Sunday, December 4, 2011

ဘေဘီလုံရဲ့ ငိုကြွေးသံကို ကြားမိပါရဲ့လား

ဘေဘီလုံမြို့တော်ဟာ “မက်ဆိုပိုတေးမီးယား” တောင်ဘက် အလယ်ပိုင်းဒေသ မှာ  ယူဖရေးတီးစ် (Euphrate) မြစ်နှင့် တိုက်ဂရစ်မြစ်(Tigris) အကြားမြေသြဇာကြွယ်ဝတဲ့ မြေနုလွင်ပြင်မှာ တည်ရှိနေတာပါ။ 1694-1654 BC တွင် “ဟမ္မူရာဘီ” ဘုရင်က ယခင်ပြိုလဲသွားသော Akkidian အင်ပါယာနယ်နိမိတ်မျာ်းတွင် အင်ပါယာတခုအဖြစ် ပြန်လည် စုစည်းထူထောင်ခဲ့သည့်နိုင်ငံဖြစ်ပြီး ယခင် မက်ဆိုပိုတေးမီးယား (Mesopotamia) ယခုအခါ (အီရတ်)ဟုခေါ်တွင်ပါတယ်။ “ဟမ္မူရာဘီ”ဘုရင်က ဘေဘီလုံနီးယား အင်ပါယာ ထူထောင်တဲ့အခါမှာတော့ မြို့တော်အဖြစ် သတ်မှတ်လိုက်ပါတယ်။

“ဟမ္မူရာဘီ”ဟာ သမိုင်းမှာ အလွန်ထင်ရှားတဲ့ မင်းတပါးဖြစ်ပါတယ်။ နိုင်ငံတော်ကို ဗဟိုမှချုပ်ကိုင်ကာ အခွန်စည်းကြပ်ကောက်ခံပြီး အဆင့်ဆင့် အုပ်ချုပ်တဲ့ ဗျူရိုကရေစီစနစ်ကို ကျင့်သုံးပါတယ်။ Code 0f Laws ခေါ် Code of Hammurabi  “ဟမ္မူရာဘီ” ၏ တရားဥပဒေများ  ကို ၁၉၀၁ခုနှစ်မှာ သမိုင်းလေ့လာရေးပညာရှင် J.De Morgan က ကျောက်တိုင်ပေါ်မှာ ရေးထိုးမှတ်တမ်းပြုထားခြင်းကို တွေ့ခဲ့ပါတယ်။ ဘေဘီလုံမြို့တော်အကြောင်း အစောဆုံးတွေ့ရှိရတာက  23rd century BCမှာ akkad ဘုရင်လက်ထက် ကျောက်ပြားတချပ်မှာ ရေးထိုးမှတ်တမ်းပြုထားခြင်းကိုပါ။ ယခင်က ထင်ရှားပေါ်လွင်ခြင်းမရှိခဲ့ပါဘူး။     ဘေဘီလုံမြို့တော်၏ အမည်နာမဟာလည်း ပထ၀ီအနေအထားအရ ဘေ ဘယ်လ်, (babel) ဘေ အီလွန်(bab’-i lon ဘေဘီလုံ (babylon) သို့  အဆင့်ဆင့် ပြောင်းလဲလာသော ဂရိဘာသာစကားဖြစ်တယ်။ ဘေဘီလုံမြို့သားတို့သုံးစွဲတဲ့ ကျူနီဖေါင်သတ်ပုံစာ (cuneiform) ရေးနည်းအရ စာလုံးပေါင်းမှာ ဘေ ဘီလီ (Bab-ili)ဖြစ်ပြီး “ဘုရားသခင်၏ တံခါးဝ” ဟု အဓိပ္ပါယ်ရတယ်။ဟီဘရူး Hebrews တို့အလိုအရမှာတော့ “မြင့်မြတ်သောမြို့တော်” (The Holy City)ဖြစ်ပြီး ဝေါဟာရအရင်းအမြစ်ပညာရှင်တို့ကတော့ “လူသားတို့၏ ထိုင်ခုံနေရာ” လို့ အဓိပ္ပါယ်ဖွင့်ဆိုကြတယ်။

ဂရိလူမျိုး သမိုင်းဆရာဟီရိုဒိုးတပ်စ်( Herodotus )က မော်ကွန်းကမ္ဗည်းတင်ရာမှာ  “မြို့တော်ကြီးဟာ အလွန်ကျယ်ဝန်း ပြီး လေးဒေါင့်ကျတယ်။ 42မိုင် ရှည်ပြီးတော့ Ctesias လက်ထက်မှာ 56 မိုင်အထိ ချဲ့ထွင်ခဲ့ တယ်။ မြို့တော်ကို ကျုံးပတ်လည်ကာရံထားတယ်။ ၇၅ပေ ကျယ်ဝန်းပြီး ပေ၃၀၀အထိ မြင့်တဲ့  သူရဲခိုလည်း လေးဘက်လေးတန် ဆောက်လုပ်ထားကြောင်းပါရှိခဲ့တယ်။ သမိုင်းဆရာက ၂၇၀၀ ဘီစီ ဆာဂွန်လက်ထက် (Sargon I) အစောပိုင်းကာလကို ဖေါ်ပြုခြင်းဖြစ်ပါတယ်။  မြို့တော်ကို ဖေါင်ဒေးရှင်းချရာမှာ အမားလ်ဘုရားကျောင်း (Amal Temple)  အေနွတ် ဘုရားကျောင်း Annit Temple တို့ရဲ့ ဆောက်လုပ်ပုံကို နည်းနာယူခဲ့တယ်လို့ ဆိုတယ်။

ထိုဒေသဟာ မြေဆီကြွယ်ဝတာကြောင့် သီးနှံများဖြစ်ထွန်းအောင်မြင်မှုရှိတယ်။  ပဲ နှမ်းစသည် သီးနှံများ ရွှံ့တော နွံတောများမှာပေါက်ရောက်တဲ့ gongai စတဲ့ စားကောင်းတဲ့ အပင်များ၊ စွန်ပလွန်  ပန်းသီး စသည်များ လူး ဆတ် ၊ဘာလီ စမုံ၊ ဂျုံ၊ ပဲနီ ၊ အုံး ထန်းစသည်အပင်များ အဓိက ပေါက်ရောက်ပါတယ်။ ၁၉ရာစုနှစ်များမှာ အနောက်နိုင်ငံများနှင့် ကူးလူးဆက်ဆံမှုရှိလာတယ် ခေတ်မှီ မျိုးစေ့ကြဲ၊ ထယ်ထိုး စက်ကရိယာများ သုံးစွဲလာတယ်။

ဘေဘီလုံနီးယားမြိုးတော်ရဲ့ စောစောပိုင်းကာလ ခေတ်ဦးမှာ သိသာထင်ရှားတဲ့  နိုင်ငံရေးအခင်းအကျင်း   မရှိခဲ့ဘူး။ Dugi ဘုရင်လက်ထက်မှာ လုယက်ဖျက်ဆီးခံရတယ်လို့ စာတင်ခဲ့ပြီးတော့  ဟမ္မူရာပီဘုရင် (Hammurabi) ခေတ်တိုင်အောင် မြင်သာထင်သာတဲ့ အကိုးအကားတစုံတရာမရဘူးလို့ဆိုပါတယ်။ ဟမ္မူရာပီ လက်ထက်မှာတော့ ခေတ်ပြောင်းသွားတယ်။ တောင်ဘက်ကျတဲ့ နိုင်ငံတွေဆီက တန်ခိုးပါဝါ ရွေ့ရှားလာတယ်။ နိုင်ငံတော်တ၀ှမ်း စုစည်းညီညွတ်စေပြီး ဘေဘီလုံကို မြို့တော်အဖြစ်(ခေတ်သစ်ထူထောင်) သတ်မှတ်လိုက်တယ်။ ဟမ္မူရာပီက အာဏာလွှဲယူလိုက်တာပါ။ ဒါဟာ ဆူမီရီးယဲန်တို့  တခေတ်သိမ်းသွားခြင်းပါဘဲ တဲ့။ ဘေဘီလုံနီးယားသမိုင်းမှာ မှတ်တမ်းတွေ့ရှိရပါတယ်။ 
ရှေးဟောင်း ဘေဘီလုံမြို့တော်ဟာ တောင်ကမူတွေ ပတ်လည်ဝန်းယံပြီး သာယာလှပတဲ့နေရာတခုဖြစ်တာကြောင့် မကြာခဏလေ့လာကြည့်ရှုသူများ လာရောက်လေ့ရှိတယ်။ ဒါပေမဲ့ ၁၈၉၉ခုနှစ်တိုင်အောင် လေ့လာရေးသမားများအတွက် စည်းစနစ်ကျတဲ့ အစီအစဉ်မရှိခဲ့ဘူး။  *ဂျာမန် လူမျိုး တူးဖေါ်လေ့လာသူ ကိုလ်ဒီးဝေး (Koldewey) ဆိုသူ ရောက်လာပြီးမှ စနစ်တကျ လေ့လာနိုင်ခဲ့တယ်လို့ဆိုတယ်။ ဘေဘီလုံက ဥယျာဉ်ပျံကြီးဟာ ကမ္ဘာမှာ အလွန်ကျော်ကြားထင်ရှားတဲ့ သမိုင်းဝင် အဆောက်အဦးဖြစ်တယ်။ မြို့တော်ကို ဖြတ်သန်းစီးဆင်းသွားတဲ့  ယူဖရေးတီးစ်မြစ်(Euphrates) အရှေ့ဘက်ဘေးကျကျမှာတော့ ဘုရင့် မြောက်နန်းအဆောင်တော်တခုရှိပြီး မြစ်ရဲ့ဘယ်ဘက် အောက်နားကျကျမှာ မြစ်ကိုဆက်သွယ်ထားတဲ့  အာရာခတ်တူ (Arakhtu)တူးမြောင်းရှိတယ်။ အလယ်ပိုင်းနန်းတော် တောင်ပိုင်းနန်းတော်စသည်  ဒီနေရာမှာ ရှိပါတယ်။ ဒါတင်မကသေးပါဘူး၊ နတ်များစိုးစံတဲ့  ကျောင်းတော်များလည်း အများအပြားရှိသေးတာပါ။

ဘုရားကျာင်းတော်များဟာကျောင်းဝင်းအတွင်း၊ အပြင်၊ အလယ် အားလုံးမှာ ဂူဗိမာန်များက နေရာယူထားပါတယ်။

Marduk                           နေကြပ်ခြင်း လကြပ်ခြင်းကို မှတ်တမ်းတင်ထားသည့် ကျောက်ချပ်

ရှေးဟောင်းဓမ္မကျမ်းလာ မားဒပ်ခ်(Marduk)ရဲ့ ရွှေစင်ရုပ်ကို  အမြင့်ပေ ၄၀အထိသွန်းထုထားရှီကြောင်း သမိုင်းဆရာကဆိုပါတယ်။ ဘုရင် Nabopolassar   နှင့် Nebuchadrezzar တို့လက်ထက် တိုးချဲ့တည်ဆောက်ပြုပြင် မွန်းမံကာ အဆန်းတကျယ် အလှဆင်ထားတယ်။ “ကောင်းကင်ဘုံများထဲက ဦးခေါင်းတော်” (its head was in Heavens)လို့ လည်းဆန်းဆန်းပြားပြား အမည်ပေးခဲ့သေးတာပါ။ ဒါ့အပြင် ခြင်္သေ့ရုပ်များကိုလည်းသွန်းထုကြပါတယ်။ အဆောက်အဦး အရုပ်စတာတို့ဟာ ဖန်၊ မှန်တို့ဖြင့် အလှဆင်ခြင်း  စဉ့်ရေသုပ်လိမ်းခြင်းစသည် ဆန်းကျယ်စွာ ပြုလုပ်ကြတယ်။ သူတို့ရဲ့အလေ့အကျင့်တစ်ခုကတော့  မြို့စောင့်နတ်စတဲ့၎င်းတို့ယုံကြည်ကိုးကွယ်ရာ  နတ်ဘုရားအားလုံးကို နှစ်စဉ် နှစ်သစ်ကူးပွဲတော်ရက်များမှာ မြို့တွင်းသို့  နေရာအနှံ့ စီတန်း လှည့်လည် ပူဇော်ခြင်းပါဘဲ။

နီဘူချာထရက်ဇာ က ပြောပါတယ်။ “ဒါ ငါတည်ခဲ့တဲ့ ဘေဘီလုံမြို့တော်ဟုတ်ရဲ့လား” တဲ့။ သူဟာ ကမ္ဘာ့မြိုံတော်တည်ဆောက်သူများထဲက အကောင်းဆုံးတယောက်ဆိုတာ မမှားလောက်ပါဘူး။ သို့ပေမဲ့ …
ဒီလို လှပတဲ့မင်းနေမြို့တော်ကို ပါရှန်ဘုရင်တွေဖြစ်တဲ့ ဒရီးယပ်စ်၊ ဇာဇီးစ် စတဲ့ (ယခု အီရန်) ရန်သူမျုးဝိုင်းဝန်းဖျက်ဆီးတာလည်းခံခဲ့ရတာပါ။ မဟာအလက်ဇန်းဒါးဘုရင်က မြို့တော်ကိုပြန်လည်ပြုပြင်မယ့် အလွန်တရာ ကြီးကျယ်ခမ်းနားတဲ့  ခံတပ်တွေ ရဲတိုက်ကြီးတွေအသွင် ဆောက်လုပ်မယ်လို့ ဆန္ဒရှိခဲ့ပေမဲ့ သူက သက်ဆိုးမရှည်ခဲ့ပါဘူး။  မြို့တော်ဟာ မလိုတမာရန်သူတွေရဲ့ လုယက်ဖျက်ဆီးမှုကို မကြာခဏ ခံခဲ့ရတယ်။

ဟမ္မူရာပီဘုရင်မရှိတော့တဲ့ နောက်ပိုင်း အင်ပါယာဟာ အောက်ခြေ မခိုင်တော့ဘဲ ပြိုကွဲခဲ့ပါတယ်။ Hittite ဘုရင် Mursili I ဖျက်ဆီးခြင်းကို ခံလိုက်ရပါတယ်။ Elamites တို့ရဲ့ နှောင့်ယှက်လုယက်မှုကိုလည်း အပြင်းအထန် ခံခဲ့ရတာပါ။ အခါဒီးယဲန်၊ ဆူမာရီးယဲန်၊ အဆီးရီးယဲန်၊ပါရှဲန် စတဲ့ ခေတ်အဆက်ဆက် မင်းအဆက်ဆက်နှင့်လည်း ကြုံတွေ့ခဲ့ရပါတယ်။ ဘေဘီလုံမြို့သူမြိုးသားတွေရဲ့ရင်တွင်းခံစားချက်ကို  BONEY M အဖွဲ့သားများက ယခုလိုကိုယ်စားပြု  ရေးဖွဲ့  သီကုံးခဲ့တယ်။ 

Boney M ရဲ့ Rivers Of Babylon သီချင်းလေးထဲမှာ ....
ဘေဘီလုံမြစ်ကမ်းပါးမှာ ငါတို့နားခိုထိုင်မိကြတယ် ....
ငိုချင်တယ်ကွယ် ဇာတိမြေကို သတိရတယ်
တကယ်ပါဘဲ မြစ်ကမ်းပါးမှာ ထိုင်မိကြတော့ …..
ရှေးဟောင်းဇီယွန်မြေကို အောက်မေ့လွန်းလို့ ငါတို့ငိုရတယ်..
မကောင်းဆိုးဝါးတွေဟာ ..
ငါတို့ကို အဝေးအဝေးကြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့အခါ…….
ငါတို့ သီချင်းတပုဒ် လိုအပ်လာပြီ…
အခု ငါတို့ ထူးခြားတဲ့သည်မြေထဲမှာ ဘုရားသီချင်း ဘယ်လောက် သီဆိုရလိမ့်မလဲ.. ဆိုတာ ….
ငါတိုရဲ့ ရင်ထဲက    သည်းခံခြင်းတရားတွေ ငါတို့ရဲ့ နှုတ်ဖျားက  စကားလုံးတွေ …
ဒီညမှာ  သင်ကိုယ်တိုင် မျက်မှောက်ပြု လက်ခံချင်စရာတွေ
ငါတိုရဲ့ ရင်ထဲက သည်းခံခြင်းတရာတွေ ငါတို့ရဲ့ နှုတ်ဖျားက  ကြေကွဲ စကားတွေ
ဒီညမှာ သင်ကိုယ်တိုင် မျက်မှောက်ပြု လက်ခံ ချင်စရာတွေ ..
ဘေဘီလုံမြစ်ကမ်းနဘေးမှာ ငါတို့ ထိုင်မိကြရင်ဘဲ ..
ငါတို့ ငိုကြွေးနေရပြီ..ငါတို့ရဲ့ ရှေးဟောင်းဇီယွန်မြို့တော်ကို သတိရပြီ  အောက်မေ့သည်.. 
မြစ်ကမ်းပါးမှာ… ထိုင်မိပြီဆိုရင်
ငါတို့  တကယ်ဘဲ ငိုကြွေးရတယ် ဇီယွန်မြေကို လွမ်းဆွတ်တယ်။
မြစ်ကမ်းပါးမှာ (.ဘေဘီလုံဟာ မျက်ရည်စတွေနှင့်…ဖုံးလွှမ်း ကာဆီးပြီး…)
ငါတို့ထိုင်မိကြတော့ ..(မင်းဆိုဖို့ သီချင်းတပုဒ်ရပြီ)
ငိုရပြန်ပြီ..(ငါတို့ ချစ်တဲ့ သည်မြေ သည်ရေ အတွက် …)
ဇာတိမြေကို သတိရတဲ့အခါ ..
( ဘေဘီလုံရဲ့ ကြမ်းတမ်းခက်ခဲ ခဲ့ရတဲ့ အဖြစ်ကို) …ဘေဘီလုံရဲ့ မြစ်တွေဟာ…
ငါတို့ အဲဒီမှာ ထိုင်မိပြီဆိုရင် ဘေဘီလုံပြည်သူတွေ အော်ဟစ် ငိုကြွေးနေသံ သင်ကြားရမယ်.... )
ဟုတ်တယ် ..ငါတို့ ရဲ့  ငိုကြွေးသံတွေပါ…(သူတို့ လိုအပ်တာ ….)
ငါတို့ ဇာတိမြေကို သတိရတဲ့အခါ  (မဆုတ်မနစ် ဇီယွန်စိတ်ဓါတ်အပြည့်နှင့်……)

By the rivers of Babylon, there we sat down
ye-eah we wept, when we remembered Zion.
By the rivers of Babylon, there we sat down
ye-eah we wept, when we remembered Zion
When the wicked 
Carried us away in captivity
Required from us a song 
Now how shall we sing the lord's song in a strange land 
Let the words of our mouth and the meditations of our heart 
be acceptable in thy sight here tonight
Let the words of our mouth and the meditation of our hearts 
be acceptable in thy sight here tonight 
By the rivers of Babylon, there we sat down
ye-eah we wept, when we remembered Zion.
By the rivers of Babylon, there we sat down
ye-eah we wept, when we remembered Zion
By the rivers of Babylon (dark tears of Babylon)
there we sat down (You got to sing a song)
ye-eah we wept, (Sing a song of love) 
when we remember Zion. (Yeah yeah yeah yeah yeah) 
By the rivers of Babylon (Rough bits of Babylon)   
there we sat down (You hear the people cry) 
ye-eah we wept, (They need that )
when we remember Zion. (Ooh, have the power)

ဒါကလည်း ဘေဘီလုံမြို့သားတို့ ခံစားချက်ကို တင်ပြထားတဲ့ ကဗျာတပုဒ်ပါဘဲ။
Beside the rivers of Babylon, we sat and we as we thought of Jerusalem.a
We put away our harps, hanging them on the branches of poplar trees.
For our captors demanded a song from us. Our tormentors insisted on a joyful hymn:
“Sing us one of those songs of Jerusalem!”
But how can we sing the songs of the Lord while in a pagan land?
If I forget you, O Jerusalem, let my right hand forget how to play the harp.
May my tongue stick to the roof of my mouth if I fail to remember you, if I don’t make Jerusalem my greatest joy.
O Lord, remember what the Edomites did on the day the armies of Babylon captured Jerusalem.
“Destroy it!” they yelled.
“Level it to the ground!”
O Babylon, you will be destroyed.
Happy is the one who pays you back

သူတို့ရဲ့ ငိုကြွေးသံကို သင်တို့  ကြားမိပါရဲ့လား။
Assyrian Empire (746 - 609 BCE)
Babylonian Empire (609 - 539 BCE)
Persian Empire (550 - 330 BCE)
Macedonian Empire
(During the reign of Alexander the Great (III) 336 - 323 BCE)
Florist
Ref: Internet

2 comments:

  1. ဘေဘီလုံရဲ့ ငိုကြွေးသံကို ဖတ်သွားပါတယ်ညီမရေ..။
    ညီမဖြိုးရဲ့ မေမေ ကျန်းမာချမ်းသာစွာ စာတွေ ဆက်ရေးနိုင်ပါစေလို့...။

    ReplyDelete
  2. ဖြိုးဖြိုးရဲ့ ဘေဘီလုံ ငိုကြွေးသံ ဖတ်သွားတယ်။ ဗဟုသုတလည်းယူသွားတယ်။ ဖြိုးဖြိုးတင်တဲ့ ပို့စ်တွေက စိတ်ရှည်ရှည်နဲ့ ထူးထူးခြားခြားလေးတွေ တင်လေ့ရှိတာကို သတိပြုမိတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete