Tuesday, November 24, 2009

မိသားစုဆိုတာ ဘုရားကျောင်းလေးတစ်ခုပါ




မိသားစုဆိုတာဘုရားကျောင်းလေးတစ်ခုပါ လို့ ဆိုခဲ့ဖူးတဲ့ ဆားဘီးယန်းအော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ထာဝရဘုရားရဲ့ အိမ်တော်မှာ နိုဝင်ဘာ ၁၅ ရက်နေ့က အိပ်စက်သွားခဲ့ပါပြီ။ အသက်ထင်ရှားရှိစဉ်က လူတွေကြားထဲ ထင်ထင်ပေါ်ပေါ်သွားလာခဲ့ဖူးခြင်းမရှိတဲ့ ပါဗလဲ ရဲ့ ဈာပနအခမ်းအနား မှာ ပါဗလဲကိုရိုသေချစ်ခင်ကြတဲ့ လူပေါင်း ၆သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပန အခမ်အနားမှာ ဆားဘီးယား၊ မွန်တန်နီဂရိုး၊ ဘောစ့်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုးအေးရှား၊ နဲ့ အနီးပါတ်ဝန်းကျင်နိုင်ငံဆီက ပါဗလဲကိုချစ်တဲ့၊ ပါဗလဲက အမြဲချစ်ခင်ခဲ့တဲ့ သူတွေ ဘဲလ်ဂရိတ်မြို့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ် ပါဗလဲ ဟာ ဘာသာရေးအသိအမြင်ကြွယ်ဝသူ၊ သနားကြင်နာမှုအပြည့်ရှိသူ၊ ငြိမ်းချမ်းရေးကိုလိုလားသူ၊ အေးဆေးတည်ငြိမ်စွာနေထိုင်တတ်ပြီး ပွင့်လင်းတဲ့ နိုင်ငံရေးအသိအမြင်ရှိသူဖြစ်တယ် လို့ စာစောင်အသီးသီး ကရေးသားခဲ့ကြတယ်၊ ဘဲလ်ဂရိတ်သတင်းဌာနတွေမှာလဲ ပါဗလဲ ရဲ ဘ၀၊ ပါဗလဲ ရဲ့ အယူအဆ၊ သဘောတရား စကားလုံးတွေကို တချိန်လုံးလွှင့်ထုတ်ပြသခဲ့ကြတယ်။ ကလေးငယ်တွေကို ချစ်မြတ်နိုးတတ်သူဖြစ်ပြီး သူ့ရဲ့ သနားကြင်နာမှုကို အမြဲပြသလေ့ရှိတယ်၊ ကိုဆိုဗိုပြည်တွင်းစစ်ပွဲအတွင်း ဘုန်းကြီးတွေကို သရဲတစ္စေတွေအလား ပြောင်လှောင်နေကြတဲ့ အချိန်ကာလမှာ၊ ကိုဆိုဗိုကိုရောက်ရှိခဲ့တဲ့ ပါဗလဲဟာလဲ ကလေးငယ်တွေရဲ့ ပြောင်လှောင်မှု၊ လူကြီးတွေရဲ့ မလိုမုန်းထားရန်လိုမှုတွေကိုရင်ဆိုင်ခဲ့ရတယ်၊ တည်ငြိမ်အေးဆေးစွာ လက်ခံခဲ့တယ်၊ ကလေးငယ်တွေရဲ့ပြောင်လှောင်မှုကို သကြားလုံးတွေပေးဝေရင်း တခဏတာငြိမ်သက်အေးချမ်းစေခဲ့တယ်။ ကလေးငယ်တွေ ငြိမ်သက်နေစဉ်အချိန်အတွင်း အဖြူရောင်ကလေးငယ်တွေကိုကြည့်ရင်း သူ အင်မတန်ပျော်ရွှင်နေခဲ့တယ်။ လူကြီးတွေရဲ့ အမုန်းတရား၊ တိုက်ခိုက်ဖျက်ဆီးလိုတဲ့ မကောင်းဆိုးဝါးဝိညာဉ်တွေကို ငြိမ်ချမ်းအေးဆေးသွားစေလိုခဲ့တယ်။ ဘဲလ်ကန်လူမျိုးစုစစ်ပွဲတွေအတွင်းနဲ့ အသက်ရှင်နေစဉ်ကာလတစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် တတ်စွမ်းသလောက်ကြိုးပမ်းသွားခဲ့ပါတယ်။ ပုပ်ရဟန်းမင်းကြီးဂျွန်ပေါလ်ကို တွေ့ဆုံသွားလိုတဲ့ဆန္ဒအမြဲရှိနေခဲ့ပေမဲ့ တသီးတခြားနေလိုတဲ့ အော်သိုဒေါစ့်ခရစ်ယာန်ဘုန်းကြီးတွေရဲ့ အယူအဆကြောင့် သူ့ရဲ ဆန္ဒ မပြည့်ခဲ့ရှာပါဘူး၊ ပါဗလဲငယ်ရွယ်စဉ် ဘုရားကျောင်းတစ်ခုမှာ ဧည့်သည်အဖြစ်ရောက်ရှိစဉ်က ခေတ္တနေထိုင်ခဲ့တဲ့အခန်းတွင်း မီးလုံးကိုဖြုတ်ကာ သူ ယူဆောင်လာခဲ့တဲ့ ဗို့အားအလွန်နည်းပါးတဲ့ မီးသီးကို ပြောင်းလဲတပ်လို့ မိမိအတွက်ဝန်ကို တတ်စွမ်းသမျှချွေတာစေခဲ့သူမျိုး ဖြစ်တယ်၊

စိတ်နှလုံးနူးညံ့သူ၊ ၀ိညာဉ်တော်ဖြူစင်သန့်ရှင်းသူ ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ ကို လေးစားချစ်ခင်မိတာကြောင့် ရေးဖြစ်ခဲ့ပါတယ်။ အချိန်တိုအတွင်း လက်လမ်းမှီသလောက်ရှာဖွေ၊ မေးမြန်းရေးသားလိုက်ရတာကြောင့် လိုအပ်တာတွေရှိနေဦးမယ်ဆိုတာ ကြိုတင်ဝန်ခံထားပါရစေ၊ ပါဗလဲရဲ့ စကားတွေ၊ ပါဗလဲကိုချစ်ခင်တဲ့ သိက္ခာတော်ရဆရာ၊ ဂိုဏ်းချုပ်တွေရဲ့ ပြောစကားတွေ အများကြီးရှိနေပါသေးတယ်၊ မီဒီယာတွေက ဖော်ပြခဲ့ကြတဲ့ ပါဗလဲရဲ့ဘ၀ဇတ်ကြောင်း၊ ငြိမ်းချမ်းရေးအတွက်ကြိုးပမ်းမှုတွေ အကုန်မဖော်ပြနိုင်လိုက်ပါဘူး၊ လိုအပ်ချက်တွေအတွက် ဒီပိုစ့်ကို ရေးသားသူရဲ့ တာဝန်သာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးကိုတည်ဆောက်သူ အော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ(Patriarch Pavle)ရဲ့ ငယ်ရွယ်စဉ်ဘဝ
အော်သိုဒေါစ့်ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲ ရဲ့ အမည်ရင်းက ဂေါ့ရ်ကောစတောရ်ချဲဗစ်ခ်ျ(Gojko Stojčević) ဖြစ်ပြီး ဒီနေ့ ခရိုအေးရှားနိုင်ငံဖြစ်နေတဲ့ ဒွန်ရီမီဟိုလ်ရက်စ်(Donji Miholjac)အနီး ကူချန်စီ(kućanci) မြို့လေးမှာ ၁၉၁၄ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က မွေးဖွားခဲ့တယ်။ ငယ်ငယ်တည်းက မိဘနှစ်ပါးနဲ့ဝေးကွာခဲ့ပြီး အဒေါ်ကစောင့်ရှောက်ခဲ့တယ်၊ နောက်တော့ ဆာရာရေဗိုမြို့၊ ခရစ်ယာန်ဘာသာရေးတက္ကသိုလ်မှာ ပညာဆက်သင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆားဘီးယားနိုင်ငံအနောက်ပိုင်း အနောက်မိုရာဗာမြစ် (West Morava) ဒေသက တောင်ကြားလေးမှာရှိတဲ့ အော့ဗ်ချာမြို့က Holy Trinity ဘုရားကျောင်းမှာသွာရောက်ခိုလှုံနေခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘဲလ်ဂရိတ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်ကြီးအပြီး ဆောက်လုပ်ရေးလုပ်သားအဖြစ်လဲလုပ်ကိုင်ခဲ့တယ်။ ၁၉၄၄ခုနှစ်ဝန်းကျင်မှာ တီဘီအဆုတ်နာရောဂါဖြစ်ပွားလာခဲ့ပြီး ဗူရန်န်(Vujan)ဘုရားကျောင်းရှိ Saint ရုပ်ကလာဂ် ရှေ့မှာ ၂နှစ်ကျော်ကြာ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပြီး  ရောဂါကိုကုသခဲ့တယ်၊ အဲဒီခေတ်က ကပ်ရောဂါလိုဖြစ်နေတဲ့ တီဘီအဆုတ်နာရောဂါပျောက်ကင်းခဲ့ပါတယ်၊ ၁၉၄၆မှာတော့ အော့ဗ်ချာက ဘလာဂိုဗဲရှတန်းရဲဘုန်းကြီးကျောင်းမှာ သိက္ခာတော်ခံယူခဲ့တယ်။ ဘုန်းကြီးအမည်က ပါဗလဲ(Pavle) အင်္ဂလိပ်အမည် Paul ပါ။ ဗျာဒိတ်တော်အရ ဘုန်းကြီး hierodeacon ဖြစ်လာခဲ့တယ်။ (လက်ထပ်ခြင်းမရှိ၊ ၀တ်ရုံတော် အနက်ဝတ် ဘုန်းကြီး(monk) ပါ၊ hierodeacon နဲ့ပတ်သက်ပြီး အကုန်နားမလည်နိုင်သေးပါဘူး၊ လေ့လာဆဲမို့ လွဲမှားတာရှိရင်နားလည်ပေးစေလိုပါတယ်)၊ ၁၉၄၉-၁၉၅၅ ခုနှစ်အတွင်း ရာချာဘုန်းကြီးကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ အဲဒီနှစ်မှာပဲ ဂိုဏ်းအုပ်ဆရာတော်(Bishop)တွေရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်။ ၁၉၅၇မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ ၁၉၅၅နဲ့ ၁၉၅၇ခုနှစ်မှာ ဂရိနိုင်ငံ၊ အေသင်မြို့မှာ ဘွဲ့လွန်ပညာဆက်သင်ခဲ့တယ်၊ ဂရိက ပြန်လာပြီးတဲ့အခါ ကိုဆိုဗိုဒေသအားလုံးအပါအ၀င် ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်(Patriarch) မဖြစ်ခင် ၃၃နှစ်ကြာ ဂိုဏ်းအုပ်ဆရာတော်ဖြစ်ခဲ့တယ်။ငယ်ငယ်တည်းက မိဘနှစ်ပါးနဲ့ဝေးကွာခဲ့ပြီး အဒေါ်ကစောင့်ရှောက်ခဲ့တယ်၊ နောက်တော့ ဆာရာရေဗိုမြို့၊ ခရစ်ယာန်ဘာသာရေးတက္ကသိုလ်မှာ ပညာဆက်သင်ခဲ့တယ်။ ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဆားဘီးယားနိုင်ငံအနောက်ပိုင်း အနောက်မိုရာဗာမြစ် (West Morava) ဒေသက တောင်ကြားလေးမှာရှိတဲ့ အော့ဗ်ချာမြို့က Holy Trinity ဘုရားကျောင်းမှာသွာရောက်ခိုလှုံနေခဲ့တယ်။ နောက်ပိုင်းမှာတော့ ဘဲလ်ဂရိတ်မြို့ကို ပြောင်းရွှေ့ခဲ့ပါတယ်။ စစ်ကြီးအပြီး ဆောက်လုပ်ရေးလုပ်သားအဖြစ်လဲလုပ်ကိုင်ခဲ့တယ်။ ၁၉၄၄ခုနှစ်ဝန်းကျင်မှာ တီဘီအဆုတ်နာရောဂါဖြစ်ပွားလာခဲ့ပြီး ဗူရန်န်(Vujan)ဘုရားကျောင်းရှိ Saint ရုပ်ကလာဂ် ရှေ့မှာ ၂နှစ်ကျော်ကြာ ဘုရားသခင်ထံ နေ့စဉ်ဆုတောင်းပြီး  ရောဂါကိုကုသခဲ့တယ်၊ အဲဒီခေတ်က ကပ်ရောဂါလိုဖြစ်နေတဲ့ တီဘီအဆုတ်နာရောဂါပျောက်ကင်းခဲ့ပါတယ်၊ ၁၉၄၆မှာတော့ အော့ဗ်ချာက ဘလာဂိုဗဲရှတန်းရဲဘုန်းကြီးကျောင်းမှာ သိက္ခာတော်ခံယူခဲ့တယ်။ ဘုန်းကြီးအမည်က ပါဗလဲ(Pavle) အင်္ဂလိပ်အမည် Paul ပါ။ ဗျာဒိတ်တော်အရ ဘုန်းကြီး hierodeacon ဖြစ်လာခဲ့တယ်။ (လက်ထပ်ခြင်းမရှိ၊ ၀တ်ရုံတော် အနက်ဝတ် ဘုန်းကြီး(monk) ပါ၊ hierodeacon နဲ့ပတ်သက်ပြီး အကုန်နားမလည်နိုင်သေးပါဘူး၊ လေ့လာဆဲမို့ လွဲမှားတာရှိရင်နားလည်ပေးစေလိုပါတယ်)၊ ၁၉၄၉-၁၉၅၅ ခုနှစ်အတွင်း ရာချာဘုန်းကြီးကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ အဲဒီနှစ်မှာပဲ ဂိုဏ်းအုပ်ဆရာတော်(Bishop)တွေရဲ့ ဂိုဏ်းချုပ်ဖြစ်ခဲ့တယ်။ ၁၉၅၇မှာ ကျောင်းထိုင်ဘုန်းကြီးဖြစ်လာတယ်။ ၁၉၅၅နဲ့ ၁၉၅၇ခုနှစ်မှာ ဂရိနိုင်ငံ၊ အေသင်မြို့မှာ ဘွဲ့လွန်ပညာဆက်သင်ခဲ့တယ်၊ ဂရိက ပြန်လာပြီးတဲ့အခါ ကိုဆိုဗိုဒေသအားလုံးအပါအ၀င် ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်ရွေးချယ်ခံခဲ့ရပါတယ်။ ခရစ်ယာန်ဂိုဏ်းချုပ်(Patriarch) မဖြစ်ခင် ၃၃နှစ်ကြာ ဂိုဏ်းအုပ်ဆရာတော်ဖြစ်ခဲ့တယ်။ 

ဘာသာရေးခေါင်းဆောင်အဖြစ်
ရာစ့်နဲ့ ပရီဇ့်ရန်း (Ras and Prizren)ဒေသတွေရဲ့ ဂိုဏ်းအုပ်ဆရာတော်အဖြစ်တာဝန်ယူစဉ် ဘုရားကျောင်းအသစ်ပေါင်းများစွာတည်ဆောက်ဖို့၊ ဘုရားကျောင်းဟောင်းတွေပြုပြင်မွမ်းမံဖို့ ကူညီခဲ့တယ်၊ သူ့ရဲ့ အချိန်တော်တော်များများမှာ လူတွေနဲ့တွေ့ဆုံဖို့ ခရီးတွေသွားလာခဲ့တယ်၊ စာတွေရေးသားခဲ့ပါတယ်၊ ဘုရားကျောင်းတွေမှာ ကျမ်းစာသင်ကြားပေးခဲ့တယ်၊ ကိုဆိုဗိုမှာ ၃၃နှစ်ကြာနေထိုင်ခဲ့ပြီး ၁၉၉၀မှာ Patriarch of Serbia အဖြစ်ရွေးချယ်ခံခဲ့ရတယ်။ ၁၉၉၀ ဒီဇင်ဘာ၂ရက်နေ့က စပြီး ဘဲလ်ဂရိတ် St.Michael's Cathedral ဘုရားကျောင်းမှာကျောင်းထိုင်ခဲ့တယ်၊ ပါဗလဲရဲ့ မာန်မာနကင်းပြီး စိတ်သဘောထားနူးညံ့ပျော့ပြောင်းမှုဟာ သူ့ရဲ့ အထင်ရှားဆုံး ဂုဏ်ဒြပ်ပါပဲ၊ ဆားဘီးယန်းအော်သိုဒေါ့စ်ဘုရားကျောင်းက ဘုန်းကြီးတွေမှာ အဆင့်မြင့်ကားတွေရှိနေကြပေမဲ့ ပါဗလဲ မှာတော့မရှိပါဘူး၊ 'လမ်းလျှောက်သူတော်စင်'လို့နာမည်ကြီးပါတယ်၊ စစ်ပွဲတွေအတွင်း တစ်လျှောက်လုံး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့တယ်။


ဈာပန အခမ်းအနား
အသက်ထင်ရှားရှိစဉ်က လူတွေကြားထဲ ထင်ထင်ပေါ်ပေါ်သွားလာခဲ့ဖူးခြင်းမရှိတဲ့ ပါဗလဲ ရဲ့ ဈာပနအခမ်းအနားမှာ ပါဗလဲကိုရိုသေချစ်ခင်ကြတဲ့ လူပေါင်း ၆သိန်းကျော်လိုက်ပါပို့ဆောင်ခဲ့ကြတယ်။ ၃ ရက်ကြာပြုလုပ်ခဲ့တဲ့ ဈာပန အခမ်အနားမှာ ဆားဘီးယား၊ မွန်တန်နီဂရိုး၊ ဘောစ့်စနီးယား ဟာဇီဂိုးဗီးနား၊ ခရိုးအေးရှား၊ နဲ့ အနီးပါတ်ဝန်းကျင်နိုင်ငံဆီက ပါဗလဲကိုချစ်တဲ့၊ ပါဗလဲက အမြဲချစ်ခင်ခဲ့တဲ့ သူတွေ ဘဲလ်ဂရိတ်မြို့ကို စုရုံးရောက်ရှိခဲ့ကြပါတယ်။ ဘဲလ်ဂရိတ်လမ်းတွေပေါ်မှာလူတွေ ပြည့်သိပ်နေခဲ့ပါတယ်၊
စိန့်ဆာဗာဘုရားကျောင်းရှေ့ ရင်ပြင်မှာ ရုပ်ကလာပ်ကို ခေတ္တရပ်နားပြီး ဆုတောင်းခဲ့ကြတယ်၊ ရိုမေနီးယား၊ ဂရိစ်  ဂိုဏ်းအုပ်ဘုန်းကြီး တွေက ဘာသာစကား ရိုမေနီးယား၊ ဂရိစ်ဘာသာတွေနဲ့ ဆုတောင်းခဲ့ကြတယ်၊ ဈာပနာအခမ်းအနားကိုတက်ရောက်ခဲ့တဲ့ ဆားဘီးယားသမ္မတ ဘောရစ်တာဒစ် က ပါဗလဲ ပြောခဲ့ဖူးတဲ့စကား "မေတ္တာဂရုဏာတရားပြည့်ဝကြဖို့၊ မကောင်းဆိုးဝါးဝိညာဉ်ပူးကပ်နေတဲ့ သူများရဲ့ ရန်လိုတိုက်ခိုက်မှုတွေကို လက်တုန့်ပြန်ခြင်း ဘယ်တော့မှ မပြုလုပ်ကြဖို့" ကို ပြန်လည်ချီးမြောက်ပြောဆိုခဲ့တယ်။
သမ္မတတာဒစ်က အခုလို ပြောကြားခဲ့တယ်။  "ကြီးမြတ်လှတဲ့ ဂိုဏ်းချုပ်ပါဗလဲရဲ့ ကျေးဇူးတော်ကိုကျွန်တော် ပြန်လည်ချီးမွန်း ဖော်ပြသလို ပါဗလဲရဲ့ မေတ္တာတော်ကြီးမားလှတဲ့ လေးနက်တည်ကြည်တဲ့စကားလုံးတွေ တည်ရှိနေပြီးသား ဆားဘီးယန်းနိုင်ငံသားတွေရဲ့ သဘောထားကိုလဲ အားလုံးကို မျှဝေပေးလိုက်တာလို့ ကျွန်တော်ယုံကြည်ပါတယ်"လို့ဆိုတယ်။
စိန့်ဆာဗာဘုရားကျောင်းကို တပတ်လှည့်လည်ကြတယ်၊ ခေါင်းလောင်းသံအေးအေး တချိန်လုံးတီးနေခဲ့ပါတယ်၊ ဘုရားကျောင်းဝတ်ပြုအဖွဲ့ကလဲ ချိုအေးလှတဲ့ဆုမွန်ကောင်းတောင်းတဲ့ သီချင်းတွေရွတ်ဆိုခဲ့ကြတယ်။ ရင်ပြင်မှာ တပတ်လှည့်လည်ပြီးတဲ့အခါ ရုပ်ကလာပ်ကို မြို့ထဲ လမ်းမတလျှောက် သယ်ဆောင်ရင်း ပါဗလဲရဲ့ ဆန္ဒအတိုင်း ဘဲလ်ဂရိတ်မြို့စွန်နားက ရာကိုဗစ်ဆာဘုရားကျောင်းမှာ မြုပ်နှံခဲ့ပါတယ်။

ပါဗလဲရဲ့ စကားများ
“စိတ်ပိုင်းဆိုင်ရာ အားနည်းသူတွေဟာ ခက်ခဲ့ကြမ်းတမ်းတဲ့အချိန်တွေမှာ မကောင်းဆိုးဝါးတွေရဲ့ တိုက်ခိုက်မှုက လွတ်မြောက်ဖို့၊ ကြံ့ကြံ့ခံဖို့ ခံနိုင်ရည်မရှိကြဘူး၊ စိတ်ပိုင်းဆိုင်ရာ အားကြီးသူတွေကတော့ အမှန်တရားကို ဆုတ်ကိုင်ထားပြီး မကောင်းဆိုးဝါးတွေကို တိုက်ခိုက်ဖို့ ရုန်းကန်နိုင်ကြတယ်”

“မကောင်းဆိုးဝါးဆန်တဲ့လူသားတွေကိုကာကွယ်သင့်တယ်၊ ပြီးတော့ ပိုပြီးဂရုစိုက်ရမှာက ကိုယ်တိုင်းမကောင်းဆိုးဝါးဆန်တဲ့သူ ဖြစ်မသွားဖို့ပါပဲ”

“ဒီကမ္ဘာကြီးမှာ မုသား၊ တရားမဲ့မှု နဲ့ အမုန်းတရားတွေ ပမာဏအများကြီးရှိစေဦးတော့ အမှန်တရား၊ တရားမျှတမှုနဲ့ ချစ်ခြင်းမေတ္တာ ကတော့ စွမ်းအားပိုကြီးမားပါတယ် ”

“ရန်သူတွေဖြစ်နေပါစေ၊ သင် ဘုရားသခင်ဆီမှာ သူတို့အတွက် ဆုတောင်းပေးပါ၊ သူတို့ဘာတွေ လုပ်ဆောင်နေသလဲဆိုတာ သူတို့ကိုယ်တိုင်သိမြင်လာစေဖို့ ဆုတောင်းပေးပါ”

“တခြားသူတွေဆီကလာတဲ့မကောင်းဆိုးဝါးဟာ သင့်ရဲ့အတွင်းသဏ္ဍန်မှာ ခိုကပ်နေတဲ့ မကောင်းဆိုးဝါးလောက်ကုသရမခက်ပါဘူး”

“ဘယ်သူ့ကိုမှ တရားစီရင်မနေပါနဲ့၊ နားလည်ဖို့သာ ကြိုးစားကြည့်ပါ”

“ကျွန်တော်တို့ ဘုရားသခင်နဲ့ဝေးကွာနေရင်၊ ကျွန်တော်တို့အချင်းချင်းလဲ ဝေးကွားနေကြမှာပါပဲ”

“ကျွန်တော် ဆားဘီးယားနိုင်ငံကို စစ်ပွဲအတွင်း မပျက်သုဉ်းဖို့ ဆာ့ဘ်တွေကို ဦးဆောင်ကြဖို့ပြောခဲ့တယ်၊ ဒါပေမဲ့ ဆားဘီးယားနိုင်ငံကြီးကို မပျက်ဆီးရလေအောင်ထိမ်းသိမ်းဖို့ ရာဇ၀တ်မှုတွေ လိုအပ်မယ်ဆို၊ ဆားဘီးယားနိုင်ငံပျောက်သွားစေဦးတော့ ကျွန်တော်ငြင်းပါမယ်၊ ဆားဘီးယားဒေသသေးသေးလေး ကာကွယ်ဖို့ ရာဇ၀တ်မှုတွေလိုအပ်မယ်ဆို၊ ဒီဆားဘီးယားဒေသသေးသေးလေးအတွက်ပဲဖြစ်ပစေ၊ ကျွန်တော်ထပ်ပြီး ငြင်းဆန်ပါဦးမယ်၊ ဆာ့ဘ်တစ်ဦးချင်းဆီမှာ ကိုယ်တိုင်ကာကွယ်ဖို့ ရာဇ၀တ်မှုလိုအပ်နေဦးမယ်ဆို ကျွန်တော်တို့အားလုံးပျောက်ဆုံးသွားပါစေ၊ ကျွန်တော် ဒါကို ထပ်ပြီး ငြင်းဆန်ရပါဦးမယ်”

ပါဗလဲ ရေးသားခဲ့တဲ့ စာအုပ်များ
Monograph on the monastery of Devic (၁၉၇၂ ခုနှစ်မှာ ထုတ်ဝေခဲ့)
To be clearer to us some questions of our faith (၁၉၉၈ ခုနှစ်)
Prayers and requests (၁၉၉၈ခုနှစ်)

ပါဗလဲ ရဲ့ အလေ့အထ
တီဗီ၊ ရေဒီယိုအသုံးမပြုပါဘူး၊ သတင်းစာဖတ်လေ့ရှိတယ်၊ အိမ်သုံးပစ္စည်းတွေကိုယ်တိုင် ပြင်ဆင်အသုံးပြုတယ်၊ ရှုးဖိနပ်၊ မှန်ချပ်၊ တံခါး စတဲ့ အသုံးအဆောင်တွေကအစ တကိုယ်ရေသုံးပစ္စည်းတွေ ကိုယ်တိုင်ပြုလုပ်သုံးစွဲတတ်တယ်၊ အခန်းတွေက ပြန်ထွက်တဲ့အခါ မီးလုံးတွေကို အမြဲပိတ်သွားလေ့ရှိတယ်၊ တတ်နိုင်သမျှ လမ်းလျှောက်သွားလေ့ရှိတယ်၊ စိစစ်ချွေတာသူဖြစ်ပေမဲ့ ကပ်စေးနည်းသူတစ်ယောက် မဟုတ်ပါဘူး၊ မီးဖိုဆောင်မှာ ချက်ပြုတ်ဖို့လဲ တတ်ကျွမ်းသူဖြစ်တယ်၊ မနက်စောစောတွေမှာ  လှေကားထစ်တွေဆေးကြောနေတတ်တဲ့ ပါဗလဲ ကို အလုပ်သမားတော်တော်များများမြင်ဖူးကြတယ်။ သူပြောတာက "လူသားတွေရဲ့တာဝန်ကို ကိုယ်တိုင်လုပ်ကိုင်နေတာပါပဲ၊ ဘာမှ မခက်ပါဘူး၊ မဆန်းကြယ်ပါဘူး” တဲ့

ပါဗလဲ ဆန့်ကျင်တာက
တန်းဘိုးကြီးကားတွေကိုသူမလိုလားပါဘူး၊ တန်ဘိုးကြီးမှ မဟုတ် သူ့မှာ သာမန်ကားတစ်စီးတောင်မှ ရှိမနေပါဘူး၊ ဆေးလိပ်သောက်တာဆန့်ကျင်သူဖြစ်တယ်၊ ကြွယ်ဝချမ်းသာလိုမှုအတွက် ဆန္ဒပြမှုတွေကိုမကြိုက်ပါဘူး၊ ပါဗလဲ ပတ်ဝန်းကျင်မှာရှိနေတဲ့ ပါဗလဲကို ချစ်မြတ်နိုးသူတွေ သူ့အတွက် ၀န်ပိနေမှာကို မလိုလားဘူး၊ ရှုးဖိနပ်ကိုယ်တိုင်ချုပ်၊ ဟင်းကိုယ်တိုင်ချက်ပြုတ်တတ်တယ်၊ ဆားဘီးယန်းအော်သိုဒေါစ့်ဘုရားကျောင်းရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကိုယ်တိုင် စည်းကမ်းတင်းကျပ်စွာ နေထိုင်လေ့ရှိပေမဲ့ နိုင်ငံသားတွေအပေါ် ပျော့ပြောင်းနူးညံ့စွာဆက်ဆံတယ်၊ အားလုံးကို ကြိုဆိုပြီး မာန်မာနမရှိပေါင်းသင်းဆက်ဆံပါတယ်။

ကမ္ဘာကြီးရဲ့ နေရာတိုင်းမှာရှိနေကြတဲ့ ငြိမ်းချမ်းရေးကိုလိုလားသူ၊ ထူးခြားလှတဲ့သူတွေထဲက တစ်ယောက် ခရစ်ယာန်ဂိုဏ်းချုပ်ပါဗလဲကို ဂုဏ်ယူစွာနှုတ်ဆက်ရင်း၊ ထာဝရဘုရားသခင်အတွက် ဒီဆောင်းပါးနဲ့ သက်သေခံလိုက်ပါတယ်။ 

1 comment:

  1. အပေါ်ယံ ဆန်တဲ့၊ ဘုရားမိန့်မှာချက်အတိုင်းလိုက်မလျောက်ပဲ ကိုယ့်အလိုအတိုင်း နာမတော်ကိုအမှီပြုပြီး လုပ်ချင်တာလုပ်နေကြတဲ့ ခရစ်ယာန် အမည်ခံတွေကြားမှာ ဒီလို ဘုရားသားတော်တပါးကိုသိခွင့်ရတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်။ ကျမက ရိုမန်ကက်သလစ် ပေမယ့် ဘုရားစကားလိုက်နာတဲ့ သူတိုင်းဟာ ကျမအတွက်တော့ လေးစားချစ်ခင်ရတဲ့ခရစ်ယာန်ညီအကိုမောင်နှမတွေပါပဲ။

    JJ

    ReplyDelete