ခရမ်းရောင်ကို အမျိုးမျိုးစာဖွဲ့ကြပါတယ်။ ခရမ်းရောင်ဟာ တော်ဝင်တယ်။ ရှေးခေတ်က ရောမ၊ ဂရိ၊ ပါရှား ဧကရာဇ်မင်းတွေဟာ ခရမ်းရောင်ဝတ်ရုံကြီးတွေ တဖားဖားဝတ်ဆင်ခဲ့ကြတယ်တဲ့။ ဘီစီ ၁၉၀၀ မှာ မြေထဲပင်လယ်ထဲက ခရိဆိုတဲ့ဂရိကျွန်းလေးမှာ နေထိုင်ကြတဲ့မီနိုရမ်လူမျိုးတွေက ခရမ်းရောင်ဆိုးဈေးကို စပြီးသုံးစွဲခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေတွေ့ခဲ့ကြတယ်လို့ ဆိုကြတယ်။ အဲဒီထက်ရှေးကျတဲ့ ၁၆၀၀ ဘီစီလောက်မှာ မြူးရက်စ်ပင်လယ်ခရုတွေရဲ့ အကျိအချွဲကနေ ထုတ်ယူခဲ့ကြတယ် လို့လည်းဆိုပြန်တယ်။





