Friday, July 6, 2012

KISS ရဲ့အလှူ


အမေရိကန် ရောခ့်အဖွဲ့ KISS ဟာ အမေရိကန်နိုင်ငံလွတ်လပ်ရေးနေ့ ဇူလိုင် ၄ ရက်နေ့က လန်ဒန်မှာ ဂီတဖျော်ဖြေပွဲပြုလုပ်ခဲ့ပါတယ်။ သူတို့ရဲ့ လန်ဒန်ဖျော်ဖြေပွဲခရီးစဉ်ဟာ ဗြိတိသျှဒဏ်ရာရတပ်သားတွေကူညီထောက်ပံ့မှုပေးနေတဲ့ အဖွဲ့အစည်း Help for Heros  ရံပုံငွေ အတွက် သီဆိုလှူဒါန်းခဲ့တာပါ။ Kiss အဖွဲ့သားတွေရဲ့ အဲဒီလန်ဒန်ဖျော်ဖြေရေးပွဲဟာ စင်ဂယ်လ်သစ် Hell or Hallelujah  အရောင်းမြှင့်တင်ရေး ဥရောပခရီးစဉ် ဖျော်ဖြေပွဲတွေထဲက တစ်ပွဲပါပဲ။ KISS အဖွဲ့ဟာ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၇၃ ခုကနေစတင်ပြီး အယ်လ်ဘမ်ချပ်ရေ သန်း ၁၀၀ ကျော်ရောင်းချခဲ့ပြီးပါပြီ။  KISS ရဲ့ ဂီတစတိုင်လ်က hard rock စတိုင်လ်တွေပါ။ ၇၄ ကနေ ၇၇ ခုနှစ်အတွင်း ထွက်ရှိခဲ့တဲ့ သီချင်းအမျိုးအစားတွေမှာတော့ hard rock နဲ့ rock n' roll ဂီတအမျိုးအစားတွေ နွယ်နေခဲ့ပါတယ်။ မျက်နှာမှာ မိတ်ကပ်အမြဲ ဆေးခြယ်ထားခဲ့တဲ့ စတိုင်လ်ဟာ သူတို့ရဲ့ အမှတ်အသားတစ်ခုပါပဲ။ ပေါလ်စတန်လီ က The Starchild ၊ ဂျီးန်စင်န်မန်စ် က The Demon ၊ အေစ့်ဖရက်လေ နဲ့ တွမ်မီသယာ က The Spaceman ဒါမှမဟုတ် The Space Ace ၊ ပီတာခရစ်စ် နဲ့ အဲရစ်စင်းဂါး က The Catman ၊ အဲရစ်ခ်ကားရ် က The Fox နဲ့ ဗင်နီဗင်းဆန့်တို့က The Egyptian Ankh Warrior ပုံစံတွေမျက်နှာမှာ ဆေးခြယ် သီဆိုဖျော်ဖြေလေ့ရှိပါတယ်။ KISS က ပြောပါတယ်။ "ငရဲ ပဲ ဖြစ်ဖြစ်၊ ဟာလေးလူယားဖြစ်ဖြစ်၊ ခင်ဗျားဘာတွေလုပ်လုပ်၊ ကျွန်တော်ကတော့ ကျော်ဖြတ်နေပါတယ်။  ကျွန်တော်ဖြတ်သန်းရမယ့် လမ်းကြောင်းရလာဖို့ ကျွန်တော်က အဖိုးအခပေးခဲ့တယ်။ ဘာကြောင့်လည်း ငွေက ဥပဒေတွေကို ပြုလုပ်နိုင်တယ်" တဲ့။

The Egyptian Ankh Warrior or The Wiz – Vinnie Vincent
The Catman – Peter Criss, Eric Singer
The Demon – Gene Simmons
The Fox – Eric Carr
The Spaceman or The Space Ace – Ace Frehley, Tommy Thayer
The Starchild – Paul Stanley
အလှူဒါနအတွက် KISS တွေ ပြောခဲ့တာက-

ဘာကြောင့် Help For Heroes အတွက် ထောက်ပံ့တာလဲ။
ဂျီးန် : ခင်ဗျားရဲ့ နိုင်ငံရေးသဘောတရားအရချဉ်းကပ်မှုဘာပဲဖြစ်ဖြစ်ပါ။ အစစ်အမှန်က အင်္ဂလန် နဲ့ အမေရိကမှာ ရှိနေတဲ့ လွတ်လပ်ခွင့်တွေအတွက်ပါ။ ဒါ နိုင်ငံရေးသမားတွေအတွက်အလုပ်လုပ်တာမဟုတ်ပါဘူး။ ဒီက၊ ယူအက်စ်က၊ ပြီးတော့ လွတ်လပ်တဲ့ကမ္ဘာက ယူနီဖောင်းဝတ် ရဲရင့်တဲ့ အမျိုးသား၊ အမျိုးသမီးတွေအတွက်ပါ။  တကယ်တော့ သူတို့ဟာ သူတို့ရဲ့ ဘ၀ကို ဟိုဘက်ဒီဘက် ကျနိုင်တဲ့ မျဉ်းကြောင်းလေးတစ်ကြောင်းပေါ်မှာ စတေးထားရတာ။ Help For Heroes လုပ်နေတာက သူရဲကောင်းတွေရဲ့ ဘ၀တွေမှာ စွန့်စားမှုတွေပြီးဆုံးတဲ့အခါ လူ့အဖွဲ့အစည်းထဲပြန်လာနိုင်ဖို့ပါ။ အနည်းဆုံး ကျွန်တော်တို့လုပ်နိုင်တာက ကျွန်တော်တို့ရဲ့ လေးစားမှု၊ တန်ဖိုးထားမှုတွေ သူတို့ကို ပြသနိုင်တာပါပဲ။

ပေါလ် : လွတ်လပ်တဲ့တိုင်းပြည်တိုင်းက အကြီးမြတ်ဆုံးရတနာဟာ လွတ်လပ်မှုကိုထိန်းသိမ်းပေးထားတဲ့ အဲဒီတိုင်းသူပြည်သားတွေပါ။ ဗော်လန်တီယာတွေဟာ အသက်ဘ၀တွေ၊ ခြေလက်တွေကို တိုင်းပြည်အတွက်၊ လွတ်လပ်မှုကို ထိန်းသိမ်းဖို့အတွက် ထောက်ပံ့ထားကြပါတယ်။ ပြီးတော့ သူတို့ပြန်လာတဲ့အခါမှာလည်း၊ လူ့အဖွဲ့အစည်းထဲမှာ သူတို့ရဲ့လမ်းကြောင်းအတွက် ပြန်ပြီးတိုက်ခိုက်ရဦးမယ် ဆိုရင် အဲဒါ ရာဇ၀တ်မှုပါ။ သင့်ရဲ့အပြန်လမ်းမှာ ဘေးအန္တရာယ်ဆိုးထဲမှာကျင်လည်ရရင် ကျိုးပဲ့နေတဲ့ကိုယ်ခန္ဓာလိုပဲ စိတ်ကျန်းမာရေးလည်း ကျိုးပဲ့ပျက်စီးသွားမှာပဲ။ လွတ်လပ်မှုအတွက် ထိန်းသိမ်းစောင့်ရှောက်နေသူတွေကို စောင့်ရှောက်ရမှာက လူတိုင်းအတွက် တာဝန်ဝတ္တရားပါ။

ဒီရက်သတ္တပတ်တွေမှာ Sonisphere သတင်းတွေကလည်း ခေါင်းကြီးပိုင်းမှာဆိုတော့။ ဒီအခြေအနေမှာ ငွေရေးကြေးရေးအတွက် စိတ်ပူကြလား။
(Sonisphere Festival ဆိုတာက ဂျွန်လ နဲ့ သြဂုတ်လအတွင်းမှာပြုလုပ်တဲ့ heavy metal အဖွဲ့တွေရဲ့ ဥရောပဖျော်ဖြေရေးခရီးစဉ် ဂီတပွဲတော်ပါ။ အဲဒီဂီတပွဲတော်မှာ     Metallica, Slipknot, Korn, Machine Head, Linkin Park, Down, Lamb of God, Kamelot နဲ့ Pendulum အဖွဲ့တွေနဲ့ တစ်ခြား metal အဖွဲ့တွေပါဝင်ကြတယ်။)
ပေါလ် : ကျွန်တော်တို့ ပရိတ်သတ်နည်းနည်းလေးပဲရှိတဲ့ အချိန်တွေ ကျော်ဖြတ်ခဲ့ဖူးပါတယ်။ မိုဟာမက်အလီရဲ့ အမည်ဟာ “The Greatest” ပဲ။ အဲဒါ သူ ပွဲတိုင်းအနိုင်ရခဲ့တယ်လို့ မဆိုလိုပါဘူး။ ဒါပေမယ့် သူဟာ ချန်ပီယံဖြစ်ခဲ့တယ်။ သူ အားကုန်ကြိုးစားခဲ့တယ်။
ကျွန်တော်တို့ ဂီတကို လုပ်တယ်။ ကျွန်တော်ကို ချစ်မြတ်နိုးလို့ လုပ်နေကြတာပါ။ ခု အခြေအနေမှာ တစ်ခြားအဖွဲ့တွေနဲ့ ကျွန်တော်တို့ သိပ်ပြီး မထိုးဖောက်နိုင်သလို ဖြစ်နေကြတယ်။

Hell or Hallelujah စင်ဂယ်လ်သစ်အကြောင်း ခင်ဗျားတို့ ဘာပြောပြနိုင်မလဲ။
ပေါလ် : အဲဒါ တိုက်ပွဲထဲက ငိုကြွေးသံပေါ့။ အယ်လ်ဘမ်ထဲက အရာအားလုံး ပြောပြထားတဲ့ သီချင်းတစ်ပုဒ်ပါ။ ဒီအချိန်မှာ ကျွန်တော်တို့ လုပ်ချင်တာက ကြီးကျယ်ခမ်းနားတဲ့ KISS အယ်လ်ဘမ်မဟုတ်ဘူး။ ကြီးကျယ်တဲ့ကလပ်စစ်ရောခ့်အယ်လ်ဘမ်တစ်ခုပါ။ Hell or Hallelujah ကိုယ်တိုင်ကပဲ သေချာအောင်ပြောပြနိုင်မယ်ထင်တယ်။ တစ်ခြားအရာတွေကလာတဲ့ နက်နက်ရှိုင်းရှိုင်း၊ ခက်ခက်ခဲခဲ ခံစားမှုတွေလို့ ကျွန်တော်မထင်ပါဘူး။ ကျွန်တော်တို့ လုပ်နေတဲ့အရာက ကျွန်တော်တို့ရဲ့ ဖြစ်တည်မှုကိုပြောပြမှာပါ။

အင်္ဂလန်ကို လာရတာပျော်ရဲ့လား။
ပေါလ် : ကျွန်တော်တို့အတွက် ယူကေက ကြီးမြတ်တဲ့နယ်မြေပါပဲ။ ကျွန်တော်တို့ရဲ့ သူရဲကောင်းတွေပေါ်ထွက်လာတဲ့နေရာပေါ့။ Rock 'n' Roll ကို အမေရိက က တီထွင်ခဲ့တာ ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ကြိုးစားခဲ့သလို ဒီမှာ ဖြစ်ထွန်းနေခဲ့ပြီ။

တွမ်မီ : အံ့အားသင့်စရာ အင်္ဂလန် Rock 'n' Roll အဖွဲ့တွေရဲ့ အရေအတွက်ကို ကြည့်ပြီး ကျွန်တော်တို့ ဦးခေါင်းတွေပဲ တဗြင်းဗြင်းကုတ်ရတော့တယ်။ အဲဒါ ကျွန်တော်တို့ အမြဲ ပြောဖြစ်ကြတဲ့အကြောင်းပါပဲ။     ။

4 comments:

  1. အသက်ဘ၀တွေ ခြေလက်တွေကို တိုင်းပြည်အတွက် လွတ်လပ်မူ့ကို ထိန်းသိမ်းဖိုအတွက်ထောက်ပံ့ထားကြတယ် သူတို့ပြန်လာတဲ့အခါ လူ့အဖွဲ့အစည်းထဲမှာ သူတို့ရဲ့လမ်းကြောင်းအတွက်ပြန်ပြီးတိုက်ခိုက်ရဦးမယ်ဆို ဒါရာဇ၀တ်မူ့

    ReplyDelete
  2. အသက်ဘ၀တွေ ခြေလက်တွေကို တိုင်းပြည်အတွက် လွတ်လပ်မူ့ကို ထိန်းသိမ်းဖိုအတွက်ထောက်ပံ့ထားကြတယ် သူတို့ပြန်လာတဲ့အခါ လူ့အဖွဲ့အစည်းထဲမှာ သူတို့ရဲ့လမ်းကြောင်းအတွက်ပြန်ပြီးတိုက်ခိုက်ရဦးမယ်ဆို ဒါရာဇ၀တ်မူ့

    ReplyDelete
  3. မိုက်လှချည်လား
    စတိုင်တွေက လန်းတယ်နော် နည်းနည်းတော့ မျက်စိရှုပ်မလား မသိဘူးး))
    ဒါနဲ့ ဘာဟင်းကောင်းတွေ ချက်နေတုန်း
    ဟင်းချက်နည်းလေးတွေ တင်တော့ဘူးလား

    ReplyDelete
  4. ကျွန်တော်ကမဖြိုးရဲ့ပို့စ်တွေမဖတ်ခင်စာဘယ်လောက်ရှည်လဲအရင်ကြည့်ရတာအကျင့်ဖြစ်နေပြီ။ ဒီတစ်ခါလည်းစာကိုအရင်စစ်ပြီးမှသိပ်မရှည်ဘူးဆိုပြီးဖတ်နိုင်တော့တာ။ ဗဟုသုတရပါတယ်။ ကျွန်တော်ကဂီတကိုကြိုက်တယ်။ ဒါပေမဲ့အပြင်နဲ့တော့အလှမ်းဝေးနေသလိုပဲ။ အခုမဖြိုးတင်ပေးတာတွေ့တော့ ကျေးဇူးတင်မိပါတယ်။

    ReplyDelete