Friday, March 2, 2012

ဒဏ္ဍာရီထဲက တော်ဝင်တဲ့ ခရမ်းရောင်

ခရမ်းရောင်ကို အမျိုးမျိုးစာဖွဲ့ကြပါတယ်။ ခရမ်းရောင်ဟာ တော်ဝင်တယ်။ ရှေးခေတ်က ရောမ၊ ဂရိ၊ ပါရှား ဧကရာဇ်မင်းတွေဟာ ခရမ်းရောင်ဝတ်ရုံကြီးတွေ တဖားဖားဝတ်ဆင်ခဲ့ကြတယ်တဲ့။ ဘီစီ ၁၉၀၀ မှာ မြေထဲပင်လယ်ထဲက ခရိဆိုတဲ့ဂရိကျွန်းလေးမှာ နေထိုင်ကြတဲ့မီနိုရမ်လူမျိုးတွေက ခရမ်းရောင်ဆိုးဈေးကို စပြီးသုံးစွဲခဲ့ကြတယ်ဆိုတဲ့ အထောက်အထားတွေတွေ့ခဲ့ကြတယ်လို့ ဆိုကြတယ်။ အဲဒီထက်ရှေးကျတဲ့ ၁၆၀၀ ဘီစီလောက်မှာ မြူးရက်စ်ပင်လယ်ခရုတွေရဲ့ အကျိအချွဲကနေ ထုတ်ယူခဲ့ကြတယ် လို့လည်းဆိုပြန်တယ်။

Living Fashion Magazine, March 2012

2 comments:

  1. အရောင်တွေထဲမှာ အကြိုက်ဆုံးလို့တောင် ပြောလို့ရတယ်။ လွင်နေတဲ့ ခရမ်းရောင်ကို ကြိုက်တယ် :)

    ReplyDelete
  2. ခရမ်းရောင်တွေနဲ့ တောက်ပနေတဲ့ ပိုစ့်လေးကို သေချာလေး ဖတ်ခဲ့ပါတယ် အစ်မ...

    ReplyDelete