Sunday, October 23, 2011

Hotel California

သီချင်းနားထောင်ရင်းနဲ့ Marc Anthony ရဲ့ ဟိုတယ်ကယ်လီဖိုးနီးယားရောက်သွားပြန်တယ်။
ဒီလိုနဲ့ ဒီကိုရောက်လာပြန်ရော

Eagles ရဲ့ Hotel California ကိုတော့ အရင်ကတည်းက ကြိုက်တယ်။

Thursday, October 20, 2011

ဒီလှိုင်းကိုဆန့်ကျင်၍ (မေမေ့ရဲ့စာ)

“ဘုန်းတော်ကြီး  “ဆွန်နော့ခ် အတီပင်ယို” ဟာ ပင်လယ် ရွာကလေးတရွာက ဘုရားကျောင်းမှာ နေထိုင်ရင်း တလိပ်လိပ်တက်လာတတ်တဲ့  လှိုင်းလေတွေနဲ့  စစ်ခင်းခဲ့ရတာ  ၇နှစ်တောင်ကြာမြင့်ခဲ့ပါတယ်။
          
လူတွေတော်တော်များများကထိုင်းနိုင်ငံရဲံ့မြို့ တော် “ဘန်ကောက်”ကို“အရှေ့တိုင်းရဲ့ဗင်းနစ်စ်မြို့တော်”လို့ တင်စား ခေါ်ဝေါ်နေကြတာပါ။ ဒီလို တင်စားခေါ်ဝေါ်မှုကြောင့်ဘဲ ဗင်းနစ်စ်မြိုနဲ့ ရာသီဥတုအခြေအနေ အနေအထားချင်းတူညီသွားရော့သလားလို့ ထင်မှားရပါတော့မယ်။ ဘာ့ကြောင့်လဲ ဆိုရင် ဒီလို”ဗင်းနစ်စ်”လို လှပတဲ့ မြို့တ်ာလေးတမြို့အဖြစ်    တင်စားခံခဲ့ရတဲ့ “ဘန်ကောက်”ကို  ယခုအခါကျွမ်းကျင်တဲ့ ပညာရှင်များက ထိုင်းနိုင်ငံရဲ့ ကမ်းရိုးတန်းတွေ ကီလိုမီတာ၆၀၀လောက်ရေမှာ နစ်မြုပ်သွားပြီလို့ဆိုနေပါတယ်။ ထိုင်းပင်လယ်ကွေ့ကမ်းရိုးတန်းများဟာလည်း ဆိုးဆိုးဝါးဝါး  ရေတိုက်စား ခံနေရပြီလို့  ပညာရှင်အများအပြားက တညီတညွတ်တည်း ဆိုကြတယ်။

ထိုင်းနိုင်ငံရဲ့မြို့တော်ဟာ ကျောက်အစားရွှံ့စေးပေါ်မှာ အထိုင်ချတည်ဆောက်ထားတဲ့အတွက် လာမယ့် ဆယ်စုနှစ်ကာလများမှာရေလွှာမြင့်တက်မှုကနေရေအောက်ငုပ်လျိုးနစ်မြုပ်ပျောက်ကွယ်သွားနိုင်ကြောင်း ဆိုနေပါတယ်။ ဘန်ကောက်ဟာ  အဲဒီလို ဆိုးဆိုးဝါးဝါး အခြေအနေမျိုးနဲ့ရင်ဆိုင်ရနိုင်တယ်လို့ ပညာရှင်များ တညီ တညွှတ်တည်းအဆိုပြုထားပေမဲ့ဘယ်တော့လဲဆိုတာဘယ်သူမှအတိအကျမပြောနိုင်ကြသေးပါဘူး။ အငြင်းအခုံဖြစ်နေဆဲပါပဲ။
(ဒါပေမဲ့လောလောဆယ်ထိုင်းနိုင်ငံရေကြီးမှုကကြောက်ခမှန်းလိလိပါ။
ဆိုးဆိုးဝါးဝါးရေလွှမ်းမိုးနေတာပါ။ အယုဒ္ဓယဆိုရင်အားလုံးလိုလိုရေမြုပ်နေပါတယ်။ အောက်တိုဘာ၁၄၊၂၀၁၁နေ့ ဒီဆောင်းပါးကိုရေးသားနေချိန်ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း ရေလွှမ်းမိုးမှုအကြီးအကျယ်  ဖြစ်နေချိန်ပါ။ ရေဟာခါးလယ်ရောက်နေပြီးစက်ရုံများလည်းပိတ်ထားရပါတယ်။
အယုန္ဓယကဘုရားကျောင်းများမှာလည်း ရေနစ်နေပါတယ်။ ၂လကျော်ကြာမြင့်ခဲ့ပေမဲ့ရေဟာ ကျမသွားတဲ့အပြင်တိုးတိုးနေတယ်လို့ဘီဘီစီသတင်းက ဆိုပါတယ်။ ကြုံကြိုက်လို့ ပြောရရင် မေလ ၇ရက် ၂၀၁၁ ခုနှစ်နေ့စွဲနဲ့ National Time ဂျာနယ်မှာ၂၇နှစ်ကြာ ရေအောက်မြုပ်နေတဲ့ထိုင်းဘုရားသုံးဆူနှင့်သာသနိကအဆောက်အဦ၊ရွာကြီးတရွာစသည် မြစ်ရေခန်းခြောက်ရာ
မှ ပေါ်ထွန်းလာကြောင်း သတင်းပါရှိလာတယ်။ လွန်ခဲ့တဲ့ နှစ်(၂၅၀ခန့် )လောက်က ဟံသာဝတီမြို့  ပျက်သုန်းသွားပြီးထိုင်းနိုင်ငံအတွင်းဝင်ရောက်လာသူမွန်လူမျိုးတို့ကတည်ထားခဲ့တယ်လို့  ကျွမ်းကျင်သူ
ပညာရှင်အများအပြားက ကောက်ချက်ချပါတယ်။ လက်ရှိထိုင်းမြန်မာနယ်စပ်နှင့် ကီလိုမိတာ (၃၀)လောက်ဘဲ ဝေးပြီးယခင်ထိုင်းမြန်မာနယ်စပ်လို့ဆိုပါတယ်။ ဒီတုံးကထိုင်းအာဏာပိုင်တို့ဟာ စံခလယ်ချောင်း၊ကင်းချောင်း ၊ ယန်တီချောင်းတို့ပေါင်းဆုံရာ “ကွေမြစ်”ပေါ်မှာရေကာတာဆောက်လုပ်ပြီး ထွန်ဖါဖွန်ရေအားလျှပ်စစ်စီမံကိန်းကိုအကောင်အထည်ဖေါ် တည်ဆောက်ခဲ့တာကြောင့် ရွာဟောင်းတခုလုံးနှင့်အတူ ဘုရားသုံးဆူရော အဆောက်အဦးများပါ ရေအောက် နစ်မြုပ်သွားကြောင်း ရေကာတာများတည်ဆောက်ခြင်းရဲ့  ဆိုးကျိုးကိုလည်း  ဂျာနယ်က ဖေါ်ပြထားပါတယ်။)


ဘန်ကောက်မြို့တော်ရဲ့တောင်ဘက်ကီလိုမီတာ(၂၀)၀န်းကျင်ကငါးဖမ်းလုပ်ငန်းရှိရာ  ဒေသတ၀ိုက်မှာတော့ ပြောင်း လဲလာတဲ့ ရာသီဥတုဒါဏ်ကြောင့် တော်တော်လေးအခက်ကြုံနေရတာ အမှန်ပါဘဲ။ အသက်၄၄နှစ်ရှိပြီဖြစ်တဲ့ဘုန်းတော်ကြီး Somnuk Atipanyo က တမျှော်တခေါ်ရှိလွန်းတဲ့ “၀ပ့်ခွန်စမတ် ထရာဝပ်” ဗုဒ္ဓဘာသာဘုရားကျောင်း မြေတွေပေါ်ကရေပြင်ကျယ်ကြီးကိုညွှန်ပြရင်း “ဒီမှာ လမုတွေ စိုက်ပျိုးရ ပါမယ်။ လမုတောတွေ ဖြစ်ထွန်းဖို့လိုပါတယ်။ ဒါပေမဲ့လှိုင်းလေထန်ရင် ဘာမှမခံနိုင်ဘူး ဒါကို အစိုးရ က ဖြေရှင်းပေးရမှာပါ “လို့ပြောတယ်။သူက မေးတညိတ်ညိတ်၊ ခေါင်းတယမ်းယမ်းနဲ့ “မိသားစုတွေ သူတို့အိုး၊ သူတို့အိမ်၊သူတို့အလုပ်ရှိရာပြန်လာချင်ပေမဲ့ ခင်ဗျားကြည့်လေ။ ဒီမှာသဘာဝဘေးဥပါဒ်အန္တရယ်က ဖျက်ဆီးပြစ်လိုက်တော့   သူတို့ ဘာမှမလုပ်တတ်ဘူး”လို့   ပြောပါတယ်။
လွန်ခဲ့တဲ့ခုနှစ်တာကာလကလည်း“ခွန်ဆမတ်ချင်”ရွာမှာရေမျက်နှာပြင်မြင့်တက်လာမှုကိုဆိုးဆိုးဝါးဝါးခုခံ
ကာကွယ်ခဲ့ရတယ်။

ဒီရေဟာကုန်းမြေကိုတစ်ကီလိုမီတာမျိုပြစ်ထားတာပါ။ကျန်မာရေးဌာနနှင့်စာသင်ကျောင်းတွေပိတ်ခဲ့ရပါတယ်။လူဦးရေတ၀က်လောက်မိမိတို့အိုးအိမ်ကိုစွန့်ခွာထွက်သွားကြရတယ်။ လျှပ်စစ်ဓါတ်အားပေးတာဝါတိုင်များ ပျက်စီးခဲ့ရတယ်။ ထိုင်းပင်လယ်ကွေ့ ဟာကုန်းမြေမှနေ မီတာ ၅၀၀ လောက် ပိုင်းခြားဝေးကွာ ခဲ့ တယ်။ “၀ပ်ခွန်စမတ်ထရာဝပ်” ဘုရားကျောင်းကတော့ ရေထဲမှာ ထီးထီးကြီးပါဘဲ။ ဘုန်းတော်ကြီး”ဆွန်နော့ခ်”ကတော့တက်လာတဲ့ရေနဲ့ရေမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းကိုမျှော်ကြည့်နေတယ်။ သူရဲရဲဆုံးဖြတ်ချက်ချလိုက်တယ်။ “ဒါတွေအားလုံးပြန်လည်ပြုပြင်ရမယ်” တဲ့။ “ဒီလှိုင်းတွေကို သူခုခံ တိုက်ခိုက်ပြစ်မယ်”တဲ့။ ကြိမ်းဝါးနေပြန်တယ်။

ဘုန်းတော်ကြီး“ဆွန်နော့ခ်”ဟာ ငယ်ငယ်က သူ့မိသားစုနဲ့ အတူ သစ်သီးတွေ ရောင်းချခဲ့ရတဲ့ ဘ၀ကိုသတိရနေတယ်။ သူက  လူ့ဘ၀ဆိုတာကို အလေးမထားခဲ့ဘူး။ ဆေးလိပ်လဲ သောက်တယ် ။အရက်သေစာလဲ သောက်တယ်တဲ့။ ဒီလိုနဲ့ အသက်(၃၀)အရွယ်ရောက်တြော့ဖစ်ရပ်ဆန်းတခု အံ့သြဖွယ်တွေ့ကြုံရတော့တယ်။ သူငယ်ချင်းတယောက်သူ့ကိုယ်သူ သတ်သေသွားခဲ့ လို့ ပါ။ သူငယ်ချင်းရဲ့  အမေက  တိုတောင်းလှတဲ့ လူ့ဘ၀မှာ လူဆိုတာ အပြစ်သားမဖြစ်ဖို့  အရေးကြီးတယ်တဲ့။ မင်းသာသနာ့ဘောင်ဝင်ပြီး ဘုန်းကြီးတပါးဖြစ်ဖို့  ဆန္ဒ မရှိဖူးလားလို့  မေးခဲ့တယ်။ သူလည်း တရက်နှစ်ရက်လောက် ဘုန်းကြီးကျောင်းသွာပြီး ခေတ္တနေကြည့်ပါတယ်။ သူကသူငယ်ချင်းသေတာကိုမြင်ပြီး ခြောက်ခြားနေတာကိုး။ ပင်လယ်ထဲမှာမြုပ်နစ်နေတဲ့ ဘုရားကျောင်းတခုဆီ အလယ်လာဖို့ဘုန်းကြီးငယ်လေးတပါးပြောပြတာနဲ့   သူအလယ်ရောက်သွားခဲ့တာပါ။ ဘုရားကျောင်းကဆွေးတဲ့နေရာကဆွေး။ကျိုးတဲ့နေရာကကျိုးဘဲ။ သိပ်ကို ခက်ခဲပါတယ်။ ဘုရားကန်တော့ဖို့ တောင် နေရာ မရှိပါဘူး။ ဒါတွေကို သူစိန်ခေါ်ပြုပြင်ခဲ့ပါတယ်။ ကြိုးစားပြီးတော့ ထိန်းချုပ်ပြုပြင်နေလာရာမှာ အဆင်ပြေတဲ့အခါလဲ ပြေလာတယ်။ ဒေသခံရွာသူရွာသားများကလည်း အချိန်ပြည့် နေထိုင်ဖို့ ခေါ်ကြတယ်။ သူဘုန်းကြီးကျောင်းမှာပျော်လာတယ်။ လူ့ဘ၀နဲ့နှိုင်းယှဉ်ကြည့်ရင်ဘုန်းကြီးကျောင်းမှာဘုန်းကြီးဖြစ်ရတာ တကယ်သက်တောင့်သက်သာရှိတယ်လို့ သူထင်မြင်လာတယ်။

လေးလလောက်နေပြီးတော့ ကျောင်းထိုင်ဆရာတော်ဖြစ်လာပါတယ်။ ဘုရားဖူးတွေဝတ်ပြုဆုတောင်းရာ အခန်းပတ်လည်မှာရေက၂မီတာလောက်တက်လာတယ်။  ဘယ်လိုစွမ်းဆောင်လုပ်ကိုင်နိုင်မလဲ သူစဉ်းစားရတော့တယ်။   သူကပြောတယ် ။ကျွမ်းကျင်တဲ့  ပညာရှင်တွေ ဒီမှာလာပြီးလေ့လာကြတယ်။ ပြီးတော့ကျုပ်တို့ကိုဘာလုပ်သင့်တယ်ဆိုတာပြောပြကြတယ်။ သစ်တောတွေခုတ်ထွင်ရှင်းလင်းရင် ရာသီဥတုပြောင်းလဲတတ်ပုံသူတို့ဟောပြောကြတယ်။ ဒါဘာကို ဆိုလိုတာလဲ သူနားမလည်ဘူးတဲ့ ။
ဒီကလူတွေကသူတို့လက်နဲ့သူတို့ဘဲ သူတို့မြေကြီးကိုလက်တွေ့ထွန်ယက်စိုက်ပျိုးလုပ်ကိုင်ကြတာပါ။ သူတို့ ပညာရှင်ဆိုသူတွေရဲ့  တွေးတောယူဆမှုတွေ ပြောဆိုချက်တွေကို လက်ခံနိုင်ကြပါ့မလားဆိုတာက သူတို့  တာဝန်ပါ။ မေးစရာရှိတာက ခုကျုပ်တို့ ဒီဒေသကို  ဘာတွေကူညီ လုပ်ကိုင်ပေးကြရမလဲ တဲ့။ အချိန်က ၇နှစ် ကြာသွားပါပြီ။ သူက ကျောင်းထိုင်ဘုန်းကြီးဘ၀မှာဘဲ ဒေသခံ volunteer ကလေးတွေနဲ့ လမုပင်တွေစိုက်ပျိုးကြတယ်။ မဟုတ်ရင်လဲကျောက်တုံးတွေကိုရွှေ့ပြီး မြေကြီးတွေဖို့ကာ လှိုင်းလေကိုတပျော်တပါး ကာကွယ်တြတယ်။ အတားအဆီးတွေလုပ်ကြတယ်။ 

ဟိုရှေးရှေးအခါက အင်အားပြင်းလှိုင်းဒါဏ်လေဒါဏ်ခံရစဉ်အခါက အမှတ်တရဓါတ်ပုံတွေ ရေအောက်နစ်မြုပ်တဲ့  ဆုတောင်းဝတ်ပြုရာခန်းမတွေ ပြန်မြင်လာတယ်။ ကျောင်းထိုင်ဆရာတော်က ၀န်ခံပါတယ်။” ဒါဟာ အင်မတန် ခက်ခဲတဲ့အလုပ်ပါ။ ဒီကျောင်းမှာ သီတင်းသုံးဖို့အကြောင်းပြချက်က ဘာလဲ။ အယင်ငယ်ငယ်ဘ၀ကို သတိရတယ်။ ဒါပေမဲ့ဒီမှာ အနှောင်အဖွဲ့မရှိ လွတ်လပ်စွာ နေခဲ့ရလို့  စိတ်ချမ်းမြေ့ပါတယ်။ မိသားစုကိစ္စမရှိ သားမရှိ။ ၀န်ထုပ်ဝန်ပိုးမရှိ။ ဘာမှ စိတ်အာရုံပျံ့ လွင့်စရာ မရှိပါဘူးစိန်ခေါ်စရာရှိတယ်ဆိုရင်အဲဒါ ဒီလှိုင်းတွေဘဲမဟုတ်ပါလား”တဲ့။ “ကျုပ်ဘ၀ရှေ့ရေး အတွက်ကိုတော့တခြားရွေးစရာ မလိုတော့ပါဘူး။ ဒီကျောင်းကလေးကိုဘဲ ထိန်းသိမ်းစောင့်ရှောက်ရင်း ဘ၀ဆုံးသည့်တိုင် မခွဲအတူ နေသွားဖို့ ပါဘဲ။ ဘယ်လို စိန်ခေါ်မှုတွေ ပြွမ်းတီးနေပါစေ ကျုပ်မငြီးငွေ့ ပါဘူး” တဲ့ ။ “လူတွေ လူတွေ လာကြတယ်။ ကျောက်ပြားတွေ ဘုရားကျောင်းကို ကပ်ကြတယ်။ သွားကြတယ် ။ လှူဒါန်းတဲ့အဖွဲ့အစည်းတွေလည်းရောက်လာတယ်။ ကျုပ်ကတော့ကျုပ်နေရာမှာဘဲရှိနေပါမယ်။ ကျုပ်ရဲ့ ကျောင်းတော်မဟာကို ဘဲသထက်ကောင်းအောင် ပြုပြင်မွန်းမံပြီး  တသက်လုံး နေသွားမှာပါ”။  “ဟောင်ကောင်နဲ့  စင်္ကာပူနိုင်ငံတွေက မြေသားအပို မရှိလို့  အမျိုးမျိုးမြေကြီး ဖန်တီးနေရချိန်မှာ ကျုပ်တို့  ထိုင်းနိုင်ငံကတော့ ရှိတဲ့ မြေသားကို မကာကွယ်နိုင်ကြဘူး။ ဒီလို မဖြစ်သင့်ပါဘူး။ ကျုပ်တို့  တတ်စွမ်းသရွေ့ကာကွယ်သွားမှာဖြစ်ပါတယ်လို့ ဘုန်းတော်ကြီး “ခွန်စမတ်ချင်” က စိတ်အားထက်သန်စွာ ပြောဆိုပါတယ်။           ။

Florist
Against the Rising Tide By Brent Lewin
Reader's Digest Aug2011                                       

Wednesday, October 19, 2011

Playing PG


ရာသီဥတုအေးလာပြီ၊
ပီဂျီတစ်ကောင် အိမ်မြဲနေ၏။
အပြင်ထွက်ခိုင်းရင် စိတ်တိုပြီးလိုက်ဆိတ်ပါသည်၊
အထဲကို အမြန်ပြန်ဝင်ပြေးနေသည်၊
သွန်သင်ဆုံးမလို့လည်းမရပါ။
ပီဂျီကောင်မလေးကို လူကြီးများက အခန်းထဲမှာ လက်မခံရွေ့
ကောင်မလေးကဖြတ်သွားဟန်တူသည်၊
ပီဂျီ နှစ်ရက်လောက်မှိုင်နေလိုက်သေး၏၊
စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ
နှစ်ကောင်လုံးလက်ခံထားရရင် လူကြီးတွေက အပြင်မှာ နေရပေတော့မည်။


မနက် မနက်ရှင်းရတာလည်း မောလှပါသည်၊
မောပေမဲ့လည်း မနေနိုင်ပါ၊
သူကြိုက်တတ်မယ့် မြေပဲ၊ ဂျုံစေ့၊ လူးဆန်စေ့၊ ဆန်စေ့၊ သစ်ကြားသီးလေးတွေ ထောင်းကျွေးပါ၏၊
တစ်မျိုးတည်းစားရရင် ပီဂျီ ပါးစပ်ပျင်းမှာလည်း စိုးပါသည်။
ပေါင်မုန့်ညိုလည်း ကြိုက်သေး၏၊
နှမ်းစေ့လေးတွေလည်း အင်မတန်ကြိုက်ပါသည်။

ရေလည်းချိုးပေးရသေး၏၊
ရေဆော့ချင်ရင် ပလပ်စတစ်ခွက်လေးကို နှုတ်သီးနဲ့ဆိတ်ကာ ဆိတ်ကာအချက်ပြတတ်၏။
ဒီလို လုပ်ရင် ရေချိုးဖို့ လူကြီးက သိရသေးသည်။
ရေချိုးရင် အတောင်ပံကို တစ်ဘက်စီမြှောက်ထားပေးလေ၏။
တစ်ဘက်ပြီး နောက်တစ်ဘက်ကို မြှောက်ထားပေးသည်။
ရေချိုးဝပြီဆိုရင် စောင်ထဲမှာ ၀င်ကွေးတတ်လေ၏။

မဟုတ်ရင်လည်း အပြင်ဘက် နေပူထဲကို ဇွတ်ပို့ထားလိုက်သည်။
ပန်းပင်ရေလောင်းရမှာ ပျင်းသလောက်၊
အကောင်ပလောင်ဂရုစိုက်ဖို့ဆိုရင် မပျင်းတတ်ပါ၊
ကော်ဖီဖျော်ရမှာ ပျင်းသလောက်၊
ကော်ဖီသောက်ရမှာတော့ မပျင်းတတ်ပါ။

ပီဂျီတစ်ကောင်နဲ့ အလုပ်ရှုပ်ပေမဲ့လည်း ....
ဘာပဲပြောပြော အလုပ်ရှုပ်ပါ၏။
သူငယ်ချင်းများကိုလည်း အားနာပါသည်။
အလုပ်မရှိ ခိုရေချိုးလို့တော့ မထင်စေချင်ပါ၊
အလုပ်ကွိစိကွစရှိသလို ခိုကိုလည်း ရေချိုးပါ၏၊
အားလုံးပျော်ရွှင်ပါစေလို့လည်း ...
မေတ္တာအကြီးကြီးပို့လိုက်ပါသည်။

မှတ်ချက် - ပီဂျီကို စချင်တာနဲ့ သူအိပ်တဲ့နေရာနား အရုပ်သွားတင်ထားလိုက်တာ၊ သတ္တိခဲက မကြောက်တဲ့အပြင် စပ်စုနေသေးတယ်။ လျှပ်တပြက်ရိုက်ရတာမို့ တုန်ခြင်း မှုန်ခြင်းဖြစ်နေလို့ ဗီဒီယိုကို သေးသေးပဲ ထားလိုက်တာ ခွင့်လွှတ်ပေးပါရန်။

Monday, October 17, 2011

ကားတစ်စီးထဲက ကျွန်မရဲ့ညတွေ

  • အန်ယာ (Anya)ရေးသားခဲ့တဲ့ အစွန့်ပစ်ခံ သို့မဟုတ် ဘာမှ မပိုင်ဆိုင်တဲ့ အမျိုးသမီးငယ်လေးရဲ့ ဖြစ်ရပ်မှန် စာအုပ်ဟာ ၂၀၀၇ မေလ အတွင်းက ပုံနှိပ် ထုတ်ဝေခဲ့ပါတယ်။
  • ယူနိုက်တက်စတိတ်မှာ ဆန်းဒေးတိုင်းမ်ရဲ့ ဖြစ်ရပ်မှန်(Non-Fiction) အရောင်းရဆုံး စာရင်း နံပါတ်လေး ချိတ်ခဲ့ပါတယ်။
  • စိတ်ဝင်စားသူတွေ အန်ယာရဲ့ဘလော့ဂ် ကို ၀င်ရောက်ဖတ်ရှုနိုင်ပါတယ်။ ဘလော့ဂ်လိပ်စာက www.wanderingscribe.blogspot.com ပါ။
  • အန်ယာဆိုတဲ့ မိန်းကလေး တစ်ယောက်ဟာ ဘက်ဆဲလား စာအုပ်ရေးသားခဲ့သူအဖြစ် အခုတော့ အိုးအိမ်မဲ့ ဘ၀ကနေ လွတ်မြောက်သွားခဲ့ပါပြီ။ ဘယ်လောက်ပဲ ဘ၀အခြေအနေတွေ ဆိုးနေပါစေ၊ အဲဒီ ဘ၀ဆိုးကနေ လွတ်မြောက်နိုင်ဖို့ အခွင့်အလမ်းတွေရှိနေတယ်ဆိုတာ အန်ယာဆိုတဲ့မိန်းကလေးက လက်တွေ့ပြသနိုင်ခဲ့တဲ့ အတွက် ကျွန်မတို့ အားလုံးအတုယူနိုင်ဖို့ မဂ္ဂဇင်း စာမျက်နှာပေါ်ကနေ ဝေငှပြောပြလိုက်တာပါ။

ကားတံခါး သော့တွေ အသေအချာ ပိတ်လိုက်ပါပြီ။ အိပ်စက်ခြင်း အရသာကို မှေးခနဲ ရယူ ဖမ်းဆုပ်မိစဉ် ခဏမှာပဲ ကျွန်မကားလေး တည်ရှိရာ လမ်းကြားဆီကို ကားမီးရောင်တွေ ဝေ့၀ဲ ဖြာ ကျလို့လာခဲ့သည်။ ဝေ့ဝေ့၀ဲဝဲ အလင်းတွေဟာ မနီးမဝေးမှာ ရပ်တန့်သွားကြ၏။ ကားစက်သံ မရပ်တန့်ခင် ဒရမ်သံ၊ ဘေ့စ်သံ ခပ်ပြင်းပြင်း ဂီတသံစဉ် တွေဟာ အဲဒီကားဆီက တွန်းထိုး လှုပ်ယမ်း အန်ကျလာပြန်သည်။ ရယ်မောသံတွေနဲ့ ကားတံခါး ဆောင့်ပိတ်လိုက်တဲ့ အသံတွေကလည်း ဆက်တိုက် ဆိုသလို ကျွန်မနဲ့ အနီးဆုံးကို ချဉ်းကပ်လာနေကြပြီ။

ကျွန်မ တစ်ကိုယ်လုံး တောင့်တင်းအေးခဲ သွားမတတ် လန့်ထိတ်လာသည်။ ခြေသံတွေဟာ တဖြည်းဖြည်း နီးလို့နီးလို့ ၊ တဖြည်းဖြည်း ကျယ်လို့ကျယ်လို့ လာနေပါပကော။ ကျွန်မအသက်အောင့် ထားလိုက်ရင်းက ကားသော့ကို အလောတကြီး စမ်းတ၀ါးဝါး ရှာဖွေလိုက်ပါသည်။ ခြေအစုံက မှို့ယာအိတ်ထဲမှာ မထုတ်ရသေးပါဘူး။ အဲဒီနောက် ကားကို အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ခွာခဲ့လိုက်၏။ ရယ်မောသံ၊ ဂီတသံ၊ အလင်း၊ အရိပ်သဏ္ဌာန်တွေ အားလုံး ဟိုးခပ်ဝေးဝေးမှာ ကျန်ရစ်ခဲ့ပြီ။

ဒီလိုပဲ၊ ဒီလိုပဲ ကျွန်မ ကားထဲမှာ အိပ်စက်ခဲ့ရတဲ့ လတွေ အတော်လေးများနေခဲ့ပြီ။ ဒီလိုပဲ ... ပြင်းပြင်းထန်ထန် လန့်ထိတ်ခဲ့ရတဲ့ ခံစားမှုကလည်း ဒီနေ့အထိပဲ၊ အရှိန်သေသွားတယ်ရယ်လို့ မရှိသေးဘူး။ ဒါပေမဲ့လည်း ... ကားတစ်စီးထဲမှာ ရှင်သန် နေထိုင်နေရတဲ့ ဟောဒီလို မိန်းမတစ်ယောက် ရှိနေတယ်ဆိုတာ ဘယ်သူမှ မသိနိုင်ကြသေးပါဘူး။

ကျွန်မရဲ့ မေမေဟာ ဇာတိမြေ အိုင်ယာလန်ကို ကျောခိုင်းထွက်ခွာခဲ့စဉ်က အလွန်ငယ်ရွယ်ပြီး လက်မထပ်ရသေးပါဘူး။ မေမေက ကျွန်မကို ကျွန်မ အဒေါ်ရဲ့ လက်ထဲ လက်လွှဲခဲ့လိုက်ပြီး ပျောက်ကွယ် သွားခဲ့၏။ အချိန် နည်းနည်း ကြာလာတော့ ကျွန်မရဲ့ အဒေါ်ဆိုသူဟာ ကျွန်မကို ထောင့်စုံ၊ နေရာစုံက တိုက်ခိုက်ဖို့ အမြဲ ခြောင်းမြောင်းနေတဲ့သူဖြစ်လာခဲ့သည်။ အဒေါ်ရဲ့ ယောကျာ်းဟာလည်း ကျွန်မကို အမြဲတမ်း ငြူစူ အပြစ်တင်နေတတ်သူ ဖြစ်လာသည်။ အဒေါ်ရဲ့ ယောကျာ်း၊ ကျွန်မရဲ့ ဦးလေးဟာ နောက်တော့ ငြူစူအပြစ်တင်ရုံမျှ မတင်းတိမ်တော့ပဲ ကျွန်မကို လိင်ပိုင်းဆိုင်ရာ ကျူးလွန် စော်ကားမှုပါ ပြုလုပ်လာခဲ့သည်။ ကျွန်မ အဲဒီအိမ်က စွန့်ခွာမှ ဖြစ်တော့မည်။ အမြန်ဆုံးပေါ့။

တစ်နေ့မှာတော့ ဆုံးရှုံးမှု၊ နာကျည်းမှုတွေနဲ့ အဲဒီအိမ်က ထွက်ခွာခဲ့တော့၏။ ဥပဒေ ဒီဂရီတစ်ခုရအောင် ကြိုးစားခဲ့ပါသည်။ ကျွန်မရဲ့ကိုယ်ပိုင်ဘ၀ကို တည်ဆောက်နိုင်ဖို့ ကိုယ်တိုင်ကြိုးစားခဲ့ရင်း အနာရွတ်ဟောင်းတွေ ဖုံးကွယ်ထားရန် ကျွန်မ အတန်အသင့်တတ်နိုင်လာခဲ့သည်။ ဟန်ဆောင်ပန်ဆောင် တင်းမာထားရတဲ့ မျက်နှာပြင်တစ်ခုရဲ့အောက်ခြေမှာတော့ အနာရွတ်ဟောင်းတွေ လတ်ဆတ်နေဆဲပါလေ။

ကျွန်မ အသက် ၃၃ နှစ်ရောက်တဲ့ အခါ လန်ဒန်မှာ နေဖြစ်ခဲ့သည်။ အဲဒီ အချိန်တွေက ကရေ့ခ်ျ နဲ့ ဆုံဖြစ်တဲ့ အချိန်တွေပေါ့။ ကရေ့ခ်ျ ဆိုသူက ကျွန်မ လိုအပ်သမျှ အရာတွေကို ဖြည့်ဆည်းပေး နေတဲ့ မိတ်ဆွေတစ်ယောက်ပါ။ ကရေ့ခ်ျ နဲ့ သိကျွမ်းနေတဲ့ အချိန်မှာပဲ တစ်ဘက်မှာလည်း အမျိုးသား တစ်ဦးနဲ့ ကျွန်မ ချစ်ခင်နှစ်သက်နေတာ ၅ နှစ် လောက်တောင် ရှိပါတော့မည်။ ကရေ့ခ်ျ ရဲ့အသက်က ကျွန်မထက် ၂၀ နှစ်တောင် ကြီးနေတော့ ကျွန်မတို့ရဲ့ ဆက်ဆံရေးဟာ အစပိုင်းမှာ ဖခင်နဲ့သမီးတစ်ယောက်နဲ့တောင် ဆင်ဆင်တူနေသေးရဲ့။

နောက်ပိုင်းမှာတော့ အတွင်းကျကျ ရင်းနှီးလာခဲ့သလို ကျွန်မရဲ့အတိတ်ကို ကရေ့ခ်ျက ပိုမို စပ်စုလိုဟန် ပြလာတဲ့အတွက် ကျွန်မ သူ့ကို သိပ်မနှစ်မြို့နိုင်တော့ဘူး။ တစ်စုံတစ်ခုအတွက် ကျွန်မကိုဆွဲဆောင်ဖို့ ကြိုးစားလာနေပြီဆိုတာ မိန်းကလေးဖြစ်တဲ့ကျွန်မ အလိုလို သိနှင့်နေခဲ့ပါပြီ။ ကရေ့ခ်ျရဲ့ ချဉ်းကပ် တုပ်နှောင်မှုတွေကနေ လွတ်မြောက်ဖို့ ကြိုးစားရတော့သည်။ အချိန် ၂ နှစ်လောက်တော့ ယူခဲ့ရပါသည်။ ပထမ တစ်ကြိမ်မှာ ကျွန်မနေတဲ့အိမ်ကနေ ပြောင်းပြေးတဲ့အခါ ကရေ့ခ်ျ က အိမ်အသစ်ကို  မြန်မြန်ပဲ ခြေရာခံမိသွားလေတော့ နောက်တစ်အိမ် ထပ်မံ ပြောင်းရွှေ့ရသည်။ သူ့ရဲ့အနှောင်အဖွဲ့တွေက ရုန်းထွက်ရင်းနဲ့ ကျွန်မ စိတ်ဓာတ်တွေ ကျဆင်းလာခဲ့သည်။ လက်ထောက် ဥပဒေ၀န်ထမ်းအလုပ်ကိုလည်း စွန့်လွှတ်ခဲ့ရပြီ။

၂၀၀၅ ခုနှစ်မှာ ကျွန်မရဲ့ ကားကို မွမ်းမံရင်း အသုံးစရိတ်တွေ ပိုလာခဲ့သည်။ ကျွန်မရဲ့ ယောကျာ်းလေးမိတ်ဆွေ ကလည်း ကျွန်မဆီကပိုက်ဆံတွေ ချေးငှားထားပြီးပြန်မပေးခဲ့ပါဘူး။ ကျွန်မ မတတ်နိုင်တာတွေ ပိုမို များလာတဲ့အခါ ငှားထားတဲ့အိမ်ခန်းကို ပြန်အပ်လိုက်ရသည်။ အဲဒီအချိန်ကစပြီး ဟိုဟိုဒီဒီ သွားလိုက်လာလိုက်နဲ့ ကျွန်မဘ၀ စတင် မျောလွင့်ခဲ့ပါသည်။ ကျွန်မရဲ့ အဖေရင်း ဘရန်ဒန်ဆီက ငွေကြေး အနည်းငယ်ရရှိခဲ့၏။ ဒီလိုနဲ့ အချိန်တွေကုန်လွန်လာလိုက်တာ အမျိုးသားမိတ်ဆွေချေးငှားထားတဲ့ ငွေတွေဟာ လုံးဝကိုပေါ်ထွက်မလာတော့ပါဘူး။ တစ်နေ့ ဘရိုက်တန်ပင်လယ်မျက်နှာပြင်ဆီ မြင်တွေ့နေရတဲ့နေရာလေးကနေ ကျွန်မဖေဖေ ဘရန်ဒန် ဆီ ဖုန်းခေါ်ခဲ့
သည်။

“ဒက်ဒီ ... ကျွန်မလေ......”

 “နောက်တစ်ခါပေးမယ့်ငွေကြေးဟာနောက်ဆုံးပဲ”လို့ ကျွန်မ ဖေဖေက နောက်ဆုံးဆိုတဲ့စကားကို တိတိပပ ဖွင့်ဟ ပြောဆိုလိုက်လေ၏။

ကျွန်မ မျက်ဝန်းတွေက ဦးတည်ရာမဲ့ ငေးရီနေဆဲ…။ အနောက်ဘက်ဆီက ဆိပ်ခံဘောတံတားအိုကြီးအနီးမှာပေါ့၊ စောစောလေးကပဲ လှရက်နိုင်လွန်းတဲ့ မီးခိုးရောင်ပင်လယ်ကြီးဟာ အမှုန်အမွှားတွေအဖြစ် ဖွာလန်ကျဲကြေမွသွားခဲ့သလို ရုတ်ချည်း အကျည်းတန်ကုန်တော့သည်။ ဖေဖေ ဘရန်ဒန်က ဆက်ပြီး ကြေငြာပါသေးသည်။

“၀မ်းနည်းပါတယ် ကလေးရယ်၊ ဒီထက် ပိုပြီး ငါ ဘာမှ မတတ်နိုင်တော့ ပါဘူးကွယ်”

ကျွန်မ ကားထဲမှာ စိတ်ပါ လက်ပါ ငိုကြွေးလိုက်လေ၏။ ဘယ်တော့မှ အဆုံးမသတ်မယ့် ငိုခြင်းမျိုးလို အရှိန်အဟုန်ပြင်းပြင်းငိုချင်းချရင်းနဲ့ပေါ့။ မိသားစုရဲ့ စိမ်းကား ပြတ်တောက်မှု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်ခင် နှစ်သက်သူ ဒါတွေအားလုံး ကျွန်မမှာ လက်ရှိ ဘာဆိုဘာမှ မရှိတော့ဘူး။ အဲဒီအချိန်မှာမှ ကရေ့ခ်ျ ကို ကျေးဇူး တင်ရကောင်းမှန်း သိလာခဲ့သည်။ ဒါပေမဲ့ ကျွန်မ အခုလို ဖြစ်ပျက်နေတာတွေကို ဘယ်သူ့ကိုမှ အသိမပေးဝံ့ပါဘူး။ ငိုကြွေးရင်း အလွန်အမင်း မောပန်းလာတဲ့အခါမှာတော့ အနားယူဖို့ လိုအပ်ပြီဆိုတာ ကျွန်မ သတိရလာခဲ့သည်။ ရှိသမျှ သိုးမွှေး အစအနတွေ ဆွဲထုတ်ကာ ကားထဲက ထိုင်ခုံနေရာမှာ စုပုံချထားပြီး လဲလျောင်းလိုက်သည်။ အဆင်မပြေ လှပါဘူး။ လက်ကိုင် ဘရိတ်တံက ကျွန်မကို တွန်းထိုး ထောက်ကန်ထားလေ၏။ ဘေးတစ်ဘက်ဆီ ကိုယ်ကိုလျှောချပြီးအိပ်ပြန်တော့လည်း ကောင်းကင်ကြီးပဲ မြင်နေရတော့ ကျွန်မကိုယ်ကျွန်မ အစရှာမရလောက်အောင် သေးနုပ်ပျောက်ကွယ်နေသလို စိတ်အားငယ်ငယ် ဖြစ်ရပြန်လေသည်။ မျက်လုံးတွေ အသာမှိတ်ကာငြိမ်နေရင်း မျက်လုံးတွေတစ်ခါ ဖွင့်ကြည့်လိုက်မိသည်။ ဩဂုတ်လရဲ့ နေအကျ၊ တစ်ချက်တစ်ချက် သုတ်ခနဲ ရိုက်ခတ်လိုက်တဲ့လေပြင်းနဲ့ အတူ ကြည်လင်လင်ပြာလဲ့တဲ့ကောင်းကင်ကြီးမှာ စင်ရော်လေးတွေ စူးစူးဝါးဝါးအော်ဟစ်ရင်း ဟိုက သည်က ပျံသန်းထွက်ပေါ်လာတာမြင်ရလေ၏။ အဲဒီနေ့က ပထမဆုံးအကြိမ်အဖြစ် ကားထဲမှာ တစ်ညလုံး အချိန်ဖြုန်းနေလိုက်ပါသည်။ ပထမဆုံးည ဖြတ်သန်းခဲ့ပြီးတဲ့အခါ နောက်တစ်နေ့အတွက်က လွယ်ကူသွားပါပြီ။ ကျွန်မဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ချင်ဘူး။ ဈေးပေါပေါနဲ့ရတဲ့ သကြားမုန့်တွေကိုပဲ တချိန်လုံး တကြွပ်ကြွပ် ကိုက်ဝါးနေခဲ့သည်။ တစ်ယောက်ယောက်က ကျွန်မရဲ့အဖြစ်မှန်ကို ရိပ်စားမိနိုင်တဲ့ အပြုအမူမျိုးကို ရှောင်ရသည်။ ဥပမာ လမ်းတစ်လမ်းတည်းမှာပဲ နှစ်ကြိမ် နှစ်ခါ ည မအိပ်မိအောင်ပေါ့။

နာမည်ကြီး ဟိုတယ်တွေရဲ့ လော်ဘီ(lobby) ခန်းမတွေကို အလွတ်ကျက်ထားလိုက်ပါသည်။ ဒါမှ ယောင်နန မဖြစ်ဘဲ ယုံကြည်မှုအပြည့်နဲ့ အကျွမ်းတ၀င် ၀င်ထွက်သွားလာနိုင်မယ် မဟုတ်လား။ အစားအသောက် နည်းပါးလွန်းတဲ့ရက်တွေ များလာတာနဲ့အမျှ စိတ်ဓာတ်ကျဆင်းတဲ့လက္ခဏာတွေ ပြလာခဲ့ပြီ။ ကျွန်မရဲ့အထွေထွေရောဂါကုဆရာဝန်နဲ့ သွားတွေ့ရပါသည်။ ဆရာဝန်က စားသောက်မှု ပုံစံကြောင့် အကျိုးဖြစ်ထွန်းမှု မရှိတာ၊ အာဟာရ မဖြစ်တဲ့ လက္ခဏာတွေ တွေ့နေရပြီလို့ ဆိုလေ၏။ ကျွန်မ အလုပ် တစ်ခုရမှ ဖြစ်တော့မည်။ ဒါပေမဲ့ ကျွန်မတွေ့ခဲ့သမျှ အေဂျင်စီတွေ အားလုံးအတွက် အဆက်အသွယ် ပြုစရာကျွန်မရဲ့ လိပ်စာမပေးနိုင်တာကြောင့် လက်လျှော့ခဲ့ရတာချည်းပဲ။ ဒီလိုနဲ့ အများသုံး ရေချိုးခန်းတွေ အသုံးပြုနေခဲ့တာ တစ်လ လောက်ကြာတဲ့အခါ volunteer အမျိုးသမီးတစ်ဦးကို ကျွန်မဟာ အိုးအိမ်မဲ့ တစ်ဦး ဖြစ်တယ်ဆိုတာ ဖွင့်ပြောလိုက်တော့သည်။

အဲဒီ အမျိုးသမီးဟာ အံ့အားသင့်သွားဟန်နဲ့ ညစ်စုတ်စုတ် အမူအရာတွေ ပြလာခဲ့၏။ ခပ်ကြမ်းကြမ်း စကားတွေ အော်ကြီးဟစ်ကျယ်ပြောဆိုလိုက်တာကြောင့် အနီးအနားက အမျိုးသားတွေကပါ ပြူးတူးပြဲတဲ အကြည့်တွေနဲ့ ၀ိုင်းကြည့်လာကြသည်။ ဘရိုက်တန် တစ်ဝိုက်မှာရှိတဲ့ အိုးအိမ်မဲ့တွေတိုင်းက အခုဆို ကျွန်မကို မှတ်မိလာကြပြီ။ လန်ဒန်ကို ပြန်မှဖြစ်မယ်ဆိုတဲ့ အချက်ပေးသံတွေတောင်မှ ကျွန်မရဲ့ဦးနှောက်က လက်ခံ ကြားသိနေရပြီပဲ။

ဒါနဲ့ပဲ လန်ဒန်ကို ကျွန်မ ပြန်ခဲ့တော့သည်။ ဒီလိုဆိုတော့လည်း လန်ဒန်မှာ မြို့ရဲ့ အိမ်ရာအဆောက်အဦးတွေရှေ့လမ်းတွေမှာ အခမဲ့ကားရပ်နားဖို့အတွက် ခက်ခဲသွားပြန်ပါလေရော။ တစ်ခါတစ်ရံမှာ ကားရပ်နားခွင့် လက်မှတ်နဲ့ပဲ တစ်ညလုံး အချိန်ဖြုန်း လိုက်ရတာလည်းရှိခဲ့၏။ တစ်နေ့ ကားထဲကနေ အိပ်မှုန်စုံမွှားနိုးထလာတဲ့ကျွန်မကိုမြင်သွားတဲ့ ပေါ်တူဂီလူမျိုးယာဉ်စောင့်တစ်ဦးက ကားရပ်နားခွင့် လက်မှတ်အသစ်တစ်စောင်ကို ကားရေသုတ်တံမှာ ဖိညှပ်လိုက်သည်။ ပြီးတော့ ...

“မိန်းကလေးရေ၊ မင်းဆေးရုံမှာ အမြဲကားရပ်လေ့ရှိသလား။ လုံခြုံရေးအစောင့်တွေကတော့ အမြဲ စစ်ဆေးနေတာပါပဲ။ ဒါပေမဲ့ ငါတို့ဘာဆိုတာ အခုထိ သူတို့သေချာမသိကြသေးပါဘူးကွာ။ ဟုတ်တယ် မဟုတ်လား”

အဲဒီလို တစ်ဆက်တည်းပြောချလိုက်ပြီးတော့ မျက်စိတစ်ဘက် မှိတ်ပြသွားလိုက်သေးသည်။ အဲဒီ အခိုက်အတန့်လေးမှာ ရှက်ရွံ့မှုတွေဟာ ကျွန်မရဲ့ အရိုး၊ အကြောတွေထဲမှာ လူးလားဆန်ခတ် ပြေးလွှားကုန်ကြပါပြီ။ ဒီလိုနဲ့ ကျွန်မ ကားရပ်နားဖို့အတွက် ဆေးရုံတွေကို ရွေးချယ်လိုက်၏။ ဆေးရုံတွေမှာ ကားပတ်ကင်ထိုးရတာဟာ တစ်နေ့လုံးအတွက် ကားကို စိတ်ချလက်ချထားနိုင်သလို ရေချိုးဖို့လည်း အခွင့်အရေး ရပါသေးသည်။ ကံကောင်းရင် ၀န်ထမ်းအယောင်ဆောင်ပြီး ဆေးရုံကင်တင်းကိုတောင်မှ အသုံးပြုခွင့် ရနိုင်သေးသည်လေ။

ကျွန်မ အိုးအိမ်အကြံပေးအဖွဲ့အစည်းနဲ့ကုသိုလ်ဖြစ်အဖွဲ့တွေဆီကို သွားခဲ့၏။ ကျွန်မမျှော်လင့်တာက အိမ်ခန်း တစ်ခန်းအတွက် စပေါ်တင်နိုင်မယ့် ငွေကြေးပမာဏရရှိရေးအတွက်ပါ။ ဒါပေမဲ့ သူတို့အားလုံးက ကျွန်မရဲ့ နေရပ်လိပ်စာကိုပဲ တွင်တွင်ကြီး တောင်းနေကြလေသည်။ ခက်တာက ကျွန်မဟာ အိုးအိမ်မဲ့ တစ်ယောက် ဖြစ်တယ်ဆိုတာ အခုချိန်ထိ ဘယ်သူ့ကိုမှ အသိ မပေးဝံ့သေးပါဘူး။ သစ်တောစပ်စပ်က လမ်းကြားလေးမှာ ကျွန်မရဲ့ ကားလေး နေရာယူခိုနားခဲ့ရပြန်သည်။ မှောင်မည်းတိတ်ဆိတ်မှုက ကြောက်ရွံ့စရာအခြေအနေနဲ့ ရင်ဆိုင်ရဖွယ်၊ ရှိကောင်း ရှိနိုင်ပေမဲ့ မနက်ခင်းတွေမှာရရှိလေ့ရှိတဲ့ လူတွေရဲ့ပြူးတူးပြဲတဲစူးစမ်းတဲ့ အကြည့် ရိုင်းရိုင်းတွေကိုတော့ ရှောင်တိမ်းနိုင်မယ်လေ။ ဒါကြောင့် ကျွန်မကတော့ ဟောဒီ သစ်တော စပ်စပ်နေရာလေးကို သဘောကျနေမိတော့၏။

ဒီလိုနဲ့ နွေရာသီကနေ ဆောင်းရာသီကိုကူးပြောင်းလာခဲ့ပြီ။ ရာသီဥတုကလည်း ဆိုးဆိုးရွားရွား အေးခဲလာပါပြီ။ ကျွန်မရဲ့ခန္ဓာကိုယ်မှာ ဦးထုပ်တွေ၊ ခြေအိတ်တွေ ၀တ်နိုင်သမျှ အထပ်လိုက်၊ အလွှာလိုက် အများကြီး ၀တ်ရပါသည်။ ဒါတောင်မှ ကျွန်မရဲ့သွေးထဲမှာ ငွေရောင်ရေခဲတွေထိုးဖောက်ဝင်ရောက် သွားခဲ့ပြီလို့ထင်ရလောက်အောင် ချမ်းစိမ့်နေတဲ့အအေးဒဏ်ကို ခံစားနေရဆဲပါ။ အဲဒီဆောင်းရာသီထဲက ခရစ်စမတ်မနက်ခင်းတစ်ခုမှာ ကားမှန်တံခါးကပ်တွယ်နေတဲ့ရေခဲစတွေကို ခပ်ကြမ်းကြမ်း ပွတ်တိုက်ဖယ်ရှားလိုက်ပြီး အပြင်ဘက်ဆီ ကျွန်မ ငေးမောနေမိခဲ့၏။ အအေးဒဏ်ကိုကာကွယ်နိုင်မယ့် ကော်ဖီဆိုင်လေးတွေ စောစောစီးစီးပဲ ဖွင့်နေကြပါပြီ။ ဆောင်းအေးအေးနေ့ရက်တွေရဲ့ နေ့ခင်းဘက်တွေမှာဆိုရင် နားခိုစရာအတွက် ကျွန်မ သဘောအကျဆုံးကတော့ အများသုံးစာကြည့်တိုက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ ငွေကြေးကုန်ကျစရာမလိုဘဲ အအေးဒဏ်ကနေ ရှောင်တိမ်းလို့ရတယ် မဟုတ်လား။

အိုးအိမ်မဲ့ဆိုတဲ့အခြေအနေကို ရုပ်ဖျက်ပြီး အလုပ်တွေလည်းလျှောက်နေဆဲပါပဲလေ။ တစ်နေ့ ဆေးရုံကင်တင်းမှာ ချထားတဲ့ဆောင်းပါးတစ်ခု တွေ့လိုက်ရ၏။ အဲဒီဆောင်းပါးက ဘလော့ဂ်စာမျက်နှာတွေအကြောင်း ဖော်ပြထားတဲ့ဆောင်းပါးပါ။ အင်တာနက်ဒိုင်ယာရီတွေကို ဘယ်သူမဆို ဖန်တီးရေးသားနိုင်ပြီး ဘယ်သူမဆို ၀င်ရောက်ဖတ်ရှုနိုင်တယ်လို့ သိလိုက်ရသည်။ ဒါနဲ့ပဲ နှင်းတွေဝေနေတဲ့ ၂၀၀၆ ဖေဖော်ဝါရီ ရက်တစ်ရက်မှာ ကျွန်မ ဘလော့ဂ်ဒေါ့ကွန်းကို ၀င်လိုက်ပါသည်။ create blog ဆိုတဲ့ ခလုတ်လေး ကို နှိပ်လိုက်သည်။ ကျွန်မ ဘလော့ဂ်တစ်ခုလုပ်ဖြစ်ခဲ့၏။ ဘလော့ဂ်တစ်ခုယူတော့မယ်ဆိုရင် စိတ်ကြိုက်နာမည်ကို ရွေးချယ်ဖို့လိုပါသည်။ ကျွန်မကတော့ ခရီးသွားကလောင်ရှင် (wanderingscribe)လို့ အမည်ပေး လိုက်လေသည်။ ကျွန်မ အလွန်အမင်း စိတ်လှုပ်ရှား တက်ကြွနေမိသည်။ ကျွန်မ အကြာကြီးပဲ စဉ်းစားနေလိုက်သေး၏။ လေးလေးနက်နက်စဉ်းစားပါသည်။ ဟုတ်ပါပြီ ... ခပ်ပြင်းပြင်း အသက်ရှူသွင်းလိုက်ရင်း ကျွန်မဟာ အိုးမဲ့အိမ်မဲ့ တစ်ယောက်ဆိုတာ ရင်ဖွင့်ရေးချပြဖို့ ဆုံးဖြတ်လိုက်တော့သည်။
“ပြီးခဲ့တဲ့ညက လေပြင်းတွေ တိုက်လိုက်တာ။ မိုးကလည်း အကြမ်းပတမ်းကြီးကို ရွာချနေပါသေးတယ်။ သစ်ကိုင်းတွေဟာ မထိန်းနိုင်၊ မသိမ်းနိုင် လှုပ်ခါယိမ်းထိုးလို့။ ကျွန်မရဲ့ကားလေး စတည်းချနားခိုရာ လမ်းကြားလေးဟာ လုံခြုံမှု မရှိတော့သလို ခံစားနေရတယ်။ ချမ်းစိမ့်လွန်းတဲ့ဒဏ်ကို ရှောင်ရှားရင်း မွေ့ရာအိတ်ထဲ နစ်ဝင်စိုက်ထည့်ထားတဲ့ ကျွန်မရဲ့ဦးခေါင်းဟာ ညာဘက်က ဇစ်နဲ့ ဖိမိနေတာကြောင့် အသက်ရှူရခက်ခဲနေခဲ့တယ်။ ကားမှန်တံခါးတွေဟာလည်း ရေငွေ့တွေ ရိုက်ခတ် နေလိုက်တာများ………”
အဲဒ်ီလို အစချီပြီး ကျွန်မစိတ်ထဲမှာ ခံစားရသမျှဖွင့်အံရေးချနေမိ၏။ ကျွန်မ ရေးဖူးသမျှတွေထဲမှာ ဒီစာတွေဟာ ချရေးရတာ အခက်ခဲဆုံးစာတွေပဲလို့ ပြောရလောက်သည်။ ဒါပေမဲ့ ကျွန်မ စိတ်ထဲရှိသမျှ တတ်စွမ်းသလောက် သွန်ချရေးသားနေမိခဲ့ပါသည်။ ဘလော့ဂ်တွေမှာ စာဖတ်သူတွေရဲ့အမြင်တွေကိုပါ ရေးပေးထားနိုင်သည်။ ဘလော့ဂ်တွေ သန်းပေါင်းများစွာရှိနေတာကြောင့် ကျွန်မရဲ့ ဘလော့ဂ်ကိုတစ်ဦးဦးက မြင်တွေ့ဖတ်ရှုမိသွားဖို့ ကျွန်မ အလွန်အမင်း မျှော်လင့်နေမိပါသည်။ သူတို့ တကယ်ပဲ အလုပ်တွေ လုပ်ခဲ့ကြ၏။ သူတို့ ဆိုတာက ကျွန်မရဲ့ဘလော့ဂ်ကို ဖတ်မိသွားတဲ့သူတွေပေါ့။ ကျွန်မ ပထမဆုံး ရေးခဲ့တဲ့နေ့မှာပဲ မက်ဆေ့ခ်ျ(message) ၁၂ ခုတောင်မှ ထားရစ်ခဲ့ကြသည်။ အဲဒီနေ့မှာ သိပ်ကိုပျော်ရွှင်ခဲ့ပါသည်။ စာကြည့်တိုက်လေးဆီ တစ်နေ့တည်းမှာ ငါးကြိမ်၊ ခြောက်ကြိမ်လောက် သွားကြည့်နေခဲ့သည်။ ကျွန်မ ဘလော့ဂ်ကို တစ်ခါဖတ်မိတိုင်း မက်ဆေ့ခ်ျတွေ ပိုပို များလာတာတွေ့ရပါသည်။ သိပ်ကို အားရစရာ ကောင်းတာပါပဲ။

နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘာကိုမှ စောင့်ဆိုင်းမနေနိုင်တော့ဘူး၊ စာကြည့်တိုက် ဖွင့်ဖွင့်ချင်း အပြေးအလွှား သွားလိုက်တော့သည်။ နောက်ရက်တွေမှာ တစ်နေ့ပြီးတစ်နေ့ ကျွန်မရဲ့ဘ၀၊ ကျွန်မရဲ့ နေ့ရက်၊ ကျွန်မရဲ့အချိန်၊ ကျွန်မရဲ့အခြေအနေတွေအကြောင်း ရေးနေခဲ့၏။ ကျွန်မရဲ့ ဘလော့ဂ်လေးက ကျွန်မရဲ့တစ်နေ့တာအလုပ်တွေကို ပြီးမြောက်နေစေခဲ့သည်။ ကျွန်မရဲ့အပြင်ဘက်က တကယ့်ကမ္ဘာနဲ့ဝေးကွာတဲ့ သီးသန့်ကမ္ဘာတစ်ခုမှာတော့ ငြင်းဆန်မှုတွေကို ကျွန်မ ကြောက်ရွံ့ထိတ်လန့် နေဖို့ မလိုဘူး။ သနားကရုဏာသက်မှု၊ အထင်အမြင်သေးရှုံ့ချမှု၊ အဲဒါတွေ ဘာဆို ဘာတစ်ခုမှ ရှိမနေကြဘူး။ အဲဒီနေရာလေးမှာ အမည်မရှိတစ်ဦးအဖြစ် ရှင်သန်နေထိုင်နိုင်သလို လုံခြုံမှုကလည်း အပြည့်အ၀ရှိနေ၏။ မော်နီတာတစ်ဘက်မှာရှိနေတဲ့ ကမ္ဘာတစ်ဘက်ခြမ်းက လူတွေအများကြီးနဲ့ ဒီလိုဆက်သွယ်ဟာ ကျွန်မဘ၀ကို အသစ်တဖန်ပြန်စဖို့ အားသစ်တွေ ယူဆောင်လာပေးတာပါပဲ။

တစ်ဦးတစ်ယောက်ကမှ အထင်အမြင်သေးတဲ့ မက်ဆေ့ခ်ျမျိုး မပေးကြတဲ့အတွက် ကျွန်မ စိတ်အေးချမ်းသာ ရှိလှသည်။ ကျွန်မ ဘလော့ဂ်ကို ဖတ်ရှုခဲ့ကြသူတွေက ကျွန်မကို အားပေးချီးမြှောက်ကြ၏။ နေအိမ်မရှိတဲ့ ကိစ္စရပ်တွေဟာ ကျွန်မတစ်ဦးတည်းမှာသာ ကံတရား ချွတ်ချော်တိမ်းပါးပြီး ဖြစ်ပွားတာမဟုတ်ဘဲ တခြားသူ တွေမှာပါ ဖြစ်ပျက်နေကြတာတွေကို ကိန်းဂဏန်းတွေနဲ့ အချက်အလက်တွေနဲ့ပါ ကျွန်မရဲ့ တစ်ခါမှမမြင်ခဲ့ဖူးတဲ့မိတ်ဆွေတွေက မှတ်ချက်တွေရေးပေးကြသည်။ အိမ်ဈေးနှုန်းတွေဟာ လူတွေကို ရူးလောက်အောင် တိုးမြင့်လာတာတွေ၊ အကြွေး ၀ဲဂယက်ထဲ လူးလူးလိမ့်လိမ့် မွှေနှောက် ခံနေရတာတွေပါ ပြောပြကြသည်။ ဘ၀ခရီးလမ်းတွေမှာ လျှောက်လှမ်းနေရတဲ့လူတွေရဲ့ခြေထောက်တွေကို ဘဏ္ဍာရေးကြိုးမျှင်တွေက ပိုမိုတင်းကျပ်စွာ တုပ်နှောင်လာမှုကြောင့် ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်ဆိုတဲ့ အကြောင်းတွေပါ ကျွန်မ သိလာရသည်။ ထုတ်ကုန်လုပ်ငန်းလုပ်ဆောင်နေသူ၊ ချီရှိုင်းယားရပ်မှာ အဆင့်မြင့် အိပ်ခန်း ၅ ခန်းပါ အိမ်ကိုပိုင်ဆိုင်သူ စတူးဝပ်ဆိုတဲ့ အမျိုးသားတစ်ဦးဟာလည်း အကြွေးစာရင်းတွေ ပေးချေနိုင်ဖို့ ရုန်းကန်နေရသည်လို့ ပြောပြလာခဲ့သည်။ သူ့ရဲ့အဖြစ်အပျက်တွေကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေကို မပြောဝံ့တဲ့အကြောင်းတွေပါ သူ့ရဲ့ဘလော့ဂ်မှာ ရေးသားခဲ့၏။ နေ့ရက်တစ်ရက်ဟာ သီတင်းရက်သတ္တပတ်တစ်ခုကို ဘယ်လို ဦးဆောင်ယူငင်သွားမလဲ၊ အဲဒီသီတင်းတစ်ပတ်ကရော နောက်ထပ် သီတင်းပတ်ကို ဘယ်လို လက်ဆင့် ကမ်းသွားကြမှာလဲ………။

ကျွန်မတို့ လူ့အဖွဲ့အစည်းထဲမှာ ချွတ်ချော်တိမ်းပါးမှုတွေ မြန်မြန်ဆန်ဆန်ကြီး ဖြစ်ပွားနေကြပြီဆိုတာ ကျွန်မ နားလည်သဘောပေါက်လာသည်။ အဲဒါကြောင့် အခုတော့ ကျွန်မ ရှက်ရွံခြင်းဆိုတဲ့ခံစားမှု တစိုးတစိမျှ မရှိတော့ပါဘူး။ အအေးဓာတ်သိပ်သည်းနေတဲ့ အင်္ဂါနေ့တစ်နေ့မှာ ကျွန်မရဲ့အီးမေးလ်ဘောက်စ်ကို ဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ ကျွန်မဘယ်လို ရှင်သန်နေရသလဲလို့ စိတ်ပူနေကြတဲ့ ဘလော့ဂ်ဂါ မိတ်ဆွေတွေရဲ့ မေးလ်တွေ အများကြီးမှအများကြီးပဲ တွေ့လိုက်ရ၏။ နယူးယော့ခ်တိုင်းမ် ဂျာနယ်လစ်တစ်ဦးက ကျွန်မကိုတွေ့ဆုံဖို့ကြိုးစားနေသည် ဆိုတဲ့ သတင်းစကားပါးထားတဲ့ မေးလ်တစ်စောင်ကိုလည်း ဖတ်လိုက်ရပါသေးသည်။ အိုင်ရန်အာဘီနာဟာ အမေရိက တစ်ဝိုက်မှာရှိတဲ့၊ ကားတွေထဲမှာ နေထိုင်ရသူတွေအကြောင်းကို ဆောင်းပါးရေးသားဖို့ သုတေသနပြုနေသူတစ်ဦးဖြစ်သည်တဲ့။ ကျွန်မတို့ အီးမေးလ် အပြန်အလှန်ပေးပို့ကြပြီးတဲ့နောက်၊ တစ်ညမှာ ကျွန်မဆီ ဖုန်းခေါ်လာခဲ့သည်။ ကျွန်မ ဖုန်းမပြောဖြစ်တာ လပေါင်းများစွာ ရှိနေခဲ့ပါပြီ။ သူပြောလာတာက ကျွန်မရဲ့ဘ၀ဖြစ်စဉ်ကို လေ့လာဖို့ ကြိုးစားနေတဲ့ နယူးယော့ခ်တိုင်းမ်၊ လန်ဒန်ရုံးကတစ်စုံတစ်ဦးနဲ့ တွေ့ဆုံဖို့စဉ်းစားစေချင်သည် လို့ ပြောလာပါသည်။

ဒီလိုနဲ့ ကျွန်မရဲ့ တကယ့်ကမ္ဘာထဲက စိန့်ဘယ်ရီ Canden Branch အနီးအနား ကားရပ်နားရာနေရာတစ်ခုမှာပဲ အသက် ၅၀ အရွယ် အင်မတန်ရည်မွန်လှတဲ့ နယူးယော့ခ်တိုင်းမ်ရုံးက ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးတစ်ဦးနဲ့ ကျွန်မ လက်ခံတွေ့ဆုံခဲ့လေသည်။ အဲဒီ မွန်မွန်ရည်ရည်အမျိုးသမီးကြီးက ကျွန်မရဲ့ကားထဲကို စွေ့ခနဲဝင်ထိုင်ရင်း ကျွန်မ ရှင်သန်နေခဲ့ရာ ကားထဲကို စူးစမ်းနေခဲ့၏။ ကျွန်မရဲ့ ညစ်စုတ်စုတ် ကားလေးအတွက် ကျွန်မအတော်ပဲ စိတ်ကသိကအောက်ဖြစ်ပြီး သူ့ကို အားနာနေမိခဲ့သည်။ တစ်ခါတစ်ခါ စူးစူးရှရှ၊ ဆိုးဆိုးရွားရွား အနံ့တွေက ထောင်းခနဲ ရတတ်သေးသည်ကိုး။ ဘာလိုလိုနဲ့ ကျွန်မ အဲဒီကားလေးထဲမှာ ရှင်သန်နေထိုင်လာခဲ့တာ အခုဆို ကိုးလတောင် ရှိခဲ့ပါပြီ။

ကျွန်မ အင်တာနက်ကဖီးတစ်ခုဝင်ပြီး အီးမေးလ်တွေဖွင့်ဖတ်ဖြစ်တဲ့ တစ်မနက်ခင်းအလွန် အချိန်အထိ ကျွန်မအကြောင်းဟာ ပထမဆုံးစာမျက်နှာမှာ ခေါင်းကြီးသတင်းဆောင်းပါးအဖြစ်ပါလာခဲ့သည် ဆိုတာ မသိသေးပါဘူး။ အီးမေးလ်တွေ ဖတ်ရင်းဖတ်ရင်းနဲ့ သိလာရတာကြောင့် သတင်းစာကိုအပြေး ကြည့်မိရ၏။ အီးမေးလ်တွေဟာလည်း နိုင်ငံ အများအပြားက ရေးပို့လာကြတာပါ။ ယူနိုက်တက်စတိတ် နိုင်ငံ တစ်ဝိုက်က လူတွေ၊ ဘရာဇီး၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မီလာမီနိုင်ငံက လူတွေ………' အားလုံးကပဲ စာနာ နားလည်စွာ ရေးပို့ခဲ့ကြသည်။ ကျွန်မရဲ့ ဖြစ်တည်မှုကို တစ်နှစ်ခန့် ဘယ်သူမှမသိရှိဘဲ နေလာရာက အခုတော့ ရာပေါင်းများစွာသော တိုင်းပြည်အနှံ့အပြားက လူတွေ၊ ကျွန်မအကြောင်းကို ခရေစေ့တွင်းကျ သိရှိ သွားခဲ့ကြပါပြီ။ အဲဒီလူတွေဆီက အကြံဉာဏ်ပေးစာ၊ အချက်အလက်ဝေမျှတဲ့စာနဲ့ ဆုမွန်ကောင်း တောင်းပေးတဲ့စာတွေ အစုံအလင်ပဲ လက်ခံရရှိခဲ့၏။ ကျွန်မ နှလုံးသားတည့်တည့်ဆီကို အလောတကြီးပြေးဝင်လာတဲ့ အမယ်စုံ စိတ်လှုပ်ရှားမှုတွေရရှိခဲ့ပေမဲ့ ကျွန်မ အကျပ်အတည်းကို ပြေလည်အောင်ဖြေရှင်းပေးနိုင်တာမျိုးတော့ ဘယ်သူကမှ မကူညီနိုင်ကြပါဘူး။ ကျွန်မမှာ အခုဆို အစားအသောက် ငတ်မွတ်တာ၊ ချမ်းအေးတဲ့ ဒဏ်တွေကို အလူးအလိမ့် ခံရတာ………၊ ဒါတွေကို အပြည့်အ၀ ခံစားနေရဆဲပါ။

ကျွန်မရဲ့ စိတ်မှာ ခိုကိုးရာမဲ့ခြင်းကြီးစွာ ဖြစ်လာတဲ့အခါတိုင်း အနီးအနားက ဘုရားကျောင်းလေးရဲ့ အရိပ်ဆီကို တိုးဝင်ခိုလှုံလေ့ရှိသည်။ အဲဒီနေ့ကလည်း ဘုရားကျောင်းလေးဆီ အပြေးသွားခဲ့ရပြန်၏။ ဘုရားကျောင်းလေးထဲမှာ နိုင်ငံခြားသားတစ်ချို့ဟာ သံချေးတက်နေတဲ့ဆီမီးခုံမှာ ဖယောင်းတိုင်တွေ ထွန်းညှိရင်း ၀တ်ပြုဆုတောင်းနေကြသည်။ ကျွန်မမှာသာ ဘုရားကျောင်းလေးရဲ့အရိပ်မှာတောင် ငြိမ်းချမ်းရာရှာမတွေ့နိုင်ခဲ့ပါဘူး။  ကျွန်မရဲ့ဦးခေါင်းကို လက်နှစ်ဘက်ကြားထဲ ထိုးစိုက်နှစ်မြှုပ်ဖွက်ထားလိုက်သည်။ မျက်လုံးဆီမှာတော့ မျက်ရည်စက်တွေ ပြိုဆင်းခုန်ထွက်လာကြ၏။ အဲဒီနောက်မှာတော့ သတင်းဌာနတစ်ခုရဲ့ နာမည်ကြီးသတင်းထောက်တစ်ဦးက ကျွန်မနဲ့ လာရောက်တွေ့ဆုံခဲ့ပြီး သူတိုရဲ့ Sunday Time မဂ္ဂဇင်းမှာ ကျွန်မအကြောင်း ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ပြန်သည်။

အခုဆိုရင် ကျွန်မရဲ့ မေးလ်ဘောက်စ်က မေးလ်စစ်ရန်ဆိုတဲ့ ခလုတ်လေးကို အကြိမ်များစွာ နှိပ်လို့ နှိပ်လို့နေမိ၏။ အဲဒီလို နှိပ်လိုက်တိုင်းမှာလည်း အသစ် အသစ် ထပ်ထပ် ၀င်လာတဲ့ မက်ဆေ့ခ်ျ အီးမေးလ်တွေ အများကြီး ရရှိဆဲပါပဲ။ ကျွန်မရဲ့ ဘလော့ဂ် စာမျက်နှာမှာ ၀င်ရောက်ဖတ်ရှုတဲ့ ဧည့်သည် စာဖတ်သူတွေ အရေအတွက်ကိုသိရှိနိုင်မယ့် counter ထည့်ထားပါသည်။ အဲဒီကနေ ကျွန်မရဲ့ ဘလော့ဂ်ကိုဖတ်ရှုသူတွေ ကမ္ဘာတစ်ဝှမ်း ရာပေါင်းများစွာရှိနေပြီဆိုတာ သိနိုင်ခဲ့သည်။ ကျွန်မရဲ့ အံ့ဩဖွယ် အဖြစ်ဆိုးကြီးကိုစိုးရွံ့စိတ်နဲ့သာ ၀ှက်သိမ်းထားခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ပါဘူး။ တစ်ပတ်ကြာတဲ့အခါ ပြင်သစ်၊ အီတလီ နဲ့ ချီလီသတင်းစာတွေမှာ ကျွန်မအကြောင်းဆောင်းပါးတွေ ပါလာကြပြန်သည်။ အဲဒီနောက် အမျိုးသမီးစာရေးဆရာမတစ်ဦးက ကျွန်မကို ဆက်သွယ်လာပါသည်။ အဲဒီ အမျိုးသမီးကို ကျွန်မဘ၀ရဲ့ နောက်ခံဖြစ်ရပ်တွေပါပြောပြဖြစ်တော့ သူမက မှတ်ချက်ချရင်း ပြောလေသည်။ ကျွန်မရဲ့ ကလေးဘ၀ဖြစ်စဉ်တွေဟာ အင်မတန်အားကောင်းတဲ့ စာအုပ်တစ်အုပ်ဖြစ်လာဖို့ အထောက်အပံ့ကောင်းတွေပါပဲတဲ့။

ဒါနဲ့ပဲ ကျွန်မ အင်အားတွေ ပြည့်လာခဲ့သည်။ နောက်ထပ် ရက်သတ္တတစ်ပတ် ထပ်မံ ကုန်သွားတဲ့အခါ စာကြည့်တိုက်မှာ၊ သစ်တော ခပ်စပ်စပ်လေးမှာ၊ လမ်းမီးတိုင် ဖျော့ဖျော့အောက်က ကားနားခိုရာ နေရာလေးမှာ အချိန်ရသမျှ ကျွန်မဘ၀ဖြစ်စဉ်တွေ အားလုံးကို အင်တိုက်အားတိုက်  ရေးချနေမိခဲ့လေ၏။ ကျွန်မရဲ့ ကားဒက်ရှ်ဘုတ်လေးပေါ်မှာ စာရွက်တွေ ပြန့်ကြဲလို့ပေါ့။ အင်မတန် ဆိတ်ငြိမ်တဲ့ လမ်းကြားလေးရဲ့မနက်ခင်းတွေတိုင်းမှာ ကျွန်မ စာတွေ ရေးနေခဲ့ပါသည်။ ကျွန်မဘ၀ ဖြစ်ရပ်မှန်တွေနဲ့ ကျွန်မ အမှန်တကယ် ရင်ဆိုင်ကျော်လွှားခဲ့ရတဲ့ “ကားထဲက ကျွန်မရဲ့ညတွေ” အကြောင်းကိုပေါ။့          ။
ဘလောဂ့်ရေးရတာ စိတ်တွေညစ်လာတဲ့အခါ၊ စာရေးဖို့ အားလျော့လာတဲ့အခါ အားပြန်ဖြည့်နိုင်တဲ့စာတစ်ပုဒ်အဖြစ် ခံစားနိုင်စေဖို့ပါ။ (မှတ်ချက်- ကိုယ့်အတွက်)
မိတ်ဆွေသူငယ်ချင်းများ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ပထမဆုံးရေးဖြစ်ခဲ့တဲ့ဘာသာပြန်ဝတ္ထုတိုပါ။ Perfect မဂ္ဂဇင်းမှာ ပါခဲ့ဖူးပါတယ်။ ၂၀၀၈ လောက်ကလားပဲ။ စာအုပ်ပြန်ရှာလို့ရမှ စာအုပ်အမှတ်ဘယ်လောက်လည်းဆိုတာ ထပ်ဖြည့်ပေးပါ့မယ်။ စာအသစ်မရေးနိုင်တော့ အဟောင်းကိုပဲ ပြန်ရှာပြီးတင်ရင်း ..
ကိုယ့်ဘာသာ အားပြန်ဖြည့်ရင်း
 

Friday, October 14, 2011

နိုင်းလ်မြစ်နှင့် ဧရာဝတီ ဘ၀တူတွေပါဘဲ (မေမေ့ရဲ့စာ)

နိုင်းလ်မြစ်
နိုင်ငံ= မြောက်အာဖရိက
အရှည်=  ၆၆၉၂ ကီလိုမီတာ (၄၁၆၀မိုင်)
ဧရာဝတီမြစ်
နိုင်ငံ…မြန်မာနိုင်ငံ
အရှည်=၂၁၇၀ ကီလိုမီတာ (၁၃၄၈မိုင်)

နိုင်းလ်မြစ်သည် အရှည်ကီလိုမီတာ 6,692 ( 4,160မိုင်) ရှည်လျားပြီး   အာဖရိကတွင်မက ကမ္ဘာ့ အရှည်ဆုံးမြစ်တြီးတစင်းဖြစ်သည်။အီဂျစ်၊ နျူးဘီးယား၊အီသီယိုပီးယား၊တန်ဇန်နီးယား၊ဆူဒန်၊ ရ၀မ်ဒါ၊ ယူဂမ်ဒါ ဇိုင်ယာ  စသည် အာဖရိကနိုင်ငံပေါင်း၁၀ နိုင်ငံ ကို အကျိုးပြုသည်။ မြစ်အောက်ပိုင်း အဖိုးတန် မြစ်ဝကျွန်းပေါ်ဒေသကို ပိုင်ဆိုင်သည့် အီဂျစ်က  အကျိုးအမြတ်တွင် ပိုမို အသာစီးရခဲ့သည်။
သို့သော် ...
အီသီယိုပီးယားရေတံခွန်မှ စခဲ့သော Blue Nile သည် ဆူဒန်မှ စတင်စီးဆင်းသော White Nile နှင့် ခါတွန် (Khartoum) တွင်ပေါင်းဆုံပြီး Nile မြစ်ကြီးအသွင် ဖြစ်ထွန်းပေါ်ပေါက်၍ မြေထဲပင်လယ်သို့  စီးဝင်သည်။ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဧရာဝတီ ဖြစ်တည်လာသကဲ့သို့ White Nile နှင့် Blue Nile တို့  ပေါင်းဆုံရာမှ နိုင်းလ်မြစ် ဟူ၍ဖြစ်တည်ပေါ်ထွန်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
ရေစီးဆင်းမှုတွင် အမေဇုံမြစ်ထက် ပမာဏနည်းသည်။ ရေစီးဆင်းမှုဧရိယာ စတုရန်းကီလိုမီတာ ၃၃၄၉၀၀၀ရှိသည်။ ဗြိတိန်ကိုလိုနီဘ၀မှာရှိစဉ် ကတည်းက ရေခွဲဝေသုံးစွဲရေးတွင် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ ကြပြီး အီဂျစ်အားနိုင်းမြစ်စီမံခန့် ခွဲရေးကိစ္စအပေါ်  (Veto) အာဏာ ပေးအပ်ခဲ့ သည်။အီဂျစ်က ၇၅ရာခိုင်နှုန်း ရရှိပြီး ဆူဒန်နိုင်ငံက ၁၀ရာခိုင်နှုန်းသာ ရရှိသည်။ အခြားအဖရိကနိုင်ငံများ ၁၅ရာခိုင်နှုန်းစီ ရရှိကြသည်။ နိုင်းလ်မြစ်ဖြစ်တည်ရာသည် ဆူဒန်နိုင်ငံဟု ဆိုရမည်ဖြစ်ပါသည်။
၁၉၆၀ခုနှစ်က အီဂျစ်သမ္မတ"နာဆာ"သည် ဆိုဗီယက်အကူအညီဖြင့် အက်စ၀မ်ရေကာတာကြီးကို တည်ဆောက်၍ နိုင်ငံအတွက် လိုအပ်သော ရေအားလျှပ်စစ်ကို ထုတ်ယူခဲ့သည်။ (ပြင်ပရောင်းချမှုမရှိပါ။ )  ထိုစဉ်က လူဦးရေ နည်းပါးသည့်အလျှောက်ပြောပလောက်အောင် ထင်ရှားသိသာမှု မရှိသေး။ အသိဥာဏ်မဖွံ့ ဖြိုးသေးချေ။ “သမ္မတနာဆာ “ကိုလည်း  လူထုက ကြည်ညိုလေးစားခဲ့ကြသည်။
Blue Nile Falls (Tis Issat) at Lake Tana
သို့ သော် အက်စ်ဝမ်ဆည်ကြီးတည်ဆောက်မှုအတွက်  တဲမ်ပဲလ်ဝတ်ကျောင်းတခု နှင့်  ဂီဇာ ပိရမစ်ကြီး (၁၇)ခုပါဝင်ပေးဆပ်လိုက်ရသည်။  ဒေသခံလူပေါင်း (၉၀၀၀၀)တို့ သည် မိမိတို့ အိုးအိမ်ကို စွန့်ခွာ ထားရစ်ခဲ့ကြရပြီး  အချို့က မိမိတို့ နေအိမ်မှ  ၂၈မိုင် အချို့က ၃၇၀မိုင် ဝေးကွာသော အရပ်ဒေသများသို့အပြီးအပိုင်ပြောင်းရွှေ့သွားကြရသည်။ ယခုအခါ အာဖရိကသည်လူဦးရေ မမျှတမှု မိုးခေါင်မှု အစာရေစာပြတ်လပ်မှုပေါင်းစုံတို့ဖြင့်  ပြည်သူများသည်အထိနာခဲ့ရသည်မို့ အသိဥာဏ်ကြွယ်ဝခဲ့ပြီ။ နိုင်းမြစ်တလျှောက် ရေကာတာများ အချိုးကျ တည်ဆောက်ထားမှုကိုလည်း  မလိုလားကြတော့။ အီဂျစ်သည် မိမိတို့၏အသက်သွေးကြော မိမိတို့  မှီခိုရှင်သန်နေရသော နိုင်းလ်မြစ်ကြီးကိုရေစီးရေလာ နှေးကွေးအောင်  အထက်မှ ပိတ်ဆို့ဟန့်တားထားသည်ကို မကြည်ဖြူတော့။ နောက်ထပ်၍အတားအဆီးများ  အလိုမရှိကြတော့။ မိမိအထက်မှ တည်ဆောက်နေသည့် ဆည်များကြောင့် အီဂျစ်သည် ယခုအခါသောက ဝေနေရပြီဖြစ်သည်။ လိုအပ်လျင် အီဂျစ်က မိမိတို့ရရှိထားသည့် ဗီတိုအာဏာကို ထုတ်သုံးမည် သို့မဟုတ် စစ်ပြုမည်ဟု အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်စပြုလာသည်။
White Nile, Uganda - Itanda
တရုတ်ကလည်းပါးနပ်သည်။  ခြေလှမ်းအလွန်ကြဲသည်။ ဒေါ်လာတွေပိုက်ပြီး ကမ္ဘာတခွင် ပြဲပြဲစင် ခရီးလှည့်သည်။ ငွေတွေ ပုံအောရင်းနှီးသည်။ တရုတ်၏ ရင်းနှီးမြုပ်နှံမှုဖြင့် နိုင်းလ်မြစ်ဖျားတွင် အထက်အောက်   မာရ၀ီရေအားလျှပ်စစ် ရေကာတာများပိတ်ဆို့ တည်ဆောက်ခဲ့သဖြင့် ရှေးဟောင်းရှားပါး  ဂန္ဒ၀င်လက်ရာ အဆောက်အဦးများပျက်သုဉ်းရခြင်းအပေါ် လူထုက မကျေမနပ်ဖြစ် ကန့်ကွက်နေသည်။ ပတ်ဝန်းကျင်ရေမြေတောတောင် ပျက်စီးယိုယွင်းမှုအပေါ် ဝေဖန် တိုက်ခိုက်လာကြသည်။ အီသီယိုပီးယားတွင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် ရေပြဿနာ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ အငတ်ဘေးပြသနာများဆိုက်ရောက်သည်။ ထိုအချိန်မှာမှ အကြောင်းရင်းကို မှန်းဆသိရှိလာသည်။
Men pull each other across Blue Nile River by rope prior to Bridges to Prosperity building new bridge
အီဂျစ်တွင် မူဘာရက် အစိုးရ ပြုတ်ကျအပြီး နောက် လူထုက ရေကာတာများဆက်လက်တည်ဆောက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုလာကြသည်။ အစိုးရအဖွဲ့ အစည်းများ၏ ရပ်တည်မှုကို စိစစ်လာကြသည်။ ရွေးကောက်ပွဲ မတရားမှုဖြင့် အနိုင်ရထားသော အီသီယိုးပီးယားအကျင့်ပျက်ခြစားအစိုးရနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ  အလိုရှိနေသော ဆူဒန်သမ္မတတို့ကို  တရုတ်နိုင်ငံက ပူးပေါင်းသိမ်းသွင်းထားသည်။ ဆူဒန်မှ ရေနံတွင်းများတွေ့ရှိလာမှုအပေါ် လက်ဦးမှုရယူလိုသည်။ တရုတ်သည် မြန်မာနိုင်ငံ မြစ်ဆုံစီမံကိန်းနှင့်အလားတူ နိုင်းလ်မြစ်တွင်လည်း ငွေပင်ငွေရင်းများစွာ ရင်းနှီးမြုပ်နှံ မတည်ကာ မိမိကိုယ်ကျိုးအတွက် အလုံးအရင်း စိုက်ထုတ် ဆောက်လုပ်နေဆဲဖြစ်သည်။
View of Nile River delta, Red Sea & Sinai Peninsula from space
ယခုအခါ အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းများ မိမိတို့ လုပ်လိုသမျှ လုပ်ခွင့်မရှိတော့ပါ။ အာဖရိကပြည်သူလူထုသည် နိုးကြားတက်ကြွလာသည်။  ဒီမိုကရေစီကို အူလှိုက်သဲလှိုက် တောင်းဆိုနေကြပြီ။ ဆူဒန်လူထုက တရုတ်သံရုံးကိုသွားရောက် ကန့်ကွက်သည်။ အစိုးရက အကြမ်းဖက်နှိမ်နင်းသည်။ လူအသေအပျောက်ရှိသည်။

နျူးဘီးယားတွင် ဆည်တည်ဆောက်ခြင်းကို ပြည်သူလူထုက အလိုမရှိ Save  Nubia ဟု အော်သည်။   China stop building dams in Nubia ဟု အော်သည်။ နိုင်းလ်မြစ်ရှင်သန်ဖွံ့ ဖြိုးရေးကိုသာ အလိုရှိကြသည်။ နိုင်းမြစ် အင်အားချိနဲ့ ပိန်ပါးသွားမည်ကို နိုင်ငံ အားလုံးက မလိုလားကြ။ နောက်ထပ်ဆည်များ ဆောက်လုပ်လာမှုကို အလိုမရှိကြတော့။ ဧရာဝတီကိုမြန်မာတွေချစ်သလို ရှင်သန်စိုပြည်စေချင်သလို အီဂျစ်တွေလည်း နိုင်းလ်မြစ်ကို ချစ်သည်။ ရှင်သန် စိုပြည်ကြစေချင်ပါသည်။

Longest River Nile
ခု ကြည့်ပါ။ နိုင်းလ်မြစ်ဖျားတလျှောက်မှနေ မာလ၀ီရေကာတာများ အထက်အောက်  ဆီးဆို့ ပိတ်ထားခြင်းအတွက် အီဂျစ်က သူ့နိုင်ငံကို အန္တရာယ်ရှိစေသည်ဟု ယူဆသည်။ အီဂျစ်သည် များစွာ စိုးရိမ်ပူပန်လာသည်။ အီဂျစ်အတွက်  အရေးတကြီး ဦီးစားပေး ဖြေရှင်းရတော့မည့် အနေအထားမှာ ရှိလာသည်။
ယခုတော့ ..
အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ပြည်သူပြည်သားများ နိုးထလာချေပြီ။
ရေလုပွဲ ဖြစ်စရာရှိလာသည်။ ကိုလိုနီဘ၀က ရရှိထားသည့် အခွင့်အာဏာကို သုံးစွဲကောင်း သုံးစွဲလာနိုင်သည်။ ရေကို အကြောင်းပြု၍အိမ်နီးချင်းနိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားလာနိုင်ြပန်ရာ  သူတို့သည် သွေးကြွ ဆူပူလွယ်တတ်သူများဖြစ်သည့်ကြောင့်  စစ်မက်ဖြစ်ပွားလျှင် သွေးချောင်းစီးလာသည်အထိ ကြီးမားကျယ်ပြန့်လာနိုင်သည်ဟု နိုင်ငံတကာက သုံးသပ်ဝေဖန်ကြပါသည်။

Florist

Source: internet

Tuesday, October 11, 2011

Happy Thidinkyut for all Friends !


သီတင်းကျွတ်မှာ မိဘနှစ်ပါး၊ ဆရာသမားအားလုံး ရည်မှန်းကန်တော့ပါတယ်။
မိသားစုတွေ ဆုံစည်းနိုင်ကြပါစေ။

Monday, October 10, 2011

ဟိုအပင် ဒီအပင်တွေ

ဒူးညား တဲ့၊ အင်္ဂလိပ်နာမည်မသိပါဘူး၊
compote ပဲလုပ်စားဖူးတယ်။
မကြိက်ဘူး။ သိပြီ Quince တဲ့
သစ်ကြားသီးတွေ ခြောက်ပြီ၊
ခုတော့ အပင်ပေါ်မှာတစ်သီးမှ မရှိတော့၊
အကုန်ခူးပြီးပါပြီ။
အခွံခွာရင် လက်မှာမဲနေရော သံပုရာသီးနဲ့ဆေးလည်းမပြောင်ဘူး
သူလည်း စိတ်ဆိုးပေမယ့် သီးတော့သီးရှာပါတယ်၊ နည်းနည်းပဲ :D
ဒီမျိုးကို မကြိုက်ဘူး
ချဉ်ပွပွ နဲ့
ဒီ အရောင်ရင့်ပန်းသီးကိုတော့
ကြိုက်တယ်
ခု နောက်ပိုင်း ပိုချိုလာတယ်
စားနိုင်တာနည်းနည်းပါ
ကြွေကျတာလိုက်ရှင်းနေရတာနဲ့ပဲ
သူက အရပ်နည်းနည်းရှည်တယ်
သစ်ကြားသီးပင် ရွက်ကြွေတွေပေါ်မှာ လက်ထဲက နှင်းဆီဖြူလေးကြွေသွားတော့
ဘာရယ်တော့ မဟုတ်ပါဘူး
Angry Bird !
မှန်ထဲကြည့်လို့ အလှပြင်သော်လည်း
မှန်ထဲက အရိပ်ဟာ ..
ပီဂျီအရိပ်ပါ :D
ရှဉ့်လေး တစ်ကောင်တည်းအလုပ်ရှုပ်၊
သစ်ကြားသီးလိုက်ကောက်
အရုပ်လား၊ တကယ်ခွေးလေးလား
တကယ်ခွေးလေး .. ကျွန်မ "လဲ့ရာ" ပါရှင်

ကြွေကျတဲ့ပန်းသီးတွေ မြေသြဇာလုပ်ဖို့
စုထားလိုက်တယ်

Sunday, October 9, 2011

ဓါတ်ပုံများကပြောသော အဆိုးနှင့်အကောင်းတွေ

သတင်းထောက် ဘီလဲဆာဝါရီဟာ ပြီးခဲ့တဲ့ ၁၀နှစ်တာ အာဖဂန်နစ္စတန်နိုင်ငံရဲ့ဗရုတ်သုတ်ခ စစ်ခရီး အနိမ့်အမြင့်၊ အတက်အကျ ဘ၀အခြေအနေတွေကို ထင်ဟပ်စေတဲ့ သူ့ရဲ့ဓါတ်ပုံတွေနဲ့ အမှတ်ရစရာအဖြစ်အပျက်တွေ ပြောပြခဲ့ပါတယ်။
ဂီတသံတွေကြားရပြီ၊ မုတ်ဆိတ်တွေလည်း ရိတ်တော့မည်
၂၀၀၁ခုနှစ် တာလီဘန်တွေ မြို့တော်ကဘူးကနေ ထွက်ခွာသွားခဲ့ကြတုန်းက ပထမဆုံး ကျွန်တော်သတိပြုမိတာက ဆံသသမားတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာကိုပဲ။ သူတို့ရဲ့ဆိုင်ခန်းတွေ အမြန်ဆုံးပြင်ဆင်ကြတယ်။ သူတို့လုပ်ငန်းမှာ နှစ်ကြာကြာအသုံးမပြုပဲထားခဲ့ကြတဲ့ ပစ္စည်းတွေကို သိမ်းဆည်းထားရာကထုတ်လာကြတယ်။ လိုအပ်ချက်အဖြစ် တာလီဘန်တွေသတ်မှတ်ထားခဲ့ပေမဲ့ သူတို့ မလိုချင်ခဲ့ကြတဲ့မုတ်ဆိတ်တွေ ရှင်းလင်းပစ်ဖို့ ဆံသသမားတွေက လူခေါ်ကြပါတယ်။ ဆံသဆိုင်တွေရှေ့မှာ မုတ်ဆိတ်၊ ပါးမြိုင်းမွှေးတွေ ရှင်းလင်းကြမယ့်လူတွေ တန်းစီနေကြတယ်။ ရုတ်တရက်ကြီး၊ ကဘူးလမ်းမတွေပေါ်မှာ ဂီတသံတွေပြန်ကြားလာရပါပြီ။ လူတွေက အိုးတွေ၊ ဗုံတွေဝယ်ပြီး ပျော်ပျော်ရွှင်ရွှင်တီးခတ်ကြတယ်။ အိမ်တွေမှာ ဂီတသံတွေ၊ အကအခုန်တွေ ပြန်ပြီးနိုးထလာကြပြီ။ ပုံမှာ သားငယ်မွေးနေ့ပွဲမှာ ပျော်ရွှင်စွာကခုန်နေတဲ့သူကိုမြင်တွေ့ရမှာပါ။ တာလီဘန်တွေထွက်ခွာသွားခဲ့ပြီး လအနည်းငယ် ၂၀၀၂ခုနှစ် ဖေဖေါ်ဝါရီလောက်ကပါ။
သိပ်သည်းတဲ့နှင်းထုကျချိန်မှာ
ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ထူးဆန်းတဲ့အဖြစ်အပျက်တွေထဲကတစ်ခုဆိုရင် ကျွန်တော် စလန်းတောင်ကြားလမ်းကနေ ခရီးသွားခဲ့တုန်းကပေါ့။ တောင်ကြားလမ်းကဖြတ်ခဲ့ပြီးတော့ သိပ်သည်းလှတဲ့နှင်းထုကြားမှာ ရယ်မောနေတဲ့ကလေးတွေကို တွေ့ခဲ့တယ်။ ကလေးတွေက တကယ့်ပျော်ပွဲရွှင်ပွဲအချိန်အခါမျိုးမှာ ရယ်မောနေကြတဲ့ပုံမျိုးပဲ။ ကလေးတွေရဲ့ နောက်ဘက်မှာ ထရပ်ကားတစ်စင်းက တိမ်းမှောက်နေပါတယ်။ အဲဒီကားပေါ်ကခရီးသည်တွေ တစ်ယောက်မှ ထိခိုက်ဒဏ်ရာမရခဲ့ပါဘူး။ ဒါပေမဲ့ အဲဒီနေ့ကပဲ အဲဒီအန္တရယ်ကြီးလှတဲ့နေရာမှာ လူ ၁၅ဦးသေဆုံးခဲ့တယ်။ အရှေ့ဆုံးက ကလေးရဲ့အမည်က ဟာမစ် လို့ခေါ်ပါတယ်။ သူကပြောတယ် ဒီလိုနှစ်တိုင်းဖြစ်နေကြပါပဲ တဲ့။ ယာဉ်တွေ ဒီလိုပဲ ဦးစိုက်ဂျွမ်းပြန်ဖြစ်ကြတယ်။ လူတွေကလည်း သေဆုံးနေကြတယ်။ ဒီလိုကြမ်းတမ်းခက်ထန်ပြီး၊ ပြုပြင်ပြောင်းလဲလို့မရနိုင်တဲ့အခြေအနေကြားထဲမှာပဲ အာဖဂန်လူမျိုးတွေ နေထိုင်နေကြရတယ်။ ဒါပေမဲ့ အဲဒီကလေးငယ်တွေဟာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိကြပါဘူး။

ဗလီဝတ်ကျောင်းထဲက တိုက်ခိုက်ရေးသမားတွေဟာ
သူတို့ကိုကြည့်ရတာ အနားယူနေပုံနဲ့မတူပါဘူး။ ဒါပေမဲ့ တကယ်တမ်းက အဲဒီတာလီဘန်တိုက်ခိုက်ရေးသမားတွေ ဗလီထဲမှာ အနားယူနေကြတာပါ။ ဒီပုံက အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တယ်လို့ဆိုကြတဲ့ ဂါဇနီပြည်နယ်မှာ ပြီးခဲ့နှစ်အနည်းငယ်က ရိုက်ယူထားခဲ့တဲ့ပုံပေါ့။ ၂၀၀၁ခုနှစ်မှာ သူတို့ထွက်ခွာခဲ့ရတာတောင် တာလီဘန်တွေကတော့ သူတို့တတ်နိုင်သမျှနေရာတွေမှာ ရသလောက် ပြန်လာပြီးတိုက်ခိုက်ခဲ့ကြတယ်။ ညာဘက်က တိုက်ခိုက်ရေးသမားက ဆော်ဒီနိုင်ငံသားတစ်ဦးပါ။ သူက ဓါတ်ပုံအရိုက်ခံရမှာကို မကြိုက်ပါဘူး။ ဗလီထဲတပ်စွဲထားတဲ့ တာလီဘန်တွေက သူတို့အတွက်အစားအစာယူလာပေးဖို့ ဒေသခံတွေကို တောင်းဆိုကြတယ်။

ဒီမိုကရေစီ ဆေးရောင်ဆိုး လက်ချောင်းတွေ
အဲဒီ အမျိုးသမီးရဲ့ လက်မမှာ စွန်းထင်းနေတဲ့ဆေးရောင်က အာဖဂန်နစ္စတန်ရဲ့ ပထမဆုံး ဒီမိုကရေစီအလေ့အကျင့်ပါ။ ၂၀၀၄မှာပြုလုပ်ခဲ့တဲ့ သမ္မတရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ အမျိုးသမီးတစ်ဦးက သူ့ရဲ့ ဆေးရောင်စွန်းထင်းနေတဲ့လက်မကို ပြသခဲ့ပါတယ်။ အဲဒီတုန်းက အဖန်တရာတေလောက်အောင်ကြားခဲ့ရတဲ့ စကားတစ်ခွန်းရှိတယ်။ အစိုးရက ကျည်ဆံတွေအစား မဲပြားတွေနဲ့ကစားတော့မယ်တဲ့။ ဒါပေမဲ့ လူတွေကတော့ ပကတိအတိုင်းစိတ်လှုပ်ရှားခဲ့ကြတယ်။ မျှော်လင့်ခဲ့ကြတယ်။ နောက်ပိုင်းမှာ နည်းနည်းပါးပါးပဲ ပြောင်းလဲခဲ့ပါတယ်။ နောက်ရွေးကောက်ပွဲမှာတော့ လူတွေ စိတ်အားထန်သန်မှု မရှိကြတော့ဘူး။

လုံလောက်ပါပြီ
ပုံထဲက ဘတ်စ်ကားမောင်းသူဟာ ကဘူးနဲ့ ကန်ဒါဟာအဝေးပြေးလမ်းမှာ အသွားအပြန်မောင်းနှင်နေသူပါ။ သူ့ရဲ့လက်တွေကို မြှောက်ထားတယ်။ အလွန်အမင်း စိတ်ရှုပ်ထွေးနေပုံပါပဲ။ “လုံလောက်ပြီဆိုတာ လုံလောက်လို့ပဲပေါ့” လို့ သူက ပြောပါတယ်။ သူစိတ်ညစ်နေခဲ့ပါပြီ။ ရုံးဆိုင်ရာငွေကောက်ခံမှုတွေကြောင့် အဝေးပြေးလမ်းမမှာ ခဏခဏ ကားရပ်ပေးနေရတယ်။ ရွာသားတွေရင်ဆိုင်နေရတဲ့ အစိုးရဟာ ဘတ်စ်ကားတွေကို ရပ်ခိုင်းနေတယ်။ လာဘ်စားတာတွေ သူတို့မြင်တွေနေရတဲ့အချိန်ဟာ တာလီဘန်ခေတ်လိုပဲ ဘာမှအံသြစရာမရှိပါဘူး။ “ကျွန်တော်တို့ဟာ ငလျင်ကြီးရဲ့ တုန်ခါမှုတွေကြားထဲ ရှင်သန်နေထိုင်ရတယ်၊ စစ်ပွဲဆိုတဲ့ ငလျင်ကြီးပေါ့” လို့ သူက ပြောပြတယ်။
ဖုန်းနဲ့ အဆက်အသွယ်
၂၀၀၂ ခုနှစ်က အပြောင်းအလဲတွေလွယ်လွယ်ကူကူဖြစ်နေတဲ့ ဝေးကွာလှတဲ့ဇူးမက်ဒေသထဲ ခရီးတစ်ခုထွက်ဖြစ်ခဲ့တယ်။ ပက်တီရာ အရှေ့တောင်ပိုင်းမှာရှိတဲ့ဒေသထဲကိုပါ။ ဘီဘီစီကင်မရာသမားနဲ့အတူတူ သွားခဲ့ကြပါတယ်။ စစ်ပွဲပြီးစ အဲဒီအစောပိုင်းနေ့ရက်တွေမှာ ကျွန်တော်တို့ ပြင်ပကမ္ဘာနဲ့ဆက်သွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ကျွန်တော်တို့မှာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်သုံးဖုန်းတွေပဲရှိတာ။ ပြီးခဲ့တဲ့ ၁၀နှစ်အတွင်းမှာဆိုရင် မီဒီယာပေါက်ကွဲမှုဟာ ကြီးကျယ်တဲ့အောင်မြင်မှုတွေထဲက တစ်ခုပါ။ အခု မိုဘိုင်းဖုန်းတွေ နေရာအနှံ့သုံးနိုင်ပါပြီ။ အာဖဂန်တွေ Twitter နဲ့ Facebook သုံးနေကြပြီ။ လူတော်တော်များများ ကိုယ်ပိုင်မိုဘိုင်းဖုန်းတွေ သုံးနေကြပါပြီ။

ရေခဲမုန့်ခန်းမထဲက အမျိုးသမီးတွေ
ရေခဲမုန့်ခန်းမ (Ice Cream Parlour) တွေဟာ အာဖဂန်အမျိုးသမီးတွေ တွေဆုံစကားပြောရာ၊ အနားယူရာနေရာ ဖြစ်နေကြပါပြီ။ တာလီဘန်တွေလက်အောက်မှာ အမျိုးသမီးတွေက အဲဒီလို မသွားနိုင်ကြပါဘူး။ အခုတော့ အရောင်အသွေးစုံစုံလင်လင်နဲ့ တောက်ပတဲ့အခန်းလေးတွေမှာ အမျိုးသမီးလေးတွေကို မြင်တွေ့နိုင်ပါတယ်။ ကျောင်းသူလေးတွေလည်း မကြာဏရောက်လာပြီး အချင်းချင်းတွေ့ဆုံစကားပြောကြတယ်။ သူတို့ဟာ ဒီလို လူမှုရေးနဲ့ဆိုင်တဲ့နေရာလေးတွေမှာ ပျော်ရွှင်နေကြပါတယ်။ အဲဒါက ကော်ဖီယဉ်ကျေးမှုနဲ့ ညီမျှတဲ့ အာဖဂန်တွေရဲ့ ယဉ်ကျေးမှုအသစ်ပါ။

မူးယစ်ဆေးဝါး စွဲလမ်းမှု
မူးယစ်ဆေးစွဲမှုက မြောက်ပိုင်းမဟာမိတ်တိုက်ခိုက်ရေးသမားတစ်ဦးအတွက် ကျင့်သားရနေခဲ့ပါပြီ။ သူက ၂၀၀၁ မှာ ယူအက်စ်နဲ့အတူတကွတိုက်ခိုက်ခဲ့တယ်။ သူနေထိုင်လာခဲ့တဲ အနောက်မြောက်ဘက်ပြည်နယ် ချာရီကာမြို့တော်ရဲ့ မြို့လေးမှာ အနီးစပ်ဆုံး လူဦးရေ ၇၀၀၀၀မှာ လူပေါင်း ၁၅၀၀၀ခန့်ဟာ မူးယစ်ဆေးစွဲနေကြတယ် လို့ ဒေသခံအစိုးရရုံးတွေက ပြောပါတယ်။ အာဖဂန်နစ္စတန်ရဲ့နေရာတော်တော်များများမှာ ဘိန်းခင်းတွေဟာ ကောဇောတွေအပြည့်ခင်းထားသလို ပြည့်နှက်နေခဲ့ကြတယ်။ ဒါပေမဲ့ အခုကြီးထွားလာတဲ့ ပြဿနာအသစ်က စိုက်ပျိုးထုတ်လုပ်တာအပြင် မူးယစ်ဆေးစွဲမှု များပြားလာကြတာဖြစ်နေပါတယ်။

နေ့နဲ့ည မတူတဲ့အရှင်သခင်တွေ
ကန်ဒူးဇ်ပြည်နယ်က လယ်သမားတစ်ဦးဟာ သူ့ရဲ့ဂျုံစေ့အစုအပုံကြီးရှေ့မှာထိုင်ပြီး သူပေးရမယ့်အချိုးအဆတွေကို တွက်ချက်နေပါတယ်။ သူ့အတွက်တော့ ဘ၀ဆိုတာ စားပွဲပေါ်အစားအစာချထားလိုက်တာပဲ တဲ့။ သူက ပြောပါတယ်။ သူ့မှာ ရွေးချယ်စရာမရှိပါဘူး။ ဒါပေမဲ့ ဘယ်သူက အာဏာရှိသလဲ။ အစိုးရလား၊ တာလီဘန်လား ဆိုတာတော့ ဂရုပြုနေရတယ်တဲ့။ သူ့ရဲ့အကြီးမားဆုံးပြဿနာက နေ့ခင်းမှာ အစိုးရပြောတဲ့အတိုင်းလုပ်ရတယ်။ ညဘက်မှာ တာလီဘန်တွေပြောတာလုပ်ရတယ်။ အခုပုံကို ရိုက်ခဲ့တဲ့ ၂၀၀၉ခုနှစ်တုန်းကတော့ အဲဒီဒေသတစ်ဝိုက်မှာ တာလီဘန်တိုက်ခိုက်ရေးသမားတွေက နေ့ရော ညပါ မြန်မြန်ဆန်ဆန် ကျူးကျော်နေကြတာပဲလို့ ဆိုတယ်။

ကျောင်းကို လမ်းလျှောက်ကြတယ်
ယောက်ျားလေး မိန်းကလေး ကလေးငယ်တွေ ကျောင်းကိုလမ်းလျှောက်သွားနေကြတဲ့ ဒီလိုမြင်ကွင်းက မကြာခဏမြင်တွေ့နိုင်ပါတယ်။ ကျောင်းတွေမှာ  မျှော်လင့်ချက်တွေရှင်သန်နေတဲ့ အာဖဂန်ကလေးငယ်တွေပြည့်နေကြတယ်။ အဲဒီဘ၀ဟာ လုံခြုံမှုမရှိဘူးဆိုတာ အမှန်ပါပဲ။ ဒါပေမဲ့ ကလေးငယ်တွေက အတန်းပညာရရှိရေးအတွက် ခက်ခက်ခဲခဲ ကြိုးစားနေကြဆဲပါ။

ဈာပနအခမ်းအနားနဲ့ လောက၀တ်
အာဖဂန်အများစုအတွက် “နောက်ထပ်ဆုံကြဦးစို့ရဲ့” ဆိုတဲ့စကားဟာ ကောင်းတဲ့စိတ်ဆန္ဒနဲ့ မပြောနိုင်တဲ့စကားမှန်း သိကြတယ်။ နောက်ထပ်တစ်ကြိမ်ဆိုတာ ဖြစ်နိုင်ချေနည်းလွန်းနေကြတယ်။ ဈာပနအခမ်းအနားတွေဟာ အာဖဂန်လူတွေရဲ့ဘ၀မှာ နေစဉ်ပုံမှန်ကိစ္စလို ဖြစ်နေခဲ့ပါတယ်။ အနောက်နိုင်ငံတွေမှာ ဖြစ်ရပ်ဆိုးကြုံလာရင် စိတ်ဒုက္ခတွေကုသနိုင်မယ့် အချိန်အတိုင်းအတာဆိုတာ ရှိပါတယ်။ အာဖဂန်မှာတော့ အဲဒီလိုဖြစ်စဉ်မျိုးမရှိဘူး။ ဘာကြောင့်လည်းဆိုတော့ တချိန်လုံးဖြစ်ပျက်နေတာကြောင့်ပါ။ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်တွေ၊ အတန်းဖော်သူငယ်ချင်းတွေ ဆက်တိုက် သေကြေဆုံးပါးနေကြတယ်။ လူတိုင်းက သေခြင်းတရားကို လက်ခံနေကြရတယ်။ အသုဘအခမ်းအနားတွေမှာ လူတွေက ဘာကြောင့်ဆုံးပါးတာလဲ၊ ဘယ်လိုလဲ ဆိုတဲ့ မေးခွန်းမျိုးတွေမေးပြီး အချိန်မဖြုန်းကြတော့ဘူး။ အခမ်းအနားကိုလာတယ်၊ ကြည့်တယ်၊ နောက်တစ်ယောက်အတွက် စောင့်ကြပါတယ်။ ပုံမှာ ဒီနှစ်အစောပိုင်းက သေဆုံးခဲ့တဲ့ အာဖဂန်မြောက်ပိုင်းကအရေးပါတဲ့ ဗိုလ်ချုပ်ဒိုးဒိုရဲ့ဈာပနာအခမ်းအနားပါ။ လူတွေရဲ့မျက်နှာမှာ ပူပင်သောကတွေကို အတွဲလိုက်ချုပ်လုပ်ထားသလိုပဲ။ ၀မ်းနည်းပူဆွေးမှုတွေဟာ သူတို့ရဲ့ မျက်နှာမှာပြည့်လို့နေတယ်။ စကားများများစားစား… သူတို့ မဆိုနိုင်ကြပါဘူး။         ။

Source : The best and worst of 10 years in Afghanistan by Bilal Sarwary

Monday, October 3, 2011

အေမီ့ကို လွတ်မြောက်စေခြင်း

R&B, Soul, Jazz အဆိုတော် အေမီဝိုင်ဟောက်စ်(Amy Jade Winehouse) သေဆုံးသွားပြီးတဲ့နောက် ဖခင်မစ်ခ်ျဝိုင်ဟောက်စ်က ဆေးစွဲနေသူတွေကိုအကူအညီပေးနိုင်မယ့် ဖောင်ဒေးရှင်းတစ်ခုကို သမီးလေးရဲ့အမည်နဲ့ တည်ထောင်ဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာခဲ့ပါတယ်။ “ပုဂ္ဂလိကပြန်လည်ထူထောင်ရေးဆေးခန်းတစ်ခုတက်ဖို့ မတတ်နိုင်ခဲ့ရင်၊ အကူအညီရဖို့၊ ဆေးကုသခံဖို့ နှစ်နှစ်စောင့်ဆိုင်းရပါတယ်။ အဲဒီအခက်အခဲကို အေမီဝိုင်ဟောက်စ်ဖောင်ဒေးရှင်းက ဖြေရှင်းပေးချင်ပါတယ်။ အဲဒါ ကျွန်တော့်ရဲ့ဆန္ဒပါ” လို့ အေမီဝိုင်ဟောက်စ်ရဲ့ ဈာပနအခမ်းအနားမှာ မစ်ခ်ျက ပြောလိုက်တယ်။ “အသက် ၂၇နှစ်အရွယ် သမီးလေးဟာ ဆေးစွဲတာကို အောင်မြင်စွာဖြတ်နိုင်ခဲ့ပေမယ့် အရက်သေစာစွဲလမ်းနေတာကိုတော့ ဖြတ်ရခက်နေဆဲပဲ။ ကြိုးစားနေဆဲအချိန်ပါ။ ၀ိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့တွေမှာတော့ အပျော်ရွှင်ဆုံးအချိန်တွေဖြစ်ခဲ့ပါတယ်” လို့ ပြောပြပါတယ်။ မစ်ခ်ျကထပ်ပြီးပြောပြသေးတယ်။ "အေမီက အင်မတန်တည်ငြိမ်အေးဆေးစွာပဲ ပြောပါတယ်။ ဒက်ဒီ ကျွန်မတော့ လုံလောက်ပြီလို့ထင်တာပါပဲ၊ ဒက်ဒီနဲ့ မိသားစုကပါ စောင့်ရှောက်ကြည့်ရှုပေးနေရတဲ့ ဘ၀မျိုးမှာ ရပ်တန့်မနေချင်တော့ပါဘူး တဲ့။ ကျွန်တော်သိတယ်၊ သူ စိတ်ဓါတ်ကျမနေပါဘူး၊ သိပါတယ်။ ပျော်ပျော်ရွှင်ရွှင်နဲ့ပဲ အဝေးကြီးကိုထွက်ခွာသွားတာပါ။ အဲဒီလို တွေးလိုက်ရတာ ကျွန်တော်တို့ ခံစားရသက်သာစေပါတယ်" လို့လည်း ပြောပါတယ်။
မစ်ခ်ျရဲ့ ဂရမ်မီဆုရ သမီးလေးဟာ အရက်ကိုရှောင်ကြဉ်ထားပြီး ရက်သတ္တသုံးပတ်အကြာ၊ အဲဒီတစ်ညမှာ ပုံမှန်တွေ့နေကျဆရာဝန်နဲ့တွေ့ခဲ့ပြီး အိမ်ကိုပြန်လာခဲ့တယ်။
ဝိုင်ဟောက်စ်ရဲ့ နောက်ဆုံးနေ့ နောက်ဆုံးအချိန်မတိုင်ခင် အိမ်မှာ သီချင်းဆိုတယ်။ ဒရမ်တီးခဲ့သေးတယ်။ ကိုယ်ရံတော်က မနက်၈နာရီမှာ စစ်ဆေးကြည့်တော့ ကောင်းကောင်းမွန်မွန် အိပ်မောကျနေတုန်းပဲတဲ့။ နေ့လည်ပိုင်း နောက်တစ်ကြိမ် စစ်ဆေးတဲ့အခါမှာတော့ အေမီဝိုင်ဟောက်စ်သေဆုံးနေခဲ့ပြီဆိုတာ ကိုယ်ရံတော်က သဘောပေါက်သွား ခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်နေ့က ရုပ်အလောင်းကို ခွဲစိတ်စစ်ဆေးမှုအဖြေက ပြတ်ပြတ်သားသားမရှိခဲ့ပါဘူး။ ဘာကြောင့်သေဆုံးတယ် အကြောင်းရင်းထုတ်ပြန်လို့ မရနိုင်ခဲ့ပါဘူး။ စစ်ဆေးမှုတွေကို အောက်တိုဘာ၂၇ထိတိုင်အောင် ရက်ရွှေ့ထားလိုက်ပြီး အဆိပ်သင့်မသင့် စစ်ဆေးမှုတွေကလည်း နောက်ထပ်ရက်သတ္တသုံးပတ်လောက် အချိန်ယူရဦးမယ်လို့ ဆိုတယ်။ ၀ိုင်ဟောက်စ်ရဲ့ record label “Universal Republic” က “ပါရမီရှင်ဂီတသမားတစ်ဦး ရုတ်တရက်ကြွေလွင့်သွားခဲ့တာကို နင့်နင့်နဲနဲဝမ်းနည်းမိရပါတယ်” လို့ ပြောလိုက်တယ်။ U2၊ လေဒီဂါဂါ၊ နစ်ကီမီနေးဂ်ျ၊ ရီဟန်းနား၊ ဂျောခ်ျ့မိုက်ကယ်၊ အက်ဒဲလ်၊ ကယ်လီကလပ်ဆန်၊ ကော့တနေးလဗ်နဲ့ ဂီတသမားတွေအများကြီးပဲ ၀မ်းနည်းစကားဆိုခဲ့ကြတယ်။ ဇူလိုင် ၂၆ မှာ လန်ဒန်မြောက်ပိုင်းက အက်ခ်ျဝဲလိန်းသင်းချိုင်းမှာပြုလုပ်တဲ့ ဈာပနအခမ်းအနားမှာ မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေတက်ရောက်ခဲ့ကြပါတယ်။ အရင်းနှီးဆုံးသူငယ်ချင်း ကယ်လီအောစ့်ဘွန်း၊ ပရိုဂျူဆာ မာ့ခ်ရန်ဆန်တို့လည်း တက်ရောက်ခဲ့တယ်။ ၀ိုင်ဟောက်စ်ရဲ့ယောက်ျားလေးမိတ်ဆွေ ရက်ဂ်ထရာဗစ်စ်ကိုလည်း တက်ရောက်လာကြတဲ့ လူတွေအများကြီးထဲမှာ တွေ့ခဲ့ကြရတယ်။ ဖခင် မစ်ခ်ျက “ကောင်းသောညပါ ငါ့ရဲ့ နတ်သမီးလေးရေ၊ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ပါစေကွယ်။ မာမီနဲ့ ဒက်ဒီ မင်းကို အမြဲတမ်း သိပ်ချစ်ရပါတယ်” လို့ ပြောပါတယ်။ “So Far Away” သီချင်းနဲ့ ၀ိုင်ဟောက်စ်ကို ၀မ်းနည်းကြေကွဲစွာ နှုတ်ဆက်ခဲ့ကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ မိသားစုက ဂျူးတွေရဲ့ ဓလေ့ထုံးစံအရ ရှီဗာ ၂ ရက်ထိုင်ခဲ့ကြတယ်။ ရှီဗာဆိုတာကတော့ Seven လို့ အဓိပ္ပါယ်ရပြီး သေလွန်သွားသူကို ဆုတောင်းမေတ္တာပို့ကြတဲ့နေ့တွေပါပဲ။ ထုံးစံအရ ၇ရက် လုပ်ကြပေမဲ့ ရက်တိုတိုပြုလုပ်ကြတာလည်းရှိပါတယ်။

အေမီဝိုင်ဟောက်စ်ဟာ သီချင်းဆိုတယ်။ သီချင်းလည်းရေးတယ်။ ၀ိုင်ဟောက်စ်ကို လူသိများစေတာကတော့ အားကောင်းလှတဲ့ အနိမ့်သံ(Contralto)ဆိုနိုင်စွမ်းကြောင့်လို့ အားလုံးကသတ်မှတ်ကြတယ်။ တစ်ညထဲမှာ ဂရမ်မီဆုငါးဆုတောင်ရခဲ့ဖူးတဲ့ ပထမဆုံးဗြိတိသျှ အမျိုးသမီးအဆိုတော်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ Brit Award, Ivor Novello Award, Best Contemporary Song ဆုတွေအကြိမ်များစွာရခဲ့ပါသေးတယ်။ နောက်တစ်ခုက ၀ိုင်ဟောက်စ်ရဲ့ ပျားအုံပုံဆံပင်ပုံဆန်းကြောင့်လည်း ပရိတ်သတ်တွေရဲ့ အမြင်အာရုံမှာစွဲနေအောင်ဖမ်းစားထားနိုင်ခဲ့တယ်။

ဝိုင်ဟောက်စ်ကို လန်ဒန်မြောက်ပိုင်းက ဆောက်သ့်ဂိတ်မှာ ဂျူးမိသားစုတစ်စုက မွေးဖွားခဲ့ပါတယ်။ ၀ိုင်ဟောက်စ်ရဲ့ မိခင်ဘက်ကတော့ ရုရှားလူမျိုးတွေဖြစ်ကြတယ်။ ဖခင် မစ်ခ်ျက တက္ကစီမောင်းတဲ့သူဖြစ်ပြီး မိခင် ဂျဲနစ်ကတော့ ဆေးဝါးကျွမ်းကျင်သူတစ်ဦးဖြစ်ပါတယ်။

ဝိုင်ဟောက်စ်မှာ အဲလက်စ်ဆိုတဲ့ လေးနှစ်ကြီးတဲ့ အစ်ကိုတစ်ယောက်ရှိတယ်။ မစ်ခ်ျက ကလေးငယ် ၀ိုင်ဟောက်စ်လေးကို ဖရန့်စင်နားထရားသီချင်းတွေ မကြာခဏဆိုပြတတ်ခဲ့တော့ သီချင်းတွေကိုချစ်တဲ့ ၀ိုင်ဟောက်စ်ဖြစ်လာခဲ့တယ်။ ဖခင်မစ်ခ်ျဆိုပြတဲ့ ဂျက်ဇ်သီချင်းတွေကို နားရည်ဝနေခဲ့ပြီး ဂျက်ဇ်သီချင်းတွေ ကြိုက်တတ်လာခဲ့တယ်။ သိပ်မကြာပါဘူး။ စာသင်ခန်းထဲမှာတောင် သီချင်းဆိုနေတတ်တဲ့ ၀ိုင်ဟောက်စ်ကို ဆရာတွေက ငြိမ်ငြိမ်သက်သက်နေဖို့ပြောရဆိုရ အင်မတန်ခက်တဲ့ကလေး လို့ တညီတညွတ်တည်းပြောလာကြတယ်။ ၀ိုင်ဟောက်စ် ၁၃ နှစ်မှာ သူ့ရဲ့ ပထမဆုံးဂစ်တာကို ပိုင်ဆိုင်နိုင်ခဲ့ပြီး သီချင်းတွေရေးစပ်ဖို့ ကြိုးစားတော့တယ်။ အဲဒီနောက်ပိုင်းမှာ “ကမ္ဘာ့ဖျော်ဖြေရေးသတင်းကွန်ယက်”မှာလည်း showbiz ဂျာနယ်လစ်အဖြစ် အလုပ်ဝင်လုပ်ခဲ့သေးတာပါပဲ။ ၂၀၀၃ခုနှစ်မှာ Frank အယ်လ်ဘမ်ထွက်ခဲ့ပြီး ယူကေအယ်ဘမ်စာရင်းမှာ နံပါတ် ၁၃ ရောက်ခဲ့သလို ၂၀၀၆ ခုနှစ်မှာ ထွက်ခဲ့တဲ့ Back to Black အယ်လ်ဘမ်က ယူကေနံပါတ် တစ် ဖြစ်ခဲ့ပါတယ်။ Back to Black, Tears Dry on Their Own, Love Is a Losing Game ဆင်ဂဲလ်တွေကလည်း လူကြိုက်များခဲ့ကြတယ်။ ၀ိုင်ဟောက်စ် ပရိသတ်တွေ နားစွဲခဲ့ကြတဲ့ Back to Black သီချင်းကို ၀ိုင်ဟောက်စ်နဲ့ မာခ့်ရန်ဆန်တို့ နှစ်ယောက်သားရေးခဲ့ကြတယ်။ Back to Black သီချင်းထဲက စာသားတွေမှာ ၀ိုင်ဟောက်စ်က အကြိမ်တစ်ရာသေဆုံးခဲ့ပါတယ်တဲ့။ လူကို မူးယစ်စေတဲ့အရည်တွေ၊ ကျန်းမာရေးကို ပျက်သုဉ်းစေတဲ့ဆေးဝါးတွေ အကြိမ်ကြိမ်သုံးစွဲပြီး သေမင်းနဲ့ အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရတဲ့ ၀ိုင်ဟောက်စ်အတွက် ဒီတစ်ခါသေဆုံးခြင်းကတော့ တစ်သက်တာ ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံကိုပဲဖြစ်စေဖို့ ဆုတောင်းချင်ပါတယ်။ Back to Black တော့ မဖြစ်စေချင်ပါဘူး။ ဖြူစင်ငြိမ်းချမ်းတဲ့ ကောင်းကင်ဘုံကို ပြန်သွားတာပဲ ဖြစ်စေချင်ပါတယ်။
၂၀၀၈ ခုနှစ်မှာ ၀ိုင်ဟောက်စ်မှာ အဆုတ်ရောဂါအမ်ဖီးစီးမား စတင်ဖြစ်နေခဲ့ပြီလို့ ဖခင် မစ်ခ်ျက ပြောလိုက်တယ်။ အဆုတ်မှာ၇၀ရာခိုင်နှုန်းခန့်ပဲအလုပ်လုပ်နေတယ်။ နှလုံးခုန်သံ မူမှန်မဟုတ်တဲ့လက္ခဏာတွေလည်းရှိတယ်။ အဲဒီကျန်းမာရေးပြဿနာတွေဟာ စီးကရက်တစ်လိပ် မကုန်ခင် နောက်တစ်လိပ်ထပ်ညှိ၊အဆက်မပြတ် သောက်တတ်တာကြောင့်ရယ်၊ ဆေးလိပ်ထဲ ထည့်သောက်ကြတဲ့ ခရက်ကိုကင်းတွေ သုံးစွဲတာကြောင့်လို့ မစ်ခ်ျက ပြောပြပါတယ်။ ခရက်ကိုကင်းတွေသာ ဆက်ပြီးသုံးစွဲနေဦးမယ်ဆိုရင် အောက်စီဂျင်မျက်နှာဖုံးတပ်ထားရတော့မယ်လို့ ဆရာဝန်က သတိပေးထားတာကိုလည်း ပြောပြခဲ့တယ်။ British Lung Foundation က ရော American Lung Association ကပါ ၀ိုင်ဟောက်စ်သာ ဆေးလိပ်ဆက်ပြီးသောက်နေဦးမယ်ဆိုရင်တော့ အဆုတ်မြန်မြန်ဆန်ဆန် ပျက်စီးနိုင်တယ်လို့ သတိပေးကြပါတယ်။ ၂၀၀၈ ဇွန်လ ၂၃ လမှာရိုက်ကူးခဲ့တဲ့ စီးကရက်နှုတ်ခမ်းဖျားမှာတပ်ပြီးဟန်ပါပါခဲနေတဲ့ အေမီဝိုင်ဟောက်ရဲ့ပုံတွေ ကို သတင်းစာတွေမှာ ကျယ်ကျယ်ပြန့်ပြန့်ဖော်ပြခဲ့ကြတယ်။ အင်တာဗျူးတွေအများစုမှာ ၀ိုင်ဟောက်စ်ဟာ ကိုယ့်ကိုယ်ကို ထိခိုက်ဒဏ်ရာရအောင်လုပ်တတ်တာ၊ စိတ်ဓါတ်ကျဆင်းတတ်တာ ပြီးတော့ အစားအသောက် ပုံမှန်မစားတာတွေလည်း ဖော်ပြခဲ့ကြတယ်။ ၂၀၀၆ ခုနှစ် Back to Black သီချင်းရေးနေတဲ့အချိန်တွေမှာ တိုက်တိုက်ဆိုင်ဆိုင် ၀ိုင်ဟောက်စ်မူးယစ်ဆေးတွေအလွန်အကျွံသုံးတယ်။ အရက်ကို စွဲစွဲလမ်းလမ်း သောက်သုံးခဲ့တယ်လို့လည်းဆိုကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ မိသားစုက ၂၀၀၆ နှစ်လယ်ပိုင်းလောက်က အဖွားဆုံးပါးသွားပြီးနောက်ပိုင်း ၀ိုင်ဟောက်စ်အခြေအနေပိုဆိုးခဲ့တယ်လို့ ယုံကြည်ကြတယ်။ ၀ိုင်ဟောက်စ်ရဲ့ အဖွားက တချိန်လုံးစောင့်ကြည့်ပြီး ထိန်းသိမ်းပေးနိုင်တယ်။ ၀ိုင်ဟောက်စ်က အဖွားရဲ့စကားကို ဂရုတစိုက်နားထောင်ခဲ့တယ်တဲ့။ ၀ိုင်ဟောက်စ်ရဲ့ အဖေကတော့ ၀ိုင်ဟောက်စ်အရက်သေစာ၊ မူးယစ်ဆေးတွေအလွန်အကျွံသုံးစွဲတိုင်း မီဒီယာကို အမြဲပဲ ရှင်းပြတတ်တယ်။ သတင်းတွေမှာဖော်ပြခဲ့ကြရင် ၀ိုင်ဟောက်စ်ဆင်ခြင်သွားလိမ့်မယ်လို့ မစ်ခ်ျက ယုံကြည်နေပါတယ်။ အေမီဝိုင်ဟောက်စ်ရဲ့ ပြတ်လိုက် ပြန်ဆက်လိုက်ဖြစ်နေခဲ့တဲ့ခင်ပွန်း ဘလိတ်ခ်ဖီးလ်ဒါးစီးဗဲလ်က ဗြိတိသျှအတင်းအဖျင်းသတင်းစာတွေမှာ “ကျွန်တော်ကပဲ ခရက်ကိုကင်း၊ ဟီးရိုးအင်းတွေ ၀ိုင်ဟောက်စ်ကို မိတ်ဆက်ပေးခဲ့သလို ပြောနေကြတယ်။ အဲဒါမမှန်ပါဘူး။ ကျွန်တော် ၀ိုင်ဟောက်စ်နဲ့ ကွာရှင်းမယ်။ မူယစ်းထုံထိုင်းတဲ့ဘ၀နဲ့ကင်းဝေးတဲ့ သန့်ရှင်းလတ်ဆတ်တဲ့ ဘ၀အသစ်ကိုစချင်တယ်” လို့ပြောလိုက်တယ်။ အေမီကတော့ “ဘလိတ်ခ်ကို ကျွန်မချစ်နေဆဲပဲ၊ ကျွန်မတို့အတူ အိမ်အသစ်ကိုပြောင်းနေကြမယ်။ အဲဒါကျွန်မရဲ့ဆန္ဒပါ။ ကျွန်မ သူနဲ့ မကွာရှင်းချင်ပါဘူး။ ကျွန်မတို့ရဲ့ တစ်ယောက်နဲ့တစ်ယောက်ချစ်ခြင်းမှာ ပြည့်စုံနေကြသားပဲ” လို့ ပြောပြန်တယ်။ ဒါပေမဲ့ ၂၀၀၇ မှာ စတင်ခဲ့တဲ့ ၀ိုင်ဟောက်စ်နဲ့ ဘလိတ်ခ်တို့ရဲ့ အိမ်ထောင်ရေးဟာ ၂၀၀၉ သြဂုတ်မှာတော့ တကယ်ပဲ အဆုံးသတ်သွားခဲ့ပါတယ်။ ၀ိုင်ဟောက်စ်မသေဆုံးသေးခင် အချိန်လေးမှာတော့ ဒါရိုက်တာရက်ဂ်ထရာဗစ်စ်နဲ့ ဒိတ်လုပ်ခဲ့ပါတယ်။

ဝိုင်ဟောက်စ်ရဲ့ဖခင်မစ်ခ်ျ က “၁၉၇၀ ခုနှစ်တွေက လက်မြှောက်အရှုံးပေးခဲ့ဖူးတဲ့ ကျွန်တော်ရဲ့အိပ်မက်ကို ၀ိုင်ဟောက်စ်က အကောင်အထည်ဖော်ဖြစ်ဖို့ အခွင့်အရေးပေးခဲ့ပါတယ်။ ၀ိုင်ဟောက်စ်ရဲ့ ကျော်ကြားမှုက ကျွန်တော့်ရဲ့ မြှပ်နှံသဂြိုဟ်ခဲ့တဲ့ ကျွန်တော်ချစ်တဲ့ဂျက်ဇ်သီချင်းတွေကို ပြန်ပြီးတူးဆွပေးခဲ့တာပဲ” လို့ ပြောခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ မစ်ခ်ျရဲ့ “Rush of Love to the Heart” ဂျက်ဇ်သီချင်းအယ်လ်ဘမ်ကို ဧပြီလက ထွက်နိုင်ခဲ့တာကြောင့်ပါပဲ။ အသက် ၆၀အရွယ်မှာတော့ ကျွန်တော့်ရဲ့အရည်အချင်းကို ပြန်ပြီးသံသယမထားတော့ပါဘူး။ ကျွန်တော်သီချင်းဆိုနိုင်တယ်။ အထူးသဖြင့် ကျွန်တော်ချစ်တဲ့ ဂျက်ဇ်သီချင်းတွေကို ကောင်းကောင်းမွန်မွန်ဆိုနိုင်တာပဲ။ ၀ိုင်ဟောက်စ်ရဲ့ အားပေးမှုတွေကြောင့်ပါလို့ မစ်ခ်ျ က ထပ်ခါထပ်ခါပြောခဲ့တယ်။

နယူးယောက်တိုင်းမ်စ်က အမေရိကန်ဂျာနယ်လစ် James C. McKinley, Jr. က မစ်ခ်ျဝိုင်ဟောက်စ်ကို အခုလိုမေးထားပါတယ်။

မစ်ခ်ျ၊ ဒီအယ်လ်ဘမ်က ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ဦးအဖြစ် ခင်ဗျားရဲ့ ပထမဆုံးချဉ်းကပ်မှုလား။
ပရော်ဖက်ရှင်နယ်အဆိုတော်အဖြစ် … ။ အဲလိုမပြောနိုင်ပါဘူးဗျာ၊ တစ်ဝက်တစ်ပျက် ပရော်ဖက်ရှင်နယ်အဆိုတော်ပဲဖြစ်ခဲ့တာ။ ကျွန်တော် အသက် ၂၀၊ ၃၀ လောက်တုန်းက ကလပ်တွေမှာ၊ ဖျော်ဖြေပွဲလေးတွေမှာဆိုခဲ့တယ်။ အသက် ၃၀နောက်ပိုင်း မိသားစုရှိလာတော့ မဆိုဖြစ်တော့ဘူး။ သီချင်းဆိုတာနဲ့ ပိုက်ဆံမရှာနိုင်ခဲ့လို့။

ပြီးတော့ ဂျက်ဇ်သီချင်းတွေ ပြန်ပြီး စိတ်ဝင်စားလာပြန်ရောလား။
ဂျက်ဇ်သီချင်းတွေကိုတော့ အမြဲတမ်းပဲ စိတ်ဝင်စားနေတာပဲ။ ဒါပေမဲ့ အဲဒီအချိန်တွေတုန်းက အင်္ဂလန်မှာ ဂျက်ဇ်သီချင်းတွေက ပေါ်ပြူလာမဖြစ်သေးဘူး။ ကျွန်တော်လည်း အဲဒီဂန္တ၀င်ဂီတအကြောင်း မေ့လျော့ထားလိုက်ရပြီး အဲဒီထက် ပေါ်ပြူလာဖြစ်မယ့်အလုပ်တွေပဲ လုပ်နေခဲ့ရတာပေါ့၊ တကယ်ပါ။

ဒီအယ်လ်ဘမ် ဘယ်လိုလုပ်ဖြစ်တာလဲ။
အေမီ ပိစိကွေးလေးတုန်းက ကျွန်တော် သူ့ကို သီချင်းဆိုသင်ပေးတယ်။ ခင်ဗျားသိတဲ့အတိုင်း မိဘတိုင်းက သူတို့ကလေးတွေ သီချင်းဆိုပြသလို ဆိုပြခဲ့တာမျိုးပါပဲ။ သူ့ရဲ့ ပထမဆုံးအယ်လ်ဘမ်ထွက်ခဲ့ပြီး သူ ရှိုးပွဲတွေလုပ်တယ်။ သူ ကျွန်တော့်ကို သီချင်းတွေဆိုဖို့ စင်ပေါ်ကိုဖိတ်ခဲ့တယ်။ အင်မတန်ပျော်စရာကောင်းခဲ့တာပဲ။ သူက ပြောသေးတယ် “ဘာကြောင့်လဲ ဒက်ဒီသိရဲ့လား၊ ဒက်ဒီ အခွေတစ်ခွေလောက်တော့ ထုတ်ဖို့ကောင်းတယ်” တဲ့။ “အေမီ မင်းရူးနေလား” လို့ ကျွန်တော်ကပြောတော့။ “မဟုတ်ဘူး ဒက်ဒီ၊ ဒက်ဒီမှာ သိပ်ကောင်းတဲ့အသံရှိတယ်။ အဲဒါက ကြောက်ခမန်းလိလိ အသံလုံးကြီးကြီးအသံမျိုး” လို့ သူက ပြန်ပြောတယ်ဗျ။ ကျွန်တော်တို့ စဉ်းစားခဲ့ကြပါတယ်။ နောက်ပိုင်း သူရဲ့ဆိုးဝါးတဲ့အချိန်တွေရင်ဆိုင်နေရတော့ အယ်လ်ဘမ်ကိစ္စ ဘေးချိတ်ထားလိုက်ရတယ်။ သူပြန်ကောင်းလာတဲ့အခါ အယ်လ်ဘမ်လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ ၃၀၊ ၄၀၊ ၅၀ ခုနှစ်တွေထဲက သိပ်လှတဲ့ သီချင်းတွေပြန်ပြီးရှာဖွေကြတယ်။ အဲဒီအတွက် သုံးနှစ်လောက် ကျွန်တော်တို့ သီချင်းတွေစုဆောင်းနေခဲ့တယ်။ ကျွန်တော်တို့နှစ်ယောက်လုံး ကြိုက်နှစ်သက်တဲ့ သီချင်းအပုဒ်၄၀လောက်ရွေးပြီး ကျွန်တော်တို့ရဲ့ စန္ဒရားဆရာကိုပြတယ်။ နောက်တော့ အဲဒီသီချင်းတွေထဲက သီချင်း ၁၄ ပုဒ်ကို ရွေးခဲ့ကြတယ်။

အဲဒီလက်ရွေးစင်က နာမည်ကျော်သီချင်းတွေသိပ်ထည့်မထားဘူး။ အဲဒီ သီချင်းတွေကိုပဲ ခင်ဗျား ဘာကြောင့်ရွေးတာလဲ။
သီချင်းတွေကို ကြိုက်လို့ပဲ။ အေမီရောပဲ။ သီချင်းတွေရွေးကြတုန်းက အေမီ့အတွက်လည်း ထူးခြားတဲ့သီချင်းတွေဖြစ်ခဲ့တာပဲ။ သူက ဒီလို တိမ်မြုပ်နေတဲ့ ဂျက်ဇ်သီချင်းကောင်းတွေကို ရွေးထုတ်အရသာခံနိုင်တဲ့ အတတ်ပညာရှိတယ်။ ကျွန်တော်တို့ သဘောကျတာကိုပဲ ရွေးခြယ်ဆုံးဖြတ်လိုက်တာ။ တခြားအဓိပ္ပါယ်ဘာမှ ရှိမနေပါဘူး။

ခင်ဗျားတို့ကြီးပြင်းခဲ့တဲ့နေရာအကြောင်း နည်းနည်းပါးပါးပြောပြပါဦးလား။
ကောင်းပါပြီ။ ကျွန်တော်က လန်ဒန် East End မှာ ကြီးပြင်းခဲ့တယ်။ အဲဒီမှာ ဂျူးလူမျိုးတွေ အများဆုံးနေကြတဲ့နေရာလေ။ ကျွန်တော်တို့မှာ အင်မတန်နွေးထွေးစည်းလုံးတဲ့ မိသားစုရှိတယ်။ ကျွန်တော့်အဖေ့က ဆံသသမား၊ နောက်တော့ တက္ကစီမောင်းတဲ့သူဖြစ်လာတယ်။ ဂျူးယောက်ျားအများစု အဲဒီအချိန်တုန်းက အဲဒီအလုပ်ပဲ အများဆုံးလုပ်ကြတာပဲ။ ဆရာဝန်မဟုတ်ခဲ့ကြဘူးဆိုရင်ပေါ့။ ဆရာဝန်၊ ရှေ့နေ၊ စာရင်းကိုင်မဟုတ်ခဲ့ရင် တက္ကစီမောင်းတဲ့သူတွေချည်းပဲ။ အဲဒီအချိန်က တော်တော်ပြုစုပျိုးထောင်ခဲ့ကြရတယ်။ စစ်ပြီးစအချိန် ခင်ဗျားသိပါတယ်။ East End မှာ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဗုံးဒဏ်ခံရတဲ့နေရာတွေပြည့်နေဆဲပဲ။ စွန့်စားခန်းတွေပြည့်နေတဲ့နေရာတစ်ခုဖြစ်ခဲ့သေးတာပေါ့။ ကျွန်တော်ဆို သိမ်းမြစ်ထဲ ပြုတ်ကျနေကြ၊ ရေခဏခဏမွန်းခဲ့ဖူးတယ်။ တစ်ရပ်ကွက်တည်းသားတွေလည်း သိပ်ကောင်းကြတယ်။ တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်ကြတဲ့သူတွေ။ အခုတော့ ဘယ်သူမှမရှိကြတော့ဘူး။ အားလုံး ပြောင်းသွားကြပြီ။

ခင်ဗျားတို့ မိသားစုထဲမှာ ဂီတ၀ါသနာပါတဲ့သူရှိသေးလား။
အဲဒီတုန်းကတော့ ခင်ဗျားဆိုလည်းသိနိုင်မှာမဟုတ်ဘူး။ အားလုံးက ဆိုနေတီးနေကြတဲ့သူတွေမဟုတ်လား။ ကျွန်တော့အဖေက ဘာဂျာပုလွေမှုတ်တယ်။ ကျွန်တော့်ဦးလေးကလည်း squeezy box, အကော်ဒီယံတီးတယ်။ နောက် ဦးလေးတစ်ယောက်ကလည်း စန္ဒရားတီးတယ်။ ကွာရှင်းခဲ့တဲ့ အေမီ့အမေ ဂျဲနစ် မိသားစုထဲမှာလည်း ပရော်ဖက်ရှင်နယ်ဂီတသမားတွေရှိတယ်။ အဲဒီတော့ အားလုံးက တီးမှုတ်နေကြတယ်။ ကခုန်တယ်။ သီချင်းဆိုတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းကတော့ ကျွန်တော်က ဒါကို အထူးတလည်မတွေးမိပါဘူး။ လူတိုင်းက ဒီလိုပဲ တီးမှုကခုန်နေကြတာပဲလို့ ကျွန်တော်ကထင်တာကိုး။ အားလုံး အိမ်တိုင်းမှာ ကိုယ်ပိုင်အတီးအမှုတ်နဲ့ပျော်ပွဲရွှင်ပွဲတွေလုပ်ကြတယ်။

အခု ခင်ဗျားအသက်အရွယ်ကျတော့ရော။ Ronnie Scott’s နဲ့ Blue Note တို့လို ဂျက်ဇ်ကလပ်တွေမှာ သီဆိုဖို့လား။
ခင်ဗျား ပြောသလို အဲဒါကို စိတ်မလှုပ်ရှားမိပါဘူး။ ကျွန်တော့်တစ်ဘ၀လုံးလိုလို အရောင်းစာရေးသင်တန်းပေးသူအဖြစ်ပဲ ဖြတ်သန်းလာတာ။ ခု အနားယူတဲ့အချိန်မှာ လန်ဒန်တက္ကစီမောင်းတဲ့သူလုပ်နေတယ်။ အရောင်းသင်တန်းက နည်းပညာပိုင်းသိပ်မပါပါဘူး။ အရောင်းစာရေး၊ အောင်မြင်တဲ့အရောင်းစာရေးတစ်ယောက်ဖြစ်ရတာလည်း ကျေးဇူးတော်ပါပဲ။ ကျွန်တော် တော်တော်လေးအောင်မြင်ခဲ့ပါတယ်။ ကျွန်တော်လုပ်နိုင်ခဲ့တာပဲ။ အဲဒီတော့ဗျာ … ကျွန်တော်အသက်အရွယ်မှာ တစ်နည်းနည်းနဲ့ စင်ပေါ်ရောက်ရမယ့်ကိစ္စက စိတ်လှုပ်ရှားစရာကိစ္စမဟုတ်တော့ပါဘူး။ ကျွန်တော့်ဘာသာစိတ်ကျေနပ်ပျော်ရွင်စေဖို့ပါ။ အဲဒါ မထူးဆန်းပါဘူး။

ဖြစ်နေကျကတော့ သား၊ ဒါမှမဟုတ် သမီးက ဖခင်ရဲ့လောင်းရိပ်အောက်က ရုန်းထွက်ဖို့ကြိုးစားကြတယ်။ ခင်ဗျား အခြေအနေကျတော့ နည်းနည်းလေး ပြောင်းပြန်ဖြစ်နေသလိုပဲ။
ဟုတ်တာပေါ့။ များများကြီးပြောင်းပြန်ဖြစ်နေတာပဲ။ ပြောလိုက်ရင် ကျွန်တော်က နှုတ်သွက်လျှာသွက်ရှိတယ်ဖြစ်တော့မယ်။ ကျွန်တော့်ရဲ့အမည်က ရှေ့ကလာခဲ့တာလေ။ အေမီ မလာခင် ကျွန်တော်က ဒီမြေပေါ်ကိုရောက်နှင့်နေတာ။ ဒါပေမဲ့ ကျွန်တော်သိပါတယ်။ ကျွန်တော်က အေမီ့ရဲ့ဖခင်ဖြစ်လို့ အယ်လ်ဘမ်ထုတ်ဖို့အခွင့်အရေးခဲ့ရတာပါ။ တကယ်သာ ကျွန်တော်မတတ်နိုင်တဲ့ကိစ္စဆိုရင် ကျွန်တော်စတူဒီယိုထဲဝင်လိုက်တာနဲ့ “ခင်ဗျားဒါကိုမလုပ်နိုင်ဘူးဆိုတာကို ခင်ဗျားသိနေတာပဲ” လို့ တိုနီဟေးလ်လားကပြောကိုပြောမှာပဲ။ ဘယ်သူကမှ ကာရာအိုကေသီချင်းလိုဆိုဖို့ ပိုက်ဆံဖြုန်းတာမျိုး ကျွန်တော့်ကိုခွင့်ပြုမှာမဟုတ်ဘူး။ ကျွန်တော်သီချင်းဆိုနိုင်ပါတယ်။ ကျွန်တော်ကသာ ရူးကြောင်ကြောင်ကိစ္စလုပ်နေတယ်ဆိုရင် ကျွန်တော့်ကို ချစ်တဲ့၊ ကျွန်တော့်ကိုလေးစားတဲ့ ကျွန်တော့်ပတ်ဝန်းကျင်ကလုတွေက လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ ခင်ဗျားကို ကျိန်းသေပြောနိုင်တယ်။

ခင်ဗျားရဲ့ ဖျော်ဖြေပွဲကို အေမီလာခဲ့လား။
လာတာပေါ့ဗျာ။ လန်ဒန်က ပွဲတွေအများဆုံးလာခဲ့တယ်။ သူ အမြဲတန်းစင်ပေါ်ကိုတက်ပါတယ်။ ရီဟာဇယ်လုပ်ဖို့တော့ အမြဲငြင်းနေတာပဲ။ အဲဒါကြောင့်ပေါ့ သီချင်းဆိုတဲ့အခါ အလန့်တကြား အဆုံးသတ်ရတယ်။ ရယ်မောနေတာနဲ့ပဲ အဆုံးသတ်ရတာပါပဲ။ လူတိုင်းကလည်း ဒါကို ပျော်ရွှင်ကြပါတယ်။ ကျွန်တော်တို့ ပျော်ပျော်ရွှင်ရွှင်ရှိကြတာကို မြင်နိုင်တာကိုး။ သူ က အင်မတန်အထောက်အပံ့ပေးတဲ့သူပါ။ အင်မတန်တော်တဲ့ကလေးပါ။ သူခက်ခဲကြမ်းတမ်းတဲ့ အခိုက်အတန့်တွေ ကျော်ဖြတ်ရတယ်။ နောက်တော့ အေမီ လုံးဝ ပြန်ကောင်းသွားခဲ့ပါတယ်။

၂၀၀၉မှာရိုက်ကူးခဲ့ တဲ့ “အေမီ့ကိုလွတ်မြောက်စေခြင်း (Saving Amy)” ဆိုတဲ့ မှတ်တမ်းရုပ်ရှင်ကားမှာ ၀ိုင်ယောက်စ်ရဲ့ မူးယစ်ဆေးဝါးစွဲလမ်းမှု ဆန့်ကျင်တိုက်ခိုက်မှုတွေကို ရိုက်ကူးထားခဲ့ပါတယ်။ ၀ိုင်ဟောက်စ်ရဲ့ စွဲလမ်းမှုတွေကြောင့်မိသားစုတစ်စုလုံး ရင်ဆိုင်ကြုံတွေရတဲ့ပြဿနာ၊ စိတ်ခံစားမှုတွေကို ရိုက်ကူးဖော်ပြထားတယ်။ မိခင် ဂျဲနစ်ကပြောပြတယ်။ “အဲဒါ ကျွန်မပြဿနာပါတဲ့။ မာမီကူညီနိုင်လို့လား" လို့ အေမီက မေးတယ်။ အေမီ့ကိုကြည့်ရတာ ထောင်ချောက်မိနေတဲ့ကလေးလိုပဲ။ သူရဲ့ ခန္ဓာကိုယ်က သူ့ကို ချုပ်နှောင်ထားတယ်။ ဆေးဝါးတွေပျော်ဝင်နေတဲ့ခန္ဓာကိုယ်က အေမီ့ကို ချုပ်နှောင်ထားတယ်။ အဲဒီအနှောင်အဖွဲ့က ဒီကလေးကို လွတ်စေချင်ပါတယ်။ အဲဒါကြောင့် “အေမီ့ကို လွတ်မြောက်စေခြင်း” ရုပ်ရှင်ကားကို ရိုက်ဖြစ်ကြပါတယ်”။           ။
(ရေးထားတာနည်းနည်းတောင်ကြာသွားပါပြီ။ သြဂုတ် လဆန်းပိုင်းလောက်ကတည်းက၊ စာအသစ်မရေးဖြစ်တာနဲ့ပဲ)

I died a hundred times !!!