Tuesday, August 2, 2011

I died a hundred times !!!


အရင်ကနားထောင်ဖူးတဲ့ Back to black သီချင်းကို ပြန်နားထောင်ရင်း စိတ်မကောင်းဖြစ်နေမိတယ်။ ဘဲလ်ဂရိတ်ကို မကြာသေးဘူး၊ လာသွားသေးတယ်။ သီချင်းကောင်းကောင်းမဆိုဘူးဆိုပြီး နဂိုထဲက သွေးဆူတတ်ကြတဲ့ ဆားရ်ဘီးရန်းလူငယ်တွေက အော်ဟစ်ပြစ်တင်ခဲ့ကြတယ်တဲ့။ အေမီဝိုင်ဟောက်စ်ဘက်ကလည်း ဆားရ်ဘီးယန်းပရိသတ်တွေကို အပြစ်တင်ခဲ့တယ်။ နောက်သတင်းတွေမှာကြည့်ရတယ်။ ဘဲလ်ဂရိတ်က ကောင်မလေးနှစ်ယောက်က fbမှာ အေမီဝိုင်ဟောက်စ်ကို ဆန့်ကျင်တဲ့gruop တစ်ခု လုပ်ခဲ့ကြသေးတယ်တဲ့။ ခုတော့ အေမီဝိုင်ဟောက်စ်သေဆုံးသွားခဲ့ပြီပဲ။ သေဆုံးခြင်းနောက်မှာ အပြန်အလှန် အပြစ်တင်တာတွေရပ်သွားခဲ့ပြီး သနားကြင်နာခြင်းတွေဖြစ်ခဲ့ကြရပါပြီ။ ဘဲလ်ဂရိတ်မှာဆိုသွားတဲ့ Back to Black သီချင်းပြန်ကြည့်မိတိုင်း ဘဲလ်ဂရိတ်ကလူငယ်တွေလည်း စိတ်မကောင်းဖြစ်နေကြမှာပါပဲ။ ပြစ်တင်ကျိန်းမောင်းမှုတွေရပ်တန့်ဖို့ သေဆုံးခြင်းတွေက တကယ်ပဲ အသုံးဝင်နေတာလားပဲ။ အေမီဝိုင်ဟောက်စ်က အကြိမ်တစ်ရာသေဆုံးခဲ့ပါတယ်တဲ့။ 

ဒီလိုသာဆို ဒီတစ်ခါ သေဆုံးခြင်းကတော့ သူ့အတွက် တစ်သက်တာငြိမ်းချမ်းတဲ့ကောင်းကင်ဘုံကိုပဲ ဖြစ်မှာပါပဲ။       ။
R . I . P Amy Winehouse !
We only said good-bye with words
I died a hundred times
You go back to her
And I go back to black !!!

6 comments:

  1. သူ့ သီချင်းထက် စာရင် သူ့စတိုင်လ်ကို ပို သဘောကျတယ်....

    ReplyDelete
  2. သီချင်းလေးတွေ နားထောင်သွားပါ၏။။။

    ReplyDelete
  3. သူက တော့ I go back to black ဆိုပဲ။

    ReplyDelete
  4. သီချင်းလေး လာနားထောင်သွားယ်။

    ReplyDelete
  5. ကြည့်ရတာ တီးဝိုင်းရဲ့ စက်ပစ္စည်းတွေ ညံ့လို့  သူ စိတ်တိုင်း မကျဖြစ်တာလားပဲ မိုက်ကို လွှင့်ပစ်ပြီး နောက်တစ်လုံးကျလည်း အဆင်သင့် မဖြစ်။ နောက်ပြီး သူ့ ပုံက ဆံပင်စတိုင်ကို စိတ် ကသိ ကအောင့် ဖြစ်ခဲ့ပုံပဲ။ ဘာပဲဖြစ်ဖြစ် အင်း...... ငြိမ်းချမ်းသွားပြန်ပြီပေါ့လေ။

    ReplyDelete
  6. အခုမှ ဖတ်ဖြစ်တယ်.။
    ဖဘမှာ သတင်းတွေ့တာနဲ့ လန်ဒန်မှာရှိတဲ့
    အသိတွေဆီဖုန်းဆက်ပြီး မေးမိတယ်..။
    အဲ့ညက မျက်ရည်ကျမိတယ်..။
    ကြယ်ပွင့်တပွင့်လွှင့်ပါးပြန်ပေါ့..။





    ပေါက်

    ReplyDelete