နှစ်စဉ်ကျင်းပလေ့ရှိတဲ့ အပြည်ပြည်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးရုပ်ရှင်ပွဲတော် (Green Screen Fest) ပြုလုပ်စဉ်မှာ Elementary ကျောင်းတစ်ကျောင်းက ကလေးငယ်တွေ workshop တစ်ခု ပူးပေါင်းပြုလုပ်ကြပါတယ်။ Green Screen Fest ကို နိုဝင်ဘာ ၁၄ရက်ကနေ ၁၆ရက်အထိ ဘဲလ်ဂရိတ်မြို့ ဆာဗာစင်တာ(Sava Centar) က Art Cafe နဲ့ Hall မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ သုံးရက်အတွင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အပျော်တမ်းရုပ်ရှင်၊ ဇာတ်လမ်းတို၊ တီဗီမှတ်တမ်းနဲ့ Crude, Tapped, No Impact man မှတ်တမ်းရုပ်ရှင်တွေပြသခဲ့ကြတယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်တဲ့ ARIJADNINA NIT က volunteer တွေဟာ မြို့ထဲတစ်ချို့နေရာတွေမှာ ပြန့်ကျဲနေတတ်တဲ့ ပလပ်စတစ်ဗူးအဖုံး ၅၀၀၀ ကျော် ကောက်ယူခဲ့ကြပြီး အဲဒီအဖုံးတွေနဲ့ ကလေးငယ်တွေက တိရစ္ဆာန်ရုပ်ပုံဖော်တဲ့ installation workshop ပြုလုပ်ကြပါတယ်။ ရုပ်ရှင်ပွဲတော် ရက်အတွင်း ဆောင်းဦးအသီးအနှံတွေနဲ့ ရုပ်ပုံဖော်ခြင်း၊ မှိုစိုက်ပျိုးခြင်း၊ ဓါတုပစ္စည်းသုံးပြီး သစ်ရွက်မှ ကလိုရိုဖီးထုတ်ယူပုံလက်တွေ့သရုပ်ပြခြင်းနဲ့ တခြား workshop တွေလည်းပြုလုပ်ခဲ့ကြပါတယ်။
ရုပ်ရှင်ပွဲတော်စီစဉ်သူက workshop လေးတွေပြုလုပ်ကြဖို့ Elementary နဲ့ Secondary က ကလေးငယ်တွေကို ဖိတ်ကြားပါတယ်။ workshop ကို စိတ်ဝင်စားတဲ့ ကျောင်းတွေက လက်ခံပြီး သက်ဆိုင်ရာ ဆရာ ဆရာမနဲ့ ကလေးငယ်အုပ်စုတစ်ခုမှာ ကလေး ၃၀ ကျော်လောက် စုစည်းပြီး workshop ပူးပေါင်းပြုလုပ်ကြပါတယ်။
ပလးပ်စတစ်ဗူးအဖုံးတွေနဲ့ တိရစ္ဆာန်ရုပ်လေးတွေကလေးတွေပုံဖော်မယ်။ တိရစ္ဆာန်အကောင်ပလောင်လေးတွေပုံ စာရွက်မှာ sketch ဆွဲထားတယ်။ အဲဒါကို ကြည့်ပြီး အရုပ်ဖော်ကြမယ်။ ကလေးတွေ မလာကြသေးဘူး။
ရောက်လာကြပါပြီ။
အုပ်စု ၇ စု ခွဲလိုက်တယ်။
ဇီးကွက်လေးထင်တယ်။ ၄၅မိနစ်အချိန်ရပါတယ်။
ဒါ့ပုံရိုက်တာနဲ့ ပိုစ့်ပေးကြသေးတယ်။ ကလေးများတော်တော်တတ်
ဓါတ်ခဲလေးတွေကို အနားသတ်လုပ်ထားတယ်၊ သေးသေးလေးပဲလုပ်တယ်၊ ကလေးငပါးလေးတွေ။
ဒီအဖွဲ့က ပိုမြန်တယ်။ မြန်မှာပေါ့ အနားသတ်လေးပဲ လုပ်ထားတယ်။
လိပ်လေးနဲ့ လိပ်ပြာလေး၊
ဟိုအဖွဲ့ကပြီးနေပြီ မြန်မြန်လုပ်မှတဲ့
ဘယ်အဖွဲ့ကမှန်းတောင်မသိလိုက်ပါဘူး
Green Screen Fest ရုပ်ရှင်ပွဲတော်မှာ ပြသွားတဲ့ မှတ်တမ်းရုပ်ရှင်ကားတွေထဲက ဒါရိုက်တာ Laura Gabbert နဲ့ Justin Schein တို့ရိုက်ကူးခဲ့တဲ့ ၂၀၀၉ခုနှစ်က အမေရိကန်မှတ်တမ်းကားလေးဖြစ်တဲ့ No Impact Man ကို ကြည့်ပြီးတော့ စဉ်းစားစရာတွေ၊ လုပ်သင့်တာတွေ အများကြီးပဲ မြင်လာရတယ်။ အဲဒီကားထဲက ကောလင်းဘီဗန်မိသားစုက တစ်နှစ်လုံး အမှိုက်မစွန့်ပစ်ပဲ၊ လျှပ်စစ်မီးမသုံးပဲ၊ ကားအသုံးမပြု။ ဖုန်းအသုံးမပြုပဲ နေပြသွားတယ်။ ကလေးလေးကပါ ဖခင်ရဲ့ တစ်နှစ်တာ ကမ္ဘာကြီးကို မရိုက်ခတ်တဲ့သုတေသန မှာ အားတက်သရောသရုပ်ဆောင်သွားတာ ချစ်စရာ သနားစရာ၊ ချီးကျူးစရာကောင်းလှပါတယ်။ အ၀တ်လျှော်စက်အသုံးမပြုပဲ ဖခင်နဲ့ ကလေးငယ်လေး ရေချိုးကြွေဇလုံကြီးထဲမှာ ခြေထောက်နဲ့ နင်းပြီး အ၀တ်လျှော်ကြတဲ့အခန်းတွေ၊ ရေခဲသေတ္တာလည်းအသုံးမပြုတော့ မိခင်နဲ့အတူ ဆိုင်က ရေခဲတုံးလေးတွေဝယ်၊ ကလေးငယ်လေးက ရေခဲထုတ်လေးကိုင်ပြီး လှေကားပေါ် မနိုင်မနင်းသယ်လာတဲ့အခန်းတွေကို မျက်စိထဲ ပြန်မြင်နေမိတယ်။ သနားစရာကလေးငယ်လေးရဲ့ ဖခင်၊ မိခင်တို့နဲ့အတူ မငြီးမငြူနေထိုင်နိုင်ခဲ့တာတွေက ဖခင် No Impact Man ကို အထောက်အပံ့အများကြီး ဖြစ်စေခဲ့ပါတယ်။ ဒီနေ့ကမ္ဘာကြီးမှာ မိမိနေထိုင်ရာပတ်ဝန်းကျင်ကို အဆုံးမသတ်နိုင်အောင် တိထွေ့ရိုက်ခတ်နေကြတာတွေကို သတိထားမိလာစေတဲ့ မှတ်တမ်းကားလေးပါ။
ကောလင်း ရဲ့ ကမ္ဘာကြီးကို ထိတွေ့ရိုက်ခတ်မှု နည်းစေတဲ့ ဘ၀နေနည်း၆ နည်း ကလည်း အတုယူစရာကောင်းလှပါတယ်။
၁.diet လုပ်ပြီး ကမ္ဘာကြီးကိုကယ်တင်ပါ။ (သားစားမကျုးပဲ ကိုယ်အလေးချိန်လျှော့ချနိုင်အောင်)
၂.ပလပ်စတစ်ရေဗူးတွေမသောက်ပါနဲ့။(ပလပ်စတစ်အသုံးပြုပြီး လေထုညစ်ညမ်းမှုတွေ တိုးပွားလာတာကိုကာကွယ်နိုင်မယ်)
၃. ဘာမှမ၀ယ်ပါနဲ့၊၊ ဘာစက်ပစ္စည်းမှမသုံးပါနဲ့၊ လျှပ်စစ်ပစ္စည်းမဖွင့်မသုံးပါနဲ့။ မချက်ပြုတ်ပါနဲ့။ ဖုံးမဖြေပါနဲ့။ (ဘာအရင်းအမြစ်ကိုမှ မသုံးပါနဲ့တဲ့)
၎. ၀င်ငွေရဲ့ ဆယ်ဖို့တစ်ဖို့ ကို ပတ်ဝန်းကျင်ထိမ်းသိမ်းရေးကုသိုလ်ဖြစ်အဖွဲ့အစည်းတွေလှူပါ။
၅. စက်ဘီစီးပါ၊ လမ်းလျှောက်ပါ။(ကျန်းမာမယ်၊ ကားတွေကထွက်လာမယ့် ဓါတ်ငွေ့ထုတ်လွှတ်မှုတွေနည်းမယ်)
၆. တီဗီရှေ့မှာ အချိန်များများဖြုန်းမယ့်အစား ကမ္ဘာကြီးအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အသင်းအဖွဲ့လေးတွေနဲ့ ကမ္ဘာကြီးအတွက်အလုပ်လုပ်ပါတဲ့။
ခက်တာတော့ တော်တော်ကြီးကို ခက်ခဲနေပါလိမ့်မယ်။ ကောလင်းကတော့ No Impact Man မှာ တစ်နှစ်တာ ကမ္ဘာကြီးကို ရိုက်ခတ်မှုမပေးတဲ့လူတစ်ယောက်အဖြစ် နေပြသွားခဲ့ပါတယ်။ ကိုယ်တွေရော ဘယ်လောက်နေထိုင်နိုင်မလဲ။ No Impact Person တွေဖြစ်ဖို့ ကြိုးစားကြည့်ကြရင်ဖြင့် ပိုကောင်းတဲ့ကမ္ဘာကြီးဖြစ်လာမယ် ထင်ပါတယ်။ ။
No Impact Man Trailer
ပြီးခဲ့တဲ့နှစ်က workshop
Ref : http://www.greenscreenfest.org/

