Showing posts with label နွေဦးကာလ မြူထသောခါ. Show all posts
Showing posts with label နွေဦးကာလ မြူထသောခါ. Show all posts

Monday, March 26, 2012

နွေဦးကာလ မြူထသောခါ

 ၂၀ရက်နေ့က နွေဦးရောက်ပြန်ပါပေါ့၊
နှင်းတွေလည်းပျောက်ကုန်ပြန်ပြီ။
ဘာရယ်မဟုတ်ဘူး ငယ်ငယ်ကကျက်ခဲ့ရတဲ့ " နွေဦးကာလ မြူထသောခါ" ကဗျာကို ပြန်ရွတ်ရွတ်ကြည့်တာ
နွေဦးကာလ၊ မြူထသောခါ ရင်းထောင်ရင်းဆွဲ ဆောင်မြဲအိုးလွယ်ခါ ကနေမတက်တော့ဘူး။ မှတ်ဥာဏ်က အဲလိုကောင်းတာ၊ ကျက်ပြီး စာမေးပွဲတစ်ခုပြီး အကုန်မေ့ပစ်လိုက်တာပဲ။
မေမေ့ကို ရသေးလား မေးကြည့်တော့ ရတယ်တဲ့။ မေမေက သူပြန်ရေးပေးမယ်ဆိုလို့။ ခု ရလာပြီ။
နောက်မမေ့အောင် ဒီမှာ သိမ်းထားလိုက်တော့မယ်။
အခု အဲဒီကဗျာလေးကို ပြန်ဖတ်ချင်နေလို့။
အဲဒီကဗျာလေး ကျက်တုန်းက ပြီးလျင်ရေမရှာ ခွေးကိုသာကျွေးတော့သည် ဆိုလို့ နားမလည်ကြလို့၊ သူငယ်ချင်းတွေနဲ့ ငြင်းခုံခဲ့ကြသေးတယ်။
ဆရာရှင်းပြတော့လည်းနားမလည်သေးဘူး။ အခုရော ........
နားမလည်ပြန်ပါဘူး၊ :D

photo from
နွေဦးကာလ၊ မြူထသောခါ
ရင်းထောင်ရင်းဆွဲ၊ ဆောင်မြဲအိုးလွယ်ခါ
ဓားနှီးထက်စွာ၊ ခါးမှာချပ်လျက်
ထန်းပွင့်ထန်းခိုင် ရွှန်းမြိုင်မြိုင်
ကလိုင်သာလွယ်လို့ တက်သည်နှင့်လေး။

ထန်းပင်ထန်းခက်၊ ထန်းရွက်ကယ်ဝေေ၀
စင်အောင်ခုတ်ထစ်၊ နုမျစ်ကယ်ထန်းဦးရေ
မယားငယ်ဆွေ၊ ထန်းရေသိမ်းဆည်း
သားမြေးဟစ်အော်၊ ခွေးဝက်ကယ်ခေါ်
ထန်းလျှော်သာယုန်ပိုက်စည်းငယ်နှင့်လေး။

ခေါ်သံရိုက်ဟည်း၊ လူလည်းကြေငြာ
ခွေးဟစ်လူဟစ်၊ ခတ်ပစ်ကယ်ခြောက်သောခါ
ပုတတ်ကယ် ယုန်ခါ၊ တောမှာရှိကြ
ငုံးကြက်ဖွတ်မြွေ။ ၀ံပုလွေ
မနေထွက်လာကြသည်နှင့်လေး။

ဝမ်းသာအားရ၊ မယားကတသွယ်
ဟင်းရွက်ဆိုးကောင်း သောင်းပြောင်းရော၍လွယ်
လင်ကတသွယ် ယုန်ငယ်ကစ
တောသတ္တ၀ါ၊ တွေ့ တိုင်းကိုသာ
အိတ်မှာသာယူ၍ထည့်သည်နှင့်လေး။

သို့နှင့်ရောက်က၊ ခဏအောင့်လျင်
တံစို့ ထက်နှင့်၊ ထန်းလျက်ဖိုမှာကင်
ဟင်းအိုးဆူလျင်၊ အကင်ခတ်ပြီး
အိုးကင်းနှင့်လှော်၊ ရေနှင့်ကြော်
မိုးမျှော်ငရုပ်သီးငယ်နှင့်လေး။

နှီးဒေါင်းလန်းကြီး၊ ခူးပြီးသောခါ
သမီးနှင့်သား၊ များလို့မ၀င်သာ
ဒူးတစ်ဘက်ဟာ၊ တွန်းကာဖယ်လျက်
သူ့ထက်ငါလေ၊ စားတော့မည်စေ
စားပေသာလှ အုန်းခွက်ကယ်နှင့်လေး၊

ငုံ့လျက်ကိုယ်စီသာ ဆုပ်ကာလွေးတော့သည်။
ပြီးလျင်ရေမရှာ ခွေးကိုသာ ကျွေးတော့သည်။
အလုပ်ကယ်ဧရာသာ ငုံ့ ကာလွေးတော့သည်။
သားမြေးငယ်မာချာ ဘယ်ညာထွေးတော့သည်။

ဝန်ကြီးပဒေဿရာဇာ