Showing posts with label အိုဘားမားရဲ့ ထိန်းချုပ်မှုသည်. Show all posts
Showing posts with label အိုဘားမားရဲ့ ထိန်းချုပ်မှုသည်. Show all posts

Monday, July 11, 2011

အရှေ့အလယ်ပိုင်းနိုင်ငံတွေဆီ … အိုဘားမားရဲ့ ထိန်းချုပ်မှုသည်

အိုဘားမားရဲ့ ယူအက်စ်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ တွမ်ဒွန်နီလွန်ကို အင်ဒီးယန်း-အမေရိကန်သတင်းထောက် ဖယ်ရိဒ်ဇာကေးရီးယားက “အရှေ့အလယ်ပိုင်းနိုင်ငံတွေက မိတ်ဆွေကြီးတွေနဲ့ ပတ်သက်တဲ့ အိုဘားမားအုပ်ချုပ်ရေးမူဝါဒအကြောင်း” အမေးအဖြေတစ်ခုပြုလုပ်ခဲ့ပါတယ်။ အဲဒီ အမေးအဖြေကို သူ့ရဲ့ Fareed Zakaria GPS(Global Public Square) စီအန်အန် တီဗီအမေးအဖြေအစီအစဉ်ကနေ ဇူလိုင် ၃ ရက် တနင်္ဂနွေနေ့က လွှင့်ထုတ်ခဲ့တယ်။ အိုဘားမားအကြံပေးအရာရှိရဲ့ ရှားရှားပါးပါး အမေးအဖြေတစ်ခုလို့ ဆိုတယ်။ GPS အမေးအဖြေအပြီး ဇာကေးရီးယားက “ဒွန်နီလွန်ပြောတဲ့ အိုဘားမားအစိုးရအုပ်ချုပ်ရေးအကြောင်း” ကို ရှင်းပြခဲ့ပါတယ်။
“လွန်ခဲ့တဲ့ ရက်သတ္တပတ်က ယူအက်စ်အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ တွန်ဒွန်နီလွန်နဲ့ ကျွန်တော် အမေးအဖြေလုပ်ခဲ့ပါတယ်။ အများဆုံး ဦးတည်ပြောဖြစ်တဲ့အကြောင်းအရာတွေက အရှေ့အလယ်ပိုင်းနိုင်ငံတွေရဲ့ကိစ္စပါပဲ။ ဒွန်နီလွန်ဆီက ကျွန်တော်သိလိုက်တာက  အိုဘားမားအုပ်ချုပ်ရေးအဖွဲ့ဟာ အာရပ်ကမ္ဘာရေးရာတွေကို ထိတွေ့လိုတဲ့ တခြားသူတွေထက် စစ်မှန်စွာနားလည်သဘောပေါက် ထားပါတယ်။ သမ္မတအိုဘားမားရဲ့နှလုံးသားဟာ အာရပ်တော်လှန်ရေးနဲ့အတူရှိနေခဲ့တယ်။ သူက အမေရိကန်သြဇာသုံးပြီး တာဝန်ယူမှုတွေကို အင်မတန်ဂရုပြုခဲ့တဲ့သူတစ်ဦးပါ။ အဲဒီအင်အားကိုအသုံးပြုဖို့ကိုလည်း သေသေချာချာ နှိုင်းချိန်စဉ်းစားပါတယ်။ ဒီမိုကရေစီနိုင်ငံရေးအုပ်ချုပ်ပုံစနစ်ကို ပိုပြီးကူးပြောင်းတဲ့လမ်းကြောင်းကို ကြည့်မယ်၊ အာဏာရှင်ဝါဒကနေ ပြည့်ဝတဲ့ဒီမိုကရေစီစနစ်ဆီကိုသွားတဲ့ နှစ်ရှည်ဖြစ်စဉ်တွေကို အိုဘားမားက ရှေးရှုပါတယ်။"
(အာရပ်ကမ္ဘာက တိုင်းပြည်တွေဖြစ်တဲ့ အီဂျစ်၊ ဆူဒန်။ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ အီရတ်၊ ဆော်ဒီအာရေဗျ၊ ရီမန်၊ ဆီးရီးယား၊ တူနီးရှား၊ ဆိုမားလီယာ၊ လစ်ဗျား၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလက်စတိုင်း၊ ယူနိုက်တက်အာရပ်အန်းမရိတ်၊ မော်ရီတာနီးယား၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဂျီဘူတီ၊ ဘာရိန်း၊ ကာမိုရိုစ်၊ ဆာဟာရအနောက်ပိုင်းနိုင်ငံတွေထဲမှာမှ လစ်ဗျား၊ ဆီးရီးယား၊ ဆော်ဒီအာရေဗျ နဲ့ အီရန်နိုင်ငံတွေပေါ်ထားတဲ့ ယူအက်စ်မူဝါဒကို ဒွန်နီလွန်က ဖြေသွားခဲ့တယ်။)

Photo from:
လစ်ဗျား
လစ်ဗျားနိုင်ငံနဲ့ပတ်သက်တဲ့ ယူအက်စ်မူဝါဒက ကျွန်တော့်ကို ဘယ်လောက်တောင်ဗျာများစေခဲ့သလဲဆိုရင် ... ဒွန်နီလွန်ကတော့ ပြောတယ်။ ဂရုတစိုက်ပြင်ဆင်တွက်ချက်ပြီးမှ မွမ်းမံထားတဲ့မူဝါဒအတိုင်းလုပ်ခဲ့ကြတယ်တဲ့။ ယူအက်စ်က မွေးစားလိုက်တဲ့ အဲဒီမူဝါဒက အောင်မြင်မှုအကျိုးဆက်ရရှိစေဖို့ ကြိုးပမ်းနေသလို ကုန်ကျစရိတ်၊ ဆုံးရှုံးမှုတွေအတွက်လည်း သတိကြီးစွာထားလိုက်တယ်။ မိုရမ်မာဂဒါဖီကို အဆုံးသတ်ဆုတ်ခွာရမယ့် ပန်းတိုင်ထိရောက်အောင် ၀က်အူရစ်ပေးဖို့ ဆုံးဖြတ်ထားကြတယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ အင်အားနဲ့ ဂုဏ်ဒြပ်ကိုလည်း အလွန်အကျွံ အသုံးမပြုတဲ့ နည်းလမ်းအတိုင်းသွားကြမယ်လို့ဆိုတယ်။ လစ်ဗျားကို ပိုင်ဆိုင်မှုနဲ့ ကျွန်တော်တို့ အဆုံးသတ်မှာမဟုတ်ဘူးဆိုတာကို သမ္မတအိုဘားမားက ကျိန်းသေပြချင်တယ်။ လစ်ဗျားအတွက် ရေးဆွဲထားတဲ့အမေရိကန်ရဲ့မူဝါဒဒီဇိုင်းက ရလာဒ်ကောင်းတွေကို လောင်းကြေးကြီးကြီးရင်းပြီး မျှော်လင့်တာထက် ရလာဒ်ဆိုးတွေဆန့်ကျင်တိုက်ခိုက်ဖို့ ပိုပြီးရည်ရွယ်ကြတယ်။

Photo from:
ဆီးရီးယား
ဆီးရီးယားကိုလည်း အလားတူနည်းမျိုးနဲ့ချဉ်းကပ်တာ ခင်ဗျားမြင်တာပဲ။ အုပ်ချုပ်ရေးအဖွဲ့က သမ္မတ ဘာရှားအယ်လ်အက်ဆာဒ့်ကိုထုတ်ပယ်ဖို့ တိုက်တွန်း လှုံ့ဆော်မနေပဲ နေရာကဖယ်ရှားစေဖို့ကြိုးစားနေပါတယ်။ ဆီးရီးယားပြည်တွင်းစစ်နဲ့ အရှုပ်အထွေးတွေကြောင့်ဖြစ်လာရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုကနေ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ ပါဝင်စွက်ဖက်ဖို့နိုင်ငံသားတွေကမျှော်လင့်လာကြတယ်။ နှစ်ရှည်မူဝါဒချမှတ်မယ်လို့ ကျွန်တော့်ကိုသိမြင်စေတယ်။ မွမ်းမံရဦးမယ့် မူဝါဒနောက်တစ်ခုပေါ့။ ဆီးရီးယားနိုင်ငံနဲ့တော့ အတော်အသင့်သက်တောင့်သက်သာရှိနေကြတယ်။ အာရပ်တော်လှန်ရေးမှာ ကြားဝင်စွက်ဖက်ဖို့မရှိပါဘူးတဲ့။ သူတို့ ၀က်အူရစ်ကြပ်မယ်။ ဖိအားပေးမယ်။ ပြီးတော့ စောင့်ဆိုင်းနေကြမယ်။

Photo from:
ဆော်ဒီအာရေဗျ
ကျွန်တော်တို့အမေးအဖြေမှာ တွမ်ဒွန်နီလွန်က အချက်ပြလိုက်တယ်။ ယူနိုက်တက်စတိတ်က ဆော်ဒီအာရေဗျနဲ့ မိတ်ဆွေဖွဲ့ဖို့ကို တန်ဖိုးထားတယ်တဲ့။ အဲဒီမှာ မမျှော်လင့်တဲ့အဖြစ်အပျက်မျိုးတွေရှိလာသည့်တိုင်အောင် သူတို့ရဲ့ အုပ်ချုပ်ရေးယန္တရားကို မတည်မငြိမ်ဖြစ်အောင်လုပ်မှာမဟုတ်ဘူးလို့ဆိုတယ်။ ပွင့်လင်းတက်ကြွတဲ့အမြင်ရှိတဲ့ ဆော်ဒီအုပ်ချုပ်ရေးစနစ်ကို သူက ချီးမွမ်းခဲ့တယ်။ တိုင်းပြည်တွေမှာ သူ့တို့ရဲ့ ကိုယ်ပိုင်ခြေလှမ်းနဲ့ပဲ ပြောင်းလဲကြရလိမ့်မယ်။ အိုဘားမားအစိုးရက ဆော်ဒီအုပ်ချုပ်ရေးယန္တရားကို ပြောင်းလဲဖို့ ပွင့်ပွင့်လင်းလင်းတိုက်တွန်းမှာမဟုတ်ဘူး။

Photo from:
အီရန်
ကျွန်တော်ထင်တာကတော့ အီရန်ဆီလှမ်းခဲ့တဲ့ ယူအက်စ်ရဲ့ ပွဲဦးထွက်ခြေလှမ်းတွေကို ဆန့်ကျင့်သပိတ်မှောက်နေခဲ့ကြတယ်။ အဲဒီခြေလှမ်းတွေ အရေးနိမ့်ခဲ့ကြတယ်။ အခု ယူအက်စ်က အီရန်ကို ဖိအားတွေပိုပြီးတိုးမြှင့်တော့မယ့် လမ်းကြောင်းပေါ်ရောက်နေပြီ။ ဒါပေမဲ့ ဒွန်နီလွန်က ဖြစ်နိုင်ချေရှိတာတွေ ဆုပ်ကိုင်ထားဆဲပဲ။ အီရန်တွေကသာ သူတို့ရဲ့သဘောထား ပြောင်းလဲမယ်ဆိုရင် ကမ်းလှမ်းချက်က စားပွဲပေါ်မှာရှိနေဆဲပဲ ဆိုတာကို ပြောချင်တာပါ။ အဲဒါက စိတ်ဝင်စားဖို့တော့ကောင်းတယ်။ လူတွေကပြောတယ်၊ အီရန်အုပ်ချုပ်ရေးယန္တရားကလူတွေနဲ့ စေ့စပ်ဆွေးနွေးဖို့မသင့်ဖူးတဲ့။ ဘာကြောင့်လည်းဆိုတော့ သူတို့က ယုံကြည်လာအောင်လုပ်ကြလိမ့်မယ်လို့ဆိုတယ်။ ကျွန်တော်ထင်တာကတော့ ဒွန်နီလွန်ပြောနေတာက အီရန်တွေကသာ အလွန်အရေးကြီးတဲ့ နျူကလီးယားပြဿနာအတွက် သဘောတူဆောင်ရွက်လိုစိတ်ရှိလာမယ်ဆိုရင် ကမ်းလှမ်းချက်အတွက် ထိုက်တန်တယ်။ တအုံနွေးနွေးဖြစ်နေတဲ့ ပြဿနာကြီးကို ဖြေရှင်းနိုင်လိမ့်မယ်တဲ့။ ဒါပေမယ့် ဒွန်နီလွန်ရဲ့ ကမ်းလှမ်းချက်ကို အီရန်တွေ လက်ခံလိုက်ဖို့ဆိုတာ ဖြစ်နိုင်ချေမရှိပါဘူး။

Photo from:
ပါကစ္စတန်နဲ့ အိုစမာဘင်လာဒင်ကို ကွယ်ဝှက်ထားမှု
“ပါကစ္စတန်ခေါင်းဆောင်ပိုင်း၊ နိုင်ငံရေးနဲ့ စစ်တပ်ပိုင်း၊ ထောက်လှမ်းရေးဌာနက အိုစမာဘင်လာဒင်ကို ကွယ်ဝှက်ထားတယ်၊ ကြိုတင်ပြီးသိနေကြတယ်ဆိုတဲ့ အထောက်အထား ဘာတစ်ခုမှကျွန်တော့်မှာပြစရာမရှိဘူး” လို့ ဒွန်နီလွန်ကပြောပါတယ်။ ဒါပေမဲ့ ဒီလောက်အချိန်ကာလတော်တော်ကြာ အိုစမာဘင်လာဒင် ဘယ်လိုနေထိုင်လှုပ်ရှားနေခဲ့သလဲ ဆိုတာကတော့ မေးစရာမေးခွန်းတွေအများကြီးပဲ ရှိနေတယ်။ အဲဒီမေးခွန်းတွေကို ပါကစ္စတန်ကို မေးနေပါတယ် လို့ ဆိုတယ်။

ကျွန်တော်တွေးမိတာက အမေးအဖြေတစ်ခုလုံးအတွက် သင့်တော်ပြီး လက်တွေ့ကျတဲ့ချဉ်းကပ်မှုလို့ မြင်ပါတယ်။ အမေရိကန်သမ္မတတွေအတွက် တရားဟောစင်မြင့်ပေါ်ကနေ ကြေညာချက်တွေ ကျယ်ကျယ်လောင်လောင် ထုတ်လွှတ်နေခဲ့ရတာကိုက ကျေနပ်နှစ်သိမ့်စရာအတိဖြစ်နေကြတယ်။ အိုဘားမားလည်း အဲဒီအယူအဆ၊ မျှော်မှန်းချက်တွေကို ယုံကြည်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမဲ့ သူလည်း နားလည်ထားပါတယ်။ သူတို့ကို အောင်မြင်စေဖို့ လက်တွေ့လုပ်ဆောင်ရမယ့်အလုပ်တွေက ပိုပြီးရှုပ်ထွေးတယ်။ ပိုပြီးအချိန်ယူရမယ်။ အဲဒီအခြေအနေတွေအားလုံးမှာ အမေရိကန်ရဲ့အင်အားနဲ့ ဂုဏ်ဒြပ်ကိုလည်း အတိုင်းအဆမရှိ၊ အကန့်အသတ်မရှိအသုံးပြုရမယ်။ အင်မတန်ကုန်ကျစရိတ်များတဲ့ အကျိုးဆက်တွေရှိလာနိုင်ပါတယ်။          ။

Source : http://globalpublicsquare.blogs.cnn.com/2011/07/06/obamas-calculated-restraint-in-the-middle-east/
              http://globalpublicsquare.blogs.cnn.com/2011/07/01/exclusive-gps-interview-with-tom-donilon/
Vol (1), No. (64)
မော်နီတာဂျာနယ်