Showing posts with label ကမ္ဘာပေါ်က မြစ်ကြီးများ. Show all posts
Showing posts with label ကမ္ဘာပေါ်က မြစ်ကြီးများ. Show all posts

Friday, November 23, 2012

ပင်လယ်သေကို ရှာဖွေခြင်း

တည်နေရာ ..အရှေ့အလယ်ပိုင်း
ဂျော်ဒန်တောင်ကြာဒဒေသချိုင့်ဝှမ်း
အရှည် - 67.4 km (41.9 mi)
အကျယ် - 18km (11 mi)
အနက် - 377 m (1,237ft)

ထူးခြားတဲ့ သူ့အမည်
ပင်လယ်သေ (dead sea) အမည်ဟာ အနောက်တိုင်း အခေါ်အဝေါ်ဖြစ်ပြီး အာရဗစ်ဘာသာ၊ ဟီဘရူးဘာသာအခေါ်အဝေါ်များရှိပါတယ်။ မြန်မာလို ဆိုရင်တော့ “သေမင်းပင်လယ်” သို့မဟုတ် “ဆားပင်လယ်" The Sea of Death သို့မဟုတ် Salt Sea” ပါတဲ့ ။

အဓိကစီးဝင်တဲ့မြစ်ကတော့ ဂျော်ဒန်မြစ်ဖြစ်တယ်။အရှေ့ဘက်မှာ ဂျော်ဒန် နယ်စပ်မျဉ်း အနောက်ဘက်မှာ အနောက်ဘက်ကမ်း(west bank) နှင့် အစ္စရေး တို့အကြားမှာ ထိစပ်တည်ရှိနေပါတယ်။ ပင်လယ်ရေမျက်နှာပြင်အောက် 423 metres(ပေအားဖြင့် 1.388ft) နိမ့်ကျနေပါတယ်။ ကမ္ဘာ့မြေမျက်နှာပြင်မှာ အနိမ့်ဆုံးအပိုင်းဖြစ်နေခြင်းဟာ ထူးခြားမှုတခုပါဘဲ။ ကမ္ဘာပေါ်မှာ ဆားပါဝင်မှု လွန်ကဲတဲ့ရေအိုင်ပါ။ 33.7% ပျော်ဝင်ပါရှိတယ်လို့ ဆိုပါတယ်။ ဒီလို များပြားတဲ့ ဆားပါဝင်မှု နှုံးထားကြောင့် ရေသတ္တ၀ါတွေရှင်သန်ကြီးထွားဖို့ မဖြစ်နိုင်ပါဘူး တဲ့။ နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။ လေ့လာဆန်းစစ်သူများကတော့ ဒီလို အငံဓါတ်လွန်ကဲတဲ့ရေမျိုးမှာ ဇီဝသက်ရှိအပင်များ ရေမှာရှင်သန်နေထိုင်တဲ့ သတ္တ၀ါများ ပေါက်ပွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ရှင်သန်ရန်ခက်ခဲလွန်းလို့ သေမင်းပင်လယ်လို့ ခေါ်တွင်စေတာပါ။ ဒါပေမဲ့ မိုက်ကရိုစကုပ်ဖြင့်သာ ကြည့်နိုင်မယ့် အလွန်သေးငယ်လွန်းတဲ့ ဘက်တီးရီးယားများ မိုက်ကရိုစကုပ်အောက်က သေးမွှားမွှား မှိုမျိုးများ ကတော့ အရေအတွက် များစွာ ရှိနေတာပါ။ ရေကြီးတဲ့အချိန်မျိုးမှာဆါးပါဝင်မှု 35% မှ 30% ကို ကျဆင်းသွားတတ်ပါတယ်။
မိုးပါးပေမယ့် ယာယီအားဖြင့် မိုးသည်းတဲ့ဆောင်းရာသီများလည်း ကြုံရတတ်ပါတယ်။ 1980 ခုနှစ်က ဆောင်းတွင်း မိုးကြီးခဲ့တဲ့ အဖြစ်ကိုကြည့်ရင် ပုံမှန်အတိုင်းဆို ပြာမှောင်နေတတ်တဲ့ ပင်လယ်ဟာ အနီရောင်ပြောင်းပြီး အလှပိုလာတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ချီ ရှိနေစဉ်ကတည်းက သူ့အလှကို လူတွေ စိတ်ဝင်စားကြပါတယ်။ ယနေ့ ပင်လယ်သေဟာ ကမ္ဘာတ၀ှမ်းက လူတွေကို သိမ်းကြုံးဆွဲဆောင်နေတာပါ။ မြေထဲပင်လယ်တ၀ိုက်က ဗဟုသုတရှာဖွေလိုသူများမကြာခဏ ကျက်စားပျော်မွေ့ကြပါတယ်။ သမ္မာကျမ်းကိုးပြောရရင် ကမ္ဘာ့ ပထမ အပန်းဖြေစခန်းဖြစ်ပြီးတော့ ဒေးဗစ်ဘုရင်ကြီး ခိုလှုံနားနေရာ ဒေသဖြစ်ပါတယ်။ ကျန်းမာရေးအတွက် အကောင်းဆုံး အနားယူနိုင်တဲ့ နေရာဖြစ်ပါတယ်။

Movenpick အပန်းဖြေစခန်းမြင်ကွင်းကျယ်

အစ္စရေး ဘက်မှ လှမ်းမျှော်ကြည့်ရင် ရှုမဆုံးအောင် မြင်ရမဲ့ ပင်လယ်သေရဲ့ အလှ မြင်ကွင်းကျယ်

မောင့်ဆိုဒွမ်တောင်ပေါ်ကကြည့်ရင်မြင်ရမဲ့ ပင်လယ်သေ အလှ မြင်ကွင်းကျယ်ပါ
ပင်လယ်သေက ထွက်ရှိတဲ့ သဘာဝ ဓါတ်ဆားများဟာ ရောဂါအမျိုးမျိုးကို ကုသပေးနိုင်တဲ့ အနေအထားမှာရှိတာမို့ ဆေးဝါးကျွမ်းကျင်များနှင့် သိပ္ပံပညာရှင်ကြီးများဟာ သုတေသနပြု လေ့လာကြဖို့ မကြာခဏ ရောက်လာကြတယ်။ တကယ်တော့လည်း လေ့လာစူးစမ်းဖို့ အကောင်းဆုံး စင်တာ တခုဖြစ်လာတာပါ။ စင်တာတခုဖြစ်လာခဲ့တဲ့ အကြောင်းရင်း များစွာရှိနေပါတယ်။ ရေမှာပျော်ဝင်ပါရှိတဲ့ သတ္တုဓါတ်များ က လေမှာ ပျံ့လွင့်နေတဲ့ ပန်းဝတ်မှုံနှင့် အခြားယားယံစေနိုင်တဲ့ ဓါတ်မတဲ့ပစ္စည်းများ၊ နေစွမ်းအင်မှဖြာထွက်တဲ့ ခရမ်းလွန်ရောင်ခြည်စတာ တို့ကို ခုခံကာကွယ်ဖို့ လျော့ချဖို့၊ ပြီးတော့ နေလောင်ခြင်း၊ ဖျားနာခြင်း၊ အအေးမိနှာရည်ယိုစီးခြင်း၊ အရိုးအဆစ် ဒူးယောင် ဒူးနာအမျိုးမျိုး၊ကြမ်းထော်သော အနီပိမ့်များထွက်သည့် အရေပြားရောဂါအမျိုးမျိုးနှင့် အခြား အထွေထွေ ရောဂါများကို ပျောက်ကင်းနိုင်တဲ့ စွမ်းအင်ရှိပါတယ်။
ဥပမာ ဒူးခေါင်းနာခြင်းကို သတ္တုဓါတ်ကြွယ်ဝသောရေအိုင်မှ ရွှံ့များနှင့် ဖိသိပ်အုံခဲကြပ်စည်းခြင်း။နှာရည်ယိုခြင်းကို ပင်လယ်သေမှရရှိသည့် ဓါတ်ဆားရည်ဖြင့်ု စပရေးဖြန်းကုသခြင်းစသဖြင့် ရှေးယခင်ကတည်းက ရောဂါ ကုထုံးများစွာရှိပါတယ်။ ပင်လယ်သေဟာ လူတို့အတွက် အကျိုးပြု ဖြစ်ထွန်းစေတဲ့ ပိုတက်ရှ် ဓါတ်ဆားတမျိုးကိုလည်း ထုပ်လုပ်ပေးနေတာပါ။ သတ္တုနဲ့အက်ဆစ် ဓါတ်ပြုပြီး မြေဆီမြေနှစ် မြေသြဇာကိုပါ ကောင်းမွန်စေတဲ့ဓါတ်ဆားတမျိုးဖြစ်ပေါ်စေပါတယ်။ အီဂျစ်လူမျိုးတို့ဟာ အဲဒီကရတဲ့နေထရွန် ဓါတ်ဆားနှင့် ဖါရိုဘုရင်များရဲ့အလောင်းကို Mummification လို့ခေါ်တဲ့ ဆေးစိမ်ခြင်းပြုလုပ်ရတာပါ။
(ဒီအကြောင်းအသေးစိတ် ဒီမှာ ရေးဖူးပါတယ်။ ဒီ့ထက်မက ကျယ်ပြန့်စွားရေးသားဖို့ မျှော်လင့်ထားပါတယ်။)

မြေထဲပင်လယ်ဒေသတစ်ဝိုက် ဖြန့်ကျက်နေထိုင်သူများဟာ ပင်လယ်သေက ထွက်ရှိတဲ့ ဓါတ်သတ္တုကနေ cosmetics လို့ အလွယ်ပေါင်းရုံးခေါ်တွင်တဲ့ အသားလှ ဆီ နှုတ်ခမ်းဆိုးဆေး၊ ခေါင်းလိမ်းဆီ ဆေးတို့ဖတ် စသည်တို့ကို ဖါရိုးမင်းဆက်များမှာ ထုတ်လုပ်သုံးစွဲ နေ တတ်ကြပါပြီ။ ကြိုတင်ကာကွယ်ဖို့ နည်းပညာများလည်း တတ်ကျွှမ်းနေပါပြီ။ ၂၀၀၉ခုနှစ်လောက်မှာတော့ လာရောက်ကြည့်ရှုလေ့လာသူပေါင်း ထောင်ချီပြီး (1.2million) အစ္စရေးကို ရောက်လာကြတယ်။ပင်လယ်သေဟာ 1.24kg/L သိပ်သည်းမှု ရှိတာကြောင့် ရေကူးလိုသူနှင့် ရေပေါ်ပေါလောမျှောလိုသူတို့လည်း အတွေ့အကြုံရအောင် လာရောက်လည်ပတ်ကြတာမို့ ပင်လယ်သေမှာ ဧည့်ပရိသတ်များနှင့် စည်ကားနေပါတယ် တဲ့။
ပင်လယ်သေမှာ နောက်တခု ထူးခြားတာက သူဟာ ကုန်းတွင်းပိတ် ရေအိုင်ကြီးဖြစ်ပြီး သူ့ရဲ့ ပုံသဏ္ဍာန် အသွင်အပြင်မှာ ဘယ်ဘက်ကို ဘေးတိုက် ရွေ့ရှားနိုင်တဲ့ ကမ္ဘာမြေလွှာပြတ်ရွေ့ကြောင်း တိုက်တိုနစ်ပလိတ် နှင့် အာဖရိကဲန်ပလိတ် အာရေဘီယဲန် ပလိတ် တိုရဲ့ ကြားမှာ တည်ရှိနေခြင်းပါဘဲ။ ပင်လယ်သေထဲကိုစီးဝင်တဲ့ ဂျော်ဒန်မြစ်ဟာ ပြန်လမ်းမကြုံတဲ့ ရေယမုန်လဲ ဖြစ်နေပါသေးတယ်။ ထွက်ပေါက်မရှိဘူး။

ပင်လယ်သေ၀န်းကျဉ်မှာတော့ နွေဦးရာသီများမှာ လှပတဲ့ နှစ်ရှည်ခံ အပင်ငယ်ကလေးများ ကြိုကြား ပေါက်ရောက်ပါတယ်။ ရေအိုင်ငယ်ကလေးများလည်းရှိပါတယ်။ ဒါ့အပြင် နင်းမိလျှင် ကျွံဝင်သွားနိုင်တဲ့ သဲနုံးတွင်းမျာလည်း ကမ်ခြေတလျှောက်ရှိနေပါတယ်။
ပင်လယ်သေရဲ့ မြောက်ဘက်အစွန်ကျတဲ့ အပိုင်းမှာ တော့ မိုးရေဟာ ရှားရှားပါးပါး လို့ ဆိုရမှာပါဘဲ။ နှစ်စဉ် မိုးရေချိန်လက္မ 100mm(4in) ရွာသွန်းလေ့ရှီပြီး တောင်ဘက်ကျတဲ့ ဒေသတွေမှာတော့ မဆိုသလောက် 50mm (2in) ရွာသွန်းလေ့ရှိတယ်။ ဂျူဒီယဲန် တောင်ကုန်းတွေမှာ မိုးရိပ်မိုးငွေ့မြင်တွေ့နိုင်ပေမဲ့ ပင်လယ်သေမှာတော့ ခြောက်ခြောက်သွေ့သွေ့ပါပဲ။ အရှေ့ ဘက်ကုန်းမြင့်တွေက ရွာချလာမဲ့ မိုးရေ လောက်ဘဲ လက်ခံရမှာ ဖြစ်ပါတယ်။ ဂျူဒီယဲန် တောင်ကုန်းတွေက အနည်းငယ် မတ်စောက်ပြီး အရှေ့ဘက်တောင်တန်းတွေက အောက်ဘက်ကျပါတယ်။ ရေကန်ရဲ့ အနောက်တောင်ဘက်ကျတဲ့အရပ်ဒေသတွေမှာတော့ မြင့်မားတဲ့ ဆိုဒွန်တောင်ကြီးရှိနေတဲ့အတွက် 210mm( 700in) ရွာသွန်းပါတယ်။ ပင်လယ်သေကိုဝန်းရံနေတဲ့ တောင်တန်းတွေမှာ ကုလားအုပ်များ၊တောင်ဆိတ်ရိုင်းများ၊ တောယုန်ကြီးများ၊ခွေးအနှင့် ကျားသစ်များက သူနိုင် ကိုယ်နိုင် မင်းမူနေတာပါ။ရာပေါင်းများစွာသော ငှက်မျိုးစုံကလေးများက ဘာသာဘာဝ ပျော်ရွှင်မြူးထူးလို့နေကြတယ်။

ဒီနေရာတွေကို အစ္စရေး ရော ဂျော်ဒန်ကပါ သဘာဝ တောရိုင်းနယ်မြေ သတ်မှတ်ပြီးသီးသန့် ထားရှိတာပါ။ ယနေ့မှာတော့ ဗြိတိသျှတို့က ပင်လယ်သေမြောက်ဘက်ကမ်းအနီး ဂေါက်ကွင်းတခု တည်ဆောက်ထားပါတယ်။ ဓါတုဗေဒပညာရှင်များနှင့် စူးစမ်းလေ့လာလိုသူများကလည်း ၀င်လာမစဲ တသဲသဲပါ။ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်း 1,289ft နိမ့်တဲ့ အဝေးပြေးလမ်းမကြီးတခု အနောက်ဘက်ကမ်းနှင့် အစ္စရေးကမ်းခြေတလျှောက်မှာ ဖေါက်လုပ်တည်ရှိနေပါတယ်။ ကမ္ဘာ့ပထမတန်းစား ဟိုတယ်ကြီးများ အပန်းဖြေစခန်းများလည်း အလားတူဆောက်လုပ်ထားပါတယ်။

အီဂျစ်လူမျိုးတို့ ဟာ ယခုလို အလောင်းများ မပုပ်မသိုးအောင် မမ်မီလုပ် ဆေးစိမ်ဖို့ ပင်လယ်သေက နျူထရွန် ဓါတ်ဆားကို အသုံးပြုကြရတာပါ။ နေပူရှိန်ပြင်းတဲ့အခါ ရေဟာ အငွေ့ပျံပါတယ်။ရေလျော့နည်းသွားတဲ့အခါ နဂိုက ငံနေတဲ့ရေဟာ အငံဓါတ်ပိုကဲလာတတ်ပါတယ်။ 1979ခုနှစ်မှာက ပါလက်စတိုင်းကုပ္မဏီ တစ်ခုက( Palestine Potash company) ပိုတက်ရှ် နှင့် ဘရိုမိုင်းသတ္တုများ ဖေါ်ထုတ် လုပ်ပိုင်ခွင့်ရရှိခဲ့တယ်။ ပိုတက် သို့မဟုတ် ပိုတက်စီယံ ကလိုရိုက် ကိုပါ။ အရှေ့အလယ်ပိုင်းငြိမ်းအေးနေစဉ်ကာလမျိုးမှာ အာရပ်နှင့်ဂျူး လုပ်ငန်းရှင်ကြီးများက ခြေသွက်လက်သွက် အကြီးအကျယ် ထုတ်လုပ် လာကြတယ်။

1934ခုနှစ်မှာ တစ်ခါ စီမံကိန်းချပြီး အနောက်တောင်ဘက်ကမ်းရိုးတန်းမှာ ဒုတိယအကြိမ် အခြေချ လုပ်ကိုင်ခဲ့ကြတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာလည်း ထုတ်လုပ်ခဲ့သေးတာပါ။ နောက်ဆုံး ရှောင်တခင်ဖြစ်လာတဲ့ 1928ခုနှစ် အာရပ်အစ္စရေးစစ်ပွဲအတွင်းမှာလည်းထုတ်လုပ်ဖြန့်ဖြူးခဲ့တာပါ။ ဗြိတိသျှတို့ ကလည်း ထုတ်ယူခဲ့ပါတယ်။ ၁၉၅၂ခုနှစ်မှာတော့ အမျိုးသားပိုင် Dead Sea Works Ltd က ကျန်နေတဲ့ ပိုတက်များနှင့် သတ္တုပစ္စည်းများကို နိုင်ငံတော်ကိုယ်စား ပင်လယ်သေမှနေ ထုတ်ယူခဲ့ကြတယ်။ 2001ခုနှစ်မှာ ဒီငံကျိကျိ ပင်လယ်သေက ပိုတက် တန်ချိန်ပေါင်း 1.77 ၊ ဘရိုမိုင်းဓါတ်ပေါင်း တန်ချိန် 206,000 ၊ ကော့စတစ်ဆိုဒါ 44.900 တန်ချိန်၊ မက်ဂနီစီယမ်နှင့် ဆိုဒီယံ ကလိုရိုက် 25.000တန် အစ္စရေး  တဦးတည်းထုတ်ယူခဲ့ပါတယ်။ Dead Sea Magician Ltd ရဲ့ အထောက်အပံ့နှင့်ပါ။ ဂျော်ဒန်ဘက်မှာလည်းထုတ်ယူတာမျိုးရှိပါတယ်။ ပင်ကိုယ်အားဖြင့်ဓါတ်သတ္တုများနှင့် ကြွယ်ဝနေတဲ့ ပင်လယ်သေဆားကို ကမ္ဘာတစ်ဝှမ်းက စိတ်ဝင်စားနေကြသူတွေ ဒုနှင့်ဒေးပါ။ ကိုယ်ခန္ဓာသန့်ရှင်းစင်ကြယ်စေဖို့အသားအရည် လှပချောမွေ့စေဖို့ စိုပြေ၀င်းအိနေအောင် ထိန်းသိမ်းထားဖို့ ဓါတုဗေဒနည်းနှင့် အသားလှဆီ အမျိုးမျိုး ထုတ်လုပ်ကြမှာ ဖြစ်ပါတယ်။

Florist
Source: Wikipedia
Living Fashion Magazine, November, 2012

Thursday, October 18, 2012

အမေဇုံမြစ်သို့

 မြစ်ဝ
ဖြတ်သန်းရာ နိုင်ငံများ - ဘရာဇီးလ် ကိုလံဘီယာ ပီရူး တောင်အမေရိက

မြစ်လက်တက်များ။
ညာဘက်တွင်  (Ucayali , Purus Madeira, Xingu, Tocantins, Leticia,Manaus  အဓိက မြစ်လက်တက်များရှိသည်။
အရှည်……….6,400 km (4,000 မိုင် )
မြစ်ဝှမ်းအကျယ် .7,050,000 k 2 (2,720,000 sq mi)
ပင်လယ်ရေမျက်နှာပြင်အထက် အမြင့် 5,170m(16,962 ft)
အင်းဒီးစ် တောင်တန်းများမှ မြစ်ဖျားခံ စတင်ခဲ့ပြီး အတ္တလန်တစ်သမုဒ္ဒရာအတွင်းသို့ စီးဝင်သည်။
အမေဇုံမြစ်၏ ထင်ရှားသိသာသော မြစ်လက်တက်များ
အမေဇုံမြစ်ဝှမ်းဒေသ
အမေဇုံ (Amzone)အမည်မှာ အင်္ဂလိပ်အခေါ်အဝေါ်သာဖြစ်သည်။ စပိန်ဘာသာဖြင့် သော်၎င်း ပေါ်တူဂီဘာသာဖြင့်သော်၎င်း သီးခြားအခေါ်အဝေါ်များရှိသည်။

ကမ္ဘာပေါ်ရှိ အရှည်ဆုံးမြစ်ကြီးခုနှစ်စင်းတွင် တောင်အမေရိကတိုက်မှ  အမေဇုံမြစ်သည် ဒုတိယအရှည်ဆုံးဖြစ်ပြီး မြစ်ရေစီးဆင်းရာတွင် အကြီးဆုံးမြစ် ခုနှစ်စင်းထက်ပျမ်းမျှရေစီးဆင်းမှုနှုံး ပိုမိုသွက်လက်များပြားသည်။
ရေပေါ်ရွာကလေး
၁၅၀၀တွင်ဗင်းဆင့် ပင်ဇွန် ဆိုသူ ဥရောပတိုက်သားတဦး ရွက်လွှင့် ရောက်ရှိလာသည်။၁၅၆၀တွင် အခြားပေါ်တူဂီလူမျိုး လုဒ် ဆိုသူရောက်ရှိလာပြီး  ၁၆၃ရတွင်ပေါ်တူဂီလူမျိုး စူးစမ်းရှာဖွေသူ ပီထရို ထရိုင်စီရာ ဆိုသူ အမေဇုံမြစ်ဝတွင် အချေချနေထိုင်ခဲ့သည်။
မြစ်စတင်ပေါ်ပေါက်ရာ မူလဒေသ ကို ဤသို့ အပါချီတာ ကျောက်ထရံကြီး အနီးရှိလက်ဝါးကပ်တိုင်အမှတ်အသားဖြင့် ညွှန်ပြထားသည်။
အမေဇုံမြစ်၏ဇစ်မြစ်
အမေဇုံမြစ်သည် မြစ်လက်တက်ပေါင်းထောင့်တရာကျော်ကျော် ရှိသည့်အနက်ဆယ့်ခွန်နှစ်ခုသည် ကီလိုမီတာ ထောင့်ငါးရာကျော် (မိုင်အားဖြင့် ၉၃၀ မိုင် ကျော်)ရှည်လျားကြပြီး ကိုလံဘီယာနိုင်ငံတွ င် အဓိကကျသော မြစ်မကြီးများ အသွင်တည်ရှိသည်။ အီကွေဒေါနိုင်ငံနှင့် ပီရူးနိုင်ငံတို့ရှိမြစ်များသည်လည်း အရေးပါသော မြစ်လက်တက်များအဖြစ်  အမေဇုံမြစ်အတွင်း သို့တိုက်ရိုက်စီးဝင်သည်။
 မြစ်၏ရေကြီးနေသည့် အစိတ်အပိုင်းတခုကို နာဆာမှ ရိုက်ကူးထားပုံ
 အမေဇုံမြစ်၏ မြစ်လက်တက်နှစ်ခု ပေါင်းဆုံရာ (ရိုင်အိုနီဂရိုးမြစ်နှင့်ရိုင်အို ဆိုလီမိုးစ်မြစ်)
မြစ်ဝအကျယ်ဘယ်လောက်ဆိုတာ ပထ၀ီအနေအထား ထူးခြားနေခြင်းကြောင့် ခုထိ ပညာရှင်များငြင်းခုံဆဲဖြစ်ပါတယ်။
အမေဇုံမြစ်ဝတောင်ဘက်ခြမ်းကို ဆဲတဲလ်လိုက်မှကြည့်လျှင်  မြင်ရပုံ
အမေဇုံမြစ်၏ မိုးသည်းစိုစွတ်ချိန်
သိပ္ပံဆရာအချို့က နိုင်းလ်မြစ်ထက် ပိုရှည်လျားသည်၊  အမေဇုံမြစ်က ကီလိုမီတာ ၆၉၉၂ (၄၃၄၅မိုင်) ရှိပြီး နိုင်းလ်မြစ်က ကီလိုမီတာ၆၈၅၃(၄၂၅၈မိုင်)သာရှိသည်ဟု ကောက်ချက်ချကြသည်။၂၀၀၇ခုနှစ်  ဇွန်လ ၁၆ရက် BBC သတင်းကလည်း နိုင်းလ်မြစ်ထက် ပိုရှည်ကြောင်း ဆိုခဲ့သည်။
လူကို အန္တရယ်ပေးနိုင်သော်လည်း ဖျံဘီလူးကြီးများ၏သားကောင် ဖြစ်ရသည့် ပီရန်ညားငါးများ
နို့တိုက်သတ္တ၀ါများ  ရှစ်ပေ ခြောက်လက်မအရွယ်ရှိ အသက်နှင့်အလိုက် အရောင်ပြောင်းလဲတတ်သည့် လင်းပိုင် စသည် (ငယ်စဉ်ဘ၀တွင် အညိုရောင် အရွယ်ရင့်ကျက်လာသော် ပန်းရောင် အဖြူရောင်သို့ ပြောင်းလဲတတ်သည်)ပင်လယ်ဖျံ နှင့် သားစား အပင်စားသတ္တ၀ါများ ပျော်မွေ့နေထိုင်ကြသည်။   ဝေလငါး နှင့်ငါးမန်းကြီးများမှစ၍ ငါးမျိုးစိတ်ပေါင်း ၅၆၀၀ ကျော်ရှိသည်ဟု သုတေသန ပုဂ္ဂိုလ်တို့က ဆိုသည်။                 
မန်ဒူရူကူ အင်ဒီးယဲန် လူမျိုးများ ပန်းချီကား(၁၅၆၀ တွင် ဟာကျူလီ ဖလောရင်းက ရေးဆွဲသည်)
စပိန်လူမျိုးစစ်ဘုရင် လု( ပ် )အာဂွာရီ က ဒုတိယ မျိုးဆက်အဖြစ်အမေဇုံသို့ ရောက်ရှိခဲ့သည်။

၁၆၃၇ နှင့် ၁၆၄၇အတွင်းစပိန်လူမျိုးများ လူပေါင်း၂၀၀၀ကျော် ကနူးလှေ ၃၇စင်းဖြင့် အင်အားပြည့်ဖြိုးစွာ ရောက်ရှိလာကြသည်။ ၁၆၄၈-၁၆၅၂တွင်ပြင်သစ်မှ  အန်ထော်နီယို ရာပိုဆို တာဗာရီဦးဆောင်၍ ဆပိုလိုမှအမေဇုံမြစ်ဝအထိခရီးမိုင်ပေါင်းများစွာ စွန့်စားရှာဖွေ လေ့လာခဲ့ကြသည်။ ရိုင်အိုနီဂရိုးအပါအ၀င် မြစ်လက်တက်များ၏ အသုံးဝင်ပုံ ကို ကီလိုမီတာ တသောင်းကျော်(မိုင်အားဖြင့်၆၂၁၄မိုင်)အကျယ်အ၀န်းကို စုံစမ်း စစ်ဆေးကြည့်ရှုကြသည်။ ဘရာဇီးလ် အီကွေဒေါလ် ဘိုလီဗီးယား ၊ကိုလံဘီယာ၊ပီရူး၊ ဗင်နီဇွဲလား စသည်ကိုလိုနီ နိုင်ငံများမှ လာရောက်ကြသူများ။မစ်ရှင်ကျောင်းများတည်ထောင်ကြသူ သာသနာပြုသင်းအုပ်ဘုန်းကြီးများ၊ ခရစ်ယန်တရားဟောဆရာများ ကုန်ကူးသန်းရောင်းဝယ် ဖေါက်ကားလိုသူများဖြင့် အမေဇုံမြစ်သည် စည်ကားသိုက်မြိုက်လာသည်။ချားလ်မေရီ ဒီ  လာ ကွန်ဒါမိန်း ၏ သိပ္ပံဆိုင်ရာ စူးစမ်းလေ့လာသူများ တဖွဲဖွဲ ရောက်ရှိလာကြသည်။
 ၁၈၄၈ - ၁၈၅၉ ခုနှစ်တွင် ရှာဖွေစွန့်စားသူ
ဟင်နရီဝေါ်တာဘေ့သ် ရောက်ရှိခဲ့သည်။၁၈၅၀ခုနှစ်စက်တင်ဘာလ(၆)ရက်တွင်ပြင်သစ် ဧကရာဇ်ဘုရင် ပီထရိုတူး(PedroII) က Maua   မြို့စားကို အာဏာအပ်နှင်း၍ ရေကြောင်းခရီးစုန်ဆင်းစေပြီးပြုရန်ရှိသည်တို့ကို ကိစ္စအ၀၀ဆောင်ရွက်စေသည်။၁၈၅၂ခုနှစ်တွင်လည်း မြို့စားများကို မီးသင်္ဘောငယ်သုံးစင်းဖြင့်လည်း စေလွှတ်၍ရိုင်အို ဒီဂျနေးရိုး အမေဇိုနီးယားများနှင့် မိတ်ဖွဲ့ခါ သက်ဦးဆံပိုင်ဘုရင်ဘွှဲကို ခံယူသည်။
နာဆာမှ ရိုက်ကူးခဲ့သော မြစ်၏ မိုးကြီးရေလျှံ  ပုံရိပ်အစိတ်အပိုင်းတခု
၁၈၅၇တွင် တန်၂၀၀ ၀န်ဆောင်မှုပေးနိုင်သော မီးသင်္ဘောငယ်များဖြင့် ကုန်ပစ္စည်းများတင်ဆောင်ကာ လစဉ်ကူးသန်းရောင်ဝယ်မှု ဆိုင်ရာ သဘောတူစာချုပ်ကိုအတည်ပြု၍  ပါရာနှင့် မာနျူးစ်မြစ်များအကြားမှာ ကူးသန်းသွားလာခဲ့သည်။ ဤကဲ့သို့ ဆောင်ရွက်နိုင်မှုသည် ပြည်တွင်းရေကြောင်းကုန်စည်ဖြန့်ဖြူးရောင်းဝယ်မှုအစပျိုး ဖွင့်လှစ်ခဲ့နိုင်ခြင်းဟု ဆိုရမည်ဖြစ်သည်။
အမေဇုံမြစ်အတွင်းမှာ ကူးချီ သမ်းချီ ၀န်ဆောင်မှုပေးနေတဲ့ ပီရူးက ရေပေါ်သွား တက္ကစီလေး
အမေဇုံမြစ်အထက်ပိုင်း
 မြွေတကောင်လို ကောက်ကောက်ကွေ့ကွေ့ စီးဆင်းနေတဲ့မြစ်က အူယားစရာ…
လက်တင် အမေရိကဲန်နှင့် သို့မဟုတ် အမေရိကဲန်အင်ဒီးရဲန်နှင့်စပိန်မျိုးနွယ်တို့မှ ဆင်းသက်သော ဒေသခံဌာနီတိုင်းရင်းသား လူမျိုးစု များ အမေဇုံ တ၀ိုက် ပျံ့လွင့်နေထိုင်ကြသည်။(၄င်း၏ဦးခေါင်းပုံ)
ထိုမှ ယနေ့တိုင် အမေဇုံမြစ်သည် လူတို့ အများဆုံးစိတ်ဝင်စားမှု ဖြစ်လာနေဆဲ ဒေသတခုဖြစ်သည်။

Sunday, September 30, 2012

ပင်လယ်နက်ကို ရှာဖွေခြင်း

ပင်လယ်နက်ရဲ့ နေ၀င်ချိန်ကလေး
အရောင်တွေနှင့် ခွဲခြားသတ်မှတ်တဲ့ ပင်လယ်တွေထဲမှာ ပင်လယ်နက်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Black Sea ဆိုတဲ့အမည်ဟာ အင်္ဂလိပ်တွေရဲ့ အခေါ်အဝေါ်ပါ။ ပင်လယ်နက်ကို ဂရိ၊ ဘယ်လ်ဂျီယန်၊ ဂျော်ဂျီယန်၊ ရိုမေနီယန်၊ ရုရှား၊ တူရကီ၊ ယူကရိန်း စသည်တို့ကလည်း မိမိတို့ ဘာသာစကားအရ တစ်မျိုးစီ ခေါ်ဝေါ်ကြပါတယ်။


ပင်လယ်နက်ကို အစောပိုင်းကာလတွေမှာ နွေးထွေးပျူငှာမှုကင်းမဲ့သူ ( Inhospitable)ရယ်လို့ ခေါ်ခဲ့ကြတာပါ။ ဂရိတို့ ကိုလိုနီ မပြုမီ ခေတ်မှာ ရေကြောင်းသွားလာမှု ခက်ခဲလွန်းတာမို့ တကြောင်း၊ ဒီဒေသမှာ မှီတင်းနေထိုင်ကြသူ လူမျိုးစုတွေကလည်း ရက်စက် ရိုင်းပျ လွန်းတာကြောင့်၎င်း ဂရိ-ရောမတွေက အလင်းကင်းမဲ့သူ (unlit) ခေါ်ရာမှ Black Sea ရယ်လို့  ဖြစ်သွားတာပါ။

ရှည်မျောတဲ့ ဘူလ်ဂေးရီးယားကမ်းခြေဒေသမှာဆိုရင် အနယ်အနှစ်တွေ သဲ နုံး ရွှံ့စတာတွေရေစီးနှင့်မျောပါပြီး ကြာလာတဲ့အခါ ရေပြင်မှာ ထိုးထွက်လာတဲ့ ကုန်းတန်းလေးတွေ သောင်ခုံလေးတွေ ဖွဲ့စည်းမိရက်သားဖြစ်တတ်တယ်။ တဲ့။

ဘူမိဗေဒဆိုင်ရာ အရင်းအမြစ်ကို ခြေရာခံ ပြန်ကြည့်ရင် အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်တတ်တဲ့ သဘာဝ ဖြစ်စဉ်များအရ မူလက အဲဒီမြစ်ဝှမ်းတ၀ိုက်မှာ တက်တိုးနစ် (Tectonic) ပလိတ်ပြားများရဲ့ ဖိနှိပ် တွန်းထိုးမှုကြောင့် မြေသားအက်ကွဲခြင်း မြေကျွံခြင်း မြေသားဟိုသည်ပြန့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ခြမ်းခွဲ ကွေ့ဝိုက်ဖြာထွက်စီးဆင်းတာမျိုးရှိနိုင်တယ်လို့ ဘူမိဗေဒပညာရှင်တစုက သုံးသပ်ကြတယ်။ ပလိပ်ပြားများ အချင်းချင်းဝင်ဆောင့်ရာမှာလည်း ကော့ကေးဆပ်စ်၊ ပွန်တိုက်ထ်၊ ကရိုင်းမီးယား၊ ဘော်လ်ကန် စတဲ့ တောင်တန်းများကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။ ဆက်လက်ပြီး Eurasian နှင့် Africian platesများအကြားဝင်ဆောင့်အပြီး အနောက်ဘက်ဒေသဆီ လွတ်ထွက်သွားရာမှမြောက် အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော (North Anatolian Fault) နှင့် အရှေ့ အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော တလျှောက် ပိတ်ဆို့လျှက် တက်တိုးနစ် ပလိတ် ရေစီးကြောင်းအတိုင်း တည်ရှိနေတယ်။ ဒါဟာ ပင်လယ်နက်ဒေသမှာ လည်း မြေသားကျွံကျခြင်းကို ဖြစ်ပေါ်စေပြီး အနတိုလီဒေသကိုပါ ထူးခြားတဲ့ တောင်လှုပ်ရှာမှုမျိုး ဖြစ်ပေါ်စေတယ်။

ကာလကြာမြင့်တဲ့အခါ ဘူမိဗေဒတည်ဆောက်မှု သဘောတရားအရ ကမ္ဘာ့သမုဒ္ဒရာကြီးများ အစဉ်အလာက ခွဲထွက်ပြီးတော့အကြောင်းအားလျော်စွာ ပင်လယ်နက်ဟာ သီးခြား တည်ရှိနေခြင်းဖြစ်တယ်။ ယနေ့ မြင်တွေ့နိုင်တဲ့ မြစ်ဝှမ်းအနေအထားကတော့ ကရိုင်းမီးယဲန်ဒေသကျွန်းဆွယ်မှ တောင်ဘက် တိုးပြီး The Danube discharge into the Black Sea ဒူးနာ့ဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက်(ဒူးနာ့မြစ်ရဲ့ ရေထွက်ပေါက်ဟာ ပင်လယ်နက်ဖြစ်တယ်။ပင်လယ်နက်ဟာ ကမ္ဘာ့အကြီးဆုံး Meromictic အမျိုးအစားမြစ်ဝရှိတဲ့ ပင်လယ်ပါ။ ရေနက်ပိုင်းရေဟာ လေထုထဲက အောက်ဆီဂျင်ကို လက်ခံရယူသိမ်းဆည်းတဲ့ အပေါ်ယံအလွှာအထပ်တွေနှင့် ရောနှောခြင်းမရှိဘူး။ အဖြေကတော့ ပိုနက်တဲ့ ပင်လယ်ရေထုထည်ပမာဏ ၉၀%ကျော်ကျော်က အင်နိုးစစ်ရေ (anoxic water) ဖြစ်နေခြင်းပါဘဲ။ မြစ်ဝှမ်းတည်ရှိမှု ပထ၀ီအနေအထားအရ မြစ်ရေ စီးဝင်မှု က မြစ်ကြောင်းထိန်းသိမ်းရာမှာ အဓိက ကျတယ်။ ဖြည့်ဆီးဝင်ရောက်လာတဲ့ ရေက အားကောင်းတဲ့အလွှာအထပ်ထပ် ကို ဖြစ်စေပြီး တိကျတဲ့ ရေပမာဏကို ညီမျှစေတယ်။ အများအားဖြင့် အပေါ်ယံရေလွှာများက အေးမြပြီး အခိုးအငွေ့များစုပုံထူထပ်ခြင်းနှင့် ဆားပါဝင်ခြင်းကို လျော့နည်းစေတယ်။ မြစ်ကြောင်းဖြစ်ထွန်းမှုကို တိုးချဲ့တဲ့ သဘောပါဘဲ။ စင်စစ် ရေနက်ထဲက မူလရေနွေးများဟာ မက်ဒီတာရေးနီးယဲန်က (မြေထဲပင်လယ်)ဆားပျော်ဝင်ရေများပါဘဲ။ ဒီလို မြေထဲပင်လယ်ထဲက စုပုံစီးဝင်လာတဲ့ ရေဟာ လတ်ဆတ်တဲ့ ပင်လယ်နက်ထဲက စီးထွက်သွားတဲ့ ရေနှင့်ညီမျှပါတယ်။ နောက်ပြီး သူက မာမရာ(Marmara sea ) ပင်လယ်ထဲကို ဆက်လက်စီးဝင်သွားခဲ့တယ်။ သူ့အလွှာနှင့်သူ ဆားပါဝင်လည်း အညီအမျှပါ။

နာဆာက ပေးပို့ထားတဲ့ ပုံတွေအရ ပင်လယ်နက်မှာ နှစ်စဉ် ရေကြီးလေ့ရှိကြောင်း သိရတယ်။ ရှေးခေတ်ရေကြောင်းခရီးသွားလာသူများဟာ လှေ သင်္ဘောများ ပျက်စီးဆုံးရှးမှု နှစ်စဉ်ကြုံတွေ့နေရတာပါ။

စစ်အေးတိုက်ပွဲအပြီးမှာ ကမ္ဘာတ၀ှမ်းက ခရီးသွားဧည့်သည်များ ထောင်သောင်းချီလာရောက်ကြတယ်။ အားလပ်ရက်တွေမှာ အပန်းဖြေစခန်းများနှင့် ရေပူစမ်းတွေ ရှိရာ သွားရောက်နိုင်လို့ပါ။ လူသိများထင်ရှားတဲ့  အပန်းဖြေစခန်းတွေကတော့… 2 Mai (ရိုမေးနီးယား), Agigea (ရိုမေးနီးယား),. Ahtopol (ဘူဂေးရီးယား), Anaklia(ဂျော်ဂျီယာ ) တို့ပါဘဲ။

၁၉၃၆ ခုနှစ် Montreux သဘောတူညီချက်အရ နိုင်ငံ့ခေါင်းဆောင်များက မြေထဲပင်လယ်နှင့် ပင်လယ်နက်အကြား သင်္ဘောများသွားလာခုတ်မောင်းမှုကို ခွင့်ပြုခဲ့တယ်။ ပင်လယ်အတွင်း ကြောင်းထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဘလက်ဆီးယူကရိန်းရေတပ်အုပ်စုက တာဝန်ယူပေးဖို့ ရုရှားကပဲ သဘောတူညီခဲ့တယ်။ ပင်လယ်နက်ဟာ Dardanelles ရေလက်ကြားနှင့် Bosphorus ရေလက်ကြားတို့ကို မှီပြီး သမုဒ္ဒရာနှင့် ပေါင်းကူးချိတ်ဆက်ပါတယ်။ Dardanelles ရေလက်ကြားဟာ 55m ( 180.45ft )နက်ပြီးတော့ Bosphorus ရေလက်ကြားကတော့ 36m (118.11ft) သာ ရှိတဲ့အတွက် ရေတိမ်ပါတယ်။


ဒေသဆိုင်ရာ အဖွဲ့အစည်းများ
1992ခုနှစ်က အဓိက ပင်လယ်နက်ဒေသ နိုင်ငံများဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေနီးယား၊ ဂျော်ဂျီယာ၊ရပ်ရှင်းဖယ်ဒရေးရှင်း။ ယူကရိန်း၊တူရကီ တို့ဟာ ပင်လယ်နက် ညစ်ညမ်းမှုကို တားဆီး ကာကွယ်ဖို့ မြစ်ကြောင်း စောင့်ရှောက်ထိန်းသိမ်းဖို့ကော်မရှင်တရပ်ဖွဲ့စည်းပြီး (The Commission on the Protecti0n of the Black Sea Against Pollution) သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြတယ်။ မဟာဗျူဟာ စီမကိန်းတခုကို ချမှတ်ဖေါ်ဆောင်ခဲ့ကြတာပါ။ အလယ်ခေတ်က ပင်လယ်နက် ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲ မတိုင်မီရှေးအခါက ပင်လယ်နက်တခွင် ဟစ်တိုက်စ်၊ ဂရိစ်၊ ပါရှဲန်၊ ရိုမဲန်၊ ဂေါ့သ်၊ ဟန်စ်၊ ဆလပ်ဗ်စ်၊ ခရူဆိတ်တာ၊ လစ်သူးနီးယဲန်၊ ဂျော်ဂျီယဲန်၊ ပိုးလ်၊ တာတာ ၊အော့တိုမဲန် စတဲ့ လူမျိုးစုများ ကုန်ရောင်းကုန်ဝယ်ရွက်လွှင့်သွားလာခဲ့ကြဖူးတဲ့ ကမ္ဗည်းကျောက်စာများရှိကြောင်း သုတေသနပညာရှင်တို့က ဆိုပါတယ်။ ပင်လယ်နက်ဟာ အရှေ့ အနောက် တောင်မြောက် အရပ်ဒေသအားလုးကို ရွက်လွှင့်ထွက်ခွာနိုင်တဲ့ ခရီးလမ်းဆုံတခုလည်းဖြစ်တယ်။ ရှေးအခါက တည်းက ဘော်လ်ကန်မှ အနောက်ဘက် Eurasia မှ တောင်ဘက်၊ ကော့ကေးဆပ်နှင့်အလယ်အာရှမှ အရှေ့ဘက်.အာရှမိုင်းနား နှင့်မက်ဆိုပိုတေးမီးယားမှ တောင်ဘက်၊ ဂရိမှ အနောက်တောင်ဘက် စတဲ့ အရပ်ဒေသတို့ကို ရွက်လွှင့် သွားလာခဲ့ကြတယ်။

ဘလက်ခ်ဆီးရေလမ်းကြောင်းဟာ ရှေးကပင် အလွန်အသုံးများတဲ့လမ်းဆုံ တခုဖြစ်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ အလွန်အရေးပါတဲ့ ရေကြောင်းလမ်း တခုဖြစ်ပါတယ်။ ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်နက်ကမ်းရိုးတန်းတွေမှာ အများဆုံးတည်ရှိနေတာပါ။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကာလမှာ နီင်ငံရပ်ခြားခရီးသွားဧည့်သည်များ တဖွဲဖွဲလာရောက်ခဲ့ကြတယ်။ ရိုမေးနီးယားက 2 Mai နှင့် Agigea အပန်းဖြေ စခန်းနှစ်ခုဟာ နာမည်အကြီးဆုံးပါ။ ဘူလ်ဂေးရီးယား၊ တူရကီ နှင့် ဂျော်ဂျီယာတို့က အပန်းဖြေစခန်းများဟာလည်း အလားတူ နာမည်ကြီးတွေပါဘဲ။
Source : wikipedia
Living Fashion Magazine, October, 2012

Florist

Wednesday, August 15, 2012

မစ္စစ္စပီမြစ်ကို တွေ့ရှိခြင်း

သူမနာမည်ရင်းက မီစီဇီဘီ (MIsi-ziibi)ပါ။ အဓိပ္ပါယ်က ကြီးမြတ်သောမြစ် (Great River) သို့မဟုတ် မြစ်ကြီး မစ္စစ်စစ်ပ်ပီ(Big River) ပါတဲ့။ ဌာနေတိုင်းရင်းသားများရဲ့ အသုံးအနှုံးပါ။ ကာလရွေ့လျောလာတော့ မစ္စစ္စပီ လို့ တွင်လာခဲ့တယ်။  ကမ္ဘာ့ ရှိရှိသမျှ မြစ်ကြီးတွေထဲမှာ   စတုတ္ထမြောက် အရှည်ဆုံးဖြစ်ပြီး ဆယ်ခုမြောက် အကြီးဆုံးဖြစ်သတဲ့။သူမဟာ ၂, ၃၂၀ မိုင် (ကီလိုမီတာ၃,၇၃၄)ရှည်လျားပြီးတော့ မြောက်အမေရိကရဲ့ အရှည်ဆုံးမြစ်လဲ ဖြစ်တယ်။ အမေရိကန်ပြည်ထောင်စုမှာဘဲ လုံးလုံးလျားလျား စီးဆင်းပြီးတော့ ပြည်နယ်ပေါင်း၃၁ပြည်နယ်ကို ဖြတ်သန်းသွားတယ်။သူမဟာ မင်နီဆိုတာပြည်နယ် အနောက်ဘက်အရပ်မှ စတင်ထွက်ခွာလာပြီး ကွေ့ကွေ့ကောက်ကောက်နှင့်ု ၂,၅၃၀ မိုင်(ကီလိုမီတာ ၄,၀၇၀)ခရီး အကွာအဝေးရောက် အောင် စီးဆင်းသွားရာမှာ  မက်ဆီကိုပင်လယ်ကွေ့က မစ္စ်စစ်ပ်ပီ မြစ်ဝှမ်းအထိပါဘဲ။ သူမဟာ မြစ်လက်တက်ပေါင်းများစွာခြံရံပြီးတော့ သိုက်သိုက်ဝန်းဝန်းရှိစွာ “ရော့ကီးတောင်တန်း”နှင့် “အပ်ပ်ပါလာချိန်န်” တောင်တန်းနှစ်သွယ်အကြားကနေ တဖြည်းဖြည်းချင်းစီးဆင်းသွားပါတယ် တဲ့။

အဲဒီမြစ်ကြီးနဲ့ မြစ်လက်တက်တွေဖြန့်ကျက်လွှမ်းခြုံရာ ကမ်းခြေတလျှောက် ဌာနီလူသားများ အုပ်စုဖွဲ့ပြီး ရှေးရှေးအခါက အမဲလိုက်ခြင်းဖြင့် အသက်မွေးခဲ့ကြတယ်။ ၁၅၀၀ခုနှစ်လောက်မှာတော့ ဥရောပသားတွေ အခြေချရောက်ရှိလာပြီး ဌာနီလူသားတို့ဘ၀လည်း ပြောင်းလဲသွားခဲ့တယ်။ ဥရောပသားတွေဟာ ရှာဖွေ စူးစမ်းကြသူများပါ။ စိုက်ပျိုးရေး နည်းပညာသစ်တွေ ကို အရဲစွန့်လုပ်ကိုင်ကြတယ်။လစ်ဟာနေတဲ့ လူနေမှု စံနစ်သစ်တခုကို ကူးပြောင်းဖို့ သူမက အရေးပါတဲ့ သွေးလွှတ်ကြောတကြောသဖွယ် ပေါင်းကူယှက်သွယ်ပေးနိုင်ပါတယ်။

၁၇ရာစုနှစ်အတွင်းပြင်သစ်လူမျိုး စူးစမ်းရှာဖွေသူ လူးဝစ်စ် ဂျိုလီယက်စ် ဟာ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို တွေ့မြင်ရတဲ့အခါ မိုင်အားဖြင့် ၂မိုင် ကျော်ကျော် လျော့ပါးသွားကြောင်း မှတ်ချက်ချခဲ့တယ်။.သူ့ အတွက် ဌာနေလူမျိုးစုတို့ အီလီနွိုက်မြစ်မှတဆင့် ပြသလမ်းညွှန်ခဲ့တဲ့ လမ်းခရီးဟာလည်း မစ္စစ်စစ်ပ်ပီမြစ်နှင့် ဂရိတ်ရေအိုင်ကြီးနှစ်ခု ဆက်သွယ်ပေးတဲ့ တူးမြောင်အဖြစ် သူက သတ်မှတ်ခဲ့တယ်။ ချီကာဂိုမြစ်မှတဆင့် အီလီနွိုက်နှင့်မီချီကန်တူးမြောင်းများကို ဆက်သွယ်ပေါင်းကူးခြင်းအားဖြင့် ဒေသတွင်းတိုးတက်ဖွံဖြိုးမှုများ ရှိလာတယ်။

၁၉ရာစုမှာတော့ သိသာထင်ရှားစွာ တိုးတက်ပြောင်းလဲခဲ့တယ်။ မစ္စစ်စစ်ပ်ပီမြစ်နှင့် သူမရဲ့ အခြွေအရံ အထင်ရှားဆုံးမဉ္ဇူရီပြည်နယ်က အနောက်ဘက်မြစ်လက်တက်တွေမှာ ပိုမို ပြောင်းလဲခဲ့တယ်။ အမေရိကန်ပြည်ထောင်စု အနောက်ဘက်တခွင် ကျယ်ပြန့်စွာ စွန့်စားရှာဖွေ စူးစမ်းသူများ အခြေချလာသူများနှင့် ပြည့်နက်လာတယ်။ သူမရဲ့ ၀မ်းဗိုက်ထဲမှာ အဖိုးတန် မြေဆီမြေနှစ်တွေ သဲ၊နုံး၊ရွှံ့၊စတာတွေ ရတနာများ ရှိနေတယ်။ လူသားတွေအတွက် စိုက်ပျိုးထွန်ယက်ဖို့ အကောင်းဆုံး အချေအနေကို သူမက ဖြည့်ဆီးပေးနိုင်ခဲ့တယ်။ မကြာခင်မှာဘဲ သူ ခန္ဓာကိုယ်ပေါ်ကို မီးသင်္ဘောတွေ ပြေးလွှား ခုတ်မောင်းလာခဲ့တယ်။

အမေရိကန်ပြည်တွင်းစစ်မှာလည်းသူမမပါမပြီး အခရာဖြစ်ခဲ့ရပြန်တယ်။အမျိုးသားညီညွတ်ရေးတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပြီး ကုန်သွယ်ရေးနှင့်  ရိက္ခာပစ္စည်းသယ်ယူပို့ဆောင်ရေးတို့အတွက် အရေးပါတဲ့ မြစ်အဖြစ် အသုံးချခံရပြန်တယ်။ ဒါတွင်မကပါဘူး ။မကြာခင်မှာဘဲ သူမမြစ်ကြောင်းပေါ်မှာ တမံတွေ။ ဆည်တွေ မြောင်းတွေ ရေတံခါးတွေ ရေကာတာတွေ တုတ်နှောင်ပြည့်လျှံလာတယ်။ တစ်ဘက်ကကြည့်တော့လည်း မြစ်ဝှမ်းဒေသဟာ အများကြီး တိုးတက်ခဲ့တာပါ။ ဒါပေမဲ့လဲ ဒီမှာတင် သူမဟာ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာအမျိုးမျိုးနှင့်(အကြီးမားဆုံး)ထိပ်တိုက်တိုးလာခဲ့ရတယ်။ မက်ဆီကို ပင်လယ်ကွေ့ဟာလည်း Dead zone သတ်မှတ်ခံရဖို့ ဦးတည်လာတယ်။

မကြာသေးမီအချိန်ကတော့ မြစ်ဝှမ်းဒေသ ကို ပူးပေါင်းစီးဝင်တဲ့  “အက်ချာဖါလာယာမြစ်”  မြစ်မှာ တူးမြောင်းအစားထိုးတည်ဆောက်ကြတယ်။  နယူးအော်လိန်းလို သင်္ဘောဆိပ်ကမ်းမြို့တွေ အဖို့တော့ တကယ့် ကြီးမားတဲ့ အန္တရယ်တွေနှင့် စိန်ခေါ်မှုတွေ ရှိနေတာပါ။ ဒါပေမဲ့လဲ မြစ်ကြောင်းထိန်းသိမ်းရေးလုပ်ငန်းများလည်း ပူးတွဲ ထားရှိတာမို့ မကြာမီနှစ်အနည်းငယ်အတွင်း ပြဿနာပြေလည်စရာ ရှိနိုင်ပါတယ်။

စပိန်လူမျိုးရှာဖွေစူးစမ်းသူ ဒီ ဆို တို ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို “ရိုင်အို ဒီလ် အီးဆစ်ပီရီတူ ဆန်တို “လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။

၁၆၈၂ခုနှစ်မှာ ရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “ရောဘတ်ကေ့ဗွီလေယာ၊ဆီညော် ဒီလာဆယ်လီ နှင့် ဟင်နရီ ဒီ တိုနီ “တို့က  မစ္စစ်စစ်ပ်ပီမြစ် ပိုင်ဆိုင်မှုကို ဆယ့်ခြောက်ဆက်မြောက် ကင်းလူဝီအတွက်တောင်းဆိုခဲ့ကြဖူးပါတယ်။ ၁၆၉၉ ခုနှစ် မတ်လ ၂ရ၇က် နေ့မှာ ပြင်သစ်လူမျိုး  “ပယ်ရီ လီ မွိုင်နီ ဒီ ဘရယ်လီ”က မစ္စစ်စစ်ပီမြစ်ဝှမ်းကို အပြည့်အ၀ဖေါ်ထုတ်တွေ့ရှိနိုင်ခြင်းအတွက်  ကြောင့်ဖြစ်ပါတယ်။

၁၇၁၈ခုနှစ်မှာတော့ မြစ် အထက်ပိုင်း ကီလိုမီတာ ၁၆၀အကွာ မက်ဆီကိုပင်လယ်ကွေ့ လခြမ်းအကွေးမှာ “နယူးအော်လိန်းမြို့”ကို ပြင်သစ်လူမျိုး “ဂျိန်း ဘက်ပ်တစ် လီ မွိုင်နီ ဆီ” က တည်ထောင်ခဲ့တယ်။  စပိန်လူမျိုးရှာဖွေစူးစမ်းသူ “ဒီဆိုတို” ဟာ သူမထံ ၁၅၄၁ခုနှစ် မေလ ၈ရက်နေ့မှာ အစောဆုံးရောက်ရှိလာတဲ့ ဥရောပတိုက်သား တဦးဖြစ်ပါတယ်။သူက သူမနာမည်ကို Rio Del Espiritu Santo လို့ စပိန်အမည်ပေးခဲ့တာပါ။အင်္ဂလိပ်ဘာသာနှင့် “River of the Holy Spirit” သန့်ရှင်းမြင့်မြတ်သော ၀ိညာဉ်တော်၏မြစ် လို့ အဓိပ္ပါယ်ရပါတယ်။ ဒါ့ကြောင့် အလွန်ရှေးကျသူတို့က “ရိုင်အို မစ္စ်စစ်ပ်ပီင်္” လို့ ခေါ်ကြပါတယ်။

မစ္စစ်စစ်ပ်ပီမြစ်ရှိရာကို စူးစမ်းရောက်ရှိလာတဲ့ ပြင်သစ်လူမျိုး “လူးဝစ်ဂျိုးလီယက် “အတွက်  ဌာနေတိုင်းရင်းသားတို့က အီလီနွိုက်မြစ်မှတဆင့် အလျှင်အမြန်သွားရောက်နိုင်မဲ့ လမ်းကို ညွှန်ကြားပြသခဲ့တယ်။ ဒီအခါမှာဘဲ လှေသင်္ဘောနှင့် ကုန်ပစ္စည်းအတင်အချပြုလုပ်နိုင်မဲ့ ချီကာဂို ဆိပ်ကမ်းမြို့နေရာကို သူတွေ့ရှိခဲ့တယ်။
~ Where you can hear a  country song song from far and someone plays the honky-tonk guitar Where all the lights will go out one by one the people join the sun and the wind takes it away

Where the Mississippi falls down to the sea and lovers found the place thhhey'd like to be how many times before the song was ending love and understanding everywhere around

Mississippi, I'll remember you whenever I should go away I'll be longing for the day that I will be returning again Mississippi, you'll be on my mind everytime I hear this song Mississippi roll along until the end of time

Now the country song for ever lost its soul when the guitar player turned to rock & roll and everytime when the summernights are falling I will always be calling dreams of yesterday ~
ဒါက နာမည်ကြီးအဆိုတော် ပူစီကက် ခံစားဖွဲ့သီထားတဲ့သီချင်းပါ။  မြန်မာလိုလည်း ပြန်လည်သီကျူးထားပါတယ်။

Florist
Source: wekipedia

Friday, October 14, 2011

နိုင်းလ်မြစ်နှင့် ဧရာဝတီ ဘ၀တူတွေပါဘဲ (မေမေ့ရဲ့စာ)

နိုင်းလ်မြစ်
နိုင်ငံ= မြောက်အာဖရိက
အရှည်=  ၆၆၉၂ ကီလိုမီတာ (၄၁၆၀မိုင်)
ဧရာဝတီမြစ်
နိုင်ငံ…မြန်မာနိုင်ငံ
အရှည်=၂၁၇၀ ကီလိုမီတာ (၁၃၄၈မိုင်)

နိုင်းလ်မြစ်သည် အရှည်ကီလိုမီတာ 6,692 ( 4,160မိုင်) ရှည်လျားပြီး   အာဖရိကတွင်မက ကမ္ဘာ့ အရှည်ဆုံးမြစ်တြီးတစင်းဖြစ်သည်။အီဂျစ်၊ နျူးဘီးယား၊အီသီယိုပီးယား၊တန်ဇန်နီးယား၊ဆူဒန်၊ ရ၀မ်ဒါ၊ ယူဂမ်ဒါ ဇိုင်ယာ  စသည် အာဖရိကနိုင်ငံပေါင်း၁၀ နိုင်ငံ ကို အကျိုးပြုသည်။ မြစ်အောက်ပိုင်း အဖိုးတန် မြစ်ဝကျွန်းပေါ်ဒေသကို ပိုင်ဆိုင်သည့် အီဂျစ်က  အကျိုးအမြတ်တွင် ပိုမို အသာစီးရခဲ့သည်။
သို့သော် ...
အီသီယိုပီးယားရေတံခွန်မှ စခဲ့သော Blue Nile သည် ဆူဒန်မှ စတင်စီးဆင်းသော White Nile နှင့် ခါတွန် (Khartoum) တွင်ပေါင်းဆုံပြီး Nile မြစ်ကြီးအသွင် ဖြစ်ထွန်းပေါ်ပေါက်၍ မြေထဲပင်လယ်သို့  စီးဝင်သည်။ မေခ မလိခမြစ်နှစ်သွယ် ပေါင်းဆုံရာမှ ဧရာဝတီ ဖြစ်တည်လာသကဲ့သို့ White Nile နှင့် Blue Nile တို့  ပေါင်းဆုံရာမှ နိုင်းလ်မြစ် ဟူ၍ဖြစ်တည်ပေါ်ထွန်းလာခဲ့သည်ဟု ဆိုရမည်ဖြစ်ပါသည်။
ရေစီးဆင်းမှုတွင် အမေဇုံမြစ်ထက် ပမာဏနည်းသည်။ ရေစီးဆင်းမှုဧရိယာ စတုရန်းကီလိုမီတာ ၃၃၄၉၀၀၀ရှိသည်။ ဗြိတိန်ကိုလိုနီဘ၀မှာရှိစဉ် ကတည်းက ရေခွဲဝေသုံးစွဲရေးတွင် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့ ကြပြီး အီဂျစ်အားနိုင်းမြစ်စီမံခန့် ခွဲရေးကိစ္စအပေါ်  (Veto) အာဏာ ပေးအပ်ခဲ့ သည်။အီဂျစ်က ၇၅ရာခိုင်နှုန်း ရရှိပြီး ဆူဒန်နိုင်ငံက ၁၀ရာခိုင်နှုန်းသာ ရရှိသည်။ အခြားအဖရိကနိုင်ငံများ ၁၅ရာခိုင်နှုန်းစီ ရရှိကြသည်။ နိုင်းလ်မြစ်ဖြစ်တည်ရာသည် ဆူဒန်နိုင်ငံဟု ဆိုရမည်ဖြစ်ပါသည်။
၁၉၆၀ခုနှစ်က အီဂျစ်သမ္မတ"နာဆာ"သည် ဆိုဗီယက်အကူအညီဖြင့် အက်စ၀မ်ရေကာတာကြီးကို တည်ဆောက်၍ နိုင်ငံအတွက် လိုအပ်သော ရေအားလျှပ်စစ်ကို ထုတ်ယူခဲ့သည်။ (ပြင်ပရောင်းချမှုမရှိပါ။ )  ထိုစဉ်က လူဦးရေ နည်းပါးသည့်အလျှောက်ပြောပလောက်အောင် ထင်ရှားသိသာမှု မရှိသေး။ အသိဥာဏ်မဖွံ့ ဖြိုးသေးချေ။ “သမ္မတနာဆာ “ကိုလည်း  လူထုက ကြည်ညိုလေးစားခဲ့ကြသည်။
Blue Nile Falls (Tis Issat) at Lake Tana
သို့ သော် အက်စ်ဝမ်ဆည်ကြီးတည်ဆောက်မှုအတွက်  တဲမ်ပဲလ်ဝတ်ကျောင်းတခု နှင့်  ဂီဇာ ပိရမစ်ကြီး (၁၇)ခုပါဝင်ပေးဆပ်လိုက်ရသည်။  ဒေသခံလူပေါင်း (၉၀၀၀၀)တို့ သည် မိမိတို့ အိုးအိမ်ကို စွန့်ခွာ ထားရစ်ခဲ့ကြရပြီး  အချို့က မိမိတို့ နေအိမ်မှ  ၂၈မိုင် အချို့က ၃၇၀မိုင် ဝေးကွာသော အရပ်ဒေသများသို့အပြီးအပိုင်ပြောင်းရွှေ့သွားကြရသည်။ ယခုအခါ အာဖရိကသည်လူဦးရေ မမျှတမှု မိုးခေါင်မှု အစာရေစာပြတ်လပ်မှုပေါင်းစုံတို့ဖြင့်  ပြည်သူများသည်အထိနာခဲ့ရသည်မို့ အသိဥာဏ်ကြွယ်ဝခဲ့ပြီ။ နိုင်းမြစ်တလျှောက် ရေကာတာများ အချိုးကျ တည်ဆောက်ထားမှုကိုလည်း  မလိုလားကြတော့။ အီဂျစ်သည် မိမိတို့၏အသက်သွေးကြော မိမိတို့  မှီခိုရှင်သန်နေရသော နိုင်းလ်မြစ်ကြီးကိုရေစီးရေလာ နှေးကွေးအောင်  အထက်မှ ပိတ်ဆို့ဟန့်တားထားသည်ကို မကြည်ဖြူတော့။ နောက်ထပ်၍အတားအဆီးများ  အလိုမရှိကြတော့။ မိမိအထက်မှ တည်ဆောက်နေသည့် ဆည်များကြောင့် အီဂျစ်သည် ယခုအခါသောက ဝေနေရပြီဖြစ်သည်။ လိုအပ်လျင် အီဂျစ်က မိမိတို့ရရှိထားသည့် ဗီတိုအာဏာကို ထုတ်သုံးမည် သို့မဟုတ် စစ်ပြုမည်ဟု အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်စပြုလာသည်။
White Nile, Uganda - Itanda
တရုတ်ကလည်းပါးနပ်သည်။  ခြေလှမ်းအလွန်ကြဲသည်။ ဒေါ်လာတွေပိုက်ပြီး ကမ္ဘာတခွင် ပြဲပြဲစင် ခရီးလှည့်သည်။ ငွေတွေ ပုံအောရင်းနှီးသည်။ တရုတ်၏ ရင်းနှီးမြုပ်နှံမှုဖြင့် နိုင်းလ်မြစ်ဖျားတွင် အထက်အောက်   မာရ၀ီရေအားလျှပ်စစ် ရေကာတာများပိတ်ဆို့ တည်ဆောက်ခဲ့သဖြင့် ရှေးဟောင်းရှားပါး  ဂန္ဒ၀င်လက်ရာ အဆောက်အဦးများပျက်သုဉ်းရခြင်းအပေါ် လူထုက မကျေမနပ်ဖြစ် ကန့်ကွက်နေသည်။ ပတ်ဝန်းကျင်ရေမြေတောတောင် ပျက်စီးယိုယွင်းမှုအပေါ် ဝေဖန် တိုက်ခိုက်လာကြသည်။ အီသီယိုပီးယားတွင် မိုးခေါင်ရေရှားဖြစ်မှုကြောင့် ရေပြဿနာ အကြီးအကျယ် ပေါ်ပေါက်ခဲ့သည်။ အငတ်ဘေးပြသနာများဆိုက်ရောက်သည်။ ထိုအချိန်မှာမှ အကြောင်းရင်းကို မှန်းဆသိရှိလာသည်။
Men pull each other across Blue Nile River by rope prior to Bridges to Prosperity building new bridge
အီဂျစ်တွင် မူဘာရက် အစိုးရ ပြုတ်ကျအပြီး နောက် လူထုက ရေကာတာများဆက်လက်တည်ဆောက်မှုကို ရပ်ဆိုင်းရန် တောင်းဆိုလာကြသည်။ အစိုးရအဖွဲ့ အစည်းများ၏ ရပ်တည်မှုကို စိစစ်လာကြသည်။ ရွေးကောက်ပွဲ မတရားမှုဖြင့် အနိုင်ရထားသော အီသီယိုးပီးယားအကျင့်ပျက်ခြစားအစိုးရနှင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးမှ  အလိုရှိနေသော ဆူဒန်သမ္မတတို့ကို  တရုတ်နိုင်ငံက ပူးပေါင်းသိမ်းသွင်းထားသည်။ ဆူဒန်မှ ရေနံတွင်းများတွေ့ရှိလာမှုအပေါ် လက်ဦးမှုရယူလိုသည်။ တရုတ်သည် မြန်မာနိုင်ငံ မြစ်ဆုံစီမံကိန်းနှင့်အလားတူ နိုင်းလ်မြစ်တွင်လည်း ငွေပင်ငွေရင်းများစွာ ရင်းနှီးမြုပ်နှံ မတည်ကာ မိမိကိုယ်ကျိုးအတွက် အလုံးအရင်း စိုက်ထုတ် ဆောက်လုပ်နေဆဲဖြစ်သည်။
View of Nile River delta, Red Sea & Sinai Peninsula from space
ယခုအခါ အုပ်ချုပ်သူအစိုးရအဖွဲ့အစည်းများ မိမိတို့ လုပ်လိုသမျှ လုပ်ခွင့်မရှိတော့ပါ။ အာဖရိကပြည်သူလူထုသည် နိုးကြားတက်ကြွလာသည်။  ဒီမိုကရေစီကို အူလှိုက်သဲလှိုက် တောင်းဆိုနေကြပြီ။ ဆူဒန်လူထုက တရုတ်သံရုံးကိုသွားရောက် ကန့်ကွက်သည်။ အစိုးရက အကြမ်းဖက်နှိမ်နင်းသည်။ လူအသေအပျောက်ရှိသည်။

နျူးဘီးယားတွင် ဆည်တည်ဆောက်ခြင်းကို ပြည်သူလူထုက အလိုမရှိ Save  Nubia ဟု အော်သည်။   China stop building dams in Nubia ဟု အော်သည်။ နိုင်းလ်မြစ်ရှင်သန်ဖွံ့ ဖြိုးရေးကိုသာ အလိုရှိကြသည်။ နိုင်းမြစ် အင်အားချိနဲ့ ပိန်ပါးသွားမည်ကို နိုင်ငံ အားလုံးက မလိုလားကြ။ နောက်ထပ်ဆည်များ ဆောက်လုပ်လာမှုကို အလိုမရှိကြတော့။ ဧရာဝတီကိုမြန်မာတွေချစ်သလို ရှင်သန်စိုပြည်စေချင်သလို အီဂျစ်တွေလည်း နိုင်းလ်မြစ်ကို ချစ်သည်။ ရှင်သန် စိုပြည်ကြစေချင်ပါသည်။

Longest River Nile
ခု ကြည့်ပါ။ နိုင်းလ်မြစ်ဖျားတလျှောက်မှနေ မာလ၀ီရေကာတာများ အထက်အောက်  ဆီးဆို့ ပိတ်ထားခြင်းအတွက် အီဂျစ်က သူ့နိုင်ငံကို အန္တရာယ်ရှိစေသည်ဟု ယူဆသည်။ အီဂျစ်သည် များစွာ စိုးရိမ်ပူပန်လာသည်။ အီဂျစ်အတွက်  အရေးတကြီး ဦီးစားပေး ဖြေရှင်းရတော့မည့် အနေအထားမှာ ရှိလာသည်။
ယခုတော့ ..
အကြောင်းအမျိုးမျိုးကြောင့် အီဂျစ်ပြည်သူပြည်သားများ နိုးထလာချေပြီ။
ရေလုပွဲ ဖြစ်စရာရှိလာသည်။ ကိုလိုနီဘ၀က ရရှိထားသည့် အခွင့်အာဏာကို သုံးစွဲကောင်း သုံးစွဲလာနိုင်သည်။ ရေကို အကြောင်းပြု၍အိမ်နီးချင်းနိုင်ငံအချင်းချင်း စစ်မက်ဖြစ်ပွားလာနိုင်ြပန်ရာ  သူတို့သည် သွေးကြွ ဆူပူလွယ်တတ်သူများဖြစ်သည့်ကြောင့်  စစ်မက်ဖြစ်ပွားလျှင် သွေးချောင်းစီးလာသည်အထိ ကြီးမားကျယ်ပြန့်လာနိုင်သည်ဟု နိုင်ငံတကာက သုံးသပ်ဝေဖန်ကြပါသည်။

Florist

Source: internet