Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts
Showing posts with label ဘာသာပြန်ဆောင်းပါး. Show all posts

Wednesday, December 12, 2012

ဂျွန်လင်နွန်ကို လုပ်ကြံခြင်း(မပြီးဆုံးသေးတဲ့ သီချင်းတစ်ပုဒ်)

ဒီနေ့ လင်နွန်လုပ်ကြံခံရတဲ့နေ့မို့ ပြန်တင်လိုက်တာပါ။
အမှန်ကဒီနေ့ကို မေ့နေတာ။ 
fb မှာ သူငယ်ချင်းတစ်ယောက်တင်ထားတဲ့ပုံလေးတွေ့တာနဲ့ ပြန်သတိရသွားလို့)


စာတွေဖတ်ရင်းဖတ်ရင်း သိရတာတွေများများလာတဲ့အခါ ဘာကိုမှ မယုံကြည်နိုင်တော့သလိုပါပဲ။ တရားမျှတမှုဆိုတာတွေက နေရာတိုင်းမှာ၊ တိုင်းပြည်တိုင်းမှာ ပျောက်ကွယ်ခဲ့ကြတာပဲ။ ငယ်ငယ်ကတော့ ရုပ်ရှင်တွေကြည့်တဲ့အခါ စီအိုင်အေ၊ အက်ဖ်ဘီအိုင် ဂက်စတာပို အဖွဲ့ကြီးတွေ ထူးချွန်ခမ်းနားလိုက်တဲ့လှို့ဝှက်အဖွဲ့အစည်းကြီးတွေရယ်လို့ အံ့သြတကြီး ဖြစ်ခဲ့ရတာပေါ့။ မေမေကြိုက်လို့ သဘောကျခဲ့တဲ့ မင်းသားဟောင်းကြီးရေဂင်၊ ကနေဒီမိသားစုတွေ၊ အမေရိကန် သမ္မတတွေ၊ ဘုရှ်အထိ အထင်ကြီးသဘောကျစိတ်တွေနဲ့။ တစ်ကယ်တော့ တိုင်းပြည်တိုင်းက အာဏာတစ်ခုရဲ့ နောက်ကွယ်မှာ ရှုပ်ထွေးပွေလီလှတဲ့ မဟာဗျူဟာတွေပြည့်နှက်နေတော့တာပဲ။ အမှန်တရားဆိုတာ ဘက်တစ်ဘက်၊ ဘယ်ဘက်မှာမှ ရှိမနေကြတော့ဘူး။

အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေဟာ ...
အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြားက အဲဒီလူတွေကိုပဲ ...
အာဏာ၊ ငွေကြေး၊ ထင်ပေါ်ကျော်ကြားမှုတွေကြောင့်ပဲ .......
ထိတ်လန့်စရာကြီး ရက်စက်လှတဲ့ လုပ်ရပ်တွေနဲ့ လက်စတုံး ဖျောက်ဖျက်နေကြတယ်။

ကမ္ဘာကြီးမှာ  လုပ်ကြံမှုကြောင့် တိတ်တဆိတ်သေဆုံးသွားကြရသူတွေ၊ သဘာဝဘေးကြောင့် ပြက်ပြက်ထင်ထင်သေဆုံးကြရသူတွေ၊ စစ်ပွဲတွေကြောင့် အချင်းချင်းတိုက်ခိုက်ရင်း မရှုမလှသေဆုံးကြရသူတွေ ပြည့်နှက်လို့ နေပြီ။ တိုက်ခိုက်မှုတွေနဲ့ ပင်ပမ်းနွမ်းလျ နေတဲ့နိုင်ငံတွေ၊ လူတွေ လူတွေ .... သနားလိုက်တာ။ ဆုတောင်းရုံကလွဲလို့ ထောက်ပံ့မှုတစ်စုံတစ်ရာတောင် မလုပ်နိုင်တဲ့ကိုယ်ဟာ၊ သနားပြီးရင်း သနားနေမိတယ်။

အဖြေရှာမရတဲ့ ပုစ္ဆာတွေ၊ အမှန်တရား လိုက်ရှာလို့မတွေ့နိုင်လောက်အောင် ပရိယာယ်များလိုက်တဲ့အဖြစ်အပျက်တွေ စဉ်းစားရတာ၊ သတင်းတွေဖတ်ရတာ ခေါင်းတွေလည်း မကြည်နိုင်တော့ဘူး။ သနားလွန်းမက သနားလာလွန်းတော့လည်း ကိုယ့်အနီးအနားက ခွေးလေးကိုပဲ အားတိုင်း အစားတွေခွံ့ ခွံ့ ကျွေးနေမိတော့တာပဲ။ ခွေးလေးမှာ ရင်ပြည့်ရော့မယ်။ မယုံမရှိပါနဲ့၊ ဒါ တစ်ကယ်ပါ။ အပြစ်တင်လိုက အပြစ်တင်သွားနိုင်ပါတယ်။ လုပ်ချင်တာတွေ ပိုပို များလာပြီး၊ မလုပ်နိုင်တာတွေပို ပို များနေတဲ့ ကိုယ့်အဖြစ်မှာ၊ မကြည်တဲ့ခေါင်း၊ လေးလံတဲ့ စိတ်နှလုံးကိုပိုက်လို့ ကိုယ့်ရဲ့နေ့တွေကို ကိုယ်တတ်နိုင်သလိုပဲ .. ဖြစ်သလိုကျော်ဖြတ်နေရတော့တာပါပဲ။

အန်တီစု ခရီးတစ်လျှောက်အဆင်ပြေ ချော့မွေ့ပါစေ။
အားလုံး အမြန်ဆုံးဘေးရန်ကင်းရှင်းပါစေ။

-----------------------------------------------------------------

၁၉၈၀ ဒီဇင်ဘာ ၈ ရက် နေ့၊ နယူးယောက်မြို့ရဲ့ ကျောချမ်းစရာကောင်းလှတဲ့ ဒါကိုတာတိုက်ခန်းအိုကြီးအပြင်ဘက်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်က စိတ်ကူးယဉ်ပြဇာတ်တစ်ပုဒ်လိုပါပဲ။ ကြောက်ရွံ့ထိတ်လန့်စရာ။ ကမ္ဘာအကျော်ကြားဆုံးရောခ့်စတားလို့ ပြောနိုင်တဲ့ ဂျွန်လင်နွန်ဟာ သတိမရတစ်ချက် ရတစ်ချက်နဲ့ လဲလျောင်းခဲ့ရပါပြီ။ ထိပ်တုံးကျည်တောင့် ၄တောင့်က ကျောဘက်ကနေဖောက်ဝင်ခဲ့ပြီ။ ဇနီးသည် ယိုကိုအိုနိုက လင်နွန်ရဲ့ ဦးခေါင်းကို သူမရဲ့လက်တွေနဲ့ထွေးပွေ့ထားရင်းနဲ့ပဲ စူးစူးဝါးဝါးအော်ဟစ်နေခဲ့တယ်။

Friday, November 23, 2012

ဒေါသခိုးလျှံထန်နေတဲ့ ပစိဖိတ်ဒေသ

The Angry Pacific : BY MICHAEL J. MAZARR 
(ဘာကြောင့်များ ယူနိုက်တက်စတိတ်ဟာ အာရှကို တိုက်ခိုက်ဖို့ အဆင့်သင့်မဖြစ်သေးတာလဲ။)

Michael J. Mazarr ဟာ ယူအက်စ်အမျိုးသားစစ်ကောလိပ်က ပရော်ဖက်ဆာတစ်ဦးပါ။ ဒီဆောင်းပါးပါအာဘော်ဟာ Michael J.Mazarr ရဲ့ ကိုယ်ပိုင်အမြင်ဖြစ်ပြီး ကာကွယ်ရေးဌာန ဒါမှမဟုတ် ယူအက်စ် အစိုးရ ရဲ့ မူဝါဒ၊ ရပ်တည်ချက်တို့နဲ့ သက်ဆိုင်ခြင်းမရှိပါဘူး)
*********

ဆိုးလ်မှာပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း အင်္ဂလိပ်စကားပြောသတင်းအစီအစဉ် Korea Today က ထုတ်လွှင့်ခဲ့တဲ့ဇာတ်လမ်း “I Love Dokdo” က ထူးထူးခြားခြားစိတ်ဝင်စားစရာပါပဲ။ တောင်ကိုးရီးယား တိုင်းဂူးတက္ကသိုလ်(Taegu University)မှာပြုလုပ်တဲ့ ပြိုင်ပွဲအစီအစဉ်လေးပါ။ အဲဒီအစီအစဉ်ရဲ့ စိတ်ကူးက ကျွန်းငယ်လေးတွေရဲ့အက်ကြောင်းကို စိတ်ဝင်စားမှုအရှိဆုံး ဘယ်သူပေါ်ထွက်လာမလဲ စမ်းသပ်ကြည့်ဖို့ပါ။ ဂျပန်ပိုင်နက်ပင်လယ်ထဲမှာရှိနေတဲ့ ကိုးရီးယားပိုင် သီးခြားကျွန်းငယ်လေးတွေဖြစ်တဲ့ Dokdo(Tokto)နဲ့ပတ်သက်ပြီး ဂျပန်နဲ့ အငြင်းပွားမှုတွေ ရှိနေခဲ့ပါတယ်။ ရိုက်ကူးရေးခန်းမထဲက ခေတ်မှီအပြင်အဆင်နဲ့ထိုင်ခုံတွေမှာထိုင်နေကြတဲ့ ကိုးရီးယားလူငယ်လေးတွေကို ကြည့်ရတာထူးခြားတယ်။ ပြုံးနေကြတယ်။ ရယ်မောတယ်။ တည်တည်ငြိမ်ငြိမ်နဲ့ပဲ မျိုးချစ်စိတ်တက်ကြွစေတဲ့ ဒီအစီအစဉ်ကို ချီးကျူးဂုဏ်ပြုနေကြတယ်။ နိုင်ငံမျိုးစုံပါဝင်တဲ့အဖွဲ့က မက်ဆီကန် ယဉ်ကျေးမှုဖလှယ်ကျောင်းသား အမ်မီလီယို အဲဒီပြိုင်ပွဲမှာ အနိုင်ရခဲ့တာ ပိုလို့တောင်ထူးခြားနေပြန်တယ်။ သူက Korea Today မှာပြောပါတယ်။ “သူတို့ရဲ့ ဖျော်ဖြေမှုဟာ ဒေါခ့်ဒို အတွက်ကျွန်တော်တို့ရဲ့ ချစ်မြတ်နိုးမှုကို ဖော်ပြတာပါ” တဲ့။ သမိုင်းတလျှောက် ဒေါခ့်ဒိုကို ကာကွယ်စောင့်လျှောက်ခဲ့သူတွေကိုပြချင်တာ။ ကျွန်းလေးတွေဘယ်လောက်လှသလဲဆိုတာကို ဖော်ထုတ်ပြသတာပါလို့ ဆိုတယ်။

ဒီပြိုင်ပွဲဟာ ပြီးခဲ့တဲ့သြဂုတ်လက သမ္မတလီမြောင်ဘတ် ကျွန်းလေးတွေဆီအလည်အပတ် သွားခဲ့ပြီးတဲ့နောက်မှာပေါ်ထွက်လာတဲ့ မျိုးချစ်စိတ်ပြင်းပြမှုလှိုင်းလုံးတွေထဲက ဥပမာတစ်ခုပါ။ နေ့စဉ်သတင်းစာတွေမှာဆိုရင် ဒီကျွန်းလေးအကြောင်း သတင်းတွေပြည့်နှက်နေခဲ့တာပါ။ ဒေါခ့်ဒိုပြတိုက်ကိုလည်း ဆိုးလ်မှာ ဖွင့်လှစ်ထားလိုက်တယ်။ သြဂုတ်လအလည်အပတ်ခရီးစဉ်အတွင်းမှာ လီ က ကျွန်းလေးတွေကို “ကျွန်တော်တို့ရဲ့ အသက်ဘဝတွေကို ကာကွယ်စောင့်ကြပ်ဖို့ ရင်းနှီးမြှုပ်နှံမှုတွေကြွယ်ဝတဲ့နေရာ” လို့ အမည်ပေးလိုက်ပါတယ်။ လန်ဒန်အိုလံပစ်ပွဲတွေမှာ တောင်ကိုးရီးယားဘောလုံးအသင်း ဂျပန်နိုင်ငံကို အောင်မြင်လိုက်တဲ့အခါ ကိုးရီးယားဘောလုံးသမားတစ်ဦးက ကွင်းလယ်ကို ပြေးထွက်သွားခဲ့တယ်။ ဆိုင်းဘုတ်လေးကို ကိုင်လို့ ဖတ်ပါတယ်။ “ဒေါခ့်ဒိုက ကျွန်တော်တို့နယ်မြေပါ” တဲ့။
ဂျပန်နဲ့ နယ်မြေပိုင်ဆိုင်မှုအငြင်းအခုံကိစ္စမှာ ကိုရီးယားရှေ့ရှုတဲ့သဘောထားက အာရှမဟာဗျူဟာရဲ့အရိပ် ပါပဲ။ နယ်မြေဒေသတွေမှာ ကိုယ်သာ အဓိကကြတဲ့ဇာတ်ကောင်ဖြစ်ရေးကိုပဲ အသေးစိတ် စီစဉ်ပြင်ဆင်ကြတာပါ။ ကမ္ဘာရွာဖြစ်မှု နဲ့ အပြန်အလှန်ဆက်စပ်မှီခိုမှုတွေကြောင့် လူတွေဟာ သူတို့ရဲ့ကိုယ်ပိုင်ယဉ်ကျေးမှု နဲ့ ရိုးရာအစဉ်အလာတွေကို တသသဖြစ်လာကြတယ်။ ပိုပြီးခိုင်ခိုင်မာမာဆုပ်ကိုင်ထားဖို့ လုပ်ဆောင်ကြတယ်။ ရလာဒ်က ပွက်ပွက်ဆူနေတဲ့လူမျိုးရေး၊ ပလွှားမှု၊ ဂုဏ်သိက္ခာ၊ နိုင်ငံချစ်စိတ် နဲ့ ကျော်စောလိုမှုတွေပြည့်နေတဲ့ သဘောကွဲလွဲမှုတွေပါ။

သမားရိုးကျအမြင်နဲ့ပြောကြတယ်။ အာရှနဲ့ပတ်သတ်ပြီး အမေရိကန်ရဲ့မဟာဗျူဟာကို အဓိကစမ်းသပ်နေတာက “တရုတ်နိုင်ငံရဲ့ တိုးတက်မှု” ပါတဲ့။ ယူအက်စ်ရဲ့ ရိုးရာအစဉ်အလာနည်းဟန်ပန် အုပ်ချုပ်ရေးနဲ့ သံတမန်အနုပညာဟာ ရိုးရှင်းပြီး အာရှနဲ့ လိုက်ဖက်မှုမရှိပါဘူး။ အာရှနဲ့ ပတ်သက်ပြီး ဝါရှင်တန်ဟာ ၂၁ရာစု ဆိုဗီယက်ကို ချမှတ်တဲ့စတိုင်လ်အတိုင်းပဲ အေးစက်တယ်။ တွက်ချက်တယ်။ လက်တွေ့ကျတယ် အဲဒီမဟာဗျူဟာမျိုးဒီဇိုင်းထုတ်ခဲ့ပါတယ်။ ကိုယ်ပိုင်ယဉ်ကျေးမှုတွေ၊ ဂုဏ်သိက္ခာတွေပေါ်မှာ ထိပ်တိုက်တွေ့နေတဲ့တိုင်းပြည်တွေနဲ့ ကိုင်တွယ်တဲ့အခါ အမေရိကရဲ့သုံးနေကျစစ်ဆင်ရေးနည်းလမ်းဟာ ရည်မှန်းသလို အကျိုးဆက်မျိုး ရရှိနိုင်မှာမဟုတ်ပါဘူး။

အပြင်ဘက်ကလူအများစုက သက်ကြီးရွယ်ကြီးစုံတွဲတစ်တွဲလောက်သာ အခြေချနေထိုင်တဲ့ ကျောက်ဆောင်ထိုးထိုးထောင်ထောင်ကျွန်းတွေအပေါ် တောင်ကိုရီးယားရဲ့အမျိုးသားရေးပြင်းထန်နေမှုတွေကို စိတ်ရှုပ်ထွေးကြောင်း ဖော်ပြကြတယ်။ လေ့လာဆန်းစစ်သူ ဂျက်ဆန်လင်းမ်  က အဓိကအချက်ကို ပျောက်ဆုံးနေပါတယ်ဆိုတယ်။ ဒေါခ့်ဒို ရဲ့ ရည်ရွယ်ချက်က “ယုတ္တိယုတ္တာကြတဲ့ အကျိုးအကြောင်းစစ်စစ်” တော့ မရှိပါဘူး လို့ သူက ရှင်းပြခဲ့တယ်။ အဲဒါ အမျိုးသားအကျိုးစီးပွား၊ အရင်းအမြစ်နဲ့ပတ်သတ်ပြီး အဓိကဦးတည်လုပ်နေကြတာမဟုတ်ပါဘူး။ အငြင်းပွားမှုဟာ စိတ်ခံစားမှုအကြောင်းပါ။ ဂျပန်ဧကရာဇ်အင်ပါယာရဲ့ ရက်စက်တဲ့လုပ်ရပ်တွေကြောင့် စိတ်ဒဏ်ရာနက်နက်နဲနဲခံစားရတာတွေပါ။ ဆိုးလ်မှာ သမိုင်းနှင့်ချီကာ တနင့်တပိုးထမ်းထားခဲ့ရတဲ့ စိတ်ခံစားမှုတွေ၊ အမျိုးသားရေးမာန်မာနတိုးပွားမှုတွေ နဲ့ လက်ရှိခေါင်းဆောင်ရဲ့ နိုင်ငံရေးတွက်ချက်မှုတွေဟာ အငြင်းအခုံကာလဖြစ်ဖို့ အားပေးလှုံ့ဆော်ခဲ့တာပါတဲ့။

အာရှဒေသအတွင်း နိုင်ငံတွေတစ်ဒါဇင်လောက်မှာ ဒီလိုတူညီတဲ့အဖြစ်အပျက်တွေ တွေ့နိုင်ပါတယ်။ ဂျပန်ဘက်မှာဆိုရင် ကျွန်းတွေကို တာကဲရှိမာ(Takeshima) ဝါးကျွန်းလို့ နာမည်ပေးထားကြတယ်။ ပြည်သူတွေက ကျွန်းလေးတွေအကြောင်း သိပ်ပြီးတော့စိတ်ဝင်တစားမရှိလှပါဘူး။ ဒါပေမဲ့ ဒီအငြင်းပွားမှုက လက်ယာနိုင်ငံရေးသမားတွေအကြိုက် “အစာ” ဖြစ်နေတာပေါ့။ ပိုပြီးကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင် ဂျပန်နိုင်ငံရဲ့ လှုပ်လှုပ်ရှားရှားအဖြစ်ဆုံးအတိုက်အခံပါတီက ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်း၊ (၂ဝဝ၆-၂ဝဝ၇)၀န်ကြီးချုပ်ဟောင်းလည်းဖြစ်ခဲ့သူ ရှင်ဇိုအာဘေးဟာ လက်ရှိခေါင်းဆောင်တွေထက် မျိုးချစ်စိတ်ပိုပြီးပြင်းထန်သူပါ။ “ဂျပန်နိုင်ငံရဲ့ လှပတဲ့ပင်လယ် နဲ့ ရေပိုင်နက်တွေဟာ ခြိမ်းခြောက်မှုခံနေရပါပြီ” လို့ အာဘေးကပြောတယ်။ လူငယ်တွေဟာ စီပွားရေးကျဆင်းမှုကြားမှာ သူတို့ရဲ့မျှော်လင့်ချက်ကိုရှာဖွေရင်း အခက်အခဲဖြစ်ကြရတယ်။ “ကျွန်တော် ကတိပေးပါတယ်။ ဂျပန်နိုင်ငံရဲ့ မြေ၊ ပင်လယ်၊ ဂျပန်နိုင်ငံသားတွေရဲ့ အသက်ဘ၀တွေကို ကာကွယ်သွားမယ်တဲ့။ တခြား ဘာကိုမှ အမှုမထားနိုင်ပါဘူး” လို့ ဆိုတယ်။

အဲဒီပုံစံအမျိုးတူ အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်/ကိုယ့်မြေကိုယ်ရေပိုင်ဆိုင်မှုကိုပဲ ရှာဖွေနေမှုဟာ တရုတ်နိုင်ငံမှာလည်း ဇက်ကြိုးဖြေလျော့လိုက်သလို အားကုန်ပြင်းထန်နေတော့တာပါ။ ဘေကျင်းဟာ တောင်တရုတ်ပင်လယ်မှာ အရင်းအမြစ်၊ ကုန်းမြေပိုင်ဆိုင်မှုသြဇာလွှမ်းဖို့ နဲ့ ရေတပ်အခြေစိုက်နိုင်ဖို့ ဒါတွေကို ထုံးစံအတိုင်း တိုင်းတာတွက်ချက်နေတာပါပဲ။  တရုတ်နိုင်ငံဟာ “အနောက်သြဇာလွှမ်းမှု”ရှိခဲ့တဲ့ရာစုတွေကိုလွှင့်ပစ်ဖို့ စမ်းသပ်ကြိုးပမ်းနေတယ်လို့ တရုတ်ပြည်တွင်းဝေဖန်ရေးသမားတွေကတောင် ကျယ်ကျယ်လောင်လောင်ပြောနေကြပါတယ်။ မဲဆွယ်ကာလတိုတွေမှာ အစိုးရပိုင်းက ပါဝင်ကကြိုးဆင်တာကြောင့် နိုင်ငံခြားသားမုန်းတီး၊ တရုတ်မျိုးချစ်စိတ်ပြင်းထန် အဲဒီလိုစိတ်ခံစားမှုလှိုင်းလုံးတွေက အခု ပြင်းထန်လာနေပါတယ်။ ဒါပေမဲ့ မျိုးချစ်စိတ်ဆိုတာထက်သေချာတာက ကြမ်းတမ်းတဲ့တုံ့ပြန်လိုစိတ်တွေသာ ပိုပြီးအားပြင်းလာတာပါ။ တရုတ်နိုင်ငံမှာ ပါတီနိုင်ငံရေးတွေ ပိုပြီးပွင့်လင်း၊ ပိုလွတ်လွတ်လပ်လပ်စီးဆင်း၊ ပိုပြီးကြိုတင်ခန့်မှန်းမရနိုင်တဲ့အနေအထားတွေဖြစ်လာသလို၊ ဘေကျင်းရဲ့စွမ်းရည်ကို မွေးမြူနေတာဟာ အနောက်လွှမ်းမိုးမှုကို တန်ပြန်ချင်တာပါပဲ။ သတင်းတိုတွေအချိန်တိုင်းတင်နေကြတဲ့ ဘလောဂ့်တွေ တရုတ်လူမျိုးသန်းပေါင်းများစွာပါဝင်ရေးသားနေကြတဲ့အထဲမှာ အမျိုးသားရေးစိတ်ဓာတ်ကို ပြတ်ပြတ်သားသားရေးလာကြတာ ထောင်ပေါင်းများစွာရှိတယ်။ အစိုးရထိန်းချုပ်တဲ့ရေဒါအောက်မှာ အများကြီးပဲရှိနေကြတယ်။ ဆန့်ကျင့်သူအရေအတွက်ပမာဏနည်းနည်း(ရာကျော်အရေအတွက်လောက်က) မျိုးချစ်စိတ် အသာပေးဖော်ကျုးရေးသားမှုတွေကို တန်ပြန်တိုက်ခိုက်ရေးသားလာကြတယ်။ အဲဒီလိုနိုင်ငံရေး လှုပ်ရှားပြောင်းလဲမှုဖြစ်စဉ်လည်း တရုတ်နိုင်ငံမှာ တိုးပွားလာနေပါတယ်။
မျိုးချစ်စိတ်၊ ဇာတိမာန် ပွားစီးမှုဟာ နေရာတစ်နေရာနေနောက်ထပ်နယ်ပယ်တွေမှာလည်း တွေ့နိုင်ပါတယ်။ အိန္ဒိယမှာလည်း မျိုးချစ်စိတ်ပြင်းထန်တဲ့ပါတီဟာ နှစ်ပေါင်းများစွာ အခိုင်အမာနေရာယူထားခဲ့တာပါပဲ။ နိုင်ငံခြားသားမုန်းတီးမှုအခြေခံတဲ့အကြမ်းဖက်မှုတွေ ရံဖန်ရံခါမြင်တွေ့ခဲ့ကြရတယ်။ ဗီယက်နမ်မှာ ပြင်ပစိန်ခေါ်တိုက်ခိုက်မှုနဲ့ ရင်ဆိုင်ခဲ့ရပြီး အမျိုးသားဝါဒကို မျိုးဆက်ပေါင်းများစွာ ပြုစုပျိုးထောင်လာကြတယ်။ အဲဒါကိုပဲ နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုအဖြစ် အသွင်သစ်နဲ့ ပြင်ဆင်လာကြတယ်။ ဥပမာဆိုရရင် ဗီယက်နမ်လူငယ်လေးတွေဟာ အမျိုးသားရေးသီချင်းတွေကို အွန်လိုင်းမှာတင်လာကြပြီး သူတို့ရဲ့ ကျွန်းမြေအပေါ်သစ္စာရှိမှုတွေကို ပြနေကြတယ်။

မျိုးချစ်စိတ်ဝါဒီ နဲ့ ကိုယ့်မြေကိုယ်ရေပိုင်ဆိုင်မှုရှာဖွေနေကြတာဟာ အမြဲတက်ကြွဆန်းသစ်နေဖို့ကတော့ အနိုင်နိုင်ရယ်။ ဒါပေမဲ့ သတင်းနည်းပညာခေတ်ထဲမှာ လူ့အဖွဲ့အစည်းတစ်ခုကိုကြိုးကိုင်ခြယ်လှယ်ဖို့က ပိုပြီးအားကောင်းတဲ့လမ်းကြောင်းတွေ ရှိနေပါတယ်။ ဆိုးလ်က အဆင့်မြင့်လေ့လာသူတစ်ဦးက ပြောတယ်။ ယူအက်စ်ရဲ့ မူဝါဒက “စိတ်ဝင်စားမှုရှိတာကိုပဲ တွက်ချက်ရည်ရွယ်တာပါ” တဲ့။ ဒါပေမဲ့ ပွင့်လင်းလာတဲ့ခေတ်မှာ၊ Twitter နဲ့ တခြား ဘလောဂ့်တွေပလူပျံနေတဲ့ အဝန်းအဝိုင်းထဲမှာ စိတ်ခံစားမှုကိစ္စတွေကပဲ လူတွေကို ပိုပြီးရိုက်ခတ်လာတာပါ။ တခြား ပညာသင်ဆုရကျောင်းသားတစ်ဦးကလည်း “နယ်မြေပိုင်ဆိုင်မှုအငြင်းပွားမှုတွေဟာာ မဟာဗျူဟာကျကျကိစ္စတွေ မဟုတ်ပါဘူး။ သမိုင်းကြောင်းတွေ၊ မျိုးချစ်စိတ်တွေပေါ်မှာပဲ လူတွေက တစ်ဝဲလည်လည်ဖြစ်နေကြလို့ပါ” လို့ ပြောတယ်။

လက်တွေ့ကျကျအကျိုးစီးပွားတွက်တာလည်း အမျိုးသားရေးဗျူဟာထဲမှာ ရှိနေပါတယ်။ တောင်တရုတ်ပင်လယ်မှာ ဆိုရင် တရုတ်နိုင်ငံက မျိုးချစ်စိတ်ကိစ္စတွေထက် အရင်းအမြစ်တွေကို တပ်မက်တာပါ။ ဘေကျင်းရဲ့ တရားဝင်မူဝါဒကတော့ နယ်မြေပိုင်ဆိုင်မူပေါ်အငြင်းပွားမှုကို အပြောင်းအလဲမရှိအာရုံစိုက်သလို မျိုးချစ်စိတ်အစွန်းရောက်တွေကို ရှောင်ရှားတဲ့ပုံစံမျိုးပါ။ တောင်တရုတ်ပင်လယ်ကိစ္စမှာ ခေါင်းဆောင်တွေဟာ နိုင်ငံရေးအကြောင်းပြချက်တွေကို သတိကြီးကြီးထားပြီး ပြင်ဆင်နေဆဲပါပဲ။ လေ့လာသူတော်တော်များများက  ဂျပန်ဝန်ကြီးချုပ်သစ်ကို လက်နက်နဲ့ဖြေရှင်းမယ့်သူအဖြစ် မျှော်လင့်ကြတယ်။ ရှင်ဇိုအာဘေးရဲ့ ပြောစကားဆိုစကားတွေအရ၊ သူ့ရဲ့ အရင် သက်တမ်းတိုဝန်ကြီးချုပ်ကာလ လုပ်ကိုင်မှုဆောင်ရွက်မှုအရအာဘေးဟာ ရန်မူတိုက်ခိုက်လိုသူ ဆိုတာထက် စေ့စပ်ဖျန်ဖြေကြားနေလိုသူလို့ပဲ လူတွေက သိထားကြပါတယ်။
တူညီတဲ့နိုင်ငံရေးအနေအထားလှိုင်းလုံးတွေကြောင့် အာရှနိုင်ငံရေးဟာ ပုံစံတူတွေဖြစ်လာကြပါတယ်။ ယူအက်စ်ရဲ့ ဘူမိနိုင်ငံရေး နဲ့ မဟာဗျူဟာတွေဖြစ်တဲ့ စစ်တပ်အား(အများကလက်ခံနိုင်တဲ့အထိတိုးမြှင့်မှု)/ သံတမန်ရေးရာ(ဗျူဟာကျကျမိတ်ဆွေဖွဲ့မှု) အဲဒီစိန်ခေါ်မှုတွေနဲ့ အပေးအယူတွေဟာ အခြေခံအားဖြင့်တော့ မဟာဗျူဟာမကျလှပါဘူး။ ယူအက်စ်ရဲ့လွှမ်းမိုးမှုတွေ ပိုလို့သာပေါ်လွင်ထင်ရှားလာပါလိမ့်မယ်။ လက်ရှိ ကိုရီးယား-ဂျပန် အငြင်းပွားမှုမှာ ဥပမာဆိုရရင် တစ်ဘက်နဲ့တစ်ဘက်စကားစစ်ထိုးစွပ်စွဲပြစ်တင်နေကြတာ လပေါင်းအတော်ကြာလာပါပြီ။ ယူနိုက်တက်စတိတ်ကို အသေအချာ ဘေးဖယ်ထားပါတယ်။ ဆိုးလ်ရော တိုကျိုကပါ အမေရိကရဲ့စွက်ဖက်မှုကို မလိုချင်ခဲ့ကြပါဘူး။ အဲဒီနိုင်ငံတွေဟာ ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေကို ကာကွယ်ဖို့စီမံကိန်းချထားကြတယ်။ တရုတ်နိုင်ငံရဲ့ တောင်တရုတ်ပင်လယ်ကိစ္စမှာလို ယူအက်စ်ရဲ့ အစီအစဉ်တွေထဲ တိုးမဝင်ချင်ကြပါဘူး။

ဒါပေမဲ့ ဘေးအန္တရာယ်တွေဟာ ယူအက်စ်ရဲ့လွှမ်းမိုးမှုမရှိပဲနဲ့ ဆက်ပြီးသွားနေတာပါပဲ။ ဒေသတွေမှာ ဘီစ်မာ့ခ်ကီရန်(Bismarckian)တူရိယာကြီးသုံးပြီး မျိုးချစ်စိတ်တွေပြင်းထန်စေတာကလည်း အင်မတန်စွန့်စားမှုများတဲ့ကိစ္စတွေပါ။
(Bismarck-Otto von Bismarck ဟာ ၁၉ရာစုက ဂျာမန်နိုင်ငံရေးသမားကြီးပါ။ မျိုးချစ်စိတ်အင်မတန်ပြင်းထန်တဲ့သူဖြစ်ပြီး အမျိုးသားရေးစိတ်ဓာတ်ပြင်းပြစွာနဲ့ နိုင်ငံရေး၊ သံတမန်ရေးရာလုပ်ရှားမှုတွေပြုလုပ်ခဲ့တာကြောင့် နာမည်ကျော်ခဲ့တယ်။ နောက်ပိုင်းမျိုးချစ်စိတ်ပြင်းထန်သူတွေဟာ ဘီစ်မာခ့်လမ်းစဉ်လိုက်တဲ့သူတွေအဖြစ် Bismarckian လို့ သုံးနှုန်းလာခဲ့ကြပါတယ်။) 

တရုတ်ရဲ့ မျိုးချစ်စိတ်၊ဇာတိမာန်သွေးကြွအောင် တွန်းအားပေးမှုတွေကြောင့် နောင်လာမယ့်အကျဉ်းအကြပ်ကာလတွေမှာ အနောက်ကလည်း သူ့ရဲ့စွမ်းအားသြဇာကို ပိုပြီးပြသဖို့ ဆန္ဒရှိလာမယ်။ တရုတ်တွေကလည်း ကြမ်းတမ်းတဲ့တုံ့ပြန်မှုတွေ မီးပန်းတွေပစ်ဖောက်သလို ပစ်လွှတ်လာကြမယ်။ အဲဒါတွေဟာ အန္တရာယ်များတဲ့စွန့်စားမှုတွေပါ။ ယူအက်စ်ရဲ့ ရိုးရာ အုပ်ချုပ်ရေးနဲ့သံတမန်အနုပညာလက်နက်ကိုသုံးမယ်ဆိုရင်တော့ အကျိုးကျေးဇူးရှိတယ်။ မျိုးချစ်စိတ်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေ အတန်အသင့်လျော့ပါးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ တစ်ကြိမ်တော့ ကျုးလွန်ခဲ့ပြီးပါပြီ။ ဝါရှင်တန်က“စိုးရိမ်စရာအနေထား” အဖြစ် ယုံကြည်နေပါတယ်။ ပြီးတော့ တိုက်ခိုက်မှုအဖြစ်သို့ ရှေ့ဆက်တိုးမယ့် အာသီသရှိနေတယ်။

အာရှဒေသတစ်ဝိုက် အကျိုးတူပူးပေါင်းဆောင်ရွက်ရေးထူထောင်ဖို့ လွတ်လပ်တဲ့ဘက်စုံကွန်ယက်တွေ တည်ဆောက်ကြရင်ဖြင့် အငြင်းပွားမှုတွေလျော့ပါးစရာ တခြားနည်းလမ်းတစ်ခုဖြစ်နိုင်ပါတယ်။ ယူနိုက်တက်စတိတ်က လက်နက်လျှော့ချရေး၊ ရေပိုင်နက်ကျူးကျော်မှုဆန့်ကျင်ရေး နဲ့ အကြမ်းဖက်ဝါဒဆန့်ကျင်ရေးလို ကိစ္စတွေ စတင်လုပ်ဆောင်နေခဲ့ပါပြီ။ ဆိုက်ဘာခြိမ်းခြောက်မှု၊ စွမ်းအင်လောင်စာဆီသုံးစွဲမှုလျှော့ချမှု နဲ့ တခြားကိစ္စတွေလည်း လက်တွဲလုပ်ကိုင်နိုင်ပါတယ်။ တခြားကြိုးပမ်းမှုတွေ ပုဂ္ဂလိကအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ NGO  အဖွဲ့တွေ exchange program တွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြဖို့ စီစဉ်နိုင်ပါတယ်။ ဒီဖြစ်စဉ်တွေကနေ ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေမှာပါတဲ့နိုင်ငံတွေက ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ အရာရှိတွေကတဆင့် ဒေသခံပြည်သူတွေကို နားလည်သိရှိစေဖို့ တဖြည်းဖြည်းချင်းကူညီနိုင်လိမ့်မယ်။ နိုင်ငံတကာအဖွဲ့သားတွေအလုပ်လုပ်ကြရင်း သက်သေအထောက်အထားအရင်းအမြစ်တွေ၊ လက်တွေ့လေ့ကျင့်မှုအလေ့အထတွေ အပြန်အလှန်ရရှိစေတယ်။ နိုင်ငံသားတွေကလည်း မျိုးချစ်စိတ်ပြင်းထန်ပေါက်ကွဲမှုတွေနဲ့ တသီးတခြားစီနေထိုင်ချင်လာပါလိမ့်မယ်။
အဲဒီလိုကွန်ယက်တွေက ကောင်းမွန်တဲ့အလားအလာတွေရှိပေမယ့်လည်း ယူအက်စ်ရဲ့မူဝါဒမှာ နိုင်ငံတွေကို မဟာမိတ်ဖွဲ့ထားလိုတဲ့ဗျူဟာရယ်၊ ယူအက်စ်ရဲ့အားကြီးမှု၊စွက်ဖက်နိုင်စွမ်းတွေကို ကျားကန်ထားချင်တာရယ် ကျန်ရှိနေပါသေးတယ်။ ယူအက်စ်ကသြဇာလွှမ်းနေတယ်ဆိုတာ နိုင်ငံတွေကို သံသယပျောက်စေဖို့က အလေးထားရမယ့်ကိစ္စပါ။ တူညီတဲ့နိုင်ငံရေးအမြင်တွေရှိဖို့ ပြုပြင်မွမ်းမံရပါမယ်။ ယူအက်စ်ရဲ့ သံတမန်ဆိုင်ရာကြိုးပမ်းမှုတွေ၊ အရင်းအမြစ်တွေနဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတွေ၊ ဘက်စုံကွန်ယက်တွေကိုအသုံးချပြီး စိန်ခေါ်မှုတွေ အပြန်အလှန်ရင်ဆိုင်ဖြေရှင်းကြရမှာပါ။ သြစတြေးလျမှာလို ညှိနှိုင်းဆွေးနွေးမှုတွေမလုပ်ပဲ အခြေစိုက်တပ်ရင်းတစ်ရင်းတပ်စွဲထားတာထက် ဘက်စုံကွန်ယက်မျိုးတွေနဲ့  ဒေသဆိုင်ရာတိုးတက်မှုတွေမှာ တက်တက်ကြွကြွလှုပ်ရှားသင့်ပါတယ်။ အဲလိုချဉ်းကပ်မှုမျိုးကသာ မျိုးချစ်စိတ်ပြင်းထန်လိုသူတွေရဲ့ သဘောမတူညီမှုတွေကို ရပ်တန့်နိုင်မယ်။ ပူးပေါင်းဆောင်ရွက်မှုအလေ့အကျင့်မျိုး တိုက်တွန်းအားပေးနိုင်မယ်။ နိုင်ငံခြားသားမုန်တီးပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းတဲ့အစွန်းရောက်တွေကို အောက်ခြေကနေဖြိုဖျက်နိုင်စေမှာပါ။

ဒီလိုဆောင်ရွက်ရမှာက သိပ်တော့မလွယ်ကူလှပါဘူး။ နိုင်ငံတွေဟာ အယူအဆအမျိုးမျိုးကွဲပြားနိုင်တယ်။ စိတ်ဝင်စားမှုအမျိုးမျိုးရှိနိုင်တယ်။ ပြင်ပကလက်တွဲပူးပေါင်းလိုမှုတွေကို ငြင်းဆန်နိုင်သေးတယ်။ထိရောက်တဲ့သံတမန်ရေးမှာ ယူအက်စ်ဟာ ခေါင်းဆောင်နေရာဇာတ်ရုပ်ကို ရှည်ကြာစွာ ထပ်ပြီးယူထားနိုင်ပါတယ်။ ဒါပေမဲ့ မဟာမိတ်တွေကို လွှမ်းမိုးဖို့မဟုတ်ပါဘူး။ နိုင်ငံတွေကို စစ်ရေးသြဇာပြလွှမ်းမိုးအနိုင်ယူဖို့မဟုတ်ပါဘူး။ နိုင်ငံတွေရဲ့ တည်ငြိမ်ရေးကို ဦးဆောင်ပေးဖို့၊ အကျိုးကျေးဇူး၊ အတွေ့အကြုံတွေရှာဖွေ/ဝေမျှပေးဖို့ပါ။ အဖွဲ့အစည်းတွေကို ဦးဆောင်ပေးဖို့ပါ။ အဲဒါဟာ ၁၉၄၅ ကတည်းက အမေရိကန်ပါဝင်ခဲ့တဲ့ ဇာတ်ရုပ်နေရာအတိုင်းပါပဲ။ အဲဒီဇာတ်ရုပ်ကိုပဲ လှုပ်ရှားရမယ့်လမ်းကြောင်းအသစ်တွေရှာဖွေဖို့ လိုအပ်တာပါ။ အာရှမှာပေါ်ထွက်လာတဲ့ ဗျူဟာမြောက်ခေတ်တစ်ခေတ်နဲ့ ပိုပြီး အံဝင်မယ့်ပုံစံ ရှာဖွေဖို့ လိုအပ်နေတာပါ။      ။

ဖြိုးဖြိုး

Tuesday, October 16, 2012

မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်

 ကျွန်မဟာနိုင်ငံတကာရုပ်သံလိုင်းများကို လှည့်ပြောင်းဖမ်းယူပြီး ကမ္ဘာကြီးရဲ့ဖြစ်စဉ်တွေ  မျက်ခြေမပြတ် စောင့်ကြည့်ဖို့ဝါသနာရှိခဲ့တယ်။ ဒီလို ကြည့်တဲ့အခါ ကမ္ဘာကြီးဟာ စဉ်ဆက်မပြတ် ဆူပွက်နေတာမို့  စိတ်ချမ်းသာစရာမြင်ကွင်းကတော့ သိပ်မရှိလှပါဘူး။ အနိဋ္ဌာရုံတွေသာ ဖန်သားပြင်ကို မင်းမူ ကြီးစိုးနေတယ်။အသေခံ ဗုံးခွဲခြင်း အကြမ်းဖက် တိုက်ခိုက်ခြင်း ကျူးကျော်ဝင်ရောက်ခြင်း ရန်စ ရန်လိုခြင်း  လက်နက်ယှဉ်ပြိုင် စမ်းသပ်ခြင်း  တဦးနှင့်တဦးပြစ်တင်ဝေဖန်ခြင်း တရားမဲ့ မောက်မာထောင်လွှ့ာားခြင်း စတာတွေကိုဘဲတွေ့နေရတယ်။ လူတွေဟာ ဒီလောက်ဘဲ ရိုင်းစိုင်းပြီး မေတ္တာတရား ခေါင်းပါးနေပြီလား။သည်းခံ ခွင့်လွှတ်ခြင်းတိုင်ပင်ဆွေးနွေးခြင်း မပြုနိုင်ကြဘူးလား။ အတိတ်ကဖြစ်စဉ်တွေ နာကျည်းမနေဘဲ ထားခဲ့လို့ မရကြဘူးလား။ လက်ရှိဘ၀မှာ ညီညွှတ်မျှတစွာ လူသားအချင်းချင်း အကျိုးရှိရှိ ငြိမ်းငြိမ်းချမ်းချမ်း အတူတကွ လက်တွဲ  နေကြဖို့  ဆန္ဒမရှိကြဘူးလား။ ဒီမျှ အမျိုးသားရေးစိတ်ဓါတ်ကို လွဲမှားစွာ ရှေ့တန်းတင် အစွန်းရောက်သင့်သလား။စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ် ထားရှိဖို့  မသင့်ပါလား။

လူတွေ ဘာ့ကြောင့် အေးအေးဆေးဆေး မနေနိုင်ကြပါလိမ့် ။
ဘာ့ကြောင့် ဒီလောက် ခိုက်ရန်ဖြစ်ပွားနေကြပါလိမ့်။
ဘာ့ကြောင့် ဒီလောက် လူတွေ သတ်နေကြပါလိမ့်။
စာရေးသူ နားမလည်နိုင်ပါပြီ။ အံ့သြရပါပြီ။
ဘယ်ဘာသာရေးကမှ လူသတ်ရန် ခွင့်ပြုလိမ့်မည် မထင်ပါ။
ဂေါတမဗုဒ္မသာ သက်တော်ထင်ရှား ရှိစေချင်စမ်းပါဘိ။
တဘက်သတ်။ အယူသီး အစွန်းရောက် စသည် ကင်းရှင်းစေချင်ပါဘိ။
ဘယ်ရုပ်သံလိုင်းကို ကြည့်ကြည့် နေ့ စဉ်လူသတ်ပွဲတွေသာ တွေ့ နေရပြီး ပေါက်ကွဲဆူဝေနေတယ်။
အမျိုးသမီးများကလည်း အမျိုးသားများနှင့် တန်းတူ ရည်တူ လူသတ်နေပြနေကြ အသေခံဗုံးခွဲ နေကြတယ်။

၂၀၀၇ နိုဝင်ဘာ ၉ရက့်ဗုဒ္ဓဟူးနေ့ က ရုပ်သံလိုင်းအားလုံး  ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့  ဟိုတယ်သုံးခု ဗုံးခွဲ ခံရမှု ကို breaking news  အဖြစ် ဦးစားပေး ထုတ်လွှင့်ခဲ့တယ်။  ဖေါက်ခွဲ ခံလိုက်ရတဲ့ ဟိုတယ် သုံးခုအနက် ရာနီဆန်ဟိုတယ်မှာတော့  မင်္ဂလာဆောင်ပွဲ ကလေးတခု ကြည်ကြည်နူးနူး ကျင်းပ ပျော်ရွှင် နေချိန် ဖြစ်ပါတယ်။ တဲ့။ ဖြစ်ရလေ ။လို့ စာရေးသူ သနားမိတယ်။ နှစ်ဘက်မိဘနှင့် သတို့သမီး သတို့သား ဆွေမျိုး (၁၇ယောက်) အပါအ၀င် ဧည့်ပရိတ်သတ်လူပေါင်း (၅၇)ယောက် ပွဲ ချင်းပြီး သေဆုံးခဲ့တယ်။သေစေညွှန်းခဲ့သူ ဘယ်မျှပါဝင်မည် မသိရပေမဲ့ အီရတ်၊ တရုပ်၊ ဂျော်ဒန်၊ ဆော်ဒီ ၊ ပါလက်စတိုင်း၊ အင်ဒိုနီရှား ၊ အဇ္ဇရေးလ်၊ အာရပ် စသည် တည်းခိုသူ (၁၀၀) ကျော် ဒါဏ်ရာ အကြီးအကျယ် ရရှိကြတယ်။ ကြောက်ခမန်းလိလိ မိုက်မဲ ဆိုးသွမ်းမှုတွေ ပါဘဲ။

မွှန်ထူနေတဲ့ မီးခိုးလုံးတွေကြား ဖရိုဖရဲ ကစဥ့်ကလျား ပြေးသူပြေး။ လွှားသူ လွှား ကြေမွသွားတဲ့ ဟိုတယ်အဆောက်အဦကြား အော်သူအော် ငိုသူ ငို ။ငရဲ ပွက်သလို သည်းပွတ်နှလုံး ပျက်ပြုံးချင့်စဖွယ် ဒါဏ်ရာ ဗလပွနှင့် ပြန့် ကြဲနေတဲ့  လူသေ အလောင်းများ မသေမရှင် လူနာများ ။
အို ဒါ လုပ်သင့် လုပ်ထိုက်ပါရဲ့ လား။ မေးစမ်းချင်ပါတယ်။
မိမိ ဘယ်သူ့ ကို ရည်ရွယ်တိုက်ခိုက် ဗုံးခွဲ ခဲ့ပါသလဲ။ မိမိအသက်ကိုစတေးရလောက်အောင် ထိုငိတန်သော လုပ်ရပ်ဟုတ်ပါ ရဲ့ လား။  မိမိသေစေချင်သူ ဘယ်နှစ်ဦးပါပါသလဲ။ ဗုံးခွဲသူ မသိနိုင်တဲ့ အရာပါ။
သေချာတာကတော့ မိမိနှင့် မျိုးတူ ရိုးတူ အီရတ်သတို့ သားနှင့် သတို့ သမီး ပါဝင်သွားခြင်းပါဘဲ။

တကယ်တော့ ဗုံးခွဲ သူတွေဟာ အုပ်စု သုံးစု ခွဲ ပြီး ဟိုတယ်သုံးခု သုံးနေရာ ကို တပြိုင်တည်း ဖေါက်ခွဲ ဖို့  အကြံကြီးခဲ့ကြသူများပါ။သူတို့ ဟာ ၂၀၀၅ခုနှစ် နိုဝင်ဘာလ (၅)ရက်နေ့ မှာ အီရတ်နိုင်ငံ ကနေ ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့ ကို ရောက်ရှိလာကြသူများဖြစ်တယ်။ အဲဒီအဖွဲ့ ထဲက အသက် (၄၀) အရွယ် အီရတ်အမျိုးသား အလီဟူစိန်အယ်လ်ရှန်မာရီ နှင့် ဇနီးဖြစ်သူအသက်(၂၅)နှစ် အရွယ် ဆာဂျီ ဒါမူဘာရပ် အယ်လ်ရီရှာဝီ တို့ ဟာ ဂျော်ဒန်နိုင်ငံ အမ္မာန်မြို့ ဟိုတယ်ရာမာဆန် မှာ တည်းခိုနေကြတဲ့ အနောက်နိုင်ငံ သားများကို ဗုံးခွဲတိုက်ခိုက်ရန် တာဝန်ပေးအပ်ခြင်း ခံရသူများဖြစ်တယ်။အမှန်ကတော့ အဲဒီအချိန်မှာ ရာမာဆန်ဟိုတယ်မှာ တည်းခို နေသူများက အပြစ်ကင်းသူများပါ။  အီရတ်နိုင်ငံ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်အတွက်  ၀ိုင်းဝန်းပူးပေါင်းကူညီရန် အပြည်ပြည်ဆိုင်၇ာ အဖွဲ့အစည်းအသီးသီးက ရောက်ရှိနေတဲ့  နိုင်ငံစုံက လူမျိုးစုံ များဖြစ်တယ်။ သူတို့ ဇနီးမောင်နှံဟာ မင်္ဂလာဆောင်ပွဲ ကလေး ကျင်းပနေစဉ် ဧည့်ပရိသတ်တွေနှင့် ခန်းမထဲကို ရောနှောဝင်ရောက်မယ် အသင့်နေရာယူ ပြင်  ဖေါက်ခွဲ စသည် အဆင့်ဆင့်  ကြိုတင် အကွက်ချစည်းဝါးရိုက် ထားကြပြီးပါ။ သူတို့ဟာ ဖေါက်ခွဲ ရေးသင်တန်းများကိုလည်း ပိုင်နိုင်စွာ တက်ရောက်ခဲ့ ကြပြီးဖြစ်တယ်။ အကြမ်းဖက်လုပ်ငန်းများဆောင်ရွက်နိုင်ရန် အဓိကကျတဲ့ သတင်းအချက်အလက် တွေ ထောက်လှမ်းရေးသမားများထံက ပေးပို့ ထားပြီးလဲ ဖြစ်တယ်။

လူမျိုးရေး စိတ်ဓါတ် ခိုင်မာပြင်းထန်ဖို့ ရဲရင့်ပြတ်သားဖို့ မဆုတ်မနစ် ဇွဲမာန် ခက်ထန်မာကြောဖို့  အမေရိကန်တွေ မျိုးပြုတ်ဖို့ အမေရိကန်တွေကို အသေအလဲ မုန်းတီးဖို့ ကလဲ့စားခြေဖို့  စတဲ့သဘောတရားတွေကိုလဲ သူတို့ရဲ့ ခေါင်းဆောင်ကြီးများက သို့မဟုတ် သင်တန်းဆရာများက သူတို့ ခေါင်းထဲအကြိမ်ကြိမ် အပြတ်ရိုက်ထည့် ပေးလိုက်ပြီးပါ။ အယ်လ်ရီရှာဝီ ကိုယ်တိုင်လည်း မောင်သုံးယောက်နှင့် ညီမ ခင်ပွန်းကို အမေရိကန် မရိန်းတပ်ဖွဲ့  က သတ်ဖြတ်ပြစ်ခဲ့မှု အပေါ် အခဲ မကြေ ဖြစ်နေတာပါ။သူမက ခံစားချက်အပြည့်နှင့် လက်တုံ့ ပြန်တိုက်ခိုက်ဖို့  သိပ်စိတ်အားထက်သန်နေတယ်။ သူမရဲ့ အမျိုးသား ကလည်းသူမကို ဒီကိစ္စ သွေးအေးမသွားဖို့  မပြတ်သွေးထိုး လှုံ့ ဆော်ခိုင်းစေ နေသူဖြစ်တယ်။အမေရိကန်များကို သူတို့  က ခရူဆိတ်ဒါများအဖြစ်သာ အမြဲ မြင်နေကြတယ်။

နိုဝင်ဘာ (၉) ရက် ညဦးပိုင်းမှာတော့ ဟိုတယ် ခန်းမကြီးထဲမှာ မင်္ဂလာပွဲ ချီးမြှင့်လာသူများနှင့် စည်ကားသိုက်မြိုက်လို့နေတယ်။ ဧည့် သည်များဟာ တဦးကို တဦး အပြုံးတွေဖလှယ်ရင်း တုံ့ပြန်ရင်း ပေးကမ်းရင်း ချမ်းမြေ့စွာ ဟိုသည် ကူးသန်း သွားလာ ပြောဆိုနေကြတာပါ။ အစီအစဉ်အတိုင်းအီရတ်ဇနီးမောင်နှံဟာ ခန်းမထဲကို ဧည့်ပရိတ်သတ်တွေနှင့် မင်္ဂလာပွဲ တက်ရောက်သူ အသွင် ရောနှောဝင်ရောက်လာပါပြီ။ အသင့်အနေအထားလည်းရှိနေပါပြီ။ အယ်လ်ရီရှာဝီ တယောက် စိတ်ဂဏှာ မငြိမ်ပါဘူး။ နိုင်ငံခြားသားတွေလို့  သူထင်နေတဲ့လူတွေကို သဲသဲမဲမဲ စိမ်းစိမ်းကြည့် ပြီး စိတ်ထဲက “သွားစမ်း ဟေ့လူတွေ .. မင်းတို့  မကြာခင် သေရစေ့မယ်။ငါ့ဆွေမျိုးတွေ အသေဆိုးနဲ့ သေရသလို မင်းတို့  အခုသေရမယ်။" စသည် အံကြိတ်ကြုံးဝါးနေလေရဲ့ ။
ဟုတ်တယ်လေ။ မကြာခင် စက္ကန့်ပိုင်းအတွင်း သူမ ဗုံးခွဲ တိုက်ခိုက်တော့မှာလေ။
သူမရဲ့ဝတ်ရုံမဲ ကြီးအောက်က ခါးမှာ ဗုံးတွေ အလီ ဟူစိန်ကိုယ်တိုင် ကျကျနန ခါးပတ်ပတ် တပ်ဆင်ပေးလိုက်ပြီကော။ (အရင်ဆုံးသေရမဲ့သူက သူမဆိုတာ သူမ မသိဘူး) ၀တ်ရုံဖါးဖါးကြီးက  ဖုံးကွယ်ထားသလိုဘဲ။ ဗုံးတွေကို ဘယ်သူမှ မမြင်နိုင်ပါဘူး။ သူတို့နှစ်ဦးဟာ ဆန့်ကျင်ဘက် ဒေါင့်တခုစီမှာ နေရာယူခဲ့တယ်။ အသင့်အနေအထားနှင့် စောင့်ဆိုင်းနေကြတယ်။ သတ်မှတ်ချိန်ကာလမှာ အလီဟူစိန်က အချက်ပေးလိုက်တယ်။သူကိုယ်တိုင်လည်း စနက်တံကို ဆွဲ ဖြုတ်လိုက်ပါပြီ။ သူ့ကိုယ်က ဗုံးတွေဟာ ချက်ခြင်းပေါက်ကွဲ ပြီး အစအနတွေလေထဲမှာ လွင့်ပျံသွားသလို သူ့ ကိုယ်ကြီးဟာလည်း အပိုင်းပိုင်း ပြတ်ထွက် သွားခဲ့တယ်။

ပရိတ်သတ်တွေ တော်တော်များများ လည်း အလားတူ တစစီဖြစ်သူဖြစ်  ကူပါ ကယ်ပါ အော်သူတွေနှင့် ဆူညံ ပွက်လောရိုက်ခဲ့ပြီး လွတ်ကင်းချမ်းသာကြသူများကတော့ တံခါးဝတခုကို ပြုံတိုးရင်း ဦးတည်ချက်မရှိ ထွက်ပြေးနေကြတယ်။ ဗုံးခွဲမယ့် အီရတ်အမျိုးသမီးကတော့ စနက်တံကို ဆွဲဖြုတ်ဖို့ အားထုတ်ခဲ့ပေမဲ့ ကံကောင်းစွာ ဗုံးတွေက မကွဲ ပါဘူး။ စုပြုံထွက်ပြေးနေကြသူတွေထဲမှာ သူမပါ အသိမဲ့စွာ ရောနှော တိုးဝှေ့ နေတယ်။ နောင်အခါ သက်ဆိုင်ရာက သတင်းအရ  သူမတို့  ငှားရမ်းတည်းခိုခဲ့တဲ့ အမ္မာန်ရှိ အိမ်တလုံးအတွင်းကနေ ဖမ်းမိသွားတယ်။ ဒီသတင်းကို CNN ,BBC ,DW ,ALJAZEERA စသည် အာရပ် လိုင်းပေါင်းစုံမှပါ  သူမရဲ့  ဗုံးဆင်ထားတဲ့ ကိုယ်ခန္ဒာကို ရှုဒေါင့် မျိုးစုံ ဘက်ပေါင်းစုံက လှည့်ပတ်ရိုက်ကူး ပြီး အဆက်မပြတ် တင်ဆက်ပြသထုတ်လွှင့်ခဲ့တယ်။ဗုံးဆင်ပုံဆင်နည်းကို ပြသပေးတာပါ။ ဒီလုပ်ရပ်ကို အယ်လ်ကေဒါ အဖွဲ့ က သူတို့ လက်ချက်လို့  ၀န်ခံခဲ့ကြတယ်။
ကောင်းပါပြီ။

ဘာ့ကြောင့် ဒီလို အကြမ်းဖက်တိုက်ခိုက်ပါသလဲ။ (ဇစ်မြစ်ကို ရှာပါ)
ဒီအကြမ်းဖက်တိုက်ခိုက်မှုတွေကို ကမ္ဘာ့ခေါင်းဆောင်ကြီးတွေက ဘယ်လို တုံ ပြန်ပါသလဲ။
အကြမ်းဖက်နှိမ်နင်းရေးကို  ပူးတွဲ ဆောက်ရွက်ကြတယ်အောင်မြင်မှု သိပ်မရှိခဲ့ဘူး။ အမှန်က စစ်ရေးနှင့် ဖြေရှင်းလို့ ရမယ်မထင်ဘူး။ အမုန်းကို နှိမ်နင်းရမှာဖြစ်တယ်။ အမုန်းဘယ်ကလာသလဲ ။ အကြောင်းရင်းကို ကြည့်မြင်ရမှာဖြစ်တယ်။ ဟုတ်ပါတယ်။ အမုန်းကို ပြိုကွဲအောင်  ဖြိုခွဲနှိမ်နင်းရမှာပါ။အမုန်းကို အမုန်းဖြင့် (လက်နက်ဖြင့် ) ဖြေရှင်း နှိမ်နင်းလို့  က ဘယ်တော့မှ စစ်မီးငြိမ်းမယ်မဟုတ်ဘူး။ ရန်ကို ရန်ချင်း မတုံ့ နှင်းရပါဘူး။ သည်းခံခွင့်လွှတ်နားလည်ပေးခြင်းဟာ ကျွန်မတို့ ဂေါတမဗုဒ္မရဲ့  အကောင်းဆုံး အမုန်းဖြိုဖျက်ရေး လမ်းစဉ်ပါဘဲ။ဆိုလိုတာက တွေ့ ဆုံ ဆွေးနွေး အဖြေရှာရေးပါ။ သူတပါးကို ကိုယ်နှင့် ထပ်တူ ချမ်းသာစေလိုခြင်း။ ဆိုတဲ့ မေတ္တာ ကို  ဖြန့်ဖြူးနိုင်ရပါမယ်။ မေတ္တာဖြင့်သာ အောင်မြင်မှုတွေ တပွေ့ တပိုက် ရရှိနိုင်ပါလိမ့်မယ်။ အမုန်းသံသရာရှည်စေမဲ့ အပြန်အလှန် ကလဲ့စားခြေခြင်း An Eye For An Eye ဆိုတဲ့ တောင်းဆိုချက်မျိုးဟာ သွေးရူးသွေးတမ်း တောင်းဆိုမှုသာ ဖြစ်လို့  ဒါဟာ ဘယ်လိုမှ လက်ခံနိုင်စရာ အကြောင်းမရှိဘူး။ ဒါဟာ တရားလက်လွှတ်သူများရဲ့  ရူးသွပ်မိုက်မဲမှုသာ ဖြစ်တယ်။
 အစွဲ ကြောင့် မုန်းခြင်း (obsessive hate)
အတ္တကြောင့်မုန်းခြင်း။ (hysterical hate)
စတာတွေ မရှိရပါဘူး။ ခ၀ါချပြစ်ရပါလိမ့်မယ်။
မဟုတ်ရင် ဘယ်တော့မှ မငြိမ်းချမ်းဘူး။  ခက်တော့လဲ အခက်သား။
နိုင်ငံ့ခေါင်းဆောင်ကြီးတွေဟာ ဘုရားလောင်းတွေမှ မဟုတ်တာ။ florist က လောဘတကြီး မျှော်လင့် နေမိတယ်။ ဘာသာရေးဆိုတာ ပျော့ညံ့တယ်လို့ လူ့စရိုက် လူ့ဗီဇ အရ ပြဿနာတွေကို လူသားပီပီ ဖြေရှင်း ကြမှာဖြစ်လို့  အမုန်းက ရှို့ တဲ့ မီးတောက်မီးလျှံ များအကြားမှာ ကမ္ဘာသူ ကမ္ဘာသားအားလုံး လောင်မြိုက်မှု ကင်းအောင် ဗုဒ္မ ကျင့်စဉ်အတိုင်း ကျင့်ကြံ နေထိုင်ရမှာက အသေအချာပါဘဲ။

(အတွဲ ၂ အမှတ် ၄ ၂၀၀၇ ဧပြီလထုတ် youth မဂ္ဂဇင်းပါ ဆောင်းပါးကို ပြန်လည်ဝေမျှပါသည်)


Florist

Wednesday, October 10, 2012

ညင်သာစွာ ဇီဝိန်ခြွေသူ

ဒဲရက်ခ် ဟမ်းဖရေး(Derek Humphry) ဟာ အင်္ဂလိပ်ဘခင်နဲ့ အိုင်းရစ်မိခင်တို့က မွေးဖွားခဲ့သူဖြစ်တယ်။ ၁၉၃၅နဲ့ -၄၅ခုနှစ် ဒုတိယကမ္ဘာစစ်အတွင်းသူ့ရဲ့ပညာရေးနယ်နမိတ် ကျဉ်းမြောင်းခဲ့ပေမဲ့ အသက်၁၅နှစ်မှစလို့ စာပေလောကကို ၀င်ရောက်ခဲ့ပြီး  ဂျာနယ်လစ် တယောက်အဖြစ်  ခိုင်မာစွာ ရပ်တည်နိုင်ခဲ့တယ်လို့  ဆိုရမှာပါ။ အသက် (၁၈)နှစ်မှာ စစ်မှု ထမ်းခဲ့ရပြီးနောက် ယူကေနိုင်ငံရဲ့ နာမည်ကြီး မန်ချက်စတာ ညနေခင်းသတင်းစာ အထွေထွေသတင်းထောက်လှမ်းသူအဖြစ် ကျေပွန်စွာ တာဝန်ထမ်းဆောင်နိုင်ခဲ့တယ်။

ထိုမှ ဒေးလီမေးလ် သတင်းစာမှာ လက်ထောက်အယ်ဒီတာ၊ ဥရောပရဲ့ ဖို့ဒ်ကားတွေအကြောင်း ဝေေ၀ဆာဆာဖေါ်ပြရေးသားပေးရတဲ့ လန်ဒန်ပြင်ပက စာစောင်တခုမှာ အယ်ဒီတာချုပ်ဖြစ်လာပြီးနောက် ဆန်းဒေးတိုင်းသတင်းစာမှာ ပြောင်းရွှေ့တာဝန်ယူရပြန်တယ်။ သူဟာ Because They are Black အမည်နဲ့ လူမည်းတွေဘက်က ရှေ့နေလိုက်တဲ့ စာအုပ် ထုတ်ဝေခဲ့ရာမှာ လူကြိုက် အတော်များခဲ့တယ်။ဒီ့နောက် Police power နဲ့  Black People မှာ ဗြိတိန်ရဲတွေအကြောင်းနဲ့ လူမဲတွေအကြောင်း ပွင့်ပွင့်လင်းလင်းရေးသားခဲ့လို့ နာမည်ကျော်သွားတယ်။ ဒီနောက်မှာတော့ သူ့တသက်မှာ သူ့ချစ်ဇနီးနဲ့ ပတ်သက်လို့   စိတ်ထိခိုက်ခံစားခဲ့ရမှု အများဆုံးပါဝင်တဲ့ “ဂျင်းန်ရဲ့နောက်ဆုံးခရီး “ (Jean’s Way )စာအုပ်ကို  ဖွင့်ဟရေးသား ထုတ်ဝေလိုက်တယ်။

အဲဒီစာအုပ်မှာ ဇနီးသည် ဂျင်းန် ဟာ အရိုးကင်ဆာရောဂါနဲ့ ဘယ်လို နာကျင်ခံခက်စွာ ရှင်သန်နေရပုံ၊ နောက်ဆုံးမှာတော့ ဝေဒနာကို ဆက်လက်သည်းခံနိုင်စွမ်းမရှိတော့တဲ့ ဇနီးသည်အတွက် ရင်နာနာနဲ့ မသိမသာထွက်သက်ပျောက်စေနိုင်တဲ့ ဟမ်းမလော့ဆေးနဲ့ ဇီဝိန်ချွေပေးခဲ့ရပုံ ကို  ကွဲအက်ကြေပြုံးနေတဲ့ နှလုံးသားနဲ့ ရေးသားတင်ပြထားပုံ ဖတ်ရှုရမှာဖြစ်တယ်။ ဇနီးသည်ရဲ့ နောက်ဆုံးထွက်သက်အထိ သေပုံသေနည်း  ဖြစ်စဉ်တွေကို ရိုးစင်းစွာ ရဲရင့်စွာ ကြေကွဲစွာ ရေးသားထားတဲ့စာအုပ်ဖြစ်တာမို့ ထူးခြားတဲ့ စာအုပ်တအုပ်အနေနဲ့ ကမ္ဘာတ၀ှမ်း သိမ့်သိမ့်တုန်ကျော်ကြားသွားတာပါ။ ၁၉၇၈ခုနှစ် မှာပါ။ ဘာသာလေးမျိုး ပြန်ဆိုရေးသားခဲ့တယ်။ရုပ်ရှင်ရိုက်ဖို့ကမ်းလှမ်းခဲ့တယ်။ ဒီစာအုပ်ကိုသူကိုယ်တိုင် (၁၆)ကြိမ်တိတိ တည်းဖြတ်ခဲ့တာပါ။ ဒီလို အမှန်အကန်ဖြစ်ဖို့တည်းဖြတ်နိုင်ခဲ့လေလေ သူ့ အတွက် အန္တရယ်မကင်းလေလေပါဘဲ။

ဘာ့ကြောင့်လဲဆိုရင် ဗြိတိန်နိုင်ငံက ဘယ်လို အကြောင်းပြချက်မျိုးနဲ့မှ မိမိကိုယ်ကိုမိမိ သေကြာင်းကြံစည်ဖို့ အခွင့်မရှိပါဘူး။ အကူအညီပေးခဲ့သူကိုတောင် ထောင်ဒါဏ် (၁၄)နှစ် ကျခံ ရမှာဖြစ်တယ်။ သူဟာ မလွှဲမကင်းသာ  ပြစ်မှုကျူးလွန်ခဲ့သူဖြစ်ပေမဲ့ ဆေးဝါးထောက်ပံ့ပေးသူ သမားတော်ရဲ့အမည်ကိုတော့ ထုတ်ဖေါ်ခြင်းမပြုခဲ့ပါဘူး။ ၁၉၈၀ခုနှစ်မှာ တရားမ၀င် ဖွဲ့ စည်းထားတဲ့ မိမိကိုယ်ကို သေကြောင်းကြံစည်ကြသူများ အဖွဲ့(Hemlock society အဖွဲ့ အစည်း)တစ်ခုက သူ့ ကို ဆက်သွယ်လာတယ်။ အဲဒီစာအုပ်ကို ဖတ်ပြီး သူ့ဇနီးကို ကူညီခဲ့ရသလိုမျိုး အလားတူ ပါဝင်ကူညီပေးပါလို့ တော်တော်များများတောင်းဆိုမှုတွေ ရှိလာတယ်။ ဒီအခါမှာ သူသတိပြုမိတာက ဥပဒေကြောင်းအရ တရားဝင် အဖွဲ့အစည်းတခု ထူထောင်ဖို့  လိုအပ်တယ်လို့  သူတွေးခဲ့တယ်။
Let Me Die Before I Wake အမည်နဲ့ စာအုပ်ကို ထုတ်ဝေဖြန့်ချိခဲ့ရာမှာလဲ အရောင်းရအတွင်ကျယ်ဆုံးဖြစ်ခဲ့တယ်။ အဖွဲ့ဝင် လူကြီးများလက်ကို အပ်နှံ ရောင်းချခဲ့ပေမဲ့ လူသိရှင်ကြားဖြန့်ဝေဖို့ တိုက်တွန်းနိုးဆော်ကြတာမျိုးများလာတယ်။ ၁၉၈၂ခုနှစ်မှာ အုပ်ရေပေါင်း(၂၅၀၀၀) ဆင့်ပွားရောင်းချခဲ့တယ်။ ဒါဟာ ဟမ်းမလော့ခ်ဆေးရဲ့ ဂုဏ်သတင်းကျော်ကြားဖို့အခြေခံ အုတ်မြစ်တခု  ဖြစ်လာတာပါဘဲ။ Hemlock society အဖွဲ့ဟာ suicide လုပ်ပေးသူ သမားတော်တွေရဲ့  အကူအညီနဲ့ လျို့ဝှက်စွာ အကောင်အထည်ဖေါ် လုပ်ဆောင်နိုင်ခဲ့တယ်ဆိုရမှာပါ။ Hemlockဆေးရဲ့အရေးပါအရာရောက်ပုံကိုလဲ လူတွေ စိတ်ဝင်စားအောင် ဟောပြောနိုင်ခဲ့ပါတယ်။

၁၉၉၁ခုနှစ်မှာတော့ နောက်ဆုံးထွက်ပေါက် (Final Exit) ဆိုတဲ့ စာအုပ်ကို ရေးသားထုတ်ဝေရာမှာလဲ အောင်မြင်မှု ရခဲ့ပါတယ်။ ဒီစာအုပ်ပါ အချက်အလက်တွေဟာ ယူအက်စ် ၊ဗြိတိန်၊ သြစတြေးလျား နယူဇီလန်မှာဆိုရင် အခြေခံ စည်းမျဉ်းဥပဒေနဲ့  ညှိစွန်းနေမှာဖြစ်ပြီး ပြင်သစ်မှာ ခွင့်ပြုထားတယ်လို့ ဆိုပါတယ်။ Dying with Dignity, Under Standing  Euthanasia,(1995) Lawful Exit (1994)စာအုပ်တွေကလည်း ထွက်ပြီးရင်းထွက်ရင်း ပါဘဲ။ လူတွေကလဲ ဖတ်ပြီးရင်း ဖတ်နေရင်းပါဘဲ။ ဆေးပညာရှုဒေါင့်ကနေပြီး သူ့တင်ပြပုံတွေကို လူတွေက ပြည့်ဝစွာ ယုံကြည်ကြတယ်။ ၁၉၈၆မှာ The Right To Die စာအုပ်ကို ထုတ်ဝေခဲ့တယ်။ ဟမ်းမလော့ခ်ဆေးရည်ဟာ လှပတဲ့ အဖြူရောင် အဆင်းရှိ တောပန်းပွင့်တမျိုးကနေ ထုတ်လုပ်ထားတဲ့ အဆိပ်ရည်ပါ။ညင်သာ သိမ်မွေ့နူးညံ့တဲ့သဘောကိုဆောင်ပြီး စိတ်ပူပန်ကြောင့်ကျစရာ မရှိဘူး။ဘယ်လို ဥပါဒ်မျိုးမှလဲ မရှိဘူး။ဒီဆေးရည်ကို အစက်ချပေးလိုက်ရုံနဲ့ လွတ်မြောက်ရာလမ်းသို့ မဆုတ်မနစ်  ညင်သာသိမ်မွေ့ စွာထွက်ခွာနိုင်မှာဖြစ်တယ်။

၁၉၇၅ခုနှစ်မှာပေါ့။ ကျွန်တော့်အကြိုက် တောင်ကုန်းကလေးပေါ်မှာဆောက်ထားတဲ့  သစ်သားအိမ်ကလေးထဲမှာ..။

ကျွန်တော်နဲ့ဂျင်း … လို့ သူက အစချီပြီး Jean’s Way စာအုပ်ရဲ့  အခန်း(၉) ကို အစချီ ရေးသားခဲ့တယ်။ အခန်း(၉)မှာ ကင်ဆာရောဂါရဲ့ ဆိုးဝါးပြင်းထန်ပုံတွေကို ဂျင်းခမြာ ၂နှစ်တိုင်တိုင် ကြိတ်မှိတ်ခံစားရပုံ ပထမရင်သားကနေ အရိုးတွေဆီ ပျံ့နှံ့လာပုံ သူကိုယ်တိုင် ဂရုတစိုက် လိုလေသေးမရှိ အနီးကပ် ပြုစုစောင့်ရှောက်ခဲ့ပုံ  နောက်ဆုံး အသက်ရှင်ရပ်တည်နေနိုင်ဖို့  လိုအပ်တဲ့အင်္ဂါအစိတ်အပိုင်းတွေအားလုံးကူးစက်လာပုံနဲ့ ကုမရတဲ့ ရောဂါဝေဒနာအကြောင်း  ဖွဲ့နွဲ့တင်ပြထားပါတယ်။

အခန်း(၁၀)မှာတော့ သည်းခံနိုင်ဖို့မစွမ်းနိုင်တော့တဲ့အခါ ဂျင်းန်က သူ့ကို ကျွန်တော်ကိုယ်တိုင် အဆုံးစီရင်ပေးရန် လိုလာ့းကြောင်း မနာမကြင်မခံစားရဖို့ကိုလည်း သမားတော်နဲ့တိုင်ပင်ရန် .. တောင်းဆိုခဲ့ကြောင်း..နဲ့သူ့ရဲ့ နောက်ဆုံးနေ့တွေမှာ ကျေးလက်က အနားယူ အပန်းဖြေအိမ်ကလေးမှာ အေးအေးဆေးဆေး ကုန်လွန်ချင်ကြောင်း ဂျင်းန်ပြောပြတာတွေ ဂျင်းနဲ့ နှစ်ဦးသဘောတူ ကတိပေးခဲ့ရပုံတွေ စိတ်ရှိလက်ရှိ ရေးသားချယ်မှုံးထားတယ်။နောက်ဆုံး သူတို့နှစ်ဦးရဲ့ကြေကွဲဖွယ် ဖြစ်စဉ်ကလေးက စိတ်ဝင်စားဖွယ် အလွန်ကောင်းနေတာမို့ မူရင်းစာသားအတိုင်း အောက်မှာ ကောက်နှုတ်ဖေါ်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ရဲ့ ကျေးလက်စံအိမ်ကလေးထဲမှာ..တနေ့ ကျွန်တော် အိပ်ယာက နိုးလာတော့သူမဘက်ကို စောင်းငဲ့ကြည့်လိုက်တယ် ဆိုရင်ဘဲ ကျွန်တော်ကို အိပ်မရတဲ့ မျက်လုံးတွေနဲ့ ဆွေးဆွေးမြေ့မြေ့ငေးကြည့်နေတဲ့ဂျင်းန် ကို တွေ့ ရတယ်။ကျွန်တော်က တခုခုဖြစ်တော့မယ်လို့ကြိုတင် သတိပေးနေသလိုမျိုး အာရုံမှာခံစားလိုက်ရပေမဲ့ ဘာမှမဖြစ်သလို သာမန်အနေအထားနဲ့

 “ မောနင်း ဒါလင် နေကောင်းရဲ့လား “လို့ 
သူမကို နှုတ်ဆက်လိုက်တယ်။

သူမဟာဒီလိုဘဲ ကျွန်တော့်ကို စိုက်စိုက် ကြည့်နေတတ်တယ်လေ။

သူမကတော့ ငိုမဲ့မဲ့နဲ့ ..
“ကျွန်မ လည်ပင်းထဲက သိပ်ဆိုးတာဘဲ။ နည်းနည်းမှ လှုပ်မရဘူး"  တဲ့။ ဂျင်းန် ကပြန်ပြောတယ်။
ကျွန်တော်အိပ်ယာကထပြီး ဂျင်းန် သုံးနေကျ ဆေးတွေခွံ့ပေးလိုက်တဲ့အခါ ဂျင်းန်က ကြိုးစားပြီးမျိုချရှာတယ်။
ကျွန်တော်က အခန်းပြတင်းပေါက်တွေ လိုက်ကာတွေ ဖွင့် ဖယ်ရှားလိုက်တယ်။

 နွေဦးရာသီရဲ့ ချစ်စဖွယ်ကြည်လင်တောက်ပနေပုံ ရှုခင်းကလေးကို မြင်တွေ့လိုက်ရပြီး  သစ်လွင်တဲ့ နေခြည်နုထွေးထွေးက ကျွန်တော်တို့ နှစ်ဦးစလုံးကို တိတ်တခိုးနှုတ်ဆက်နေတယ်။ သူမကတော့ ဘာမှ တုံ့ပြန်မှုမပြုဘဲ ငြိမ်သက်လို့ နေတယ်။

ဂျင်းန် ထွက်ခွာဖို့ အားယူနေပြီလား။ ဒါမှမဟုတ် ပြီးခဲ့တဲ့ အတိတ်က လွမ်းဆွေးတသဖွယ်ရာတွေ အတွေးပေါင်းစုံ ယှက်ဖြာပြီး ပြန်လည်သုံးသပ်နေရော့သလား။
‘ကိုယ် မနက်စာ ယူပေးရမလား .ဟင်"
“သိပ်ကောင်းတာဘဲကွယ် ..လက္ဘက်ရည်တခွက်နဲ့ ပေါင်မုံ့ မီးကင်လေးများ..ရနိုင်ရင် ..”
သူမအတွက် မနက်စာကို ပြင်ဆင်ရင်း ကျွန်တော့ ခေါင်းထဲမှာလဲ အတွေးပေါင်းစုံနဲ့..။ကျွန်တော် ဘာလုပ်ရမလဲ ။တကယ်လို့  ဂျင်းန်က “ကျွန်မရဲ့နောက်ဆုံးအချိန် ရောက်ပီလား" လို့  မေးခဲ့ရင် ကျွန်တော် ဘယ်လို အင်အားနဲ့ ဖြေရမှာပါလိမ့်။ဒီကိစ္စမှာ သမားတော်ရဲ့ ဆေးက  ယုံကြည်စိတ်ချရပါရဲ့လား။ ကျွန်တ်ာကရော သူမကို လက်လွတ်အဆုံးရှုံးခံနိုင်ဖို့ သေချာရဲ့လား..။
ဒါပေမဲ့ …ကျွန်တော်ကိုယ်တိုင် သူမဘ၀ကို နှုတ်ယူဖို့ သဘောတူခဲ့ပြီဘဲ။ ကတိပေးခဲ့ရပြီဘဲ။

နောက်ဆုံးအချိန် …..ဟုတ်ကဲ့။
တဖြည်းဖြည်း နီးကပ်လာနေပြီဆိုတာ ကျွန်တော် မေ့မရဘူး။ ဒီလို ကြံစည်ရတာဟာ ဂျင်းန် ကိုယ်တိုင်က လိုလိုလားလားတောင်းဆိုနေတာရယ် ..မျှော်လင့်ချက် ကင်းမဲ့တဲ့ဘ၀မျိုးမှာ ဝေဒနာ ဆိုးဆိုးဝါးဝါးကြီးကို ထွေးပွေ့ပြီးမနေလိုတော့တာရယ် ကြောင့်ပါ ..။ သူမက ဆေးရုံစရိတ်စကတွေလဲ မနည်းတော့ဘူး။အကျိုးမဲ့ ကုန်ဆုံးနေပြီတဲ့။မျှော်လင့်ချက်မရှိဘဲနဲ့ ငွေကြေးထပ်မံ မကုန်စေချင်တော့ဘူး။ တဲ့။ ဆေးရုံမှာလဲ တနေ့တနေ့ အကြောင်းမထူးတဲ့ ရေဒီယို ဓါတ်ရောင်ခြည် ကုထုံးတွေ နဲ့ အကြိမ်ကြိမ်ထိတွေ့ ခံစားမနေချင်တော့ဘူး တဲ့။သေရမဲ့အတူတူမိမိအိမ်ကလေးထဲမှာဘဲ တိတ်တိတ်ဆိတ်ဆိတ် အေးအေးဆေးဆေး ညင်ညင်သာသာ အဆုံးသတ်နိုင်ဖို့ခုလို ကြံစည်တိုက်တွန်းရတာပါတဲ့။ ဂျင်းန်က.။ ပြီးတော့မိသားစုဆရာဝန်ကိုယ်တိုင်က  အကြောင်းမဲ့ လူနာပင်ပန်းအောင် ဓါတုဗေဒဆေးဝါးတွေနဲ့အချိန်ဆွဲမထားသင့်ဘူး လို့ မိမိယူဆငြောာင်း ပြောပြတယ်။

ဟုတ်ပါပီ။ ကျွန်တော်ကြားနေရတာတွေက မျိုးစုံပါဘဲ။ မျှော်လင့်ချက်မရှိပါဘဲ ဆေးတန်ခိုးပြလို့ အသက်ရှည်နေရတာဟာ လူနာ ပင်ပန်းတာသာ အဖတ်တင်ပါတယ် တဲ့။
ဂျင်းန်ပြောခဲ့တာတွေပါ။

“ဒဲရက်ခ် မောင်ရယ်.ကျွန်မသေရင် အိမ်လေးမှာ ကျွန်မနဲ့ မောင် နှစ်ယောက် ထဲ  ရှိချင်ပါတယ်။ သေတော့သေမယ် ဘယ်အချိန်သေမလဲမသိ။ ဒီလိုချည်းဆေးရုံမှာ တယောက်ထဲ မထားခဲ့ပါနဲ့နော်။
ကျွန်မရဲ့ နောက်ဆုံးအချိန်ဟာ မောင့်အနားမှာ ..မောင့်ရင်ခွင်ထဲမှာ ကျွန်မတို့ရဲ့  အိမ်ကလေးထဲမှာ..။ တဲ့။
ဂျင်းန် ရယ်..။
ကျွန်တော် စဥင်္းစားမိတိုင်းရင်နာတယ်။ ကျွန်တော့ရင်တွေ ပူလောင်လာတယ်။ ကျွန်တော် မနေနိုင်တော့ဘူး။ ကျွန်တော် တကိုယ်လုံး ရေစိမ်ချိုးပလိုက်တယ်။ ဂျင်းန်ကွယ်ရာမှာ မျက်ရည်ကျတယ်။ ပြီးမှ ပုံမှန်ပြန်ရောက်အောင်ကျွန်တော်ကြိုးစားရင်း ဂျင်းန်အတွက် မနက်စာကို သူမအိပ်ယာမှာချပေးလိုက်တယ်။ ဂျင်းန် ဖတ်နေကျ ဂါးဒီယဲန် သတင်းစာကိုလဲ သူမအိပ်ယာနဘေး ချပေးလိုက်တယ်။ဂျင်းန်ကလဲ ဘာမှ မသိသလို လက္ဘက်ရည်ကို တကျိုက်ချင်း စုပ်ယူနေတယ်။ ပေါင်မုံ့ မီးကင်ကိုလဲ သိပ်လိုလားဟန်မပြဘဲ တို့တိ တို့တိလုပ်စားနေတယ်။ ပြတင်းပေါက်ကနေ လှမ်းမြင်နေရတဲ့ နှင်းဆီဲခြုံတွေကို စိတ်မပါသလိုငေးကြည့်နေတယ်။

ကျွန်တော်တို့  နှစ်ယောက်စလုံး အတွေးကမ္ဘာထဲမှာ နစ်မြုပ်နေကြတာပါ။
သူမနဲ့အတူ ရွှေရောင်ပန်းခြုံနွယ်ရှိရာ ခြံစည်းရိုးဆီ ငေးနေမိတယ်။

ကျွန်တော်ကိုယ်တိုင်ကတော့  သူမ မျက်နှာကလေးကို မမြင်ရက်တော့ဘူး….
“ဒဲရက်ခ် မောင်…”

“ဘာလဲ ..ဒါလင် ..ပြောပါကွယ် ..”

“ဒီနေ့ ဘဲနော်"

မိုးကြိုးပြစ်ချလိုက်သလိုကျွန်တောာ့ တကိုယ်လုံး..တုန်လှုပ်သွားတယ်။ သဲကန္တာရ ရောက်နေသလို အာခေါင်တွေ ခြောက်သွေ့ပြီး အားကုန်သွားတယ်။ မျက်ရည်တွေက တားမရတော့ဘူး။ ကျွန်တော့ဘ၀မှာ အကြမ်းတမ်းဆုံး အဆိုးဝါးဆုံး အမုန်းဆုံး အချိန်ပါဘဲ။ ရှောင်လွှဲမရ ကျွန်တော်ဖြေရတော့မယ်။

“ဟုတ်ပါတယ်  အချစ်ရယ် ဒီနေ့ ဘဲ"
ကျွန်တော်တို့ နှစ်ဦးစလုံး ငြိမ်ကျသွားတယ်။

“ငါတို့  ဒါမှန်ကန်တဲ့ လုပ်ရပ် ဟုတ်ကဲ့လား။” ကျွန်တောတို့်ပြန်လည် ပြုပြင်ကြမလား..။နောက်ဆုံးအချိန် တကယ် ဖြစ်သင့်သလား..။

“အော်  ..ဒီနေ့ဘဲပေါ့၊ ဘယ်လောက် အချိန်စောင့်ရအုံးမလဲ..ဟင်.”
“မောင် စိတ်မပြောင်းပါဘူးနော်..။ ကျွန်မလဲ နည်းနည်းမှ စိတ်မပြောင်းနိုင်ဘူး”။ 

လန်ဒန်ရှိ သမားတော်ကြီးကိုယ်တိုင် သူမဇီဝိန်ကို အေးဆေးငြိမ်သက်စွာ ချွေယူမဲ့ ဆေးရည် အတိအကျ ပေါင်းစပ် ဖြည့်ဆီးပေးထားခဲ့ပြီလေ..။
အဲဒါကို မကြာခင်အချိန်ကလေးမှာ ဂျင်းန်ကို ကျွန်တော်တိုက်ရမယ်.။
ငါလုပ်တာ မှန်ရဲ့လား။ အခါခါမေးခွန်းထုတ်ရင်းနဲ့ဘဲ အချိန်က တဖြည်းဖြည်း နီးကပ်လာပြီ။ ဂျင်းန်ရဲ့ ဘ၀ဟာ ကျွန်တော့အဆုံးအဖြတ်အပေါ်မှာ မူတည်နေသလား။ကျွန်တော် စိတ်တွေ တုန်လှုပ်နေတယ်။ လူကပါ ကဏွာ မျငိမ္ဘူး။ အလွှဲလွှဲအချော်ချော်တွေများဖြစ်နေမလား။ မရေရာ မသေချာတဲ့ သံသယ အတွေးအမျှင်တွေ ကျွန်တော့ တကိုယ်လုံး ရစ်ပတ် မွန်းကြပ်နေပြီ။တစုံတခု လွှဲချော်သွားတာနဲ့ကျွန်တော့ တသက် သွားပြီ။နောင်တတရားတွေနဲ့ စခန်းသွားနေရမှာ။တခါ ကျွန်တော့စိတ်ဝိဥာဉ်တွေစုစည်းနိုးထလာပြီးဒါဟာ အချိန်ကိုက်ဆိုတာ နှစ်ဦးလုံး အသိဥာဏ်ဝင်လာတယ်။
ကျွန်တော်ကိုယ် ကျွန်တော် ချီတုံ ချတုံဖြစ်နေဆဲး… ဂျင်းန်က ပြောတယ်။

“၁နာရီ တိတိနော် ။ ၁နာရီ ထိုးတာနဲ့ တခါတည်း ထွက်သွားချင်တယ်။ ကျွန်မကို ဆေးနည်းနည်းပိုချင်လဲပိုပါစေ တော်ကြာ ဆန့်ငင် ဆန့်ငင် ဖြစ်နေမှ ဒုက္ခ..။ မောင် သေချာပါတယ်နော်..။”

“ သေချာပါတယ် အချစ်ရယ်.”

."ဒါဖြင့် ..မောင် ခြံထဲဆင်းတော့..။ ကျွန်မရဲ့နောက်ဆုံးအချိန်မှာ မောင်နဲ့ နှစ်ယောက်ထဲ စကားတွေ တ၀ကြီး ပြောချင်ပါရဲ့. မောင့်ရင်ခွင်ထဲမှာ နေချင်သေးပါရဲ့။ ဒါပေမဲ့ ဒီလို ပုံစံကြီးနဲ့ မောင် ကျွန်မကို မမြင်စေချင်ပါဘူး။ ဒါ့ကြောင့် မောင် ခြံထဲ ပဲ ဆင်းနေတော့"တဲ့။ သူမက။
ကျွန်တော် ဘာမှ မတတ်သာတော့ဘူး။ဂျင်းန်ကို ရင်ခွင်မှာ ထွေးပွေ့ထားခွင့် မရတော့ဘူး။
ဂျင်းန်ဟာ အိနြေ္ဒမပျက် မနက်စာကို ကိုက်ဝါးနေတယ်။ သူ့ ကိုယ်ဟာ တချက် တချက် ဝေဒနာကြောင့် ကော့ကော့ ထိုးလာတယ်။ ကျွန်တော်ပြေးသွားမယ်လုပ်ရော သူမက လက်ခါပြတယ် ။ ကျွန်တော် မျက်နှာလွှဲနေရတော့တယ်။

အမှန်တော့  ဒါဟာ ဂျင်းန်က  သူမရဲ့ကြေကွဲဖွယ်ရာနောက်ဆုံး သတ်မှတ်ထားတဲ့  အချိန်ကို  မသိလိုက်မသိဘာသာ ဖြတ်သန်းကုန်ဆုံးချင်တာလို့  ကျွန်တော် နားလည်ရပါတယ်။

ကျွန်တော့်မှာတော့ မိုးကောင်းကင်ကြီးတခုလုံးခေါင်းပေါ် ပြိုဆင်းအိကျလာသလို လေးလံလှတဲ့ ၀န်ထုပ်ဝန်ပိုးကြီးတခု ပခုံးမှာ ထမ်းထားရသလို .ကျွန်တော်ခန္ဓာကြီးက လေးလံ ထိုင်းမှိုင်းလို့။
သူမသတ္တိကိုတော့ ချီးကျူးလို့ မဆုံးတော့ဘူး။ ရွေးချယ်ပြီးသားလမ်းကို လျှောက်လှမ်းဖို့  နောက်မတွန့်ဘူး။နောက်ကြောင်းပြန်မလှည့်ဘူး။ ကျွန်တော့်မှာသာ..။
အင်းလေ သူမခမြာ ဝေဒနာကို သည်ပိုးထားရတော့..။
သူမပြောသလို ကျွန်တော် ခြံထဲ မဆင်းပါဘူး။ ဂျင်းန်ကို ဘယ်လို လုပ် ပြစ်ထားခဲ့နိုင်မလဲ..။

“ဂျင်းန်ရေ..သောက်ရေတခွက် ယူမလားကွယ်.”
လို့ ကျွန်တော်မေးတော့ သူမက သိမ်သိမ်မွေ့မွေ့လက်ခံတယ်။

သူမဟာ ကျွန်တော်ပေးတဲ့ ရေနဲ့  သန့်စင်ပြီး ခေါင်းဖြီးပြန်တယ်။
နှုတ်ခမ်းကိုလဲ နီနီဆိုးလိုက်တယ်။ ကျွန်တော် သန့်ရှင်းလှပတဲ့..ပြစ်ရက်စရာမရှိတဲ့ ဂျင်းန်ကို ဘယ်လိုပြစ်ထား  ခွဲခွာရမလဲ။ ဂျင်းန်ကို ကျွန်တော် နှမြာတသ ယူကြုံးမရ ဖြစ်နေပြန်ပြီ။ ကျွန်တော်တို့  နောက်ပြန်လှည့်လို့ ရမလား။

ဂျင်းန်ကို အိပ်ယာထဲ ညင်ညင်သာသာလေး လှဲပေးလိုက်တယ်။ ဘယ်လိုဘဲ ကျွန်တော်ညင်ညင်သာသာ ကိုင်တွယ်ပေမဲ့လဲ ဝေဒနာက ထိုးနှက် တိုက်ခိုက်တာ ခံနေရကြောင်း သူမမျက်နှာမှာ မကွယ်မ၀ှက်  ပေါ်နေတယ်။ ဒီလိုမျိုး နာကျင်မှု ဝေဒနာတွေကို သူမ ကို အဆုံးသတ်ပေးချင်ပါပြီ။ ဒါပေမဲ့လည်း
ဒီအချိန်မှာဘဲ ကျွန်တော်က မင်္ဂလာဦး လက်ထပ်ပွဲ နေ့ကလေးကို အမှတ်ရနေတယ်။ ကျွန်တော် ယောက်ျားတန်မဲ့ မျက်ရည်တွေ စီးကျလာတယ်။

 “မငိုပါနဲ့ ဒဲရစ်ခ် မောင်ရယ် ..”ဂျင်းန်က ကျွန်တော့်ကို ပြန်လည် နှစ်သိမ့်နေတယ်။ ကျွန်မ မရှိတော့တဲ့နောက်မှာ မောင့်ဘ၀ကို မောင်ေ၇စုန်တော့ မျောမပြစ်ရဘူးနော်..။ အိမ်ရှင်မကောင်းတစ်ယောက် ရှာပြီးဘ၀သစ်ထူထောင်ပါမယ်လို့ ကျွန်မကိုခု ကတိပေးရမယ်။ နော် မောင်.။
ဂျင်းက ကျွန်တော့ကို တိုးလျိုးးတောင်းပန်နေသေးရဲ့။ နောက်တော့ ကျွန်တော်တို့ရဲ့ကလေးတွေ..။ အက်ဂါနဲ့ ကလိဗ် ပြီးတော့ သူမမွေးစားခဲ့တဲ့  သားငယ်လေး စတီဗင် ။
ပင်လယ်ကမ်းခြေမှာ မိသားစု ပျော်ခဲ့ကြတာတွေ ၊ သူမဘ၀ကို သားကလေးတွေဆီမှာ ခင်ပွန်းသည်ဆီမှာ ပုံအော မြုပ်နှံ ထားတာတွေ ..

“ဂျင်းန်ရေ..ကိုယ် မင့်အပေါ် ကျူးလွန်ခဲ့မိတာများရှိရင် .. ခွင့်လွှတ်ပါ.။”

“ဟင့်အင်း မောင်ရယ် မရှိပါဘူး။ ကျွန်မတို့ အတူနေလာတဲ့ ၂၂နှစ်ကာလအတွင်း မောင် ကျွန်မအပေါ် ဘာမှ ကျူးလွန်ခဲ့တာ မရှိပါဘူး။ ဘာမှ မဖြစ်ခဲ့ပါဘဲနဲ့ကွယ် ဒီလို မပြောပါနဲ့။ ကျွန်မလေ ဒီအိမ်ကလေးထဲမှာ ရောက်နေတာကို တကယ် စိတ်ချမ်းသာတယ်။ ရဲစွမ်းသတ္တတွေလဲ ရှိလာတယ်။  ကျွန်မ မရှိရင်  မန်ချက်စတာက ကျွန်မမိဘတွေဆီ မောင်သွားပြီး ကျွန်မဘယ်လို သက်သက် သာသာ ချုပ်ငြိမ်းသွားတယ် ဆိုတာ ခလေးတွေရော သူတို့ရော စိတ်ချမ်းသာအောင် ပြောပေးပါနော်။
ကျွန်မ မရှိတဲ့နောက် လန်ဒန်ပန်းဥယာဉ်ထဲမှာ ငြိမ်းချမ်းရေး နှင်းဆီပင် တပင် စိုက်ပေးပါအုံး။"

“ကျွန်မ ချစ်တဲ့သူအနားကနေ ဘုရားသခင့်ဆီ ဘာခံစားချက်မှ မရှိဘဲ ငြိမ်းငြိမ်းချမ်းချမ်းထွက်သွားခွင့်ရတာ မောင့်ကို တကယ်ကျေးဇူး တင်တယ် ..။”

“အော်  နာရီကို ကြည့်ပါအုံးမောင်ရေ..ဘယ်နှစ်နာရီပါလိမ့် ။”

ဘုရားသခင် တနာရီ ထိုးတော့မှာပါလား။
ကျွန်တော့် ရင်ဝကိုဒိန်းကနဲဆောင့်ထိုးလိုက်သလိုဘဲ..။ကျွန်တော် အခန်းထဲကထွက်လို့  ဟမ်းမလော့ခ် ဆေးရည်တွေ ကော်ဗီနဲ့ သမအောင်မွှေလိုက်တယ်။

ကျွန်တော်က အိပ်ယာနဘေးစားပွဲ မှာ ကော်ဗီခွက်လင်ပန်းကို ချလိုက်တော့

“ဒါတွေလား မောင်"
ကျွန်တော်ဖြေဖို့ မလိုတော့ပါဘူး။ ဂျင်းန် သိပြီးပါ။ ကျွန်တော် မမြင်ရက်ပါလား။ သူမကို ရင်ခွင်မှာ ထွေးပွေ့ ပြီး အကြိမ်ကြိမ်ရှိုက်နမ်းလိုက်တယ်။

“ဂွတ်ဘိုင် အချစ်ရယ်"
“ဂွတ်ဘိုင် မောင်ရယ်..”

ကျွန်တော်တို့ ပြိုင်တူဘဲ နှုတ်ဆက်လိုက်ကြတယ်။ ဂျင်းန်ဟာ တည်တည်ငြိမ်ငြိမ်ဘဲ အဆိပ်ခွက်ကို လှမ်းယူလိုက်တယ်။ ပြီး အငမ်းမရ မော့ပြစ်လိုက်တယ်။
တွေဝေခြင်းမရှိဘူး။ တုန်လှုပ်ခြင်းမရှိဘူး။ ကျွန်တော့်ကိုလဲ သူမကြည့်တော့ဘူး။ မျက်လုံးတွေ မှိတ်ပြစ်လိုက်ပြီ။ ၂မိနစ်အတွင်းမှာဘဲ သူမရဲ့ အသက်ရှူသံ နှေးကွေး လာတယ်။
သူမအိပ်ပျော် သွားခဲ့ပြီ တကယ့်ကိုဘဲ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော် သွားခဲ့တာပါ။

ကျွန်တော် ခြံထဲကိုလဲ ဆင်းမသွားပါဘူး။ ဂျင်းန်အနားမှာဘဲ..
တစုံတရာဖြစ်မလားကျွန်တော် ရင် တထိတ်ထိတ်စောင့်ကြည့်နေပေမဲ့လဲ  ဂျင်းန် ဘာမှ မဖြစ်ပါ။
၁၉၇၅ခုနှစ် မတ်လ ၂၉ရက် ၁နာရီ ၅၀မိနစ်သူမ အဝေးသို့  အပြီးအပိုင် ထွက်ခွာသွားခဲ့ပါပြီ။

Florist
(၂၀၀၆ စက်တင်ဘာလထုတ် ဇီဝက ဆေးပညာမဂ္ဂဇင်းပါ ဆောင်းပါးကို ပြန်လည်  ကောက်နှုတ်ဖေါ်ပြပါသည်။)

Monday, October 8, 2012

ချီလီသမ္မတ ပီညဲရာ

အမည်ရင်း - Miguel Juan Sebastian Pinera Echenique
မွေးနေ့ - ၁၉၄၉ ဒီဇင်ဘာလ (၁)ရက်
မွေးရာဇာတိ - ဆန်တီရာဂို ချီလီနိုင်ငံ
အသက် - ၆၃နှစ်    
ပါတီ - အင်ဒီပဲဒင့် ပါတီ
ဘာသာ - ရိုမင်ကက်သလစ်
ပညာအရည်အချင်း - ဟားဗတ်တက္ကသိုလ်ဘွဲ့ (စီးပွားရေးပါရဂူဘွဲ့ )
၂၀၁၀ ဇန်န၀ါရီတွင် သမ္မတအဖြစ် ရွေးကောက်ခံရပြီး မတ်လ(၁၁)ရက်နေ့ မှစ၍ ယခုအထိ တာဝန်ထမ်းဆောင်ဆဲ ။

ယခင်ဘ၀ - စီးပွားရေးလုပ်ငန်းရှင် ။
နိုင်ငံရေးသမား၊ ချီလီ စီးပွားရေးတက္ကသိုလ် ပါမောက္ခ။
သူ့ ကို မွေးဖွားပြီး တနှစ် အကြာမှာ မိသားစုလိုက် ဘယ်ဂျီယန် ကို ပြောင်းရွှေ့ ကြရသည်။ ထို့ နောက် သူ့ဘခင်က ကုလသမဂ္ဂ သံတမန်အရာရှိဖြစ်လာသောကြောင့် နယူးရော့ခ် ကို ထပ်မံပြောင်းရွှေ့လာခဲ့ကြရသည်။ ၁၉၅၅ခုနှစ်မှာ ချီလီနိုင်ငံပြန်ရောက်လာခဲ့အပြီး ၁၉၆၇ခုနှစ်မှာ ချီလီတက္ကသိုလ်မှဘွဲ့ ရရှိခဲ့သည်။ ဟားဗတ်တက္ကသိုလ်သို့ MA ဘွဲ့ နှင့် စီးပွားရေးပါရဂူ ဒေါက်တာဘွဲ့ကှိလည်း သွားရောက် ရယူနိုင်ခဲ့သည်။ ၁၉၇၁ခုနှစ်ကနေ ၁၉၈၈ခုနှစ် အထိ ချီလီ တက္ကသိုလ် ကက်သလစ် တက္ကသိုလ်နှင့် ဘောဂဗေဒ ကျောင်းများမှာ ဘောဂဗေဒပညာရှင် အဖြစ် အတတ်ပညာများ ဖြန့်ဝေပေးခဲ့ တာဝန်ယူလာခဲ့သူဖြစ်သည်။ ၁၉၇၃ခုနှစ်မှာအိမ်နီးချင်း မော်ရေးလ်နှင့် လက်ထပ်ခဲ့ရာတွင် သားသမီးလေးယောက်ထွန်းကားခဲ့သည်။သားသမီးများအားလုံး  စိတ်ပညာရှင်။ သမိုင်းပညာရှင်။ ဆေးပညာရှင် နှင့် အင်ဂျင်နီယာပညာရှင်  စသည် အသီးသီး ပညာတတ်များဖြစ်ကြသည်။
ဇနီးသည် စီစီလီယာ မော်ရေးလ် နှင့်အတူ
၁၉၆၉ ခုနှစ်တွင် ဇနီးသည် မော်ရေးလ် ဦးစီး၍ မိတ်ဆွေ အများ စုပေါင်းကာ အမျိုးသမီးများဝင်ငွေ နိမ့်ကျခြင်းအပေါ် ကူညီပံ့ပိုးရန် ရည်ရွယ်၍ Enterprising Women Foundation ကိုထူထောင်သည်။ ၁၉၉၃တွင် Foundation Futuro (နောင်အခါ  Fundacion Cultura y Sociedad ဟုတွင်သော်)ဖေါင်ဒေးရှင်းတခုကို သမတရွေးကောက်ပွဲ အနိုင်ရပြီးနောက်  ထူထောင်သည်။ ချီလီ၏တရားမျှတရေး လွတ်လပ်ရေး ဒီမိုကရေစီ ကျင့်သုံးရေးတို့ အတွက် သော်၎င်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် သော်၎င်း ရည်ရွယ် ထူထောင်သည်။လိုအပ်သော အကူအညီကို ဖေါင်ဒေးရှင်းမစ်ရှင်အဖွဲ့ကပေးမည်ဖြစ်သည်။ ၁၉၇၁ခုနှစ်မှစ၍ ၁၉၈၈ခုနှစ်အထိ ချီလီ တက္ကသိုလ်တွင်စီးပွားရေးဘာသာရပ်ဆိုင်ရာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကူးသန်းရောင်းဝယ်ရေးကျောင်းတွင်လည်း ပါမောက္ခအဖြစ်သင်ကြားပြသပေးသည်။ ၁၉၉၀မှ၁၉၉၈အထိ ဆန်တီ ယာဂို အရှေ့ပိုင်း လွှတ်တော်အမတ်ဖြစ်ခဲ့သည်။

၂၀၁၀ဇန်န၀ါရီလတွင် သမ္မတအဖြစ် ရွေးကောက်ခံရသည်။ သူသမ္မတဖြစ်လာချိန်တွင် Chile vision အသံလွှင့်ဋ္ဌာန LAN လေကြောင်းလိုင်း၊ကိုလိုကိုလို ဘောလုံး ကလပ်အသင်း၏၁၃ရာခိုင်နှုံးစသည် ပိုင်ဆိုင်သူချမ်းသာကြွယ်ဝသော စီးပွားရေးလုပ်ငန်းရှင်တဦးလည်းဖြစ်နေသည်။ ခရက်ဒစ်ကပ် (Credit card)များကို မိတ်ဆက် စတင် သုံးစွဲစေသည်။ သူ၏ သမ္မတသက်တမ်း ပထမနှစ်တွင် ကိုယ်ပိုင်စုဆောင်းရရှိငွေမှာ အမေရိကန်ဒေါ်လာ 200,000,000 ရှိသည်ဟု ကျော်ကြားသည်။
၂၀၀၉ -၂၀၁၀ သမတရွေးကောက်ပွဲ အနိုင်ရရှိပြီးနောက် အောင်ပွဲ ဆင်နေသည့် မိသားစု
 ၁၉၉၃ခုနှစ်မှာ သူဟာ တရားမျှတရေး လွတ်လပ်ရေး နှင့် ဒီမိုကရေစီ ဖွံ့ ဖြိုးရေးတို့အတွက် ဖေါင်ဒေးရှင်းမစ်ရှင် တခု ထူထောင်ခဲ့ရာမှာ နောင်အခါ အဲဒီ ဖေါင်ဒေးရှင်းဟာ “Fundacion Culturay Sociedad “အမည်ဖြင့်  အသက်ဝင် လှုပ်ရှားခဲ့သည်။ အဲဒီနောက်မှာ သူ သမတဖြစ်လာခဲ့တာပါ။ Chiloe ကျွန်းက မြေနေရာ ဟက်တာ 118.000 ကို ကာကွယ်စောင့်ရှောက်ဖို့  ပတ်ဝန်းကျင် ညစ်ညမ်းမှု ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ဖို့  ဆိုတဲ့ ရည်ရွယ်ချက်နှင့် ထူထောင်လိုက်တဲ့ မစ်ရှင် အဖွဲ့ ဖြစ်ပါသည်။ စစ်အာဏာရှင် ပီနိုချေး အစိုးရနှင့် လူထုအကြား ချိန်ခွင်ညှာ ထိန်းညှိပေးခြင်းလည်း ပြုခဲ့သည်။

သမတ ပီညဲီရာ ဟာ သမတ မဖြစ်မှီ ကာလကတည်းက စီးပွားရေး လုပ်မြောက်များစွာရှိတဲ့ အလျှောက် ချမ်းသာကြွယ်ဝသူဖြစ်သည်။ ချီလီဗွီးရှင်း ရုပ်မြင်သံကြားလိုင်းများလည်း ပိုင်ဆိုင်ထားသည်။ Forbes မဂ္ဂဇင်းအဆိုအရ သူဟာ ခရက်ဒစ်ကဒ်ကိုလည်း ချီလီမှာ စတင် သုံးစွဲစေသည်။ ၁၉၇၀ပြည့်နှစ်မှာ LAN  လေကြောင်း လိုင်းများမှာ ၂ရရာခိုင်နှုံး ပိုင်ဆိုင်ပြီး Colo –Colo ဘောလုံးအသင်းရဲ့  ၁၃ရာခိုင်နှုံးကိုလည်း ပိုင်ဆိုင်ထားတဲ့အပြင် ရှယ်ယာများစွာပိုင်ဆိုင်ထားသူလည်းဖြစ်ပြီး နောင်အခါ အဲဒီ ရှယ်ရာတွေကို ရောင်းချပြစ်ခဲ့ပါသည်။ နိုင်ငံတော်ပိုင် စကင်ဒီနေးဗီးယဲန် လေကြောင်းလိုင်းနှင့်လည်း မကင်းရာ အကင်းကြောင်း ပတ်သက်မှု ရှိခဲ့သည်။ ၁၉၈၂ခုနှစ်မှာ ဖမ်းဝရမ်း ထုတ်ခြင်းခံရခဲ့တဲ့အတွက် သူဟာ ရှေ့ နေနှင့် လွှဲအပ်ပြီး ၂၄ရက် တိုင်တိုင် ရှောင်တိမ်းနေခဲ့သည်။နောက်ဆုံးမှာတော့ အဆင့်မြင့် စူပရီမီ ရုံးတော်က အမှုကို ပလပ်ခဲ့သည်။ ၂၀၀၇ခုနှစ်မှာ သူ့ ကို ခန့်မှန်းချေ အမေရိကန်ဒေါ်လာ 680,000 ဒါဏ်ရိုက်ခံရပေမဲ့ ပီညဲရာ ဟာ သူ ဘယ်လို အမှုမျိုးကိုမှ မကျူးလွန်ခဲ့ဘူး။ အမှား မလုပ်ခဲ့ဘူးလို့  အခိုင်အမာ ငြင်းဆိုခဲ့သည်။ မိမိကိုယ်ပိုင် ၀င်ငွေ ဆိုတာ ပြသနိုင်ခဲ့သည်။ သမ္မတအဖြစ် တာဝန်ယူစဉ် ပထမနှစ်မှာ သူပိုင်ငွေ အမေရိကန်ဒေါ်လာ 200,000,000 ရှိကြောင်း သူက ကြေငြာခဲ့တာပါ။ ၂၀၁၀မှာ သူ့ ကို လူထုက သမ္မတအဖြစ် ကျေကျေနပ်နပ် လက်ခံ ရွေးချယ်လိုက်ကြသည်။

 ၂၀၀၉ခုနှစ် ဒီဇင်ဘာလ ၁၃ရက်နေ့ မှာ ကျင်းပတဲ့ သမ္မတရွေးပွဲ မှာ သူက  ပြိုင်ဘက်  ardo-Frei –Ruiz- Tagle  , Marco-Enriquez , 0mina mi Arrate  တို့ ကို အပြတ်အသတ်အနိုင်ရခဲ့တာပါ။ သမ္မတရွေးပွဲ အတွက် ရင်းနှီးမြှုပ်နှံ လိုက်ရငွေ သူကုန်ကျခဲ့တဲ့ စရိတ်စကငွေ က အမေရိကန်ဒေါ်လာ ၁၃.၆မီလျှံဖြစ်သည်။
ပြတိုက်ရှေ့က သမ္မတနှင့် ၀န်ကြီးများ အောင်ပွဲ ခံနေစဉ်
 သူဟာချီလီရဲ့၃၅ယောက်မြောက်သမ္မတဖြစ်သည်။ ချီလီ သမ္မတနိုင်ငံ အတွက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့တဲ့ အခန်းအနားကို  အမှတ်တရ ဖြစ်သွားစေတာက ၆.၉ ပြင်းအားရှိတဲ့ ငလျှင်ဘေးနှင့် တွေ့ ဆုံကြုံကြိုက်လိုက်ရခြင်းပါဘဲ။
အီတလီ ၀န်ကြီးချုပ်ဆီလ်ဗီယို  ဘာလူစကိုနီနှင့် ချီလီသမ္မတ
 ၂၀၁၀ အောက်တိုဘာလမှာတော့ တကမ္ဘာလုံးက အသဲတထိတ်ထိတ် ရင်တမမနှင့် အသက်ရှူမှားရင်း စောင့်ကြည့်ခဲ့ရတဲ့  မိုင်းလုပ်သား ၃၃ယောက် မိုင်းတွင်းမှာ  ရက်ပေါင်း ၇၀ ပိတ်မိစေခဲ့တဲ့ ကံကြမ္မာ ဖြစ်စဉ်တွေပါပဲ။ မိုင်းတွင်းလိုဏ်ဂူကြီးထဲကနေ နောက်ဆုံးမှ ထွက်လာတဲ့ အလုပ်သမားခေါင်းဆောင် ကို ချီးကျူးရင်း  “နောင် ချီလီ ဟာ ဒီလို အဖြစ်မျိုး ဘယ်တော့မှ မဖြစ်စေရဘူး “ လို့ အားပေးစကားပြောလိုက်ပါသည်။ လေလှိုင်းကနေလည်း တကမ္ဘာလုံးကို ၀မ်းပန်းတသာ နှုတ်ခွန်းဆက်သလိုက်ပါသေးသည်။ သူဟာ ဦးစွာ အကြမ်းဖက်သမားများကို ကိုင်တွယ်ဖြေရှင်းဖို့  ဥပဒေပြင်ဆင်ခဲ့သည်။

သမ္မတဟာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် စပိန်နှိုင်ငံကို သွားရောက်ခဲ့ပြီး “မက်ဒရစ် အင်စတီကျူ့ ထ်" မှာ  ပြပွဲ တခုကို စပိန်မင်းသား မင်းသမီးတို့နှင့်အတူ ဖွင့်လှစ်ပေးခဲ့သည်။ သမ္မတသက်တမ်း တ၀က်လောက်မှာ ကျောင်းသားဆန္ဒပြပွဲ တွေနှင့် အကြီးအကျယ်ကြုံတွေ့ခဲ့ရသော်လည်း ပညာရေးဝန်ကြီးကို နှုတ်ထွက်စေခဲ့တာက လွဲလို့ တခြားတောင်းဆိုချက်များကို မလိုက်လျောခဲ့ပါဘူး။ ဒီဆောင်းပါးကို ရေးနေတဲ့ ၂၀၁၂ သြဂတ်စ် လ မှာလည်း  ကျေင်းသားများဟာ အစာငတ်ခံဆန္ဒပြနေပါတယ်။ သမ္မတဟာ ဖေါက်ကလန်ကျွန်း အငြင်းပွားမှုမှာ အာဂျင်တီးနားဘက်မှ ထောက်ခံသူဖြစ်ပါသည်။

ဗီယက်နမ်ဟာ စီးပွားရေးအချက်အချာ ကျတဲ့မြို့ဖြစ်တာကြောင့်လည်း ချစ်ကြည်ရေးသွားရောက်လည်ပတ်ပြီး ပညာရေး၊ စီးပွားရေး၊ ဘဏ္ဍာရေး၊ ယဉ်ကျေးမှု စသည် ကဏ္ဍများစွာ ပူးတွဲ ဆောင်ရွက် ကြဖို့  သဘောတူ စာချုပ် အတော်များများ ချုပ်ဆိုခဲ့ကြသည်။ 
 ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန် နှင့် ချီလီသမ္မတ အမှတ် (၁၀) ဒေါင်းနင်းလမ်းနေအိမ်ရှေ့ တွင်

 ချီလီအစိုးရ လိုဂို အမှတ်တံဆိပ် အဟောင်း
 ချီလီအစိုးရ လက်ရှိလိုဂို
Florist
Source : Wikipedia

Sunday, September 30, 2012

မီးလျှံတွေထဲက သံတမန်များနှင့်

၂၁ရာစုအမေရိကန် နိုင်ငံရပ်ခြား သံခင်းတမန်ခင်းဆက်ဆံရေးများနှင့် ပတ်သက်၍ရှင်းလင်းထားသော America’s Other Army စာအုပ်သစ်မှ ကောက်နှုတ်ဖေါ်ပြချက်။ တစ်စောင်တည်းသာ ဖေါ်ပြခွင့်ရရှိသော စာအုပ်ပါ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးချက်များ ဝေဘန်ရှင်းလင်း ပြောဆိုချက်များကို “နီကိုလပ်စ်ခရာလော့ဗ်”က ၂၀၁၂ခု စက်တင်ဘာလထုတ် Foreign Policy မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည်။

ဘဲလ်ဂရိတ်မြို့က အမေရိကန်သံရုံး  သံအမတ်ကြီး ကမ်မရွန် မမ်န်တာ မှတ်မိနေသည်။ ၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဆာဗီးယားပြည်နယ်တခုဖြစ်တဲ့ ကိုဆိုဗို ခွဲထွက်လွတ်မြောက်ခွင့်ရတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ၀ါရှင်တန်က ပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းအပေါ် ဆူပူလိုသူ လူတစုဟာ ဘောလုံးကွင်းမှာ လူသူစုရုံးပြီး “ဘဲလ်ဂိတ် “ရှိ အမေရိကန်သံရုံးမှာ ဆန္ဒပြခဲ့ကြပုံကိုပါ။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို သူက တောင်းပန်ခဲ့တယ်။လူအုပ်ကြီး သံရုံးရှေ့ ရောက်မလာမီ မှာပဲ ရဲတွေ တဖြည်းဖြည်းလျော့နည်းပျောက်ကွယ်သွားတယ်။ ရဲတွေဟာ ဘတ်စ်ကားတွေနှင့် မောင်းနှင်ထွက်ခွာသွားကြတာပါ။ လူအုပ်ကြီးလဲ ရောက်လာရော အဲဒီမှာ တယောက်မှ မရှိတော့ဘူး။ သံရုံးအစိတ်အပိုင်းတခုကတော့  မီးလောင်ခဲ့တယ်။ ဆန္ဒပြသမားတွေဟာ မူးရူးနေပုံပါ သူတို့ ထဲက တယောက်ဟာ သူ့ကိုယ်သူ မီးရှို့ခဲ့တယ်။ သံအမတ်ကြီး က ပြန်ပြောပါတယ်။ တော်တော်များများက  ခြံစည်းရိုးကို ကျော်တက်ကြတယ်တဲ့။  အမေရိကန် မရိန်းတပ်သားတွေလည်း ခြံဝိုင်းကို စောင့်ရှောက်ကြရတဲ့အခါ သူတို့  တရားမျှတအောင် ဘာတွေလုပ်ရမယ် သို့ မဟုတ် ဘယ်လို ကာကွယ် ရမယ်ဆိုတာ သိရှိနားလည်ကြတဲ့အတွက် ကျွန်တော် အားရ ကျေနပ်မိတယ် တဲ့။ သံအမတ်ကြီးဟာ ၁၉၈၅ခုနှစ်ကတည်းက ပါကစ္စတန်မှာ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့  များမကြာမီက ၂၀၁၂ခုအစောပိုင်း အဇ္ဇလာမာဘတ်မြို့ မှာ အင်တာဗျူး လုပ်ခဲ့စဉ်က ပြောပြခဲ့တယ်။
သံရုံးအရာရှိတွေဟာ လူစုပြီးတိုက်ခိုက်လာလိမ့်မယ်ဆိုတာသိရှိတဲ့အတွက် ကြိုတင် ပြင်ဆင်မှု ပြုလုပ်ထားတာမို့ အမေရိကန်သံရုံးဝန်ထမ်းတွေ တယောက်မှ ထိခိုက်ဒါဏ်ရာ မရှိခဲ့ဘူး။အဆောက်အဦးအတွင်းမှာရှိတဲ့ သံရုံးအဖွဲ့ဝင် တဦးနှင့် သံအမတ်ကြီးအပါအ၀င် တို့သာ လုပ်ကြံခံရချိန်မှာ ရှိနေကြတယ်။ ချက်ခြင်းပဲ ဆန္ဒပြသမားများဟာ သံရုံးခြံဝန်အတွင်း ထိုးဖေါက် ၀င်ရောက်နိုင်ဖို့ ကြိုးစားးလာကြတယ်။သန်းနှင့်ချီပြီး တန်ဘိုးရှိတဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေ ပစ္စည်းကရိယာတွေ..ချုပ်ငြိမ်းရပ်တန့်သွားပြီ။

နောက်နေ့မှာ သံရုံး မိသားစုများနှင့် သံရုံးအနီးက ရပ်ကွက်သုံးခုတွင်  အခြေချနေထိုင်သူများ ကို လုံခြုံစိတ်ချရတဲ့ “ဘဲလ်ဂရိတ်”ပြင်ပ  တနေရာသို့ ပြောင်းရွှေ့ ပေးခဲ့တယ်။ “စိတ်ဆိုးနေတဲ့သူတွေကို တုံ့  ပြန်ဖို့   ဒီနည်းဟာ အသင့်တော်ဆုံးပါပဲ” တဲ့။သံအမတ်ကြီးက “ကိုဆိုဗို” ကို လွမ်းလွမ်းဆွေးဆွေး  သတိတရပြောသည်။ “ခရိုအေးရှားမြို့  တော် “”ဇာခရက်” က အမေရိကန်စာသင်ကျောင်းမှာ ကျွန်တော်တို့  ခလေးတွေ စာသင်ကြရတယ်။ အဲဒီက သံရုံးနှင့် ဟိုတယ် ခန်းတွေမှာ စီစဉ်ပေးထားပါတယ်” တဲ့။ ဘာပဲဖြစ်ဖြစ် သံရုံးအရာရှိအများစု ဒီမျှ ကံမကောင်းကြပါ။ အသေအချာကို အတိုက် အခိုက် ခံခဲ့ကြရတာပါ။ အမေရိကန် “ဘင်ဂါဇီ” ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရစဉ်သံအမတ်ကြီး “ခရစ်စ်တိုဖါ စတီဗင်ဆင် “ကတော့ မီးလောင်ကျွမ်းနေတဲ့ အဆောက်အဦးအတွင်းမှာ ပိတ်မိနေခဲ့တယ်။ သူဟာ မီးခိုးမှုံတွေ မွန်ထူပြီးသေဆုံးသွားခဲ့တယ်။ အခြားသံရုံး အရာရှိ သုံးဦး လုပ်ကြံ သတ်ဖြတ်ခံကြရတယ်။ ၀ါရှင်တန်နှင့် အီဂျစ်အစိုးရတို့ အကြား တင်းမာမှုတွေ အရှိန်မြှင့်တက်နေဆဲကာလ မှာ ပေမဲ့ ကိုင်ရိုက သံရုံးမှာတော့ သိသိသာသာကြီးဖေါက်ထွက်နိုင်ခဲ့ လို့ တဦးတလေမှ  အသေအပျောက် မရှိခဲ့ဘူး။

၂၀၀၈ခုနှစ်ထဲမှာ  သံအမတ်ကြီး “ကင်မရွန် မမ်န်တာ”ဟာ “ဘဲလ်ဂရတ်”က သံရုံးတွင် ရှိနေစဉ်သံရုံးကို  စွန့် ခွာ ထွက်သွားခဲ့ခြင်းမပြုဘူး။ သူက ဒီတိုက်ခိုက်မှုအပေါ် တာဝန်ရှိတယ်လို့  ခံစားရပြီး တန်ပြန်အနေနှင့် ဆာဗီးယဲ န်ဝန်ကြီးချုပ် “ဗိုဂျီဇလပ်ကို့ စ်တူနီကာ”ကို နောင် ငါးလအကြာမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ မှာပြုတ်ကျသွားဖို့ လိုလားနေတယ်။ “မမ်န်တာ” က သူ့ ကို ပြုတ်ကျသွားစေရမယ်လို့ လည်း ဆုံးဖြတ်ထားတယ်။ ယခင် ဆာဘီးယားသမ္မတ “ဆလိုဘိုဒင် မီလိုဆီဗစ်” ဦးဆောင်ခဲ့တဲ့ ဆာဘီးယားဆိုရှယ်လစ်ပါတီ ကို  ထောက်ခံအားပေးပြီး  ဥရောပနှင့်ဆက်သွယ်ရင်းနှီး နိုင်ဖို့ မျှော်လင့်ထားတာပါ။ တစ်ခါက “ မီလိုဆီဗစ်” နှင့် ထိပ်ဆုံးနေရာအတွက် စိန်ခေါ်အားပြိုင်ခဲ့ဖူးတဲ့ ခေါင်းဆောင်သစ် “အိုင်ဗီကာ ဒါဆစ်ခ်“”ကိ ကျွန်တော်တို့ သိမ်းသွင်းထားပါတယ်။ သူ့ကို ထွက်မသွားစေချင်ပါဘူး တဲ့။ သံအမတ်ကြီးက ဆိုသည်။ သူ့ ကို နိုင်ငံတကာ ရှေ့မှောက်မှာ တရားဝင် ဖြစ်စေချင်ပါတယ်  တဲ့။ ကျွန်တော်တို့ အနေနှင့်  စပိန် မှာဆိုရင် ၀န်ကြီးချုပ် “ဂျို့ စ် လူးဝစ် စ် ရိုဒရီဂူးအက်ဇ် ဇာပါတီရို” ဂရိမှာဆိုရင် “ဂျော့ဂ်ျ ပါပင်ထရီယူ” တို့ကို အနာဂတ် အဖြစ် မှန်းဆရည်စူးထားတာပါ လို့ သူကပြောပါတယ်။ မှန်းဆရည်စူးထားသည့်အတိုင်း လည်း သံအမတ်ကြီးရဲ့  လက်စားချေတုံ့ ပြန်မှုဟာ အောင်မြင်ပါတယ်။ ရွေးကောက်ပွဲ မှာ “ကို့ စ်တူနီကာ” ရှုံးသွားခဲ့ပါတယ်။

“စတီဗင်ဆင်” နှင့် အခြားသံဝန်ထမ်းများလိုဘဲ “မမ်န်တာ” ဟာ “အီရတ်” “ပါကစ္စတန်” နှင့် “ဆားဘီးယား”တို့မှာ သံရုံးဝန်ထမ်းအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်။ ၂၇နှစ် ကြာလာတဲ့အခါ နိုင်ငံခြားသံတမန်ဝန်ထမ်းဘ၀မှ အနားယူဖို့ ပြင်ဆင်ပါတယ်။ ဒီမျှ ရှည်ကြာစွာ တာဝန်ယူလာခဲ့ပြီးနောက်ပိုင်း သူက “အမေရိကန် တွေရဲ့  နိုင်ငံခြားရေး မူဝါဒတွေမှာ ခေတ်မမှီတော့ဘူး။ ဆီလျော်မှု မရှိတော့ဘူး တောက်ပြောင်လင်းလက်မှု မရှိ မှေးမှိန်              အားလျော့လာပြီ “ဆိုတာ သုံးသပ် လက်ခံလာရတယ်။ သံတမန်တွေ ဖြတ်သန်းလာရတဲ့ ခရီးတလျှောက်မှာ ဘုရင် နှင့် မိဖုရားလွှမ်းမိုး  ကြီးစိုးတဲ့ခေတ်။ သမ္မတ နှင့် ၀န်ကြီးချုပ်များလွှမ်းမိုး ကြီးစိုးတဲ့ခေတ် စသည် အချိန်တော်တော်များများဖြုံးတီးပြစ်ခဲ့ကြရပီဖြစ်တယ်။  နိုင်ငံရပ်ခြား မြို့တော်ကြီးများ  က လူတွေ တခဲနက် တောင်းဆိုနေကြတာက တော့ မိမိတို့ရဲ့ ဘ၀လုံခြုံမှု ကို ခြိမ်းခြောက်နေတဲ့ အန္တရယ်တွေ ကင်းဝေးစေဖို့ ပါဘဲ။ဒါက သံတမန်တွေအပေါ်မှာလည်း မူတည်နေတာပါ။

ကျွန်တော့်ရဲ့ “America’s Other Army” စာအုပ်အသစ်ထဲမှာ ရှာကြည့်ရင် အကြောင်းရင်းကို  တွေ့မှာပါ။ကန် ကျွန်တော်ဟာ သံရုံးနှင့် ကောင်စစ်ဝင်ရုံး  ၅၀ ကျော်က နိုင်ငံရပ်ခြားတာဝန်ယူနေရသူ သံအရာရှိ (၆၀၀) ကျော်နှင့် တွေ့ ဆုံ မေးမြန်း ဆွေးနွေးခဲ့ပြီးပါပြီ။ သူတို့ဟာ တစုံတရာ ဘာကိုမှ မှတ်မှတ်ထင်ထင် မပြောနိုင်ခဲ့ကြပါဘူး။ ကျိန်းသေ ပြောနိုင်တာက သူတို့ဟာ လူသာမန်တွေလိုပါဘဲ။ အိမ်နှင့် ဝေးကွာစွာ တာဝန်ထမ်းဆောင်နေရသူများဖြစ်လို့ အရာရာကို အရှုံးပေးလက်မြှောက်ပြီး အချိန်တန်ရင် တနေရာက တနေရာ ပြောင်းရွှေ့ နေကြရတာထက် ဒီ့ထက်ပိုလို့  သူတို့  ဘာကို တတ်နိုင်ကြဦးမလဲ။

အမေရိကန် သံတမန်များရဲ့ ဘ၀ဟာ နေ့စဉ်နှင့်အမျှ ဘေးဥပါဒ်အန္တရယ်နှင့် ရင်ဆိုင်နေကြရတာပါ.ကျွန်တော် သုတေသနပြု သွားလာခဲ့တဲ့ ခရီးတလျှောက်မှာ နေ့စဉ်နှင့်အမျှ  ကြုံတွေ့နေရတာတွေက မော်တော်ကား အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ ပြန်ပေးဆွဲမှု၊ ချောင်းမြောင်းပြစ်ခတ်မှု၊ ဓါးပြမှု တွေ နှင့် ပြွမ်းတီးလို့ နေတယ်။ ဒီဆိုးကျိုးတွေရဲ့  အဓိက ပြစ်မှတ်က သံတမန် အရာရှိတွေ ပါဘဲ။ သူတို့  အသတ်ခံနေကြံရတယ်။

၂၀၀၈ခုနှစ် နှစ်သစ်အကူး နေ့ကြီးမှာ USAID လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန် အေဂျင်စီ မှ အသက် ၃၃နှစ်သာရှိသေးတဲ့ ဂျွန် ဂရန်ဗေးလ် ဆိုသူ အမေရိကန်အရာရှိကလေးတဦးဟာ ဆူဒန်သံရုံးကအပြန် သေနတ်ပစ်ခံလိုက်ရတယ်။

 ၂၀၀၂ခုနှစ်က USAID ကဘဲ အသက် ၆၀ အရွယ် “လောရင့် ဖေါလေး” ဆိုသူ ဂျော်ဒန်က သူ့ အိမ်ကိုအပြန် ညအခါ သေနတ်ပြစ်ခံခဲ့ရတယ်။ ၁၉၆၈ခုနှစ်က ဂျွန်ဂေါ်ဒွန်မိန်း ဆိုသူ အသက်၅၄နှစ်ရှိ ဂွာတီမာလာ သံရုံး သံအမတ်ကြီး ဓါးပြတွေ လက်ချက်နှင့် အသက်ပေးခဲ့ရတယ်။ ၁၉၇၉မှာတော့  လစ်ဗျားသံရုံးသံအမတ်ကြီး စတီဗင် အသတ်ခံခဲ့ရတယ်။ အာဖဂန် မှာ အဒေါ့ဖ်ဒျူစ် အသတ်ခံရတယ်။ ဖိလစ်ပ် ဖရေနီ ကတော့ ၂၀၀၃ခုနှစ်က ကိုင်ရို မှာ တာဝန်ကျခဲ့တဲ့ နိုင်ငံရပ်ခြားသံ တမန်တဦးပါ။ သူက ပြောပါတယ်။ ၁၉၉၃ခုနှစ်မှာတုံးက ရီမင်မှာ ဌာနဆိုင်ရာမှ မိမိ ကားမောင်းလာစဉ်  လူသုံးယောက် ကားကို လုယူထွက်ပြေးခဲ့တယ် နောက် ၆လအကြာမှာတော့ အဲဒီကားကို ရီမင် သမတနန်းတော် ကားပတ်ကင်မှာ တွေ့မြင်ခဲ့ရကြောင်းသူက ပြောပြတယ်။ သံတမန်လိုင်စင်ကပ်ပြားမလဲရသေးပါဘူး တဲ့။ ကျွန်တော် သမ္မတရဲ့ လူတွေ လို့ မထင်မိဘူး တဲ့။ အဲဒီနှစ်ထဲမှာဘဲ။ ကွန်တော်ရဲ့  ဘော့စ်  ပြည်သူ့ ဆက်ဆံရေး အရာရှိ ဟေးနီ မမ်ဟန်းနီး လည်း သီတင်းတပတ် ပြန်ပေးဆွဲ ခံခဲ့ ရတယ် လို့  သူက ဖြည့်စွက် ပြောပြတယ်။ ၂၀၀၃မှာ ကွန် မက္ကဆီကို မှာ တွေ့ခဲ့ရတာက လော်ရာ ကလယ်ရာချီ ဆိုသူ အငြိမ်းစားအရာရှိ ဟာ ခလေး ၆ယောက် မိတ်ဆွေ သုံးယောက်တို့ နှင့်ဂွာတီမာလာမှာ ကားမောင်းလာစဉ်  ခြုံခို တိုက်ခိုက်ခံရတယ်။ “သူတို့လိုချင်တာ ပိုက်ဆံပါ၊ ကျွန်မတို့ ၀ါရှင်တန်ကို ပြန်လာခဲ့ကြတယ်” တဲ့။ ဒီလိုပါဘဲ၊ နိုင်ငံရပ်ခြားမှာ အမေရိကန်တွေ နည်းမျိုးစုံနှင့် အတိုက်ခိုက်ခံနေကြရတာပါ။ လျှပ်တပြက်ကျည်သင့်ပြစ်ခတ်ခြင်း။ လမ်းဘေးထောင်ဗုန်းသင့်ခြင်း ခြုံခိုတိုက်ခိုက်ခြင်း၊ ရော့ကက်နှင့်ထုခြင်းစသည် နည်းမျိုးစုံပါပဲ။

မြောက်ကိုးရီးယားက ယူရီကင်မ် ဆိုသူ ကိုဒရီးယားမကလေးကတော့ တေးဂီတကို အကြောင်းပြုပြီး နယူးရော့ခ် ကို ရောက်ရှိလာသူပါ။ သူမဟာ ပြုံယမ်းရဲ့ အနုမြူ လက်နက်တွေကို တစစီ ဖြုတ်သိမ်းလို့ ငြိမ်းချမ်းလိုတဲ့ ဆန္ဒနှင့် ရောက်ရှိလာတာပါ။ သူမဟာ အင်ကာရာ ကိုလည်း သွားရောက်ပြီး တူရကီ ၀န်ကြီးချုပ်နှင့် ဆီးရီးယား သမ္မတရဲ့ အကြမ်းဖက်နိုမ်နင်းနေမှုကိုလဲ အဆုံးသတ်စေလိုတဲ့ ဆန္ဒနှင့် ဖိအားပေးဖို့တာင်းဆိုလာသူပါ။ ဒီလိုဘဲ နိုင်ငံတကာမှာနည်းမျိုးစုံနှင့် သံတမန်များ လှုပ်ရှားသွားလာကြရပါတယ်။

ဒီနှစ်လည်းတူရကီရဲ့  အိမ်နီးချင်းနီုင်ငံတခုဖြစ်တဲ့ အီရတ်မှာ လက်နက် ရောင်းဝယ်ဖေါက်ကားသူ ဒေးဗစ် လင်းထ်ဝေါလ် ဟာ ဘက္ကဒက်အစိုးရနှင့် သန်းနှင့်ချီသော စစ်သုံးလေယာဉ်များ ရောင်းချဖို့ လာရောက်ခဲ့တယ်။ တစ်ဘက်မှာကြည့်ရင်လည်း ဒေဗစ် လင်းထ် ဝေါလ်  ဟာ ဂွာတီမာလာနိုင်ငံမှာ ခလေးသူငယ်များ အဟာရပြည့်ဝဖို့  ကူညီထောက်ပံ့နေသူဖြစ်တယ်။ ဟေတီနိုင်ငံ မှာ ၂၀၁၀ခုနှစ် ငလျင် ဘေးသင့်စဉ်က သူ့အိမ်က လေး ပြိုပျက်ခဲ့ရပြီး သူသာ ထိုစဉ်က သူ့ အိမ်မှာ ရှိနေခဲ့ရင် အမှန်တကယ် သူသေဖို့ ပါဘဲ။  ခုတော့ သူဟာ ကဘူးမြို့တော်မှာ ရှိနေတာပါ။  အမေရိကန် ၀န်ထမ်း အချို့က ကူရမ်ကျမ်းစာမိတ္တူများ ကို မီးတင်ရှို့ ခဲ့ကြတယ်။ အဖဂန်ပြည်သူပြည်သား ၂၆ယောက် သေဆုံးခဲ့ရာမှာ အများစုက ခလေးနှင့် မိန်းမတွေ ဖြစ်နေပါတယ်။ ဒါ့အပြင်တန်ပြန်အနေနှင့် ခံကြရတာက သံရုံးမိသားစုတွေလည်းဖြစ်နေပြန်တယ်။

နျူကလီးယား ကိစ္စစေ့စပ်ဆွေးနွေးရန်၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခလေးသူငယ်ရောင်းဝယ်ဖေါက်ကားမွေးစားခြင်းကိစ္စပြုပြင်ရန်၊ လက်နက်ရောင်းဝယ်ဖေါက်ကားခြင်းကိစ္စဖျက်သိမ်းရန်၊ သဘာဝဘေးဒါဏ်များ ကြိုတင်ကာကွယ်ရန်စသည်တို့ဟာ နိုင်ငံတိုင်းမှာ  အရေး ပါတဲ့ ကိစ္စတွေဖြစ်ပါတယ်။

နိုင်ငံရပ်ခြား အမေရိကန် ၀န်ထမ်းများအား ကြိုဆိုခြင်း
အမေရိကန်ဟာ  ကမ္ဘာလုံးဆိုင်ရာ အရေးကြီး ဇတ်ရုပ်အခန်းကဏ္ဍတွေမှာ ရင်းနှီးနွေးထွေးစွာ အမြဲ အသင့်ရှိနေရမယ်။ ဒါဟာ အံ့သြစရာမရှိပါဘူး။ လူထုဆက်ဆံရေး ကိစ္စရပ်တိုင်း သူတို့ ရဲ့  လုပ်ဆောင်ချက်တိုင်းမှာ ပိုမိုကျယ်ပြန့်စွာ တိုးမြှင့် တည်ရှိနေတယ်။ အမျိုးသားလုံခြုံရေးမှာ မဟာဗျူဟာမြောက် တွေခေါ်မြော်မြင်မှု ရှိရန်လည်း လိုမယ်။ နိုင်ငံကြီးပွားချမ်းသာဖို့ ဆိုတာ လုံခြုံရေးဟာ အဓိက အခန်းကဏ္ဍမှာရှိနေပြန်တယ်။ လူ့ အခွင့်အရေး၊ ဒီမိုကရေစီနှင့် သာတူညီမျှ ဆက်ဆံရေးစသည်တို့ကပါ နောက်ဆက်တွဲ အနေနှင့် အရေးတကြီး ကိစ္စရပ်များအဖြစ် တွဲပါလာတတ်တယ်။
၂၀၁၀ မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမေရိကန်ရဲ့  ပြောင်းလဲလာတဲ့ မူဝါဒအသစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ရှင်းလင်း ဖေါ်ပြခဲ့တယ်။ ဒီကနေ့ ကမ္ဘာကြီးဟာ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများရာဇ၀တ်မှုများ၊ သဘာဝကပ်ဘေးဒါဏ်များ၊ ကမ္ဘာအနှံ ပြန့်နှံ့ဖြစ်ပေါ်လာသော ကပ်ရောဂါများ၊ နိုင်ငံအနှံ့ဆက်နွယ်ပတ်သက်မှုများ စသည် တဦးတယောက် တနိုင်ငံတည်းဖြေရှင်းမရနိုင်တော့ဘူး။ စုပေါင်းဖြေရှင်းမှသာ အရာရာ င်္ပြီးမြောက်နိုင်မဲ့ အနေအထားမှာ ရှိနေတယ်။ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု ဟာ သိသာထင်ရှားတဲ့ သာဓကတခုပါဘဲ။ ၂၀၁၀ခုနှစ်က မစ္စက် ကလင်တန် ဒီအကြောင်း ကျွန်တော့ကို ပြောဖူးတယ်။ “တဦးကောင်း တယောက်ကောင်းနှင့် ပြဿနာတိုင်းဖြေရှင်းလို့မရနိုင်ကြောင်း သူမ ကျွန်တော့ကို ပြောခဲ့ဖူးတယ်။တ ည်ငြိမ်အေးချမ်းသော ကမ္ဘာကြီးကို ဖန်တီးဖို့  ၀ိုင်းဝန်းကြိုးပမ်းကြရမယ်။ ပြည်ပကို ထွက်ခွာပြီး မိတ်ဆွေဖွဲ့ ကြရမယ်။ ကျွန်မတို့ နှင့် အေးအတူ ပူအမျှ  ဒိုးတူပေါင်ဖက် မျှဝေခံစားနားလည်ပေးမဲ့ မိတ်ဖက်တွေ များများ ရှိရမယ်”တဲ့။

မနက် ၃နာရီမှာ “မမ်န်တာ “ ရဲ့ မိုဘိုင်းဖုန်းက မြည်နေတယ်။ “အိပ်မယ်လုပ်ပါမှ အတွေးတခုက ၀င်လာတယ်ဗျ။ ကျုပ်တို့  ဟယ်လီကော့ပ်တာ တစင်း ပစ်ချခံရတယ်လို့သတင်းရတယ် ခင်ဗျာ့ ဟာများလား လို့ ”။ ကျွန်တော့အမေးကို သူမဖြေပါဘူး။ သူက ယူနီဖေါင်းလည်း ၀တ်ထားခြင်းမရှိပါဘူး။ ဒီသတင်းကို လှို့ဝှက်ထားချင်ဟန်တူတယ်။ အနည်းဆုံး နာရီ အနည်းငယ်လောက်ပေါ့။ ခု သူ ပါကစ္စတန်မှာ သံအမတ်အဖြစ် ရှိနေတယ်လေ။ ၂၀၀၂ခု မေ ၂ရက်နေ့ ။ မမ်န်တာ ဟာ ကမ္ဘာ့အကြီးဆုံးရန်သူ အကြမ်းဖက်သမား “အိုစမာဘင်လာဒင်” ကျဆုံးခန်းဗွီဒီယို တိုက်ရိုက်လွှင့်ထုတ်မှု အစီအစဉ်ကို ကြည့်နေတယ်။ တကယ်တော့ သူနေတဲ့ နေရာကနေ အိုစမာဘင်လာဒင် ရှိတဲ့ နေရာနှင့်ဆို မိုင်၃၀ လောက်ဘဲ ကွာတာပါ။ ခွင့်ပြုချက် တစုံတရာ မရှိဘဲ ပါကစ္စတန်အစိုးရကို ထုတ်ဖေါ်မပြောဝံ့ပါဘူး။ ဒါပေမဲ့ “သမ္မတ ဘားရက်  အိုဘားမား” မှ တရားဝင် ကြေငြာခဲ့တယ်။

အမေရိကန်အစိုးရနှင့် ပါကစ္စတန်အစိုးရတို့ ကြား နှစ်ဦးနှစ်ဘက် ဆက်ဆံရေးဟာ အေးစက်တင်းမာသွားပြီ တာရှည် ခိုင်မြဲ နိုင်ပါမည်လား။ အစောပိုင်းသုံးလမျှ သူတို့ ဆက်ဆံရေးပြိုကွဲသွားတာက အသေအချာပါ။ အိုစမာဘင်လာဒင်ဟာ နှစ်ပေါင်းများစွာ လှို့ဝှက် နေထိုင်လာခြင်းကို ပါကစ္စတန်အစိုးရက “လုံးဝမသိ”ဆိုတာ ဖြစ်နိုင်မလား။ ကမ္ဘာက မေးလာပြီ။ “ပါကစ္စတန်”ဟာ ဘယ်လို အစိုးရမျိုးပါလဲ။ ဘင်လာဒင် သေဆုံးအပြီးမကြာမှီ CIA ကန်ထရိုက်တာ ရေမွန် ဒါဗစ် ဟာ လျှို့ဝှက် အကာအကွယ် တောင်းခံထားပါလျက် သေနတ် ၂ချက် အပြစ် ခံရပြီး သေဆုံးသွားတယ်။ သံအမတ်ကြီး မမ်န်တာ ကတော့ ပါကစ္စတန်နီ အစိုးရကို “နိုင်ငံခြားတပ်ဖွဲ့တွေ သူ့လမ်းကြောင်းနှင့် သူ သူ့နယ်မြေအတွင်း ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရမယ်။  တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်းပြောထားပြီးပါ။

အော်ပရေးရှင်းအပြီး ရက်များစွာကုန်လွန်လာချိန်မှာ တနေ့  ပါကစ္စတန်နီ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာရှပ် ပါဗက် ခါရာနီ နှင့် တွေ့ ဆုံပြီး ဘင်လာဒင် စီးနင်းမှုနှင့် ပတ်သက်တဲ့ စာရင်း ဇယားတခု ( A list of thing) အိုဘားမား အုပ်ချုပ်ရေးအဖွဲ့  က အလိုရှိကြောင်း သွားရောက် ပေးအပ်ခဲ့တယ်။ ပါကစ္စတန်နီ အစိုးရဟာ အိုဘားမား  အုပ်ချုပ်ရေး အဖွဲ့ နှင့် ပုန်းခိုနေသူ အကြမ်းဖက်သမားများကို  ပူးပေါင်း ချေမှုံးနေပါလျှက် ထက်ကြပ်မကွာ ရှိနေသင့်ပါလျှက် ဘာ့ကြောင့် ဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့ရသလဲ ဆိုတာ ဘ၀င်မကျနိုင်ပါဘူး။ ဒီစာရင်းကို သူလက်ခံ  ရယူလိုက်ရင် အမေရိကန်ကို အရှုံပေး ရာ ရောက်မယ်လို့   ဗိုလ်ကြီး အာရှပ် ပါဗက် ခါရာနီ က ယူဆပုံရတယ်။ ဒါ့ကြောင့် ကျွန်တော် စာရွက် ကို သူ့ ဆီ ပြစ်ပေးခဲ့ကြောင်း ဒီအပြုအမူမျိုး သူ လုပ်မိတာဟာ အလွန်ရှားပါးပါတယ်လို့  သူက ဆိုတယ်။

 “ကျွန်တော့်ကိုလည်း  သူ့အခန်းတွင်းက မောင်းထုတ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ ခင်ဗျားဆက်ဆံတဲ့ပုံက "ဟိုး အောက်ကလူတွေကို ဆက်ဆံနေသလိုဘဲ" လို့ ကျွန်တော်တခွန်းပြောပြီး ထွက်လာခဲ့တယ်" တဲ့။ “သူဟာ ရိုင်းစိုင်းတဲ့လူတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေအရ လူရိုင်းပုံ ပေါက်နေတာပါ” တဲ့။ နိုင်ငံရပ်ခြားတာဝန်ထမ်းဆောင်ရတဲ့  ဧည့်သည်သံတမန်မျိုးနွယ်များဟာမိမိတို့ရဲ့ အိမ်ရှင် နိုင်ငံများအပေါ် မိမိတို့ ရဲ့  လုပ်ငန်းအလိုက် လေးစားမှု ရှိဖို့  လိုပါတယ်။ ဒါမှလည်း နှစ်နိုင်ငံ အကျိုးကို ပူးတွဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု ခင်မင်မှု ပူးပေါင်းမှု များ ခိုင်မာစွာ တည်ဆောက်နိုင်မှာပါ။ “ဘင်လာဒင် စီးနင်းမှု မဖြစ်မီ လပေါင်းများစွာ မှာ သံအမတ်ကြီးဟာ တော်တော့်ကို ကြိုးစား ပူးပေါင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အကျိုးမဲ့ ဖြစ်ရပြီ။ ဘာဘဲဖြစ်ဖြစ် အမေရိကန်တွေရဲ့  အသက်ကို ပါကစ္စတန်နီ စစ်တပ်က ကယ်တင်နိုင်ခဲ့တာမျိုးလည်း ရှိပါတယ်။

ထောင်နှင့်ချီတဲ့ “အယ်လ်ကာရီဒါ “စစ်သွေးကြွတွေဟာ ပါကစ္စတန် နှင့် အဖဂန် နယ်စပ်မှာ ပုန်းခိုနေကြတယ်။ အမေရိကန်တပ်တွေ ချထားပေမဲ့လည်း စစ်သွေးကြွများက သူတို့ရဲ့ ဇာတိမွေးရပ်ဌာနီ ဖြစ်နေတာကြောင့် အမေရိကန်တွေထက် တိုက်ရေး ခိုက်ရေးမှာခြေတလှမ်းမက အသာစီးရ နေတာလည်းဖြစ်တယ်။ ဘင်လာဒင်နှင့် ကန်ထရိုက်တာ ရေမွန်ဒါဗစ် တို့ရဲ့ ဇတ်လမ်းတွဲတွေက ပြောပြနေတဲ့ ဥပမာတွေကို ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ရှည်ကြာတဲ့ မစ်ရှင် အဖွဲ့ နှင့်အတူ ဘယ်မျှ အချိန်တို တိုအတွင်း အောင်မြင်မှု ဘယ်လောက်ရခဲ့တယ် ဆိုတာ။ အလားတူပါဘဲ။ ကမ္ဘာတ၀ှမ်းဖြန့်ကျက်ကြည့်လိုက်ရင် ဒီလို ပုံစံမျိုးတွေ ရုရှား တရုတ် အပါအ၀င် နိုင်ငံ တော်တော်များများတွေ့ရမယ်။ ၀ါရှင်တန်ဟာ  လိမ္မာပါးနပ်စွာ  ထိန်းမတ်ပြီးတော့ ဟန်ချက်ညီညီ သတိပြု ကစားတတ်ဖို့   လိုအပ်ပါလိမ့်တယ်။ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး တောင်းဆိုမှု လူသိရှင်ကြား ထောက်ခံ ပေးမှု စသည်  မော်စကို ၊ ဘေဂျင်း၊ မြောက်ကိုးရီးယား၊ အီရန် စသည်တို့နှင့် မဟာဗျူဟာကျကျ ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့  ပဓာန ကျတယ်။

“ဘင်လာဒင် စစ်ဆင်ရေး မျိုး အလားတူ ဖြစ်ခဲ့ရင် “သံအမတ်ကြီး မမ်န်တာ” က ပြောပါတယ်။ ဒါဟာ ထိုက်တန်ပါတယ်။ သမ္မတက ဒါကို တွက်ချက်ပြီးတော့ ထိုက်ထိုက်တန်တန် ဖြစ်အောင် တုံ့ပြန်လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ဒါဟာ ကျီစားစရာတော့ မဟုတ်ဘူး။ ဆက်ဆံရေးတွေ ဆိုးဆိုးဝါးဝါး ကျဲသွားနိုင်တယ်။ ဆက်ဆံရေး ထူထောင်ရာမှာ လူတွေနှင့် ပြောဆိုရာမှာ တစ်ယောက်ပြောချင်တဲ့စကားကိုတစ်ယောက်က  စိတ်ပါလက်ပါ နားထောင်ပေးရခြင်းဟာ အလွန်အရေးကြီးတယ်။  သံရုံး ပြိုကျရင်  ပြေးသွားမယ်။ ပစ္စည်းပစ္စယတွေ ကယ်ထုတ်ဖို့ ဆိုတာ အလွန်ခဲယဉ်းမယ်။ ဘာ့ကြောင့် ဒီအလုပ်ဟာ အခက်ခဲဆုံး ဖြစ်နေရတာလဲ။ နိုင်ငံရပ်ခြား ၀န်ထမ်းဘ၀နှင့် အတိုင်းအတာ တစ်ခုအထိ ကျွန်တော် ဒီလို  တွေ့ ကြုံ ခဲ့တာဖြစ်တယ်" တဲ့။

Source : Interviews with diplomats in the line of fire

Florist  မြန်မာမှုပြုသည်။

Thursday, September 27, 2012

အင်ဒီရာဂန္ဒီ လုပ်ကြံခံရခြင်း

အော်ပရေးရှင်း ဘလူးစတားနဲ့  တူညီတဲ့  တပ်များဖြန့်ချထားဖို့ မရှိဘူးလို့ ဆစ်(ခ်) အရာရှိက   ပထမ ဆုံးဖြတ်ပြီးကာမှ  တဖန် ဆစ် (ခ်) အရာရှိအားလုံးအနေနှင့်  သူမနေထိုင်ရာ ဂေဟာမှာ မသိမသာ  တပ်များပြန်လည်ချထားရမယ်လို့ သက်ဆိုင်ရာကို တာဝန်ပေးအပ် ညွှန်ကြားခဲ့ပြန်တယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း လုံးဝကို မှားယွင်းဖို့ မရှိပါဘူး။ နိုင်ငံများစွာက လုံခြုံရေးအေဂျင်စီတွေဟာလည်း စည်းမျဉ်းဥပဒေများကို မျှော်မြင်သိတတ်စွာ လေးစားလိုက်နာနေကြတာပါ။ အစိုးရအဖွဲ့ အစည်းတခုကို ကို ထိခိုက်နစ်နာလောက်အောင် တာဝန်မဲ့သူတွေ မဟုတ်ကြပါဘူး။ တိုင်းပြည်ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ ကိုယ်ရံတော်တွေ အသေအချာခန့်အပ်ခဲ့ကြတာပါဘဲ။ ဟိုး လွန်ခဲ့တဲ့ နှစ်များစွာက ဆိုရင် အမေရိကန်မှာ တော့  သမ္မတအတွက် အာဖရိကန်အမေရိကန် အသိုင်းအ၀န်းထဲက အရာရှိတွေကို  ကိုယ်ရံတော်အဖြစ် ခန့် အပ်လေ့ မရှိခဲ့ဘူး။ ဒီတိုင်းပဲ မြောက်ပိုင်းအိုင်ယာလန် က ကက်သလစ်ဘာသာဝင် အရာရှိတွေကို ဗြိတိသျှဝန်ကြီးချုပ်အတွက် တာဝန်ပေးအပ်ခြင်းမရှိပါဘူး။ ကံမကောင်းချင်တော့ အိန္ဒိယမှာ အသွေးအရောင်စုံပေမဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အထူးတလည်ရှာဖွေ စစ်ဆေးဖို့  မလိုအပ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါ့ကြောင့် လုံခြုံရေးဘက်မှာ ဒီတုံးက အားနည်းမှုရှိခဲ့တာပါ။ အင်ဒီရာဂန္ဒီ ရောက်လာဖို့ တဖြည်းဖြည်းနီးကပ်လာချိန်မှာမှ ဆစ်(ခ်) အရာရှိများက တပ်ပြန်ရုပ်သိမ်းခဲ့တယ်။ တချို့ကတော့ သူမကိုယ်သူမ သတိပြုနေထိုင်တယ်လို့ ဆိုတယ်။ သူမရဲ့ လုပ်ဖေါ်ကိုင်ဖက်အချို့ထဲက တယောက်ကလည်း နည်းနည်းသတိထားမိတယ်လို့  ဆိုပြန်တယ်။ ကာအို ရဲ့  အမိန့်အရ ဒေလီပုလိပ်များက လုပ်ဆောင်ခဲ့ကြတယ်လို့  သိရပြန်တယ်။ သူမကိုယ်တိုင်လည်းဒီဆုံးဖြတ်ချက်အပေါ်  သို့လော သို့လော တွေးနေပုံပါဘဲ။ သူမဂေဟာမှာ တပ်ရုပ်သိမ်းခြင်းကိစ္စကို ဆစ်(ခ်)အရာရှိများက ပြုလုပ်ခဲ့ပေမဲ့ ကာအို က ပုံမှန်အားဖြင့်သာထားရှိပြီး အခြားညွှန်ကြားမှု မရှီခဲ့ဘူးလို့ လည်း ဆိုပြန်တယ်။ အချင်းဖြစ်ပွားချိန်မှာ ဆစ်(ခ်) အရာရှိတွေ မရှိတာက အသေအချာပါဘဲ။
ဆုံးဖြတ်ချက်အချို့ထဲက တခုကရုပ်ပိုင်းဆိုင်ရာ အစောင့်အရှောက်တင်းကျပ်လုံခြုံစွာ ချထားဖို့ သူမနေထိုင်ရာ ဂေဟာလုံခြံမှုရှိဖို့  သူမသွားရောက်လှုပ်ရှားရမဲ့ ဒေလီမြို့က လမ်းမတွေမှာ အန္တရယ်ကင်းရှင်းစေရန် ပေါက်ကွဲတတ်တဲ့ ပစ္စည်း စသည် ဂရုတစိုက်စစ်ဆေးကြည့်ရှုခဲ့ကြတယ်။ သူမသွားလေရာ ကျည်ကာကားတွေက အဆင်သင့်ပါ။ ဒါပေမဲ့ အိန္ဒိယမှာ ကားထုတ်လုပ်သူအဆင့်မှီမှီမရှိဘူး။  ကားဂိုဒေါင်တွေကလည်း ကြံ့ခိုင်လုံခြုံမှုမရှိပါဘူး။ ဒေသခံ များက ကျေနပ်လက်ခံနိုင်ပေမဲ့  အနောက်ဥရောပကaနတဆင့် တိုးတက်ခေတ်မှီတဲ့ ကျည်ဆန်မထိရောက်နိုင်တဲ့ မော်တော်ကားများကို ၀ယ်ယူတင်သွင်းထားဖို့  လိုအပ်နေတယ်။ အနောက်ဂျာမဏီက နာမည်ကြီး မာစီးဒီးကားမျိုးဖြစ်တယ်။ ကျည်ကာပေး
ဖို့ တော့ အကောင်းဆုံးဝန်ဆောင်မှုရှိကြောင်းလည်း အာမခံထားတယ်။ နိုင်ငံတကာက လုံခြုံရေးအေဂျင်စီတွေဟာ အစိုးရထိပ်ပိုင်းခေါင်းဆောင်ကြီးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မဲ့ ကျည်ကာကားတွေကို မှာယူ တင်သွင်းကြတယ်။
အင်ဒီယာဂန္ဒီနှင့် ရာဂျစ်ဂန္ဒီ ဟာ ရာထူး ပေးအပ်မည့်သူ နှင့် ရာထူးဆက်ခံမည့်သူ အရင်လူနှင့် နောက်လူသာဖြစ်တယ်။ ရာဂျစ် က နိုင်ငံခြားဖြစ် ကားတွေ ၀ိုင်းပတ်နေတဲ့ အထဲမှာ သူက အိန္ဒိယကားကုမ္ပဏီ ဟိန္ဒြူစတန်းမော်တော်က ထုတ်တဲ့ Hindustan Ambassador အရာရှိကားမျိုးကိုမှ ပိုကြိုက်တယ်လို့ ဆိုတယ်။ ဒါ့ကြောင့် သူ့ အတွက်  Ambassador ကားတွေ အိန္ဒိယသို့  ၀ယ်ယူတင်သွင်းပြီး အနောက်ဥရောပကို ပို့ဆောင်ကာကျည်ဆံမထွင်းဖေါက်နိုင်တဲ့ကျည်ကာကားအဖြစ် အသွင်ပြောင်းလဲ ခဲ့တယ်။ဒီိနေရာမှာ “ကာအို” က တာဝန်သိသိနှင့်  ကက်ဘိနက်ရဲ့အထွေထွေ အတွင်းရေးမှူးတယောက်အနေဖြင့် R&AW နှင့်ပူးပေါင်းခဲ့တာပါ။ လွတ်လပ်သော ငွေကြေးခွင့်ပြုချက်ရှိတာကြောင့် လျင်လျင် မြန်မြန်ဘဲ ကားတင်သွင်းခွင့်ရရှိခဲ့တယ်။ အခြားအကြောင်း၂ချက်မှာ ပထမအချက်က ဆေးဝါးကျွမ်းကျင်ဆရာဝန်တဦးသူနာပြုတဦးပါဝင်တဲ့ သူနာပြုကားကို လိုအပ်တဲ့အခါ သူမတည်းခိုရာ သို့မဟုတ် သူမရဲ့ယာဉ်တန်းနှင့် အ မြန်ဆုံးဆက်သွယ် ရောက်ရှိနိုင်ရန် စီစဉ်ချမှတ်ထားခြင်းဖြစ်တယ်။ အင်ဒီရာဂန္ဒီ က အဲလိုမျိုး သူမနေအိမ်အနီးဝန်းကျင်မှာ အမြဲတန်း သူနာပြုကားကို ထားရှိတာမျိုး မလိုလားပါဘူး။ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ဘယ်လိုဘဲ မကြိုက်သည်ဖြစ်စေ ကာအို က မူလအစီအစဉ်အရ သူနာပြုကားကို သူမ မမြင်ကွယ်ရာမှာ နေ ရာချထားပါတယ်။

ဒုတိယအချက်ကတော့ ကျည်ကာအင်္ကျီ ၀တ်ဖို့ပါဘဲ။ ယူကေ မှနေ မှာယူတင်သွင်းဖို့  ဆုံးဖြတ်ထားပေမဲ့ အတိုင်းအတာကိုတော့ ဘယ်သူမှ မယူဝံ့ကြဘူး။အမျိုးအစား၃မျိုးထားရှိတဲ့ ဆိုက်သေး ဆိုက်လတ် ဆိုက်ကြီး တွေကို R&AW နှင့်ဆက်သွယ် မှာယူကြတယ်။ ဒါတွေရောက်လာတဲ့အခါ “ကာအို “ဟာ ML ဖိုတီဒါ ကို အမြန် ဖုန်းဆက်ခေါ်ယူပြီး သူမနှင့် ဆိုက် ကိုက်  မကိုက် စမ်းသပ်  ၀တ်ဆင်ကြည့်စေပေမဲ့ သူမက ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့တယ်။ ကာအို ကလည်း လိုအပ်တာမို့  မဖြစ်မနေ၀တ်ဆင်ကြည့်ဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်။ ဘယ်လိုဘဲ တောင်းဆို တောင်းဆို သူမက မတုန်မလှုပ်ပါဘဲ။ ဘာမှ တုံပြန်ပြောဆိုခြင်း မပြုပါဘူး။

သူမဟာ တကြိမ် နှစ်ကြိမ် အစမ်းသဘောမျိုးဝတ်ဆင်ကြည့်ပုံရပေမဲ့  လော့တိလျော့ရဲနှင့် သူမခန္ဓာကိုယ်မှာ လိုက်ဘက်မှု မရှိဘူးလို့ မြင်ပုံရကြောင်း ဖိုဒီဒါ က ကာအို ကို ပြောပြခဲ့တယ်။ ကာအို ဟာ ပက်ကင်ပြန်ထုပ်ပြီး သူမနေထိုင်ရာကို အရောက်ပြန်ပို့ ခဲ့တယ်။ ကျွန်တော် သွားရောက်တဲ့အချိန်မှာတော့ အထုပ်ကလေးက တံခါးဘောင်ပေါ်မှာ တွေ့ရတယ်။ အထဲမှာ ပေါက်ကွဲစေတဲ့ ထိတ်လန့် စရာ တခုခုပါနေပုံပါဘဲ။ “ ဖိုဒီဒါ” အခန်းသွားပြီး”ကာအို ရောက်နေကြောင်းသတင်းပို့ လိုက်တဲ့အခါ“ ဖိုဒီဒါ “ ထွက်လာတယ်။

ဂျမူး ကက်ရှမီးယားအမျိုးသားကွန်ဖရင့် ခေါင်းဆောင် ဖါအူ အဗ္ဗဒူလာ ရောက်နေကြောင်းပြောပြီးစောင့်ခိုင်းတယ်။ တနာရီလောက်ကြာအောင် စောင့်နေရတယ်။ “ကာအို” က ဘာကြောင့်များဒါကြီးဝတ်ခိုင်းရတာလဲဘာ့ကြောင့်ဒီလို လုပ်စေချင်ရတာလဲ “လို့  သူမက ပြောကြောင်း “ဖိုဒီဒါ “ကတဆင့်ပြန်ပြောတယ်။ ကာအို ထံ ဖြစ်ပျက်သမျှ ကျွန်တော်ပြန်ပြောလိုက်တယ်။ကျွန်တော်က သူမအိမ်အတွင်းမှာ လုံခြုံ ရေး အားနည်းနေတယ်လို့ ထင်ကြောုင်း ပြောပြမိတယ်။ ဘာ့ကြောင့်လဲဆိုတော့  သူမအိမ်ကို ကျွန်တော်ရောက်စဉ် အကဲခတ်ကြည့်တော့ အခိုင်းအစေမကလေးတွေဟာ ဟိုဟိုဒီဒီ ပြားပန်းခတ်မျှ လူးလာတုံ့ခေါက် လမ်းသလားနေကြတယ်။ လုံခြုံရေးကလည်းဘာမှစစ်လားဆေးလား မလုပ်ပါဘူး။ လူငယ်အတွဲလေးတတွဲ တခန်းပြီးတခန်းဝင်ထွက်သွားလာ နေကြတာဘယ်လို စစ်ဆေးရေးမှုမျိုးမှ မလုပ်ဘဲ အေးဆေးနေကြတယ်လို့  မြင်ခဲ့လို့ပါ။
၁၉၈၄ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ ခါတိုင်းလိုဘဲ ကျွန်တော် မနက် ဂနာရီလောက် ရုံးကို ထွက်လာတယ်။ဖုန်းတချက်ဝင်လာတယ်။”GC ဆက်က်စ်ဆီနာ” ထံကပါ။ အဲဒီအချိန်က R&AW ရဲ့  အကြီးအကဲ ဖြစ်ပါတယ်။ သူကပြောတယ်။ “ ရာမန် “ ၀န်ကြီးချုပ်သေနတ် ပြစ်ခံရတယ်။ ငါ သူမအနားမှာဘဲ ရှိနေတယ် ရုံးကို မကြာခင် ငါပြန်လာမယ်  သတိနဲ့နေကြ”တဲ့။

သူမကို ဆစ်(ခ်) လုံခြုံရေး  အစောင့်နှစ်ယောက်က ပစ်သတ်လိုက်တာပါ။ သူတို့ဟာ ဝေပုံကျစံနစ်နှင့် တာဝန်တခုကို နှစ်ဦးသဘောတူ ပြုလုပ်ကြဟန်တူတယ်။ ကျွန်တော်က ဖုန်းထဲကနေ အကျိုးအကြောင်းအသေးစိတ်မေးချင်ပေမဲ့ သူက ဖုန်းချသွားတယ်။ကျွန်တော်က သူလက်အောက်က အရာရှိပါ။ အဲဒီအချိန်မှာ စစ်ရဲ နှစ်ပတ်လည်စီတန်းလှည့်လည်ပွဲ ရှိနေပါတယ်။ ကာအိုက တော့ “အင်ဒီရာဂန္ဒီအစား တရုတ်ခေါင်းဆောင်များနှင့် လျို့ ဝှက်စွာ တွေ့ ဆုံနေဆဲပါ။ ဒီအချိန်မှာ “ ဒါဝင်” ထံက ဖုန်းဝင်လာတယ်။ ကာအို
ဘယ်မှာလဲ သူနဲ့ တွေ့ ချင်တယ်  တဲ့။
 သူ ဘေဂျင်းမှာပါ
‘အရေးတကြီး ပြန်လာဖို့ လိုကြောင်းပြောပါ “ကျွန်တော်   “ ဆက်က်ဆီနာ”  ကို သတင်းပို့ လိုက်တယ်။ အဲဒီအချိန်မှာ  ကျွန်တော် သတင်းအချက်အလက်အချို့ ထပ်မံ ရရှိခဲ့တယ်။ သေနတ်သမားများဟာလဲ မိမိတို့ကိုယ် မိမိတို့ ပစ်သတ်အသေခံသွားကြောင်းနဲ့ အခြားလုံခြုံရေးတပ်သားများလက်ချက်လဲ ပါဝင်ကြောင်းသိရတယ်။ တယောက်ကတော့ ပွဲချင်းပီးပါတဲ့။ သူတို့တတွေဟာ အလွန်ပိပိရိရိရှိကြတယ်။ ဟန်မပျက်ကြဘူး။ မိမိတို့ လုပ်ကိုင်စရာရှိသရွေ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်းအိနြေ္ဒမပျက် လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။ လူသတ်သမားများဟာ လျို့ဝှက်ကျယ်ပြန့်စွာ ပူးပေါင်းကြံစည်ခဲ့ကြတယ်လို့လည်း ကောလဟာလတွေ ပေါ်ထွက်လာတယ်။ ဆစ်(ခ်) အမျိုးသားလုံခြုံရေးတပ်ဖွဲ့ကို ဖြန့်ကျက်ချထားခြင်းမရှိဘဲ ဘာ့ကြောင့်ရုပ်သိမ်းခဲ့ရသလဲ ဆိုတာ ပြဿနာကြီးပါဘဲ။

ဘာသာရေးနှင့်ဆက်နွယ်ပြီး မကျေလည်မှု ရှိနေပါလျက် ဆစ်(ခ်)တို့ကို မိမိအနီး လုံခြုံရေး ခန့်အပ်ထားခြင်းဟာ အင်ဒီရာဂန္ဒီရဲ့အတင့်ရဲမှုဘဲ ဖြစ်ပါတယ်။ ပြီးတော့ အင်ဒီယာ ဟာ ကျည်ကာအင်္ကျီဝတ်ဆင်ခြင်းမပြုတာရယ် သေနတ်ပြီးတဲ့ ကျည်ကာကားကို အသုံးမပြုတာရယ် တို့ ဟာ သူမရဲ့ ကိယ်ရံတော် လုံခြုံရေး  ဆဏ်(ခ်)များအပေါ် ယုံကြည်မှု အပြည့်အ၀ရှိနေကြောင်းဖေါ်ပြနေခြင်းဖြစ်တယိ။ သူမအနီးမှာ သူနာပြု ကားမထားရှိခြင်းဟာလည်း အမှားပါဘဲ။ အရေးပေါ် သွေးသွင်းကုသမှု မပြုနိုင်တဲ အခါ သွေးထွက်လွန်ခြင်းဟာလည်း အဆိုးဝါးဆုံး ပြဿနာပါဘဲနီယာဂန္ဒီ “ က ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ခဲ့တာကြောင့် သေဆုံးသွားတာဖြစ်ပါတယ်။ သူမဟာဆေးရုံပေါ်အရောက်မှာတော့  လူထုနှင့် သွေးစည်းတွေ့ ဆုံပွဲကို ဖျက်သိမ်းခဲ့၇ပြီ့း မြေးကလေးနှင့် အတူ နောက်ဆုံး အချိန်ထိ နေသွားမယ်ဖြစ်ကြောင်း ကြေကြေကွဲကွဲ ပြောဆိုသွားတယ်။ ၄င်းသေဆုံးကြောင်း ကြေငြာရန် အိန္ဒိယအစိုးရ အသံလွှင့်ဌာနမှ နှောင့်နှေးခဲ့သော်လည့်း  အင်ဒီယာ သေဆုံးကြောင်းသတင်းကို BBC မှ အဦးဆုံးလွှင့်ထုတ်ခဲ့ပါတယ်။

DIB, VIPစသည် ဒေလီမြို့တော်ရှိ အဆင့်မြင့် အရာရှိများနှင့် အိုင်ဘီ အော့ဖစ်ဆာများ တွင် ပေါ့ဆမှု နှင့် သံသယတို့က လွှမ်းမိုးနေတယ်” ရာဂျစ်ဂန္ဒီ၏ အမိန့်ဖြင့် ရက်စက်ယုတ်မာသော ဤလုပ်ကြံမှုကြီးမှာ  တရားမျှတရေး ပြည့်စုံစွာ ဖြစ်စဉ်ဖေါ်ထုတ်ရေးတို့ကို ၀န်ကြီးချုပ်အသစ်အဖြစ် အမိန့်ထုတ်ပြန်ခဲ့တယ်။ ယနေ့  ထောက်လှမ်းရေး အဖွဲ့ နှင့် ဒေလီ ရဲအဖွဲ့တို့၏ ဂုဏ်သတင်းကျော်ကြားမှုကိုဤလုပ်ကြံမှုက နိမ့်ကျစေသည်အမှန်။ဖြစ်ရပုံမှာ မိမိအိမ်ခြံမြေအတွင်းမိမိကို မိမိ၏ ကိုယ်ရံတော်အဖွဲ့က အလွယ်တကူ လုပ်ကြံသတ်ဖြတ်သွားနိုင်ခြင်းသည် အိန္ဒိယ တပြည်လုံးတွင်မက ကမ္ဘာတ၀ှမ်းကိုပါ မေးခွန်းပေါင်းများစွာ အဖြေရှာမရ ဖြစ်စေ ခဲ့တယ်။ မည်သည့် ထောက်လှမ်းရေးကဖြစ်ပါစေ မည်သည့် ရဲ တပ်ဖွဲ့က ဖြစ်ပါစေ မိမိဦးခေါင်းတွင် အရှက်တရားသည် လေးလံစွာ ဆွဲချိတ်ထားရသလို လွန်စွာ ပင်ပန်းနေစေတယ်။ သူမကိုယ်တိုင်ကမူ ရဲဝံ့စွာ တာဝန်ရှိသည့်အလျှောက် အကြမ်းဖက်သမားတို့  ခိုအောင်းရာ ရွှေဘုရားကျောင်းကို စီးနင်းဖြိုခွဲရန် သူမ အမိန့်ပေးခဲ့သည်ပဲ။ အကြမ်းဖက်သမားတို့၏ အန္တရယ်မှ ကင်းလွတ်စေရန် ရွှေဘုရားကျောင်းတော်ကို ကာကွယ်ဖို့ လိုအပ်ကြောင်း သမကောင်းကောင်းနားလည်နေတာပါပဲ။ ပြည်သူတို့အားသူမက ကာကွယ်မှု ပေးခဲ့သော်လည်း ပြည်သူအများကမူ သူမကို ဆုံးရှုံးခဲ့ ရပီဖြစ်ပါတယ်။ အိန္ဒိယသမိုင်းမှာ အဆိုးဝါးဆုံး အမှောင်ဆုံးကာလဟု သမိုင်းတွင်ရစ်တော့မည်တည်း။ မှန်သည်။ သူမ မခန့်အပ်ထားတဲ့  လုံခြုံရေးသက်တော်စောင့်များက သူမ ပိုင်တဲ့  အိမ်ခြံမြေအတွင်းမှာဘဲ် အလွယ်တကူပဲ သူမကို ဇီဝိန်ချွေပြစ်ခဲ့ခြင်းသည် အိန္ဒိယ သမိုင်းကို အမဲစက်များစွန်းထင်းပေကျံ သွားစေခဲ့တယ်။

လျို့ ဝှက်ပူးပေါင်းကာသူမကို ရက်ရက်စက်စက်သတ်ဖြတ်လုပ်ကြံခြင်း
သတင်းသည်တောမီးပမာ နေရာအနှံ့   ပျံ့ သွားခဲ့တယ်။လျီု့ဝှက်ပူးပေါင်းကြံစည်သူများဟာ ပါကစ္စတန်မှာ ISI အရာရှိတွေနဲ့  တွေ့ ဆုံခဲ့ကြပြီးCIAနှင့်လည်း တွေ့ ဆုံခဲ့ကြောင်းသတင်းများမှာ ဖေါ်ပြပါရှိတယ်။ ည သူမလုပ်ကြံမခံရမှီ လအနည်းငယ်အတွင်းက တကယ်လို့ သူမသေရင် အိန္ဒိယမှာဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ အမေရိကန် အကယ်ဒမစ် တယောက်က လေ့လာဆန်းစစ်ခဲ့ရာမှာ အံ့သြစရာပါဘဲ။ ဒီလေ့လာမှုမှာ ထောက်လှမ်းရေးက  ဘာမှ မသိလိုက်ဘူးတဲ့  အဆိုးဝါးဆုံး စိတ်ထိခိုက်စရာပါဘဲ။ သူတိုအနေနဲ့ ဒီအကယ်ဒမစ်ကို ကျောထောက်နောက်ခံ ပြုပြီး သတင်းနည်းနည်းပါးပါး၇ခဲ့ပုံပါဘဲ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ တရားသူကြီးကတော့ ပယ်ချလိုက်တယ်။ ထင်ထင်ရှားရှား ပီပီပြင်ပြင် ဖေါ်ထုတ်ရမဲ့အစား စိတ်ကူနဲ့ ထင်ကြေးပေးကောက်ချက်ချ လိုက်တော့တာပဲ။ ယုံကြည်စိတ်ချမရနိုင်တဲ့ အထောက်အထားအချိုကို တင်ပြသူ ဒေလီပုလိပ်ဌာနက ဆစ်(ခ်) အရာရှိတွေ သွေးထိုးပေးတတ်တဲ့ ဟိန္ဒူဆစ်(ခ်) ဘာသာရေး ခေါင်းဆောင်  ဂုရုကြီးတွေ အကြမ်းဖက်သမား “ခါလီစတန်နီ” ရဲ့ ညွှန်ကြားချက်တွေကြောင့်လဲ  ရှုပ်ထွေးနေတယ်။ သူတို့ အကြမ်းဖက်သမားတွေ မတတ်နိုင်တဲ့ ကိစ္စ ဆစ်(ခ်) ပုလိပ်တွေက အောင်မြင်မှုရသွားတာဘဲ။ လူထုဆက်ဆံရေးမှာလုံခြုံမှုကလည်း အရေးကြီးကြောင်း သူတို့ သိနားလည်သွားတယ်။ ဒါ့ကြောင့်သူတို့ ဟာ ဖုန်းပြောခြင်း စတဲ့ ဆက်သွယ်မှု တွေ ကိုရှောင်ကျဉ်ကြတယ်။

ဒီနေရာမှာအကျိုးအမြတ်ရသွားသူက ဘယ်သူလဲ။ ပါကစ္စတန်လား။
သိပ်သေချာတာပေါ့။
အမေရိကန်လား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပါဝင်ပတ်မှုသက်သေအထောက်အထားတစုံတရာ မတွေ့ ရပါဘူး။ တကယ်လို့ပါဝင်ပတ်သက်မှုရှိမယ်ဆိုရင်သူတို့ရဲ့ အောင်မြင်ခြင်းခြေရာတွေ ပြည့်နှက်ဖုံးလွှမ်းနေမယ်။ ဘယ်လို နိုင်ငံရပ်ခြားစွက်ဖက်မှုမျိုးကမှ သမိုင်းတွေရဲ့ မေးခွန်းလွှာတွေမှာ အဖြေရှာကြည့်။ ရနိုင်စရာ အကြောင်း မရှိနိုင်ဘူး။ ဆစ်(ခ်)တွေရဲ့ ဆူပူလှုပ်ရှားမှုကို ဖြိုခွင်းလိုက်ရာမှာ နောက်ဆုံးတော့ “အင်ဒီရာဂနင်္ဒီ” သေဆုံးကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ရတာပါဘဲ။ ဆစ်(ခ်)တွေရဲ့  အဓိကရုဏ်းနှိမ်နင်းရေးမှာ သွေးမြေကျခဲ့ရသူက “အင်ဒီရာ”ကိုယ်တိုင်ပါဘဲ။ R&AW မှာက ဌာနတိုင်းလိုလို ဆစ်(ခ်) အရာရှိတွေ နှင့် ပြည့်နက်နေတာပါ။ ဒီအကြောင်း ဆက်ဆ်စီနာ ကြားသိချိန်မှာ ဆစ်(ခ်) အရာရှိအားလုံး ဆက်သွယ်ပြီး R&AW က ဆစ်(ခ်)တွေ ဒီအခက်အခဲကို ဘယ်လို ဖြေရှင်းကြမလဲ။ ဆစ်(ခ်)တွေရဲ့ ဆူပူမှုကို ရပ်တန့်သွားသည့်တိုင် သူတို့ မိသားစုနဲ့ နေသွားမလား။ အချို့  အထူးသဖြင့် ဂျူနီယာအဆင့်ရှိသူတွေ။ အိုးတွေ အိမ်တွေ  သူတို့မျိုးနွယ်စုတွေ ရှိကြတယ်။ သူတို့ကတော့ မေတ္တာရပ်ခံထားပါတယ်။ သူတို့အဖို့သူတို့အိမ်ဟာ လုံခြုံ စိတ်ချရပါတယ် တဲ့။ ကျွန်တော်တို့  အထူးမပြောလိုပါဘူး။ ဒေလီ ပုလိပ်အဖွဲ့ နဲ့  နေမြဲနေနေကြရမှာဘဲ။

ကာအို က ဘေဂျင်းကနေ ၀န်ကြီးချုပ်အသတ်ခံရပြီလို့ ကြားကြားချင်း ကြေကွဲ မဆုံးဖြစ်ရတယ် တဲ့။ ဘေဂျင်းခရီးစဉ်ကို အကျဉ်းချုံး ရုပ်သိမ်းပြီး ပြန်လာရတယ်။ ပြန်လာရပုံကလဲ အခက်အခဲတွေနဲ့ပေါ့။ အိန္ဒိယလေကြောင်းလိုင်းက တိုကျိုကနေ ဟောင်ကောင်ပါ။ ဘေဂျင်းကနေ ဟောင်ကောင် မရှိပါဘူး။တရုပ်အာဏာပိုင်အဖွဲ့က အထူးလေယာဥင်္တစင်းစီစဉ်ပေးတဲ့အတွက် အမြန်ဆုံးပြန်လည်ဆိုက်ရောက်ခဲ့ တယ်။ လေဆိပ်မှာ “ဆက်ဆီနာ “ကအသင့်ကြိုပေးတယ်။သူနှင့်အတူကျွန်တော်တို့ “ကာအို” နှင့် ဆက်သွယ်ရတယ်။ ၀န်ကြီ;ချုပ်ရဲ့  ဇျာပန အခန်းအနားကို ကျွန်တော်တို့  ၀မ်းပမ်းတနည်း ကျင်းပကြရတယ်။ အင်ဒီရာ ရဲ့  ရုပ်ကလပ်ဟာ မျက်နှာကလေးဘဲ ကျန်တယ်။ တကိုယ်လုံး နှင်းဆီရောင်စုံပန်းများကြဲပက်  ဖြန့်ခင်းထားပုံ က မရှုရက်စရာပါဘဲ/ ကျွန်တော်တို့  သူမကို နှမျောတသစွာ မီးတင်ရှို့  သင်္ဂြိုလ် လိုက်ရတယ်။

နောက်နေ့ မှာ “ကာအို”က “ရာဂျစ်ဂန္ဒီ “ကို သွားတွေ့ တယ်။ လက်ရှိ အဆင့်မြင့်အကြံပေးအရာရှိ ရာထူးကို စွန့်လွှတ်ပြီး ၀န်ကြီးချုပ်ရာထူးကို ဆက်ခံဖို့ ပြောတယ်။ သူက လက်ခံပါတယ်။ IBအဆင့်မြင့် အရာရှိတွေ ဒေလီရဲ အရာရှိတွေ  တကယ်တော့ ဘယ်သူ့ မှ အကြွင်းမဲ့ မယုံကြည်ရနိုင်ဘူး။ အင်ဒီရာ ဟာ ဆယ်စုနှစ် ၃ခုစာ တရားစီရင်ရေး ဌာနကိုရော အကြံပေးအဖွဲ့ကိုရော လုံးဝယုံကြည်ခဲ့သူပါ။ “ကာအို“က တော့ ဘယ်တော့မှအရှုံးမပေးပါဘူး တဲ့။ သူ့ မျှက်နှာပေါ်မှာဘယ်တော့မှ ကျရှုံးမှုကို ဖေါ်ပြမှာမဟုတ်ပါဘူး။ နှလုံးသားရဲ့  ပူဆွေးမှုကို ထာဝရ သိမ်းဆည်းပိတ်ဆို့ ပြီး သူမ ရဲ့ သိက္ခာကို ကာကွယ်ရင်း ဆစ်(ခ်) ဘာသာရေးခေါင်းဆောင်တွေနှင့် အစဉ်အမြဲ ဆွေးနွေးသွားမှာဖြစ်တယ်။         ။

အင်ဒီရာဂန္ဒီ လုပ်ကြံခံရခြင်း

အော်ပရေးရှင်း ဘလူးစတားနဲ့  တူညီတဲ့  တပ်များဖြန့်ချထားဖို့ မရှိဘူးလို့ ဆစ်(ခ်) အရာရှိက   ပထမ ဆုံးဖြတ်ပြီးကာမှ  တဖန် ဆစ် (ခ်) အရာရှိအားလုံးအနေနှင့်  သူမနေထိုင်ရာ ဂေဟာမှာ မသိမသာ  တပ်များပြန်လည်ချထားရမယ်လို့ သက်ဆိုင်ရာကို တာဝန်ပေးအပ် ညွှန်ကြားခဲ့ပြန်တယ်။ ဒီဆုံးဖြတ်ချက်ဟာလည်း လုံးဝကို မှားယွင်းဖို့ မရှိပါဘူး။ နိုင်ငံများစွာက လုံခြုံရေးအေဂျင်စီတွေဟာလည်း စည်းမျဉ်းဥပဒေများကို မျှော်မြင်သိတတ်စွာ လေးစားလိုက်နာနေကြတာပါ။ အစိုးရအဖွဲ့ အစည်းတခုကို ကို ထိခိုက်နစ်နာလောက်အောင် တာဝန်မဲ့သူတွေ မဟုတ်ကြပါဘူး။ တိုင်းပြည်ထိပ်ပိုင်းခေါင်းဆောင်ကြီးတွေ ကိုယ်ရံတော်တွေ အသေအချာခန့်အပ်ခဲ့ကြတာပါဘဲ။ ဟိုး လွန်ခဲ့တဲ့ နှစ်များစွာက ဆိုရင် အမေရိကန်မှာ တော့  သမ္မတအတွက် အာဖရိကန်အမေရိကန် အသိုင်းအ၀န်းထဲက အရာရှိတွေကို  ကိုယ်ရံတော်အဖြစ် ခန့် အပ်လေ့ မရှိခဲ့ဘူး။ ဒီတိုင်းပဲ မြောက်ပိုင်းအိုင်ယာလန် က ကက်သလစ်ဘာသာဝင် အရာရှိတွေကို ဗြိတိသျှဝန်ကြီးချုပ်အတွက် တာဝန်ပေးအပ်ခြင်းမရှိပါဘူး။ ကံမကောင်းချင်တော့ အိန္ဒိယမှာ အသွေးအရောင်စုံပေမဲ့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်မှာ အထူးတလည်ရှာဖွေ စစ်ဆေးဖို့  မလိုအပ်ဘူးလို့ ယူဆခဲ့ကြတယ်။ ဒါ့ကြောင့် လုံခြုံရေးဘက်မှာ ဒီတုံးက အားနည်းမှုရှိခဲ့တာပါ။ အင်ဒီရာဂန္ဒီ ရောက်လာဖို့ တဖြည်းဖြည်းနီးကပ်လာချိန်မှာမှ ဆစ်(ခ်) အရာရှိများက တပ်ပြန်ရုပ်သိမ်းခဲ့တယ်။ တချို့ကတော့ သူမကိုယ်သူမ သတိပြုနေထိုင်တယ်လို့ ဆိုတယ်။ သူမရဲ့ လုပ်ဖေါ်ကိုင်ဖက်အချို့ထဲက တယောက်ကလည်း နည်းနည်းသတိထားမိတယ်လို့  ဆိုပြန်တယ်။ ကာအို ရဲ့  အမိန့်အရ ဒေလီပုလိပ်များက လုပ်ဆောင်ခဲ့ကြတယ်လို့  သိရပြန်တယ်။ သူမကိုယ်တိုင်လည်းဒီဆုံးဖြတ်ချက်အပေါ်  သို့လော သို့လော တွေးနေပုံပါဘဲ။ သူမဂေဟာမှာ တပ်ရုပ်သိမ်းခြင်းကိစ္စကို ဆစ်(ခ်)အရာရှိများက ပြုလုပ်ခဲ့ပေမဲ့ ကာအို က ပုံမှန်အားဖြင့်သာထားရှိပြီး အခြားညွှန်ကြားမှု မရှီခဲ့ဘူးလို့ လည်း ဆိုပြန်တယ်။ အချင်းဖြစ်ပွားချိန်မှာ ဆစ်(ခ်) အရာရှိတွေ မရှိတာက အသေအချာပါဘဲ။
ဆုံးဖြတ်ချက်အချို့ထဲက တခုကရုပ်ပိုင်းဆိုင်ရာ အစောင့်အရှောက်တင်းကျပ်လုံခြုံစွာ ချထားဖို့ သူမနေထိုင်ရာ ဂေဟာလုံခြံမှုရှိဖို့  သူမသွားရောက်လှုပ်ရှားရမဲ့ ဒေလီမြို့က လမ်းမတွေမှာ အန္တရယ်ကင်းရှင်းစေရန် ပေါက်ကွဲတတ်တဲ့ ပစ္စည်း စသည် ဂရုတစိုက်စစ်ဆေးကြည့်ရှုခဲ့ကြတယ်။ သူမသွားလေရာ ကျည်ကာကားတွေက အဆင်သင့်ပါ။ ဒါပေမဲ့ အိန္ဒိယမှာ ကားထုတ်လုပ်သူအဆင့်မှီမှီမရှိဘူး။  ကားဂိုဒေါင်တွေကလည်း ကြံ့ခိုင်လုံခြုံမှုမရှိပါဘူး။ ဒေသခံ များက ကျေနပ်လက်ခံနိုင်ပေမဲ့  အနောက်ဥရောပကaနတဆင့် တိုးတက်ခေတ်မှီတဲ့ ကျည်ဆန်မထိရောက်နိုင်တဲ့ မော်တော်ကားများကို ၀ယ်ယူတင်သွင်းထားဖို့  လိုအပ်နေတယ်။ အနောက်ဂျာမဏီက နာမည်ကြီး မာစီးဒီးကားမျိုးဖြစ်တယ်။ ကျည်ကာပေး
ဖို့ တော့ အကောင်းဆုံးဝန်ဆောင်မှုရှိကြောင်းလည်း အာမခံထားတယ်။ နိုင်ငံတကာက လုံခြုံရေးအေဂျင်စီတွေဟာ အစိုးရထိပ်ပိုင်းခေါင်းဆောင်ကြီးတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်မဲ့ ကျည်ကာကားတွေကို မှာယူ တင်သွင်းကြတယ်။
အင်ဒီယာဂန္ဒီနှင့် ရာဂျစ်ဂန္ဒီ ဟာ ရာထူး ပေးအပ်မည့်သူ နှင့် ရာထူးဆက်ခံမည့်သူ အရင်လူနှင့် နောက်လူသာဖြစ်တယ်။ ရာဂျစ် က နိုင်ငံခြားဖြစ် ကားတွေ ၀ိုင်းပတ်နေတဲ့ အထဲမှာ သူက အိန္ဒိယကားကုမ္ပဏီ ဟိန္ဒြူစတန်းမော်တော်က ထုတ်တဲ့ Hindustan Ambassador အရာရှိကားမျိုးကိုမှ ပိုကြိုက်တယ်လို့ ဆိုတယ်။ ဒါ့ကြောင့် သူ့ အတွက်  Ambassador ကားတွေ အိန္ဒိယသို့  ၀ယ်ယူတင်သွင်းပြီး အနောက်ဥရောပကို ပို့ဆောင်ကာကျည်ဆံမထွင်းဖေါက်နိုင်တဲ့ကျည်ကာကားအဖြစ် အသွင်ပြောင်းလဲ ခဲ့တယ်။ဒီိနေရာမှာ “ကာအို” က တာဝန်သိသိနှင့်  ကက်ဘိနက်ရဲ့အထွေထွေ အတွင်းရေးမှူးတယောက်အနေဖြင့် R&AW နှင့်ပူးပေါင်းခဲ့တာပါ။ လွတ်လပ်သော ငွေကြေးခွင့်ပြုချက်ရှိတာကြောင့် လျင်လျင် မြန်မြန်ဘဲ ကားတင်သွင်းခွင့်ရရှိခဲ့တယ်။ အခြားအကြောင်း၂ချက်မှာ ပထမအချက်က ဆေးဝါးကျွမ်းကျင်ဆရာဝန်တဦးသူနာပြုတဦးပါဝင်တဲ့ သူနာပြုကားကို လိုအပ်တဲ့အခါ သူမတည်းခိုရာ သို့မဟုတ် သူမရဲ့ယာဉ်တန်းနှင့် အ မြန်ဆုံးဆက်သွယ် ရောက်ရှိနိုင်ရန် စီစဉ်ချမှတ်ထားခြင်းဖြစ်တယ်။ အင်ဒီရာဂန္ဒီ က အဲလိုမျိုး သူမနေအိမ်အနီးဝန်းကျင်မှာ အမြဲတန်း သူနာပြုကားကို ထားရှိတာမျိုး မလိုလားပါဘူး။ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ဘယ်လိုဘဲ မကြိုက်သည်ဖြစ်စေ ကာအို က မူလအစီအစဉ်အရ သူနာပြုကားကို သူမ မမြင်ကွယ်ရာမှာ နေ ရာချထားပါတယ်။

ဒုတိယအချက်ကတော့ ကျည်ကာအင်္ကျီ ၀တ်ဖို့ပါဘဲ။ ယူကေ မှနေ မှာယူတင်သွင်းဖို့  ဆုံးဖြတ်ထားပေမဲ့ အတိုင်းအတာကိုတော့ ဘယ်သူမှ မယူဝံ့ကြဘူး။အမျိုးအစား၃မျိုးထားရှိတဲ့ ဆိုက်သေး ဆိုက်လတ် ဆိုက်ကြီး တွေကို R&AW နှင့်ဆက်သွယ် မှာယူကြတယ်။ ဒါတွေရောက်လာတဲ့အခါ “ကာအို “ဟာ ML ဖိုတီဒါ ကို အမြန် ဖုန်းဆက်ခေါ်ယူပြီး သူမနှင့် ဆိုက် ကိုက်  မကိုက် စမ်းသပ်  ၀တ်ဆင်ကြည့်စေပေမဲ့ သူမက ပြင်းပြင်းထန်ထန်ငြင်းဆိုခဲ့တယ်။ ကာအို ကလည်း လိုအပ်တာမို့  မဖြစ်မနေ၀တ်ဆင်ကြည့်ဖို့ တိုက်တွန်း တောင်းဆိုခဲ့တယ်။ ဘယ်လိုဘဲ တောင်းဆို တောင်းဆို သူမက မတုန်မလှုပ်ပါဘဲ။ ဘာမှ တုံပြန်ပြောဆိုခြင်း မပြုပါဘူး။

သူမဟာ တကြိမ် နှစ်ကြိမ် အစမ်းသဘောမျိုးဝတ်ဆင်ကြည့်ပုံရပေမဲ့  လော့တိလျော့ရဲနှင့် သူမခန္ဓာကိုယ်မှာ လိုက်ဘက်မှု မရှိဘူးလို့ မြင်ပုံရကြောင်း ဖိုဒီဒါ က ကာအို ကို ပြောပြခဲ့တယ်။ ကာအို ဟာ ပက်ကင်ပြန်ထုပ်ပြီး သူမနေထိုင်ရာကို အရောက်ပြန်ပို့ ခဲ့တယ်။ ကျွန်တော် သွားရောက်တဲ့အချိန်မှာတော့ အထုပ်ကလေးက တံခါးဘောင်ပေါ်မှာ တွေ့ရတယ်။ အထဲမှာ ပေါက်ကွဲစေတဲ့ ထိတ်လန့် စရာ တခုခုပါနေပုံပါဘဲ။ “ ဖိုဒီဒါ” အခန်းသွားပြီး”ကာအို ရောက်နေကြောင်းသတင်းပို့ လိုက်တဲ့အခါ“ ဖိုဒီဒါ “ ထွက်လာတယ်။

ဂျမူး ကက်ရှမီးယားအမျိုးသားကွန်ဖရင့် ခေါင်းဆောင် ဖါအူ အဗ္ဗဒူလာ ရောက်နေကြောင်းပြောပြီးစောင့်ခိုင်းတယ်။ တနာရီလောက်ကြာအောင် စောင့်နေရတယ်။ “ကာအို” က ဘာကြောင့်များဒါကြီးဝတ်ခိုင်းရတာလဲဘာ့ကြောင့်ဒီလို လုပ်စေချင်ရတာလဲ “လို့  သူမက ပြောကြောင်း “ဖိုဒီဒါ “ကတဆင့်ပြန်ပြောတယ်။ ကာအို ထံ ဖြစ်ပျက်သမျှ ကျွန်တော်ပြန်ပြောလိုက်တယ်။ကျွန်တော်က သူမအိမ်အတွင်းမှာ လုံခြုံ ရေး အားနည်းနေတယ်လို့ ထင်ကြောုင်း ပြောပြမိတယ်။ ဘာ့ကြောင့်လဲဆိုတော့  သူမအိမ်ကို ကျွန်တော်ရောက်စဉ် အကဲခတ်ကြည့်တော့ အခိုင်းအစေမကလေးတွေဟာ ဟိုဟိုဒီဒီ ပြားပန်းခတ်မျှ လူးလာတုံ့ခေါက် လမ်းသလားနေကြတယ်။ လုံခြုံရေးကလည်းဘာမှစစ်လားဆေးလား မလုပ်ပါဘူး။ လူငယ်အတွဲလေးတတွဲ တခန်းပြီးတခန်းဝင်ထွက်သွားလာ နေကြတာဘယ်လို စစ်ဆေးရေးမှုမျိုးမှ မလုပ်ဘဲ အေးဆေးနေကြတယ်လို့  မြင်ခဲ့လို့ပါ။
၁၉၈၄ခုနှစ် အောက်တိုဘာလ ၃၁ရက်နေ့မှာ ခါတိုင်းလိုဘဲ ကျွန်တော် မနက် ဂနာရီလောက် ရုံးကို ထွက်လာတယ်။ဖုန်းတချက်ဝင်လာတယ်။”GC ဆက်က်စ်ဆီနာ” ထံကပါ။ အဲဒီအချိန်က R&AW ရဲ့  အကြီးအကဲ ဖြစ်ပါတယ်။ သူကပြောတယ်။ “ ရာမန် “ ၀န်ကြီးချုပ်သေနတ် ပြစ်ခံရတယ်။ ငါ သူမအနားမှာဘဲ ရှိနေတယ် ရုံးကို မကြာခင် ငါပြန်လာမယ်  သတိနဲ့နေကြ”တဲ့။

သူမကို ဆစ်(ခ်) လုံခြုံရေး  အစောင့်နှစ်ယောက်က ပစ်သတ်လိုက်တာပါ။ သူတို့ဟာ ဝေပုံကျစံနစ်နှင့် တာဝန်တခုကို နှစ်ဦးသဘောတူ ပြုလုပ်ကြဟန်တူတယ်။ ကျွန်တော်က ဖုန်းထဲကနေ အကျိုးအကြောင်းအသေးစိတ်မေးချင်ပေမဲ့ သူက ဖုန်းချသွားတယ်။ကျွန်တော်က သူလက်အောက်က အရာရှိပါ။ အဲဒီအချိန်မှာ စစ်ရဲ နှစ်ပတ်လည်စီတန်းလှည့်လည်ပွဲ ရှိနေပါတယ်။ ကာအိုက တော့ “အင်ဒီရာဂန္ဒီအစား တရုတ်ခေါင်းဆောင်များနှင့် လျို့ ဝှက်စွာ တွေ့ ဆုံနေဆဲပါ။ ဒီအချိန်မှာ “ ဒါဝင်” ထံက ဖုန်းဝင်လာတယ်။ ကာအို
ဘယ်မှာလဲ သူနဲ့ တွေ့ ချင်တယ်  တဲ့။
 သူ ဘေဂျင်းမှာပါ
‘အရေးတကြီး ပြန်လာဖို့ လိုကြောင်းပြောပါ “ကျွန်တော်   “ ဆက်က်ဆီနာ”  ကို သတင်းပို့ လိုက်တယ်။ အဲဒီအချိန်မှာ  ကျွန်တော် သတင်းအချက်အလက်အချို့ ထပ်မံ ရရှိခဲ့တယ်။ သေနတ်သမားများဟာလဲ မိမိတို့ကိုယ် မိမိတို့ ပစ်သတ်အသေခံသွားကြောင်းနဲ့ အခြားလုံခြုံရေးတပ်သားများလက်ချက်လဲ ပါဝင်ကြောင်းသိရတယ်။ တယောက်ကတော့ ပွဲချင်းပီးပါတဲ့။ သူတို့တတွေဟာ အလွန်ပိပိရိရိရှိကြတယ်။ ဟန်မပျက်ကြဘူး။ မိမိတို့ လုပ်ကိုင်စရာရှိသရွေ့ တာဝန်ဝတ္တရားရှိတဲ့အတိုင်းအိနြေ္ဒမပျက် လုပ်ကိုင်နေကြတယ်လို့ ဆိုတယ်။ လူသတ်သမားများဟာ လျို့ဝှက်ကျယ်ပြန့်စွာ ပူးပေါင်းကြံစည်ခဲ့ကြတယ်လို့လည်း ကောလဟာလတွေ ပေါ်ထွက်လာတယ်။ ဆစ်(ခ်) အမျိုးသားလုံခြုံရေးတပ်ဖွဲ့ကို ဖြန့်ကျက်ချထားခြင်းမရှိဘဲ ဘာ့ကြောင့်ရုပ်သိမ်းခဲ့ရသလဲ ဆိုတာ ပြဿနာကြီးပါဘဲ။

ဘာသာရေးနှင့်ဆက်နွယ်ပြီး မကျေလည်မှု ရှိနေပါလျက် ဆစ်(ခ်)တို့ကို မိမိအနီး လုံခြုံရေး ခန့်အပ်ထားခြင်းဟာ အင်ဒီရာဂန္ဒီရဲ့အတင့်ရဲမှုဘဲ ဖြစ်ပါတယ်။ ပြီးတော့ အင်ဒီယာ ဟာ ကျည်ကာအင်္ကျီဝတ်ဆင်ခြင်းမပြုတာရယ် သေနတ်ပြီးတဲ့ ကျည်ကာကားကို အသုံးမပြုတာရယ် တို့ ဟာ သူမရဲ့ ကိယ်ရံတော် လုံခြုံရေး  ဆဏ်(ခ်)များအပေါ် ယုံကြည်မှု အပြည့်အ၀ရှိနေကြောင်းဖေါ်ပြနေခြင်းဖြစ်တယိ။ သူမအနီးမှာ သူနာပြု ကားမထားရှိခြင်းဟာလည်း အမှားပါဘဲ။ အရေးပေါ် သွေးသွင်းကုသမှု မပြုနိုင်တဲ အခါ သွေးထွက်လွန်ခြင်းဟာလည်း အဆိုးဝါးဆုံး ပြဿနာပါဘဲနီယာဂန္ဒီ “ က ဆေးရုံသို့ အမြန်ဆုံးပို့ဆောင်ပေးခဲ့ပေမဲ့ သွေးထွက်လွန်ခဲ့တာကြောင့် သေဆုံးသွားတာဖြစ်ပါတယ်။ သူမဟာဆေးရုံပေါ်အရောက်မှာတော့  လူထုနှင့် သွေးစည်းတွေ့ ဆုံပွဲကို ဖျက်သိမ်းခဲ့၇ပြီ့း မြေးကလေးနှင့် အတူ နောက်ဆုံး အချိန်ထိ နေသွားမယ်ဖြစ်ကြောင်း ကြေကြေကွဲကွဲ ပြောဆိုသွားတယ်။ ၄င်းသေဆုံးကြောင်း ကြေငြာရန် အိန္ဒိယအစိုးရ အသံလွှင့်ဌာနမှ နှောင့်နှေးခဲ့သော်လည့်း  အင်ဒီယာ သေဆုံးကြောင်းသတင်းကို BBC မှ အဦးဆုံးလွှင့်ထုတ်ခဲ့ပါတယ်။

DIB, VIPစသည် ဒေလီမြို့တော်ရှိ အဆင့်မြင့် အရာရှိများနှင့် အိုင်ဘီ အော့ဖစ်ဆာများ တွင် ပေါ့ဆမှု နှင့် သံသယတို့က လွှမ်းမိုးနေတယ်” ရာဂျစ်ဂန္ဒီ၏ အမိန့်ဖြင့် ရက်စက်ယုတ်မာသော ဤလုပ်ကြံမှုကြီးမှာ  တရားမျှတရေး ပြည့်စုံစွာ ဖြစ်စဉ်ဖေါ်ထုတ်ရေးတို့ကို ၀န်ကြီးချုပ်အသစ်အဖြစ် အမိန့်ထုတ်ပြန်ခဲ့တယ်။ ယနေ့  ထောက်လှမ်းရေး အဖွဲ့ နှင့် ဒေလီ ရဲအဖွဲ့တို့၏ ဂုဏ်သတင်းကျော်ကြားမှုကိုဤလုပ်ကြံမှုက နိမ့်ကျစေသည်အမှန်။ဖြစ်ရပုံမှာ မိမိအိမ်ခြံမြေအတွင်းမိမိကို မိမိ၏ ကိုယ်ရံတော်အဖွဲ့က အလွယ်တကူ လုပ်ကြံသတ်ဖြတ်သွားနိုင်ခြင်းသည် အိန္ဒိယ တပြည်လုံးတွင်မက ကမ္ဘာတ၀ှမ်းကိုပါ မေးခွန်းပေါင်းများစွာ အဖြေရှာမရ ဖြစ်စေ ခဲ့တယ်။ မည်သည့် ထောက်လှမ်းရေးကဖြစ်ပါစေ မည်သည့် ရဲ တပ်ဖွဲ့က ဖြစ်ပါစေ မိမိဦးခေါင်းတွင် အရှက်တရားသည် လေးလံစွာ ဆွဲချိတ်ထားရသလို လွန်စွာ ပင်ပန်းနေစေတယ်။ သူမကိုယ်တိုင်ကမူ ရဲဝံ့စွာ တာဝန်ရှိသည့်အလျှောက် အကြမ်းဖက်သမားတို့  ခိုအောင်းရာ ရွှေဘုရားကျောင်းကို စီးနင်းဖြိုခွဲရန် သူမ အမိန့်ပေးခဲ့သည်ပဲ။ အကြမ်းဖက်သမားတို့၏ အန္တရယ်မှ ကင်းလွတ်စေရန် ရွှေဘုရားကျောင်းတော်ကို ကာကွယ်ဖို့ လိုအပ်ကြောင်း သမကောင်းကောင်းနားလည်နေတာပါပဲ။ ပြည်သူတို့အားသူမက ကာကွယ်မှု ပေးခဲ့သော်လည်း ပြည်သူအများကမူ သူမကို ဆုံးရှုံးခဲ့ ရပီဖြစ်ပါတယ်။ အိန္ဒိယသမိုင်းမှာ အဆိုးဝါးဆုံး အမှောင်ဆုံးကာလဟု သမိုင်းတွင်ရစ်တော့မည်တည်း။ မှန်သည်။ သူမ မခန့်အပ်ထားတဲ့  လုံခြုံရေးသက်တော်စောင့်များက သူမ ပိုင်တဲ့  အိမ်ခြံမြေအတွင်းမှာဘဲ် အလွယ်တကူပဲ သူမကို ဇီဝိန်ချွေပြစ်ခဲ့ခြင်းသည် အိန္ဒိယ သမိုင်းကို အမဲစက်များစွန်းထင်းပေကျံ သွားစေခဲ့တယ်။

လျို့ ဝှက်ပူးပေါင်းကာသူမကို ရက်ရက်စက်စက်သတ်ဖြတ်လုပ်ကြံခြင်း
သတင်းသည်တောမီးပမာ နေရာအနှံ့   ပျံ့ သွားခဲ့တယ်။လျီု့ဝှက်ပူးပေါင်းကြံစည်သူများဟာ ပါကစ္စတန်မှာ ISI အရာရှိတွေနဲ့  တွေ့ ဆုံခဲ့ကြပြီးCIAနှင့်လည်း တွေ့ ဆုံခဲ့ကြောင်းသတင်းများမှာ ဖေါ်ပြပါရှိတယ်။ ည သူမလုပ်ကြံမခံရမှီ လအနည်းငယ်အတွင်းက တကယ်လို့ သူမသေရင် အိန္ဒိယမှာဘာတွေဖြစ်လာနိုင်သလဲ ဆိုတာ အမေရိကန် အကယ်ဒမစ် တယောက်က လေ့လာဆန်းစစ်ခဲ့ရာမှာ အံ့သြစရာပါဘဲ။ ဒီလေ့လာမှုမှာ ထောက်လှမ်းရေးက  ဘာမှ မသိလိုက်ဘူးတဲ့  အဆိုးဝါးဆုံး စိတ်ထိခိုက်စရာပါဘဲ။ သူတိုအနေနဲ့ ဒီအကယ်ဒမစ်ကို ကျောထောက်နောက်ခံ ပြုပြီး သတင်းနည်းနည်းပါးပါး၇ခဲ့ပုံပါဘဲ။

စုံစမ်းစစ်ဆေးရေးအဖွဲ့ တရားသူကြီးကတော့ ပယ်ချလိုက်တယ်။ ထင်ထင်ရှားရှား ပီပီပြင်ပြင် ဖေါ်ထုတ်ရမဲ့အစား စိတ်ကူနဲ့ ထင်ကြေးပေးကောက်ချက်ချ လိုက်တော့တာပဲ။ ယုံကြည်စိတ်ချမရနိုင်တဲ့ အထောက်အထားအချိုကို တင်ပြသူ ဒေလီပုလိပ်ဌာနက ဆစ်(ခ်) အရာရှိတွေ သွေးထိုးပေးတတ်တဲ့ ဟိန္ဒူဆစ်(ခ်) ဘာသာရေး ခေါင်းဆောင်  ဂုရုကြီးတွေ အကြမ်းဖက်သမား “ခါလီစတန်နီ” ရဲ့ ညွှန်ကြားချက်တွေကြောင့်လဲ  ရှုပ်ထွေးနေတယ်။ သူတို့ အကြမ်းဖက်သမားတွေ မတတ်နိုင်တဲ့ ကိစ္စ ဆစ်(ခ်) ပုလိပ်တွေက အောင်မြင်မှုရသွားတာဘဲ။ လူထုဆက်ဆံရေးမှာလုံခြုံမှုကလည်း အရေးကြီးကြောင်း သူတို့ သိနားလည်သွားတယ်။ ဒါ့ကြောင့်သူတို့ ဟာ ဖုန်းပြောခြင်း စတဲ့ ဆက်သွယ်မှု တွေ ကိုရှောင်ကျဉ်ကြတယ်။

ဒီနေရာမှာအကျိုးအမြတ်ရသွားသူက ဘယ်သူလဲ။ ပါကစ္စတန်လား။
သိပ်သေချာတာပေါ့။
အမေရိကန်လား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ပါဝင်ပတ်မှုသက်သေအထောက်အထားတစုံတရာ မတွေ့ ရပါဘူး။ တကယ်လို့ပါဝင်ပတ်သက်မှုရှိမယ်ဆိုရင်သူတို့ရဲ့ အောင်မြင်ခြင်းခြေရာတွေ ပြည့်နှက်ဖုံးလွှမ်းနေမယ်။ ဘယ်လို နိုင်ငံရပ်ခြားစွက်ဖက်မှုမျိုးကမှ သမိုင်းတွေရဲ့ မေးခွန်းလွှာတွေမှာ အဖြေရှာကြည့်။ ရနိုင်စရာ အကြောင်း မရှိနိုင်ဘူး။ ဆစ်(ခ်)တွေရဲ့ ဆူပူလှုပ်ရှားမှုကို ဖြိုခွင်းလိုက်ရာမှာ နောက်ဆုံးတော့ “အင်ဒီရာဂနင်္ဒီ” သေဆုံးကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်ရတာပါဘဲ။ ဆစ်(ခ်)တွေရဲ့  အဓိကရုဏ်းနှိမ်နင်းရေးမှာ သွေးမြေကျခဲ့ရသူက “အင်ဒီရာ”ကိုယ်တိုင်ပါဘဲ။ R&AW မှာက ဌာနတိုင်းလိုလို ဆစ်(ခ်) အရာရှိတွေ နှင့် ပြည့်နက်နေတာပါ။ ဒီအကြောင်း ဆက်ဆ်စီနာ ကြားသိချိန်မှာ ဆစ်(ခ်) အရာရှိအားလုံး ဆက်သွယ်ပြီး R&AW က ဆစ်(ခ်)တွေ ဒီအခက်အခဲကို ဘယ်လို ဖြေရှင်းကြမလဲ။ ဆစ်(ခ်)တွေရဲ့ ဆူပူမှုကို ရပ်တန့်သွားသည့်တိုင် သူတို့ မိသားစုနဲ့ နေသွားမလား။ အချို့  အထူးသဖြင့် ဂျူနီယာအဆင့်ရှိသူတွေ။ အိုးတွေ အိမ်တွေ  သူတို့မျိုးနွယ်စုတွေ ရှိကြတယ်။ သူတို့ကတော့ မေတ္တာရပ်ခံထားပါတယ်။ သူတို့အဖို့သူတို့အိမ်ဟာ လုံခြုံ စိတ်ချရပါတယ် တဲ့။ ကျွန်တော်တို့  အထူးမပြောလိုပါဘူး။ ဒေလီ ပုလိပ်အဖွဲ့ နဲ့  နေမြဲနေနေကြရမှာဘဲ။

ကာအို က ဘေဂျင်းကနေ ၀န်ကြီးချုပ်အသတ်ခံရပြီလို့ ကြားကြားချင်း ကြေကွဲ မဆုံးဖြစ်ရတယ် တဲ့။ ဘေဂျင်းခရီးစဉ်ကို အကျဉ်းချုံး ရုပ်သိမ်းပြီး ပြန်လာရတယ်။ ပြန်လာရပုံကလဲ အခက်အခဲတွေနဲ့ပေါ့။ အိန္ဒိယလေကြောင်းလိုင်းက တိုကျိုကနေ ဟောင်ကောင်ပါ။ ဘေဂျင်းကနေ ဟောင်ကောင် မရှိပါဘူး။တရုပ်အာဏာပိုင်အဖွဲ့က အထူးလေယာဥင်္တစင်းစီစဉ်ပေးတဲ့အတွက် အမြန်ဆုံးပြန်လည်ဆိုက်ရောက်ခဲ့ တယ်။ လေဆိပ်မှာ “ဆက်ဆီနာ “ကအသင့်ကြိုပေးတယ်။သူနှင့်အတူကျွန်တော်တို့ “ကာအို” နှင့် ဆက်သွယ်ရတယ်။ ၀န်ကြီ;ချုပ်ရဲ့  ဇျာပန အခန်းအနားကို ကျွန်တော်တို့  ၀မ်းပမ်းတနည်း ကျင်းပကြရတယ်။ အင်ဒီရာ ရဲ့  ရုပ်ကလပ်ဟာ မျက်နှာကလေးဘဲ ကျန်တယ်။ တကိုယ်လုံး နှင်းဆီရောင်စုံပန်းများကြဲပက်  ဖြန့်ခင်းထားပုံ က မရှုရက်စရာပါဘဲ/ ကျွန်တော်တို့  သူမကို နှမျောတသစွာ မီးတင်ရှို့  သင်္ဂြိုလ် လိုက်ရတယ်။

နောက်နေ့ မှာ “ကာအို”က “ရာဂျစ်ဂန္ဒီ “ကို သွားတွေ့ တယ်။ လက်ရှိ အဆင့်မြင့်အကြံပေးအရာရှိ ရာထူးကို စွန့်လွှတ်ပြီး ၀န်ကြီးချုပ်ရာထူးကို ဆက်ခံဖို့ ပြောတယ်။ သူက လက်ခံပါတယ်။ IBအဆင့်မြင့် အရာရှိတွေ ဒေလီရဲ အရာရှိတွေ  တကယ်တော့ ဘယ်သူ့ မှ အကြွင်းမဲ့ မယုံကြည်ရနိုင်ဘူး။ အင်ဒီရာ ဟာ ဆယ်စုနှစ် ၃ခုစာ တရားစီရင်ရေး ဌာနကိုရော အကြံပေးအဖွဲ့ကိုရော လုံးဝယုံကြည်ခဲ့သူပါ။ “ကာအို“က တော့ ဘယ်တော့မှအရှုံးမပေးပါဘူး တဲ့။ သူ့ မျှက်နှာပေါ်မှာဘယ်တော့မှ ကျရှုံးမှုကို ဖေါ်ပြမှာမဟုတ်ပါဘူး။ နှလုံးသားရဲ့  ပူဆွေးမှုကို ထာဝရ သိမ်းဆည်းပိတ်ဆို့ ပြီး သူမ ရဲ့ သိက္ခာကို ကာကွယ်ရင်း ဆစ်(ခ်) ဘာသာရေးခေါင်းဆောင်တွေနှင့် အစဉ်အမြဲ ဆွေးနွေးသွားမှာဖြစ်တယ်။         ။