Tuesday, January 10, 2012

ပျော်ပါရဲ့လား မွေးနေ့ရှင်

ယူရိုငွေစက္ကူ မွေးနေ့ရှင်လေးဟာ ၁၀နှစ်ပြည့်ခဲ့ပြီ။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာကတော့ အဲဒီငယ်ရွယ်သူလေးက မွေးနေ့ပွဲကျင်းပဖို့ စိတ်ပါလက်ပါသိပ်မရှိလှပါဘူး။ ပြီးခဲ့တဲ့ ၁၀နှစ်မှာ ယူရိုဘဏ်ကနေ ငွေစက္ကူလေး မွေးဖွားခဲ့ပါတယ်။ ဒီအချိန်အခါကို မှတ်မှတ်သားသားဖြစ်စေချင်ကြတယ်။ ဥရောပဗဟိုဘဏ်ကနေပြီး ဗီဒီယိုတစ်ခုပြုလုပ်ဖို့ တန်ဖိုးရှိလှတဲ့ယူရိုတချို့ကို သုံးစွဲခဲ့ပါတယ်။

အခုသတင်းမှာပြထားတဲ့ဗီဒီယို ကောက်နှုတ်ချက်မှာ မြင်တွေ့နိုင်ပါတယ်။ နောက်ခံစကားပြောသူက ပြောတယ်။ “ဥရောပဟာ တံတားတွေကို တည်ဆောက်ပြီး မျှော်လင့်ချက်တွေအသက်သွင်းလိုက်တယ်။ အဲဒါဟာ လူတွေ သူတို့အနာဂါတ်ကို စိတ်ချယုံကြည်မှုအပြည့်နဲ့ ကြည့်မြင်နိုင်စေပါတယ်။” တဲ့။


တကယ်ပဲလား၊ မျှော်လင့်ချက်တွေ၊ စိတ်ချယုံကြည်မှုတွေ တကယ်ပဲရှိကြပြီလား။ ဥရောပဗဟိုဘဏ်က ကျွန်တော့်မှာရှိတဲ့သတင်းကိုပဲ ဖတ်ရုံဖတ်သွားခဲ့လေသလား”၊ အဲဒီဗီဒီယိုက ငွေစက္ကူတွေကိုဆွဲဆောင်ဖို့ သူတို့ဘာသာမြှောက်ပင့်ကြိုးပမ်းတာပါ။ ဗီဒီယိုထဲက နောက်ခံစကားပြောသူက ပြောပြန်တယ်။ “အဆုံးသတ်တွေကို ချိတ်ဆက်နေရာချပေးခဲ့ပါပြီ။ ပြောင်းလဲမှုတွေအတွက်ထုတ်လုပ်ခဲ့တဲ့ ၁၄.၉ဘီလီယံငွေစက္ကူတွေဟာ လကမ္ဘာနဲ့ အသွားအပြန်၅ကြိမ်စာကျော်ခဲ့ပါပြီ”။

တော်တော်လေးကို အထင်ကြီးလောက်စရာပါပဲ၊ ဒါပေမဲ့ ခင်ဗျားတို့ အဲဒီ ၁၄.၉ဘီလီယံယူရိုငွေစက္ကူတွေကို အမြဲကြည့်ရှုစစ်ဆေးကြည့်ဖြစ်ခဲ့ပါသလား။ သူတို့ဟာ ကော်မတီက ပြဿနာကို ဒီဇိုင်းထွင်ပြောင်းလဲထားတဲ့ သရုပ်သကန်ပါ။ ပြောရရင် အဲဒီရုပ်ပြောင်းရုပ်လွှဲဒီဇိုင်းတွေကို အဖွဲ့ဝင်နိုင်ငံတွေက မတိုက်ခိုက်နိုင်အောင်အသေအချာလုပ်ထားကြတယ်။ ငွေစက္ကူတွေမှာ နိုင်ငံခေါင်းဆောင်တွေရေးဆွဲမထားဘူး။ နယ်မြေအမှတ်အသားတွေမပါဘူး၊ ကိုယ်ပိုင်အထောက်အထားတစ်ခုမှရှိမနေဘူး။ ငွေစက္ကူတွေရဲ့ နောက်ကျောဘက်မှာရေးဆွဲထားတဲ့ တံတားတွေနဲ့ အရှေ့ဘက်မှာဆွဲထားတဲ့ ဗိသုကာအဆောက်အဦးဒီဇိုင်းတွေဟာ ဘယ်နိုင်ငံမှာမှ ရှိမနေပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ပျော်ရွှင်ချမ်းမြေ့သောမွေးနေ့ဖြစ်ပါစေ ယူရိုရေ၊ သက်ရှည် ကျန်းမာစွာနဲ့ ကမ္ဘာ့စီးပွားရေးကမောက်ကမ၊ အထိတ်တလန့်ဖြစ်နေရတာတွေကို အဆုံးသတ်ပေးနိုင်ပါစေပေါ့။            ။

Source: စီအန်အန်သတင်းထောက် ဖယ်ရိဒ်ဇာကေးရီးယားရဲ့ Happy (?) 10th birthday to the euro

ယူရိုရဲ့ သမိုင်း

ယူရိုရဲ့တည်ရှိမှုက ၁၉၉၉ ဇန်န၀ါရီ ၁ ရက်နေ့မှာပါ။ ဒါပေမဲ့ အီးယူရဲ့ရည်မှန်းချက်အဖြစ် ၁၉၆၀ကတည်းက စတင်ခဲ့ပါတယ်။ လက်တွဲလုပ်ဆောင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ရပြီးနောက် အီးယူသဘောတူညီချက်(Maastrich Treaty) အရ ၁၉၉၃မှာ ယူရိုငွေကြေးတစ်ခုတည်းသုံးစွဲဖို့ ဖိအားတွေပေးလာခဲ့ကြတယ်။ ယူကေက ဆန့်ကျင်ခဲ့ပါတယ်။ ၁၉၉၉မှာ အီးယူပြည်နယ်တွေအားလုံး စီးပွားရေးနဲ့ငွေကြေးယူနီယံ သဘောတူညီချက်အရ ယူရိုငွေကြေးကို သုံးစွဲလာကြပေမဲ့ ယူကေနဲ့ ဒိန်းမတ်နိုင်ငံက ခြွင်းချက်ပါ။ ၁၉၉၉မှာ ယူရိုငွေကြေးအသက်ဝင်ခဲ့ပါတယ်။ ၂၀၀၂ မှာမှ ငွေစက္ကူနဲ့ ငွေအကြွေစေ့ ဖြန့်ဝေ အသုံးပြုခဲ့ကြပါတယ်။

2002 Series
ImageValueDimensions
(millimetres)
Main ColourDesign
ObverseReverseArchitectureCentury
EUR 5 obverse (2002 issue).jpgEUR 5 reverse (2002 issue).jpg€5120 × 62
GreyClassical< 5th
EUR 10 obverse (2002 issue).jpgEUR 10 reverse (2002 issue).jpg€10127 × 67
RedRomanesque11–12th
EUR 20 obverse (2002 issue).jpgEUR 20 reverse (2002 issue).jpg€20133 × 72
BlueGothic13–14th
EUR 50 obverse (2002 issue).jpgEUR 50 reverse (2002 issue).jpg€50140 × 77
OrangeRenaissance15–16th
EUR 100 obverse (2002 issue).jpgEUR 100 reverse (2002 issue).jpg€100147 × 82
GreenBaroque & Rococo17–18th
EUR 200 obverse (2002 issue).jpgEUR 200 reverse (2002 issue).jpg€200153 × 82
YellowArt Nouveau19–20th
EUR 500 obverse (2002 issue).jpgEUR 500 reverse (2002 issue).jpg€500160 × 82
PurpleModern 20th century20–21st
images Ref : wikipedia

9 comments:

  1. ဗဟုသုတတွေအတွက် ကျေးဇူးပါပဲ၊ သြော် ယူရို ယူရို

    ReplyDelete
  2. မှတ်သားသွားပါတယ်ဗျာ

    ReplyDelete
  3. ငွေကြေးတိုင်းမှာ သမိုင်းတွေ ကိုယ်စီနဲ့...။
    ဒီက သုံးနေတဲ့ ငွေကြေးသမိုင်းကိုလည်း သိချင်လိုက်တာ ဖြိုးဖြိုးရာ...

    ReplyDelete
  4. ခုဆို ယူရိုငွေက တော်တော်လေး အရေးပါနေပြီ...
    ဘော်လုံးသမား အပြောင်းအရွှေ့ တွေမှာ ဖတ်ရင် အရင်က ပေါင်သန်း ဘယ်လောက်နဲ့ ပြောကြပေမယ့်လို့ ခုဆိုရင် ယူရိုဘယ်လောက်နဲ့ ဆိုပြီးတော့ဘဲ ပြောကြတော့တယ်...

    ReplyDelete
  5. ကိုယ်မကိုင်နိုင်သော်လည်း
    ကမ္ဘာကြီးကို ကောင်းကျိုးပြုတဲ့ ယူရိုဖြစ်ပါစေလို့ ဆုတောင်းပေးသွားပါကြောင်း...

    ReplyDelete
  6. ဟန်ကြည်January 12, 2012 at 4:28 AM

    အခုမှပဲ ယူရိုဆိုတဲ့ မောင်မင်းကြီးသားကို အကောင်လိုက် မြင်ဖူးတော့တယ် ဖြိုးဖြိုးရေ...လောလောဆယ် မကိုင်ရသေးပေမယ့် မြင်ဖူးထားတော့လည်း ဆရာဦးသန်းထွန်းပြောသလို “ မ-အ တော့တာပေါ့ ”

    ReplyDelete
  7. ဦးရို တို့ ဒေါ်လှ တို့ကတော့ ကိုယ်နဲ့သိပ်မတည့်လို့ ခင်ခင်မင်မင် မရှိလှပါဘူးလေ.. ကိုယ်တွေက ခြင်္သေ့တွေ၊ ဆင်တွေကြားမှာ တောကစားနေရတဲ့သူတွေ မဟုတ်လား..ဟီးဟီး

    ReplyDelete
  8. မကိုင်ဖူးသေးပါ။ သို့ သော် ပြောခဲ့လိုက်ပါမည်။ ဟက်ပီးဘတ်ဒေး ပါလို့ ။ ကျနော်တို့ ဆီက ကျပ်ကလေးလည်း အဲ့လို မွေးနေ့ လေး ကောင်းကောင်းမွန်မွန် ကျင်းပနိုင်ကြပါစေလို့ လည်း....... အင်း

    ReplyDelete
  9. ကျေးဇူးတင်ပါတယ်။ မသိသေးတာတွေ သိလိုက်ရလို့ပါ။ ဒါမျိုးဆောင်းပါးမျိုးကတော့ စာရေးတတ်ရုံ၊ ဘာသာပြန်တတ်ရုံနဲ့တော့ မရဘူးလို့မြင်ပါတယ်။

    ReplyDelete