Sunday, July 17, 2011

မမေ့တဲ့နိုင်

ဇူလိုင်လထွက် ၊ ၁၉ရက်တွင် ၊
ကနက်မြန်ဘောင် ၊ ပြည်ကျိုးဆောင်သည့် ၊
ခေါင်းဆောင်ထိပ်တန်း၊ ဗိုလ်အောင်ဆန်းနှင့် ၊
တခန်းသီးသီး ၊ ခေါင်းဆောင်ကြီးတို့ ၊
နတ်ထီးသို့ ရောက် ၊ ၉နှစ်မြောက်လည်း၊
မပျောက်မမွေ့  ၊ လွမ်းဟုန်ငွေ့ ဖြင့် ၊
 ယနေ့ သို့ တိုင် ၊ မမေ့နိုင်ဘဲ၊
 သည်းဆိုင်ကြွေမျှ ၊အောက်မေ့လှ၏ ၊
 မွေးဖပမာ၊ အားကိုးရာသည် ၊
 ခုခါငါတို့  ကင်းတကား။      ။

( အမည်မသိ)

ဒီကဗျာလေးက မေမေငယ်ငယ်လေးက ဗိုလ်ချုပ်ကဗျာလေးဆိုပြီး ကြိုက်လို့ အရကျက်ထားတာပါ။
(၉)နှစ်မြောက် အာဇာနည်နေ့ မှာ သတင်းစာ ၊ဂျာနယ် သို့ မဟုတ် မဂ္ဂဇင်းတစောင်စောင်မှာ ဖေါ်ပြပါရှိတဲ့  ကဗျာကလေးဖြစ်ပါတယ်။ ကဗျာရေးသူရဲ့ အမည်ကိုတော့ အရမကျက်မိလို့  မေ့သွားပါတယ်။
ခေါင်းစဉ်တောင် မှန်ပါ့မလားဘဲ ။ မမေ့တဲ့ နိုင် လို့  ပေးလိုက်တယ်။

1 comment:

  1. မမေ့နိုင်ဘူး
    ငယ်ငယ်ကတည်းက အာဇာနည်နေ့အကြောင်းကို ထဲထဲဝင်ဝင် လေ့လာခဲ့ဖူးတော့ ရင်ထဲမှာ စွဲနေခဲ့တယ်
    ငယ်တုန်းကများ မျက်ရည်တောင် ကျခဲ့ဖူးတယ် ၀မ်းနည်းလွန်းလို့

    ReplyDelete