Showing posts with label စားမယ်. Show all posts
Showing posts with label စားမယ်. Show all posts

Friday, November 25, 2011

အစား

ချက်ပြီး စားဦးတော့မယ်။
ဂေါ်ဖီထုပ်တစ်မျိုး ကေးလ်(Kale) ကြော်စားမယ်။
ကေးလ်တစ်ထုပ်ကို အပေါ်လွှာသားတွေကိုယ်ကြော်ချင်သလောက်တလွှာချင်းယူထားပြီး ရေစင်အောင်ဆေးရော၊
ပြီးတော့ အိုးထဲရေအသင့်အတင့်လောက်လေးထဲပြီး ရေဆူလာရင် အရွက်ထည့်ပြုပ်ထားလိုက်ပါတယ်။

ကေးလ်ရွက်တွေပြုတ်ထားတာ အစိမ်းမပျက်အောင်ခဏပဲပြုတ်ပြီး အိုးချ၊ အရွက်တွေရေစစ်ထားလိုက်တယ်။

အရွက်ကြော်ဖို့ မုန့်နှစ်က ဂျုံမှုန့်၊ ကြက်ဥတစ်လုံး၊ နွားနို့ရယ်၊ ကြေအောင်မွှေခေါက်ထားလိုက်ပြီး အရွက်တွေပါ သမအောင်ရောမွှေခဏလေးထားလိုက်ပါတယ်။ အနှစ်တွေဝင်ပြီး အရွက်နည်းနည်းအိသွားအောင်ထားပြီး ကြော်ပါတော့မယ်။

အရွက်တစ်ရွက်ချင်းကို ပြန့်အောင်ဖြန့်ပြီးကြော်တာပါပဲ၊ ပြန့်အောင်မဖြန့်ရင် အကျက်မညီဘူးပေါ့၊ ရွေဝါ ရွှေညိုရောင်တွေသန်းလာရင်တော့ ဆီစစ်၊ ပန်းကန်ထဲထည့်ပြီးရင် စားလို့ရပါပြီ။ ကျွပ်ကျွပ်လေးကြော်ရင် ဆိမ့်ဆိမ့်လေး၊ ကျိုးကျိုးကျွပ်ကျွပ်နဲ့ စားလို့ကောင်းတယ်။
ကျန်တဲ့ ကေးလ်တွေကိုတော့ အာလူးနဲ့ပဲဟင်းချက်လိုက်ပါတယ်။
Fresh Kale
မုန်လာဥနီသေးသေးလေးတွေရော အရွက်စိမ်းစိမ်းလေးတွေပါ ပါတဲ့ အချို့မှုန့်လူတိုင်းလိုလိုသုံးကြတယ်။
ကြက်သွန်နီဆီသတ်ပြီး အာလူးနှစ်လုံးလောက်ခွာ အတုံးလေးတွေထည့်၊ ကေးလ်တွေရော ရေလိုသလောက်ထည့်၊ ကြက်သားအရသာခဲ(pileca kocka) တစ်ခဲထည့်၊ ဇာချင်းဆဲအချိုမှုန့်ထည့်၊ ပေါင်းအိုးနဲ့တည်ထားလိုက်ရော။

အိုးတစ်ခုမှာ ဂျုံမှုန့်နည်းနည်းရယ်၊ ငရုတ်သီးမှုန့်(Paprika ငရုတ်ချိုမှုန့်-အစပ်မစားနိုင်သူအတွက်)၊ ဆီနည်းနည်းရယ် သမအောင်မွေထားပြီး အဆင်သင့်ပြင်ထားလိုက်တယ်။ အာလူးနူးရင် အဲဒီအိုးထဲကိုပြောင်းထည့် ခဏလေးပြန်တည်၊ ပွက်လာရင် တော်ပြီ၊ အပေါ့အငံမြည်း အနေတော်ဆိုစားဖို့အဆင်သင့်ပဲပေါ့။
ပြီးတော့ ခုနက တုံးထားတဲ့ ကြက်သားတုံးလေးတွေကြော်မယ်။
ဟိုနေ့ကချက်ဖြစ်တာပါ၊ ကြက်ဥကလားဟင်းစားချင်တာ၊ မန်ကျည်းသီးမရှိလို့ အိမ်မှာလုပ်ထားတဲ့ ချယ်ရီယို(ချဉ်ချဉ်လေးမို့) ထည့်ချက်ပြစ်လိုက်တယ်။ စိတ်နာနာနဲ့ပဲ။ ပေါက်ကရတော့လုပ်ရော့မယ်။
ပြီးတော့ မေမေ ဟင်းချက်ရင်သုံးတတ်တဲ့ ပျဉ်တော်သိမ်ရွက်မရှိတော့ သံလွင်ရွက်သေးသေးလေးတစ်ရွက်လည်းထည့်လိုက်တယ်။ ပျဉ်တော်သိမ်ရွက်ကို နံလို့ အရင်ကမကြိုက်ပါဘူး၊ အခုတော့ နံတာလည်း အော် နံရှာတယ်ဆိုပြီး သတိရပြီး စားချင်တာပဲ။ ကြက်ဥချယ်ရီသီးဟင်း ဒါမှမဟုတ် ကြက်ဥပေါက်ကရဟင်းပေါ့ စားလို့တော့ ကောင်းသလိုလိုပါပဲ။
အားလုံးပျော်ရွှင်ချမ်းမြေ့ အရသာတွေ့ပါစေရှင်။

Tuesday, November 15, 2011

မြန်မြန် ချက်၊ မြန်မြန် စား

အပြင်ကပြန်ရောက်မှ နေ့လည်စာမြန်မြန်ချက်ရတယ်။
ဗိုက်ကဆာပြီ
အသားတွေမစားနိုင်ပါဘူး ချွေတာရတယ်။
ကြက်သွန်နီဆီသတ်
ပြောင်းဖူးစေ့ထည့်(ရယ်ဒီမိတ်ထုတ်) ရေခဲဖြစ်နေလို့ တရှီးရှီးမည်ကုန်ရောပဲ

ပြီးတော့ ဆန်တစ်ခွက်ထည့်
sour cream ရယ်
နွားနို့ရယ်- အချို့မှုန့်(ဒီမှာတော့ ဇာချင်းဆဲလို့ခေါ်ကြတာ)
ခုနကပြောင်းဖူးထမင်းဆီသတ်ထဲကို ထည့်ပစ်ရော-နွားနို့ထပ်ထည့် ဆန်ပေါ်မူတည်ပြီးရေလိုသလောက်လေးထည့်ပြီး- ဆီလည်းထည့် အပေါ့အငံမြည်း ဇာချင်းဆဲထည့်ချင်ထပ်ထည့်

oven ထဲ 250 လောက်နဲ့ နာရီဝက်၊ လေးဆယ့်ငါးမိနစ်လောက်ထားပြီးတော့ ဒီလိုဖြစ်သွားရော
ဟယ် နွားနို့ခရင်မ်ထဲ ကြက်ဥထည့်ရမှာ မေ့သွားတယ် ကြက်ဥလေးပါထည့်မှ ကောင်းမှာနော် ပြီးမှထည့်တော့ပန်းကန်လည်းပေသွားပြီ-ဒါ့ပုံကမလှတော့ဘူး၊ တတ်နိုင်ပါဘူးလေ၊ ပြောင်းဖူးဆီသတ်နဲ့ခရင်မ်မွှေနေတုန်းသတိရလိုက်လို့တော်သေးတယ်။

နောက် ခရမ်းသီးကြော်မယ်။
ခရမ်းသီးတစ်လုံးကို အလျားလိုက်ခေါ်လား ဒေါင်လိုက်ခေါ်လားလှီးရော၊ အလုံးအလျားလိုက်မပျက်အောင်လှီးတာ မရပါဘူး ပုံပျက်တဲ့နေရာကပျက်ပဲ၊ စိတ်ကတော့ရှည်ပါတယ်၊ လက်ကမရှည်ဘူး၊ လက်က တုန်စိတုန်စိနဲ့၊ လှီးပြီး ဆားနဲ့နာရီဝက်လောက်နှပ်ထားလိုက်တယ်။
အဲဒီအချိန် ငါးမိနစ် ရယ်ဒီမိတ်စွပ်လေးတည်လိုက်ဦးမယ်။ ဗိုက်က အချက်ပြနေပြီ။ အချိန်သိပ်မရှိတော့ဘူး။
သူ့အချိုးအစားအတိုင်းပဲ ရေထည့်ပြီး ၅ မိနစ်မွှေချရုံပဲ ကော်ကော်ရှီးယားဆူပါ- ကြက်စွပ်ပြုတ်ပါ။ ဒီကလူတွေ ထမင်းမစားခင်စွပ်ပြုတ်အရင်သောက်ပြီး လမ်းကြောင်းရှင်းကြတယ်။
လူကြီးမလာခင် လမ်းရှင်းကြသလိုပေါ့။ ပြီးရင် ခုနက ပျော့ပျော့ပြောင်းပြောင်းဖြစ်သွားတဲ့ခရမ်းသီးကိုကြော်တော့မယ်။
ဂျုံမှုန့်ရယ်၊ ပေါင်မုန့်အမှုန့်-breadcrumb၊ ဥကြက်နာနာခေါက်ထားတာရယ်၊ နေရာချပြီးတော့
ခရမ်းသီးကို ပေါင်ဒါအဖြူအရင်လိမ်းပေးလိုက်တယ်၊ ပြီးတော့ ကြက်ဥအနှစ်ထဲစိမ်၊ ပြီးတော့ crumbတွေ ကပ်ရော၊ ပြီးရင် သူတို့ကို နည်းနည်းခါချပေးရင်ပိုကောင်းပါတယ်။ ဆီထဲမှာ အမှုန့်တွေတဖွားဖွားကျနေရင် ခဏနေ အဲဒါလေးတွေက ကျွမ်းကုန်ရင်မကောင်းဘူး။
ဟာ ဆီအိုးအမြန်တည်မှ၊ မျက်နှာချေလိမ်းထားတာတွေက အသင့်ဖြစ်နေပြီ။
တည်ပြီးပြီ သဘောထားလိုက်ပါတော့။ ဒါ့ပုံရိုက်ဖို့မေ့သွားတယ်။
မီးကို နောက်ပိုင်းကျရင်လျှော့ပေးမှ၊ မဟုတ်ရင် ဆီတွေက ကြွပ်ကြွပ်ဆူ၊ အကြော်တွေအသားမည်းကုန်လိမ့်မယ်။ ရွှေညိုရောင်အသားအရောင်လောက်ဆိုအနေတော်ပဲ။
အခုတောင် ဒါ့ပုံရိုက်ရတာနဲ့ အသားမည်းကုန်ကြပြီ။ မည်းလည်း မည်းမည်းပဲ ဒါပဲစားရတော့မှာပဲ။
တစ်ဝက်ကို ကိုယ့်အတွက် ငရုတ်သီးမှုန့်လေးပါထည့်ပြီးကြော်လိုက်တယ်။ အဲဒါလေးတွေက ပုံပျက်ပြီး ပျော့စိလေးတွေဖြစ်နေတာ၊ ကြက်ဥနှစ်ရယ်၊ ဂျုံမှုန့်ရယ် ငရုတ်သီးမုန့်ရယ်ပါလူးပြီး ဆီအိုးထဲပစ်ထည့်ကြော်လိုက်ရော။ အဲဒါလေးတွေက ဗိုက်ထဲရောက်သွားပြီ။ ဒါ့ပုံသက်သေမရှိတော့ပါဘူး။

ဟင်းချက်တာမကျွမ်းကျင်ပါဘူး၊ စိတ်ကတော့ရှည်မယ်ထင်ပါတယ်၊ လက်ကသာမရှည်တာ။

အားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ။