတာ။
ညက အိပ်ခါနီးလရောင်မြင်ရတဲ့ဘက်ကို နေရာပြောင်းအိပ်တယ်။
ပြီးတော့ မေးလိုက်သေးတယ်။
"တကယ်ချစ်ရဲ့လား" လို့
သူကဖြေတယ်။ "....." တဲ့
ဒါဆို လကြီးကို ယူပေးပါ။ ညတိုင်းလကြီးဆီက အရောင်ဖွေးဖွေးလေးနဲ့ အိပ်ချင်လို့ပါ ဆိုတော့။
"....." တဲ့။
ဘာဖြေလိုက်တာပါလိမ့်။
မသိလိုက်တော့ဘူး .. အိပ်ပျော်သွားပြီ .... zzzzzzz

Moonlight shadow သီချင်းလေးလည်းပြန်နားထောင်ဖြစ်တယ်။

♫ I stay, I pray
See you in Heaven, far away
I stay, I pray
See you in Heaven one day ♫

Sunday, February 5, 2012

It's Black , It's White !

~ It Don't Matter If You're Black Or White ~

Sunday, October 23, 2011

Hotel California

သီချင်းနားထောင်ရင်းနဲ့ Marc Anthony ရဲ့ ဟိုတယ်ကယ်လီဖိုးနီးယားရောက်သွားပြန်တယ်။
ဒီလိုနဲ့ ဒီကိုရောက်လာပြန်ရော

Eagles ရဲ့ Hotel California ကိုတော့ အရင်ကတည်းက ကြိုက်တယ်။

Monday, September 26, 2011

မိုးသောက်ကြယ်


"မိုးသောက်ကြယ်" 
နေမင်းမရှိတဲ့ ကောင်းကင်ပါ အချိန်ပြည့်မည်းမှောင်လို့ 
ဘာရင်ခုန်စရာလေးမှ မရှိချင်ဘူး ဆက်ရှုံးမယ့် မနက်ဖြန်တွေတိုင်းဟာ 
ဒီဒဏ်ရာနဲ့တရွတ်တိုက်ပဲ့ပါသွား ဒီခန္ဓာကိုတရွတ်တိုက်ဆွဲခေါ်သွား 
ရည်ရွယ်တာတွေဟာ လက်တစ်ကမ်းမှာ မဖမ်းဆုပ်ချင်တော့ဘူး 
ဒီလမ်းဟောင်းကို စိုးရွံ့နေ ငါ နောက်လှည့်ဖို့နောက်ကျနေ 

ငါပြောင်းလဲနေပြီ ပြိုလဲလို့နေပြီ 
ငါဖန်တီးတဲ့ကံကို ချုပ်ထိန်းခက်နေပြီ 
မနက်မိုးသောက်ကြယ်လို ဒါဘယ်သူမှမမြင်လိုက်ဘူး 
ပျောက်ဆုံးသွားတော့မလား ငါ့ရဲ့အိပ်မက်တွေ ပျောက်ရှနေ 
ဟိုတစ်ချိန်က အတူမျှခဲ့တဲ့ဒီအချစ်တွေ

(စာရေးဖို့ အာရုံလည်းမရဘူး၊ သီချင်းတွေပဲနားထောင်ဖြစ်နေတယ်)

Monday, August 15, 2011

We'll be by your side


FB မှာ Bob Marley ရဲ့ wall ပေါ်က တွေ့ခဲ့တဲ့သီချင်းလေးပါ။ တတ်နိုင်ရင်တော့လှူချင်ပါတယ်။
High tide or Low tide
In high seas or in low seas
I'm gonna be your friend,
I'm gonna be your friend.
In high tide or in low tide,
I'll be by your side,
I'll be by your side.

(I heard her praying, praying, praying)
I said, I heard my mother,
She was praying (praying, praying, praying)
And the words that she said (the words that she said),
They still linger in my head (lingers in my head),
She said, "A child is born in this world,
He needs protection,
Got, guide and protect us,
When we're wrong, please correct us.
(when we're wrong, correct us).
And stand by me." yeah!

In high seas or in low seas,
I'm gonna be your friend,
He said, "I'm gonna be your friend."
And, baby, in high tide or low tide,
I'll be by your side,
I'll be by your side.

I siad I heard my mother,
She was crying' (I heard her crying'), yeah! (crying', crying'),
And the tears that she shed (the tears that she shed)
They still linger in my head (lingers in my head)

She said: "A child is born in this world,
He needs protection,
Got, guide and protect us,
When we're wrong, (when we're wrong), correct us.

And in high seas or low seas,
I'm gonna be your friend,
I'm gonna be your friend.
Said, high tide or low tide,
I'll be by your side,
I'll be by your side.

Millions of children are facing starvation right now – this doesn't have to happen. Save The Children has launched an emergency aid response in Africa. Please watch this video, share with friends and download Bob Marley & The Wailer's 'High Tide or Low Tide'. All proceeds go to the East Africa appeal. YOU CAN HELP NOW.

DONATE LINK: http://www.imgonnabeyourfriend​.org/

Tuesday, August 2, 2011

I died a hundred times !!!


အရင်ကနားထောင်ဖူးတဲ့ Back to black သီချင်းကို ပြန်နားထောင်ရင်း စိတ်မကောင်းဖြစ်နေမိတယ်။ ဘဲလ်ဂရိတ်ကို မကြာသေးဘူး၊ လာသွားသေးတယ်။ သီချင်းကောင်းကောင်းမဆိုဘူးဆိုပြီး နဂိုထဲက သွေးဆူတတ်ကြတဲ့ ဆားရ်ဘီးရန်းလူငယ်တွေက အော်ဟစ်ပြစ်တင်ခဲ့ကြတယ်တဲ့။ အေမီဝိုင်ဟောက်စ်ဘက်ကလည်း ဆားရ်ဘီးယန်းပရိသတ်တွေကို အပြစ်တင်ခဲ့တယ်။ နောက်သတင်းတွေမှာကြည့်ရတယ်။ ဘဲလ်ဂရိတ်က ကောင်မလေးနှစ်ယောက်က fbမှာ အေမီဝိုင်ဟောက်စ်ကို ဆန့်ကျင်တဲ့gruop တစ်ခု လုပ်ခဲ့ကြသေးတယ်တဲ့။ ခုတော့ အေမီဝိုင်ဟောက်စ်သေဆုံးသွားခဲ့ပြီပဲ။ သေဆုံးခြင်းနောက်မှာ အပြန်အလှန် အပြစ်တင်တာတွေရပ်သွားခဲ့ပြီး သနားကြင်နာခြင်းတွေဖြစ်ခဲ့ကြရပါပြီ။ ဘဲလ်ဂရိတ်မှာဆိုသွားတဲ့ Back to Black သီချင်းပြန်ကြည့်မိတိုင်း ဘဲလ်ဂရိတ်ကလူငယ်တွေလည်း စိတ်မကောင်းဖြစ်နေကြမှာပါပဲ။ ပြစ်တင်ကျိန်းမောင်းမှုတွေရပ်တန့်ဖို့ သေဆုံးခြင်းတွေက တကယ်ပဲ အသုံးဝင်နေတာလားပဲ။ အေမီဝိုင်ဟောက်စ်က အကြိမ်တစ်ရာသေဆုံးခဲ့ပါတယ်တဲ့။ 

ဒီလိုသာဆို ဒီတစ်ခါ သေဆုံးခြင်းကတော့ သူ့အတွက် တစ်သက်တာငြိမ်းချမ်းတဲ့ကောင်းကင်ဘုံကိုပဲ ဖြစ်မှာပါပဲ။       ။
R . I . P Amy Winehouse !
We only said good-bye with words
I died a hundred times
You go back to her
And I go back to black !!!

Thursday, July 14, 2011

ကောင်းကင်ဘုံမှာတွေ့ခဲ့ရင်



♫♫ Would you know my name
If I saw you in heaven
Will it be the same
If I saw you in heaven
I must be strong, and carry on
Cause I know I don't belong
Here in heaven ♫♫
စာမရေးဖြစ်တော့ သီချင်းနားထောင်တာပေါ့။

Tuesday, July 12, 2011

In the end


I had to fall
To lose it all
But in the end
It doesn't even matter
ဟိုတုန်းကပေါ့ ...
ဒီသီချင်းနားထောင်ပြီး မျက်ရည်ကျခဲ့ဖူးတယ်။
(မှားသွားလို့ အမှန်က ဒီလိုဖြစ်ရမှာ)
မျက်ရည်ကျပြီး ဒီသီချင်းနားထောင်ခဲ့ဖူးတယ်။
တစ်ခါကဖြစ်ပါသည်။ :D

Saturday, June 25, 2011

Rivers Of Babylon



မေမေ ကြိုက်တဲ့သီချင်း၊
ညက မေမေ့ကို အိပ်မက် မက်တယ်။ :(

Saturday, June 4, 2011

ယုန်မလေးမျက်နှာ .. ကိုယ်ပြန်တွေးမိတာ

♫ ငယ်ငယ်တုန်းထဲက တော်တော်ကြားဖူးတာ ...
ပုံပြင်ဟောင်းတစ်ခုမှာ ♫ ကိုရွှေကျားကြီးဟာ ရွှေယုန်လေးအပြောမှာ တော်တော်လေး မျောပါ ♫

ကြိုက်လို့

Thursday, May 19, 2011

% တွေ ...


10 % luck
20 % skill
15 % concentrated power of will
5 % pleasure
50 % pain
100 % reason to remember the name

 % တွေဘယ်လိုပဲ ဖြစ်ဖြစ် ...
 % တွေအားလုံးကို လက်ခံရတာပါပဲ။
 % တွေ အားလုံးကိုလည်း ကြိုက်ပြစ်လိုက်ရတာပါပဲ။

Saturday, April 23, 2011

Христос Воскресе - Enjoy in Easter Day !



Easter song performed by musical orchestra ''Stupovi'' and various Serbian singers and celebrities, dedicated to the resurrection of Christ, made as a part of an action of raising funds for reconstruction of medieval Serbian orthodox monastery ''Pillars of Saint George''.

People rejoice, all nations listen:
Christ God is risen! Let us rejoice!
Dance all ye stars and sing all ye mountains:
Christ God is risen! Let us rejoice!

Whisper ye woods and blow all ye winds:
Christ God is risen! Let us rejoice!
O seas proclaim and roar all ye beasts:
Christ God is risen! Let us rejoice!

Buzz all ye bees and sing all ye birds:
Christ God is risen! Let us rejoice!
O little lambs rejoice and be merry:
Christ God is risen! Let us rejoice!

Nightengales joyous, lending your song:
Christ God is risen! Let us rejoice!
Ring, O ye bells, let everyone hear:
Christ God is risen! Let us rejoice!

All angels join us, singing this song:
Christ God is risen! Let us rejoice!
Come down ye heavens, draw near the earth:
Christ God is risen! Let us rejoice!

Glory to Thee, God Almighty!
Christ God is risen! Let us rejoice!
Glory to Thee, God Almighty!
Christ God is risen! Let us rejoice!
Ljudi likujte, narodi čujte:
Hristos voskrse, radost donese!
Zvezde igrajte, gore pevajte,
Hristos voskrese, radost donese!
Šume šumite, vetri brujite,
Hristos voskrse, radost donese!
Mora gudite, zveri ričite,
Hristos voskrse, radost donese!
Pčele se rojte, a ptice pojte
Hristos voskrse, radost donese!

Anđeli stojte, pesmu utrojte,
Hristos voskrse, radost donese!
Nebo se snizi, zemlju uzvisi,
Hristos voskrse, radost donese!
Zvona zvonite, svima javite,
Hristos voskrse, radost donese!
Slava ti Bože, sve ti se može,
Hristos voskrse, radost donese!
Anđeli stojte, pesmu utrojte,
Hristos voskrse, radost donese!
Nebo se snizi, zemlju uzvisi,
Hristos voskrse, radost donese!
Zvona zvonite, svima javite,
Hristos voskrse, radost donese!
Slava ti Bože, sve ti se može,
Hristos voskrse, radost donese!

Sv. Vladika Nikolaj

http://www.podignimostupove.com

Monday, March 28, 2011

The love bug crawls right back up .... And bites !



First time that I saw your eyes
Boy, you looked right through me
Play it cool but I knew you knew
That cupid hit me

You got me trippin', stumblin', flippin', fumblin'
Clumsy 'cause I'm fallin in love
You got me slippin', tumblin', sinkin', fumblin'
Clumsy 'cause I'm fallin' in love, so in love with you



စကားပြောတဲ့နေရာလေး ...
You know this ain't the first time
This has happened to me, this love sick thing
I like serious relationships
And a girl like me don't stay single for long

'Cause every time a boyfriend and I break up
My world is crushed and I'm all alone
The love bug crawls right back up ....
And bites me and I'm back
ငါ့ကမ္ဘာကြီးချေမှုန်းပျက်သုဉ်း ... အချစ်ပိုး ...တရွရွ တက် ... ပြီးတော့ ကိုက် .....
bites နေရာမှာ ဖာဂီဆိုသွားပုံလေးကို သိပ်ကြိုက်တာပဲ။
ပြီးတော့ ငါ ပြန်လာပြီ ... တဲ့

ဒီသီချင်းလေးကို နားထောင်တိုင်းကြိုက်တယ် ..
Clumsy နဲ့ အမျိုးအနွယ်တူ စကားလုံးတွေကလည်း အများကြီးပဲ .. လိုက်ဆိုကြည့်ရင် ... လျှာတောင်လိပ်တယ်။
trippin', stumblin', flippin', fumblin' ..
slippin', tumblin', sinkin', fumblin' ...
အစုံပဲ

အခု Black Eyed Peas  အဖွဲ့ဝင် ဖာဂီက အရင်က Kids Incorporated ကလေးတီဗီဇာတ်လမ်းတွဲတွေမှာ ပါဝင်ဖြစ်ခဲ့သလို အမေရိကန်မိန်းကလေးပေါ့အဖွဲ့လေး Wild Orchid ရဲ့အဖွဲ့သားတစ်ယောက်ဖြစ်ခဲ့သေးတယ်တဲ့၊ wild orchid ရဲ့ သီချင်းလေးတွေလည်း ချစ်စရာလေးတွေပါပဲ။
At Night I pray သီချင်းလေးနားထောင်ကြည့်မိတယ်၊ အရင်ကတော့ Wild Orchid သီချင်းတွေနားမထောင်ဖူးဘူး။

Black Eyed Peas ရဲ့ My Humps ကတော့ ယောက်ျားလေးတွေ သိပ်ကြိုက်ကြတယ်၊
ဘာလို့လဲတော့ မသိပါဘူး၊ ;)
ကိုယ်ကတော့ Where is the love? ကိုပိုကြိုက်တယ်။
Big Girl Don't Cry လည်းကြိုက်တာပါပဲ၊ တခြားသီချင်းတွေလည်း ကြိုက်ပါတယ်၊
ဖာဂီအသံလေးကိုကြိုက်တယ်၊
ရုပ်လေးကလည်း ချစ်စရာ ...

Sunday, February 27, 2011

♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫

facebook က ချစ်ရတဲ့ညီမ “လင်း” တင်ထားတဲ့ သီချင်းလေးနဲ့ “လင်း” စုထားတဲ့ စစ်ပွဲတွေရဲ့ခုနှစ်စာသားတွေပါ ကြိုက်လို့ ပြန်ပြီး share လိုက်ပါတယ်၊
ဒီသီချင်း နားထောင်ပြီး ဒီသီချင်းထဲက စာသားတွေ ခဏခဏညည်းမိတယ်၊
♫ ဘာတွေများလိုအပ်လို့လည်း ♫ ဒီလောက်တောင်ဖြစ်ရတာ ♫



1998 - 1999 : Kosovo War
1992 - 1995 : Bosnia (Bosnian) War
2001 - On going : War in Afghanistan
2003 - 2010 : Iraq War
2004 - On going : Balochistan conflict
2004 - On going : North - West Pakistan War
2004 - On going : Iran–Party for a Free Life in Kurdistan conflic
2004 - On going : South Thailand insurgency
2004 - On going : Civil war in Chad
2006 - 2006 : Israel–Gaza conflict
2006 - 2006 : Lebanon War
2006 - On going : Mexican Drug War
2006 - 2009 : War in Somalia - I
2007 - 2007 : Lebanon conflict
2007 - On going : Civil war in Ingushetia
2007 - 2008 : Kenyan crisis
2008 - 2008 : Lebanon conflict
2008 - On going : Cambodian–Thai border stand-off
2008 - 2009 : Gaza War
2009 - On going : Sudanese nomadic conflicts
2009 - On going : Insurgency in the North Caucasus
2009 - On going : War in Somalia - II
2009 - On going : South Yemen insurgency
2010 - On going : Yemeni al-Qaeda crackdown
2010 - 2010 : Eritrea–Ethiopia border skirmish
2010 - 2010 : Kingston conflict
2010 - 2010 : Mardakert skirmish
2010 - 2010 : Israel–Lebanon border clash
2010 - On going : Ivorian crisis
2010 - 2011 : Tunisian revolution
2011 - On going : Lybia Uprising
- Angolan Civil War
: 1975-1991, 1992–1994 and 1998-2002 (end after 27 years)
- Myanmar(Burma) Civil War
: One of the world's longest-running civil wars
*****************0*************
* Stop World War
* Stop Civil War (conflict )
* Stop Socities War (conflict )
* Stop Domestic War (conflict )
Can We ???
The most significant wars I have collected from the web from 1998 - present
Peace be with you !
Maranatha
♥ ♥ ♥ ♥
((( ML ))) - Ma Lynn
တစ်ယောက်စီတိုင်းရဲ့ နှလုံးသားထဲမှာ ငြိမ်းချမ်းခြင်းအပြည့်ရှိပါစေ