မိမိကိုယ်ကို သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ခြယ်သခြင်းဟာ ကျန်းမာရေးနဲ့ညီညွတ်ပြီး မိတ်ဆွေသူငယ်ချင်းများကြား အပြင်လောကပတ်ဝန်းကျင်ထဲမှာ တင့်တယ်သူတစ်ယောက်ဖြစ်နိုင်ပါတယ်။ အဲဒီလိုပဲ ကိုယ်နေထိုင်တဲ့ ကိုယ့်အိမ်လေးထဲမှာ အလှဆင်ခြင်းကြောင့်လည်း ကိုယ့်ရဲ့မိသားစုလေးရဲ့ ပတ်ဝန်းကျင်လေးထဲမှာ စိတ်ကြည်နူးချမ်းမြေ့စွာနေနိုင်ကြပါတယ်။ ကိုယ့်အိမ်လေးကို အလှဆင်တဲ့အခါမှာတော့ ကိုယ်တတ်နိုင်သလောက်လေးနဲ့ ကိုယ့်အိမ်လေးကို လှလှပပလေးပြင်ဆင်ကြည့်ကြတာပေါ့။ အလှဆင်ကြတဲ့အခါ အရောင်လေးတွေလည်း ကြိုက်နှစ်သက်ရာရွေးနိုင်ကြပါတယ်။ အခု အစိမ်းရောင်နဲ့ အိမ်ခန်းလေးတွေအလှဆင်ကြည့်ရအောင်နော်။
လူကြီးတွေအတွက်ဆိုရင်တော့ အခုလို တည်ငြိမ်တဲ့အစိမ်းရောင်လေးတွေသုံးနိုင်ပါတယ်။
ဒီအရောင်လေးတွေ သုံးပြီး အလှဆင်ကြည့်ကြမယ်။ကိုယ့်အတွက် ပထမဆုံး အိမ်ခန်း အလှဆင်ကြည့်တာဆိုရင်တော့ မ၀ံ့မရဲဖြစ်နေတတ်ပါတယ်။ ပုံထဲကလိုကော်ဇောတစ်ခုသုံးလိုက်မယ်ဆိုရင် သိပ်ပြီးစဉ်းစားခန်းဝင်စရာမလိုပဲ လိုက်ဖက်သွားနိုင်တာပေါ့။ အလှဆင်ပန်းအိုးလေးတွေရဲ့ အရောင်ကိုပါ ဂရုစိုက်ပြီး ပြင်ဆင်ကြည့်လိုက်မယ်ဆိုရင် ကိုယ့်ရဲ့အိမ်ခန်းလေးထဲကနေ မခွာချင်အောင် သဘောကျသွားမှာပါ။
အိပ်ခန်းအတွက်လည်း အရောင်ငြိမ်တဲ့ အစိမ်းရောင်တွေကို လိုက်ဖက်အောင် ပြင်ဆင်နိုင်သေးတာပါပဲ။
လူကြီးတွေစိတ်ကြိုက်တွေ့နိုင်မယ့် အရောင်ငြိမ်တဲ့အစိမ်းရောင်လေးနဲ့ အလှဆင်ကြည့်ပြီးတဲ့အခါ မိမိရဲ့ကလေးငယ်၊ ဆယ်ကျော်သက်သားသမီးလေးတွေအတွက်ပါ စဉ်းစားပေးကြရအောင်ပါ။ အခုလို လန်းဆန်းတောက်ပပြီး မျက်စိကိုလည်း အေးချမ်းစေတဲ့ အစိမ်းရောင် အခန်းအပြင်အဆင်လေးကတော့ ချစ်စရာသားသား၊ မီးမီးတို့ရဲ့အခန်းလေးတွေအတွက်ပေါ့နော်။
Living Fashion Magazine, January 2012

