၂၁ရာစုအမေရိကန် နိုင်ငံရပ်ခြား သံခင်းတမန်ခင်းဆက်ဆံရေးများနှင့် ပတ်သက်၍ရှင်းလင်းထားသော America’s Other Army စာအုပ်သစ်မှ ကောက်နှုတ်ဖေါ်ပြချက်။ တစ်စောင်တည်းသာ ဖေါ်ပြခွင့်ရရှိသော စာအုပ်ပါ သံတမန်များနှင့် တွေ့ဆုံ ဆွေးနွေးချက်များ ဝေဘန်ရှင်းလင်း ပြောဆိုချက်များကို “နီကိုလပ်စ်ခရာလော့ဗ်”က ၂၀၁၂ခု စက်တင်ဘာလထုတ် Foreign Policy မဂ္ဂဇင်းတွင် ဖေါ်ပြခဲ့သည်။
ဘဲလ်ဂရိတ်မြို့က အမေရိကန်သံရုံး သံအမတ်ကြီး ကမ်မရွန် မမ်န်တာ မှတ်မိနေသည်။ ၂၀၀၈ခုနှစ် ဖေဖေါ်ဝါရီလအတွင်းက ဆာဗီးယားပြည်နယ်တခုဖြစ်တဲ့ ကိုဆိုဗို ခွဲထွက်လွတ်မြောက်ခွင့်ရတဲ့ ကိစ္စနှင့် ပတ်သက်ပြီး ၀ါရှင်တန်က ပြစ်ဒါဏ်ချမှတ်ခဲ့ခြင်းအပေါ် ဆူပူလိုသူ လူတစုဟာ ဘောလုံးကွင်းမှာ လူသူစုရုံးပြီး “ဘဲလ်ဂိတ် “ရှိ အမေရိကန်သံရုံးမှာ ဆန္ဒပြခဲ့ကြပုံကိုပါ။ အဓိကရုဏ်းနှိမ်နင်းရေး ရဲတွေကို သူက တောင်းပန်ခဲ့တယ်။လူအုပ်ကြီး သံရုံးရှေ့ ရောက်မလာမီ မှာပဲ ရဲတွေ တဖြည်းဖြည်းလျော့နည်းပျောက်ကွယ်သွားတယ်။ ရဲတွေဟာ ဘတ်စ်ကားတွေနှင့် မောင်းနှင်ထွက်ခွာသွားကြတာပါ။ လူအုပ်ကြီးလဲ ရောက်လာရော အဲဒီမှာ တယောက်မှ မရှိတော့ဘူး။ သံရုံးအစိတ်အပိုင်းတခုကတော့ မီးလောင်ခဲ့တယ်။ ဆန္ဒပြသမားတွေဟာ မူးရူးနေပုံပါ သူတို့ ထဲက တယောက်ဟာ သူ့ကိုယ်သူ မီးရှို့ခဲ့တယ်။ သံအမတ်ကြီး က ပြန်ပြောပါတယ်။ တော်တော်များများက ခြံစည်းရိုးကို ကျော်တက်ကြတယ်တဲ့။ အမေရိကန် မရိန်းတပ်သားတွေလည်း ခြံဝိုင်းကို စောင့်ရှောက်ကြရတဲ့အခါ သူတို့  တရားမျှတအောင် ဘာတွေလုပ်ရမယ် သို့ မဟုတ် ဘယ်လို ကာကွယ် ရမယ်ဆိုတာ သိရှိနားလည်ကြတဲ့အတွက် ကျွန်တော် အားရ ကျေနပ်မိတယ် တဲ့။ သံအမတ်ကြီးဟာ ၁၉၈၅ခုနှစ်ကတည်းက ပါကစ္စတန်မှာ သံအမတ်အဖြစ် ထမ်းဆောင်ခဲ့တယ်လို့  များမကြာမီက ၂၀၁၂ခုအစောပိုင်း အဇ္ဇလာမာဘတ်မြို့ မှာ အင်တာဗျူး လုပ်ခဲ့စဉ်က ပြောပြခဲ့တယ်။
သံရုံးအရာရှိတွေဟာ လူစုပြီးတိုက်ခိုက်လာလိမ့်မယ်ဆိုတာသိရှိတဲ့အတွက် ကြိုတင် ပြင်ဆင်မှု ပြုလုပ်ထားတာမို့ အမေရိကန်သံရုံးဝန်ထမ်းတွေ တယောက်မှ ထိခိုက်ဒါဏ်ရာ မရှိခဲ့ဘူး။အဆောက်အဦးအတွင်းမှာရှိတဲ့ သံရုံးအဖွဲ့ဝင် တဦးနှင့် သံအမတ်ကြီးအပါအ၀င် တို့သာ လုပ်ကြံခံရချိန်မှာ ရှိနေကြတယ်။ ချက်ခြင်းပဲ ဆန္ဒပြသမားများဟာ သံရုံးခြံဝန်အတွင်း ထိုးဖေါက် ၀င်ရောက်နိုင်ဖို့ ကြိုးစားးလာကြတယ်။သန်းနှင့်ချီပြီး တန်ဘိုးရှိတဲ့ဆက်သွယ်ရေး လမ်းကြောင်းတွေ ပစ္စည်းကရိယာတွေ..ချုပ်ငြိမ်းရပ်တန့်သွားပြီ။
နောက်နေ့မှာ သံရုံး မိသားစုများနှင့် သံရုံးအနီးက ရပ်ကွက်သုံးခုတွင် အခြေချနေထိုင်သူများ ကို လုံခြုံစိတ်ချရတဲ့ “ဘဲလ်ဂရိတ်”ပြင်ပ တနေရာသို့ ပြောင်းရွှေ့ ပေးခဲ့တယ်။ “စိတ်ဆိုးနေတဲ့သူတွေကို တုံ့  ပြန်ဖို့  ဒီနည်းဟာ အသင့်တော်ဆုံးပါပဲ” တဲ့။သံအမတ်ကြီးက “ကိုဆိုဗို” ကို လွမ်းလွမ်းဆွေးဆွေး သတိတရပြောသည်။ “ခရိုအေးရှားမြို့  တော် “”ဇာခရက်” က အမေရိကန်စာသင်ကျောင်းမှာ ကျွန်တော်တို့  ခလေးတွေ စာသင်ကြရတယ်။ အဲဒီက သံရုံးနှင့် ဟိုတယ် ခန်းတွေမှာ စီစဉ်ပေးထားပါတယ်” တဲ့။ ဘာပဲဖြစ်ဖြစ် သံရုံးအရာရှိအများစု ဒီမျှ ကံမကောင်းကြပါ။ အသေအချာကို အတိုက် အခိုက် ခံခဲ့ကြရတာပါ။ အမေရိကန် “ဘင်ဂါဇီ” ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရစဉ်သံအမတ်ကြီး “ခရစ်စ်တိုဖါ စတီဗင်ဆင် “ကတော့ မီးလောင်ကျွမ်းနေတဲ့ အဆောက်အဦးအတွင်းမှာ ပိတ်မိနေခဲ့တယ်။ သူဟာ မီးခိုးမှုံတွေ မွန်ထူပြီးသေဆုံးသွားခဲ့တယ်။ အခြားသံရုံး အရာရှိ သုံးဦး လုပ်ကြံ သတ်ဖြတ်ခံကြရတယ်။ ၀ါရှင်တန်နှင့် အီဂျစ်အစိုးရတို့ အကြား တင်းမာမှုတွေ အရှိန်မြှင့်တက်နေဆဲကာလ မှာ ပေမဲ့ ကိုင်ရိုက သံရုံးမှာတော့ သိသိသာသာကြီးဖေါက်ထွက်နိုင်ခဲ့ လို့ တဦးတလေမှ အသေအပျောက် မရှိခဲ့ဘူး။
၂၀၀၈ခုနှစ်ထဲမှာ သံအမတ်ကြီး “ကင်မရွန် မမ်န်တာ”ဟာ “ဘဲလ်ဂရတ်”က သံရုံးတွင် ရှိနေစဉ်သံရုံးကို စွန့် ခွာ ထွက်သွားခဲ့ခြင်းမပြုဘူး။ သူက ဒီတိုက်ခိုက်မှုအပေါ် တာဝန်ရှိတယ်လို့  ခံစားရပြီး တန်ပြန်အနေနှင့် ဆာဗီးယဲ န်ဝန်ကြီးချုပ် “ဗိုဂျီဇလပ်ကို့ စ်တူနီကာ”ကို နောင် ငါးလအကြာမှာ ကျင်းပတော့မယ့် ရွေးကောက်ပွဲ မှာပြုတ်ကျသွားဖို့ လိုလားနေတယ်။ “မမ်န်တာ” က သူ့ ကို ပြုတ်ကျသွားစေရမယ်လို့ လည်း ဆုံးဖြတ်ထားတယ်။ ယခင် ဆာဘီးယားသမ္မတ “ဆလိုဘိုဒင် မီလိုဆီဗစ်” ဦးဆောင်ခဲ့တဲ့ ဆာဘီးယားဆိုရှယ်လစ်ပါတီ ကို ထောက်ခံအားပေးပြီး ဥရောပနှင့်ဆက်သွယ်ရင်းနှီး နိုင်ဖို့ မျှော်လင့်ထားတာပါ။ တစ်ခါက “ မီလိုဆီဗစ်” နှင့် ထိပ်ဆုံးနေရာအတွက် စိန်ခေါ်အားပြိုင်ခဲ့ဖူးတဲ့ ခေါင်းဆောင်သစ် “အိုင်ဗီကာ ဒါဆစ်ခ်“”ကိ ကျွန်တော်တို့ သိမ်းသွင်းထားပါတယ်။ သူ့ကို ထွက်မသွားစေချင်ပါဘူး တဲ့။ သံအမတ်ကြီးက ဆိုသည်။ သူ့ ကို နိုင်ငံတကာ ရှေ့မှောက်မှာ တရားဝင် ဖြစ်စေချင်ပါတယ် တဲ့။ ကျွန်တော်တို့ အနေနှင့် စပိန် မှာဆိုရင် ၀န်ကြီးချုပ် “ဂျို့ စ် လူးဝစ် စ် ရိုဒရီဂူးအက်ဇ် ဇာပါတီရို” ဂရိမှာဆိုရင် “ဂျော့ဂ်ျ ပါပင်ထရီယူ” တို့ကို အနာဂတ် အဖြစ် မှန်းဆရည်စူးထားတာပါ လို့ သူကပြောပါတယ်။ မှန်းဆရည်စူးထားသည့်အတိုင်း လည်း သံအမတ်ကြီးရဲ့  လက်စားချေတုံ့ ပြန်မှုဟာ အောင်မြင်ပါတယ်။ ရွေးကောက်ပွဲ မှာ “ကို့ စ်တူနီကာ” ရှုံးသွားခဲ့ပါတယ်။
“စတီဗင်ဆင်” နှင့် အခြားသံဝန်ထမ်းများလိုဘဲ “မမ်န်တာ” ဟာ “အီရတ်” “ပါကစ္စတန်” နှင့် “ဆားဘီးယား”တို့မှာ သံရုံးဝန်ထမ်းအဖြစ် တာဝန်ယူခဲ့သူဖြစ်တယ်။ ၂၇နှစ် ကြာလာတဲ့အခါ နိုင်ငံခြားသံတမန်ဝန်ထမ်းဘ၀မှ အနားယူဖို့ ပြင်ဆင်ပါတယ်။ ဒီမျှ ရှည်ကြာစွာ တာဝန်ယူလာခဲ့ပြီးနောက်ပိုင်း သူက “အမေရိကန် တွေရဲ့  နိုင်ငံခြားရေး မူဝါဒတွေမှာ ခေတ်မမှီတော့ဘူး။ ဆီလျော်မှု မရှိတော့ဘူး တောက်ပြောင်လင်းလက်မှု မရှိ မှေးမှိန် အားလျော့လာပြီ “ဆိုတာ သုံးသပ် လက်ခံလာရတယ်။ သံတမန်တွေ ဖြတ်သန်းလာရတဲ့ ခရီးတလျှောက်မှာ ဘုရင် နှင့် မိဖုရားလွှမ်းမိုး ကြီးစိုးတဲ့ခေတ်။ သမ္မတ နှင့် ၀န်ကြီးချုပ်များလွှမ်းမိုး ကြီးစိုးတဲ့ခေတ် စသည် အချိန်တော်တော်များများဖြုံးတီးပြစ်ခဲ့ကြရပီဖြစ်တယ်။ နိုင်ငံရပ်ခြား မြို့တော်ကြီးများ က လူတွေ တခဲနက် တောင်းဆိုနေကြတာက တော့ မိမိတို့ရဲ့ ဘ၀လုံခြုံမှု ကို ခြိမ်းခြောက်နေတဲ့ အန္တရယ်တွေ ကင်းဝေးစေဖို့ ပါဘဲ။ဒါက သံတမန်တွေအပေါ်မှာလည်း မူတည်နေတာပါ။
ကျွန်တော့်ရဲ့ “America’s Other Army” စာအုပ်အသစ်ထဲမှာ ရှာကြည့်ရင် အကြောင်းရင်းကို တွေ့မှာပါ။ကန် ကျွန်တော်ဟာ သံရုံးနှင့် ကောင်စစ်ဝင်ရုံး ၅၀ ကျော်က နိုင်ငံရပ်ခြားတာဝန်ယူနေရသူ သံအရာရှိ (၆၀၀) ကျော်နှင့် တွေ့ ဆုံ မေးမြန်း ဆွေးနွေးခဲ့ပြီးပါပြီ။ သူတို့ဟာ တစုံတရာ ဘာကိုမှ မှတ်မှတ်ထင်ထင် မပြောနိုင်ခဲ့ကြပါဘူး။ ကျိန်းသေ ပြောနိုင်တာက သူတို့ဟာ လူသာမန်တွေလိုပါဘဲ။ အိမ်နှင့် ဝေးကွာစွာ တာဝန်ထမ်းဆောင်နေရသူများဖြစ်လို့ အရာရာကို အရှုံးပေးလက်မြှောက်ပြီး အချိန်တန်ရင် တနေရာက တနေရာ ပြောင်းရွှေ့ နေကြရတာထက် ဒီ့ထက်ပိုလို့  သူတို့  ဘာကို တတ်နိုင်ကြဦးမလဲ။
အမေရိကန် သံတမန်များရဲ့ ဘ၀ဟာ နေ့စဉ်နှင့်အမျှ ဘေးဥပါဒ်အန္တရယ်နှင့် ရင်ဆိုင်နေကြရတာပါ.ကျွန်တော် သုတေသနပြု သွားလာခဲ့တဲ့ ခရီးတလျှောက်မှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရတာတွေက မော်တော်ကား အကြမ်းဖက် တိုက်ခိုက်ခံရမှု၊ ပြန်ပေးဆွဲမှု၊ ချောင်းမြောင်းပြစ်ခတ်မှု၊ ဓါးပြမှု တွေ နှင့် ပြွမ်းတီးလို့ နေတယ်။ ဒီဆိုးကျိုးတွေရဲ့  အဓိက ပြစ်မှတ်က သံတမန် အရာရှိတွေ ပါဘဲ။ သူတို့  အသတ်ခံနေကြံရတယ်။
၂၀၀၈ခုနှစ် နှစ်သစ်အကူး နေ့ကြီးမှာ USAID လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အမေရိကန် အေဂျင်စီ မှ အသက် ၃၃နှစ်သာရှိသေးတဲ့ ဂျွန် ဂရန်ဗေးလ် ဆိုသူ အမေရိကန်အရာရှိကလေးတဦးဟာ ဆူဒန်သံရုံးကအပြန် သေနတ်ပစ်ခံလိုက်ရတယ်။
၂၀၀၂ခုနှစ်က USAID ကဘဲ အသက် ၆၀ အရွယ် “လောရင့် ဖေါလေး” ဆိုသူ ဂျော်ဒန်က သူ့ အိမ်ကိုအပြန် ညအခါ သေနတ်ပြစ်ခံခဲ့ရတယ်။ ၁၉၆၈ခုနှစ်က ဂျွန်ဂေါ်ဒွန်မိန်း ဆိုသူ အသက်၅၄နှစ်ရှိ ဂွာတီမာလာ သံရုံး သံအမတ်ကြီး ဓါးပြတွေ လက်ချက်နှင့် အသက်ပေးခဲ့ရတယ်။ ၁၉၇၉မှာတော့ လစ်ဗျားသံရုံးသံအမတ်ကြီး စတီဗင် အသတ်ခံခဲ့ရတယ်။ အာဖဂန် မှာ အဒေါ့ဖ်ဒျူစ် အသတ်ခံရတယ်။ ဖိလစ်ပ် ဖရေနီ ကတော့ ၂၀၀၃ခုနှစ်က ကိုင်ရို မှာ တာဝန်ကျခဲ့တဲ့ နိုင်ငံရပ်ခြားသံ တမန်တဦးပါ။ သူက ပြောပါတယ်။ ၁၉၉၃ခုနှစ်မှာတုံးက ရီမင်မှာ ဌာနဆိုင်ရာမှ မိမိ ကားမောင်းလာစဉ် လူသုံးယောက် ကားကို လုယူထွက်ပြေးခဲ့တယ် နောက် ၆လအကြာမှာတော့ အဲဒီကားကို ရီမင် သမတနန်းတော် ကားပတ်ကင်မှာ တွေ့မြင်ခဲ့ရကြောင်းသူက ပြောပြတယ်။ သံတမန်လိုင်စင်ကပ်ပြားမလဲရသေးပါဘူး တဲ့။ ကျွန်တော် သမ္မတရဲ့ လူတွေ လို့ မထင်မိဘူး တဲ့။ အဲဒီနှစ်ထဲမှာဘဲ။ ကွန်တော်ရဲ့  ဘော့စ် ပြည်သူ့ ဆက်ဆံရေး အရာရှိ ဟေးနီ မမ်ဟန်းနီး လည်း သီတင်းတပတ် ပြန်ပေးဆွဲ ခံခဲ့ ရတယ် လို့  သူက ဖြည့်စွက် ပြောပြတယ်။ ၂၀၀၃မှာ ကွန် မက္ကဆီကို မှာ တွေ့ခဲ့ရတာက လော်ရာ ကလယ်ရာချီ ဆိုသူ အငြိမ်းစားအရာရှိ ဟာ ခလေး ၆ယောက် မိတ်ဆွေ သုံးယောက်တို့ နှင့်ဂွာတီမာလာမှာ ကားမောင်းလာစဉ် ခြုံခို တိုက်ခိုက်ခံရတယ်။ “သူတို့လိုချင်တာ ပိုက်ဆံပါ၊ ကျွန်မတို့ ၀ါရှင်တန်ကို ပြန်လာခဲ့ကြတယ်” တဲ့။ ဒီလိုပါဘဲ၊ နိုင်ငံရပ်ခြားမှာ အမေရိကန်တွေ နည်းမျိုးစုံနှင့် အတိုက်ခိုက်ခံနေကြရတာပါ။ လျှပ်တပြက်ကျည်သင့်ပြစ်ခတ်ခြင်း။ လမ်းဘေးထောင်ဗုန်းသင့်ခြင်း ခြုံခိုတိုက်ခိုက်ခြင်း၊ ရော့ကက်နှင့်ထုခြင်းစသည် နည်းမျိုးစုံပါပဲ။
မြောက်ကိုးရီးယားက ယူရီကင်မ် ဆိုသူ ကိုဒရီးယားမကလေးကတော့ တေးဂီတကို အကြောင်းပြုပြီး နယူးရော့ခ် ကို ရောက်ရှိလာသူပါ။ သူမဟာ ပြုံယမ်းရဲ့ အနုမြူ လက်နက်တွေကို တစစီ ဖြုတ်သိမ်းလို့ ငြိမ်းချမ်းလိုတဲ့ ဆန္ဒနှင့် ရောက်ရှိလာတာပါ။ သူမဟာ အင်ကာရာ ကိုလည်း သွားရောက်ပြီး တူရကီ ၀န်ကြီးချုပ်နှင့် ဆီးရီးယား သမ္မတရဲ့ အကြမ်းဖက်နိုမ်နင်းနေမှုကိုလဲ အဆုံးသတ်စေလိုတဲ့ ဆန္ဒနှင့် ဖိအားပေးဖို့တာင်းဆိုလာသူပါ။ ဒီလိုဘဲ နိုင်ငံတကာမှာနည်းမျိုးစုံနှင့် သံတမန်များ လှုပ်ရှားသွားလာကြရပါတယ်။
ဒီနှစ်လည်းတူရကီရဲ့  အိမ်နီးချင်းနီုင်ငံတခုဖြစ်တဲ့ အီရတ်မှာ လက်နက် ရောင်းဝယ်ဖေါက်ကားသူ ဒေးဗစ် လင်းထ်ဝေါလ် ဟာ ဘက္ကဒက်အစိုးရနှင့် သန်းနှင့်ချီသော စစ်သုံးလေယာဉ်များ ရောင်းချဖို့ လာရောက်ခဲ့တယ်။ တစ်ဘက်မှာကြည့်ရင်လည်း ဒေဗစ် လင်းထ် ဝေါလ် ဟာ ဂွာတီမာလာနိုင်ငံမှာ ခလေးသူငယ်များ အဟာရပြည့်ဝဖို့  ကူညီထောက်ပံ့နေသူဖြစ်တယ်။ ဟေတီနိုင်ငံ မှာ ၂၀၁၀ခုနှစ် ငလျင် ဘေးသင့်စဉ်က သူ့အိမ်က လေး ပြိုပျက်ခဲ့ရပြီး သူသာ ထိုစဉ်က သူ့ အိမ်မှာ ရှိနေခဲ့ရင် အမှန်တကယ် သူသေဖို့ ပါဘဲ။ ခုတော့ သူဟာ ကဘူးမြို့တော်မှာ ရှိနေတာပါ။ အမေရိကန် ၀န်ထမ်း အချို့က ကူရမ်ကျမ်းစာမိတ္တူများ ကို မီးတင်ရှို့ ခဲ့ကြတယ်။ အဖဂန်ပြည်သူပြည်သား ၂၆ယောက် သေဆုံးခဲ့ရာမှာ အများစုက ခလေးနှင့် မိန်းမတွေ ဖြစ်နေပါတယ်။ ဒါ့အပြင်တန်ပြန်အနေနှင့် ခံကြရတာက သံရုံးမိသားစုတွေလည်းဖြစ်နေပြန်တယ်။
နျူကလီးယား ကိစ္စစေ့စပ်ဆွေးနွေးရန်၊ ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရန်၊ ခလေးသူငယ်ရောင်းဝယ်ဖေါက်ကားမွေးစားခြင်းကိစ္စပြုပြင်ရန်၊ လက်နက်ရောင်းဝယ်ဖေါက်ကားခြင်းကိစ္စဖျက်သိမ်းရန်၊ သဘာဝဘေးဒါဏ်များ ကြိုတင်ကာကွယ်ရန်စသည်တို့ဟာ နိုင်ငံတိုင်းမှာ အရေး ပါတဲ့ ကိစ္စတွေဖြစ်ပါတယ်။
နိုင်ငံရပ်ခြား အမေရိကန် ၀န်ထမ်းများအား ကြိုဆိုခြင်း
အမေရိကန်ဟာ ကမ္ဘာလုံးဆိုင်ရာ အရေးကြီး ဇတ်ရုပ်အခန်းကဏ္ဍတွေမှာ ရင်းနှီးနွေးထွေးစွာ အမြဲ အသင့်ရှိနေရမယ်။ ဒါဟာ အံ့သြစရာမရှိပါဘူး။ လူထုဆက်ဆံရေး ကိစ္စရပ်တိုင်း သူတို့ ရဲ့  လုပ်ဆောင်ချက်တိုင်းမှာ ပိုမိုကျယ်ပြန့်စွာ တိုးမြှင့် တည်ရှိနေတယ်။ အမျိုးသားလုံခြုံရေးမှာ မဟာဗျူဟာမြောက် တွေခေါ်မြော်မြင်မှု ရှိရန်လည်း လိုမယ်။ နိုင်ငံကြီးပွားချမ်းသာဖို့ ဆိုတာ လုံခြုံရေးဟာ အဓိက အခန်းကဏ္ဍမှာရှိနေပြန်တယ်။ လူ့ အခွင့်အရေး၊ ဒီမိုကရေစီနှင့် သာတူညီမျှ ဆက်ဆံရေးစသည်တို့ကပါ နောက်ဆက်တွဲ အနေနှင့် အရေးတကြီး ကိစ္စရပ်များအဖြစ် တွဲပါလာတတ်တယ်။
၂၀၁၀ မှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အမေရိကန်ရဲ့  ပြောင်းလဲလာတဲ့ မူဝါဒအသစ်များကို ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ် ရှင်းလင်း ဖေါ်ပြခဲ့တယ်။ ဒီကနေ့ ကမ္ဘာကြီးဟာ အကြမ်းဖက်မှုများ၊ ခြိမ်းခြောက်မှုများရာဇ၀တ်မှုများ၊ သဘာဝကပ်ဘေးဒါဏ်များ၊ ကမ္ဘာအနှံ ပြန့်နှံ့ဖြစ်ပေါ်လာသော ကပ်ရောဂါများ၊ နိုင်ငံအနှံ့ဆက်နွယ်ပတ်သက်မှုများ စသည် တဦးတယောက် တနိုင်ငံတည်းဖြေရှင်းမရနိုင်တော့ဘူး။ စုပေါင်းဖြေရှင်းမှသာ အရာရာ င်္ပြီးမြောက်နိုင်မဲ့ အနေအထားမှာ ရှိနေတယ်။ စက်တင်ဘာ ၁၁ရက် တိုက်ခိုက်မှု ဟာ သိသာထင်ရှားတဲ့ သာဓကတခုပါဘဲ။ ၂၀၁၀ခုနှစ်က မစ္စက် ကလင်တန် ဒီအကြောင်း ကျွန်တော့ကို ပြောဖူးတယ်။ “တဦးကောင်း တယောက်ကောင်းနှင့် ပြဿနာတိုင်းဖြေရှင်းလို့မရနိုင်ကြောင်း သူမ ကျွန်တော့ကို ပြောခဲ့ဖူးတယ်။တ ည်ငြိမ်အေးချမ်းသော ကမ္ဘာကြီးကို ဖန်တီးဖို့  ၀ိုင်းဝန်းကြိုးပမ်းကြရမယ်။ ပြည်ပကို ထွက်ခွာပြီး မိတ်ဆွေဖွဲ့ ကြရမယ်။ ကျွန်မတို့ နှင့် အေးအတူ ပူအမျှ ဒိုးတူပေါင်ဖက် မျှဝေခံစားနားလည်ပေးမဲ့ မိတ်ဖက်တွေ များများ ရှိရမယ်”တဲ့။
မနက် ၃နာရီမှာ “မမ်န်တာ “ ရဲ့ မိုဘိုင်းဖုန်းက မြည်နေတယ်။ “အိပ်မယ်လုပ်ပါမှ အတွေးတခုက ၀င်လာတယ်ဗျ။ ကျုပ်တို့  ဟယ်လီကော့ပ်တာ တစင်း ပစ်ချခံရတယ်လို့သတင်းရတယ် ခင်ဗျာ့ ဟာများလား လို့ ”။ ကျွန်တော့အမေးကို သူမဖြေပါဘူး။ သူက ယူနီဖေါင်းလည်း ၀တ်ထားခြင်းမရှိပါဘူး။ ဒီသတင်းကို လှို့ဝှက်ထားချင်ဟန်တူတယ်။ အနည်းဆုံး နာရီ အနည်းငယ်လောက်ပေါ့။ ခု သူ ပါကစ္စတန်မှာ သံအမတ်အဖြစ် ရှိနေတယ်လေ။ ၂၀၀၂ခု မေ ၂ရက်နေ့ ။ မမ်န်တာ ဟာ ကမ္ဘာ့အကြီးဆုံးရန်သူ အကြမ်းဖက်သမား “အိုစမာဘင်လာဒင်” ကျဆုံးခန်းဗွီဒီယို တိုက်ရိုက်လွှင့်ထုတ်မှု အစီအစဉ်ကို ကြည့်နေတယ်။ တကယ်တော့ သူနေတဲ့ နေရာကနေ အိုစမာဘင်လာဒင် ရှိတဲ့ နေရာနှင့်ဆို မိုင်၃၀ လောက်ဘဲ ကွာတာပါ။ ခွင့်ပြုချက် တစုံတရာ မရှိဘဲ ပါကစ္စတန်အစိုးရကို ထုတ်ဖေါ်မပြောဝံ့ပါဘူး။ ဒါပေမဲ့ “သမ္မတ ဘားရက် အိုဘားမား” မှ တရားဝင် ကြေငြာခဲ့တယ်။
အမေရိကန်အစိုးရနှင့် ပါကစ္စတန်အစိုးရတို့ ကြား နှစ်ဦးနှစ်ဘက် ဆက်ဆံရေးဟာ အေးစက်တင်းမာသွားပြီ တာရှည် ခိုင်မြဲ နိုင်ပါမည်လား။ အစောပိုင်းသုံးလမျှ သူတို့ ဆက်ဆံရေးပြိုကွဲသွားတာက အသေအချာပါ။ အိုစမာဘင်လာဒင်ဟာ နှစ်ပေါင်းများစွာ လှို့ဝှက် နေထိုင်လာခြင်းကို ပါကစ္စတန်အစိုးရက “လုံးဝမသိ”ဆိုတာ ဖြစ်နိုင်မလား။ ကမ္ဘာက မေးလာပြီ။ “ပါကစ္စတန်”ဟာ ဘယ်လို အစိုးရမျိုးပါလဲ။ ဘင်လာဒင် သေဆုံးအပြီးမကြာမှီ CIA ကန်ထရိုက်တာ ရေမွန် ဒါဗစ် ဟာ လျှို့ဝှက် အကာအကွယ် တောင်းခံထားပါလျက် သေနတ် ၂ချက် အပြစ် ခံရပြီး သေဆုံးသွားတယ်။ သံအမတ်ကြီး မမ်န်တာ ကတော့ ပါကစ္စတန်နီ အစိုးရကို “နိုင်ငံခြားတပ်ဖွဲ့တွေ သူ့လမ်းကြောင်းနှင့် သူ သူ့နယ်မြေအတွင်း ဘေးကင်းလုံခြုံစွာ သွားလာနိုင်ရမယ်။ တာဝန်ထမ်းဆောင်နိုင်ခွင့် ရှိတယ် ဆိုတာ ရှင်းရှင်းလင်းလင်းပြောထားပြီးပါ။
အော်ပရေးရှင်းအပြီး ရက်များစွာကုန်လွန်လာချိန်မှာ တနေ့  ပါကစ္စတန်နီ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာရှပ် ပါဗက် ခါရာနီ နှင့် တွေ့ ဆုံပြီး ဘင်လာဒင် စီးနင်းမှုနှင့် ပတ်သက်တဲ့ စာရင်း ဇယားတခု ( A list of thing) အိုဘားမား အုပ်ချုပ်ရေးအဖွဲ့  က အလိုရှိကြောင်း သွားရောက် ပေးအပ်ခဲ့တယ်။ ပါကစ္စတန်နီ အစိုးရဟာ အိုဘားမား အုပ်ချုပ်ရေး အဖွဲ့ နှင့် ပုန်းခိုနေသူ အကြမ်းဖက်သမားများကို ပူးပေါင်း ချေမှုံးနေပါလျှက် ထက်ကြပ်မကွာ ရှိနေသင့်ပါလျှက် ဘာ့ကြောင့် ဒီဖြစ်စဉ်မျိုး ဖြစ်ခဲ့ရသလဲ ဆိုတာ ဘ၀င်မကျနိုင်ပါဘူး။ ဒီစာရင်းကို သူလက်ခံ ရယူလိုက်ရင် အမေရိကန်ကို အရှုံပေး ရာ ရောက်မယ်လို့  ဗိုလ်ကြီး အာရှပ် ပါဗက် ခါရာနီ က ယူဆပုံရတယ်။ ဒါ့ကြောင့် ကျွန်တော် စာရွက် ကို သူ့ ဆီ ပြစ်ပေးခဲ့ကြောင်း ဒီအပြုအမူမျိုး သူ လုပ်မိတာဟာ အလွန်ရှားပါးပါတယ်လို့  သူက ဆိုတယ်။
“ကျွန်တော့်ကိုလည်း သူ့အခန်းတွင်းက မောင်းထုတ်ခဲ့တယ်”လို့ သူက ဆိုပါတယ်။ ခင်ဗျားဆက်ဆံတဲ့ပုံက "ဟိုး အောက်ကလူတွေကို ဆက်ဆံနေသလိုဘဲ" လို့ ကျွန်တော်တခွန်းပြောပြီး ထွက်လာခဲ့တယ်" တဲ့။ “သူဟာ ရိုင်းစိုင်းတဲ့လူတယောက်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေအရ လူရိုင်းပုံ ပေါက်နေတာပါ” တဲ့။ နိုင်ငံရပ်ခြားတာဝန်ထမ်းဆောင်ရတဲ့ ဧည့်သည်သံတမန်မျိုးနွယ်များဟာမိမိတို့ရဲ့ အိမ်ရှင် နိုင်ငံများအပေါ် မိမိတို့ ရဲ့  လုပ်ငန်းအလိုက် လေးစားမှု ရှိဖို့  လိုပါတယ်။ ဒါမှလည်း နှစ်နိုင်ငံ အကျိုးကို ပူးတွဲ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ ဒါမှလည်း နှစ်နိုင်ငံ အပြန်အလှန် ယုံကြည်မှု ခင်မင်မှု ပူးပေါင်းမှု များ ခိုင်မာစွာ တည်ဆောက်နိုင်မှာပါ။ “ဘင်လာဒင် စီးနင်းမှု မဖြစ်မီ လပေါင်းများစွာ မှာ သံအမတ်ကြီးဟာ တော်တော့်ကို ကြိုးစား ပူးပေါင်းနိုင်ခဲ့တယ်။ ဒါပေမဲ့ အကျိုးမဲ့ ဖြစ်ရပြီ။ ဘာဘဲဖြစ်ဖြစ် အမေရိကန်တွေရဲ့  အသက်ကို ပါကစ္စတန်နီ စစ်တပ်က ကယ်တင်နိုင်ခဲ့တာမျိုးလည်း ရှိပါတယ်။
ထောင်နှင့်ချီတဲ့ “အယ်လ်ကာရီဒါ “စစ်သွေးကြွတွေဟာ ပါကစ္စတန် နှင့် အဖဂန် နယ်စပ်မှာ ပုန်းခိုနေကြတယ်။ အမေရိကန်တပ်တွေ ချထားပေမဲ့လည်း စစ်သွေးကြွများက သူတို့ရဲ့ ဇာတိမွေးရပ်ဌာနီ ဖြစ်နေတာကြောင့် အမေရိကန်တွေထက် တိုက်ရေး ခိုက်ရေးမှာခြေတလှမ်းမက အသာစီးရ နေတာလည်းဖြစ်တယ်။ ဘင်လာဒင်နှင့် ကန်ထရိုက်တာ ရေမွန်ဒါဗစ် တို့ရဲ့ ဇတ်လမ်းတွဲတွေက ပြောပြနေတဲ့ ဥပမာတွေကို ကြည့်ပါ။ အမေရိကန်ပြည်ထောင်စုရဲ့ ရှည်ကြာတဲ့ မစ်ရှင် အဖွဲ့ နှင့်အတူ ဘယ်မျှ အချိန်တို တိုအတွင်း အောင်မြင်မှု ဘယ်လောက်ရခဲ့တယ် ဆိုတာ။ အလားတူပါဘဲ။ ကမ္ဘာတ၀ှမ်းဖြန့်ကျက်ကြည့်လိုက်ရင် ဒီလို ပုံစံမျိုးတွေ ရုရှား တရုတ် အပါအ၀င် နိုင်ငံ တော်တော်များများတွေ့ရမယ်။ ၀ါရှင်တန်ဟာ လိမ္မာပါးနပ်စွာ ထိန်းမတ်ပြီးတော့ ဟန်ချက်ညီညီ သတိပြု ကစားတတ်ဖို့  လိုအပ်ပါလိမ့်တယ်။ ဒီမိုကရေစီနှင့် လူ့ အခွင့်အရေး တောင်းဆိုမှု လူသိရှင်ကြား ထောက်ခံ ပေးမှု စသည် မော်စကို ၊ ဘေဂျင်း၊ မြောက်ကိုးရီးယား၊ အီရန် စသည်တို့နှင့် မဟာဗျူဟာကျကျ ကောင်းမွန်စွာ ကိုင်တွယ် ဖြေရှင်းနိုင်ဖို့  ပဓာန ကျတယ်။
“ဘင်လာဒင် စစ်ဆင်ရေး မျိုး အလားတူ ဖြစ်ခဲ့ရင် “သံအမတ်ကြီး မမ်န်တာ” က ပြောပါတယ်။ ဒါဟာ ထိုက်တန်ပါတယ်။ သမ္မတက ဒါကို တွက်ချက်ပြီးတော့ ထိုက်ထိုက်တန်တန် ဖြစ်အောင် တုံ့ပြန်လုပ်ဆောင်ရမှာပါ။ ဒါပေမဲ့ ဒါဟာ ကျီစားစရာတော့ မဟုတ်ဘူး။ ဆက်ဆံရေးတွေ ဆိုးဆိုးဝါးဝါး ကျဲသွားနိုင်တယ်။ ဆက်ဆံရေး ထူထောင်ရာမှာ လူတွေနှင့် ပြောဆိုရာမှာ တစ်ယောက်ပြောချင်တဲ့စကားကိုတစ်ယောက်က စိတ်ပါလက်ပါ နားထောင်ပေးရခြင်းဟာ အလွန်အရေးကြီးတယ်။ သံရုံး ပြိုကျရင် ပြေးသွားမယ်။ ပစ္စည်းပစ္စယတွေ ကယ်ထုတ်ဖို့ ဆိုတာ အလွန်ခဲယဉ်းမယ်။ ဘာ့ကြောင့် ဒီအလုပ်ဟာ အခက်ခဲဆုံး ဖြစ်နေရတာလဲ။ နိုင်ငံရပ်ခြား ၀န်ထမ်းဘ၀နှင့် အတိုင်းအတာ တစ်ခုအထိ ကျွန်တော် ဒီလို တွေ့ ကြုံ ခဲ့တာဖြစ်တယ်" တဲ့။
Source : Interviews with diplomats in the line of fire
Florist မြန်မာမှုပြုသည်။