Showing posts with label ဆိုင်းရပ်စ်ရဲ့ အိမ်လေး. Show all posts
Showing posts with label ဆိုင်းရပ်စ်ရဲ့ အိမ်လေး. Show all posts

Friday, June 29, 2012

ဆိုင်းရပ်စ်ရဲ့ “ပျော်ရွှင်မှု”နဲ့ ပြည့်စုံတဲ့အိမ်လေး

လော့စ်အင်ဂျယ်လိစ်၊ ကယ်လီဖိုးနီးယား နဲ့ ဆန်ဖရန်စ္စကိုဝန်းရံထားတဲ့ Studio City မှာ အသက် ၁၉နှစ်အရွယ် အမေရိကန်ပေါပ့်အဆိုတော်မလေးမိုင်လီဆိုင်းရပ်စ်ရဲ့ ၂၀ရာစုအလယ်ပိုင်းကာလဒီဇိုင်းနဲ့ အိမ်လေးရှိနေတယ်။ ၁၉၅၂ခုနှစ်မှာတည်ဆောက်ခဲ့ပြီး ဒေါ်လာ ၃.၉ သန်းတန်ကြေးရှိပါသတဲ့။ တောင်ကုန်းတွေပေါ်မှာတည်ဆောက်ထားပြီး အေးချမ်းတိတ်ဆိတ်လှတယ်။ ဆိုင်းရပ်စ်ရဲ့ သရုပ်ဆောင်ဘ၀ကိုစတင်ခဲ့တဲ့ Walt Disney စတူဒီယိုနဲ့လည်း နီးနီးလေးပါပဲ။ ဒစ်စ္စနေရဲ့ ဟန်နာမွန်တားနားတီဗီဇာတ်လမ်းတွဲတွေမှာ မိုင်လီစတီးဝပ်အဖြစ်သရုပ်ဆောင်ခဲ့ရင်း ဆယ်ကျော်သက်လေးနဲ့ပဲ ဆိုင်းရပ်စ် စတင်ကျော်ကြားခဲ့ပါတယ်။ ၂၀၁၀ ကလည်း အဲဒီအနီးနား တိုလူကာကန်နားက ဆိုင်းရပ်စ်မိဘတွေနဲ့ သိပ်မကွာဝေးတဲ့နေရာမှာ အိမ်တစ်လုံးဝယ်ယူခဲ့ပါသေးတယ်။ အဲဒီအိမ်က ၄၀၀၀ စတုရန်းပေကျယ်ပါတယ်။

ဆိုင်းရပ်စ်ရဲ့ Studio City အိမ်က ၅၁၇၂ စတုန်းရန်းပေကျယ်ဝန်းပြီး အိပ်ခန်း ငါးခန်းနဲ့ ရေချိုးခန်း ၆ခန်းခွဲ ပါရှိတယ်။ အခန်းတိုင်းမှာအဆင့်မြင့်လုံခြုံရေးစနစ်တွေ တပ်ဆင်ထားပါတယ်။ ကြယ်ပုံစံအိမ်ခန်းဆောင်တွေနဲ့ မွေးမြူရေးခြံကျယ်ကြီးလို ကျယ်ပြန့်လှတဲ့ဆိုင်းရပ်စ်ရဲ့ အိမ်ကြမ်းခင်းနေရာတွေက H ပုံသဏ္ဍာန်ရှိနေပါသတဲ့။ လုံခြုံစိတ်ချရတဲ့မြေအနေအထားမှာရှိပြီး နေရာတစ်ခုစီကို သေသေချာချာမြင်ရပါတယ်။ ခြံဝန်းထဲက အင်မတန်စိမ်းစိုလှတဲ့ မြက်ခင်းပြင်ကျယ်ကြီးကိုလည်း မြင်နိုင်သေးတယ်။ ဧည့်သည်တွေရဲ့ အိမ်ခန်းဘက်က တစ်သီးတစ်ခြားရှိနေပေမယ့် ဆက်သွယ်ထားတယ်၊ ကားဂိုဒေါင် နှစ်ခုပါရှိတယ်။ အိမ်ခန်းဆောင်တွေအားလုံးရဲ့ အလယ်မှာ သစ်မာသားကြမ်းခင်းနဲ့ ကျယ်ပြန့်တဲ့ဧည့်ခန်းရှိပါတယ်။ အဲဒီဧည့်ခန်းကနေ မျက်နှာကြက်ဆီ တက်နိုင်တဲ့ ပြူတင်းပေါက်တွေရှိနေတယ်။ အဲဒီပြတင်းပေါက်တွေကနေ ကြည့်လိုက်ရင်တော့  အသက်ရှုမှားလောက်စရာ စိမ်းလန်းစိုပြည်လှတဲ့ တောင်ကြား၊ ချောက်ကမ်းပါးတွေကို မြင်ကွင်းကျယ်မြင်နိုင်သေးသတဲ့။ နေရောင်သုံးအပူပေးထားတဲ့ရေကူးကန်နဲ့ ရေကူးကန်ဘေးမှာ နေ့လည်စာစားနိုင်မယ့်နေရာလေးပြင်ဆင်ထားတယ်။ ဆိုင်းရပ်စ်ရဲ့ ကျော်ကြားတဲ့သီချင်းတစ်ပုဒ် “Party in the USA” လိုပဲ ဆိုင်းရပ်စ်အတွက် ပါတီပွဲကျင်းပနိုင်မယ့် အပြည့်စုံဆုံးနေရာလေးပါပဲ။
အိမ်ရဲ့ဒီဇိုင်းက ၂၀ရာစုအလယ်ကာလဆီက ခေတ်ဆန်တဲ့ဗိသုကာဒီဇိုင်းဖြစ်ပြီး အိမ်လေးရဲ့ အတွင်းဘက်မှာတော့ အီတလီလုပ် ဘာတက်ဇ်ဇိုနီမီးဖို၊ ဂျာမနီလုပ်ရေပိုက်ခေါင်းတွေ၊ အမေရိကန်ဝေါ့ကားဇန်းဂျားကုမ္ပဏီလုပ် နံရံကပ်ကြွေပြားနဲ့ ဆီဇာစတုန်းမီးဖိုချောင်သုံးဗီရိုတွေအသုံးပြုထားတဲ့ အမျိုးအစားစုံ၊ ဒီဇိုင်းစုံအိမ်လေးဖြစ်လို့နေပါတယ်။ ဆိုင်းရပ်စ်ဟာ အိမ်မွေးတိရစ္ဆာန်လေးတွေ အထူးသဖြင့် ခွေးတွေကို အင်မတန်ချစ်ခင်နှစ်သက်ပါသတဲ့။ ဆိုင်းရပ်စ်ရဲ့ကျယ်ပြန့်လှတဲ့အိမ်ထဲမှာ ခွေးလေးတွေပြည့်လို့နေတယ်။ အင်မတန်အဆော့သန်လှတဲ့ လီလာ၊ ဖလွိုက် နဲ့ ဇစ်ဂီ ဆိုတဲ့ခွေးလေးတွေ ရှိနှင့်နေပြီးတာတောင် နောက်ထပ်ခွေးလေးတစ်ကောင်ကို ကောက်ယူမွေးစားခဲ့ပါတယ်။ ဝေါလ်မတ်စတိုးရှေ့မှာစွန့်ပစ်ခံထားရတဲ့ ခွေးလေးကို ဆိုင်းရပ်စ်က အိမ်ကိုခေါ်လာခဲ့တယ်။ ဆိုင်းရပ်စ်ကပြောပါတယ်။ လူတွေဘာကြောင့်ဒီလောက်များရက်စက်ရသလဲ နားမလည်ပါဘူး။ အဲဒါကြောင့် အဲဒီခွေးလေးကို ပျော်ရွှင်မှုတွေပိုင်ဆိုင်နိုင်အောင် “ဟက်ပီး” လို့ နာမည်ပေးလိုက်တယ် တဲ့။ ဟက်ပီးကို မွေးစားခဲ့ပြီး နောက်နှစ်ပတ်အကြာနောက်ထပ် ခွေလေးတစ်ကောင်ကို ထပ်ပြီး ကယ်ဆယ်ခဲ့ပါသေးတယ်။ အဲဒီခွေးလေးကို မေရီဂျိန်း လို့ နာမည်ပေးထားပါတယ်။ နောက်ထပ် ကယ်ဆယ်နိုင်မယ့်အခွင့်အရေးရသေးရင် ခွေးလေးတွေ အိမ်ကိုခေါ်လာဦးမှာပါပဲ လို့ ဆိုင်းရပ်စ်က ဆိုတယ်။ သူချစ်တဲ့ခွေးလေးတွေအများကြီးမွေးနိုင်အောင်ပဲ ကျယ်ပြန်လှတဲ့အိမ်ကို ၀ယ်ယူခဲ့ဟန်တူရဲ့။ အခု ဆိုင်းရပ်စ်ရဲ့ အိမ်လေးထဲလျှောက်ကြည့်ရအောင်နော်။


Living Fashion Magazine, July, 2012