Wednesday, October 19, 2011

Playing PG


ရာသီဥတုအေးလာပြီ၊
ပီဂျီတစ်ကောင် အိမ်မြဲနေ၏။
အပြင်ထွက်ခိုင်းရင် စိတ်တိုပြီးလိုက်ဆိတ်ပါသည်၊
အထဲကို အမြန်ပြန်ဝင်ပြေးနေသည်၊
သွန်သင်ဆုံးမလို့လည်းမရပါ။
ပီဂျီကောင်မလေးကို လူကြီးများက အခန်းထဲမှာ လက်မခံရွေ့
ကောင်မလေးကဖြတ်သွားဟန်တူသည်၊
ပီဂျီ နှစ်ရက်လောက်မှိုင်နေလိုက်သေး၏၊
စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ
နှစ်ကောင်လုံးလက်ခံထားရရင် လူကြီးတွေက အပြင်မှာ နေရပေတော့မည်။


မနက် မနက်ရှင်းရတာလည်း မောလှပါသည်၊
မောပေမဲ့လည်း မနေနိုင်ပါ၊
သူကြိုက်တတ်မယ့် မြေပဲ၊ ဂျုံစေ့၊ လူးဆန်စေ့၊ ဆန်စေ့၊ သစ်ကြားသီးလေးတွေ ထောင်းကျွေးပါ၏၊
တစ်မျိုးတည်းစားရရင် ပီဂျီ ပါးစပ်ပျင်းမှာလည်း စိုးပါသည်။
ပေါင်မုန့်ညိုလည်း ကြိုက်သေး၏၊
နှမ်းစေ့လေးတွေလည်း အင်မတန်ကြိုက်ပါသည်။

ရေလည်းချိုးပေးရသေး၏၊
ရေဆော့ချင်ရင် ပလပ်စတစ်ခွက်လေးကို နှုတ်သီးနဲ့ဆိတ်ကာ ဆိတ်ကာအချက်ပြတတ်၏။
ဒီလို လုပ်ရင် ရေချိုးဖို့ လူကြီးက သိရသေးသည်။
ရေချိုးရင် အတောင်ပံကို တစ်ဘက်စီမြှောက်ထားပေးလေ၏။
တစ်ဘက်ပြီး နောက်တစ်ဘက်ကို မြှောက်ထားပေးသည်။
ရေချိုးဝပြီဆိုရင် စောင်ထဲမှာ ၀င်ကွေးတတ်လေ၏။

မဟုတ်ရင်လည်း အပြင်ဘက် နေပူထဲကို ဇွတ်ပို့ထားလိုက်သည်။
ပန်းပင်ရေလောင်းရမှာ ပျင်းသလောက်၊
အကောင်ပလောင်ဂရုစိုက်ဖို့ဆိုရင် မပျင်းတတ်ပါ၊
ကော်ဖီဖျော်ရမှာ ပျင်းသလောက်၊
ကော်ဖီသောက်ရမှာတော့ မပျင်းတတ်ပါ။

ပီဂျီတစ်ကောင်နဲ့ အလုပ်ရှုပ်ပေမဲ့လည်း ....
ဘာပဲပြောပြော အလုပ်ရှုပ်ပါ၏။
သူငယ်ချင်းများကိုလည်း အားနာပါသည်။
အလုပ်မရှိ ခိုရေချိုးလို့တော့ မထင်စေချင်ပါ၊
အလုပ်ကွိစိကွစရှိသလို ခိုကိုလည်း ရေချိုးပါ၏၊
အားလုံးပျော်ရွှင်ပါစေလို့လည်း ...
မေတ္တာအကြီးကြီးပို့လိုက်ပါသည်။

မှတ်ချက် - ပီဂျီကို စချင်တာနဲ့ သူအိပ်တဲ့နေရာနား အရုပ်သွားတင်ထားလိုက်တာ၊ သတ္တိခဲက မကြောက်တဲ့အပြင် စပ်စုနေသေးတယ်။ လျှပ်တပြက်ရိုက်ရတာမို့ တုန်ခြင်း မှုန်ခြင်းဖြစ်နေလို့ ဗီဒီယိုကို သေးသေးပဲ ထားလိုက်တာ ခွင့်လွှတ်ပေးပါရန်။

5 comments:

  1. ပီဂျီလေးအကြောင်း ဖတ်သွားတယ် ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ပီဂျီက တသွေးတမွေးတောင် ဖြစ်နေပြီ။
    အကောင်ပလောင်လေးတွေကို ဂုစိုက်ရတာ ပျော်ဖို့ကောင်း၏။
    မပျင်းပါ။ မှန်၏ :)

    ReplyDelete
  3. PG လေးရှိတော့ ဖြိုးဖြိုးအဖော်ရတာပေါ့။ တိရစ္ဆာန်ပေမယ့် သံယောဇဉ်တွယ်မိရင် ဖြတ်ရခက်သားလားနော်..။ PG လေးပေါ်မှာထားတဲ့ ဖြိုးဖြိုးရဲ့ သံယောဇဉ်လေးကို စကားလုံးတွေမှာ တွေ့နေရတယ်။

    ReplyDelete
  4. ဟယ် ပီဂျီးလေးက တော်တော်ချစ်ဖို့ကောင်းတယ်
    အမွှေးလေးတွေလည်း ပြောင်လက်နေတာဘဲနော်
    လူကြီးတွေက ဂရုတစိုက် ပြုစုထားမှန်းသိသာလိုက်တာ
    အတော်ကံကောင်းတဲ့ ပီဂျီ။ သူ့တောင်အားကျလာပြီ :p
ွှွှုအင်းပေါ့လေ.. ကော်ဖီဖျော်ပေးမဲ့သူရှိတော့ ကော်ဖီဖျော်ဖို့တော့ ပျင်းပြီး သောက်ဖို့ ဘယ်ပျင်းမလဲ။
    ဟင်း ကျုပ်တို့များ ဖျော်ဖို့ ပျင်းလို့ကတော့ သောက်ရတော့မှာ မဟုတ်း)

    ReplyDelete
  5. မဖြိုးက တိရိစ္ဆာန်ချစ်တတ်တယ်ထင်တယ်နော်။ အကောင်လေးတွေအကြောင်းတော်တော်ဖတ်ရတယ်။ ဟိုးတုန်းက ကျွန်တော်က အဲဒီအကြောင်းတွေ ဖတ်မိပြီး ကောင်မလေးငယ်ငယ်လေးလို့ ထင်ခဲ့သေးတာ။

    ReplyDelete