Showing posts with label ဘာသာပြန်ဝတ္တုတို. Show all posts
Showing posts with label ဘာသာပြန်ဝတ္တုတို. Show all posts
Wednesday, September 12, 2012
သေမင်းနဲ့ တဲ့တဲ့တိုးတဲ့ည
“၂၀၀၇ခုနှစ် စက်တင်္ဘာလ ၂၇ရက်နေ့ ည”
“ရောဘတ်” က  ဒီညကို သူ့ ရဲ့မှတ်တမ်းစာအုပ်မှာ
ဘာ့ကြောင့် “သေမင်းနဲ့  တဲ့တဲ့တိုးတဲ့ည” လို့   ရေးမှတ်ခဲ့ သလဲ ဆိုရင်......
ပြေး ... ပြေး  မီလာ ... ပြေး ...
ရန်သူတွေ တအုပ်တကျင်း သူ့နောက် လိုက်လာသည်ဟု “ဒင်ကလေ မီလာ” မြင်သည်။
ထို့ကြောင့် သူ့ ကိုယ်သူကို  မာရသွန်သမားလို ပြေးခိုင်းနေသည်။
ပြေးသာပြေး၏။ ဦးတည်ချက်မရှိ။
သူသုံးစွဲထားသည့် မက်သမ်ဖက်တမင်း(methamphetamine)ဆေးက အစွမ်းပြနေလောက်ပြီ။ သူ့ တွင် ဆေးဝါးသုံးစွဲမှု လွန်ကဲခြင်း၏ အကျိုးဆက်အဖြစ် ယုံမှားလွန်ဝေဒနာတမျိုးခံစားရနိုင်သည်။ မကြာသေးမီကမှ ရဲ က သူ့ကို ခံဝန်ချက်ဖြင့် လွှတ်ထားခဲ့သဖြင့် ခုလို လွတ်လပ်စွာ သွားလာနေနိုင်ခြင်းဖြစ်သည်။ ကားမျိုးစုံတို့ဖြင့်  ရှုပ်ထွေးပြေးလွှားနေသော လမ်းမကြီးပေါ်သို့ သူရောက်လာသည်။ လင်းလက်စူးရှသော ကားမီးရောင်ကြောင့် သူ့ မျက်လုံးတွေ ကျိန်းစပ်နေပြီ။
သို့သော် သူ ပြေးနေဆဲ။  မော်တော်ကားများက တစင်းပြီးတစင်း  ပြေးသွားသည်။
“မီလာ” သည် ပြေးတုန်း ပြေးဆဲ။
ဟုတ်သည်။ ပြေးရမည်။ သူ့ နောက်ကို လူတွေ လိုက်လာနေသည်။ လိုက်လာသည့်လူမျာကို ရှောင်လွဲနိုင်ရန် ဘေးအိမ်တလုံး၏ ခြံစည်းရိုးကို ခုန်ကျော်ကာ ပြစ်ဝင်လိုက်သည်။ ခြံလေးက စိမ်းစိုလှပနေသည်။ အ၀ါရောင်ဆေးများ လှပစွာ သုတ်လိမ်းခြယ်မှုန်းထားသည့် အိမ်ကလေးမို့လည်း ချစ်ချင်စရာ။ “မီလာ” မျက်စိကစားကြည့်လိုက်ရာတွင် သော့ခတ်မထားသည့် ကားဂိုဒေါင်ကို သူမြင်သည်။  တံခါးကိုတွန်းဖယ်လိုက်သည်နှင့် အလွယ်တကူ ဂိုဒေါင်တွင်းသို့ ၀င်ရောက်ပြီးဖြစ်သွားသည်။ ထိုမှ အ၀တ်လျှော်စက်ထားရာ အခန်းတွင်းရောက်သည်။ လက်ဝဲဘက်အခန်းတွင်းသို့ သူ ချောင်းမြောင်းကြည့်ရှုမိရာ ခလေးတယောက်အိပ်နေသည်ကိုမြင်သည်။ ထိုမှ ဧည့်ခန်းတွင်းရောက်လာသည်။
သူ့ကိုယ်သူ ဘာလုပ်၍ လုပ်နေမှန်းမသိ။ ဘယ်ရောက်၍ ရောက်မှန်းမသိချေ။ သူ့ကိယ်သူ မေးခွန်းထုတ်ဖို့ကိုမူ သတိရသည်။ “ ငါ ဘာလုပ်နေသလဲ”  “ဟုတ်ပြီ” “ငါ ရှာနေတာ”  “ငါလိုချင်တာ” “သေနတ်တစ်လက်”  သူ နည်းနည်း ပြုံးမိသွားသည်။ ကျေနပ်အားရစွာ။ ရှေ့ဆက်သွားသည်တွင်  မြေတိုက်ခန်းတခု သို့ဆင်းရာ လှေကားကို သူတွေ့သည်။ သို့သော်မဆင်း။ တိတ်တိတ်ကလေးခဏ ငြိမ်နေသည်။ ပြီးလျှင် အနီးဆုံး ပြတင်းပေါက်တစ်ခုမှ အပြင်လောကသို့ လည်ဆန့် မျှော်ကြည့်သည်။  “အိုကေ”  ရန်သူမရှိ။ အတွင်းသို့ ပြန်လှည့်ကြည့်သည်။ လှေကားညာဘက်တွင် မိသားစု အခန်းကျယ်ကြီးရှိ၏။ စုံတွဲ တစ်တွဲ အိပ်မောကျနေပြီ။ အိပ်ယာဘေး ပုခက်ထဲတွင် ပိစိကွေး ကလေးတယောက် သနားစဖွယ် ခြေကားယား လက်ကားယား  အိပ်နေသည်။ တကယ့်ကို  ငြိမ်းအေးစွာ။ သို့သော် ကလေးက အရေးမကြီး။ သူလိုချင်သည်ကို အမိအရရှာသည်။ ကျီးကန်းတောင်းမှောက်ရှာသည်။ ဘီရို၊ အံဆွဲ အနှံ့။ မွှေနှောက်သည်။ လှန်လှောသည်။ ဒလစပ်။
 ဟော...။ တွေ့ပြီ။ အံဆွဲတစ်ခုအတွင်းမှ  ပြောင်းတို သေနတ်ကလေးတစ်လက်သည် သူ့ ကို မြှူဆွယ်နေသည်။  ထိုမခိုက် အိမ်ရှင်မ “အင်နာ” လန့်နိုးသည်။
ဖြတ်ကနဲ မျက်လုံးဖွင့်အကြည့် လူစိမ်းကို မြင်သွားရာ သူမ ရင် ဖိုလှိုက်သွားသည်။ သို့သော် လူစိမ်းက လယ်သည်။ ပါးပါးနပ်နပ်။ သူ့နှုတ်ခမ်းပေါ် လက်ညှိုးတစ်ချောင်း ဖိကပ်ကာ  “ရှူး တိတ်တိတ် နေ” ဟု အချက်ပြသည်။ လူစိမ်းက သေနတ်ကိုပါ ပြ နေ၍ နည်းနည်းမှ  မလှုပ်ရဲ။ သူ့ ခင်ပွန်းဘက် လှည့်ကြည့်ရာတွင် တော်သေးရဲ့။ သူနိုးနေပြီ။ လေးကိုင်းသဖွယ် အမိုးခုံးပြူတင်းပေါက် အောက်မှနေ၍  ဖြတ်သန်းဝင်ရောက်လာသည့် မီးရောင်သည် ကလေးပုခက်ပေါ် ဖြာကျနေသည်။ အခန်းကြီးကကျယ်သော်လည်း မှောင်ရီ ၀ိုးတ၀ါး။ သေနတ်သမားသည် ဟန်ရေးတပြပြဖြင့် လက်ထဲတွင် သေနတ်ကို လှည့်ပတ်ကစားရင်း။ “ရောဘတ်” နားထင်ကို ထောက်၍ ခြိမ်းခြောက်သည်။
“ရောဘတ်”  အသံမထွက်ရဲ။
လွန်ခဲ့သည့် (၉)လကမှ  “ရောဘတ်” နှင့်  “အင်နာ” တို့ မိသားစု “ပိုတက်ကယ်လိုမြို့” သို့ မြေ၀ယ်အိမ်ဆောက် ပြောင်းရွှေ့လာသည်။ တိုယိုတာပစ္စည်းအရောင်းမန်နေဂျာ ရောဘတ်ကို အိမ်းနီးချင်းများက ချစ်ကြသည်။ မြို့လေးသည် တောလည်းမဆန်ပါဘဲ လယ်ကွင်းများနှင့်ထိစပ်နေသဖြင့် တိတ်ဆိတ်သည်။ နှင်းဆောင်းသောတောင်တန်းများအောက်မှ တောင်ကုန်းငယ်ကလေးများခြေရင်းဝယ် ပြားဝပ်နေသည်။ သူတို့ အိမ်အနီးဝန်းကျင်ဝယ်    သဘောကောင်းပြီး ကူညီလိုစိတ်ရှိသူ ရဲ အရာရှိဟောင်း  ဂရီဂန် မိသားစု။  ဘာဘီကျူးအသားကင် ဆိုင်နှင့် ကုန်စုံဆိုင်ပိုင်ရှင် ဒေးလ် မိသားစု၊ အေပရယ် ဟက်ချာ မိသားစုတို့ ရှိကြသည်။ အားလုံးခြုံကြည့်လျင်  အစစ လုံခြုံဘေးကင်း၍ ပူရန် အကြောင်းတစုံတရာမရှိချေ။
“ရောဘတ်” သည် ခေါင်းမာတတ်ပြီး ဇွဲရှိသည်။ ဘာကိုမျှ အရှုံးမပေးတတ်ချေ။ အိမ်ထောင်ဦီးကပင် မိသားစုအတွက် အရေးကြုံ က မိမိကိုယ်ကို စတေးပြီး ကူညီကယ်တင်မည်ဟု ဇနီးဖြစ်သူအား ကတိပေးခဲ့ဖူးသည်။ ကိစ္စကြီးငယ်ပေါ်ပေါက်ပါလျင် လုံခြုံ ဘေးကင်းရာ အပြေးအလွှားပုန်းခို၍ အကူအညီရယူနိုင်ရန်ကိုလည်း သင်တန်းပေးထားသည်။ ထိုအခိုက် ပုခက်တွင်းက ကလေးပိစိကွေးနိုးလာပြီး အော်ငိုသည်။ တ၀ါးဝါး အော်ငိုသည်။ စိတ်ရှုပ်သွားသော သေနတ်သမားက  “တိတ်အောင်လုပ်စမ်း” ဟု မိုးခြုံးသကဲ့သို့  အော်သည်။ “သေနတ် ဘယ်မှာရှိသေးလဲ” ဟုလည်းမေးသည်။ “ဂိုဒေါင်ထဲမှာ ရိုင်ဖယ်တလက်ရှိသေးတယ်”ဟု “ရောဘတ်” ဖြေသည်။ “ဘဏ်အပ်ငွေ ဘယ်လောက်ရှိလဲ “
မေးပြန်သည်။ “ဒေါ်လာ ၃၀၀၀” ဟုဖြေသည်။ “ မညာနဲ့”  သေနတ်သမားကငေါက်သည်။
“အင်နာ” ဘာလုပ်ရမည် မသိချေ။ အိမ်ထောင်ဦးက ကတိက၀တ်အတိုင်း “ရောဘတ်” ယခုကိစ္စကို ဖြေရှင်းနိုင်လိမ့်မည်ဟု သူမ ယုံကြည်သည်။ “ရောဘတ်” ကလည်းအကွက်ကောင်းချောင်းနေသည်။ သေနတ်သမား ပုံမှန်စိတ်မရှိကြောင်း သူရိပ်မိသည်။ ငိုနေသောကလေးကို သေနတ်သမားက စိတ်မရှည်စွာ ကောက်ယူလိုက်ပြီး “တိတ်အောင်လုပ်ထား” မိခင်ထံ ပေးသည်။ ကလေးကို ပိုက်မိသွားရာတွင် မိခင်က လွတ်မြောက်ရန်လမ်းစကို ရှာသည်။ သေနတ်သမားကမူ သေနတ်တစ်လက်တည်းဖြင့် အားလုံးကို ထိန်းချုပ်ထားယင်း လှစ်ကနဲ အတွေးနယ်ချဲ့မိသည်။ “မိုးလင်းတော့မယ်။ လင်းရင် ဘဏ်ကငွေတွေ အထုတ်ခိုင်း။ ကိုင်း .. ကိစ္စ မပြတ်လား။ “သူပျော်နေသည်။   ပြတင်းတံခါးဆီ လှမ်းမျှော်သည်။   သည်အခိုက်  “ရောဘတ်” အိပ်ယာမှ ခုန်ထ၍  သေနတ်သမား၏ မျက်နှာကို လက်သီးနှင့် အားကုန်ထိုးသည်။ သေနတ်သမားယိမ်းယိုင်သော်လည်း လဲပြို ခြင်းမရှိ။ “အင်နာ” က မျက်စိကို ရှင်ရှင်ထားသည်။ “ရောဘတ်”  က စဉ်းစားချိန် တစက္ကန့်မရှိ။ လွှားကနဲ ခုန်အုပ်ပြန်သည်။ ထိုစဉ် “အင်နာ နှင့် ကလေး” ပြေးကြပြီ။ မကြာမီ လမ်းမပေါ် ရောက်သွား၏။ မိတ်ဆွေ တွေကို ကြုံး အော်ခေါ်သည်။
“ဒေးလ်”
“အေပရယ်” 
“ဟဲလို  ..  တယောက်ယောက်ကြားနိုင်သလား.. ကျေးဇူးပြုပြီး  ကယ်ကြပါအုံး“”
“ဒီအချိန်မှာ  သေနတ်သမားနှင့် “ရောဘတ်”  ထွေးလုံးသတ်ပုတ်နေကြပြီဖြစ်သည်။ သေနတ်ကို လုသည်။ အခန်းတခုလုံး သိမ့်သိမ့်တုန်ခါလျက် မီးအိမ်းများကွဲကုန်သည်။ ခုံများလဲပြိုသည်။ တစ်ချီတွင် သေနတ်သမား၏ လက်ထဲ၍ “ရောဘတ်” ခမြာ ခလေးတယောက်လို လူးခါပြီး ချာချာလည်နေသည်။ သို့ ရာတွင် လှည်ပတ်လိမ်ကျစ် ပြေးရာမှ သေနတ်သမားကို ဘီရို တလုံးတွင် ဖိကပ်ဖို့ အသာစီးရလာသည်။ ယုံကြည်မှုအပြည့်ဖြင့် ဇွဲရှိသော “ရောဘတ်” က နောက်ဆုံး သေနတ်သမား၏ ခေါင်းကို ဆောင့်ကာ ဆောင့်ကာ  အနိုင်ယူလိုက်သည်။ သေနတ်ကမူ မရခဲ့။  “ရောဘတ်”  “အင်နာ့”ကို အိမ်အပြင်ထွက်ရှာရာ  တကြော်ကြော် အော်နေဆဲ တွေ့ရသဖြင့် ကလေးအကြီးဘယ်မှာလဲ မေးပြီး အကြီးကို ကယ်ထုတ်ရန် အိမ်ဆီသို့ပြန်ပြေးသည်။ 911  ကို ဖုန်းဆက်ရန်လည်းမှာခဲ့သည်။ “ဂရီဂန်” က ရဲကို  အကြောင်းကြားဖုန်းဆက်သည်။   ဂျွန်  နှင့် လင်ဒါ  တို့ လည်း   911 ကို  အဆက်မပြတ်ခေါ်သည်။ ရဲတွေ ဘာလုပ်နေသလဲ ။  
“ရောဘတ်” အိမ်ကို တစ်ခေါက်ပြန်အရောက် ကားဂိုဒေါင်ထဲမှ ရိုင်ဖယ်သေနတ်ကိုယူရန်အသွား  သေနတ်သမားကို တွေ့လိုက်ရသည်။ “ရောဘတ်” နောက်မှ “ဒေးလ်” က လိုက်ပါခဲ့သည်။ မိတ်ဆွေနှစ်ဦး သေနတ်ကိုယ်စီဖြင့် ညီညာစွာ ချီတက်လာကြသည်။ “ဒေးလ်” က “ရောဘတ်” အား အပို ပါလာသော သေနတ် ကိုပစ်ပေးသည်။ “ရောဘတ်” က သေနတ်သမားဝင်လာနိုင်သည့် လမ်းကြောင်းကို ပိတ်ဆို့ လိုက်သည်။
အချိန်မှာ နံနက် ၃း၀၁ နာရီ ။ 
တပ်ကြပ်ကြီး  “ထရဲ့န် ၀ှစ်တနီ”  သည်  ညစာအတွက် ဆယ်မွန်ငါးများကို ကင်ရန်ပြင်ဆင်နေခိုက် မနေသာတော့ဘဲ  အရေးပေါ် ထွက်လာခဲ့ရသည်။ ဒီအချိန်မှာ  “ဒေးလ်” သည် “ရောဘတ်” အိမ်ထဲ သို့ ရောက်နေပြီ။ သေနတ်သမားက ခုံတန်းလျားတခုနောက်မှ ခုန်ထွက်လာပြီး  “ဒေးလ်”  ကို သေနတ်ဖြင့်ဆီးချိန်သည်။
“မလှုပ်နဲ့” “ဟေ့ကောင်၊ ချလိုက်စမ်း မင့်သေနတ်” ဒေးလ် သေနတ်ကို လွှတ်ချသည်။ “မီလာ”က ကောက်ယူသည်။
တံခါးဆီ အပြေး “ရောဘတ်”နှင့် တိုးသည်။
“မီလာ”“သေနတ်လွှတ်ကျသည်။
“ဒေးလ်” ကောက်ယူသည်။
“မီလာ” က ၄လက်မအရွယ် မောင်းပြန်ဒါး တစ်ချာင်းကိုထုတ်သည်။
ဒါးသွားကို လက်ကောက်ဝတ်ပေါ်တင်သည်။  ပြီး  သူ့လည်ချောင်းဝကို ပြောင်းထောက်သည်။  
ရဲကားများအချိန်မီ ရောက်လာပါသည်။
“မီလာ” သူ့ကိုယ်သူ အန္တရယ် မပြုနိုင်တော့။ “မီလာ” ဖေါက်ထွင်းမှု၊ သေကြောင်းကြံစည်မှု၊ တရားမ၀င် လက်နက်ကိုင်ဆောင်မှု၊ Methamphetamine  သုံးစွဲမှု တို့ ဖြင့် ရုံးတော်တွင် အမှု ရင်ဆိုင်ရမည် ဖြစ်ပါသည်။
“ရောဘတ်” သည်  မိမိအိမ်အတွင်း ၀င်၍ ခလေးများကို ကြည့်ရှုရာတွင် ၄နှစ်သားကလေးမှာ အိပ်ပျော်နေဆဲ ဖြစ်ပြီး  ၇နှစ်အရွယ် သမီးကလေးမှာ မိမိအိပ်ခန်းထဲမှ နေ၍  မိမိဘခင်နှင့် သေနတ်သမားတို့၏ ဖိုက်တင်ခန်းကို ရုပ်ရှင် ဇာတ်လမ်းသဖွယ်  သည်းထိတ်ရင်ဖို ကြည့်ရှုခဲ့ရ သည်ဟု ရယ်မောပြောဆိုခဲ့ပါသတည်း။          ။
Florist
Source : RD MAY  2008, Dead of  Night
Tuesday, June 19, 2012
ပျော်စရာ လှိုဏ်ဂူအိမ်ကလေးထဲမှာ
သင် နောက်ကျ ကျန်ရစ်မှာစိုးပြီး အမြဲတန်း ဤ ခေတ်ကြီးနှင့်အမှီ
အပြေးအလွှားလိုက်နေရတာ မို့  မောပမ်းနွမ်းနယ် နေလောက်ပြီ။
ကိုင်း  .. ကျုပ်တို့ နဲ့ အတူလိုက်ခဲ့။ ကျောက်ခေတ်ကို ပြန်သွားပြီး ဂူအောင်းကြရအောင် …တဲ့။
Nick Weston ကတော့ ဂူနေလူသားဘ၀ကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီ ဖြစ်ကြောင်း ပြောပြနေပါတယ်။ တစ်ခါတစ်ရံ Florist တို့တတွေ ခေတ်ကိုအမှီလိုက်နေရတာ အားရတယ် ကျေနပ်ဝမ်းသာတယ်  ပျော်ရွှင်မိတယ် ဆိုပေမဲ့ တစ်ခါတစ်ရံတော့လည်း စိတ်ညစ်ညူးထွေပြားလာတာမျိုးတွေ ရှိတတ်ပါတယ်။ ကားစီးရတာကြာတော့ မွန်းကြပ် ပိတ်ဆို့လာလို့ လှည်းယဉ်ကလေးစီးချင်တဲ့ဆန္ဒ ဖြစ်ပေါ်လာသလို ဒီကမ္ဘာကြီးကို back လုပ်ပြီး ထိန်ထိန်ညီးနေတဲ့ လျှပ်စစ်မီးရောင်နဲ့ ကင်းရာ လူသူမနီး လရောင်ဆမ်းတဲ့  တောစခန်းမှာ  စိတ်လွတ် ကိုယ်လွတ် နေချင်တဲ့ ဆန္ဒ မကြာမကြာ ပေါ်လာတတ်ပါတယ်။ ဒါ့ကြောင့် မွမ်းမံချယ်သမှုမပါ သာမန်ရိုးသားပွင့်လင်းလွတ်လပ်တဲ့ ဂူနေလူသားဘ၀ လူနေမှု စတိုင်ကလေးတခု ပြန်လည်ပုံဖေါ်ဖို့  ကြိုးစားနေတဲ့ Nick ပြောပြတာကလေးကို Florist တို့  ဖတ်ကြည့်ကြရအောင်။
ကျုပ်က တောလိုက်မုဆိုးပညာရပ်တွေကို ၀ါသနာပါလွန်းလို့ ရှေးဟောင်းသုတေသန ဆိုင်ရာ တက္ကသိုလ်တွေမှာ သဲကြီးမဲကြီး လေ့လာထားတာပါ။ သာမန်လူသားဘ၀မှာ ရိုးရိုးသားသား ကျုပ်က  ပျော်မွေ့ချင်တာ။ အင်္ဂလန် အရှေ့တောင်ပိုင်းဒေသမှာရှိတဲ့ တောလိုက်မုဆိုးသင်တန်းကျောင်းတခုက ကျွန်တော်ထွက်လာတာ မကြာသေးပါဘူး။ သဲကန္တာရဆန်တဲ့ ကျွန်းငယ်လေးတကျွန်းမှာ ၃လလောက်နေရင်း ယူကေ သင်္ဘောတစင်း နစ်မြုပ်ရာမှာလဲ ကျုပ် ကယ်ဆယ်ရေး လုပ်ခဲ့ ပါသေးတယ်။ ဒီ့နောက်သစ်ကိုင်းအိမ်တလုံးမှာ၆လလောက်နေပြီး စာရေးနေခဲ့တယ်။
တကယ်တော့ သာမန်လူသားဘ၀ကို ပြန်သွားဖို့ ဆိုတာ လွယ်တော့  မလွယ်ပါဘူး။ ဒါပေမဲ့ ကျုပ်ကတော့ ဂူနေလူသားဘ၀ကို အစမ်းသဘောမျိုး တပတ်လောက် နေကြည့်ဖို့ စိန်ခေါ် ဆုံးဖြတ်လိုက်ပါပြီ။ ကျုပ်သူငယ်ချင်း “အယ်လ် ဟမ်းမ်ဖရေး”  က မှတ်တမ်းတင် ဓါတ်ပုံတွေ လိုက်ရိုက်ပေးမတဲ့။  ရှေးဟောင်းဂူနေလူသားတို့ဘယ်လို နေတယ်။ ဘယ်လို စားတယ် ဘယ်လို အစာရှာတယ်။ ဘာလက်နက်တွေ သုံးတယ်။ ဘယ်လို အိပ်တယ် ။ အရာရာကိုပေါ့။ သူတို့ နေသလို နေမယ်။ သူတို့လုပ်သလို အကုန်လုပ်မယ်။ ကျုပ်တို့ လွန်ခဲ့တဲ့ အနှစ်တသောင်းက လူသားဘ၀မျိုး ပြောင်းလဲ နေထိုင်ကြရတော့မယ်။ ဒါပေမဲ့  “ယူအက်စ် ပါမောက္ခ ဂျွန် ဇာဇန် “ကတော့ “ဒါဟာ စိတ်ပျံ့ လွင့်မှုကြောင့် ဖြစ်ပေါ်လာတဲ့  စူးစမ်းလိုစိတ်သက်သက်ဘဲ” လို့  အခိုင်အမာ ဆိုပါတယ်။
“အယ်လ်”နဲ့ ကျုပ်အဖို့တော့ ကျုပ်တို့ရဲ့ ထူးခြားတဲ့အတွေ့အကြုံ ကနေ တစုံတရာ သင်ခန်းစာတခုခု ရနိုင်ကောင်းရနိုင်ပါလိမ့်မယ်။ နောက်နေ့ ပြင်ဆင်သင့်တာပြင်ဆင်ပြီး ကျုပ်တို့အဖို့မီဆိုလီသစ်ခ် လူသားတယောက် ဖြစ်လာဖို့  စိတ်အလွန် ၀င်စားနေတော့တယ်။
ပထမနေ့ 
ကျုပ်တို့ စခန်းချဖို့ နေရာသစ်ကို ရောက်ရှိတာနဲ့ ပတ်ဝန်းကျင် တောတောင်ရေမြေ အနေအထားကို စူးစမ်းကြတယ်။ဂူ တခုခုကိုတော့ ယောင်လို့ မှ မတွေ့ သေးဘူးပေါ့။ ဂူနေလူ လို့  နာမည်ခံထားသော်လဲ တစုံတရာ အစားအစာ မရသေးပါဘူး။ ပတ်ဝန်းကျင်တခုလုံး သစ်တောတွေ လယ်ကွင်းတွေကတော့ အပြည့်ဘဲ။ ကောင်းကောင်း တောလိုက်လို့  ရမဲ့ အနေအထားကိုတော့ တွေ့ နေရပါပြီ။ စွန့် စားရတော့မယ်။ ဂျီတကောင်လည်းတွေ့ ထားတယ်လေ။သူရေသောက်ဆင်းရင် …
ကျုပ် ပြုံးမိသေး။ ဒါ့ကြောင့် ကျုပ်က “ပျော်စရာ ဘဲဟေ့” လို့  ကြေညာလိုက်တယ်။ “အယ်လ်” ကတော့ “ကျွန်တော် နည်းနည်း စိုးရိမ်မိတယ်ဗျ ။ လောမကြီးပါ နဲ့” တဲ့ ထူးထူး ခြားခြား စကားဆိုတယ်။
ကျုပ်တို့  မီးမွှေးလိုက်ကြတယ်။ မြက်ခြောက်တွေကို စုစည်းပြီး အထုံးပြု  မီးရှို့ လိုက်တော့ မီးကို ရပြီ။ 
ဒါဟာ ရှေးဦးလူသားတွေရဲ့ အဓိကကျတဲ့ အလေ့အကျင့် တခုမို့ လား။
နောက်တစ်ခု ကျုပ်တို့ ခိုနားဖို့ကွန်းတခု တည်ဆောက်ကြရမယ်။ ပစ္စည်းကရိယာကို လိုနေပြန်ပြီ။ ရှေးဦးဂူနေလူသားတွေဟာ ကျောက်ကို ပုံဖေါ် လက်နက်လုပ်ကြတယ်လေ။ သင်တန်းမှာ ကျောက်လက်နက်ပစ္စည်း လုပ်နည်း သင်ထားတော့ ။ ပြီး ကံအားလျော်စွာ ကျုပ်တို့ စခန်းချတဲ့  အနီးအနားမှာဘဲ မီးခတ်ကျောက်တောင်တည်ရှိနေတော့ အဲဒီက အပိုင်းအစတွေနဲ့   ကျုပ်တို့  အလွယ်တကူ သမင်ချို ပုံ တခု ကို ပုံဖေါ် ထုဆစ်လိုက်ကြပြီ.။ ပြီးတော့ ကျောက်ခေတ်အသုံးအဆောင် ဓါးလှံ လေးမြား ဘလိတ်ဓါး ပုဆိန်စသည်။
ကိုင်း အမဲလိုက်ထွက်ဖို့ အချိန်ကျရောက်လာပါပြီ။ ကျော့ကွင်း၆ခုကိုလည်း ပြင်ဆင်ပြီးပြီ။  ဒါပေမဲ့  ကျုပ်တို့အတွက် အဟာရဖြစ်မယ့် အစားအစာ က အပူတပြင်းလိုအပ်နေပါပကော။ စားစရာ စိမ်းစိမ်းစိုစိုတွေ..နက်တယ်လ် ဆော်ရယ်လ် နဲ့ ဗျစ်ပန်း စတာ တွေ  တတောလုံး တတောင်လုံးပိုက်စိပ်တိုက်ရှာ မတွေ့။ ဒေစီတွေကတော့ တွေ့နေရရဲ့။ တခြားရိုးစင်းစင်း မလောက်လေးမလောက်စားအပင်ကလေးတွေ တွေ့ လားတွေ့ ရဲ့ ။”အယ်လ်” ကတော့ ပေါင်မုံ့ မီးကင်နဲ့  ယိုချိုချိုမွှေးမွှေးလေး စားရဖို့ မျှော်လင့်နေမလားဘဲ။ တကယ်တော့ ကျုပ်တို့ ခန္ဒာကိုယ်နဲ့  လိုက်ဖက်တဲ့  အစာအဟာရကို လိုအပ်ပေမဲ့  ဒီ အနံ့အရသာ ပြင်းပြင်း မွှေးမွှေး  အပွင့်တွေ အရွက်တွေ ရောနှော ပေါင်းစပ်ထားတဲ့ အစာကို အဟာရအဖြစ် ကျုပ်တို့ စားကြရမှာပါ။
၎နာရီ ၀န်းကျင်မှာတော့  တကိုယ်လုံးနုံးခွေလာကြပြီ။ ဒါပေမဲ့ နားခိုစရာ ရှာမတွေ့သေးပါဘူး။ ကျော့ကွင်းတွေ ထောင်ခြောက်တွေ စစ်ဆေးကြည့်တော့လဲ ဘာကောင်မှမမိ။ ဗလာနတ္ထိ။ အမိုးခုံးလေးနှစ်ခု နဲ့ ဟေဇယ်လ်ပင်ကိုလှဲချ ဘောင်ခတ်ပြီး ကွန်းခိုနားနေဖို့  ဂူသဏ္ဍာန်ာလေး လောလောဆယ် နေဖို့ဖန်တီးလိုက်တယ်။ ဟန်းနီးဆတ်ကယ်လ်နွယ်ပင်တွေ ဟေဇယ်ရွက်တွေ ဋရင်ကောက်ပင်တွေ စသည်ကိုတော့ ရေစိုခံအောင်မိုးတယ် ကာတယ်။ညနေခင်းအစောပိုင်းမှာဘဲ ကျုပ်တို့နေဖို့  သားအောင်းဂူလေးတခု လက်စသတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့ နည်းနည်း မှောင်တာနဲ့ တောက သိပ်သည်းထူပစ်ပြီး နက်ရှိုင်း သွားတယ်။ တော်သေးတာပေါ့ ။ကျုပ်တို့အရပ်နဲ့ တပြေးညီ ထင်းတွေ ခုတ်စီထားတာရှိလို့ တညတာနွေးနွေးထွေးထွေးနေဖို့  မီး မရှိမှာ မပူရဘူး။ အမဲလိုက် ရထားတဲ့  ဂျီသားခြောက်တွေကို ဟေဇယ်လ်သားတံစို့တွေနဲ့ကင် မီးမြိုက်ပြီးညစာ ဖန်တီးလိုက်ကြတယ် ။ ညအိပ်ချိန်မှာတော့ လွန်ခဲ့တဲ့ လအနည်းငယ်ကတည်းက ပြင်ဆင်ထားတဲ့(မွေ့ယာအစား) နူးညံ့တဲ့  သမင်ရေ နှစ်ထပ်ခင်းပြီး အပေါ်က ဋရင်ကောက်ပင်ရွက်တွေ ဖြန့်ခင်းလိုက်တယ်။ကောင်းကောင်းကြီး သက်တောင့်သက်သာ အိပ်ကြရတယ်။ နူးညံ့တဲ့ ဆိတ်ရေ ကို အပေါ်ကနေ လွမ်းခြုံအိပ်ကြရတော့ အအေးဒါဏ်ကိုလဲ ကာကွယ်ပြီးဖြစ်တယ်။
“ အယ်လ် “ ကတော့ “ဇိမ်ဘဲဟေ့” လို့  သဘောအကျကြီးကျပြီး အော်ဟစ်နေတယ်။
ဒုတိယနေ့ 
နံနက် အရုဏ်တက်မှာဘဲ အံ့သြတုန်လှုပ်စွာနိုးလာခဲ့တယ်။့ သားမွှေးစောင်က ခြုံရက်ဘဲ။ မီးကတော့ သေနေပြီ။ အခြေအနေကတော့ မနှစ်မျို့စရာဘဲ။ ဒါပေမဲ့  ..ကြည့်လိုက်စမ်း။ ငွေရောင်တောက်နေတဲ့ အနားကွပ် မျဉ်းကလေးတခု။ထွက်ပြူလာတယ်။တောဟာ တဖြည်းဖြည်းနိုးထလာခဲ့သလို ငှက်ကလေးတွေရဲ့  ကျိကျိကျာကျာ တေးဆိုသံလေးတွေနဲ့ မြိုင်ဆိုင်လာနေပြီ.။ ထွန်းသစ်စ နေမင်းရဲ့  လင်းေေ၇ာင်ခြည်ဟာလည်းသစ်ပင်တွေကို ထွင်းဖေါက်ကျော်ဖြတ်လို့ကျုပ်တို့ဆီ ဖြာကျလာပြီ။ သိန်းငှက်ကြီးတကောင် ပန်းခြောက်ကလေးတွေကို ကျော်လွှားပြီး နေ့သစ်တနေ့အတွက် အစာရှာဖို့ အလို့ ငှာ လယ်ကွင်းတွေဆီ ပျံသန်းခဲ့ ပြီ။
ကဲ ကျုပ်တို့လဲ အလုပ်စကြဦးစို့ရဲ့။ ပထမ ကျုပ်တို့ ထောင်ခြောက်တွေကို စစ်ဆေးကြည့်ရှုကြတယ်။ ဒီတခါတော့ ၀ှက်ဖဲကလေးတွေ ထုတ်ဖေါ်လိုက်နိုင်ပြီ လို့ထင်ထားပေမဲ့  ချက်ခြင်းပယ်ချလိုက်ရတယ်ဗျို့။ လေးခုက ဘာမှမရှိ။ တခုမှာ ယုန်မွှေးတွေ ညှိတွယ်နေတာမြင်ရတယ်။ကျန်တခုမှာလဲကျုပ်တို့ပြိုင်ဘက် ဖြစ်နေတဲ့ မြေခွေးတကောင် လက်ချက်မိသွားပုံရတယ်။ဘာဆို ဘာမှ မကျန် ။ စခန်းပြန်ရောက်တော့ “အယ်လ်” ကတော့ မီးဖိုနေပြီ။ ကျုပ် ခြေပစ် လက်ပစ်ထိုင်ချလိုက်တယ်။ မီးတွေကတော့ ကင်စရာ ပါးရှားစွာ တောက်လောင်နေတယ် ။မိနစ်ပေါင်းများစွာ ငြိမ်သက်နေကြရာက သည်းမခံနိုင်တဲ့ ကျုပ်သူငယ်ချင်းက “ကော်ဖီ မရှိ” လို့  ထအော်လိုက်တယ်။ဒါနဲ့ ဘဲ ကျောက်လက်နက်အချွန်တခုနဲ့ အမြစ်တွေ လိုက်တူးမိတယ် ။ ၀က်မြေဥလိုမျိုး။ ဘားဒေါ့ခ်ပန်းဥမျိုး။ဒါလဲ မစွန်ဘူးခင်ဗျ။ နုံချာချာ သေးကွေးကွေးတွေ။ ဘာ့ကြောင့်များ အာလူးခင်း မတွေ့ ပါလိမ့်။ ကျုပ် ပြစ်ပြစ်နှစ်နှစ် ညည်းလိုက်မိတယ်။ မီးကျီးခဲ ကြားက အမြစ်တွေ ဥတွေက သင်းသင်းလေးမွှေးလာပြီ။ စားချင်စရာပါဘဲ။ အိမ်လုပ်တာနဲ့တော့ မတူဘူးပေါ့။ ကျုပ်တို့ဗိုက်တွေ ဆာလောင်မွတ်သိပ်နေပြီ။ ဗိုက်ထဲမှာသာ မိုးခြုံးနေတာ မဟုတ်ဘူး။ အပြင်မှာလည်း မိုးခြိမ်းနေပြီ။ ဟေဇယ်ရွက်တွေကတော့ မိုးဒါဏ်ကို ခံနိုင်ပါတယ်။
တတိယနေ့ 
အိပ်ဖို့ မျှော်လင့်မိကြပေမယ့် မိုးေ၇ကြောင့် ရေစိမ့်နေတယ်။ ပြိုတော့ မကျလောက်ပါဘူး။ စားစရာ အရွက်တွေလိုက်ခူးရအုံးမယ်။ ဟောဗျ။ မိန်းမအရွယ်ခပ်ကြီးကြီး နှစ်ယောက် လျှောက်လာနေပါလား။
“သားရဲတွင်းကလေးပါလား ချစ်စရာလေး။ မင်းဆောက်တာလား။ ညက အပြင်မှာ အိပ်တယ်ပေါ့.”
ကျုပ်တို့ ဘယ်လို လုပ်ခဲ့တယ်ဆိုတာရှင်းပြလိုက်တယ်။ သူပြောမှဘဲ ကျုပ်ဆောက်ထားတဲ့  ကျောက်ခေတ်လူအောင်းဂူစတိုင် ကဲ့(မ်ပ်)တဲလေးကို ပို သဘောကျသွားတယ်။
“:ဟေ့ ..ဒါပေမဲ့  မင့်စတိုင်က ဂူနေလူလို့  မထင်ရဘူး “ သူတို့ က ဆက်ပြောတယ်။ မှန်ပါတယ် ။ မနုဿဗေဒ ပညာနဲ့ကြည့်ရင် သူတို့ မမှားပါဘူး။ကျှုပ်တို့အသွင်အပြင်က ခေတ်လူဆိုတာ အလိုလို ဖေါ်ညွှန်းပြီးဖြစ်နေတယ်။ ကျုပ်တို့ အသွင် အပြင်ကို ပြောင်းဖို့  အချိန်ရောက်ပြီ။
ကျုပ်တို့  ကျောက်ဂူတလုံး ကို ကြာကြာ မရှာရပါဘူး။ ဗျာမများလိုက်ရဘူး။ သမိုင်းမတင်မီ ခေတ်က ပုံရိပ်ကို အံ့သြစဖွယ် တွေ့ မြင်လိုက်ရလို့  ကျုပ်သူငယ်ချင်း “ အယ်လ်” က အံ့သြကျေနပ်နေတယ်။
ရေရှာလည်း မကြာမကြာထွက်ရသေးတာပါ။မီးက ဖိုထားရတာဆိုတော့ မီးခိုးတွေက ၃ရက်လောက်ကို မှုံမှိုင်းနေတော့တာဘဲ။ ပင့်ကူတွေလဲ တကောင်ပြီးတကောင် ကျ ကျ လာနေတယ်။ အညစ်အကြေးကင်းအောင်  ရေကန်မှာလည်း ရေစိမ်လိုက်ရသေးတယ်။ ဘုဇဘတ်ရွက် က ဒီနေရာမှာ အသုံးတော်တော်ကျတယ်ဗျ။ ဂျီးညော်တွေ ကင်းစင်စေတယ်။        ကိုယ်ခန္ဓာကိုလည်းလန်းဆန်းတက်ကြွလာစေတယ်။
ဒီကနေ့ တော့ ကျုပ် ငါးဖမ်းထွက်ပြီဗျို့ ။ ငါးကြင်းကြီးတကောင်တော့ အသာကလေး လှံနဲ့  ထိုးစိုက်လိုက်တာ  တချက်တည်းချက်ကောင်းထိသွားတယ်။ လိုအပ်နေတဲ့  အသားဓါတ်ကို ဖြည့်ဆီးဖို့  ရှိတယ်လေ။ ဒါပေမဲ့ ကျုပ်တွက်ကြည့်တယ်။ အစာရေစာအတွက် အချိန်၅နာရီလောက်ပေးလိုက်ရတော့ ရှေးဦးလူသားတွေဟာ ဒီလိုဘဲလား။ အစာရေစာအတွက်ဘဲ အလုပ်ရှိတာလား။ တခြားသူတို့ဘာလုပ်ကြသေးသလဲအုပ်စုချင်း စစ်ပြုတာ။ ဗိုလ်လုတာ။ ပိုင်နက်နယ်မြေချဲ့ ထွင်တာ အကြမ်းဖက်တာ ချစ်တာ ကြိုက်တာ ကိစ္စ တော်တော်များများ ရှိပါလိမ့်ဦးမယ်။
 အင်း ..။ လောလောဆယ် ကျွန်တော့တို့မှာတော့ TV,  satelliteစသည် စိတ်အပန်းဖြေစရာတွေ ကင်းမဲ့ နေပြီ။
ညနေစာအဖြစ် ငါးကြီးကို ဘားဒေါ့ခ်ရွက်နဲ့ ထုပ် မီးကျည်းခဲ ထဲ ခပ်ရိုင်းရိုင်းပြစ်ထည့် ဟော..၊ မွှေးလာပြီ။ ဒါပေမဲ့  ဒါနဲ့  မလုံလောက်သေးပါလားဗျ။ အာဆွတ်ဖို့  အရည်ကလေး လိုနေတယ်။
ကဲဗျာ အိပ်ပြီဗျို့  ။ သားမွေးစောင်ဆွဲ ခေါင်းမြီးခြုံ လိုက်တော့ အိမ်မက်ထဲမှာ အိမ်က ထမင်းစားပွဲ ကြီးက အခန့် သားပေါ်လာ ကျုပ်စိတ်တွေကို ကလူနေသလို မြူနေသလို ။
စတုတ္ထနေ့ 
ကျုပ်တို့ အိပ်ယာက နိုးလာတော့ နေရောင်ခြည်က ဂူပေါ်ကို သွန်းလောင်းဖြာကျနေပါပြီ။
အား..၊ သိပ်ကို ကြည်နူးစရာဘဲဗျို့ ။ဂူနံရံမှာ ဂရပ်ဖစ်ဒီဇိုင်းတွေနဲ့  မျက်လှည့်ပြ ရေးသီ် မှုံးချယ်ထားလား ထင်မှားလောက်ရဲ့။ ကျုပ်တို့ရဲ့ဘိုးဘေးဘီဘင် တွေ လာရောက် ဖန်ဆင်းသွားသလား။ ကျုပ်အော်မေးလိုက်ချင်စမ်းရဲ့ ။ ဘာပဲဖြစ်ဖြစ် ကျုပ်သိပ်ပျော်သွားတယ်။ ကျေနပ်သွားတယ်။
မိုးလင်းတာနဲ့ ဝမ်းဗိုက်က အော်နေပြီ။ စားစရာအတွက်
ကျုပ်တို့  ပစ်မှတ်တခုကို မလွှဲဧကန် ထိမှန်ရမယ်လို့  ယုံယုံကြည်ကြည်ဘဲ လှံတံတွေ ပလူပျံလိုက်တယ်။ ငှက်ကလေးတကောင်လောက် တော့ အသာလေး။ ညွှတ်ကွင်းမှာတော့ ဘာမှ မရှိ။ ကံကောင်းချင်တော့ ရေကန်အနီးမှာ ဘဲဥ လေးလုံး တွေ့ ရတယ်။
ဧကန္တ ဟို မိန်းမကြီးတွေ ကျုပ်တို့သွားရည်ကျအောင် သနားသဖြင့်  အကြံအဖန်လုပ်ထားပုံရတယ်။ သူတို့ ရဲ့ တဲကြီးလဲ ရေကန်အနီးမှာ တွေ့ရတယ်။  ဘာမှ မပြောနှင့် ကျုပ်တို့ဘဲဥနှစ်လုံးကို ယူ ခွဲ ကျောက်သင်ပုန်းကွဲတခုမှာ ကြော်။ နိပ်ပြီ။
ဒီညနေခင်းလေးက စိုစို ပြေပြေ စကားစမည်ပြော ကြည်နူးစရာ အချိန်ကုန်သွားတယ်။
ပဉ္စမနေ့ 
နားနားနေနေ အိပ်ယာက နိုးထလာတယ်။ ဒီကနေ့ဟာ ကျုပ်တို့ ရဲ့ ကျောက်ခေတ်လူသားပုံစံကို အဆုံးသတ်ကြရတော့မဲ့ နေ့ ။ သမင် ဒရယ် ချေငယ် စိုင်ဆတ် အသားတွေ ထားရစ်ခဲ့ရတော့မယ်။
ဘ၀ဆိုတာ ကြမ်းတမ်းပါတယ်။ပျော်ပြီးရင်း ပျော်ရင်း  အစဉ်အမြဲ လဲ မပျော်ရွှင်နိုင်ဘူးတဲ့ ။ သေချာတာပေါ့ ဗျာ။
ဒေါက်တာ ဂျွန်ဇာဇန် ပြောတာမှန်ပါတယ်။
“အမဲလိုက် မုဆိုးတယောက်ရဲ့ လူနေမှု ဘ၀ပုံစံနဲ့ 
ဒီကမ္ဘာကြီးနဲ့ သဟဇာတဖြစ်ဖို့ လူသားတယောက်အနေနဲ့ အောင်အောင်မြင်မြင်နေထိုင်နိုင်မှာ သေချာပေမဲ့ 
သူတို့ ရဲ့ တည်ရှိမှုက ကျုပ်တို့  ထက်သာတယ်လို့  မဆိုလိုပါဘူး။”
“ အယ်လ်” ကတော့  သူဘယ်လိုမှ မခံစားတတ်ကြောင်း ညည်းညည်းညူညူ ပြောတယ်။
ကျုပ်အဖို့ကတော့ တကယ်လို့ ကျုပ်တို့ ပတ်ဝန်းကျင်မှာ သဘာဝကပ်ဘေးကြီးများ ဆိုက်ရောက်ခဲ့ရင် ကျောက်ခေတ်ကို ပြန်သွားမယ်  ဂူနေလူသား ဘ၀စတိုင်ထဲကိုဘဲ ပျော်စရာ လှိုဏ်ဂူအိမ်ကလေးထဲကိုဘဲ   ပစ်ဝင်သွားမယ်ဆိုတာ သေချာပါတယ်။        ။
Thursday, May 10, 2012
လွတ်နေတဲ့ လူသတ်သမား
လူသတ်သမားတဦးကြောင့် ဖီးနစ်စ် မြို့ လေးဟာ ကျီးလန့်စာစား ဖြစ်နေရပြီ။
 တာဝန်ရှိသူတွေက သူ့ ကို မြေလှန်ရှာနေကြပြီ။ အို..ဘုရားသခင်... အဲဒီလူဟာ  ကျွန်တော့်မိတ်ဆွေ ဆန်မီ များ....လား..။
မွန်းကျပ်ပူလောင်နေတဲ့ ဇူလိုင်လရဲ့ ညနေခင်းတခုမှာ ရွန်းဟော်လ်တန်  ကတော့ သူကျက်စားနေကျ  ဖီးနစ်မြို့ လေးရဲ့  ဆင်ခြေဖုံး ရေကူးကန်တခုမှာ  သက်တောင့်သက်သာနဲ့ ပဲ ရှိနေတယ်။  အသက်က ၄၇နှစ် ၊ သားသုံးယောက်ဘခင် ၊ အလုပ်က  ဆောက်လုပ်ရေး ကြီးကြပ်သူ ။ အားလပ်ရက်ကလေးရရင် သူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါး ဆိုင်ကယ်စီးထွက်တတ်တယ်။  သူ့ ၀န်းကျင် သူ့ အသိုင်းဝိုင်းမှာ စိတ်ထားဖြောင့်မတ်သူ ရင့်ကျက်သူ ခင်တွယ်တတ် စာနာတတ်သူ  အဖြစ် လူသိများတယ်။ ဖီးနစ်စ်မြို့အလယ်ခေါင်မှာရှိတဲ့  သူ့ အိမ်လေးကို  ၀င့်ဝါမှု မရှိ၊ ပလွှားမှု မရှိ၊ ရိုးရိုးရှင်းရှင်းလေးမွန်းမံထားတယ်။
တညမှာ  ဟော်လ်တန် နဲ့  သူ့ မိတ်ဆွေတွေ  ခါတိုင်းလိုပဲ  ဘားတခုမှာ ဆုံကြတယ်။ တယောက်က  .. “ ဟေ့ .. မင်းတို့  ကြားပြီး ပလား ၊လူတွေ တလှေကြီး ပစ်သတ်ခံရတဲ့   သတင်း ” လို့  အစချီလိုက်တယ်။  “ဟော်လ်တန်” က ပခုံးကို တွန့် လိုက်ရင်း မခိုးမခန့် ပြုံးလိုက်တယ် ။
“အဲတော့ ...ဘာဖြစ်သလဲဗျ ”
“ဘာဖြစ်ရမလဲဗျ  ..၊သေကုန်တာပေါ့ ။ အစုလိုက် အပြုံလိုက်ပဲ ။ ဘယ်ငကြောင်  သောင်းကြမ်းသွားသလဲ မသိဘူး။
လူတဒါဇင်လောက် ဗိုင်းကနဲပဲ ။ ခြောက်ယောက်က ပွဲခြင်းပြီးဗျ။ ရဲတွေကတော့ဗျာ  ..ထုံစံအတိုင်းပေါ့  ..။”
နောက်တယောက်က  ..၊ ဆက်ပြောတယ်။
“ ဘယ်လိုဖြစ်တာလဲဗျ။”
“ပီးခဲ့ တဲ့ စနေနေ့ က နှစ်ယောက်သေတာ .မကြာသေးဘူး ၊ ခု  တယောက်သေပြန်ပလား။”
“ ဒီကောင်က ဦးတည်ချက် မရှိပစ်တာဗျ ။ ပရမ်းပတာပဲ ဗျို့ ၊ လမ်းသွားလမ်းလာတွေ ဆို တထိတ်ထိတ်ပဲ။ ကျည်က သူတို့  ခေါင်းပေါ် ၀ဲပျံပြီးကို   ဆံပင်ကြားကနေ ၀ှီးကနဲ ထွက်သွားတာ”
“ဘယ်မှာတဲ့လဲဗျ”
“ဖီးနစ်စ်ဗဲလီ အနောက်ပိုင်း မှာ အဖြစ်များတယ်”
ဟော်လ်တန် ရင်ခုန်သွားတယ်။ လွန်ခဲ့တဲ့လေးလလောက်က မိတ်ဆွေဟောင်းတယောက်နဲ့  ဘီယာမူးရင်း စကာအလွန်အကျွံ ပြောကြရင်းက ကြားလိုက်ရတဲ့  စကားတခွန်းက ဖြောင့်ချက်ပေးတာများလား။ ဒီကောင် ဆန်မီ ..လူသတ်သမား မဟုတ်ပါစေနဲ့။
မစ္စတာ ဟော်လ်တန်ဟာ Mason Jar Rock Bar ရဲ့  မန်နေဂျာ ဘ၀နဲ့  ခက်ခက်ခဲခဲ ရှင်သန်ခဲ့ ရဖူးတယ်။
ဒီတုံးကများ သူ့ ခမြာ  မိုးစင်စင်လင်းလို့  နေထွက်မှ အိမ်ကို ပြန်ရတယ်။ ဆေးဝါးတွေနဲ့ လဲ ကာလ အတန်ကြာ ရပ်တည်ခဲ့ရတယ်။ ဒက်ဘီ နဲ့  ထူထောင်ခဲ့တဲ့ အိမ်ထောင်ရေးဟာလဲ  ခလေး ၃ ယောက်အရ မှာ  ပြိုကွဲခဲ့ရတယ်။ မိခင်ရဲ့  အဆုံးအမကို နာယူပြီး  သားသမီးတွေကို ရင်အုပ်မကွာ  ထိန်းသိမ်းစောင့်ရှောက်ရင်း  အိမ်စာတွေ ကူညီ ဖြေရှင်းပေးတယ် ၊ ဘာသာရေးပို့ ချမှုတွေ ပြုလုပ်နိုင်ခဲ့တယ်။ လိုအပ်တာမှန်သမျှ ဖြည့်ဆီးပေးနိုင်ခဲ့ပေမဲ့ ဇနီးဖြစ်သူ ကတော့ သူ့ ကို စွန့်ခွာထွက်သွားခဲ့တယ်။   အဲဒီနောက်မှာတော့ ပိုပြီး အလုပ်ကောင်းတဲ့  ဆောက်လုပ်ရေးဘက် သူရောက်လာတယ်။
တနေ့မှာ ဆင်မြူရယ်လ် ဒိုင်ယက်မင်း ဆိုသူ  မိတ်ဆွေသစ်တယောက်နဲ့  အပေါင်းအသင်းဖြစ်လာတယ်။ ဒီလူကတကယ်တော့ ဖွဲပါ။ အရက်ကို တိုက်ရင် တိုက်သလောက် သောက်နိုင်တဲ့ သူ ။ အမြဲ ပျော်ပါးမူးယစ်ပြီး စကားဖွာတတ်သူ ၊ တချို့ က သူ့ကို နာမည်ဟောင်း ဆန်မီ  လို့ သိကြတယ်။ ဆိုင်ကယ်စီးအဖွဲ့ မှာ သူပါဝင်လိုကြောင်း ပန်ကြားခဲ့သလို အားလုံးကလဲ  နွေးနွေးထွေးထွေးပဲ ဆက်ဆံခဲ့ကြတယ်။ ဘာဘဲဖြစ်ဖြစ်  မစ္စတာဟော်လန်ကတော့  သူ့ အပေါ် သံယောဇဉ်တွယ်နှောင်ခဲ့တာပါ။ ဒါပေမဲ့ .အနေကြာတော့   ဆန်မီ့ရုပ်လုံးက တဖြည်းဖြည်း  ကြွတက်လာတယ်။  ဥပဒေနဲ့မကင်းလွတ်တဲ့အပြုအမူတွေ ရှိခဲ့  လို့   ထောင်ဒါဏ်ကျခံ ဖူးကြောင်း ၊ ဖခင်ရဲ့  နောက်အိမ်ထောင်ကို အားကိုး ရှင်သန် နေထိုင်ရကြောင်း ၊ လျှပ်စစ်ကျွမ်းကျင်အဖြစ် ဟန်နီ ၀ဲလ် အလုပ်ရုံမှာ လုပ်နေရာက အလုပ်ပြုတ်ခဲ့ ရကြောင်း သိလာရတယ်။  ဆန်မီ ဟာ အသက်၃၂နှစ်အရွယ်မှာ အိမ်ချေယာမဲ့ ဘွဲ့ နဲ့  အလုပ်လက်မဲ့ ဘွဲ့ ၂ခု ပိုင်ဆိုင်သွားခဲ့ တယ်။
စိတ်ရင်းကောင်းပြီး စာနာတတ်သူ  ဘော်လ်တန် က  သူ့ ကလေးတွေနဲ့ အတူ နေထိုင်ဘို့  အခွင့်ပေးပြီး   သူ့ အိမ်ရိပ် အတွင်းဆွဲ သွင်းခဲ့ တယ် ။ ဆန်းမီနဲ့  တွဲနေတဲ့  ဂယ်ရီ ဂိုင်း  ဆိုသူက “ ဒီကောင်က ဘာမဆို လုပ်ရဲ ကိုင်ရဲတယ်ဗျ။ အိုးနဲ့ အိမ်နဲ့ ထိုက်ထိုက်တန်တန် နေဘူးတာ မဟုတ်ဘူး။ လှည့်ပတ်သွားလာနေတဲ့ကောင်   ဒီပုံစံမျိုးနဲ့ခင်ဗျားမဖြစ်ပါဘူး” လို့ပြောတယ်။ “ဒါပေမဲ့  သနားစရာပါပဲဗျာ။ ကိုင်တတ်တွယ်တတ်ရင် လူကောင်းလေးဖြစ်လာမှာပါ ”တဲ့။ ၂၀၀၅ ဒီဇင်္ဘာလမှာ သူပျောက်သွားခဲ့ ပြီး  လအတော်ကြာ  သတင်းမကြားရဘူး။ ဒီ့နောက် မေလအတွင်း နေ့တနေ့ မှာ  ရုတ်တရက် ဖုန်းလက်ခံ ရရှိခဲ့ တယ်။ ရစ်ဘ် ရှော့ပ် စားသောက်ဆိုင်မှာတွေ့ ကြဖို့  ချိန်းဆိုတာနဲ့။ ဟော် လ်တန်  သွားတွေ့ တဲ့ အခါ ... သူအလုပ်အကိုင်ရနေပြီ ဆိုတဲ့အကြောင်း၊ နေစရာအိပ်ခန်းလဲ ရနေပြီဖြစ်ကြောင်း သူက ကြွားဝါ ပြောဆိုနေတယ်။ ဘာဘဲဖြစ်ဖြစ် ဟော်လ်တန် က သူ့ မိတ်ဆွေလေးအတွက် အားရ ကျေနပ်ခဲ့ပေမဲ့  ..စားကြ သောက်ကြ  ရယ်ကြ မောကြ  ပြောကြ ဆိုကြ ရင်း က လူတယောက်ကို သတ်ချင်လာအောင် တွန်းအားပေးတဲ့အကြောင်းရင်းကို  ခင်ဗျားသိလား   လို့  အမေးခံရတဲံ့အခါမှာတော့ ...
အံ့သြ ထိတ်လန့်ရင်း  “ ငါ..ဘယ်သိမလဲ ကွာ”  ဖြေမိသွားတယ်။
“ကျွန်တော်လဲ  ..ပီးခဲ့တဲ့ ၂လလောက်အထိတော့ မသိတာ အမှန်ပဲဗျ ။ ဆန်မီ က သူ့စကားကို ရှေ့ဆက်တယ်။ ရက်ရက်စက်စက် အပြစ်ကျူးလွန်ခဲ့ တယ် လို့  ပုံပြင်တပုဒ်လို  သွန်ချတယ်။ မစ္စတာ ဟော်လ်တန် ကတော့  ခါတိုင်းလိုပါပဲ ။ ပုံပြောကောင်းတဲ့ ဆ်န်မီ တယောက် ရယ်စရာဟာသတွေ မူးမူးရူးရူး ပြောနေတာလို့ ပဲ ယူဆလိုက်တယ်။ ဒါပေမဲ့ “မင်း ဘာ့ကြောင့် ဒီလို လုပ်မလဲကွာ  ..ပြောစမ်းပါအုံး။” မေးတော့ ဆန်မီ ပြောတာက  “အပျင်းပြေ လက်တဲ့ စမ်းတာပေါ့ဗျ။ အကြောင်းပြချက် ဘာရှိမှာလဲ။ လှုပ်လှုပ်မြင်ရင်ပစ်ထဲ့ လိုက်တာပဲ။ တစ်ခုရှိတာက  ကျွန်တော်သုံးတဲ့ သေနတ်က 410 Shotgun ဗျ။ ဒါ ခြေရာခံဘို့  မလွယ်ဘူး” ဆိုပါလား။
ဒီကောင် ဒီလိုပြောနေတာသူမူးနေ လို့ ပါပဲ။ ဘာမှ အခြေအမြစ်မရှိပါဘူး။ သူ့ စကားတွေက ဟိုရောက်ဒီရောက်။ ယုံကြည်လောက်စရာ မရှိပါဘူး။ မပီဝိုးဝါးနဲ့ ရေရာတာဘာမှ မရှိဘူး။ ဒါပေမဲ့ ဦးဏှောက်ထဲမှာ ဒီကောင်ပြောတဲ့  စကားတွေက သေးဖွဲပေမဲ့  စုပြုံလာရင်တော့  စိတ်ပူပင်ရတာပေါ့။ သွယ်ဝိုက်တဲ့နည်းနဲ့ သူ့အပြစ်တွေကိုဖွင့်ဟ၀န်ခံနေသလား။  တစ်ခါက ဆန်မီပြောဖူးတဲ့ ပုံပြင်တွေထဲက တခုမှာ အိပ်ပျော်နေရင်း အသတ်ခံလိုက်ရတဲ့ လူတယောက်အကြောင်း။ မစ္စတာဟော်လ်တန် ဖျတ်ကနဲ သတိရလိုက်တယ်။  အလို ဘုရားသခင်..၊ ကျွန်တော့်မိတ်ဆွေကလေးဟာ သွေးအေး လူသတ်သမားတယောက်ဖြစ်နေမလား။ မဖြစ်နိုင်ပါဘူး။
ဒီတခါ မစ္စတာဟော်လ်တန် နဲ့ တွေ့ဆုံချိန်မှာတော့  ဆန်မီ တစ်ယောက် အရက်ကလဲမူးရင်း ဒေါသအိုးပေါက်ကွဲ နေတယ်။ သူ့ကို ကန်ထုတ်လိုက်တဲ့  အခန်းဖေါ်ကြောင့်ပါ။
တော်တော်လေး ပြဿနာ တက်ခဲ့ကြပုံပါပဲ။  အခန်းဖေါ်က တခြားလူမဟုတ်ပါဘူး။ သူ့အကို ဒေးလ် ဟော်ဇနာ ဆိုသူပါပဲ။ ဖီးနစ်စ်မြို့ရဲ့  အရှေ့ ပိုင်း မီဆာရပ်ကွက်မှာ အိပ်ခန်းတခုပိုင်ဆိုင်တဲ့ သူပါ။ လမ်းပေါ်က ဆန်မီ ကို သူ့အိပ်ခန်းပေါ် ကောက်ယူ ဆယ်တင်ခဲ့သူပါ ။  ဆန်မီကတော့ အတော့်ကို ပြင်းပြင်းထန်ထန် ရှုတ်ချပြောဆိုနေတယ်။ ချက်ခြင်းဆိုသလို သူ့အစ်ကို  ဒေးလ် ရောက်လာပြီး နှစ်ယောက်သား စကားတွေများကြတယ်။ သန်းခေါင်ကျော်တောင် မပြီးပြတ်ကြဘူး။ သူ့ အစ်ကိုကလဲ အမှတ်တော်တော်ကြီးမဲ့ပုံပဲ။ ဆန်မီ ဘားထဲက ထွက်သွားတယ်။ မိနစ်မဆိုင်းပဲ text message  ၀င်လာတယ်။  နမိတ်ကောင်းပုံ မရဘူး။
“ကျွန်တော် သိပ်စိတ်ဆိုးတယ်၊ သည်းမခံနိုင်တော့ဘူး။ တစ်ခုခု လုပ်မိလိမ့်မယ်ထင်တယ်” တဲ့ ။ အိုး .. ဘုရားသခင် ကယ်ပါ။
သီတင်း၂ပတ်လောက်ကြာသွားပြန်တယ် ။ ဆန်မီမြုပ်နေတယ်။ တစ်နေ့ ဟော်လ်တန် ရေကူးကန်မှာ မိတ်ဆွေတွေနဲ့  ဆုံကြတော့  သန်းခေါင်ကျော်  လူသတ်ပွဲတခု  အကြောင်း   စပြောမိတြတယ်။ အင်း ။ ကြားကြရပြန်ပြီ။
သူ အိမ်ပြန်ရောက်တော့ သတင်းစာတစောင်က လူသတ်မှု ကျူးလွန်တဲ့အဓိကနေရာကို ပင်စိုက်ပြတဲ့ မြေပုံနဲ့တကွ ဖေါ်ပြထားတယ်။ အလို ..။ ဒါ.. ဒီနေရာဟာ  ဆန်မီ နောက်ဆုံးနေထိုင်ခဲ့ တဲ့  အိပ်ခန်းတည်ရှိရာ  အ၀န်းအ၀ိုင်းကို ဖေါ်ပြနေခြင်းပါပဲလား။ ဟော်လ်တန် ဂယ်ရီ ဂိုင်း ဆီ ဖုန်းတစ်ချက်ဆက်တယ်။ ဆန်မီအကြောင်း သတင်းထူးရင် အကြောင်းကြားဖို့။ ဟော်လ်တန် အလုပ်ထဲမှာတောင် စိတ်မ၀င်စားနိုင်ဘူး။ ညလဲ စဉ်းစား။ နေ့ လဲ စဉ်းစား။ အတွေးနယ်ချဲ့နေတယ်။ ဆန်မီ ကို သူ မသင်္ကာတာအမှန်။ ထင်လဲ မထင်ချင်ပြန်ဘူး။
ဖီးနစ်စ် က လူတွေ ထိခိုက်ဒါဏ်ရာရနေတာလဲ မလိုလားဘူး။ အသေအပျောက်ဘာညာ မဖြစ်စေ့ချင်တော့ဘူး။
ဒီကောင် ဆန်မီ။ ငါတားရမယ်။ ဘယ်နည်းနဲ့ ပဲဖြစ်ဖြစ် ဒီအမှု မြန်မြန်ပေါ် အောင် ငါလှုပ်ရှားမယ် ..။ဆိုပဲ။  ဒီလိုနဲ့ နေ့များစွာ ကုန်လွန်သွားခဲ့ တယ်။ ကားတစ်စီးနဲ့  စနည်းနာတယ်။ အလုပ်ကိုမသွားနိုင်ဘူး။ ရသရွေ့ သတင်းတွေ ရဲ ကိုပို့ တယ်။ ရဲကလဲ  မသင်္ကာစရာ အထောက်အထားမတွေ့ ရသေးဘူး တဲ့ ။ သူလက်မလျော့ဘူး ။ ကိုယ်တိုင်သတင်းလိုက်တယ်။ ဒါပေမဲ့ မရေ မရာ မသေမချာနဲ့ သူရတဲ့ သတင်းတွေက ရဲ အတွက် အသုံးမကျပဲ တခြား မြုပ်နှံ သဂြိုလ်ပြီးသား  သတင်းမှားထဲ ရောနှောသွားတယ်။
ဒါပေမဲ့ သေနတ်သမားက ငြိမ်မနေပါဘူး။ ပေါ်လာပြန်တယ်။ မြို့လယ်ခေါင်လူစည်ကားရာ မှာပဲ ပြောင်ပြောင်တင်းတင်း  ပစ်သတ်သွားတယ်။ ဓါးစာခံ ၃ဦး စလုံး ကို နောက်ဘက်ကနေ လက်လွတ်စပယ် ပစ်ခတ်လိုက်ပုံရတယ်။ တစ်ဦးက ဦးခေါင်း ၊ ကျန် ၂ယောက်က နောက်ကျော  စသည် ထိမှန်ကုန်တယ်။ သေတော့ မသေသေးဘူး။
ဒါတွေဟာ ဆန်မီ မှာ တာဝန်ရှိနေပြီလို့ ဟော်လ်တန်က အာရုံရနေတာပါ။  ဒါဟာ ငါ့လက်တွေကိုပါ သွေးစွန်းပေစေတာပဲ လို့  သူယူဆတယ်။ ဆန်မီ ဖုန်းကလဲ ခေါ်မရဘူး။ ဒေးလ် ကလဲ မထူးဘူး။ ခြေရာပျောက်နေပြီ။ ဖီးနစ်စ် ဟာ  သူရောက်လာမှ  ဝေဒနာအပြည့်  ဒါဏ်ရာအပြည့် ။
ဒီလိုနဲ့  မစ္စတာဟော်လ်တန်တယောက် နေမထိ ထိုင်မထိ ဖြစ်နေစဉ်မှာပဲ ကြားရပြန်ပြီ။ သားကောင်ချောင်း တဲ့ လူသဲတ်သမားဟာ ရှေ့ကို တိုး တိုး လာနေပါလား။
သူ့မှာတော့ ရတက်မအေးရပြန်ဘူး။ သူ့ ဦးဏှောက်တွေ ဆူဝေနေတယ် ။ ငါ ဘာလုပ်ရမလဲ ။ ဟော..။ သတိရပြီ။ ဆန်မီ နဲ့  တခါက အမှတ်မထင် စကားပြောခဲ့ကြတုံးက “ကျွန်တော်သုံးတဲ့  သေနတ်က 410 shotgun  တဲ့ ။  ဟာ ဟုတ်ပြီ။  သူ  ရဲကို ဖုန်းဆက်လိုက်တယ်။
“ဟဲလို ..ဟဲလို  သေနတ်သမားကိုင်တဲ့ သေနတ်အမျိုးအစားက  410 shotgun ပါ” “သူကိုယ်တိုင် ပြောခဲ့ တာပါ”
“အိုကေ...အိုကေ..  ၊ ကောင်းပြီ  ကျုပ်တို့ လိုအပ်တဲ့ အချိန် ဆက်သွယ်ပါမယ်။အသင့်ရှိနေပေးပါ”  တဲ့ ။
“ဟုတ်ကဲ့ ပါ ခင်ဗျား”
ရဲအရာရှိ ဒယ်ရီ စမစ် ဟာ အမှုသွားအမှုလာကို ကြည့်ပြီး တိုးတက်မှုရှိလာပြီလို့  ကျေနပ်အားရနေတယ်။ ဒါပေမဲ့  မီဒီယာတွေ သိလို့ မဖြစ်သေးဘူး။ မကြာခင်မှာပဲ ဒယ်ရီ စမစ်ဟာ ဟော်လ်တန်  နဲ့  မက္ကဆီကန် စားသောက်ဆိုင်မှာ တွေ့ ဆုံကြတယ်။ ဆန်မီရဲ့ အသွားအလာကို လေ့လာစောင့်ကြည့်ဘို့ ပါ။
မက္ကဆီကန် စားသောက်ဆိုင်ထဲမှာတော့ မီးရောင်ကမှိန်ပျပျပါပဲ ။ မသဲမကွဲ။ မရှင်းမလင်း။  ဟော်လ်တန် နဲ့  စမစ် ဓအတူထိုင်မိကြပြီ။ စုံထောက် ကလပ်ခ်ဝပ်ဇကော့ဖ် လည်း ပါဝင်လာတယ်။ သတင်းမှတ်တမ်းတွေ ဖလှယ်ကြတယ်။ ရေးမှတ်ကြတယ်။ စုံထောက် ကလပ်ခ် က  ခြေလှမ်းကြဲကြီးနဲ့  ကားဆီပြန်ပြီး ကားထဲက  ဓါတ်ပုံတပုံ  ယူလာပြတယ်။
“ ဆန်မီ ဆိုတာ ဒီကောင်လား ”
 “သူပဲ”
“ဒီဘက်ကမင်စာက ...”
“ဒေးလ်  .. ဒေးလ် ဟော်ဇနာ”  ကောင်းပြီ။
လူသတ်သမားတွေ ကျက်စားတတ်တဲ့ ဝေါလ်မတ်ထ်တွေ နား မှာ အရက် ၊ဆေးလိပ် ၊ လက်နက် မှောင်ခို စတာတွေ နှိမ်နင်းရေးအဖွဲ့ တခုလဲ ချထားပေးတယ် ။
ဟော်လ်တန် ဟာ အန္တရယ်များတဲ့ အလုပ်တခုဖြစ်တာမို့ သူ့ခလေးတွေကို သူတို့ အဖွားဆီ  ပို့ ထားလိုက်တယ်။
လူသတ်တရားခံကတော့ သဲလွန်စရထားပေမဲ့   ပျောက်ကွယ်နေဆဲပါပဲ။ သူဘာကိုမှ နှောင့်နှေးမနေဘူး။ သဲသဲမဲမဲ ရှာတယ်။ မိတ်ဆွေတွေဆီ ချဉ်းကပ် အကူအညီတောင်းတယ်။ အရေးပေါ် လျို့ ဝှက်၊ သတင်းတွေ စုတယ်။ ထူးခြားမှုက ရှိမလာသေးပါဘူး။ ဇူလိုင် ၂၃ရက်နေ့မှာတော့  စောစောစီးစီး စမစ် ထံက ဖုန်းဝင်လာတယ်။ သေနတ်သမားဟာ အတင့်ရဲလွန်းပြီ တဲ့။ လမ်းပေါ်စက်ဘီးစီးလာသူတဦးကို ပစ်သတ်ခဲ့ တယ်တဲ့။ ဒုက္ခပါပဲ   ဖီးနစ်စ်လမ်းတွေဟာ  သွေးတွေနဲ့  ညစ်ထေးစွန်းပေကုန်ပြီ။ လူတိုင်း အသက် ဖက်နဲ့ ထုပ်ထားကြရြ့ပီ။ ဇူလိုင် ၂၈ရက်နေ့ မှာတော့ ဟော်လ်တန် “ဆန်မီ” ဖုန်းနံပတ်အသစ်ကိုရလိုက်ပြီ။ သူဖုန်းခေါ်ပေမဲ့  မကိုင်ပါဘူး။ အကြိမ်များစွာ ခေါ်ပေမဲ့ မတုံ့ ပြန်ပါဘူး။
တနင်္ဂနွေ နေ့  ညမှာတော့  လာ့စ်ဗီးဂတ်စ် ကနေ ဆန်မီ က ဖုန်းလက်ခံ တုံ့ ပြန်တယ်။
 “မင်း နိုင်နေလား ရှုံးနေလား”
စိတ်ပျက်အားပျော့သံဖြင့်  . “ရှုံးတယ်။”
“ငါလာခဲ့မယ် ”  ပြောတော့ သူ  ဖုန်းချသွားပြီ။  စမစ် ဆီ ဒီအကြောင်းပြန်ပြောပြတော့ “အေး သတိထား  တနင်္ဂနွေ။ အင်္ဂါဆိုရင် သတိထား။
“ဒီနေ့ တွေက  စူပါနေ့ ကြီး တွေ ကွ”
ပြီးခဲံ့ တဲ့  လူသတ်မှု ဖြစ်စဉ်တွေရဲ့  နေ့ တွေကြည့်ရင် ၁၇ ယောက်က တနင်္ဂနွေ နဲ့  အင်္ဂါနေ့  တွေမှာ ကျူးလွန်ထားတာတွေ့ ရတယ် ။ ပြောရင်းဆိုရင်း
..အလို ဒီကနေ့  ဆန်းဒေးပါလား။
နောက်နေ့ မနက်စောစော “စမစ်” ဖုန်းဆက်တယ်။
“ညက  အသက်၂၂နှစ်အရွယ် မိန်းကလေးချောချောတစ်ယောက်  မီဆာ ရပ်ကွက်မှာ အသတ်ခံလိုက်ရသတဲ့ ။
တကယ့်ကို ကြေကွဲစရာပါပဲ တဲ့ ။
မစ္စတာ ဟော်လ်တန် ပါးစပ် အဟောင်းသားနှင့် ဘာပြန်ပြောရမည်မသိချေ။
ဟော်တန် ဆန်မီ ဆီ message ပို့တယ်။ ဘီယာသောက်ကြရအောင်လို့ ချိန်းဆိုတာပါ။ မအားဘူးလို့ ငြင်းတယ်။ ဟောလ်တန် စိတ်မရှည်ချင်တော့ဘူး။ ဂုတ်ကနေဆွဲခေါ်ပီး လက်သီးနဲ့  ပစ်ထိုးချင်ပီ။ မကြာပါဘူး။ ဆန်မီ သတင်းပို့ တယ်။
“Stardust Bar မှာ ဆုံကြရအောင်...”
စုံထောက်စမစ် ဆီ ဒီအကြောင်း ဖုန်းဆက်တယ်။ ကျားနဲ့  ဆင်  လယ်ပြင်မှာ တွေ့ ဖို့ နီးပြီ။
သူတိုနှစ်ဦးချိန်းဆိုထားရာမှာ ရဲတွေ လျှို့ ဝှက် လှုပ်ရှား နေကြတယ်။ ခြုံပုတ်တွေမှာ အချို့ ပုန်းခို စောင့်ကြည့်နေကြတယ်။ ဟော်လတန်နဲ့ အတူ ဂယ်ရီဂိုင်လ် တယောက်လဲ ပါလာတယ်။  ကံဆိုးသူ ဆန်မီ  က တယောက်တည်းပါ။ သူကတော့  မိတ်ဆွေဟောင်းတွေနဲ့ ပြန်လည်ဆုံဆည်းရတဲ့အတွက် ပြုံးပြုံးရွှင်ရွှင် ရယ်စရာလေးတွေ အပြောမပျက်ခဲ့ပါဘူး။ ဆိုင်ကယ်စီးအဖွဲ့သားတွေကိုလဲ မေးသေးရဲ့။ ဟော်လ်တန့် ခလေးတွေကိုလဲ သွားရောက်တွေ့ ဆုံအုံးမယ်လို့  လည်း အိနြေ္ဒမပျက် ပြောနေတယ်။
Stardust Bar ကတော့ လုံလုံခြုံခြုံနဲ့  အရာရာ ဖုံးဖုံးဖိဖိ သိုသိုဝှက်ဝှက် ရှိနေပုံပါပဲ။ မှုံကုပ်ကုပ်လို့ လဲ ဆိုနိုင်ပါတယ်။ ဒါပေမဲ့  မကြာလိုက်ဘူး။ ဟိုရှေ့ က စားပွဲဝိုင်းတခုမှာ မုတ်ဆိတ်ဗလပြစ်နဲ့  လူတယောက် ဘီယာမသောက် ရေတွေသောက်နေတာ ရဲ လား။ ငါ့ ကို လှည့်လှည့် ကြည့်နေတယ် ၀ါယာကြိုးတွေ နားထဲ ထည့်တယ်။  စသည် ဆန်မီ  တွေး လာတယ်။ ဒါနဲ့  သူ သန့် စင်ခန်းသွားမယ်ဆိဲုပီး ထွက်သွားတယ်။
ဟော်လ်တန် က စမစ်ကို  အရေးတကြီးဖုန်းခေါ်ပြီး အရင်မလိုဖို့ သတိပေးတယ်။ ခဏနဲ့ ဆန်မီ ရောက်လာပေမဲ့  သူက ကောင်တာမှာ ငွေရှင်းပြီး ချက်ခြင်းထွက်ခွာသွားတော့တယ် ။ သိက္ခာရှိရှိ ကလေးပါပဲ။ စမစ် က စိတ်တိုနေပြီ။ ချက်ခြင်းကြီးကို ဖမ်းချင်နေပြီ။ စိတ်မရှည်ချင်တော့ဘူး။  တောက် တခေါက် ခေါက်။ နေနှင့်အုံး။ တနေ့ မင်းတို့လည်ပင်း မင်းတို့ ကြိုးကွင်းစွပ်မှာ။ ဟော်လ်တန် ကတော့  ချော့ချော့ မော့မော့ နဲ့  ကာစီနို လောင်းကစားရုံကို  သူ့ ထရပ်ကားနဲ့ ခေါ်လာတယ်။ အချိန်တော်တော်ကြာအောင် ကစားခဲ့ ကြပေမဲ့ သူတို့  အရှုံးပေါ်နေတယ်။ ပါသမျှငွေတွေ ပြောင်နေပါပြီ။ ဆန်မီ ဟာ ရှုံးရင်း သောက်။ သောက်ရင်းရှုံး နေရာက လုံးဝ မထနိုင်တော့ပါဘူး။ အကွက်ကောင်းစောင့်နေတဲ့  မစ္စတာ ဟော်လ်တန်  အကြိုက် တွေ့ စရာပါပဲ။ ဆန်မီ ကို ဘယ်နေရာ လိုက်ပို့ ရမလဲ မေးတော့  ဒေးလ်ရဲ့  လိပ်စာကို ပြောပါတယ်။ ဖုန်းနံပတ်လဲ ရတယ်။ နိပ်ပြီ။ တချိန်တည်း။ တပြိုင်တည်း ငါးရံ့နှစ်ကောင်ဖမ်းမိပြီ။ ဆန်မီ ကို လာရောက်ခေါ်ယူဖို ဒေးလ် ထံ အကြောင်းကြားရာမှာတော့  အရာရာ ချောမွေ့ သွားခဲ့ တယ်။
မစ္စတာ ဟော်လ်တန်  ပေါ့ ပေါ့ပါးပါး လေး  စမစ် ဆီ သတင်းပို့ တယ်။
“အဆင်သင့်ပါပဲ ။ ရဲမှူးကြီး ။ ကျွန်တော် သူတို့ ကို  တစ်နရာတည်းအတူ ထားခဲ့ နိုင်ပါပြီ”
“ အို ကေ..အိုကေ ၊ ကောင်းပြီ။  ကောင်းပြီ ။ ခွေးမသားတွေ ..မင်းတို့   ဘယ်ပြေးမလဲ ဟေ့”  ။  စမစ် က ကြိမ်းဝါးနေပြီ။ အမှန်တော့  နောက် ၂ရက်လောက်အထိ  မစ္စတာ ဟော်လ်တန် စိုးရိမ်စိတ်တွေနဲ့  ကတုန်ကယင် ဖြစ်နေဆဲပါ။ စမစ်က သူတို့နှစ်ကောင်လုံး ဖမးမိလိုက်ပီ လို့ သတင်းပြန်ပို့ပီးမှ စိတ်အေးသွားတာပါ။ စမစ် ပြောတာက ကျုပ်တို့ ဒေးလ် ရဲ့ အိမ်ကို ၂၄နာရီ စောင့်ကြည့်ခဲ့တယ်။ သူတို့ လှုပ်ရှားမှုကို လုံးဝမျက်ခြေပြတ်မသွားစေခဲ့ဘူး။ ရွန်းဟော်လ်တန်..ခင်ဗျားဟာ ဖီးနစ်ရဲ့  သူရဲကောင်းပါပဲ။ ချီးကျုးပါတယ်ဗျာ..။ ဟော်လ်တန် သက်ပြင်းတစ်ချက် ခိုးချလိုက်တယ်။
 “စိတ်မကောင်းပါဘူး မိတ်ဆွေလေးရယ်။  ထိုက်သင့်တဲ့ပြစ်ဒါဏ်ခံယူပီးရင် မင်းဘ၀ကို အသစ်ပြန်လည် ထူထောင် လာနိုင်မှာပါ ။
 တကယ်တော့ မစ္စတာဟော်လ်တန် ဟာ သူ့ မိတ်ဆွေ လေးကို အကြမ်းဖက်လူသတ်သမားဘ၀က လွတ်မြောက်စေလိုတဲ့ စေတနာပါ။ တရားဥပဒေကို ရင်ဆိုင်ဖြေရှင်းပါ။ ဒါ အကောင်းဆုံးနည်းလမ်းပါ။ ငါ့မြို့သူ မြို့ သားတွေလဲ  ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်ကြတော့မှာပါ  လို့  သူကပြောနေတယ်။
အမှန်ပါပဲ။ ဖီးနစ် မြို့ သူမြို့ သားတွေဟာ ဆန်မီ ကို ဖမ်းဆီးပြီးတဲ့ နောက်  ဘာသံမှ မကြားရတော့တာပါ။ ဆန်မီ နဲ့ ဒေးလ်  တို့ ၂ ဦးဟာ  Marcopa  County  Attorney’s ရုံးမှ  ပြစ်ဒါဏ်စီရင်ချက်တွေကို ခုခံ ကာကွယ်ဖို့  အကောင်းဆုံးရှေ့နေတွေ ငှားရမ်းခွင့်ပေးပါတယ်။  နှစ်ယောက်စလုံးကတော့ ဒီအမှု ဟာ မှားယွင်းနေတယ် လို့  ငြင်းဆန်နေဆဲပါပဲ။
ဘာပဲပြောပြော  ဒီကနေ့မှာတော့  ဖီးနစ်စ်မြို့ရဲ့လမ်းတွေဟာ   ပျော်ရွှင်ချမ်းမြေ့စွာ သွားလာလှုပ်ရှားနေပြီဖြစ်တဲ့ မြို့သူ မြို့သားတွေနဲ့ ပြည့်နက် နေပါတော့တယ်။       ။
Sniper on the Loose by  katheryn wallance, Reader's Digest        
Florist
Friday, May 4, 2012
ပစိဖိတ် ဆိုင်ကလုံးမုန်တိုင်း
                     ပထမ အကြိမ်  ရွက်လွှင့်စဉ်က  ကယ်လီဖိုးနီးယား ကမ်းခြေအထက် ဆန်ဒီယာဂို မှနေ လောင်းဘိခ်ျ  အထိ ၄ယောက်အစုအဖွဲ့  ဖွဲ့ ပြီး သွားရောက်ခဲ့ကြဖူးပါပြီ။ “ကျွန်တော့်ဘ၀မှာ  အဦးဆုံး သဲထိတ်ရင်ဖို ဖြစ်ခဲ့ရတဲ့ အတွေ့အကြုံ ပါဘဲ” လို့  ..ဒါနာက ပြောပါတယ်။
သူတိုနှစ်ဦးဟာ တကယ်တော့ ပင်လယ်ပျော်တွေပါ။ ရေမိုင် ၂၀၀၀၀ မက ရွက်လွှင့် စွန့်စားခဲ့ဖူးသူများဖြစ်ပါတယ်။ ဒါ့ကြောင့်လဲ သူတို့ဟာ ခုအချိန်မှာ ရေကြောင်းကျွမ်းကျင်သူများအဖြစ် ရင့်ကျက်ခဲ့ကြပြီးဖြစ်လို့ မိုးလေ၀သ သတင်းကို သိပ်အမှုမထားခဲ့ ကြဖူး။
                ပင်လယ်ရေ ဟာ ၁၈ ပေအထိ မြင့်တက်လာရာမှာတော့  သူတို့  တုန်လှုပ်ခဲ့ကြပြီ။  Destiny  ရေယာဉ်ဟာ ပုခက်လွှဲသလို  ဟိုဘက် ဒီဘက် လှုပ်ခတ်ယိမ်းခါနေခဲ့ပြီ။
တနာရီပြီးတနာရီ ရွေ့ ရှား ဖြတ်သန်းနေရသည်နှင့်အမျှ  လေ တိုက်နှူံး ဟာ  တနာရီ ၃၅ မိုင်မှ
၄၀  ၊ ၄၅  ။ ၅၀ ။ ထိုမှ ၆၀ ၊ ၇၀ ၊ ၈၀ ။၉၀ ကျော်  ၁၀၀ ထဲ ကို ရောက်ဖို့  နီးစပ်နေခဲံ့  ပြီ။
                ဒါနာဟာ အားကုန်ခန်းနွမ်းနယ်နေပြီ။  သည်းခံနိုင်စွမ်းးမရှိတော့ဘူး။ ပဲ့ ထိန်းလက်ကိုင်ကို မြဲမြဲ ကိုင်ထားရတဲ့အတွက် လက်မောင်းတွေက ကိုက်ခဲ ထုံကျင်လာပြီ။  “ငါတို့စကိတ်စီးတုံးက  ဒီလို ပြုတ်ကျဖူးခဲ့တာပဲ” လို့ လွမ်းလွမ်းဆွေးဆွေး ပြောလိုက်သေးတယ်။  သူတို့နှစ်ဦးရဲ့  ပတ်လည် ကောင်းကင်မှာတော့ …..လျှပ်စီးချောင်းတွေက မြှားပစ်သလို  တွင်တွင်ပြေးထွက်နေတယ်။ မိုးကြိုးပစ်ခွင်းသံမှာလဲ နားကွဲ မတတ် မည်ဟိန်းနေပြန်တယ်။ မိုးတိမ်တွေက ဖြူလာလိုက် .. စိမ်းမှောင်သွားလိုက် ၊ ပင်လယ်ကြီးဟာ မလှမပနဲ့  ၊မနှစ်မျို့ စရာ သရဲ တစ္ဆေ ပူးကပ်နေသလိုဘဲ မုန်တိုင်းဟာ အငြိုးတကြီး  တလောကလုံးကို  မလိုမုန်းထားစွာ  အင်အားသုံးဖြိုခွဲဖို့  ပိုင်းဖြတ်ထားဟန်ပါဘဲ။ သေချာတာက သူတို့ နှစ်ဦး သဲထိတ်ရင်ဖို ဇာတ်လမ်းတခုကို လက်တွေ့ ကျကျ မျှဝေခံစားနေကြရပါ ပြီ။ကော။
                ဘုရားသခင်က ပဲ ခေါ်တော်မူ ချင်နေရော့လား။ ဒါနာ ကိုယ်တိုင်လဲ အသက်ရှင်ဖို့  မမျှော်လင့်ပါဘူး တဲ့ ။  “  “ပေါ်လာရေ..မင်းကို ..ငါ  သိပ်ချစ်ခဲ့ ပါတယ်ကွယ် တဲ့ ။ပေါ်လာကဖြင့် ..
                ဒါပေမဲ့ လဲ ..ပင်လယ်ရေက ပဲ့ ပိုင်းကို အရမ်း တွန်းထိုးနေတယ်။ သင်္ဘောဦးပိုင်းက ရေမြုပ်နေပြီ။  သူတို့  နှစ်ဦး သေဖို့ ကို အသာတကြည် လက်ခံ လိုက်နိုင်ပြီ။
               တဖြည်းဖြည်း  နေအရုဏ်မြင့်တက်လာချိန်မှာတော့ လေတိုက်နှုံးက တနာရီ ၅၄ မိုင်နှုံးအထိ လျော့ကျသွားတာမို့   အားငယ်လက်လျော့ချင်စိတ် ၀င်နေရာက မျှော်လင့်ချက် ရောင်ခြည်ကလေး ပြပြမှုံမှုံပေါ်လာ  တယ်လို့  ဆိုရမှာပါ။
နို့ ပေမဲ့ လဲ အချေအနေက  ထင်သလို ချောမွေ့ ချင်မှ ချောမွေ့ မှာပါ။ပင်လယ်ပြင်နဲ့ ကောင်းကင် ခွဲခြားမရအောင် ကို ..
 နေ့ ခင်းကြောင်တောင် မိုးမှောင်ကြီးကျနေတယ်၊    ပင်လယ်လှိုင်းတွေရဲ့  ကြားကနေ  ကျွန်းကလေးတွေဟာ အဝေးက အမြင် အကျယ်ရော အမြင့်ပါ အိမ်ကြီးတလုံးစာလောက်  မို့ မောက်နေရာမှာ လှိုင်းလုံးတွေက ထိပ်ကနေ ပြိုဆင်းလာနေတယ်။  လှိုင်းလုံးတွေရဲ့ အမြင့်ဟာ                ” Destiny “  ရဲ့ ရွက်တိုင်အမြင့် ၅၅ပေ နဲ့ တညီတည်းဘဲ ။လှိုင်းခေါင်းဖြူကြီးတွေ  လိမ့်ဆင်းလျောကျလာတဲ့အခါ  ရေမှုံ ရေမွှားတွေက သူတို့  ဇနီးမောင်နှံ ကိုယ်ပေါ် လွှမ်းအုပ် ရိုက်ပုတ်သွားတယ် ။ လှိုင်းလုံးအမောက်တွေ ပြိုဆင်းလျောကျတာ “တကယ်လှလိုက်တာ.ရှင် စီအာရာ စ်  က နှင်းတွေလိုဘဲ ။ အံ့သြလိုက်တာ။”လို့  ပေါ်လာက အပြော  လေတိုက်နှုံးက  တနာရီ ၆၉မိုင်  အထိ မြင့်တက်လာနေပြန်တယ်။ဒါကို anemometer  က ထင်ထင်ရှားရှား ပြနေတာပါ။Destinyဟာ ရေထဲ နစ်သွားလိုက် လှိုင်းက ပင့်တင်
တဲ့ အခါ ပေါ်လာလိုက်  တနာရီပြီးတနာရီ အချိန်နဲ့ အမျှ ပေါ်လိုက် မြုပ်လိုက် …ဒီ့နောက်…
                ပေ ၅၀မြင့် လှိုင်းလုံး နှစ်လုးံဟာ ရှေ့ ဆင့် နောက်ဆင့် တခုပေါ်တခုထပ်ပြီး Destiny ကို ၀င်တိုးလိုက်တယ်။ လေပြင်းတချက်ကလဲ သူ့ကို
မွှေ့ ရမ်းတွန်းတင်ပြန်တယ်။  လျိုင်းခေါင်းဖြူကြီးတွေက တခါ ဒေါကြီး မောကြီး နဲ့   တစခန်းထ ၀ါးမြိုပြန်တယ်။ လှိုင်းခွက်ထဲ ကိုတော့ကျမသွားဘူး။ ဒါနာက တခုခုတော့ ထူးပြီ လို့  အလန့်တကြားအော်တယ်။  Destiny ဟာ ရေပေါ်မှာ ၀ဲပျံပြီးနေရာက  ပေ ၇၀ အထက် ပိုနိုင်တဲ့  ရေတခွန်အမြင့်ကနေ ထိုးကျသည့်နှယ် ရေထဲ ကို သင်္ဘောဦးပိုင်းစိုက်ကျသွားတော့တယ်။ ဒါနာတယောက်ကတော့ တက်မကြီးကိုင်ပြီး မားမားကြီးရပ်လို့  ..အို..ဘုရားသခင် …စိတ်လှုပ်ရှား ရင်ခုန်စွာ နာနာကျင်ကျင် စူးစူးဝါးဝါးသံပြိုင်အော်မိကြတယ်။ လောက်လေးနဲ့  လွှဲပြစ်သလို အရှိန်ပြင်းငြင်း လွင့်စင်ထွက်သွားပြီး မြေကြီးရဲ့ ဆွဲငင်အားကြောင့် ပြန်ကျလာတဲ့ အခါ …ဖြည်းဖြည်းချင်း….ဖြည်းဖြည်းချင်း…
“သွားပြီ  “…..။  ရွက်လှေလေးရဲ့ ဦးပိုင်း ချိုင့်ဝှမ်းတခုထဲ ဖြည်း ဖြည်းချင်း ဂျွမ်းစိုက်ထိုးကျသွားစဉ် ဒါနာ စတီယာဘီးကို တွယ်ကပ်နိုင်ခွင့်ရထားတယ်။အဲဒီနောက် ပင်လယ် လှိုင်းလုံးများက ရိုက်ပုတ် ပြစ်ချလိုက်ပြန်တာကြောင့် ဂျွမ်းထိုးမှောက်ခုံ ဖြစ် ကျရပြန်တယ်။
မျှော်လင့်မထားတဲ့  အသံ
                 ပဲ့ ထိန်းလက်ကိုင်ကို မလွှတ်ပဲ ကြံ့ခိုင်စွာ မြဲမြဲစွဲကိုင်ထားတဲ့  ဒါနာက လှေနဲ့ အတူ ရေအောက်ရောက်သွားပါတယ်။ ဒါနာဟာ အတွေ့ အကြုံ ရင့်ကျက်သူပြီပြီ သူ့ မနောဝိညာဉ်က ဖရိုဖရဲ ဖြစ်မသွားပါဘူး။ စိတ်ကိုတည်ငြိမ်အောင်ထားပြီး ရေပေါ် ရောက်နိုင်ဖို့  အခွင့်အရေးကို ရှာနေတယ် ။ ခေါင်းမူးနေတဲ့ ကြားက အချေအနေကို သုံးသပ်ပြီး မကြာခင် သူ့  Destiny  တနည်းနည်းနဲ့   ပုံမှန်ပြန်ဖြစ်သွားလိမ့်မယ်လို့  ယုံကြည်နေတယ်။သူ ယုံကြည်ထားသလိုပါဘဲ။ Destiny ရေပေါ် ပြန်ပေါ်လာတယ်။
               ပေါ်လာ့ကို သတိရရချင်းရှာတယ်။ .ဘုရားသခင့်ကျေးဇူးတော်ကြောင့် ပေါ်လာ့ကို သူတွေ့ သွားပါပီ။ ဒါပေမဲ့  သင်္ဘောဦးပိုင်း ခုံတွေအကြား သပ်လျိုသွင်းထားသလို ညှပ်နေတယ်။ ဒါနာ သူ့ ကိုယ်ကို ရွေ့ ကြည့်တယ် ။လှုပ်ကြည့်တယ်။ရွက်ကြိုးးတွေနဲ့  နှောင်ဖွဲ့နေလို့  လှုပ်မရဘူး ။ရှုပ်ရှက်ခတ်နေတယ်။ ဒါ့အပြင် နံရိုးတွေ ..ပေါင်ရိုးတွေလဲ ကျိုးနေပလားဘဲ ။ ပေါ်လာကဘဲ  သူမ အကြပ်အတည်းကို ဖြေရှင်းရုန်းထွက်နီုင်ခဲ့ ပြီး  ဒါနာ့ထံ ဖြည်းဖြည်းချင်းတွားသွားပါတယ်။ သင်္ဘောဦးခန်းက လေယာဉ်ထိုင်ခုံမှာ မှိထားပေးတယ်။ ဒါနာ့ ဝေဒနာက ပြင်းနေတာမို့ ..သူမလဲ ဘာလုပ်ရမှန်းမသိဘဲ စိတ်မကောင်းဖြစ်နေရတယ်။
‘”ကျွန်မ ဘာလုပ်ပေးနိုင်မ လဲ .. ကွယ် ..” သူမက သက်ပြင်းတချက်ရှိုက်ရင်း ညီးညူ ပြောဆိုလိုက်တော့ …ဒါနာ က .”.ရွက်ဆိုင်းကြိုးတွေကို မင်းဖြတ်ပေးရမယ်။ ပေါ်လာ ။”  အင်တာနာကြိုးတချောင်း ရော ။ ပြီးတော့ ရေ တွေကို ငါတို့ ဘယ်လောက်ခပ်ထုတ်ပစ်နိုင်မလဲ  ကြည့်ပါ ။”
နှစ်တော်တော်များများမှာ  ဒီလို အရေးပေါ် အချေအနေမျိုး ကြုံကြိုက်ဖူးခဲ့ ပေမဲ့   အခုတခါမှာတော့  သူတို့  မကြံတတ်ကြဖူး။
 ပေါ်လာ ဟာ ကမ္ဘာပေါ်က ဘယ်နေရာမှာမဆို သူမ သင်္ဘောကို သူမ မောင်းနှင်  ထိန်းသိမ်းနိုင်စွမ်း ရှိတယ်။ သေသပ်ကျနစွာ ရွက်လွှင့် သွားလာနိုင်စွမ်းရှိပါတယ်။ ရေဒီယို ဆက်သွယ်မှု ၊ရေဒါစံနစ် စတာတွေ ရာသီဥတုပြ ဇယားကွက်တွေ ၊ ဖက်က်စ်  စတာတွေ  ကောင်းကောင်း ကျွမ်းကျင်ပါတယ်။ ဒါပေမဲ့  ခု တကြိမ်တော့ သူမ ဘာလုပ်ရမှန်ဒမသိတော့ဘူး။
                ပေါ်လာ သင်္ဘောအောက်ခန်းကို ဆင်းလိုက်တော့ မူးမေ့ သွားချင်စရာပါဘဲ။ ရေတွေက ကြမ်းခင်းပျဉ်ပေါ်မှာ အပြည့်။ ရေအိမ်ခန်း နဲ့ အခြား ကက်ဘင် ခန်းငယ်များ ပတ္တာတွေက ပြုတ်ထွက်ကုန်တယ်။ ပုဂံခွက်ရောက်တွေကအစ မွစာကြဲအောင်ကွဲကြေ ကုန်ပြီ။
တိုလီမိုလီပစ္စည်းတွေက လဲ ပြန့် ကြဲလို့ ။ရေခဲ သေတ္တာတောင်  မကျန်ရပါ  လွှင့်စင်ကွဲအက်နေပြီဟာ။
 သူမရဲ့ အရုပ်ကလေး Teddy ခမြာလဲ ရေထဲမှာ မျောပါနေပြီ။
                ကံကောင်းချင်တော့  ရေဒီယို အချက်ပြ  ( Emergency Position indicating Radio Beacon )  ဘက်ထရီ မီးက  အလုပ်လုပ်နေဆဲပါ။ သူမအနေနဲ့ သူမတို့  ရဲ့  တည်ရှိမှု ကို သတင်းပေးပို့  ဖို့  အလားအလာရှိပါတယ်။ ဟုတ်ပြီ။သူတို့  ယခု ရှင်ခြင်းနဲ့  သေခြင်းအကြား
ခဲခက်စွာ ဖြတ်သန်းနေရပြီဆိုတာ သတင်းပို့ ရပါမယ်။ သူမ ခလုပ်တွေကို ဖွင့်လိုက်တယ်။ ဒါပေမဲ့ လဲ သူမ ရမယ်လို့ တော့ တတ်အပ်သေချာ မပြောနီုင်သေးပါဘူး။ “ ဘုရားသခင် ..ကူညီစောင့်ရှောက်ပါ။ “ 
                အလူမီနီယံ  ရွက်တိုင်များဟာလဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခံခဲ့ ရတာကြောင့် အောက်ကို လိန်ကျစ်ငိုက်ကျပြီး  သင်္ဘောကိုယ်ထည်ပေါ် တဖြတ်ဖြတ်  တဖတ်ဖတ် ရိုက်နေတော့တယ်။ ဖန်မျှင်များ ကြေမွ ပွင့်ထွက် မကုန်မီ သူမ ရွက်ကြိုးကို ဖြတ်တောက်ပစ်ရမယ် ဆိုတာ သဘောပေါက် သွားတယ်။ သူမ သက်ကယ်ကြိုးမပါဘဲ သတ္တုဖြတ်လွကို လက်မောင်းမှာ ပူးချီပြီး  သင်္ဘော
ဝမ်းဗိုက်ပေါ်က ကုန်းပတ် တလျှောက် ဖြည်းဖြည်း တွားသွားတယ်။သင်္ဘောကလဲ ဆိုးဆိုးဝါးဝါး ကို လူးလိမ့် လှုပ်ခါနေတာပါ။ သူမကိုယ်ကို စဉ်ဆက်မပြတ် ဖုံးလွှမ်း တိုက်စားနေတဲ့  လှိုင်းလုံးကြီးများဒါဏ်ကိုလဲ မနည်းကြံ့ ကြံ့ ခံနေရတာပါ။
                ပေါ်လာ ပထမ ဦးဆုံးမြင်လိုက်ရတာက သံမဏိ ကြီုးတွေပါ။ ရွက်တိုင်တွေကို ထိန်းချုပ်ထားပါတယ်။  သူမလုပ်ရမဲ့ ကိစ္စက အောင်မြင်ဖို့ လမ်းသိပ်မမြင်ပါဘူး။သူမ နောက်ကို နည်းနည်း ပြန်ဆုတ်မိတော့  ဒါနာက သူ့ခေါင်းကို တွင်တွင် ရမ်းခါလိုက်တယ်။လူကလဲ ဖြူဖျော့နေပြီ။ နှုတ်ခမ်းတွေက ပြာလာတယ်။ ချေလက်တွေ ကတုန်ကရင် ဖြစ်လာတယ်။ ပါးစပ်က တောင်စဉ်ရေမရ တတွတ်တွတ် ရွတ်နေတယ်။ ပေါ်လာ သူ့ကို ထားခဲ့ ပြီး  ပဲ့ ပိုင်းကို ဒယီးဒယိုင်သွားပြန်တယ်။ကွေးကောက်နေတဲ့  တာဝါတိုင်ပေါ်  ရေဒီယို အင်တာနာကြိုးကို တတ်နိုင်သလောက်မြင့်မြင့် ပြန်ဆင်တယ်။  သင်္ဘောဦးပိုင်းပြန်ရောက်တော့  ဒါနာ  တယောက် မူးဝေယစ်သီပြီး
ပျို့ အံနေတာ တွေ့ ရတယ်။ လူတကိုယ်လုံးလဲ နာကျင်နေတဲ့ အပြင် စိတ်ပါ  ခြုံးခြုံးကျနေတယ်။
               ဒါနာ့ကို နွေးနွေးထွေးထွေးထားဖို့  လိုတာမို့  ပေါ်လာဟာ  သင်္ဘောကြမ်းပြင်မှာ ဒရွတ် ဆွဲခေါ်သွားရတယ်။ကက်ဘင်ခန်းရောက်ဖို့  အနည်းငယ်မျှသာ ကွားလှမ်းပေမဲ့  ပေါ်လာက တနာရီးလောက်ကြာအောင် အလုပ်လုပ်
လုပ်ခဲ့ ရတာပါ။ ဒါနာကို သတိလစ်ရက်ကြီး အိပ်ယာပေါ် ရောက်အောင် ပို့ လိုက်နိုင်တယ်။
                ပင်လယ်ကြီးက ကောင်းကောင်းကြီး ထုထောင်း သောင်းကျန်း နေတုံးပါဘဲ ။ ဒါနာနဲ့  ပေါ်လာတို့ က လှေနဲ့ အတူ မျောပါနေဆဲ ပါဘဲ။ Destiny ဟာ ရုန်းထွက်လာလိုက်  ၊ နစ်မြုပ်သွားလိုက် ..။ အလူးအလဲ ခံနေရဆဲ ပါ။တခါတရံ ဒါနာ တယောက် သူ့ အိပ်ယာကနေ .ခုန်ထွက်လာပြီး မျက်နှာကျက်နဲ့  ပြေးဆောင့်လိုက် ၀ုန်းကနဲ  ပြန်ကျလာလိုက်…။အကြိမ်ကြိမ်ပါဘဲ ။ သူ့တကိုယ်လုံး ကျေမွသွားအောင် နှိပ်စက်နေကြသလား။ ဘယ်တုံးကမှ ဒီအနေအထားမျိုး မရောက်ခဲ့ ဖူးဘူး။
                 ရွက်တိုင်က သင်္ဘောကိုယ်ထည်ကို ရိုက်နေတဲ့ အသံ ကြားနေရဆဲဘဲ။ ဒီ အချိန်မှာဘဲ …နယူးဇီလန်သားလေသံမျိုးနဲ့ 
“ Destiny.., Destiny… , Kiwi ခေါ်နေတယ် … သရီး..၀မ်း…ဖိုက်.. ကြားလား….အိုဗာ။ “ ဆိုတဲ့  အသံကိုပီပီပြင်ပြင်ကြားလိုက်ရတော့တယ်။
အသံတွေက နည်းနည်းတော့ ဗလုံးဗထွေးနေပေမဲ့  သဲကွဲ ပါတယ်။ VHF ရေဒီယိုက  ဆက်သွယ်လာခြင်းဆိုတာ သူမ သိနေတယ်။ ရွက်တိုင်ထိပ်ဖျားက အင်တာနာက ရေအောက်ရောက်နေပေမဲ့ လဲ ပုံမှန် အလုပ်လုပ်နေဆဲပါလား။ သူမ မိုက်ကရိုဖုန်းကို ကောက်ယူ စကားပြောဖို့  ကြိုးစားရှာတယ်။ မကြာမီ နယူးဇီလန် တော်ဝင်ရေတပ် ( Royal New Zealand  Air Force P3 Orion ) နဲ့  အဆက်အသွယ်ရလာတဲ့ အခါ  p3 0rion  လေယာဉ်မှာ ဆရာဝန်တဦးလိုက်ပါလာမယ် ဆိုတာ သိရလို့   ပေါ်လာ  ပျော်သွားတယ် ။ စကားပြောဖို့  အခက်အခဲ ရှိပေမဲ့  ဒါနာ့ အချေအနေကို ရေလည်အောင်တော့  နည်းနည်းချင်း ပေါ်လာ ရှင်းပြနိုင်ခဲ့ တယ်။
                 လေယာဉ်ဟာ သူတို့ ခေါင်းပေါ်မှာ ၀ဲလည်လှည့်နေပါပြီ။ ပေ၂၀၀ အကွာလောက်အထိ ဆင်းပြီး ကြည့်ရှုနေပါတယ်။ မိုးထဲ လေထဲမှာ ဖြတ်သန်းမောင်းနှင်နေတာပါ။  ရွက်တိုင်က သင်္ဘောကိုယ်ထည်ကို ရိုက်ပုတ်နေလို့  ဒါကို လေယာဉ်မှုးက ကြားပေမဲ့  အတည်ပြုနိုင်ဖို့  လိုပါသေးတယ်တဲ့ ။ ပေါ်လာကလဲ “  လေယာဥစက်သံ ကို ငါ ကြားနေတယ်။ မင်းတို့  ငါတို့ ကို မုချ ကယ်တင်နိုင်မှာပါ လို့  အော် .အော်ပြောနေတယ်။ ကိုးကွယ်ရာမဲ့  မိန်းမသားတဦးအဖို့  သနားစရာ အကောင်းဆဲုး အချိန်ပါဘဲ ။
                 Orion  အဖွဲ့ သားများက Destiny  ရေပေါ် တာရှည် မနေနိုင်ဘဲ နစ်မြုပ်သွားမှာကို အထူးစိုးရိမပူပန်နေကြတယ်။
ရေဒါစကင်မှာ လဲ  တန်ချိန် 7987တင်ဆောင်လာတဲ့  ကွန်တိန်နာ သင်္ဘော  Tui Cakau 111 ဟာ  ဒီအနီးအနားတ၀ိုက်မှာဘဲ ရှိနေတယ်
ဆိုတာ ဖေါ်ပြလာတယ်။ သူ့ မာလိန်မှူး James  Hebden က  ရေဒီယို သတင်းတခု ပေးပို့ ရာမှာ သူတို့  ၄၈ မိုင် အကွာမှာ ရောက်နေပြီး
ပါတဲ့ ။ ဒါပေမဲ့  သူတို့ လဲ အလားတူ မုန်တိုင်း ၊ လှိုင်း တွေနဲ့   မကြုံစဖူး  ကြုံနေရတာမို့  ဘယ်လောက် အချိန်ကြာမှ သူတို့  Destiny ဆီေ၇ာက်မယ်ဆိုတာ ပြောပြဖို့  စောလွန်းနေတယ်တဲ့ ။တွက်ချက်ရလဲ ခက်လှပါတယ်တဲ့ ။
                 ပေါ်လာ နဲ့  ဒါနာ တို့ ဟာ  ဒီမျှ ခက်ခဲ ဆိုးဝါးလွန်ူးတဲ့  အချေအနေ ပေါ်မှာ မယုံကြည်နိုင်ဖွယ် ရှင်သန်ရပ်တည်နေတာကို Orion အဖွဲ့ သားများက ချီးကြူးခဲ့ ကြတယ်။ လှိုင်းပုတ်လို့  မချိမဆန့် အော်ခဲ့ တဲ့  ပေါ်လာ့ အသံကို သူတို့  ကြားခဲ့ ကြရကြောင်း နဲ့  ဒါနာ ..ပေါ်လာ  တို့  သေသည် ရှင်သည် အချေအနေ ကို အတည်ပြုချက် ရယူဖို့  အချိန်တိုင်း စိုးရိမ်မကင်းစောင့်ကြည့်ခဲ့ ကြောင်းကို
ပြောပြခဲ့ ကြတယ်။
                 ညဘက် ရောက်တဲ့ အခါမှာတော့ Orion လေယာဉ်က  Destiny ပေါ် ခပ်နိမ့်နိမ့် ပျံသန်းလိုက်ပါလာနိုင်ပါပြီ။ ဒါပေမဲ့  ညအမှောင်က  ကြီးစိုးလွန်းတာကြောင့် ကယ်ဆယ်ဖို့ အခွင့်အရေး ကို ရှာဖွေရတာဟာလဲ ရင်မောစရာပါဘဲ။ အသက်ကယ်ဖေါင်တွေလဲ ရှိတော့တာမဟုတ်ဘူး။
  “ ဘုရားသခင်။”     ပေါ်လာခမြာ ဘုရားသာ အတွင် တနေရတယ်။” လှေမြုပ်သွားရင်တော့ ငါတို့  အသေဘဲ “  လို့  တွေးနေတယ်။ Orion
က ချပေးလိုက်တဲ့  ၀ိုင်ယာလက်စ် အသံလွှင့်စက်ကလေး ကတော့ Destiny အနားက  ရေပေါ်မှာ ပေါလောမျောလို့  ..။အရေးပေါ် အချက်ပြမီးက အလုပ် မလုပ်တော့ဘူး။ 
ခွန်အားမဲ့  ခုခံ ခြင်း
                    ဒီဗွီယာနာဝီလာ ဟာ ဒါရေးလ် နှင့် လက်ထပ်အပြီး နှစ်အတန်ကြာမှ ဒါရေးလ် ဇွတ်တရွတ် လုပ်တတ်ကြောင်း အခိုင်အမာ ယုံကြည်လိုက်ရတော့တယ်။  သူမက  မုန်တိုင်းနဲ့  ကြုံတွေ့ ရနိုင်တယ်လို့  သတိပေးပေမဲ့  ဒါရေးလ် က မမှုခဲ့ ပါဘူး။ ဆုံးဖြတ်ပြီးကိစ္စတရပ်မို့  သူ နောက်မဆုတ်ဘူးလို့  ပြောခဲ့ တယ်။  ဒါကြောင့်   သူမခင်ပွန်းကို အနီးကပ် ကူညီ စောင့်ကြည့် ဖို့  တာဝန်ရှီလာပြန်တယ်။ နောက်ဆုံး တနေ့  ဘုရားသခင်က စောင့်ရှောက်မှာပါလို့ တော့ သူမ ခံယူထားပါတယ်။
                     ဂရိတ်ဘာရီယာ (Great Barrier Island ) ကျွန်းမှာ မုန်တိုင်းနဲ့  တဲ့ တဲ့  တိုးနိုင်ကြောင်း သူမက နိမိတ်ဖတ်ပြောကြားခဲ့ပေမဲ့ 
ရာသီဥတုက လက်ရှိမှာ သာယာလှပလွန်းနေတယ်။ တနာရီ  ၄၅ မိုင် နှုံး ထက် ပ်ုလို့  တိုက်ခိုက်လာလိမ့်မယ် ဆိုရင် အဲဒါ  လုံးဝ မယုံကြည်နိုင်စရာပါဘဲ တဲ့ ။
                      အမှန်တော့လဲ  သူတို့  တတွေ က  ရှုပ်ထွေးပွေလီလှတဲ့  မြို့ ပြဆီကနေ ..   ရေပြာပြာ မှာ  ရွက်ဖွေးဖွေး တက်ဖွေးဖွေး
လှော်ခတ် ရွက်လွှင့် ရင်း ပင်လယ် ရေကြောင်းခရီး သွားလာကြဖို့  စိတ်အားထက်သန်ခဲ့ ကြတာပါ။ ဒါသူတို့ ရဲ့  အကြိုက်ဆုံး လူနေမှု စတိုင်တခုပါဘဲ တဲ့ ။ ဒီဗွီယာနာကလဲ ရေကြောင်းခရီးထွက်ရတာဟာ သူမ ခံတွင်းအမြိန်ဆုံးဟင်းတခွက်နဲ့  အစာ စားလိုက်ရသလိုပါဘဲတဲ့ ။
                      ရာသီဥတု အခြေအနေက လုံးဝ ကျေနပ်စရာပါဘဲ။ အပူအအေးမျှတတယ်။  သင်္ဘောသားတယောက်ရဲ့  အိမ်မက်ကို
လက်တွေ့ ပုံဖေါ်ရတော့မှာ ဘဲလို့  ဒါရေးလ်က ဥဒါန်းကျူးရင့်နေပါတယ်။
အဲဒါနဲ့ ဘဲ သူတို့  ရွက်လှေကလေး  Heart Light  ကို ရေချပြီး  တွန်ဂါ ဘုရင့်နိုင်ငံဘက်ကို ဦးတည် ထွက်ခွာ ရွက်လွှင့်ခဲ့ ကြတော့တယ်။ သူတို့ ရဲ့  ရေကြောင်းခရီးဟာဘယ်လိုဘဲ  ချောမွေ့ တယ်ပြောပြော အချိန်နာရီနဲ့ အမျှ  ရာသီဥတုက ပြောင်းလဲ လာတယ်။ မုန်တိုင်းရဲ့  အရိပ်အငွေ့ တွေ တဖြည်းဖြည်း  ထင်ဟပ်လာတယ်။
                      စနေနေ့ မနက်မှာတော့ ….လေတိုက်နှူံးက တနာရီ ၄၅မိုင်နှုံးကနေ  ကျော် ကျော်လာတယ်။ ပင်လယ်ရေက ၂၅ပေ မြင့်တက်လာတယ်။ ဒါရေးလ်ဟာ ဒီတော့မှ တခြား ရွက်လှေတွေဆီက သတင်းပေးပို့ ချက်များကို နားစွင့်လာတယ်။ တစင်းပြီးတော့ တစင်း အချင်းချင်း   သတင်းဖလှယ်ကြတယ်။ တစ တစ အခြေအနေ ဆိုး ဆိုး လာကြောင်း  မာယာများတဲ့  ညည့်အမှောင်ထဲ ရွက်လှေလေးတွေ တစင်းပြီးတစင်း တိုးဝင်မိကြပြီဆိုတာ  ဒါရေးလ် အတည်ပြု လက်ခံ လိုက်တယ်။ စိုးရိမ်ဖွယ် အနေအထားမှာ ရောက်နေပြီးမို့  ပုန်းခို နားနေ စရာ  တွေ့ မလား ရာသီဥတု အခြေပြ ကားချပ်ကို ဆွဲထုတ်ရှာဖွေ ကြည့်တယ်။ ဘယ်မှာမှ ရှာမတွေ့ ပါဘူး။ နယူးဇီလန် ကျွန်းက သူတို့ နောက်  မိုင်၄၀၀ အကွာမှာ ကျန်ရစ်ခဲ့ ပြီး တွန်ဂါ ရောက်ဖို့  နေ့များစွာ လိုပါသေးတယ်။
                       အလို…ပင်လယ်ပြင်က ဘာကြောင့် ငြိမ်သက်နေပါလိမ့် ။  Heart Light  ရွက်လှေ လဲ အခြေမပျက် ရှိနေတယ်။ အော်တို ပိုင်းလော့ကို ဖွင့်ပေးပြီး ဒလစပ် အပြေးခိုင်းလိုက်ရမလား။
                        သင်္ဘောဦးခန်းထဲက ထိုင်နေတဲ့  ပဲ့ထိန်းသမားတယောက်အဖို့  ဟို မိုးကုတ်စက်ဝန်းတွေဆီ က ပေးပို့ မဲ့  သတင်းအချက်အလက်တွေကို  မျက်ခြေမပြတ် စောင့်ကြည့်ဖို့ တော့ လိုပေလိမ့်မယ်။  အပှန်က အဲဒါက ကျေနပ်စရာဘဲမဟုတ်ပါလား။
မိမိလက်နဲ့  ပဲ့ ထိန်းဘီးကို လိုရာထိန်းချုပ်ပြီး  မ်ုင်ပေါင်း ၁၆,ooo  ပင်လယ်ရေကြောင်းခရီးကို ကျော်ဖြတ် သွားလာနိုင်ခဲ့ တာ ပီတိဖြစ်စရာပါ။
အော်တိုပိုင်းလော့ထ်ကိုပိတ်ပြီး နီးရာ ကုန်းမြေတခုမှာ  ကျောက်ချနားနေလိုက်တာဟာ ခုအချိန်မှာ သူမအဖို့  (ံHeart Light ) အဖို့ 
 ဘေးအကင်းဆုံးပါဘဲ။
 ဒါပေမဲ့  လောလောဆယ်  လေတိုက်နှုံးက တနာရီ ၇၀ မိုင်နှုံးထိ ကြမ်းတမ်းလာ ပြီ။ ဒီလို မုန်တိုင်းအကြား ငါတို့ ရွက်လှေကလေး ကို ဘယ်လို ခွန်အားတွေနဲ့  စောင့်ရှောက်ထိန်းသိမ်းနိုင်မတဲ့ လဲ။ ‘ ဒါရေးလ် တွေးပူနေတယ်။
                 ဒီဗွီယာနာဟာ အော်တိုပိုင်းလော့ထ် ဘာတွေလုပ်မယ်ဆိုတာ ဒိုင်ခွက် သုံးခုပေါ်ကနေ  မျက်ခြေမပြတ်စောင့်ကြည့်နေရတယ။်
ပင်လယ်ရေက ပေ၅၀ ထိ မြင့်တက်လာတယ်။  Heart Light ရဲ့  ပဲ့ ပိုင်းဟာ လျိုင်းတွေအောက်ကို ဘေးစောင်းကလေး လျောကျ သွားတယ်။
                  ညဟာ သိပ်သည်း ကျစ်လစ်စွာ   မဲညစ်နေတယ်။ ဘာတခုမှ ထိုးဖေါက်မြင်နိုင်စွမ်း မရှိဘူး။  မကြာခဏ  Heart Light ဟာ လှိုင်းခေါင်းဖြူများက ပြေးလွှားဖုံးအုပ်သွားလို့  မြုပ်ချည် ပေါ်ချည် ဖြစ်နေတယ်။ ဖြိုးးကနဲ ဖြန်းကနဲ  လွှင့်စင် တိုက်စားသွားတဲ့ 
ရေမှုံ ရေမွှားတွေကလဲ  Heart Lightကို အနေအထားပျက်ယွင်းစေတာပါ။ဒါရေးလ်ဟာ သူတို့ နှစ်ဦးရဲ့  အဖြစ်သနစ်ကို အသိပေးသင့်ပြီလို့  ယူဆတာမို့  ကမ်းခြေစောင့် ကယ်ဆယ်ရေးဋ္ဌာနများဆီ ရေဒီယို သတင်းပို့ ပါတယ်။
                  ပြီးတော့ သူ့ ဇနီထံ မိုက်ခွက်ကို လှမ်းပေးလိုက်တယ်။  အမေရိကန်ပြည်ထောင်စုမှာရှီတဲ့ သူမ မိခင်ထံ  ဆက်သွယ် ပြောဆိုတာပါ။ သူတို့  ကုန်းပေါ်ကို ပြန်လာနိုင်ဖို့  အချိန်လိုသေးတယ် တဲ့ ။
                  ပင်လယ်ကြီးကတော့ သူပုန်ထနေဆဲပါ။ လေမုန်တိုင်းကလဲ အလားတူ သောင်းကျန်းနေဆဲပါဘဲ။ ညက ပိုမှောင်ပြီး ပို နက်ရှိုင်းလာတော့တယ်။ အင်အားကြီး လှိုင်းတလုံးက Heart Light  ကို ဖြတ်ကနဲ ခွပ်ကနဲ ရုတ်တရက်  ရိုက်ပုတ်လိုက်တာကြောင့်
ထိန်းမရ သိမ်းမရ  သူမ ခမြာ ချာလည် ပတ်လည် ဖြစ်သွားတော့တယ်။ဒီအခါ ဒီဗွီယာနာက  autopilot  ခလုပ်ကို အပြေးသွားပိတ်ရတယ်။
ဘီးကိုလဲ လိမ်လှဲ့  ဆွဲယူပြီး အစွမ်းကုန် ရှောင်တိမ်းရပြန်တယ်။ ဒါရေးလ် ကိုတောင်  သူမက ဒီပုံမျိုး ပြုလုပ်ရင် လမ်းကြောင်းမှန်ပြန်သွားနိုင်တယ်လို့  ပညာပေးနေတယ်။
                    “ Heart Light ကတော့ ဖြောင့်ဖြောင့်တန်းတန်း မရှိလှဘူး။ သူမ autopilot ကို ဖွင့်ပြန်တယ်။ ဒါပေမဲ့  ဘာမှ မတတ်နိုင်ဘဲ နောက် ဆယ်မိနစ်အကြာမှာတော့ လက်လျော့သွားတော့တယ်။
                   ကောင်းကင်က လျှပ်စစ်ရောင်ခြည်တွေနဲ့  ၀င်းလက်နေတယ်။မိုးကြိုးခွင်းသံကလဲ ကြောက်ခမန်းလိလိ
ပါ။ဒီအခြေအနေအောက်မှာ ရွက်လှေလေးတွေ  ဆီက ကျိုးကြေ ပွန်းရှသံတွေ  ခပ်စူးစူး ထွက်ပေါ်နေပြန်တယ်။ ဒါရေးလ်ခမြာ လှိုင်းပေါ်က
ဒီဗွီယာနာကလဲ အပြင်းအထန် ကူညီနေရတယ်။
                 ပီးခဲ့ တဲ့  နှစ်တွေမှာ တုံးက “နှင်းပွင့် တိုင်းပြည်များ “ မှာ သူတို့ံ နှဦး နှင်းလျောစီး ခဲ့ ကြစဉ်က ဒီလိုမျိုး သစ္စာ မဲ့ လွန်းလှတဲ့  ရာသီဥတုမျိုးနဲ့  တကြိမ် ကြုံခဲ့ ရဖူးပါတယ်။ သူမဟာ ဒါရေးလ် ရဲ့  စွမ်းရည်ကိုလဲ အမြဲ ယုံကြည်ခဲ့ သူဖြစ်ပါတယ်။ သူမက “ ကျမတော့ ဒါမျိုးနှစ်ခါ မကြုံ ပါရစေနဲ့  လို့  ဆုတောင်းတာ မပြည့်ဖူး ထင်တယ် “ ‘ဒါပေမဲ့  ..ရှင် အောင်မြင်မှာပါ ။”   တဲ့ ။အားပေးလာတယ်။
                   သူမ က သူ့ အနောက်မှာ ရပ်ပြီး အခါမလပ်  ခက်ခက်ခဲ ခဲ သတင်းပို့ နေရတယ်။ဒါရေးလ်ကတော့ သူ့  ရွက်လှေကလေးကို
လမ်းကြောင်း မှန်မှန် ပြေးနေစေဖို့  အင်ဂျင်စက်တွေ  ဂရုစိုက်နေရတယ်။  တက်မနှခုနဲ့  လဲ တည်ငြိမ်မှုရအောင် မနည်းအားထုတ်နေရတယ်။လီဗာ မောင်းတံ ကို ရှေ့ သို့  အားအပြည့် ထိုးစိုက်လိုက် ၊ ရွှေ့ လိုက် ၊ ပြောင်းလိုက် ၊ အဲလို အချိန်မျိုးမှာ အင်ဂျင်စက်သံ နဲ့  ပန်ကာလည်တဲ့ အသံတွေက ငှက်ဆိုးတကောင် အော်မြည်နေသလို ပါဘဲ။
                   ဒါရေးလ်  အောင်မြင်ပါတယ် ။ သူလှေကလေး ထူထူထောင် ထောင်ဖြစ်လာခဲ့ ပါတယ်။  သူကိုယ်တိုင်ကတော့ ဖြူလျော်လျော်
ေ၀၀ါးဝါး  ။မှုံရီရီ ၊ မြင်ကွင်းက မရှင်းဖူး။ ဒီဗွီယာနာက သူနဘေးမှာရပ်ပြီး ထိုင်ခုံမှာ သူမြဲမြဲ ထိုင်စေနိုင်ဖို့  ထိန်းပေးနေရတယ်။ တလုံးပြီးတလုံး လှိမ့်ဝင်လာနေတဲ့  လှိုင်းတွေကြားကဘဲ သူတို့  အော်ဟစ်ပြီးစကားတွေလဲ ပြောဖြစ်ခဲ့ တယ်။ သူတို့ ဟာ တနာရီ ၇မိုင် ကနေ ၁၅ မိုင် နှုံ့း အကြား ခရီးသွားနေရတာကို အလွန်အမင်း အံ့သြနေကြတယ်။
                   ရုတ်တရက်  Heart Light ရဲ့  အနောက်ပိုင်းဟာ ခါရမ်းသွားပြီး  လှိုင်းတွေအကြား ဘေးတိုက် ပြစ်ချလိုက်သလို စောင်းကျသွားတယ်။ ပြီးတော့ ရေပေါ် ပြန်တက်လာတယ်။ ဒါရေးလ်နဲ့ ဒီဗွီယာနာတို့  ၂ယောက်  လဲကျသွားတယ်။သူမက  ခြေဆစ် နဲ တင်ပါးရိုးတွေ နာသွားတယ်။ Heart Light ရဲ့  အင်ဂျင်တွေသုံးစားလို့  မရ တော့အောင်  ပျက်စီးနေလောက်ပြီ။
                  စတက်ဖနီ ကတော့ အိပ်စင်ကနေ ကြမ်းပေါ် ဘုတ်ကနဲ ပြုတ်ကျလာတယ်။
ရေကြောင်းခရီးသွားသူများဟာ   ပင်လယ်လှိုင်း တံပိုးတို့ ရဲ့  ဒါဏ်ကို ခုခံဖို့  ခွန်အားမရှိတော့သော်လဲ  စွမ်းနိုင်သလောက်
ခုခံ ကာကွယ် နေရတော့တယ်။
သေမင်းခေါ်သံ
                  ဒီလို အဖြစ်တွေကြားမှာ ရာဘာ လှေကလေးတစင်း  ဒုံးလွှတ်သလို  ပျံတက် လွတ်ထွက်သွားတယ်။ သင်္ဘောကိုယ်ထည်နဲ့ တောင် ပွတ်တိုက် ပေါက်ထွက် သွားနိုင်တယ်။ သားဖြစ်သူ ရှိန်းန် က ရာဘာလှေကလေးကို ဆင်းဆယ်ဖို့ တံခါးကိုဖွင့်  ထွက်သွားတယ်။   မိုးနဲ့ အတူ လှိုင်းလုံးတွေက  တလုံးပြီးတလုံး သွန်ချ လှိမ့်ဝင်လာတာမို့   ဒီဗွီယာနာကလန့် ဖြန့် ပြီး တံခါးပိတ်လိုက်တယ်။ အပြင်မှာ ကျန်ရစ်တဲ့ သားကို စိတ်မချတာနဲ့  ပြတင်းပေါက်ကနေ ချောင်းကြည့်တော့ သားဟာ ကြာပွတ်နဲ့  ရိုက်နေသလို သင်္ဘောကိုယ်ထည်မှာ  တဖြတ်ဖြတ်ဖြစ်နေတဲ့ 
ရာဘာလှေ ကြိုးကို တင်းတင်းရင်းရင်းဖြစ်ဖို့  ကြိုးစားနေတာမြင်ရတယ်။ မကြာပါဖုး။ ရေနံရံ ကြီးတခု ကွာကျလာသလို ပြိုဆင်းလာတဲ့ 
ရေပြင်ကြီးအကြား ရှိန်းန် တယောက် ရေပေါ် မြောက်ပါသွားတော့တယ်။ ဒါရေးလ်က  ရှိန်းန်ကော  ရှိန်း န့် …… သူ့ကို မြန်မြန် အထဲ ၀င်ခိုင်းလိုက် ….တဲ့ ။ ဒီဗွီယာနာက  ဘုရား မလို့  သူ ခုထိ အဲဟိုမှာ ရှိနေတုံးဘဲ …တဲ့ ။ အပေါ်မြောက်တက်ပြီး ပလူပျံနေတဲ့  ရှိန်းန် ကို တဖန်
တန်ချိန်များစွာ လေးမဲ့  ရေလုံးကြီးတလုံးက တွန်းတိုက် ပြစ်ချလိုက်တာ  ကုန်းဘောင် တံခါးတခုနဲ့  ပြေးဆောင့်တော့တယ်။ ရှိန်းဟာ အရှိန်အဟုန် ပြင်းပြင်း နဲ့  ပြစ်ချခံရရာမှ ကြောက်အားလန်ူအားနဲ့  သင်္ဘောဦးခန်းက ကော်ဇောကြီး ကို ဆွဲမိ ဆွဲရာ  ဆွဲထားလိုက်တယ်။
.. ရေလုံးကြီးလျောဆင်းသွားရာမှာလဲ သူ့ ခြေ နှစ်ချောင်းကိုပါ စုပ်ယူသွားလို့   လျောပါသွားသေးတာပါ။
                  နာရီဈားစွာ ကြာညောင် ပြီးချိန်မှာတော့  အပြင်ဘက်ကနေ သင်္ဘောကိုယ်ထည်ကို  တခုခု
ရိုက်ပုတ်နေသလို ကြားပြန်တယ်။ ကြိုးတန်းလန်းနဲ့ ရာဘာလှေက မုန်တိုင်းခေါ်ရာ လေဟုန်စီးလိုက်ရင်း  သင်္ဘောကိုယ်ထည်ကို တဖြတ်ဖြတ် ရိုက်ချနေတာပါ။  ရှိန်းန် က ဒါကို အပြီး အပြတ်လုပ်မှ ဖြစ်မယ် ဆိုတာ ဆုံးဖြတ်မိတော့ တခါးဖွင့်ထွက်ပြန်တယ်။ သက်ကယ်ကြိုးလဲ မသုံးဘူး။
မိခင် က အထဲကနေ ဓါတ်မီးထိုးပြတယ်။ ကြိုးပြတ်သွားတဲ့  ရာဘာလှေကလေးကတော့ လွတ်ရာ ကျွတ်ရာ ပြေးထွက်သွားပါတော့တယ်။
                  ဒီအချိန်မှာ ခွေရစ်သိမ်းဆည်းထားတဲ့  ပေ၆၀၀ အရှည်ရှိ ကြိုးခွေ တခွေက သိုလှောင်ခန်းကနေ အပြင်ကို ခုန်ထွက်လာတယ်။ ကုန်းပတ်ပေါ်မှာ သူက ဖိတ်စင်ကျလာပြီး အရာအားလုံးကို တွယ်ညိ ရစ်ပတ်ကုန်တော့တယ်။ နေရာအနှံ ပြန့် န်တယ်။  ဒါဟာလဲ အန္တရယ်
တခုပါ။ ရှိန်းန် က ငါ ဒါကို ပင်လယ်ထဲ ပြစ်ချရမယ် ။ တဲ့ ။   ဒါရေးလ်က သူ့သားကို စိတ်မချဘူး။
                  စတက်ဖနီ  ကတော့  ၂ရက်လုံးလုံး ရေတွေကို ခပ်ထုတ်နေရတာနဲ့  လက်ပန်းကျနေပါပြိ။ ရှီန်းန် က တံခါးဖွင့်လိုက် ထွက်လိုက် ၀င်လိုက် လုပ်နေတော့ ရေ တွေက အရမ်း လှိမ့် ၀င်တာကြောင့်  တခါးပိတ်ဖို့ ဘဲ သူမ တွင်တွင် အော်နေရတယ်။
                အဆိုးတွေက ဒီလောက်နဲ့  ပြီးပုံ မရသေးပါ။ လေတိုက်နှုံးက တနာရီ   မိုင် ၁၀၀ နှုံးနဲ့  အားဖြည့် တိုက်ခတ်လာပါတယ်။ Heart Light ရဲ့  နံရံတွေကို ထုခွဲ ချေမှုံး နေကြတယ်။ ဖအေရော သားပါ  နံရံ တွေမှာ အဟုန်ပြင်းပြင်း ပြေးဆောင့် နေတော့တယ်။ ပြိုဆင်းလာတဲ့  ရေလုံးကြီးတွေ အင်နဲ့  အားနဲ့  သွန်းလောင်း မှုကြောင့် နဂိုက ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေတဲ့  တံခါးဟာ ပြုတ်ထွက်ကုန်တယ်။ ထုထယ်ကြီးမားလွန်းတဲ့  ရေ လုံးကြီးတွေ ဆက်တိုက်  တလုံးပီးတလုံး  အခဲလိုက် အတုံးလိုက် ၀င်လာတာပါ။ ဒါရေးလ်ဟာ Heart Light ရဲ့ 
ဦးခေါင်းကိုရှေ့ တဲံ့တဲ့  ထား လမ်းမှန်ဖို့  အလွန်ခက်ခဲ နေပါတယ်။ အရှိန်က မလျော့ဘူး။ လှေမှာလဲ လေးဂွနဲ့ ဆွဲပြစ်လိုက်သလို   လွတ်ထွက်သွားပြီး လှိုင်းခေါင်းဖြူကြီးတလုံးရဲ့   အပေါ် အမောက်ကနေ  တခါ လေထဲမှာ တွဲလဲဆွဲ လျောကျရာမှာ သင်္ဘောကိုယ်ထည်တွေက ဖိန့် ဖိန့် သိမ့်သိမ့် တုန်ခါရင်း အက်သံ ကျိုးသံ ညံ နေတော့တယ်။
                 ဒီဗွီယာနာဟာ သားနဲ့  ချွေးမကို သနားနေတယ်။ သူတို့  လိုက်ပါလာတဲ့  အခေါက်ကျမှ  ဖြစ်ရလေခြင်းလို့  စိတ်မကောင်းဖြစ်နေတာပါ။ သူတိုကို အပြည့်အ၀ ကူညီချင်တယ်။ တဒင်္ဂဖြစ်ဖြစ် စိတ်အေးစေချင်တယ်။ ဒါ့ကြောင့် သူမက သူတို့ ကို
စိတ်၏ ငြိမ်းချမ်းမှုကို ရှာနိုင်တယ်လို့  ညွှန်ကြားတယ်။ ဒါရေးလ် ကလဲ ရွက်လွှင့်သင်တန်းတက်စဉ်က စိတ်ကို တည်ငြိမ်အောင် ဦးစွာ ထားတတ်ဖို့  လေုကျင့်ခဲ့ ရတာကြောင့်  တရားမှတ်တာကို စိတ်ဝင်စားပါတယ်။ မိသားစုနှင့် အတူ နေထိုင်ခဲ့ စဉ်ကာလမှာလဲ စိတ်ကိုရှုမှတ်ခြင်းအလုပ် ကို မပြတ် ပြုလုပ်ခဲ့ သူပါ။ ဒါပေမဲ့  ဒီနေရာမှာ ဒါတွေက အလုပ်ဖြစ်ပါ့မလား။  တလုံးပြီးတလုံး လှိမ့်ဆင်းလာတဲ့  လှိုင်းကြီးများ တနာရီ မိုင် ၁၀၀ ကျော် တိုက်ခတ်နေတဲ့  လေပြင်းမုန်တိုင်းများအကြား  ဘယ်လို သတ္တိတွေနဲ့  ကြံ့ ကြံ့ခံ ရပ်တည်
နေနိုင်မှာတဲ့ လဲ ။
                ခုဘဲ ကြည့်လိုက်ပါ။ ဒါရေးလ် ခမြာ လေပွေတခုက သူ့ ကို   သူ့ ထိုင်ခုံကနေ ညာဖြန်းလှည့်ပတ် ဆွဲခေါ်သွားပြီး  ပစ်ပေါက် ခံရတာ အုံးကနဲ ..ဒိုင်းကနဲ ပါဘဲ။ သူတို့ သားအဖကို နေရာကနေ ဆွဲယူ ပစ်ပေါက်လိုက်တာမှာ နောက်ဆုံးတော့  ကြမ်းပြင်ပေါ်  တပြိုင်တည်း အရုပ်ကြိုးပြတ် ကျလာတော့တယ်။
                အရေးထဲ  သေမင်းခေါ်သံပမာ   အင်ဂျင်စက်သံက ဆူညံ စူးရှ စွာ အော်မြည်နေတော့တယ်။ သေခါနီး သိန်းငှက်တကောင် ပူပူလောင်လောင်  ဆွေးဆွေးမြေ့ မြေ့  ငိုကြွေးနေခြင်းများလား။ ဒါတင်မကသေးပါ။ စက်ကရိယာ ပစ္စည်း ဟူသရွေ့  တ၀ီဝီ တစီစီ  သံစဉ်မမှန်
 ဆူညံနေကြပြန်တယ်။
                 ဒီဗွီယာနာက ထူးခြားတဲ့  အသံတသံကြောင့် ဒါရေးလ် ကို  “ ဘာသံပါလိမ့် “ လို့  မေးတယ်။ ဒါရေးလ် က  “ အဲဒါ  အင်ဂျင်ထဲ ဆားငံရေ ၀င်လို့  ပေါ်လာတဲ့ အသံပေါ့   “ တဲ့ ။  မကြာဘူး။ အင်ဂျင်စက်ရပ်တန့် သွားတယ်။
                 “  ရပ်လိုက် “  ဒီဗွီယာနာက  အလန့်တကြားအော်ပေမဲ့  ဒါရေးလ် က လက်ယာဘက်ကို  လှည့်လိုက်တယ် ။တကယ်လို့  လှိုင်းကသာ ဆွဲချလို့  ပါသွားရင် ဒေါင့်မှန်အနေအထားနဲ့  ပါသွားနိုင်ဖို့   အရေးကြီးတယ် လေ။
တနင်္ဂနွေနေ့  ။
                ဒါရေးလ်ဟာ ပဲ့ထိန်းဘီး ကို ၃၆ နာရီ လုံးလုံး မနားတမ်း ကိုင်တွယ် ထိန်းချုပ်နေရ လို့  လူက အားကုန်သွားတယ်။ အင်ဂျင်ကလဲ သုံးမရ ၊ သင်္ဘောကိုယ်ထည်မှာလဲ အက်ကွဲကြောင်းရာတွေ နဲ့  မွစာကြဲ ကျိုးပဲ့ နေပြီ။ ပင်လယ်ရေမှာလဲ ခပ်ထုတ်မရ ပြည့်လျံနေပြီ။ လှေက ရေမှာ ဒရွတ်တိုက် လျောပါနေပြီ။ တက်မကိုလဲ ဘာတွေလဲ မသိ  ငြိတွယ်နေတယ်။ ဒါရေးလ်ဟာ  မိမိ အစွမ်းသတ္တိ အားမာန်များ စွန့် လွှတ်ခြင်ဒမဟုတ်သော်လဲ .. အရေးပေါ်  အချက်ပြ သင်္ကေတ မီးကို ဖွင့်လိုက်တော့တယ်။
ဝဲကတော့အတွင်းသို့
              တန်ချိန်1000 ကျော် ကုန်ပစ္စည်း တင်ဆောင်လာတဲ့  Tut Cakau 111  သင်္ဘော ဟာလဲ အလားတူ ဆိုးဝါးပြင်းထန်လွန်းတဲ့  လှိုင်းများရဲ့  မာယာ ထောင်ချောက်ထဲ ပိတ်မိနေသူပါ။ မာလိန်မှုး ဂျိမ်းစ်ဟက်ဒင် ဟာ Destiny  ကို  ဘယ်အချိန်မှာ  ဘယ်လောက်
အထိ ကူညျီနိုင်မယ်ဆိုတာ အသေအချာ မသိနိုင်ပါဘူး။ တဲ့ ။ လိုရာခရီးအရောက် သွားနိုင်ဖို့ ဆိုတာ  လှိုင်းလေကြားမှာ အလွန်ခက်ခဲ ပါတယ် တဲ့ ။ မာလိန်မှုးဟာ သင်္ဘောကုန်းပတ်ပေါ်က တံတားလေးမှာ မားမား ရပ်ရင်း ရေအထက် ပေ ၆၀ နီးနီး မြင့်တဲ့  သင်္ဘောရဲ့  အထက်မှာ  ခွေရစ်နေတဲ့  လှိုင်းလုံးကြီးရဲ့  အမောက် ထောင်နေပုံ ကို  မြင်ရတော့  လန့် ဖြန့် ပြီး အံ့သြတကြီး ကြည့် နေတယ်။ ဒေါသကြီးပြီး  မာန်ဟုန်ပြင်းတဲ့  ပင်လယ်ကြီး အကြောင်း သူ သိပါတယ်။ ပေ ၄၀ လောက် ခန့်မှန်းရတဲ့  လှိုင်းတွေက စဉ်တိုက် လာနေတာလဲ သိတယ်။ တံတားလေးပေါ် ကဲမိုးပြီး ပေ ၁၀၀ လောက် အမြင့်ရှီမဲ့ လှိုင်းလုံးအသွင်  ဖြစ်လာနိုင်ချေ ရှီ ကြောင်း သူခန့်မှန်းတယ်။
             ရေတံလျှောက်လို   ပင်လယ်လှိုင်းခွက်များက  TuiCakau  နဲ့  အပြိုင်ပါဘဲ ။ ကြီးမားတဲ့  လှိုင်းလုံး ကြီးနှစ်လုံးက ပါ
Tui Cakau  ကို ပင့်မ ထားလို့  ဘယ်ညာလူးလိမ့် ရင်း ၄၀ ဒီကရီလောက်တိမ်းစောင်းသွားစေတယ်။ ဒါ့အပြင် သင်္ဘောအရာရှိ ခမြာ သူထိုင်နေတဲ့  ကုလားထိုင် နဲ့  အတူ ကြမ်းပြင်ဆီပြစ်ပေါက်ခံလိုက်ရတာကြောင့်  ဂျိုးဂျိုးဂျွတ်ဂျွတ် မည်သွားခဲ့ ပြီး ခြေ တဘက်ကျိုးသွားတော့တယ်။ Destiny  ရဲ့  ရေဒီယို အချက်ပြ ဆက်သွယ်မှု များ အားနည်းနေပေမဲ့ James  Hebden  ဟာ  Orion  လေယာဉ် အဖွဲ့ ရဲ့  အသံလွှင့် ၀ိုင်ယာလက်စက်က  အားပေးသံတွေကိုတော့ ကြားနေရပါတယ်။
                ဒီအချိန်မှာဘဲ  နယူးဇီလန်ကနေ  ထွက်ခွာလာတဲ့  San Te Maru 18   ငါးဖမ်း သင်္ဘောဟာ လဲ တူနာငါါ်ကြီးများနောက် လိုက်ရင်း  မုနိတိုင်းနဲ့  တဲ့ တဲ့  တိုးနေပါတယ်။ Captain Bruce White  ဟာ  တန်ချိန် 400  ရှိတဲ့  ငါးဖမ်းပစ္စည်းတွေ တင်ဆောင်လာတာပါ။  ရွက်လှေတလေးတွေရဲ့  အခြေအနေကိုလဲ သူက သိထားပါတယ်။  သူကိုယ်တိုင်လဲ ဘာမှ မတတ်နိုင်သေးဘဲ  အချည်းနှီးဖြစ်နေရပါတယ်။                         
 ကမ်းခြေစောင့်မရိန်းတပ်ဖွဲ့ များထံမှ  ပေးပို့ တဲ့ သတင်းအရ သိထားတာပါ။
                  San Te Maru ဟာ ပေ  180 ရှည်ပါတယ်။ဒါပေမဲ့  သူမကိုယ်တိုင်လဲ ကြီးမားလွန်းတဲ့  လှိုင်းလုံးများထိပ်က  အကြိမ် ကြိမ် လျောကျ လာခဲ့ ရတာပါ။ သူမခေါင်းပေါ်မှာ လှိုင်းတွေက အထပ်ထပ် ခွေပတ်နေတာကလား။ တခါတရံ သူမညာဘက် ၊တခါတရံ ဘယ်ဘက် ၊ တခါတရံ သူမ အပေါ်တည့်တည့် စသည် ဘက်ပေါင်းစုံကနေ  ထိုးနှက်နေတာပါ။ ငါးဖမ်းထွက်ခဲ့ တဲ့  သက်တမ်း ၂၀  အတွင်းတကြိမ်တခါမှ   မကြုံ မဆုံခဲ့ ရပါဘူးတဲ့ ။ ငါးဖမ်းသင်္ဘောကြီးရဲ့  ရွက်ဆိုင်းကြိုးတွေ     ရေဒီယို အင်တာနာ ၊ ကက်ဘင်ခန်း  စသည် အားလုံး ပုံမှန် မဟုတ်တော့ပါဘူး။
                  အချိန်နာရီ  တော်တော်ကုန်သွားချိန်မှာတော့  ရေဒီယိုမှ  အသံစူးစူး ထွက်ပေါ်လာတယ်။ Orion  မှ ဆက်သွယ်လာတာပါ။ သူနဲ့  က မနီးမဝေးမှာဘဲ ရှိနေတာမှန်ပေမဲ့  မမြင်ရပါဘူး။ Orion က “  ငါတို့  မင်းအကူအညီ လိုအပ်နေတယ် ..”  တဲ့ ။ “ ကောင်းပါပြီ။ ကွှန်တော်  ဘာလုပ်ပေးရမလဲ “   တဲ့ ။ White က မေးတယ်။  “ Heart Light  ဆီကို သွားပါ။ ဒီက မြောက်အရပ် စူးစူး  ၆၃မိုင်အကွာ လူလေးယောက် ၊အသက်အန္တရယ်စိုးရိမ်အမှတ် ရောက်နေပါပြီ  “ တဲ့ ။ “  ကောင်းပြီလေ ..နည်းလမ်းရှာကြတာပေါ့။” လို့  White ကဖြေတယ်။
                  ကွန်မဲန်ဒါ  Larry Robbins  ဦးစီးတဲ့ Monowai အဖွဲ့ သားများဟာ ဆက်သွယ်ရေး ကီရိယာကတဆင့်   Australia က  ရွက်လှေ Ramtha  ဟာလဲ အလားတူ လှိုင်းတွေနဲ့  ၀န်ပိလေးလံနေတဲ့  ပင်လယ်ကြီးရဲ့  အထု အထောင်းခံနေရတယ် ဆိုတာ သိရှိနားလည်ထားကြတယ်။ သင်္ဘောသားတွေ ဒုက္ခရောက်နေကြတယ်ဆိုတာ လဲ သံသယ ရှိဖို့  မလိုပါဘူး။             
Monowai သင်္ဘောဟာ  တော်ဝင် နယူးဇီလန်က  Hydro graphic Servey Ship  ရေကြောင်းလေ့လာရေး သင်္ဘောဖြစ်ပါတယ်။
တန်ချိန် ၃၇၅၀ ရှိပြီး  သူမဟာလဲ လှိုင်းခေါင်းဖြုကြီးများရဲ့ ထိပ်က လျောကျလာခဲ့ တာပါ။
                     Monowai ရဲ့ ကုန်းပတ်များ ပေါ် ပင်လယ်ရေက  တလိမ့်လိမ့် ပြေးတက်လာနေပါတယ်။     လေ၀င်လေထွက်အပေါက် များ နဲ့  တံခါးပေါက်တွေမှာလဲ  သွန်ချထားတဲ့ ရေက မနည်းဘူး။ ပင်လယ်ကြီးက  နတ်ဘီလူးများရဲ့  တန်ခိုးအာဏာကိုများ သိမ်းပိုက် ရရှိထားလေသလား။   သစ်သားနဲ့ လုပ်ထားတဲ့  သင်္ဘောပဲ့ပိုင်း ကုန်းပတ်  ပေါ်က မြောင်းတွေမှာဆိုလဲ ရေတွေက ပြည့်လျံနေတာပါ။ ခေးချွတ်ဆေးရည်သိုလှောင်ထားတဲ့ စည်များလဲ ပေါ်က်ကွဲ ဖိတ်စင်ကုန်လို့  အဲဒါ စိတ်အလွန်ပျက်ဘို့ ကောင်းလှတယ်။
                     တနင်္ဂနွေနေ့ မနက်၎နာရီ  မှာတော့ ..ကောင်းကင်မှာ အဖြူရောင်  အလင်းတန်းတခု  တွေ့မြင်နေရတာမို့  အလွန်အမင်း အံ့အားသင့်နေကြတယ်။ ဒါဟာ  ခဏတဖြုတ် လင်းလက်လာခြင်းလဲ ဖြစ်နိုင်သလို စိုးရိမ် ကြောင့်ကြစရာ ကိစ္စရယ်လို့  သူတို့  မထင်မြင်ကြပါဘူး။  သင်္ဘောအချို့ ရဲ့  အရိပ်အရောင်ရယ်လို့ လဲ သူတို့  မပြောနိုင်ပြန်ပါဘူး။
                      ရုတ်တရက်  ကွန်မဲန်ဒါ  Robbins  က  VHF မိုက်ကရိုဖုန်းကို  ကောက်ကိုင်လိုက်ပြီး မေးလိုက်တယ်။ “  သင်္ဘောကြီး တစင်းစင်း ကများ မီးမောင်းထိုးလိုက်တာ တွေ့ မိလား ..အကြောင်းပြန်ကြားပေးပါ တဲ့ ။ ”
Ramtha  မှ   Robyn  Fobes  က  “သူမနဲ့  Bill တို့ နှစ်ယောက်ဟာ ဒီ ထူးဆန်းတဲ့ အဖြူရောင်  အလင်းတန်း  ကို  တွေ့ မြင်နေရကြောင်း.. ဒလဟော သွန်ချနေတဲ့  မိုးနဲ့  လျို့ ဝှက်သိပ်သည်းတဲ့  တိမ်တွေကြောင့်   ဘယ်နေရာက ဆိုတာ အတိအကျ သိဖို့ ခက်ပါတယ်တဲ့ ။ မိုးကြိုး
 လျှပ်စစ်ရောင်ခြညိမျိုး  တို့ နဲ့ လဲ ကွဲပြားပါတယ် “   တဲ့ ။  တုံ့ ပြန်လာတယ်။  
                       သူတို့  ဒီလို ပြောဆိုနေစဉ်အတွင်းမှာဘဲ Royin နဲ့  Bill တို့ ရဲ့   Ramtha  ရွက်လှေကလေးဟာု အင်အားကြီး လှိုင်းတလုံးရဲ့   ၀ါးမြို ဖုံးအုပ် မှုကို ခံရ ပြီးနောက်   လှိုင်းထိပ်ကနေ ဘေးစောင်း ကြီး လျောကျ သွားတော့တယ်။  Bill က  စိုးရိမ်စွာ လက်မြဲမြဲ ကိုင်ထားဖို့  အော်ပြောနေပေမဲ့   သူကိုယ်တိုင်လဲ သင်္ဘောဦးခန်း ခုံပေါ်ကနေ နောက်ပြန်လန်ကျ သွားတော့တာပါ။
                  Robyn  ကတော့ သူမကိုယ်ကို သူမ ထိန်းမတ်ပြီး လှမ်းနေရသလို Ramtha ကလေးလဲ ကတုန်ကယင်နဲ့  လှိုင်းခေါင်းဖြူကြီးတခုအတွင်း တိုးဝင်သွားတော့တယ်။ Bill ဟာ လဲကျရာကနေ အမြန်ထပြီး ပဲ့ ထိန်းလက်ကိုင်ဘီးဆီ အရောက်သွားတယ် ။ ခဏ ခဏ လဲကျနေတာကြောင့် သူ နောက်ဆုံးမှာ ပြန်ထဖို့  မကြိုးစားဘဲ တွားသွားပါတယ်။
                 ရေတွေက ကက်ဘင်ခန်းမှာ ပြည့်လျှံနေတာပါ။ စာအုပ်၊ ကက်ဆက် ၊ တိတ်ခွေ ၊ တီဗွီ ၊ အင်တာနာ ၊ VCR  ဘာမှ သုံးမရတော့ပါဘူး။ အားလုံး ဖရို ဖရဲ နဲ့ ။ သွားပြီ။ ဘာမှ မရှိတော့ဘူး။ သူ အော်ပြောလိုက်တယ်။တက်မတွေလဲ မရှိတော့ဘူး။ စတီယာရင်း မရှီတော့ဘူး။ ဒါပေမဲ့  ဒီသတင်းဟာ VHF  ကို ရောက်သွားပါတယ်။
                Monowai   သင်္ဘော ကြီး လာနေပါပြီ..တဲ့ ။ဘီလ် က မိုက်ကရိုဖုန်းကို ကိုင်ပြီး Robbins  ထံ   “ လိုအပ်ရင် ကျွန်တော်တို့  လှေကို စွန့် လွှတ်ဖို့  အဆင်သင့်ပါဘဲ .. “တဲ့ ။
                 ကွန်မဲန်ဒါ Robbins  က  “  ခင်ဗျားတို့  အသက်နဲ့  ခန္ဒာကိုတော့ ကျွန်တော် အာမ မခံနိုင်ပါဘူး။ ဒါပေမဲ့    ဘယ်နည်းနဲ့ မဆို ကျွန်တော်တို့  အရောက်လာခဲ့ မှာပါ ။ ခင်ဗျား တို့  သွက်လက်တက်ကြွမှု ရှိရဲ့ လား။ တဲ့ ။  ဒီလိုမေးတော့ ..Robyn က ဘာကြောင့် မေးတာပါလိမ့် လို့  စဉ်းစားနေလေရဲ့ ။ “ငါထင်တာက ငါတို့ ကုန်တင်  သင်္ဘောရဲ့   ပိုက်ထဲကို  ခုန်ချရမယ်ထင်တယ် ။မဟုတ်လဲ တနည်းနည်းပေါ့  “လို့  ဘီလ် ကပြောတယ်။
အန္တရယ်လမ်းက ကယ်ဆယ်ရေး           
                မာလိန်မှုး ဂျိမ်းစ် ဟာ သူ သင်္ဘောက တံတားလေးမှာရပ်ပြီး အမှောင်ထဲကို ချောင်းမြောင်းရင်းစဉ်းစားနေတယ် ။  Destiny နဲ့   တော့  တဖြည်းဖြည်း နီး နီးလာနေပြီ။ ဒါကို သံသယ ရှိဖို့  မလိုဘူး။ ဒါပေမဲ့  သူတို့ ကို ကယ်တင်ဖို့  ဆိုတာ  အန္တရယ် အများသား။ ပင်လယ်ကြီးရဲ့  အချေအနေကတော့ လုံးဝ အဆိုးဘဲ။ မှောင်မိုက်ညကိုရှောင်မှဖြစ်မှာမို့  နေ့အလင်းရောင်ရမဲ့ အချိန် စောင့်နေရတာဟာလဲ စိတ်မရှည်စရာပါဘဲ။ ကယ်ဆယ်ရေးအစီအစဉ်က ရိုးစင်းပေမဲ့  ရူးမိုက်ရာ ကျမလား။ ကြံမိကြံရာ ကြံစည်မိသည် ဆိုမလား ။အန္တရယ်များတဲ့ အလုပ်ဆိုတာက အသေအချာပါ။  မုန်ယိုနေတဲ့  ပင်လယ်ကြီးကို အံတုပြီး သက်ကယ်လှေငယ်ကလေးတစင်း မဖြစ်မနေ ချပေးဖို့ ဆိုတာ တကယ်တော့ မတွေးဝံ့စရာပါဘဲ။
                  ကုန်တင်သင်္ဘောကြီး Tui Cakau  ပေါ်ကနေ  လူနှစ်ယောက် က အသက်ကယ်ဖေါင်ပေါ် လျောဆင်း Destiny ကုန်းပတ်ပေါ် တွယ်ဖက် ခုန်တက် ၊ ပြီးရင်တော့ အမျိုးသမီးနဲ့  ဒါဏ်ရာရနေသူ အမျိုးသားကို Tui Cakau ပေါ် အရောက်ဆွဲ တင်ရမှာပါ။ ဒါဟာ အဆုံးစွန် အန္တရယ် များတဲ့  အလုပ် ဆိုတာလဲ အားလုံး နားလည် သဘောပေါက်ကြပါတယ်။ 425ပေ ရှည်တဲ့  ကုန်တင်သင်္ဘောကြီး နဘေး တလျှောက် 45ပေသာရှည်တဲ့   ရွက်သင်္ဘောလေးဆီ ဘေးတိုက်ယှဉ်ပြိုင် ချဉ်းကပ်ပြီး သက်စွန့် ဆံဖျား ဆောင်ရွက်ရမဲ့  ကိစ္စမို့  မာလိန်မှုးက ဘယ်သူ ဘယ်ဝါ သွား ဆိုပြီး အမိန့် ပေး စေခိုင်းတာမျိုး မလုပ်လိုဘူး။ သူက စေတနာ့ဝန်ထမ်း ဗော်လန်တီယာ ၂ ယောက်လိုချင်တယ် ။ လူကယ်ရမယ်။ အန္တရယ်ရှိတယ် တဲ့  အစီအစဉ်ချပြပါတယ်။ မင်းတို့  ကိုယ်တိုင် ဆုံးဖြတ်ပါတဲ့  ။
                     ရဲရဲ တောက် မိန့် ခွန်းပါဘဲ။ သူ့ အတွင်းစိတ်မှာတော့ ဘယ်သူနဲ့  လိုက်ဖက်တယ်ဆိုတာ ရွေးချယ်ပြီးဖြစ်ပေမဲ့  ဖွင့်ဟ မပြောပါဘူး။
                   အားခွန်ဗလနဲ့  ပြည့်စုံတဲ့   စစ်ထွက် ဖီဂျီယဲန် တဦး နဲ့  စက်ဘက်ဆိုင်ရာ ကျွမ်းကျင် တယောက်ပါ ။ ဂျိမ်းစ် ဟဲဘ်ဒင် က သူတို့ ကို ခေါ်ထုတ်တာ မဟုတ်ပါဘူး။ ဒါပေမဲ့  သူ့ အတွင်းစိတ်မှာ ရွေးချယ်မိသလိုဘဲ တက်တက်ကြွကြွ နဲ့  ရှေ့  ကို သူတို့  ထွက်လာကြတယ်။
                  အရုဏ်ဦးကို ရောက်လာနေပါပြီ။ ပေ 50 ခန့် ရှိ။နိုင်တဲ့  ဒီလှိုင်းတွေက ၀ရုံးသုန်းကား သောင်းကျန်းနေဆဲပါ။
ဒီအချိန်မှာဘဲ “ ပေါ်လာ “ ဟာ မှုံမှုံမွှားမွှား ထဲမှာ ကြီးကြီးမားမား ညိုညိုညစ်ညစ် ကိုယ်ထည်ကြီးတခု ချဉ်ဒကပ်လာနေတာ မြင်နေတော့ အလန့် တကြား အော်လိုက်တယ်။ “ ဘုရားရေ…ဒါနာ.. ကြည့်စမ်း ။ဒီမှာ  ဘာလဲ  ကြည့်စမ်း။  “
                ဒါနာက မလှုပ်နိုင်ပါဘူး။ သူ့ အခန်းကနေ ကားဂိုးကြီးရဲ့  အင်ဂျင်စက်သံကိုတော့ ကြားနေတာပါ ။ ဒီအသံကို ကြားရတာ သူ စိတ်ချမ်းမြေ့ သွားပါတယ်။ ကောင်းတဲ့ နိမိတ်ဘဲလို့  သူက ယူဆနေတယ်။
                တဖြည်းဖြည်းနဲ့ စက်သံက  နိးနိးလာနေတယ်။ ဒီတော့မှ ပေါ်လာက  သူတို့ ကို ကယ်ဆယ်ဖို့  ချဉ်းကပ်လာနေကြောင်း နားလည်သွားတယ်။ ဒါပေမဲ့  …..
                မာယာဆန်တဲ့  လှိုင်းတို့ ရဲ့  ကြည်စားမှုအောက်မှာ  သင်္ဘော ၂စင်းဟာ ဆန့်ကျင်ဘက် အရပ်ဆီ အသီးသီး ဦးတည် သွားနေကြတာကြောင့် ဒါဟာ ဖြစ် နိုင်ချေ ရှိပါ့ မလား။  သူတို့ ၂ဦးရဲ့  ချဉ်းကပ်မှုဟာ မရေ မရာ နိုင်လွန်းလှတယ်။
                မာလိန်မှုးဟာ ပဲ့ ၊ တက်၊ ဒလက်။ ပန်ကာ စတာတွေကို လိုအပ်သလို အသုံးချ ကိုင်တွယ် ထိန်းချုပ်ပြီး သင်္ဘောချင်း ဘေးချင်းကပ် ယှဉ်ျနိုင်ဖို့  ကြိုးစားတယ်။း ချိန်သားမကိုက်နိုင်ဘဲ နည်းနည်းလွှဲချော်သွားတဲ့  အပြင် “ပေါ်လာ့ ” တကိုယ်လုံး ပင်လယ်ရေက ဖြန်းပက်လိုက်တာမို့ု စိုရွှဲ သွားတော့တယ်။Destiny လိမ့်သွားနေတဲ့  အနေအထားနဲ့ 
ဆန့် ကျင်စွာ Tui Cakau ကလဲ လိမ့် နေတာပါ။  ဒါတင်မက Destiny  ရဲ့  ထိပ်ဦးပိုင်းက  ကုန်တင် ရေယာဉ်ကြီးရဲ့  နံဘေးကို ၀င်တိုက်မိပြန်တာကြောင့်ဖန်မျှင်များ  ကွဲအက်ထိခိုက် သွားတယ်။ မာလိန်မှုးက ဒါကို မမှုပါဘူး သူထပ်ကြိုးစားပါတယ်။ ပါဝါ အပြည့်နဲ့   တဟုန်ထိုး  မောင်းထွက်သွားတယ်။
               ပေါ်လာကတော့ ကြောက်ကြောက်လန့့်လန့် နဲ့  ငေးကြည့်နေပါတယ်။ သင်္ဘောကြီးကိုယ်ထည်ကြီးက ပြောင်ချောချော တောင်နံရံကြီးသဖွယ် မတ်စောက် နေတယ်။ မာလိန်မှုးအတွက်လဲ လိုရာခရီး မရောက်နိုင်ဘဲ  Destiny သာ ရေ မြုပ်ကိန်းမြင်နေရတယ်။ ဒါနာမှာလဲ ငြိမ်မနေနိုင်ဘဲ “ ဘာဖြစ်တာလဲ   ဘာဖြစ်တာလဲ ။ “  နှင့်  တတွတ်တွတ် မေးနေတော့တယ်။ “ ကျမတို့  ဒလက်တွေ ပဲ့ တွေ အောက် ရောက်မှာ သေချာတယ် ။သူတို့  ကျမတို့ ကို မကယ်နိုင်တော့ဘူး “ လို့  ငိုကြီးချက်မ ပြောနေရှာတယ်။ ဒါပေမဲ့  …
               ရုတ်တရက်  ကံကောင်းချင်တော့  လေတိုက်နှုံးက  အံ့သြစရာပါဘဲ ၊ ချက်ခြင်း လျော့ကျသွားတယ်ဟာရီကိန်း အဆင့်ကနေ   သာမန်လေတိုက်နှုံးအဆင့်အထိပါ။ မာလိန်မှုး ဂျိမ်းစ် အဘို့ တော့  ဒါဟာ အခွင့်ကောင်းပါဘဲ ။
သင်္ဘောကြီးရဲ့  ရေဒီယို အော်ပရေတာမှ  “ ပေါ်လာ ငါတို့  နောက်ထပ် ကြိုးစားကြမှာမို့  အသင့်ပြင်ထားပါ  တဲ့ ။”
အမှန်တော့ သူမ အားပြတ်နေပါပြီ။သင်္ဘောဦးပိုင်းကို  ချိနဲ့  ချိနဲ့ လျှောက်သွားတယ်။ဒါပေမဲ့ လဲ ရှိစု မဲ့ စု သတ္တိလေးနဲ့  ရဲဆေးတင်ရပြန်တယ်။
               ကယ်မဲ့ သူ၂ဦးက သူမအပေါ်ကို ကြိုးခွေ ချပေးတော့ သူမ ဖမ်းဆုတ်နိုင်ခဲ့ ပြီး ၀န်ချီစက်သီးမှာ ချီနှောင်လိုက်တယ်။
               ဒီတခါတော့ ကုန်တင် သင်္ဘောကြီးက တလက်မပြီး တလက်မ တစ တစ   ချဉ်းကပ်လို့ လာနေပါပြီ။ ဂျိမ်းစ်ဟာ မာလိန်မှုးဘ၀နဲ့  အတွေ့ အကြုံ ရင့်ကျက်သူပါ ။ဒါပေမဲ့ လဲ သင်္ဘော ကိုယ်ထည် ၂ခု ဘေးတိုက် ယှဉ်မိစေဘို့  ဆိုတာက  အလွန့် အလွန်ကို ကြိုးစားနေရတာပါ။ တကယ်တမ်း ဘေးချင်းယှဉ်မိချိန်မှာတော့  ပေါ် လာ ကုန်းပတ်ပေါ်မှာ လဲကျ
 သွားခဲ့ တယ်။  အသက်ကယ် ဖေါင်လေးတခု သူမ နဘေးကို  ကျလာတယ်။ထွားကျိုင်းသန်မာလှတဲ့  ဖီဂျှီယဲန် တယောက် ချိုမြတဲ့  မျက်နှာပေးနဲ့   သူမကို ကူညဖို့  ရောက်လာပါတယ် ။ အသက်ကယ်ဖေါင်ပေါ်ဝင်ဖို့  သူမခေါင်းပေါ်က ပြောဆိုတိုက်တွန်းနေသံတွေ ကြားနေရတယ်။ သူမ ဘာတွေ ဖြစ်ပျက်နေသလဲ ဝေခွဲ မရမီ လူတယောက်က သူမကို ရာဘာဖေါင်ကလေးဆီအရှိန်ပြင်းပြင်း  တွန်းပို့ လိုက်တယ်။ လှေတွေက လူးနေတော့ “ ပေါ်လာ “ လွဲချော်သွားတယ်။ ဒါပေမဲ့  အဲဒီဘေးပတ်လည်မှာရှိတဲ့  ပိုက်ကိုတော့ ဖမ်းဆွဲမိပြီး ဖရိုဖရဲ တွဲလဲ ဆွဲနေတော့တယ်။
                သင်္ဘော ၂စင်းဟာလဲ ဖြတ်ကနဲ တချက် နီးစပ်သွားတယ်။ “ပေါ်လာ” ကတော့ ကြောက်လန့် အော်ဟစ်နေဆဲပါ။ ပိုက်ကို အသေဆုတ်ထားတဲ့ ဘယ်လက်က ပြုတ်ထွက်တော့မယ်။  Tui Cakau ရဲ့  နဘေး  လေထဲမှာ ဖေါင်ကလေး တွဲလဲ ၀ဲပျံနေတယ်။ သူမ အောက်ကို ငုံ့ ကြည့်လိုက်တော့ အလိုလေး..လေ..၊ပေ ၆၀ အနည်းရှိမဲ့  ၀ဲကတော့ကြီးးက သူမကို စိန်ခေါ် ခြိမ်းခြောက်နေပြီလား။   သင်္ဘောဦးခန်း အိပ်စင်ပေါ်က ဒါနာ ဟာ ကုန်းပတ်ပေါ်အရောက် ခြေဒရွတ်ဆွဲ တွားသွားပါတယ် ။ မော့ကြည့်လိုက်တော့ လား ..လား..ပေါ်လာ တယောက်.. အာကာသထဲက  သက်ကယ်ဖေါင်မှာ မရေမရာ တွဲလဲ  ချိတ်လို။့  ခြေနှချောင်းက ယိမ်းထိုးနေတဲ့ လှေတွေအကြား  ကနေ လှုပ်ရှားလို့ ။ မုချ သူပြုတ်ကျသေမှာဘဲ ။ လို့  ဒါနာ တွေးပူနေတယ်။ လှိုင်လုံးတလုံးကလဲ သူအပေါ် ဖုံးလွှမ်းသွားတယ်။..ငါတော့ သေပြီ။ လို့ သူ့ ထင်ပြန်တယ်။
                 ပေါ်လာ က လေထဲမှာ ရုန်းကန်နေရတုံးပါ။ ဒုတိယ ကယ်တင်ရှင်က သူမကို မယူပြီး သက်ကယ်ဖေါင်ထဲ ထိုင်စေတယ်။ သင်္ဘောရဲ့    ကုန်းပတ်ပေါ် အရောက်  မြန်မြန်ဆန်ဆန်ဘဲ ဆွဲ တင်လိုက်နိုင်တာပါ။ ပေါ်လာဟာ မူးဝေရစ်သီ ယိမ်းယိုင်နေတာမို့  သင်္ဘောသားများက သူမကို ထည်ငြိမ်မှု ရအောင် ကြိုးစား အားပေးနေကြတယ် ။အကြောက်လွန်တဲ့   လူနာတယောက် အဖြစ် သူတို့ က ပြုစု စောင့်ရှောက် ကြပါတယ်။ ဒါနာ့ ဘေးကိုလဲ အဆိုပါ ဖီဂျီ နှယောက် ရောက်လာပါပြီ။ ကင်းဗတ်လူနာထမ်းစင်တခုလဲ ပါလာတယ်။လှိုင်းပုတ်တဲ့ ဒါဏ်ရာတွေက  အများသား  သူ့ ခမြာ မလှုပ်နိုင်ရှာဘူး။   နံရိုးနဲ့  ခြေထောက်တချောင်းထိခိုက်ဒါဏ်ရာ ရခဲ့ တာမို့  ဖီဂျီယဲန် များဟာ ထမ်းစင်ကို ပုံမှန်အတိုင်း ကျဉ်ဒမြောင်းတဲ့  စင်္ကြန်လမ်းတလျှောက် သယ်ယူဖို့  ကြိုးစားနေကြတယ်။ အချိန်တိုင်းဘဲ သင်္ဘောကြီးကို ရွက်လှေလေးက ဆောင့်ဆောင့်တိုးနေတာကြောင့်ရော လှိုင်းဒါဏ်ကြောင့်ရော..  ကယ်မဲ့ လူတွေကပါ  ဒါနာ့ အပေါ် ထပ်ပြီး လဲကျကုန်တော့ ဒါနာ့ခမြာ အနာပေါ် အနာထပ်ဆင့်လို့  နာရပြန်တယ်။  အဲဒါကြောင့် ဒါနာကို  ထမ်းစဉ်နဲ့ တွဲပြီး ချီနှောင်ကြရတယ်။
                  ဒါနာ့ ခမြာ ..ဖြစ်လိုရာ ဖြစ်စေတော့လို ဝေဒနာကို သည်းခံရင်း..တဖြည်းဖြည်းနဲ့ ဘဲ ကုန်တင် သင်္ဘောကြီးပေါ် ဒါနာ ရောက်လာတော့တယ်။
နောက်ဆုံးမှာ  Tui Cakau နဲ့ ပတ်သက်ပြီး  ဇတ်လမ်းက နိဂုံးချုပ်တော့မှာပါ။
Orion   အဖွဲ့ သားများဟာ ဒီသတင်းကို ကြားသိတဲ့ အခါ  ကောင်းကြီး ထောပနာ ပြုခဲ့ ကြတယ်။
မူးမေ့သွားတဲ့  ကြယ်ပါးနှစ်ကောင်  
                ပင်လယ်ရဲ့ ရှုခင်းတွေကတော့  ကြောက်ခမန်းလိလိပါဘဲ။ ဒေါသခက်ထန်နေတဲ့  နဂါးကြီးတကောင်လို သောင်းကျန်းနေသလို .ပါ။ ရေအမြင့်က ပေ၄၀ အထက်ရှိပါမယ်။ Robbins ဟာ သူ့  သင်္ဘောကြီး အန္တရယ်ကင်းဖို့  ဖိ ဆုတောင်းနေရတယ်။ပြီးတော့  Ramtha  ရွက်လှေပေါ်က သြစတြေးလီယဲန် စုံတွဲ  တတွဲု ကိုလဲ ကယ်တင်ဖို့  မျှော်လင့်ထားတာပါ။ ဘုရားသခင်က သူနဲ့ အတူ ရှိစေချင်ပါတယ်တဲ့ ။ လေတိုက်နှုံးက တနာရီ မိုင် ၉၀အထက်မှာ ရှီနေတာပါ။  သင်္ဘောအုပ်ချုပ်ရေးအရာရှိက သူ့ သင်္ဘောသား ၁၃၅ယောက်ကို မာလိန်မှူးရဲ့  အစီအစဉ်တွေ  အတိုချုပ်ရှင်းပြပါတယ်။
                  သူ့အစီိအစဉ်ကတော့ ..Monowai သင်္ဘောကြီးကို ရွက်လှေအနီး ချဉ်းကပ်နီုင်သရွေ့  ချဉ်းကပ်ပြီး ရွက်လှေဆီ
ကြိုးပစ်ပေးဖို့ ပါဘဲ။ ပြီးရင် အဲဒီကြိုးမှာ ကကြိုးတန်ဆာ ၂ခု ပူးနှောင်လိုက်မှာပါ။Ramthaရဲ့ အဖွဲ့ သား နှစ်ယောက်ကို အဲဒီ ကကြိုးတန်ဆာနှစ်ခုထဲ ၀င်စေရမှာပါ။ သူတို့ဟာ တဖြည်းဖြည်းချင်း ရေလွှာပြင်ကို ဖြတ်သန်းပြီး ၀န်ချီစက်နဲ့  ဆွဲတင် မယူပြီး Monowai ပေါ်ကို အရောက်ပို့ဆောင်ပေးမှာဖြစ်ပါတယ်။ 
                   နေဗီသင်္ဘောကြီးက ကယ်ဆယ်ရေးအစီအစဉ်ကို စတင်ပါပြီ။ သင်္ဘော ၂ စင်း ဘေးတိုက်ယှဉ် ရပ်တည်နိုင်အောင် သိမ်မွေ့ စွာ
ကိုင်တွယ်ထိန်းချုပ်ဲပီး  ရွက်လှေကလေးပေါ် ကြိုးတချောင်းပစ်လွှတ်လိုက်တယ်။ Ramtha  ရွက်လှေသမားတွေကို ကကြိုးအတွင်းဝင်စေပြီး ပစ်လွှတ်လိုက်တဲ့  ကြိုးမှာ တွဲနှောင်ထားတာပါ။ သင်္ဘောသားတွေက ဒါကို ရေမှာ  ဖြတ်ကျော် ပြီး နေဗီသင်္ဘောအရောက် ဆွဲတင်ကြပါတယ်။
  တယောက်ပြီးတယောက် လက်ပြောင်းလက်လွှဲ သယ်ယူ ဆွဲတင်ကြရတယ်။ ဒီလို မျိုး ကြံစည် ပြုလုပ်ရာမှာ သုံးကြိမ်မက  လွဲချော်မှုတွေ ရှီခဲ့ ပါတယ် . သေးငယ်လှတဲ့ ရွက်လှေကလေးဟာ ရေပေါ်မှာ မြင့်တက်ပေါ်လာပြီး သိသာ ထပ်ရှားစွာ မြင်တွေ့ နေရပေမဲ့ လူတွေကို  ဆယ်ယူဖို့  အခက်တွေ့ နေရပါတယ်။   ဘာ့ကြောင့်လဲ ဆိုရင် Ramtha  က  လေရှိန် ရေရှီန်နဲ့  လမ်းလွှဲ  လွှဲနေပြီး အဝေးကြီးကို တိမ်းယိမ်း
းရွေ့ ရှားသွားခဲ့ လို့ ပါ။ လှေဝမ်းထဲမှာ ရေတွေ အများကြီး သိုလှောင် မျိုချထားတဲ့ အတွက်လဲ  မနိုင်ဝန်ထမ်းနေရပါတယ်။ ဒါ့ကြောင့် ဘီလ် က အင်ဂျင်စက်တွေ နိုးထလာအောင် ကြိုးစားရတယ်။ သင်္ဘော ၂စီးအတူ ယှဉ်မိစေဖို့  ခက်ခဲစွာကြိုးစားအားထုတ်ကြရတယ် ။ယာဉ်၂စီး နီးစပ်သွာဲးပီး ကြိုးပစ်ပေးနိုင်ဖို့  အချေအနေ အခွင့်အခါကောင်းရသွားပေမဲ့  မမျှော်လင့်ဘဲ  သင်္ဘော၂စင်း ဆန့်ကျင်ဘက်အရပ်ကို  သုံးကြိမ် မက    လိမ့်သွားတတ်ကြလို့  လွဲချော်သွားပြန်ပါတယ်။ နောက်ထပ်လှိုင်းတလုံးက Ramtha ကို အောက်ခြေကနေ ထိုးသွင်းကော်ထုတ်
တာကိုလဲ ခံရသေးတာပါ။                     
                    နောက်ဆုံးမှာ သူတို့  Ramtha ကို စွန့် ခွာ ထားရစ်ခဲ့ ဖို့  ၀မ်းနည်းကြေကွဲစွာ ဆုံးဖြတ်ကြရတော့တယ်။   “  ငါတို့  Ramtha ကို စွန့် ခွာဖို့ အပြင် တခြားနည်းလမ်း မရှိတော့ဘူး။ “  လို့  Robyn က ကွန်မင်ဒါ  Robbins နဲ့  ရေဒီယိုချင်း  ဆက်သွယ် ပြောဆိုခဲ့ တယ်။ Robbins  က “ ငါတို့  အကြိမ်ကြိမ် ကြိုးစားခဲ့ ပြီဘဲ ။ “တဲ့ ။
                    သင်္ဘော ၂စင်းဟာ ပေ၆၀ အကွာမှာ ရောက်လာတယ် ။ သြစတြေးလီယဲန် နှစ်ယောက်ဟာ သူတို့   အဆင်သင့်ရှိနေပီဖြစ်ကြောင့်း  သင်္ကေတအဖြစ် လက်မကို အပေါ်ထောင်ပြလိုက်ံကြပါတယ်။ ဒီ့နောက်မှာတော့ Monowai က  အချက်ပေးဥသြ ဆွဲပါတော့တယ်။ ဒီအခါ သူတို့  ရေထဲ ခုန်ဆင်းကြတယ်။ harnesses(ကကြိုးတန်ဆာ)ထဲမှာ သူတို့  သက်တောင့်သက်သာရှိဖို့  တော်တော့်ကို ရုန်းကန်နေရတာပါ။ လှိုင်းတလုံးကလဲ Monowai ရဲ့  နဘေးကိုဆောင့်ဝင်လာတာကြောင့်Ramtha ကနေ  တော်တော်ဝေးဝေး လိမ့်ပြေးသွားတော့တယ်။
နောက်ထပ်လှိုင်းတလုံးကလဲ Ramtha ကို အောက်ခြေကနေ ထိုးသွင်းကော်ထုတ်လိုက်တာကြောင့် ဆန့်ကျင်ဘက်အရပ်တွေဆီ ရောက်ကုန်ပြန်တယ်။ Robyn ဟာလဲ ပင်လယ်ထဲကို ပြုတ်ကျသွားတော့တယ်။ ဒါပေမဲ့ သူမမှာ အသက်အင်္ကျီ ၀တ်ထားတာမို့ေ၇ပေါ် ပြန်ပေါ်လာနိုင်ပါတယ်။
                    သင်္ဘောသားများဟာ ဒါကို ချက်ခြင်းအရေးယူပါတယ်။၆၆၀အရှည်ရှိတဲ့  ကြိုးတချောင်း ပစ်ပေးပြီး ဆွဲယူပါတယ်။
မာလိန်မှုးဟာ သူတို့ ၂ဦးကို သတိမေ့ မျောမသွားစေဖို့  မျှော်လင့်နေတာပါ ။တကယ်လို့  မျောမေုသွားရင်လဲ အရေးပေါ် ကုသပေးနိုင်ဖို့ ကို ကြိုတင် ပြင်ဆင်ထားပါတယ်။
                     အမှန်က သူတို့  သတိကောင်းကောင်းရှိပါတယ်။ “ ငါတို့  ၂ယောက် ငါးမျှားချိတ်မှာ တွယ်ညိနေတဲ့  ငါးတွေလိုပါဘဲလားလို့  တောင်   တွေးနေကြတာပါ။ ဖြစ်ပျက်ပုံက မြန်ဆန်လွန်းလို့  Robyn ရဲ့  ကြိုးဟာ ရော့ရဲရဲဖြစ်တောကို သတိမထားမိကြဘူး။ ခေါင်းငိုက်စိုက်ကျပြီး ချာချာလည်နေတယ်။ အနှေးနဲ့ အမြန် ရေထဲ ငုပ်လျိုးသွားနိုင်တဲ့  အချေအနေပါဘဲ။ ဘီလ် ကတော့ ရေမှာပေါ်လာပြီး အသက်၀၀ရှူနိုင်ခွင့်ရသွားတယ်။ ဘီလ်က သူ့ ဇနီးကို ရှာပါတယ် ။မတွေ့ ပါဘူး။ သူမက ရေအောက်မှာပါ။ ရေပေါ် အမြန်ပြနတက်နိုင်ဖို့ သူမကိုယ်ကို ဖေါ့ပြီး  မတ်မတ်ထောင်တက်ပါတယ်။ ဘီလ်က မကြည့်ရက်ဘူး။နစ်သွားမှာကို ပူနေတယ်။ ကြိုးထုံကို အရအမိ အသေဆုတ်ကိုင်ရင်း  Robin  ရေပေါ် တချက်ပေါ်လာစဉ် အသက်၀၀ရှူဖို့  ချိနဲ့ နဲ့  သတိပေးနေတယ်။ သူမ ကြိုးတွေထဲမှာဘဲ  ဟိုသည် ကန်ကျောက်ရင်း လမ်းမှန်မရောက်ဘဲ ချော်ထွက်နေတယ်။  ရုတ်တရက် သူတို့ ဆုတ်ထားတဲ့ ကြိုးက ရော့ရဲလာ ပြီးး
 ရေအောက်ကို ရောက်သွားပြန်တယ် ။သူမက အားမလျော့ပါဘူး။ ရေပေါ် ရောက်ဖို့  အရှိန်အဟုန်မြှင့်ဲပီး  အမြန်နှုံးနဲ့ တက်ပါတယ်။သူမရဲ့ မျက်စိတွေကိုလဲ ..တချိန်လုံးဖွင့်ထားတာပါ။ ဒါပေမဲ့ ခု သူမ ပစိဖိတ်သမုဒ္ဒရာ ထဲမှာ နစ်မြုပ်တော့မှာဖြစ်ပါတယ်။ “ ဟင့်အင်း .မမြုပ်ရဘူး။ ငါ့ကို သူတို့  ကယ်မှာပါ  လို့  သူမ ဖြေသိမ့်နေတယ်။ ဒီအခို က် သူတို့  ၂ဦး မမျှော်လင့်ဘဲ လေထဲကို ရောက်သွားတယ် ။ တွဲလဲ ဆွဲနေတာပါ။ ဘီလ် နဲ့  သူဇနီး က တူတူဘဲ  လေထဲမှာ  ၀ဲပျံနေရာက မကြာမီ  Monowai အဖွဲ့ သားများရဲ့  ၀မ်းပန်းတသာ ညာသံပေးဟစ်အော်မှုများနဲ့ အတူ  မူးမေ့နေတဲ့ ငါး၂ကောင် ပေါ်လာပြီဟေ့ လို့   ချီးမွမ်းထောပနာ ပြုသံတွေ လျှံတက်သွားတော့တယ်။
ထူးခြားတဲ့ ဖြစ်စဉ်တွေပါဘဲ။
အလင်းပျောက်ပြီ
              ‘ဒီကနေ  Heart Light အကြောင်းဆက်ရရင် ပေးပို့ လိုက်တဲ့  ရေဒီယို သတင်းအရ ငါးဖမ်းလှေပေါ်က Bruce White က လက်ခံ ရရှိပါတယ်။
White နဲ့  ဒီဗွီယာနာတို့  စကားပြောခဲ့ ကြစဉ်က သူမရဲ့  နာမည်ပြောင်ဟာ Storm  ဖြစ်ကြောင်း ပြောခဲ့ သလို White ကလဲ သူ့မှာ Storm  လို့ ခေါ်တဲ့  ခွေးကလေး တကောင်ရှိကြောင်းပြောဆိုခဲ့ ကြတယ်။ ငါးဖမ်းသင်္ဘောနဲ့  ရွက်လှေရဲ့  အကွာအဝေးဟာ ၆မိုင်ခန့်လော်ရှိမှာ ဖြစ်ပါတယ်။ Heart Light ရဲ့  မီးရောင်ကို မြင်နေရပါတယ်။ ညကြီးသန်းခေါင် ငါးဖမ်းသင်္ဘောကအားကောင်းတဲ့  မီးမောင်းရှေ့ မှာ  Heart Light ရဲ့  မီးရောင် မှီန်ပျပျကို တော့မြင်နေရတာပါ။
                    White  က ဘာတွေ ပျက်စီးထားသလဲ မေးရာမှာ  ဒါရေးလ်က  အင်ဂျင်ငသ် ၂လုံး ၊ အလုပ်မလုပ်တော့ကြောင်း၊ ပဲ့ နှင့် ရွက်ဆိုင်းကြိုးများ ရှုပ်ထွေးညိတွယ်နေကြောင်း ၊ ကိုယ်ထည်ပျက်စီး ကွဲအက်လို့  ဖယောင်းများပိတ်ဆို့ ထားရကြောင်း ပြောပြပါတယ်။White က ဒီတညတော့  သင်္ဘော၂စင်းလုံး အန္တရယ် ကင်းဖို့  မျှော်လင့်ရင်း နာရီ ၂၀ ဒုက္ခနွံအတွင်း ပထမအကြိမ် အနားယူတဲ့ အနေနဲ့  စိတ်ချယုံကြည်စွာ အ်ပ်စက်နားနေဖို့  ။ အကြံပေးပါတယ်။
                    မနက်၆နာရီမှာတော့ မိမိတို့  သင်္ဘောများ  တည်နေရာနဲ့   အခြေအနေ  White က လှမ်းမေးပါတယ်။ ဒါရေးလ် က ဘုရားသခင့်ကျေးဇူးတော်ကြေင့် သူတို့  ခုထိ အသက်ရှင်နေကြ သေးကြောင်းပြောပြပါတယ်။ White ကတော့  သူတိ့ရဲ့  Heart Light ကို စွန့်ပစ်ခဲ့ ဖို့ သာ အကြံပေးနေပါတယ်။ ဒီဗွီယာနာဟာ သမတို့ ရဲ့  Heart Light ကို ကြိုးနဲ့ ဆွဲယူလာဖို့  မျှော်လင့်ထားတာပါ။ ခုတော့ ဘုရားသခင်က အလိုရှိဟန်မတူဘူး။
                    San Te Maru ဟာ အခု ကယ်ဆယ်ရေးလုပ်ငန်းစတင်တော့မှာဖြစ်ပါတယ်။ ငါးဖမ်းထွက်စဉ် White ဟာ မကြာခဏ မုန်တိုင်းနဲ့  တိုးတတ်ပါတယ် ဒီအခါ အချက်ပြမီးနဲ့  ဗော်ယာတွေရဲ့  နဘေးတလျှောက် ကျွမ်းကျင်စွာ  စံနစ်တကျ ခုတ်မောင်းတတ်လေ့ရှိပါတယ်။
                    White က ရွက်လှေဆီ တဖြည်းဖြည် ချဉ်းကပ်လာနေပါတယ်။ငြ်းထန်လွန်းတဲ့ လေပွေ တိုက်ခတ်မှုကို သူ့ သင်္ဘောကြီးက ကိုယ်ထည်ကြီးနဲ့  ရွက်လှေကလေးကို ကွယ်ကာပေးထားသလိုပါဘဲ။ လိုအပ်တဲ့ အနေအထားကိုရရှိဖို့ တော့  သဲထိတ်ရင်ဖို စွန့် စားနေရအုံးမှာပါ။ သင်္ဘော၂စင်းအတူယှဉ်ဖို့  အကြိမ်ကြိမ် ကြိုးစားနေရပါတယ်။ နီးစပ်မှုရှိလာချိန်မျိုးမှာ ဒါရေးလ်နဲ့  ရှိန်န် တို့ ဟာ  မိမိတို့ ပစ္စည်းအချို့ ကို သင်္ဘောကြီးပေါ် အရောက် ပစ်ပေါက် ပို့ပေးခဲ့ ကြတယ်။
                      နောက်ပြီး သင်္ဘောအချင်းချင်း ယှဉ်မိနေခိုက် ခုန်ကူးရမှာပါ။ ပထမ စတက်ဖနီ ခုန်ကူးပါတယ် ။ ရွက်လှေကလေးက လှိုင်းပေါ်မှာမြုပ်ချီ ပေါ်ချီ   ငါးဖမ်းသင်္ဘောကြီးက လှိုင်းဖါလို့ အကြွ ၊ စတက်ဖနီ တယောက် လေမှာ ၂စက္ကန့် လောက်  တွဲလဲ ဆွဲ နေသေးတာပါ။ သန်မာထွားကျိုင်းတဲ့ လက်မောင်းတစုံက ဆွဲယူ မတင်ခဲ့ တာကြောင့်  ဘေးကင်းလုံခြုံသွားပါ ပြီ။
                     ဒီဗွီယနာကတော့ သွေးကြောင်နေပါတယ် ။ အားလုံးက ခုန်လေ ..ခုန် ..ခုန် ပြောလဲ ။။သူက မခုန်ပါဘူး။ လှိုင်ူလုံးတလုံးက မတင်လိုက်လို Heart Light  ကြွတက်အလာ့ သင်္ဘော၂စင်း တပြေးညီ ယှဉ်မိသွားချိန်မျိုးမှာ သူမက အသာကလေး လှမ်းတက်လိုက်တာပါ။           
သင်္ဘောသားများက သူမကို အပြေးလေး ဆီးဖမ်းလိုက်ကြတယ်။ သူမက ကျေးဇူးပါ လို့ စကားဆိုနိုင်သေးပါတယ်။ ဒီ့နောက်မှာတော့ ဒါရေးလ်နဲ့ ရှိန်န် တို့ အလှည့်ပါဘဲ ။သူတို့ လဲ အေးဆေးညင်သာစွူးနိုင်ခဲ့ ကြပါတယ်။ ဒါပေမဲ့  ….Heart Light  ရွက်လှေ ကလေးကတော့
လှိုင်းတို့ ခေါ်ရာ အဆုံးအစမရှိ မျောပါသွားပြီဖြစ်ပါတယ်။ Heart Light  ရွက်လေးကလေးက အလင်းပြ မီးရောင်ကလေးများ ထာဝရ ချုပ်ငြိမ်းပျောက်ကွယ်သွားခဲ့ ပါပြီ ..။
ရယူခြင်းနှင့် ဆုံးရှုံးခြင်း
မုန်တိုင်းဟာ စဲသွားပြီလို့  ပြောရတော့မှပါ။ မုန်တိုင်းကာလအတွင်း ခက်ခဲကြမ်းတမ်းစွာ ဖြက်သန်းတွေ့ ကြုံ ခံစားရမှုများကို ပြန်လည် သုံးသပ်ကြည့်ရင် တုန်လှုပ်ခြောက်ခြားဖွယ်ရာ များက တကယ့် ကြီးမားတဲ့  စိန်ခေါ်မှုတွေပါဘဲ။
Heart Light ရွက်လှေကလေးက ပစိဖိတ်သမုဒ္ဒရာအောက်မှာ နစ်မြုပ်သွားခဲ့ ရပေမဲ့  မုန်တိုင်းလွန်မြောက်ချိန်မှာ  Ramtha
ကတော့  ပြန်လည်ရှာဖွေ တွေ့ ရှိခဲ့ ကြပီး ဆိပ်ကမ်းကို ဆွဲတင်နိုင်ခဲ့ တယ်။မုန်တိုင်းမိနေတဲ့  ရွက်လှေထဲက လူတွေဟာ
မြင်းရိုင်းတကောင်စီးနေရသလို ဘယ်တော့ ခါချမလဲ  တွေးပူနေရတဲ့  အချေအနေမျိုးပါ။
 ခုတော့ သူတို့  သြစတြေးလျား ကို ပြန်ရောက်သွားပါပြီ။ မုန်တိုင်းရဲ့ သဘောကို ကိုယ်တိုင် လေ့လာတွေ့ ရှိရခြင်းဟာ အမြတ်များများ ရရှိလိုက်ခြင်းပါဘဲ ။နောက်ထပ် သုတေသန ပြုဖို့  ရံပုံငွေ ထူထောင်ကြအုံးမှာဖြစ်ပါတယ်။ စိတ်ပျက်လက်လျော့ကြမဲ့ လူများမဟုတ်ပါဘူး။ မုန်တိုင်းကို ကြံ့ကြံ့ခံ
နိုင်ခြင်းတဲ့  သတ္တိကို ချီးကြူးဂူဏ်ပြုရမှာဖြစ်ပါတယ်။
              သူတို့ ဟာ နောင်တမရကြပါဘူး။ ပင်လယ်ပြင်ကို ပြန်လည် ထွက်ခွာ ဖို့  ထပ်မံ ရှာဖွေ စူးစမ်းဖို့  ဘယ်တော့မှ လက်မနှေးပါဘူးတဲ့ ။ ဒါနာနဲ့  ပေါ်လာတို့ ကတော့ ကယ်လီဖိုးနီးယာ.ကို ပြန်လည်ရောက်ရှိခဲ့ ကြပြီး မုန်တိုင်းကာလက ဖြစ်စဉ်များကို မမေ့နိုင်သလို နောင်တလဲ မရပါဘူးတဲ့ ။ သူ့ ခြေတဘက် ခွဲစိတ်ကုသလိုက်ရပေမဲ့  အားမငယ်တဲ့ အပြင် Seattle အရှေ့ ပိုင်းခရိုင်မှာ  လယ်ကွက် တကွက်ဝယ်ယူ ပြီးလယ်စိုက်နေပါတယ်။ သူ့ လှေကိုလဲ ထွန်စက်အဖြစ် အသွင်ပြေင်းပြီး ထယ်ထိုးရာမှာသုံးပါသတဲ့ ။
                  သူတို့ မှာ အခြား တာဝန်ယူ ဆောင်ရွက်ရမဲ့  ခရီးရှည်တခု ရှိနေပါတယ်တဲ့ ။ သူတိုံရဲ့  ရွက်လှေ အစား ချစ်စဖွယ် သမီးရင်သွေး အသစ်စက်စက်ကလေး ရင်မှာ ကိန်းအောင်းနေပါသတဲ့ ။ သူကလေးကို ပြုစု ပျိုးထောင်ပေးရအုံးမှာဖြစ်လို့  လောလောဆယ် နွေးထွေးတဲ့  အိပ်ယာထက်က ကျွန်မရဲ့ ရင်ခွင်ကြားမှာ ထည့်ထားရမဲ့  ခလေးကို ချော့သိပ်ရပါအုံးမယ်တဲ့ ။ဒါပေမဲ ပင်လယ်ကြီးကို မေ့မထားပါဘူး။ သမီးကြီးပြင်းလာတဲ့ တနေ့  သမီးနဲ့ အတူ  ပင်လယ်ကို ပြန်လာမှာပါလို့  ပြောပါတယ်။ Wheelers တို့ ကတော့ ရေထဲ က San Te Maru  ကို ဆယ်ယူခဲ့ ကြပြီး ၄ရက်မြောက်နေ့ မှာဘဲ  မိသားစု အာုလုံး အော့ကလန်မှာ ဆုံတွေ့ ခဲ့ ကြတယ် တဲ့ ။ာ
သူမရဲ့  အတွေ့ အကြုံ တွေကို ဟောပြောပွဲ ပြု လုပ်ကျင်းပမှာဖြစ်ပြီး ခေါင်းစဉ်ကိုတော့ “ ရှားပါးဖြစ်စဉ် “ လို့  အမည်ပေးထားပါတယ်။ အနိုင်မခံ အရှုံးမပေး ဇွဲ သတ္တိအပြည့်နဲ့  ကြံ့ကြံ့ခံ ၇ပ်တည်ခဲ့ ကြတဲ့   ရွက်လှေသမားများရဲ့ ဖြစ်စဉ်တွေဟာ တကယ်လဲ မေ့ဖျောက်မရတဲ့  “ အိပ်မက် “ တခုသာဖြစ်ကြောင်း လက်ခံ ကြတယ်။
                 သူတို့  အားလုံးဟာ မိမိတို့  ရရှိခဲ့ ကြတဲ့  ဗဟုသုတ များကို အသီးသီး ကိုယ်ပိုင်အမြင် ကိုယ်ပိုင် ခံစားချက်များဖြင့်  စာအုပ်ထုတ်ဝေ ရေးသားကြမှာဖြစ်ကြောင်းသိရှိရပါတယ်။         ။
မေလ ၂ရက် ၂၀၀၉ ခုနှစ်  နာဂစ်နှစ်ပတ်လည်နေ့  အမှတ်တရ ။
Florist
Pacific Cyclone!  byTony Farrington
reader's digest sep,1996