Saturday, July 21, 2012

ဟိုသတင်း ဒီသတင်း

အပင်ဇောက်ထိုးအောက်မှာ
လန်ဒန်မှာ ၂၀၁၂ နွေရာသီအိုလံပစ်ပွဲတွေပြုလုပ်ကျင်းပပါတော့မယ်။ အိုလံပစ်ပွဲနဲ့အတူ ယဉ်ကျေးမှုပေါင်းစုံရှိနေတဲ့လူတွေအတွက် ရည်ညွှန်းချင်တဲ့ အင်စတော်လေးရှင်းပန်းပုတစ်ခုကို ဗြိတိန်ကအနုပညာရှင်တွေက ပြုလုပ်ခဲ့ကြပါတယ်။ Under the Baobab လို့ အမည်ပေးထားကြတယ်။ အာဖရိ၊ သြစတြေးလျတို့မှာ ပေါက်ရောက်တဲ့အပင်တစ်မျိုးပါ။ အဲဒီအပင်ဟာ သစ်ပင်တစ်ပင်ရဲ့ ဇောက်ထိုးပုံစံနဲ့ ဆင်တူနေတာကြောင် ဇောက်ထိုးပင်လို့လည်းခေါ်ကြတယ်။ ချည်သားပေါင်း ၂၄၀၀ ပေ နဲ့ ပိုက်လုံး တစ်ကီလိုနီးပါး အသုံးပြုထားပါတယ်။ အရောင်အသွေးစုံလင်လှတဲ့ ကမ္ဘာတလွှားက ချည်သားမျိုးစုံကို ကွဲပြားတဲ့လူမျိုးတွေအဖြစ် ကိုယ်စားပြုထားတယ်လို့ ဆိုတယ်။ လန်ဒန်မြို့Southbank Center ရဲ့အပြင်ဘက်မှာ မေလ ၂၄ရက်နေ့ကနေ စတင် ဖွင့်လှစ်ပြသထားလိုက်ပါပြီ။
ဂေဟစနစ်ကို စမ်းသပ်ခြင်း
အင်္ဂလန်နိုင်ငံ၊ အနောက်မြောက်ပိုင်း နပ်စ်ဖိုဒ့်မြို့လေးမှာ သုံးကြိမ်မြောက် Totton Park Biennial ပြပွဲပြုလုပ်နေပါတယ်။ သိပ္ပံပညာရှင်တွေက မဆုံးနိုင်တဲ့စမ်းသပ်လေ့လာမှုတွေပြုလုပ်ပြီး မဖြစ်နိုင်ဘူးထင်တာတွေကို တကယ်ပြီးစီးအောင်မြင်အောင်ကြိုးစားနေကြတယ်။ artist တွေကလည်းပဲ နူးညံ့သိမ်မွေ့လှတဲ့ ဂေဟစနစ်ကို ရိုတ်ခတ်မှုတွေကို ပြသဖို့ဆုံးဖြတ်ကြတယ်။ ပြသခဲ့တဲ့ အင်စတော်လေးရှင်းပြကွက်တွေမှာ လမ်းညွှန်မှု၊ အသိဥာဏ်ပညာ၊ ဟာသမြောက်မှုပါဝင်အောင် ဖန်တီးခဲ့ကြပါတယ်။ artist ဒေးဗစ်ကောတာဝဲလ်ရဲ့ I love you အင်စတော်လေးရှင်းဟာ ကြီးမားတဲ့ဂေါက်သီးတစ်လုံး ပန်းခြံထဲ ဆင်ခြေလျှောတစ်လျှောက် အခန်းဆီးတွေကနေဖြတ်ကာ လိမ့်ဆင်းလာတဲ့ပုံပါ။
အတွင်းမှာ အာကာသအတွင်းကကြယ်တွေကို ၃၆၀ ဒီဂရီနဲ့ မြင်ကွင်းကျယ်မြင်နိုင်အောင် အထူးပြုလုပ်ထားတဲ့မှန်ကိုအသုံးပြုထားပါတယ်။ ပုံရိပ်တွေက လေဟာနယ်ထဲကပုံတွေပါ။ ဒါပေမဲ့ သူတို့မှာ အချိန်ကာလရှိပါတယ်တဲ့။ ရေဒီယိုလှိုင်းတွေဟာ သူတို့ရဲ့ အရင်းအမြစ်ကတွေလူသားတွေဆီရောက်ဖို့ နှစ်ပေါင်းများစာအချိန်ယူရပါတယ်။  ဒီအင်စတော်လေးရှင်းဟာ အချိန်ကာလနဲ့ လေဟာနယ်တလျှောက်ခရီးပါလို့ ဆိုတယ်။

အိုလီဗီယာဂရိုဆက်တဲရဲ့ အင်စတော်လေးရှင်းကတော့ တွေးတောဆင်ခြင်ဖို့ပိုပြီးအသားပေးထားပါတယ်။ ဟီလီယံဓါတ်ငွေ့ဖြည့်မိုးပျံပူဖေါင်းသုံးလုံးက ငှက်မွှေးလောက်ပဲ အလေးချိန်ရှိမယ့်တံတားကိုချိတ်ဆွဲပြထားပါတယ်။ အိပ်မက်တွေရဲ့ စွမ်းအားနဲ့ လက်တွေ့ဖြစ်လာအောင်ပုံဖော်နိုင်တဲ့ စွမ်းရည်ကို ပြန်လည်တွေးတောနိုင်စေဖို့ပါတဲ့။
ဟီလာရီဂျက်ခ်ရဲ့ Empty Nest ပါ။

ဘာသာရေးမှာ မုန်းတီးခြင်းတွေမရှိပါဘူး
ဘာသာရေးနဲ့သက်ဆိုင်နေရင် အလွန်အမင်းမုန်းတီးခြင်းတွေ မရှိပါဘူးလို့ လေဒီဂါဂါက ပြောလိုက်ပါတယ်။ အင်ဒိုနီးရှားကို tour လှည့်လည်ဖျော်ဖြေမယ့်အစီအစဉ်မှာ ဘာသာရေးအုပ်စုတစ်ခုရဲ့ ဖိအားပေး ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် အစီအစဉ်ဖျက်သိမ်းလိုက်ပါတယ်။ ပရိသတ်တွေအတွက်တော့ အင်မတန်ဝမ်းနည်းရပါတယ်။ ပရိသတ်ဟာသူ့အတွက်အရာအားလုံးဖြစ်စေပါသတဲ့။ အဲဒီဘာသာရေးအဖွဲ့က ပေါ့ပ်စတားလေဒီဂါဂါကို “မာန်နတ်ရဲ့ သံတော်ဆင့်” လို့ အမည်တပ်ခဲ့တယ်။ Born this Way Ball ဖျော်ဖြေရေးခရီးစဉ်ကို ဇွန်လ ၃ရက်နေ့လို့ သတ်မှတ်ထားခဲ့ပါတယ်။ rolling stone ကနေ လက်မှတ်ပေါင်း ၅၂၀၀၀ရောင်းချခဲ့ပြီးပါပြီ။ လက်မှတ်အတွက် ငွေပြန်အမ်းပေးမှာပါလို့ ပွဲတာဝန်ရှိသူ Big Daddy က ပြောပါတယ်။

ဘီယွန်ဆေး စင်ပေါ်ပြန်တက်ပြီ
R & B မိန်းကလေးအဖွဲ့ Destiny’s Child ရဲ့ ခေါင်းဆောင်အဆိုရှင် ဘီယွန်ဆေး ဟာ ၂၀၀၈မှာ အမေရိကန်ရက်ဂီတသမား ဂျေး-ဇီနဲ့ လက်ထပ်ခဲ့ပြီး၊  ပြီးခဲ့တဲ့ ၂၀၁၂ ဇန်န၀ါရီလက သမီးလေး ဘလူးအိုင်ဗီ ကို မွေးဖွားခဲ့တယ်။ ဘလူးအိုင်ဗီကို မွေးဖွားခဲ့ပြီး ပထမဆုံးဂီတဖျော်ဖြေပွဲကို အမေရိကန်ပြည်တွင်းစစ်အတွင်း ကျဆုံးခဲ့သူတွေအတွက် အထိမ်းအမှတ်အားလပ်ရက်တွေမှာ နယူးဂျာစီ၊ အာတလန်တစ်စီးတီး၊ Revel ဟိုတယ်မှာပြုလုပ်ခဲ့ပါတယ်။ ပရိတ်သတ် ၅၅၀၀ ကျော်ကြည့်ရှုခဲ့ကြတယ်။ 

2 comments:

  1. သတင်းဆိုတော့ စိတ်ဝင်စားပါတယ်။ ပေးထားတဲ့မက်ဆေ့ခ်ျတွေကို သဘောကျမိပါတယ်။ သစ်ပင်တွေကိုစိတ်ဝင်စားမိတယ် မဖြိုး။

    ReplyDelete
  2. သတင်းတွေက တကယ့် updateတွေ..။
    သုံးပုဒ်ထဲဆိုတော့ မ၀ဘူး.. :)

    ReplyDelete