ပန်းချီပြခန်းကနေ နီးတယ်ဆိုပြီးသွားကြည့်တော့ ၊အချိန်က နာရီဝက်လောက်ပဲရတော့တယ်၊ ညနေ ၄နာရီခွဲမှာ ပိတ်တော့မှာတဲ့၊ ပန်းချီပြပွဲမှာ နေ့လည်ပိုင်းလောက်ထဲက ရောက်နေကြပေမဲ့ အဲဒီမှာပဲ ပန်းချီကားတွေ သေချာလိုက်ကြည့်နေတာနဲ့ အချိန်ကတော်တော်ကုန်သွားတာကြတယ်၊ တီတို ကို ဒီတိုင်းပြည်ကလူတွေက ဆလိုဘော်ဒန် မီလိုရှဗစ်ခ်ျ ထက်ပိုပြီး အလေးထားကြတယ်၊ သူရဲကောင်းတစ်ဦးလိုချစ်ကြတယ်၊ တီတိုအကြောင်းတသသ ပြောကြပါတယ်၊ တီတို အသက်ထင်ရှားရှိစဉ်တုန်းက နိုင်ငံအတော်များများကို ချစ်ကြည်ရေးတွေသွားခဲ့တယ်၊ နိုင်ငံတွေအများကြီးက လက်ဆောင်တွေလဲ တွေ့ခဲ့ရပါတယ်၊ အချိန်က မရတော့ အမြန်ပြေးကြည့်ရင်း၊ အမြန်ရိုက်ရင်း ပတ္တလားတွေ့တော့.. ဟာ .. အဲဒါ မြန်မာမှာလဲရှိတယ်၊ ပတ္တလားလို့ခေါ်တယ်၊ မြန်မာတူရိယာတစ်မျိုးလို့ နဲရှောကိုပြောပြနေရင်းမှ .. တကယ်ကြီး မြန်မာ့ပတ္တလားဖြစ်တော့တာကိုး၊ မြန်မာနိုင်ငံကလက်ဆောင်ပေးထားတာမှန်းသိလိုက်ရတယ်၊ အချိန်မရလို့ အမြန် အမြန်ကြည့်ရလို့ပါ၊ စာကိုအရင်မဖတ်ဖြစ်လိုက်တာ၊ ပြောလို့မရဘူးလေ၊ တချို့နိုင်ငံတွေလည်း ပတ္တလားလို လုပ်ပြီးတီးရင်တီးမှာပေါ့၊ မဟုတ်ဘူးလား။
Ref : http://en.wikipedia.org/wiki/House_of_Flowers_%28mausoleum%29
Ref : http://en.wikipedia.org/wiki/House_of_Flowers_%28mausoleum%29



























