Monday, May 2, 2011

စာရေးခြင်းအလုပ်

“စာရေးခြင်း အလုပ်ဆိုတာ ခဏ တစ်ဖြုတ် လမ်းကြုံလို့ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ အပျင်းပြေ ၀င် လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး၊ အားအားယားယား ရှိလို့ ၀င်လုပ်ရမယ့် အလုပ်မျိုး မဟုတ်ဘူး။ တကယ့်ကို စွဲစွဲမြဲမြဲ လုပ်ရမယ့် အလုပ်၊ အချိန်မရွေး လုပ်ရမယ့် အလုပ်၊ တစ်သက်လုံး လုပ်နေရမယ့် အလုပ်” လို့ ဆရာမြသန်းတင့်က ပြောခဲ့တယ်တဲ့၊ မေလထုတ် ရွှေအမြုတေမဂ္ဂဇင်းက ဆရာမင်းချမ်းမွန်ရဲ့ “စာရေးဆရာတဲ့လား” စာမူလေးကိုဖတ်ကြည့်ပြီး သဘောကျလို့၊
ပျင်းနေတတ်တဲ့ ကိုယ့်ဘာသာသတိပေးချင်လို့ပါ။

မှတ်ချက် - စာရေးတာကိုကြိုက်တယ်။

5 comments:

  1. ဟုတ်မယ် ဟုတ်မယ်
    ခရီးသွားရင်တောင် စာရေးဖို့ဘဲ တွေးပြီး စာရေးဖို့ဘဲ ဓာတ်ပုံတွေ ရိုက်နေမိတယ်။ စာရေးဖို့ဘဲ နောက်ဆံတင်းနေတယ်
    ကဲ..း)

    ReplyDelete
  2. တဲ့တဲ့ကြီး စောင်းပြောဒါ ... လုံးဝ မကျေနပ်ဘူး..... :P

    ReplyDelete
  3. ကိုယ်ပိုင် ဖန်တီးတဲ့ စိတ်ကူးကောင်း စာမူလေးတွေကို ဘာသာပြန်တွေထက် ပိုနှစ်သက်တယ်ဗျာ။

    ReplyDelete
  4. ကျွန်မကတော့ စာရေးဆရာမဟုတ်ပေမယ့်
    ဘာဖြစ်ရေးချင်တာပါ။ ပြီးတော့လည်း တကယ်ချမရေးဖြစ်ပါဘူး။

    ReplyDelete
  5. @မချော ... အဲဒါပြောဒါပေါ့ ကဲ .. များများရေး
    @ဘရာသာအလင်းစက်များ ... စောင်းပါဘူးဟာ .. ကိုယ့်ဘာသာပြောပါတယ် :D
    @ကိုဇော် .. အဲလိုနှစ်သက်တယ်ဆိုတော့ ပျော်စရာကြီး
    @ကောင်းမွန်ဝင်း .. ကိုယ်တွေလည်း စာရေးတာကိုကြိုက်တဲ့ စာရေးတဲ့သူပေါ့ .. တူတူပဲ၊ ချရေးဖြစ်သမျှတော့ လာဖတ်မယ် :)

    ReplyDelete