Friday, May 4, 2012

နံပါတ် ၂၃ ရဲ့ စံအိမ်

အမြဲတမ်းအတွက် ကမ္ဘာ့အကောင်းဆုံးဘတ်စကက်ဘောကစားသမားလို့ တစ်ခဲနက်သြဘာပေးခြင်းခံထားရတဲ့ NBA အမေရိကန်ဘတ်စကက်ဘောကစားသမား “မိုက်ကယ်ဂျော်ဒန်” ရဲ့ စံအိမ်ကြီးကို ရောင်းချဖို့ ဒေါ်လာ၂၉သန်းနဲ့  ဈေးခေါ်ထားလိုက်ပါပြီ။ ချီကာဂိုမြောက်ပိုင်း အိလိနွိုက်ပြည်နယ် Highland Park မှာရှိ ဂျော်ဒန်ရဲ့ စံအိမ်ဟာ ချီကာဂိုတစ်ဝိုက်မှာ ဈေးအကြီးဆုံးပဲလို့ပြောနေကြပါတယ်။ အဲဒီဒေသမှာ ဈေးအကြီးဆုံးမှတ်တမ်းဝင်ခဲ့တဲ ၂၀၀၇ခုနှစ်က ရောင်းချခဲ့တဲ့ Lake Bluff စံအိမ်တောင် ဒေါ်လာ၁၆သန်းပဲရှိခဲ့တာပေါ့။ ဂျော်ဒန်ရဲ့ ကြီးမားကျယ်ပြန့်လှတဲ့အိမ်ကြီး က ၅၆၀၀၀ စတုရန်းပေကျယ်ဝန်းတယ်။ အိပ်ခန်း၉ခန်းပါပြီး ရေချိုးခန်းကျယ် ၁၅ခန်းနဲ့ အခန်းငယ် ၄ ခန်းပါရှိတယ်။ အိပ်ခန်း၃ခန်းပါ ဧည့်သည်ဆောင်လည်းရှိနေတယ်။

၇ဧကကျော်ရှိတဲ့စံအိမ်မှာ ကားဂိုဒေါင်တွေ၊ ရေကူးကန်နဲ့ တင်းနစ်ကစားကွင်း၊ ဂေါက်သီးကစားနိုင်တဲ့မြက်ခင်းကျယ်၊ ရေနက်နက်နဲ့ ရေကန်လည်းရှိသေးတယ်။ ဘတ်စကက်ဘောကစားသမားဆိုတော့ ဘတ်စကတ်ဘောကစားကွင်းတစ်ခု ရှိကိုရှိနေမှာကတော့ အံ့သြစရာတော့မဟုတ်ပါဘူး။ အိမ်မကြီးနဲ့ တွဲလျက်မှာ ဘတ်စကက်ဘောကစားနည်းစည်းမျဉ်းတွေနဲ့ ကိုက်ညီတဲ့ကစားကွင်းရှိပါတယ်။ ပြိုင်ပွဲအဆင့်မီ အလင်းနဲ့အသံစနစ်တွေကိုပါ ဂရုစိုက်ပြီး ပြင်ဆင်ထားတယ်တဲ့။ ကစားကွင်းရဲ့ကိုယ်ပိုင်ကားထားတဲ့နေရာကို အိမ်မကြီးအ၀င်နဲ့ သီးခြားထားရှိပါတယ်။ ဂျော်ဒန်က ဖလော်ရီဒါမှာ အိမ်အသစ်ရှိနေပြီး Highland Park စံအိမ်ကို ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဖလော်ရီဒါက အိမ်ဟာ ၂၈၀၀၀ စတုရန်းပေ ကျယ်တယ်။ ဒေါ်လာ ၁၂သန်းအထက်အကုန်အကျခံကာ ဆောက်လုပ်ခဲ့တယ်လို့ဆိုတယ်။

1 comment:

  1. ခရစ္စတလ်May 4, 2012 at 5:35 PM

    ဒီလောက်ကြီးတဲ့ အိမ်ကြီး နေချင်ဘူး၊ တံမြက်စည်းလှည်းရတာ မောစရာပေါ့ :P

    ReplyDelete