Friday, July 2, 2010

ဂါနာတွေ ငိုကုန်ကြပြီ

ကိုအောင်ပြောသလို ဘရာဇီးတော့ မြင်းကောင်းခွာလိပ်လို့ရှုံးသွားခဲ့ပါပြီ၊ သူ တော့ ခုချိန်လောင်းထားတာနိုင်လို့ပျော်နေမလားပဲ၊
အဲဒီအချိန် အွန်လိုင်းကနေ စာသင်ပေးနေလို့ မကြည့်လိုက်ရဘူး၊
(flash/photoshop/dreamweaver နဲ့graphic software တွေသင်ချင်တဲ့သူရှိပြောနော် <--- ads)
ဂါနာနဲ့ ဥရုဂွေးကတော့ ည ၈နာရီခွဲဆိုတော့အေးအေးဆေးဆေးကြည့်လိုက်နိုင်တယ်၊ ဂါနာကိုတော့ တစ်ပွဲကြည့်ဖူးထားတော့ နဲနဲတော့ခြေသိလိုက်တယ်၊ နည်းပြက ဆားရ်ဘီးယန်းတဲ့၊ ဥရုဂွေး မှာ မူဆလဲရာ၊ မာက်ဆီပဲရဲရာ၊ လူဂါနို၊ ဗစ်တိုရီနို၊ ဖူဆဲလ်၊ အဲလ်ဗာရို၊ ဖာနန်ဒက်ဇ်၊ ပဲရက်ဇ်၊ အာရီဗာလို ရီရိုစ့်၊ ကာဗာနီ၊ ဆွာရက်ဇ် နဲ့ ဖော်လန် တို့ပါတယ်၊
ဂါနာ ဘက်ကတော့ ကင်းန်ဆန်၊ ပန်ဆီလ်၊ ဗော်ရှာ၊ ဂျွန်မဲန်ဆာ၊ ဆားပေး၊ အန်နန်၊ အင်ကွန်းန်၊ အဲစာမိုရာ့၊ ကဲဗင်ပရင့်ဘိုထေ့ဂ်၊ မန်ထာရီ၊ ဂန် တို့ ကစားကြတယ်၊
ဒိုင်က ပေါ်တူဂီလူမျိုး အိုလီဂါရီယို ဘန်ကူရန်ကာ ပါ၊
ပထမပိုင်းအစလောက်မှာ ဒီဂိုဖွာလန် အဲ ဒီဂိုဖော်လန် က ကြောက်လန့်စရာ ထောင့်ကန်ဘောရတယ်၊ ဖော်လန် ကွင်းထဲမှာ တလွှားလွှားနဲ့ ဂါနာကလဲ ကောင်းတာပါပဲ၊ တူတူလိုပဲ၊ နဲနဲတော့ အေးနေသလိုပဲ၊ ကိုယ်ကပဲ အိပ်ငိုက်နေလို့လားမသိ၊ ဘယ်သူ့အားပေးရမှန်းမသိတော့ ဒီလိုပဲကြည့်နေလိုက်တာ၊ ပထမပိုင်းပြီးခါနီး အချိန်ပို ၂မိနစ်မှာမှ ဂါနာက မန်ထာရီ တော်တော်ဝေးဝေးကသွင်းလိုက်တာ ဂိုးရသွားတယ်၊ ကန်ချက်ကလဲ တည့်တည့်ပြင်းပြင်းကြီး၊

ဒုတိယပိုင်းမှာလဲ ကန်တော့ကန်ကြတာပဲ ဘယ်သူသာနေလဲတောင် သိပ်သတိမထားမိပါဘူး၊ ဒုတိယပိုင်း ပြီးခါနီးမှာပဲ ဖော်လန်ဖရီးကစ်ကနေဂိုးရသွားတယ်၊ အဲဒီဂိုးလဲ တော်တော်လှတယ်၊ အချိန်ပို ၁၅မိနစ်စီထပ်ကန်ကြတော့ ပထမ၁၅မိနစ်မှာလဲ အဖြေကမထွက်နိုင်၊ ဒုတိယ ၁၅ မိနစ်ပြီးခါနီးမှာ ဂါနာက ဂိုးသွင်း၊ ဥရုဂွေး ဂိုးသမားက ရှေ့ကိုစွာထွက်နေတုန်း၊
ဥရုဂွေးကစားသမား၂ယောက်ဂိုးနဲ့ဘောလုံး လုံးထွေးပြီး တစ်ယောက်ကဒူးနဲ့တိုက်မိ၊ နောက်တစ်ယောက်က ဂိုးဧရိယာထဲမှာ လက်နဲ့ကာလိုက်တယ်ထင်တယ်၊ ဂါနာက ပင်နယ်တီရသွားတယ်၊ ဂါနာအတွက် နောက်ဆုံးပွဲသိမ်းမယ့်အခွင့်အရေးလို့ ထင်လိုက်တာ၊ ဂန် ကန်သွင်းတာ ပင်နယ်တီမ၀င်လိုက်ဘူး၊

အရင်က တူအကြီးလေးပြောတာသတိရမိသေးတယ်၊ ဘားသက်ဇ်ကြီးက ပင်နယ်တီဖမ်းရတော့မယ်ဆို ကန်မယ့်သူကို
သိပ်ခြောက်တာတဲ့၊ ဟိုဘက်ပြေးမလို ဒီဘက်ပြေးမလို ရှုးရှုးရှဲရှဲလုပ်တော့ ပင်နယ်တီသွင်းတဲ့သူ ဘာလုပ်ရမယ်မသိ လွဲကုန်ရောတဲ့၊ တူလေး ၂ယောက်ဘောလုံးကန်လို့ တူအကြီးလေး ဂိုးစောင့်ပြီဆို သူ က ဘားသက်ဇ်လို အမြဲ ခြောက်ပြတယ်၊ ပြီးတော့ တခွီးခွီးရယ်သေးတယ်၊ ဒါနဲ့ပဲ တူအငယ်လေးက ကန်ချင်သလိုကန်ပစ်လိုက်ရော၊ ဥရုဂွေးဂိုးသမားက နဲနဲလှန့်တာတွေ့လိုက်သေးတော့ တူလေးတွေ သတိရမိတယ်၊ နောက်တော့ ပင်နယ်တီ အဆုံးအဖြတ် ပထမငါးလုံးစသွင်းတယ်၊
ဥရုဂွေးက ကစားသမားတွေ သူတို့အယူသည်းမှုလိုပဲ ပင်နယ်တီသွင်းတော့မယ်ဆို တစ်ယောက်နဲ့တစ်ယောက်ကွက်လပ်မရှိတောင်
ပခုံးချင်းဖက်ဖိကပ်ပြီးရပ်နေကြတယ်၊ စိတ်ဝင်စားစရာကြီး၊

ပင်နယ်တီ ၁ -
ဥရုဂွေး - ဖော်လန် ဂိုး သွင်းတယ်၊ ၀င်တယ်၊
ဂါနာ - ပင်နယ်တီ လွဲလိုက်တဲ့ ဂန် ပဲ ပထမဆုံး သွင်းတယ်၊ ၀င်ပါတယ်၊ ဒီ ပင်နယ်တီတော့ တော်တော်ကောင်းပါတယ်၊

ပင်နယ်တီ ၂
ဥရုဂွေး - ဗစ်တိုရီနို သွင်းတယ်၊ ဘယ်ဘက်ကသွင်းပါတယ်၊ ကောင်းတဲ့ ပင်နယ်တီပါပဲ၊
ဂါနာ- စတီဗင်အက်ပီးရား သွင်းပါတယ်၊ ဂိုးသမားက ဖမ်းတာ ဘက်မှန်ပေမဲ့ လက်ထိပ်လေးနဲ့ပဲ ထိပြီး ဂိုးကို
မကာကွယ်နိုင်လိုက်ဘူး၊ ဂိုးတယ်၊ အက်ပီးရားက ကြုံးဝါးပုံကြီးက အဆုံးအဖြတ်ဂိုးကျနေတာပဲ၊ ခုထိ အဖြေမထွက်နိုင်သေးဘူး၊

ပင်နယ်တီ ၃
ဥရုဂွေး - စကော့တီ သွင်းတဲ့ ဂိုးက အဆိုးဆုံး ပင်နယ်တီပဲ၊ အရှိန်ကလဲ နှေးလိုက်တာ၊ အံ့သြဖို့ကောင်းတာက
ဂိုးသမားမဖမ်းနိုင်ပါဘူး၊ ဂိုးပြန်တယ်
ဂါနာ - ဂျွန်မဲန်ဆာ သွင်းယူတဲ့ဂိုး မ၀င်ပါဘူး၊

ပင်နယ်တီ ၎
ဥရုဂွေး - မာက်ဆီပဲရဲရာ ရဲ့ ပင်နယ်တီက ဘားပေါ်ကကျော်ထွက်သွားတယ်၊ ဂါနာမှားရင် ဥရုဂွေးကပါ
လိုက်မှားတော့ အခုထိ အဖြေကတူနေဆဲ၊
ဂါနာ - ဒေါမနစ်အဒီရီးယာ သွင်းယူတဲ့ ဂိုးမှာတော့ ဥရုဂွေးဂိုးသမားက ဗြူးဗြူးဗြဲဗြဲခြောက်တာနဲ့ပဲ ဂိုးသမားတည့်တည့် ကန်မိတယ်၊ ဖာနန်ဒိုမူဆလဲရာ ဂိုးဖမ်းမိပါတယ်၊

ပင်နယ်တီ ၅
ဥရုဂွေး - အက်ဘရူး က ဥရုဂွေးကို ဆီမီးဖိုင်နယ်ဆွဲခေါ်သွားခဲ့တယ်၊

ဆီမီးဖိုင်နယ်မှာ နယ်သာလန်နဲ့ တွေ့ကြမယ်၊

စိတ်မကောင်းစရာက ဒုတိယအချိန်ပို ၁၅မိနစ် မှာသာ ဂန် သွင်းတဲ့ ပင်နယ်တီ ၀င်ခဲ့ရင် ဂါနာ ဆီမီးဖိုင်နယ်တက်ရမှာ၊ ဂန် လဲ အဲဒါကို တော်တော်စိတ်မကောင်းဖြစ်သွားတယ်ထင်တယ်၊ ငိုလိုက်တာ ထကိုမထဘူး၊ သူ့ကို ပြန်ချော့နေရတယ်၊ (အမှန်က ဂါနာပရိတ်သတ်တွေ ၀ိုင်းပြီး အပြစ်တင်ကြမှာ စိုးလို့ အရင်ဦးအောင် ငိုပြနေလားမသိ)၊
ကိုယ့်အမှားကြောင့် ဆိုတဲ့ အဖြစ်အပျက်က ဂန် ကို တော်တော်ထိခိုက်သွားမှာပါ၊ ယောက်ျားရင့်မကြီးတွေ မျက်ရည်လည်ရွှဲ ကျအောင်လုပ်နိုင်တာ ဘောလုံးကစားနည်းပါပဲ။

From: http://www.fifa.com/mm//Photo/Tournament/Competition/01/26/64/35/1266435_FULL-LND.jpg

Ref : http://www.guardian.co.uk/football/2010/jul/02/world-cup-2010-uruguay-ghana-live

6 comments:

  1. တိုက်ရိုက်လွှင့်တာ မကြည့်ဖြစ်ဖူး..
    စောက ပြန်ပြီး လွှင့်မှ ကြည့်ုဖြစ်တယ်။
    ဖြိုးနဲ့ ပြောင်းပြန်..ဘရာဇီးနဲ့နယ်သာလန်ကြည့်ဖြစ်တယ်။
    ဒီည..စိတ် ဝေခွဲမရဘူး..
    ဂျာမဏီကိုချစ်ပြီး..အာဂျင် ကိုမရှုံးစေချင်ဘူး..
    ၂ဖက်ခွလေ..
    လှေနံနှစ်ဖက်နင်း..




    ပေါက်

    ReplyDelete
  2. မနက်ဖြန်နှစ်ပွဲလုံး စိတ်ချမ်းသာရမယ်။ ဘယ်အသင်းမှအားမပေးတော့ဘူးလို့ တွေးထားလို့လေ။

    ReplyDelete
  3. အာဂျင်တီးနား နိုင်မယ်ထင်တယ်...

    ReplyDelete
  4. ပြစ်ဒဏ်ဘော ပယ်နယ်တီကို ၀င်အောင် မသွင်းနိုင်ကတည်းက
    ဂါနာအသင်းဟာ ကံခေခဲ့ပြီ။

    ReplyDelete
  5. ဘာဘဲဖြစ်ဖြစ်
    နိုင်သူတွေအတွက်တော့ ၀မ်းသာမိပေမဲ့ ရှုံးသူတွေကို သနားတယ် ..
    ဘောလုံးကို သရေကန်ပြီး ရပ်လိုက်ရင်ကောင်းမယ်း)

    ReplyDelete
  6. ဂျာဂျာရယ်..
    နင် ကံကောင်းလွန်းခဲ့တယ်..။။
    (စနေညကတည်းက လာမလို့ပဲ...မအားလို့)

    ReplyDelete