Sunday, September 30, 2012

ပင်လယ်နက်ကို ရှာဖွေခြင်း

ပင်လယ်နက်ရဲ့ နေ၀င်ချိန်ကလေး
အရောင်တွေနှင့် ခွဲခြားသတ်မှတ်တဲ့ ပင်လယ်တွေထဲမှာ ပင်လယ်နက်လည်း တစ်ခုအပါအ၀င်ဖြစ်ပါတယ်။ Black Sea ဆိုတဲ့အမည်ဟာ အင်္ဂလိပ်တွေရဲ့ အခေါ်အဝေါ်ပါ။ ပင်လယ်နက်ကို ဂရိ၊ ဘယ်လ်ဂျီယန်၊ ဂျော်ဂျီယန်၊ ရိုမေနီယန်၊ ရုရှား၊ တူရကီ၊ ယူကရိန်း စသည်တို့ကလည်း မိမိတို့ ဘာသာစကားအရ တစ်မျိုးစီ ခေါ်ဝေါ်ကြပါတယ်။


ပင်လယ်နက်ကို အစောပိုင်းကာလတွေမှာ နွေးထွေးပျူငှာမှုကင်းမဲ့သူ ( Inhospitable)ရယ်လို့ ခေါ်ခဲ့ကြတာပါ။ ဂရိတို့ ကိုလိုနီ မပြုမီ ခေတ်မှာ ရေကြောင်းသွားလာမှု ခက်ခဲလွန်းတာမို့ တကြောင်း၊ ဒီဒေသမှာ မှီတင်းနေထိုင်ကြသူ လူမျိုးစုတွေကလည်း ရက်စက် ရိုင်းပျ လွန်းတာကြောင့်၎င်း ဂရိ-ရောမတွေက အလင်းကင်းမဲ့သူ (unlit) ခေါ်ရာမှ Black Sea ရယ်လို့  ဖြစ်သွားတာပါ။

ရှည်မျောတဲ့ ဘူလ်ဂေးရီးယားကမ်းခြေဒေသမှာဆိုရင် အနယ်အနှစ်တွေ သဲ နုံး ရွှံ့စတာတွေရေစီးနှင့်မျောပါပြီး ကြာလာတဲ့အခါ ရေပြင်မှာ ထိုးထွက်လာတဲ့ ကုန်းတန်းလေးတွေ သောင်ခုံလေးတွေ ဖွဲ့စည်းမိရက်သားဖြစ်တတ်တယ်။ တဲ့။

ဘူမိဗေဒဆိုင်ရာ အရင်းအမြစ်ကို ခြေရာခံ ပြန်ကြည့်ရင် အဆင့်ဆင့်ပြောင်းလဲ ဖြစ်ပေါ်တတ်တဲ့ သဘာဝ ဖြစ်စဉ်များအရ မူလက အဲဒီမြစ်ဝှမ်းတ၀ိုက်မှာ တက်တိုးနစ် (Tectonic) ပလိတ်ပြားများရဲ့ ဖိနှိပ် တွန်းထိုးမှုကြောင့် မြေသားအက်ကွဲခြင်း မြေကျွံခြင်း မြေသားဟိုသည်ပြန့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့ပြီး နှစ်ခြမ်းခွဲ ကွေ့ဝိုက်ဖြာထွက်စီးဆင်းတာမျိုးရှိနိုင်တယ်လို့ ဘူမိဗေဒပညာရှင်တစုက သုံးသပ်ကြတယ်။ ပလိပ်ပြားများ အချင်းချင်းဝင်ဆောင့်ရာမှာလည်း ကော့ကေးဆပ်စ်၊ ပွန်တိုက်ထ်၊ ကရိုင်းမီးယား၊ ဘော်လ်ကန် စတဲ့ တောင်တန်းများကိုလည်း ဖြစ်ပေါ်စေခဲ့တာပါ။ ဆက်လက်ပြီး Eurasian နှင့် Africian platesများအကြားဝင်ဆောင့်အပြီး အနောက်ဘက်ဒေသဆီ လွတ်ထွက်သွားရာမှမြောက် အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော (North Anatolian Fault) နှင့် အရှေ့ အနာတိုလီယဲန်မြေလွှာ ပြတ်ရွေ့ကြော တလျှောက် ပိတ်ဆို့လျှက် တက်တိုးနစ် ပလိတ် ရေစီးကြောင်းအတိုင်း တည်ရှိနေတယ်။ ဒါဟာ ပင်လယ်နက်ဒေသမှာ လည်း မြေသားကျွံကျခြင်းကို ဖြစ်ပေါ်စေပြီး အနတိုလီဒေသကိုပါ ထူးခြားတဲ့ တောင်လှုပ်ရှာမှုမျိုး ဖြစ်ပေါ်စေတယ်။

ကာလကြာမြင့်တဲ့အခါ ဘူမိဗေဒတည်ဆောက်မှု သဘောတရားအရ ကမ္ဘာ့သမုဒ္ဒရာကြီးများ အစဉ်အလာက ခွဲထွက်ပြီးတော့အကြောင်းအားလျော်စွာ ပင်လယ်နက်ဟာ သီးခြား တည်ရှိနေခြင်းဖြစ်တယ်။ ယနေ့ မြင်တွေ့နိုင်တဲ့ မြစ်ဝှမ်းအနေအထားကတော့ ကရိုင်းမီးယဲန်ဒေသကျွန်းဆွယ်မှ တောင်ဘက် တိုးပြီး The Danube discharge into the Black Sea ဒူးနာ့ဘ်မြစ်စီးဝင်တဲ့ ပင်လယ်နက်(ဒူးနာ့မြစ်ရဲ့ ရေထွက်ပေါက်ဟာ ပင်လယ်နက်ဖြစ်တယ်။ပင်လယ်နက်ဟာ ကမ္ဘာ့အကြီးဆုံး Meromictic အမျိုးအစားမြစ်ဝရှိတဲ့ ပင်လယ်ပါ။ ရေနက်ပိုင်းရေဟာ လေထုထဲက အောက်ဆီဂျင်ကို လက်ခံရယူသိမ်းဆည်းတဲ့ အပေါ်ယံအလွှာအထပ်တွေနှင့် ရောနှောခြင်းမရှိဘူး။ အဖြေကတော့ ပိုနက်တဲ့ ပင်လယ်ရေထုထည်ပမာဏ ၉၀%ကျော်ကျော်က အင်နိုးစစ်ရေ (anoxic water) ဖြစ်နေခြင်းပါဘဲ။ မြစ်ဝှမ်းတည်ရှိမှု ပထ၀ီအနေအထားအရ မြစ်ရေ စီးဝင်မှု က မြစ်ကြောင်းထိန်းသိမ်းရာမှာ အဓိက ကျတယ်။ ဖြည့်ဆီးဝင်ရောက်လာတဲ့ ရေက အားကောင်းတဲ့အလွှာအထပ်ထပ် ကို ဖြစ်စေပြီး တိကျတဲ့ ရေပမာဏကို ညီမျှစေတယ်။ အများအားဖြင့် အပေါ်ယံရေလွှာများက အေးမြပြီး အခိုးအငွေ့များစုပုံထူထပ်ခြင်းနှင့် ဆားပါဝင်ခြင်းကို လျော့နည်းစေတယ်။ မြစ်ကြောင်းဖြစ်ထွန်းမှုကို တိုးချဲ့တဲ့ သဘောပါဘဲ။ စင်စစ် ရေနက်ထဲက မူလရေနွေးများဟာ မက်ဒီတာရေးနီးယဲန်က (မြေထဲပင်လယ်)ဆားပျော်ဝင်ရေများပါဘဲ။ ဒီလို မြေထဲပင်လယ်ထဲက စုပုံစီးဝင်လာတဲ့ ရေဟာ လတ်ဆတ်တဲ့ ပင်လယ်နက်ထဲက စီးထွက်သွားတဲ့ ရေနှင့်ညီမျှပါတယ်။ နောက်ပြီး သူက မာမရာ(Marmara sea ) ပင်လယ်ထဲကို ဆက်လက်စီးဝင်သွားခဲ့တယ်။ သူ့အလွှာနှင့်သူ ဆားပါဝင်လည်း အညီအမျှပါ။

နာဆာက ပေးပို့ထားတဲ့ ပုံတွေအရ ပင်လယ်နက်မှာ နှစ်စဉ် ရေကြီးလေ့ရှိကြောင်း သိရတယ်။ ရှေးခေတ်ရေကြောင်းခရီးသွားလာသူများဟာ လှေ သင်္ဘောများ ပျက်စီးဆုံးရှးမှု နှစ်စဉ်ကြုံတွေ့နေရတာပါ။

စစ်အေးတိုက်ပွဲအပြီးမှာ ကမ္ဘာတ၀ှမ်းက ခရီးသွားဧည့်သည်များ ထောင်သောင်းချီလာရောက်ကြတယ်။ အားလပ်ရက်တွေမှာ အပန်းဖြေစခန်းများနှင့် ရေပူစမ်းတွေ ရှိရာ သွားရောက်နိုင်လို့ပါ။ လူသိများထင်ရှားတဲ့  အပန်းဖြေစခန်းတွေကတော့… 2 Mai (ရိုမေးနီးယား), Agigea (ရိုမေးနီးယား),. Ahtopol (ဘူဂေးရီးယား), Anaklia(ဂျော်ဂျီယာ ) တို့ပါဘဲ။

၁၉၃၆ ခုနှစ် Montreux သဘောတူညီချက်အရ နိုင်ငံ့ခေါင်းဆောင်များက မြေထဲပင်လယ်နှင့် ပင်လယ်နက်အကြား သင်္ဘောများသွားလာခုတ်မောင်းမှုကို ခွင့်ပြုခဲ့တယ်။ ပင်လယ်အတွင်း ကြောင်းထိန်းသိမ်းစောင့်ရှောက်ဖို့ကိုလည်း ဘလက်ဆီးယူကရိန်းရေတပ်အုပ်စုက တာဝန်ယူပေးဖို့ ရုရှားကပဲ သဘောတူညီခဲ့တယ်။ ပင်လယ်နက်ဟာ Dardanelles ရေလက်ကြားနှင့် Bosphorus ရေလက်ကြားတို့ကို မှီပြီး သမုဒ္ဒရာနှင့် ပေါင်းကူးချိတ်ဆက်ပါတယ်။ Dardanelles ရေလက်ကြားဟာ 55m ( 180.45ft )နက်ပြီးတော့ Bosphorus ရေလက်ကြားကတော့ 36m (118.11ft) သာ ရှိတဲ့အတွက် ရေတိမ်ပါတယ်။


ဒေသဆိုင်ရာ အဖွဲ့အစည်းများ
1992ခုနှစ်က အဓိက ပင်လယ်နက်ဒေသ နိုင်ငံများဖြစ်တဲ့ ဘူလ်ဂေးရီးယား၊ ရိုမေနီးယား၊ ဂျော်ဂျီယာ၊ရပ်ရှင်းဖယ်ဒရေးရှင်း။ ယူကရိန်း၊တူရကီ တို့ဟာ ပင်လယ်နက် ညစ်ညမ်းမှုကို တားဆီး ကာကွယ်ဖို့ မြစ်ကြောင်း စောင့်ရှောက်ထိန်းသိမ်းဖို့ကော်မရှင်တရပ်ဖွဲ့စည်းပြီး (The Commission on the Protecti0n of the Black Sea Against Pollution) သဘောတူ စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးအတည်ပြုခဲ့ကြတယ်။ မဟာဗျူဟာ စီမကိန်းတခုကို ချမှတ်ဖေါ်ဆောင်ခဲ့ကြတာပါ။ အလယ်ခေတ်က ပင်လယ်နက် ရှေးခေတ် ပင်လယ်နက် ရေတပ်အုပ်စု တခုကရီးမီးယဲန် စစ်ပွဲ မတိုင်မီရှေးအခါက ပင်လယ်နက်တခွင် ဟစ်တိုက်စ်၊ ဂရိစ်၊ ပါရှဲန်၊ ရိုမဲန်၊ ဂေါ့သ်၊ ဟန်စ်၊ ဆလပ်ဗ်စ်၊ ခရူဆိတ်တာ၊ လစ်သူးနီးယဲန်၊ ဂျော်ဂျီယဲန်၊ ပိုးလ်၊ တာတာ ၊အော့တိုမဲန် စတဲ့ လူမျိုးစုများ ကုန်ရောင်းကုန်ဝယ်ရွက်လွှင့်သွားလာခဲ့ကြဖူးတဲ့ ကမ္ဗည်းကျောက်စာများရှိကြောင်း သုတေသနပညာရှင်တို့က ဆိုပါတယ်။ ပင်လယ်နက်ဟာ အရှေ့ အနောက် တောင်မြောက် အရပ်ဒေသအားလုးကို ရွက်လွှင့်ထွက်ခွာနိုင်တဲ့ ခရီးလမ်းဆုံတခုလည်းဖြစ်တယ်။ ရှေးအခါက တည်းက ဘော်လ်ကန်မှ အနောက်ဘက် Eurasia မှ တောင်ဘက်၊ ကော့ကေးဆပ်နှင့်အလယ်အာရှမှ အရှေ့ဘက်.အာရှမိုင်းနား နှင့်မက်ဆိုပိုတေးမီးယားမှ တောင်ဘက်၊ ဂရိမှ အနောက်တောင်ဘက် စတဲ့ အရပ်ဒေသတို့ကို ရွက်လွှင့် သွားလာခဲ့ကြတယ်။

ဘလက်ခ်ဆီးရေလမ်းကြောင်းဟာ ရှေးကပင် အလွန်အသုံးများတဲ့လမ်းဆုံ တခုဖြစ်ခဲ့တာပါ။ ပထမကမ္ဘာစစ်မှာရော ဒုတိယကမ္ဘာစစ်မှာပါ အလွန်အရေးပါတဲ့ ရေကြောင်းလမ်း တခုဖြစ်ပါတယ်။ ရှေးခေတ်ဆိပ်ကမ်းမြို့ကြီးတွေဟာ ပင်လယ်နက်ကမ်းရိုးတန်းတွေမှာ အများဆုံးတည်ရှိနေတာပါ။ စစ်အေးတိုက်ပွဲ ပြီးဆုံးချိန်ကာလမှာ နီင်ငံရပ်ခြားခရီးသွားဧည့်သည်များ တဖွဲဖွဲလာရောက်ခဲ့ကြတယ်။ ရိုမေးနီးယားက 2 Mai နှင့် Agigea အပန်းဖြေ စခန်းနှစ်ခုဟာ နာမည်အကြီးဆုံးပါ။ ဘူလ်ဂေးရီးယား၊ တူရကီ နှင့် ဂျော်ဂျီယာတို့က အပန်းဖြေစခန်းများဟာလည်း အလားတူ နာမည်ကြီးတွေပါဘဲ။
Source : wikipedia
Living Fashion Magazine, October, 2012

Florist

0 comments:

Post a Comment