FIFA World Cup တိုင်း မှာ ၁၉၆၆ခုနှစ်ကနေစပြီး အဆောင်ရုပ်(mascot)လေးတွေရှိကြတယ်၊ World cup Willie က ပထမဆုံးလာဘ်ကောင်အဆောင်ရုပ်လေးပါ၊ အဆောင်ရုပ်လေးတွေကို အိမ်ရှင်နိုင်ငံရဲ့ရိုးရာအ၀တ်အစား၊ နိုင်ငံကိုယ်စားပြုပန်း၊ နိုင်ငံအထိမ်းအမှတ်တိရစ္ဆာန်လေးတွေကို ကိုယ်စားပြုဒီဇိုင်းရေးဆွဲကြပါတယ်။
England 1966 ယူကေနိုင်ငံရဲ့စံပြအထိမ်းအမှတ် ခြသေ့င်္လေး ၀ီလီပါ၊ World Cup စာလုံးပါ ယူနီယံအလံဂျာစီကို ၀တ်ဆင်ထားတယ် |
Mexico 1970 MEXICO 70 စာလုံးပါ ဆွန်ဘရဲရို(မက္ကဆီကို၊ စပိန်နိုင်ငံတွေမှာအသုံးပြုတဲ့ဦးထုပ်မျိုး)ဆောင်းထားတဲ့ လူငယ်လေးပုံပါ၊ စပိန်လို ဟွမ်(ဂျွန်)ဆိုတဲ့နာမည်ကနေ မှည့်ခေါ်ထားတဲ့နာမည် ဟွမ်နီတို(Juanito) လို့ အမည်ေးပးထားတယ်။ |
လူငယ်လေး၂ယောက်ပုံပါ၊ WM(ကမ္ဘာ့ဖလား) နဲ့ နံပါတ် ၇၄ စာလုံးတွေ ဂျာစီရင်ဘတ်မှာ ရေးထားပါတယ်၊ အမည်တွေက Tip and Tap တဲ့။ | ||||||
Argentina 1978 အာဂျင်တီးနားဂျာစီကိုဝတ်ထားတဲ့ လူငယ်လေး တစ်ယောက်၊ ဦးထုပ်မှာ Argentina 78 လို့ရေးထားတယ်၊ လည်စည်းပုပါလေး နဲ့ကြာပွတ်လေးက ဒေသခံဂျာအူချော့စ်လူမျိုးတွေရဲ့ စံပြအမှတ်အသားပါ၊ |
Spain 1982 လိမ္မော်သီးလေးတစ်လုံး၊ စပိန်နိုင်ငံရဲ့ အထိမ်းအမှတ် ပေါများတဲ့အသီး လို့ဆိုတယ်၊ စပိန်အမျိုးသားအသင်းရဲ့ဂျာစီဝတ်ထားတယ်၊ လိမ္မော်သီး - နာရမ်းဟာ(naranja) ကနေဆင်းသက်လာတဲ့အမည်လေး နာရမ်းဟီတို(Naranjito) လို့ အမည်ပေးထားတယ်။ |
Mexico 1986 မက္ကဆီကန်အစားအစာထဲက ထင်ရှားတဲ့ ငရုတ်သီးဟာနာပီးညိုလေးကိုနှုတ်ခမ်းမွှေးကားကားနဲ့ ဆွန်ဘရဲရိုဦးထုပ်ဝိုင်းကြီး ဆောင်းပေးထားတယ်၊ ပီကန်တီငရုတ်ဆော့(sauce)အမည်မျိုး ပီကရီး(Pique)လို့ ခေါ်လိုက်တယ်။ | ||||||
Italy 1990 လိုင်းလေးတွေနဲ့ ကာတွန်းပုံရေးဆွဲထားပြီး ဦးခေါင်းက ဘောလုံးပုံ အီတလီအလံအရောင် အစိမ်း၊အဖြူ၊ အနီ ဆေးခြယ်ထားတယ်၊ အမည်ကိုတော့ အီတလီလို နှုတ်ခွန်းဆက်ခြင်း Ciao(ချားအို)လို့ ပေးလိုက်တယ်။ |
United States 1994 ခွေးလေးတစ်ကောင်ပုံ၊ အမေရိကရဲ့ အချစ်တော် အိမ်မွေးတိရိစ္ဆာန်ခွေးလေးဟာ အနီ၊ အဖြူ နဲ့ အပြာပါ ဂျာစီကိုဝတ်ထားတယ်၊ ရင်ဘတ်မှာတော့ စာတန်းက USA 94 လို့ရေးထားတယ်။ |
France 1998 ပြင်သစ်နိုင်ငံရဲ့ အမျိုးသားအမှတ်အသားတစ်ခုဖြစ်တဲ့ ကြက်ဖတစ်ကောင်ပါ၊ ရင်ဘတ်ကစာတန်းမှာ FRANCE 98 လို့ရေးထားပါတယ်၊ တစ်ကိုယ်လုံးအပြာရောင်ရေးဆွဲထားပြီး အမည်က football ကို ix နဲ့ ဆုံးပေးထားတယ်၊ footix လို့ ပေးထားပါတယ်၊ Asterix က ပြင်သစ်နာမည်ကြီး ကာတွန်းစာအုပ်တွဲရဲ့အမည် ထည့်ပေးလိုက်တာပါ၊ ရပ်ဖီ၊ ဟူဖီ နဲ့ ဂျာ့လီ ဆိုတဲ့ တခြား အမည်တွေပေးမလို့ ရွေးခဲ့ကြသေးတယ်။ | ||||||
Korea/Japan 2002 လိမ္မော်၊ ခရမ်း နဲ့ အပြာရောင် ခေတ်လွန်ကွန်ပျူတာဇာတ်ကောင်ပုံလေးတွေပါ၊ ကွန်ပျူတာဂိန်း Atmoball ရဲ့ နည်းပြက Ato၊ Kaz နဲ့ Nik တို့က ကစားသမားတွေပါ၊ အဲဒီနာမည်သုံးခုကို အိမ်ရှင် ကိုးရီးယားနဲ့ ဂျပန်နိုင်ငံက အင်တာနက်အသုံးပြုသူတွေနဲ့ မက်ဒေါနယ်လ်ဆိုင်တွေမှာ ရွေးချယ်ခဲ့ကြတယ်။ |
Germany 2006 ဂျာမနီဂျာစီကို ၀တ်ထားတဲ့ ခြင်္သေ့လေးမှာ နံပါတ် 06 ရေးထားတယ်၊ ပီလဲ(Pillie)နဲ့ ဂေါ်လီယို(Goleo) -Goal နဲ့ Leo က လက်တင်စကားလုံး ခြင်္သေ့ပါ၊ ပီလဲက ဘောလုံးကစားနည်းတဲ့။ | ဇာကူမီ(Zakumi) လို့အမည်ပေးထားတယ်၊ ဇာကူမီ(ကျားသစ်)ဟာ တောင်အာဖရိကမှာ အတွေ့များတဲ့တိရိစ္ဆာန်မျိုးလို့ဆိုတယ်၊ အစိမ်းရောင်ဆံပင်နဲ့ ရင်ဘတ်မှာ South Africa 2010 စာတမ်းရေးဆွဲထားတယ်၊ ဇာကူမီရဲ့ အစိမ်းနဲ့ ရွှေရောင် က တောင်အာဖရိကအမျိုးသားအသင်းရဲ့ အရောင်ပါ၊ Za ကတော့ တောင်အာဖရိကနိုင်ငံရဲ့ စာလုံး၂လုံးပါ code နံပါတ် ISO 3166-1 alpha-2 က ယူထားပြီး Kumi ကတော့ အာဖရိကန်ဘာသာစကား ၁၀မျိုးကို ရည်ညွှန်းတယ်လို့ ဆိုတယ်။ (ဘောလုံးပွဲတွေကြည့်မိသလောက် ဇာကူမီပုံပြတာလဲ မတွေ့မိသလိုပဲ) |
မှတ်သားလောက်ပါတယ် .. အသေးစိတ်တော့
ReplyDeleteအထိန်းအမှတ် အရုပ်လေးတွေကို မှတ်သားသွားပါတယ်။
ReplyDelete@Vista ရေ ကျေးဇူး
ReplyDelete@ကိုအောင် .. ဂျာမနီ ပဲနော် :D
နာလည်း ရှုံးရှုံးနိုင်နိုင်..
ReplyDeleteဂျာမဏီပဲ..
ပေါက်
@ပေါက် နေ့တိုင်းရောက်တယ် :)
ReplyDelete