Friday, August 26, 2011

Blog Day မှာ ရယ်ရယ်မောမော (တက်ဂ်ပိုစ့်)

ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တဲ့ Blog Day အတွက်ပိုစ့်ပါ။ အားလုံးအတွက် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပေါ့။
ကိုအောင်(ပျူနိုင်ငံ) တက်ဂ်တဲ့ Blog Day အတွက်ပိုစ့်ပါ။ အားလုံးအတွက် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါးပေါ့။
ဘလောဂ့်ဂင်းကာတွန်းလေးတွေ မျှဝေလိုက်ပါတယ်။


ဘလောဂ့်တွေက သူ့လိုအပ်ချက်နဲ့ သူ စိတ်ဝင်စားဖို့ကောင်းတာချည်းပါပဲ။ အချိန်အားရှိရင်ရှိသလိုက်ဘလောဂ့်လေးတွေ နိုင်သလောက်ဖတ်ဖြစ်ပါတယ်။ အစားအသောက်လည်းကြိုက်၊ အလှအပလည်း မိန်းကလေးဆိုတော့ကြိုက်တာပေါ၊့ လက်သည်းလှလှလေးတွေဆိုးထားတာတွေ့လည်းကြိုက်၊ (Rose ထင်တယ်)။ ဗဟုသုတလည်းကြိုက်၊ သတင်းလည်းကြိုက်၊ သီချင်းလည်းကြိုက်(ပေါက် - သီချင်းတွေပဲတင်လို့ မမKom မလာလည်း တို့တော့လာတယ်နော် ;) မချော(အစိမ်းရောင်လွင်ပြင်)လည်း ဘလောဂ့်စာဖတ်သူတွေအတွက်အမြဲစဉ်းစားပေးတတ်တယ်။ ဗဟုသုတကြွယ်လိုက်တာ။ စိတ်ရှည်တယ်။ ဟင်းချက်လည်းကောင်းတယ်။ စာရေးလည်းနူးနူးညံ့ညံ့လေး။ ကြိုက်တယ်။ မမKom လည်းကြိုက်တယ်။ ရေးပုံတွေးပုံသဘောကျတယ်။ ဟာသဥာဏ်လည်းရှိတယ်။ ပေါက် ကလည်း ဘလောဂ့်တွေစလည်ဖြစ်ကတည်းက သိခဲ့ကြတာ။ ကျွန်တော် ကျွန်တော်လို့ပြောတတ်တော့ ယောက်ျားလေးမှတ်လို့ ကိုပေါက်လို့ သွားခေါ်နေတာ၊ တကယ်က ခခလေးရဲ့မေမေဖြစ်နေပါရောလား။ မသီတာလည်း သားတွေကိုလက်တည့်စမ်းပြီး မော်ဒယ်လုပ်ခိုင်းတာ။ မသီတာချုပ်ထားတဲ့စကပ်လေးလားပဲ ၀တ်ပြီးရိုက်ထားတဲ့ပုံလေး ခုထိ မျက်စိထဲမြင်တယ်၊ သားအငယ်လေးလား အကြီးလေးလားတော့မသိတော့ပါဘူး။ မသီတာရော ကိုဧရာရော စာရေးကောင်းတယ်။ မြတ်မွန်လေးဆိုလည်း တော်တော် စာရေးကောင်းတာ။ အနော်လေး(ကြည်ဖြူပိုင်)ကလည်း စာရေးလည်းကောင်း သီချင်းဆိုလည်းကောင်း၊ ဒါပေမဲ့ ခုတော့ ပညာရှင်ဘ၀မှာပဲပျော်နေပြီ။ ရီတာ့ဆီလည်း စာသွားဖတ်ဖြစ်တာပဲ။ သူရေးပုံက စိတ်ဝင်စားဖို့ကောင်းတယ်။ မိုးပန်းချီက ချောချောလေး။ ဓါတ်ပုံတွေ့ပြီးသား။ ဘရာသာအလင်းစက်များဆီလည်းခဏခဏရောက်တယ်။ cbox မှာနောက်လို့ကောင်းသား။ အခုမျက်စိစပ်နေတယ်ဆိုလား၊ ကိုအေအေတီအိုလည်း ဘာလီကျွန်းမှာ ဇနီးချောလေးနဲ့ ကလေးတွေ၊ ငှက်တွေနဲ့ ပျော်နေတာ။ သူ့ဆီလည်း ရောက်ဖြစ်တယ်။ ကမ္ဘာ့ဖလားတုန်းက ကိုအောင်(ပျူနိုင်ငံ)နဲ့ ဘောလုံးပွဲတွေအကြောင်းပြောရတာလည်းပျော်စရာကောင်းခဲ့တယ်။ ကိုကြီးကျောက်ဘလောဂ့်ကိုလည်းရောက်တယ်။ သူရေးတဲ့စာတွေကလည်း အစအဆုံးမပျင်းအောင်ဆွဲဆောင်နိုင်ခဲ့တယ်။ ကိုယ်သတိတရရှိတဲ့သူငယ်ချင်းတွေရဲ့နာမည်တွေတပ်ရရင် ဘယ်လောက်သေချာရေးရေးကျန်ကုန်တော့မှာ၊ မကျုန်အောင်ဘယ်လိုလုပ်ရပါ့မလဲ။ ရောက်ဖြစ်တဲ့ဘလောဂ့်လေးတွေ -
ကိုပီတာရဲ့အတွေးပုံရိပ်များသက်တန့်ချို.....သံစဉ်မဲ့ အလင်္ကာများအန်တီတင့်၏ အမှတ်တရလေးများမချစ်ကြည်အေးRose of Sharonမိုးစက်ပွင့်Nine Nine SaNay ၊  ကိုကိုမောင် (ပန်းရနံ့)TTSweetနေဇော်လင်းMeine Weltလူသားအားလုံးအတွက် မယ်ကိုးHtoo Tay ZarShinlayသဒ္ဓါလှိုင်းစုံစီနဖာ page မေသိမ့်သိမ့် ကျော်ကြည်ကြည်ရဲ့ဒိုင်ယာရီKiKi-Idiotloveမြစ်ကျိုးအင်းသိင်္ဂီနွယ်ရဲ့ မှတ်စုစာအုပ်နတ်ဆိုးလေးရသာချိုသတိုး မဗေဒါရဲ့ ဗေဒါလမ်းATK's Explicit Blogမောင်ဘကြိုင်Wutyee Food HouseChaw Ei Theinရွှေပြည်သူမန်းကိုကို ~ Mahn Ko Koအလင်းသစ်၏နေ့စွဲများBaby Tasterကိုဇော်Thu Hnin Seeပန်ဒိုရာနတ်သမီးချောSosegado တည်ငြိမ်အေးYan Aungစန္ဒကူးJasmine(Taunggyi)AngelHlaingအိမ့်ချမ်းမြေ့(မလေး)မိုးငွေ့နှင့်အတူနှင်းဆီတစ်ခင်း ပန်းတစ်ခြင်းမမြသွေးနီNge NaingBurmese taste - Ioraသက်ဝေမျောလွင့်တိမ်တို့နားခိုရာSpeak from my heartနေ၀သန်ရဲ့အိုအေစစ်Mr MRTKo AATOနန်းရှင်မမသီရိအဖြူရောင်လမ်းကလေးTun Tun PhotographyDegolarကျွန်တော့်ဘ၀ဇာတ်ခုံ(မောင်မျိုး)မဒမ်ကိုးThet Nandar FamilyMy Kitchen my lifeSoeMya Nandar ThetLwinWE SHE MEကလူသစ်Steve EvergreenMaNorHaryJittoo(Monywa)မလသာညမရွှေစင်ဦး ကောင်းမွန်ဝင်း ၊  မိုးစက်မှော် ၊  Mon Petit Avatar ဝေ(စီးပွားရေးတက္ကသိုလ်) အောင်(info)ဦးဟန်ကြည် အချိန်အားရှိရင် လည်ဖြစ်တဲ့ ဘလောဂ့်လေးတွေပါ။ ဒါတောင် လည်ဖြစ်ပြီး စာရင်းထဲမပါလိုက်တာရှိဦးမှာ၊ စိတ်မဆိုးကြေးနော်။
(စာသွားသွားဖတ်ပြီး စာရင်းထဲကျန်နေတာလေးတွေရှိလို့ ဒီမှာပဲ ထပ်ဖြည့်လိုက်ပါတယ်)

ကိုအောင်(ပျူနိုင်ငံ)က နည်းပညာနဲ့ပတ်သတ်တာလည်းမျှဝေစေချင်တယ်လို့တော့ပြောတယ်။ ဘလောဂ့်ဂါတွေက တော်တော်များများသိနေကြပြီးပါပြီ။ ဘလောဂ့်ဂါအသစ်လေးတွေ ဒီပိုစ့်ကိုလာဖတ်ဖြစ်တယ်ဆိုရင်တော့ သိချင်တာရှိရင် ကိုယ်လည်းသိတယ်ဆိုရင်ပြောပြဖို့ဝန်မလေးပါဘူး။ cbox မှာ message ချန်ထားပြီးမေးလည်းရပါတယ်။

ခင်မင်ရတဲ့ဘလောဂ့်ဂါများအားလုံး ဘလောဂ့်ဂင်းရင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ။
အလုပ်အကိုင်များပိုလို့တိုးတက်အောင်မြင်ကြပါစေ။
ကျန်းမာပျော်ရွှင်တဲ့ဘ၀လေးတွေပိုင်ဆိုင်ပြီး မိသားစုကိုတန်ဖိုးထားစောင့်ရှောက်နိုင်တဲ့သူတွေဖြစ်ကြပါစေ။ လှိုက်လှိုက်လှဲလှဲဆုတောင်းလိုက်ပါတယ်။       ။

လေးစားစွာဖြင့်
Happy Blog Day for all bloggers!!!
Love you all !!!

မှတ်ချက် - ကိုအောင်ရေ တက်ဂ်ပိုစ့်မှာ ဘာရေးရမှန်းမသိဖြစ်နေလို့ပါ။ အလုပ်လည်းနည်းနည်းရှုပ်နေတော့။ အစ်မတတ်နိုင်တာ၊ သိတာမှန်သမျှတော့အချိန်မရွေးပါဘူး။ ဘလောဂ့်ဒေးအတွက်တစ်ခုခုကျန်တဲ့ ပိုစ့်တော့ဖြစ်စေချင်တာ။ ခုတော့ ကာတွန်းလေးပဲဖတ်ပြီးရယ်တော့နော်။
If we don't have nothing to say, we should blog about it !!!

0 comments:

Post a Comment