Showing posts with label ချစ်သမျှကို. Show all posts
Showing posts with label ချစ်သမျှကို. Show all posts

Wednesday, July 4, 2012

Showering PG

ပီဂျီလေး မနက်ဆို အစောကြီးရောက်ရောက်လာပြီ။ တစ်ရက် ၂ ခါ ၃ခါလောက်လာတတ်တယ်။ ကိုယ်မရှိတဲ့နေ့တွေတော့ စောင့်ပြီး မကျွေးနိုင်တော့ဘူးပေါ့။ အခုတလော တော်တော်ပူလာပြီ။ ဒီနေ့တော့ ရေသောက်ရင် ရေစက်လေးတွေနဲ့ တောက်ပြီး စတော့ အမွှေးတွေဖွားလာတယ်။ အဲဒါ သူ ရေချိုးချင်လာတာ။ အရင်နှစ်တုန်းကလည်း အဲလိုပဲဆိုတော့ သိနေပြီ။ အဲဒါနဲ့ လင်ပန်းလေးရေထည့်လာပြီး ခေါ်လိုက်တော့၊ ရေထဲလူးပြီးဆော့တော့တာပဲ။ အတောင်ပံကိုလည်း တစ်ဖက်စီမြှောက်ထားပေးသေးတယ်။ သူလည်း ပိုကြီးလာတယ်။ တကယ့် ခိုလူကြီးဖြစ်သွားပြီ။

သူ့ကောင်မလေးနဲ့ကလည်း အတူတူလာစားတဲ့အခါစား၊ ပီဂျီတစ်ကောင်တည်းရောက်တဲ့အခါ ရောက်လာနဲ့။ သူတို့က သစ္စာတော့ရှိသား။
အမျိုးမျိုးမပြောင်းဘူး။ ပြန်တည့်သွားရင်လည်း အရင်ခိုမလေးပဲ။
ခုလောလောဆယ် သူတို့ မတည့်ကြဘူးထင်တယ်။ ပီဂျီတစ်ကောင်တည်း ရယ်။
ခိုမလေးကလည်း တစ်ကောင်တည်း၊
တစ်ကောင်စီလာနေကြတယ်။ :D

Saturday, January 7, 2012

Endearing PG !

Friday, November 11, 2011

Angry Bird


ပီဂျီသည် တစ်ခါတစ်ရံ အကုန်စိတ်တိုနေတတ်ပါသည်။
(မှုန်ဝါးနေတာကိုခွင့်လွှတ်ပါရန်)

Wednesday, October 19, 2011

Playing PG


ရာသီဥတုအေးလာပြီ၊
ပီဂျီတစ်ကောင် အိမ်မြဲနေ၏။
အပြင်ထွက်ခိုင်းရင် စိတ်တိုပြီးလိုက်ဆိတ်ပါသည်၊
အထဲကို အမြန်ပြန်ဝင်ပြေးနေသည်၊
သွန်သင်ဆုံးမလို့လည်းမရပါ။
ပီဂျီကောင်မလေးကို လူကြီးများက အခန်းထဲမှာ လက်မခံရွေ့
ကောင်မလေးကဖြတ်သွားဟန်တူသည်၊
ပီဂျီ နှစ်ရက်လောက်မှိုင်နေလိုက်သေး၏၊
စိတ်မကောင်းပေမဲ့ မတတ်နိုင်ပါ
နှစ်ကောင်လုံးလက်ခံထားရရင် လူကြီးတွေက အပြင်မှာ နေရပေတော့မည်။


မနက် မနက်ရှင်းရတာလည်း မောလှပါသည်၊
မောပေမဲ့လည်း မနေနိုင်ပါ၊
သူကြိုက်တတ်မယ့် မြေပဲ၊ ဂျုံစေ့၊ လူးဆန်စေ့၊ ဆန်စေ့၊ သစ်ကြားသီးလေးတွေ ထောင်းကျွေးပါ၏၊
တစ်မျိုးတည်းစားရရင် ပီဂျီ ပါးစပ်ပျင်းမှာလည်း စိုးပါသည်။
ပေါင်မုန့်ညိုလည်း ကြိုက်သေး၏၊
နှမ်းစေ့လေးတွေလည်း အင်မတန်ကြိုက်ပါသည်။

ရေလည်းချိုးပေးရသေး၏၊
ရေဆော့ချင်ရင် ပလပ်စတစ်ခွက်လေးကို နှုတ်သီးနဲ့ဆိတ်ကာ ဆိတ်ကာအချက်ပြတတ်၏။
ဒီလို လုပ်ရင် ရေချိုးဖို့ လူကြီးက သိရသေးသည်။
ရေချိုးရင် အတောင်ပံကို တစ်ဘက်စီမြှောက်ထားပေးလေ၏။
တစ်ဘက်ပြီး နောက်တစ်ဘက်ကို မြှောက်ထားပေးသည်။
ရေချိုးဝပြီဆိုရင် စောင်ထဲမှာ ၀င်ကွေးတတ်လေ၏။

မဟုတ်ရင်လည်း အပြင်ဘက် နေပူထဲကို ဇွတ်ပို့ထားလိုက်သည်။
ပန်းပင်ရေလောင်းရမှာ ပျင်းသလောက်၊
အကောင်ပလောင်ဂရုစိုက်ဖို့ဆိုရင် မပျင်းတတ်ပါ၊
ကော်ဖီဖျော်ရမှာ ပျင်းသလောက်၊
ကော်ဖီသောက်ရမှာတော့ မပျင်းတတ်ပါ။

ပီဂျီတစ်ကောင်နဲ့ အလုပ်ရှုပ်ပေမဲ့လည်း ....
ဘာပဲပြောပြော အလုပ်ရှုပ်ပါ၏။
သူငယ်ချင်းများကိုလည်း အားနာပါသည်။
အလုပ်မရှိ ခိုရေချိုးလို့တော့ မထင်စေချင်ပါ၊
အလုပ်ကွိစိကွစရှိသလို ခိုကိုလည်း ရေချိုးပါ၏၊
အားလုံးပျော်ရွှင်ပါစေလို့လည်း ...
မေတ္တာအကြီးကြီးပို့လိုက်ပါသည်။

မှတ်ချက် - ပီဂျီကို စချင်တာနဲ့ သူအိပ်တဲ့နေရာနား အရုပ်သွားတင်ထားလိုက်တာ၊ သတ္တိခဲက မကြောက်တဲ့အပြင် စပ်စုနေသေးတယ်။ လျှပ်တပြက်ရိုက်ရတာမို့ တုန်ခြင်း မှုန်ခြင်းဖြစ်နေလို့ ဗီဒီယိုကို သေးသေးပဲ ထားလိုက်တာ ခွင့်လွှတ်ပေးပါရန်။