ယူရိုငွေစက္ကူ မွေးနေ့ရှင်လေးဟာ ၁၀နှစ်ပြည့်ခဲ့ပြီ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ အဲဒီငယ်ရွယ်သူလေးက မွေးနေ့ပွဲကျင်းပဖို့ စိတ်ပါလက်ပါသိပ်မရှိလှပါဘူး။ ပြီးခဲ့တဲ့ ၁၀နှစ်မှာ ယူရိုဘဏ်ကနေ ငွေစက္ကူလေး မွေးဖွားခဲ့ပါတယ်။ ဒီအချိန်အခါကို မှတ်မှတ်သားသားဖြစ်စေချင်ကြတယ်။ ဥရောပဗဟိုဘဏ်ကနေပြီး ဗီဒီယိုတစ်ခုပြုလုပ်ဖို့ တန်ဖိုးရှိလှတဲ့ယူရိုတချို့ကို သုံးစွဲခဲ့ပါတယ်။
အခုသတင်းမှာပြထားတဲ့ဗီဒီယို ကောက်နှုတ်ချက်မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ခံစကားပြောသူက ပြောတယ်။ “ဥရောပဟာ တံတားတွေကို တည်ဆောက်ပြီး မျှော်လင့်ချက်တွေအသက်သွင်းလိုက်တယ်။ အဲဒါဟာ လူတွေ သူတို့အနာဂါတ်ကို စိတ်ချယုံကြည်မှုအပြည့်နဲ့ ကြည့်မြင်နိုင်စေပါတယ်။” တဲ့။
တကယ်ပဲလား၊ မျှော်လင့်ချက်တွေ၊ စိတ်ချယုံကြည်မှုတွေ တကယ်ပဲရှိကြပြီလား။ ဥရောပဗဟိုဘဏ်က ကျွန်တော့်မှာရှိတဲ့သတင်းကိုပဲ ဖတ်ရုံဖတ်သွားခဲ့လေသလား”၊ အဲဒီဗီဒီယိုက ငွေစက္ကူတွေကိုဆွဲဆောင်ဖို့ သူတို့ဘာသာမြှောက်ပင့်ကြိုးပမ်းတာပါ။ ဗီဒီယိုထဲက နောက်ခံစကားပြောသူက ပြောပြန်တယ်။ “အဆုံးသတ်တွေကို ချိတ်ဆက်နေရာချပေးခဲ့ပါပြီ။ ပြောင်းလဲမှုတွေအတွက်ထုတ်လုပ်ခဲ့တဲ့ ၁၄.၉ဘီလီယံငွေစက္ကူတွေဟာ လကမ္ဘာနဲ့ အသွားအပြန်၅ကြိမ်စာကျော်ခဲ့ပါပြီ”။
တော်တော်လေးကို အထင်ကြီးလောက်စရာပါပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီ ၁၄.၉ဘီလီယံယူရိုငွေစက္ကူတွေကို အမြဲကြည့်ရှုစစ်ဆေးကြည့်ဖြစ်ခဲ့ပါသလား။ သူတို့ဟာ ကော်မတီက ပြဿနာကို ဒီဇိုင်းထွင်ပြောင်းလဲထားတဲ့ သရုပ်သကန်ပါ။ ပြောရရင် အဲဒီရုပ်ပြောင်းရုပ်လွှဲဒီဇိုင်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက မတိုက်ခိုက်နိုင်အောင်အသေအချာလုပ်ထားကြတယ်။ ငွေစက္ကူတွေမှာ နိုင်ငံခေါင်းဆောင်တွေရေးဆွဲမထားဘူး။ နယ်မြေအမှတ်အသားတွေမပါဘူး၊ ကိုယ်ပိုင်အထောက်အထားတစ်ခုမှရှိမနေဘူး။ ငွေစက္ကူတွေရဲ့ နောက်ကျောဘက်မှာရေးဆွဲထားတဲ့ တံတားတွေနဲ့ အရှေ့ဘက်မှာဆွဲထားတဲ့ ဗိသုကာအဆောက်အဦးဒီဇိုင်းတွေဟာ ဘယ်နိုင်ငံမှာမှ ရှိမနေပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေ ယူရိုရေ၊ သက်ရှည် ကျန်းမာစွာနဲ့ ကမ္ဘာ့စီးပွားရေးကမောက်ကမ၊ အထိတ်တလန့်ဖြစ်နေရတာတွေကို အဆုံးသတ်ပေးနိုင်ပါစေပေါ့။ ။
အခုသတင်းမှာပြထားတဲ့ဗီဒီယို ကောက်နှုတ်ချက်မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ခံစကားပြောသူက ပြောတယ်။ “ဥရောပဟာ တံတားတွေကို တည်ဆောက်ပြီး မျှော်လင့်ချက်တွေအသက်သွင်းလိုက်တယ်။ အဲဒါဟာ လူတွေ သူတို့အနာဂါတ်ကို စိတ်ချယုံကြည်မှုအပြည့်နဲ့ ကြည့်မြင်နိုင်စေပါတယ်။” တဲ့။
တကယ်ပဲလား၊ မျှော်လင့်ချက်တွေ၊ စိတ်ချယုံကြည်မှုတွေ တကယ်ပဲရှိကြပြီလား။ ဥရောပဗဟိုဘဏ်က ကျွန်တော့်မှာရှိတဲ့သတင်းကိုပဲ ဖတ်ရုံဖတ်သွားခဲ့လေသလား”၊ အဲဒီဗီဒီယိုက ငွေစက္ကူတွေကိုဆွဲဆောင်ဖို့ သူတို့ဘာသာမြှောက်ပင့်ကြိုးပမ်းတာပါ။ ဗီဒီယိုထဲက နောက်ခံစကားပြောသူက ပြောပြန်တယ်။ “အဆုံးသတ်တွေကို ချိတ်ဆက်နေရာချပေးခဲ့ပါပြီ။ ပြောင်းလဲမှုတွေအတွက်ထုတ်လုပ်ခဲ့တဲ့ ၁၄.၉ဘီလီယံငွေစက္ကူတွေဟာ လကမ္ဘာနဲ့ အသွားအပြန်၅ကြိမ်စာကျော်ခဲ့ပါပြီ”။ တော်တော်လေးကို အထင်ကြီးလောက်စရာပါပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီ ၁၄.၉ဘီလီယံယူရိုငွေစက္ကူတွေကို အမြဲကြည့်ရှုစစ်ဆေးကြည့်ဖြစ်ခဲ့ပါသလား။ သူတို့ဟာ ကော်မတီက ပြဿနာကို ဒီဇိုင်းထွင်ပြောင်းလဲထားတဲ့ သရုပ်သကန်ပါ။ ပြောရရင် အဲဒီရုပ်ပြောင်းရုပ်လွှဲဒီဇိုင်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက မတိုက်ခိုက်နိုင်အောင်အသေအချာလုပ်ထားကြတယ်။ ငွေစက္ကူတွေမှာ နိုင်ငံခေါင်းဆောင်တွေရေးဆွဲမထားဘူး။ နယ်မြေအမှတ်အသားတွေမပါဘူး၊ ကိုယ်ပိုင်အထောက်အထားတစ်ခုမှရှိမနေဘူး။ ငွေစက္ကူတွေရဲ့ နောက်ကျောဘက်မှာရေးဆွဲထားတဲ့ တံတားတွေနဲ့ အရှေ့ဘက်မှာဆွဲထားတဲ့ ဗိသုကာအဆောက်အဦးဒီဇိုင်းတွေဟာ ဘယ်နိုင်ငံမှာမှ ရှိမနေပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေ ယူရိုရေ၊ သက်ရှည် ကျန်းမာစွာနဲ့ ကမ္ဘာ့စီးပွားရေးကမောက်ကမ၊ အထိတ်တလန့်ဖြစ်နေရတာတွေကို အဆုံးသတ်ပေးနိုင်ပါစေပေါ့။ ။
Source: စီအန်အန်သတင်းထောက် ဖယ်ရိဒ်ဇာကေးရီးယားရဲ့ Happy (?) 10th birthday to the euro
ယူရိုရဲ့ သမိုင်း
ယူရိုရဲ့တည်ရှိမှုက ၁၉၉၉ ဇန်န၀ါရီ ၁ ရက်နေ့မှာပါ။ ဒါပေမဲ့ အီးယူရဲ့ရည်မှန်းချက်အဖြစ် ၁၉၆၀ကတည်းက စတင်ခဲ့ပါတယ်။ လက်တွဲလုပ်ဆောင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးနောက် အီးယူသဘောတူညီချက်(Maastrich Treaty) အရ ၁၉၉၃မှာ ယူရိုငွေကြေးတစ်ခုတည်းသုံးစွဲဖို့ ဖိအားတွေပေးလာခဲ့ကြတယ်။ ယူကေက ဆန့်ကျင်ခဲ့ပါတယ်။ ၁၉၉၉မှာ အီးယူပြည်နယ်တွေအားလုံး စီးပွားရေးနဲ့ငွေကြေးယူနီယံ သဘောတူညီချက်အရ ယူရိုငွေကြေးကို သုံးစွဲလာကြပေမဲ့ ယူကေနဲ့ ဒိန်းမတ်နိုင်ငံက ခြွင်းချက်ပါ။ ၁၉၉၉မှာ ယူရိုငွေကြေးအသက်ဝင်ခဲ့ပါတယ်။ ၂၀၀၂ မှာမှ ငွေစက္ကူနဲ့ ငွေအကြွေစေ့ ဖြန့်ဝေ အသုံးပြုခဲ့ကြပါတယ်။
| Image | Value | Dimensions (millimetres) | Main Colour | Design | |||
|---|---|---|---|---|---|---|---|
| Obverse | Reverse | Architecture | Century | ||||
| €5 | 120 × 62 | Grey | Classical | < 5th | |||
| €10 | 127 × 67 | Red | Romanesque | 11–12th | |||
| €20 | 133 × 72 | Blue | Gothic | 13–14th | |||
| €50 | 140 × 77 | Orange | Renaissance | 15–16th | |||
| €100 | 147 × 82 | Green | Baroque & Rococo | 17–18th | |||
| €200 | 153 × 82 | Yellow | Art Nouveau | 19–20th | |||
| €500 | 160 × 82 | Purple | Modern 20th century | 20–21st | |||
