Tuesday, September 4, 2012

ကားပြိုင်ပွဲက အလှဆုံးမိန်းကလေး

ဒန်နီကာပက်ထရစ် Danica (Sue) Patrick ဟာ အမေရိကန်အော်တိုကားပြိုင်ကားမောင်းသူလေး၊ ချစ်စရာမော်ဒယ်မိန်ကလေး၊ အသံသရုပ်ဆောင်သူလေးပါ။ အမေရိကန် ပရီးမီးယား IndyCar  ပြိုင်ပွဲစီးရီးတွေထဲက တစ်ဦးတည်းသော အောင်မြင်မှုအရဆုံးမိန်းကလေးဖြစ်ပါတယ်။ Indianapolis 500 မှာလည်း အမြင့်ဆုံးအဆင့် နံပါတ် ၃ ရရှိခဲ့ဖူးတယ်။ ၁၉၉၈ခုနှစ်ကနေ စတင်ပြီး ဒန်နီကာ ကားပြိုင်ပွဲလောကထဲ ပရော်ဖက်ရှင်နယ်အဖြစ် ၀င်လာခဲ့ပါတယ်။ ၂၀၁၀ မှာလည်း NASCAR ပြိုင်ပွဲတွေမှာ ပါဝင်ယဉ်ပြိုင်ခဲ့တယ်။

၁၉၈၂မှာ ဘဲလွိုက်၊ ၀ီစ်ကွန်စင်မှာမွေးဖွားခဲ့ပါတယ်။ အထက်တန်းကျောင်းမှာ အားကစားပွဲတွေမှာ အားပေးတဲ့အဖွဲ့လေးရဲ့ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ အသက် ၁၂ နှစ်အရွယ်ကစလို့ အမျိုးသမီးကားမောင်းပြိုင်ပွဲဝင်ဆန္ဒရှိလာခဲ့ပါတယ်။ ကလေးငယ်လေး ဒန်နီကာရဲ့ အိပ်ရာဝင် ပုံပြင်၊ ကာတွန်း တွေက ကားပြိုင်ပွဲတွေပဲလို့ဆိုတယ်။ မအိပ်ခင်မှာ ဖခင်က ကားပြိုင်ပွဲ ဗီဒီယိုခွေတွေဖွင့်ဖွင့် ပြပြီး သိပ်ခဲ့ရသတဲ့။
ဖခင်နဲ့ မိခင်တို့ကလည်း ကားပြိုင်ပွဲ အမာခံပရိတ်သတ်တွေဖြစ်နေကြတာကြောင့် မိဘတွေဆီကစိတ်ဝင်စားမှု ၀ါသနာအကုန်လက်ခံယူခဲ့တာပါ။ ကားတစ်စီးကို ဘယ်ဘယ်လိုထိန်းကျောင်းကိုင်တွယ်ရမလဲ ဆိုတာ သင်ပေးခဲ့တဲ့ ပထမဆုံးဆရာဟာ ဖခင် တီဂျေပါပဲ။ ဒန်နီကာ ဆုတံဆိပ်တွေ အောင်ပွဲတွေအများကြီးပဲ ကြုံဆုံရရှိခဲ့ပါတယ်။ ၂၀၀၀ Formula Ford မှာ ဒုတိယဆု ရခဲ့တယ်။

ကားပြိုင်ပွဲတွေမှာ ကြမ်းကြမ်းရမ်းရမ်းယှဉ်ပြိုင်ဖို့ အမြဲ အသင့်ဖြစ်နေခဲ့သူလေး ဒန်နီကာက မီဒီယာလုပ်ငန်းတွေမှာ မော်ဒယ်မလေးအဖြစ် သရုပ်ဆောင်ဖို့လည်း စိတ်ဝင်စားတာပါပဲ။ ချောမောလှပတဲ့ ဒန်နီကာရဲ့ ကျော်ကြားမှုကြောင့်ပဲ ပလေးဘွိုင်းမဂ္ဂဇင်းက ကမ်းလှမ်းခဲ့ပါတယ်။ ဒန်နီကာက ငြင်းဆန်လိုက်ပြီး ၂၀၀၇ ခုနှစ် ဇူလိုင်လထုတ်မှာတော့ +မေးခွန်း၂၀ + အစီအစဉ်မှာ ဖြေဆိုပေးခဲ့တယ်။ ဒန်နီကာ ကိုယ်တိုင်ရေးခဲ့တဲ့  အတ္ထုပတ္တိစာအုပ် Danica : Crossing the Line ၂၀၀၆ မှာ ထုတ်ဝေခဲ့ပါသေးတယ်။ ဂျေဇီရဲ့ ဗီဒီယို “Show me what you got” မှာ ဒန်နီကာ့ကို မြင်တွေ့လိုက်ကြရသေးတယ်။ အဲဒီဗီဒီယိုမှာ အီတလီလုပ် ပါဂနီဇွန်ဒါကားကိုမောင်းလျှက် ချစ်စဖွယ်မိန်းမငယ်လေးအသွင် နဲ့ သရုပ်ဆောင်ခဲ့ပါတယ်။
ဒန်နီကာက ယောဂလေ့ကျင့်ခန်းယူနေစဉ် သူမရဲ့ ကျန်းမာရေးကုထုံးပညာရှင် ပေါလ်အက်ဒ်ဝပ် နဲ့ ၂၀၀၅ မှာလက်ထပ်ခဲ့တယ်။ ဒန်နီကာရဲ့ အဖွားသေဆုံးခဲ့တဲ့ နာတာရှည်အဆုတ်ရောဂါအကြောင်း အသိပေးအဖွဲ့Drive4COPD မှာ ကုသိုလ်ဖြစ်ပါဝင်လှုပ်ရှားနေပါတယ်။ ဒန်နီကာရဲ့ ပရိတ်သတ်တွေအတွက် ဒန်နီကာမှာ ဘီလီဆိုတဲ့ ဂျာမန်ခွေးပုလေးရှိတယ်ဆိုတာ စကားလက်ဆောင်ပါးချင်ပါသေးတယ်။

အကြိုက်ဆုံး ဂီတက ကနေဒီယန်-အမေရိကန် ပေါပ့်ရောခ့်အဆိုတော် အလန်နစ်မိုရီဆက်ကို အကြိုက်ဆုံးပါတဲ့။
လေ့ကျင့်ခန်းဆိုရင်တော့ သူမရဲ့မမြင့်လှတဲ့အရပ်ကြောင့် ကိုယ်အလေးချိန် ပေါင် ၁၀၀ သာရှိနေတာမို့ အလေးချိန်တိုးအောင် လေ့ကျင့်ခန်းတွေလုပ်နေရပါတယ်။ ဒန်နီကာရဲ့ ပေါ့ပါးလှတဲ့ ကိုယ်အလေးချိန်ကြောင့် သူမရဲ့ ပြိုင်ကားလေးက ပိုပြီးပေါ့ပါ့သွက်လက်နေစေတယ်လို့ သူမရဲ့ ပြိုင်ဘက်တွေက ငြူစူတိုင်တန်းကြတာကြောင့်ပါ။
ပြီးတော့ ယောဂလေ့ကျင့်ခန်းတွေကိုလည်း စွဲစွဲမြဲမြဲလုပ်နေပါသတဲ့။       ။

ဒန်နီကာ ရဲ့ အမှတ်တရ ဆုတံဆိပ်တစ်ချို့
Nominated For: Favorite Female Athlete
Past KCA honors:
2011 Nominee, Favorite Female Athlete
2010 Nominee, Favorite Female Athlete
2009 Nominee, Favorite Female Athlete
2008 Winner, Favorite Female Athlete
Career Highlights:
2009 Winner, Third place (and Career High), Indy 500
2008 Winner, Indy Japan 300
2005 Rookie of the Year, Indy 500
2005 Rookie of the Year, Indy Car Series Season
Living Fashion Magazine, August, 2012

2 comments:

  1. အတိတ်ဘဝရဲ့ကိုယ်ပြုခဲ့သမျှ ကောင်းမှုကံစေတနာ အကျိုးပေးပေါ့နော် ရုပ်ရည်လှတယ် အရည်အချင်းရှိတယ် အားကျစရား)
    ဗဟုသုတတွေမျှဝေပေးတာကျေးဇူးပါ ဖြိုးဖြိုးရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ချစ်စရာ..အားကျစရာ..အတုယူစရာကောင်မလေးတစ်
    ယောက်အကြောင်းလေးသိရလို့ ..ကျေးဇူးပါမဖြိုးရေ...
    ခင်မင်နေတဲ့..မိုးနတ်

    ReplyDelete