အာဂျင်တီးနား vs ဂရိ ၂:၀ နဲ့ အာဂျင်တီးနားနိုင်သွားတယ်၊ အပျော်ဆုံးလူက မာရာဒိုနာကြီးပဲ၊
သူ့ ကို မြင်တော့ သတင်းတစ်ခုသွားသတိရတယ်၊ အာဂျင်တီးနားအသင်းကမ္ဘာ့ဖလားရခဲ့ရင် ကိုယ်လုံးတီးလမ်းပေါ်ပြေးဖို့ အာမခံတယ်ဆိုလားပဲ ကမ္ဘာ့ဖလားပွဲတွေမစခင် မြန်မာလိုသတင်းတစ်ခုမှာဖတ်လိုက်ရသေးတယ်၊ ဟုတ် မဟုတ် သေချာတော့မသိ၊
သူ ကိုယ်လုံးတီး ပြေးနေမှာ စိုးတာနဲ့ပဲ အာဂျင်တီးနားတွေ လျှော့ကန်ရမလိုဖြစ်နေပြီ၊
မာရာဒိုနာက သူ့သားလေးတွေချစ်တာများ ပါးလေး အပ်လိုက် ကျောလေးသပ်လိုက်နဲ့၊
ဗီရွန်ကြီးတွေ့တော့ မန်ယူမှာ ကစားတဲ့ပုံတွေ သတိရမိသေးတယ်၊ ခုရော ဘယ်မှာ ကန်နေလဲတောင် မသိတော့ဘူး၊
မက်ဆီလေးလဲ တွေ့တယ် ၀လာသလိုပဲ၊ ဆံပင်ဖားလျား ဖားလျားလေးတွေ ကွင်းထဲ ၃၊ ၄ ယောက်လောက်တွေ့တယ်၊
သူတို့မြင်တိုင်း Jesus ပဲသွားသတိရပြန်ရော၊
အာဂျင်တီးနား ဂိုးသမားကတော့ တရေးတမော အိပ်လို့တောင် ရဦးမယ်၊ ဂရိ ဂိုးသမားက တကယ်တော့ တော်တော် ကောင်းတယ်၊ နေရာယူလဲ မှန်တာပါပဲ လက်လဲမြဲတော့အမြဲသား၊ အာဂျင်းတီးနားတွေက တစ်ဆင့်ပြီးတစ်ဆင့်သွင်းယူတော့၊ သူလဲ မတတ်နိုင်တော့ဘူး၊ ဂရိဂိုးရှေ့မှာ မက်ဆီ တိုက်စစ်ဆင်နေတော့ ဂရိတွေ ချော်လဲကြတယ်၊ ဖြူဖြူ ဖြူဖြူ တွေ လဲကျတာ မြင်လိုက်လို့၊
ဂရိဂိုးသမား သူ့အသင်းသားတွေ သြဇာပေးနေပုံများ အဖေက သားကို ငေါက်ငမ်းနေတာကျနေတာပဲ၊ နည်းပြက မဆူရဘူး၊ သူကပဲ လှိမ့်လှိမ့်ဆူနေတော့တာပဲ၊ အာဂျင်တီးနားတွေက ဂိုးသွင်းပီဆို သူတို့က နေရာယူထားတာ အပြည့်ပဲ၊ တစ်ယောက်ကန်သွင်းလို့ ဘောလုံးပြန်လွတ်လာရင် ပိတ်မဲ့သူက နေရာကိုမှန်နေရော၊ အဲဒါနဲ့ ဂရိ ဂိုးသမားလဲ သနားစရာ၊
ဂရိဂိုးသမားကို မြင်တော့ အရင်က မန်ယူဂိုးသမားဘားသက်ဇ်ကြီးကို သတိရပြန်တယ်၊ ဘားသက်ဇ်လိုပဲ သူ့နောက်တန်းတွေကို ဆူပူတတ်တာ၊ ဘောလုံးပေးတော့လဲ ဘားသက်ဇ်ကန်ပုံနဲ့တူတယ် ပြေးပြီး ဘောလုံးလေထဲမြှောက်ကန်တာ၊
အရင်က လူတွေပဲ သတိရနေတော့တာပဲ၊ လူသစ်တွေ သိပ်မသိတော့လို့ ဖြစ်မှာပါ၊ အာဂျင်တီးနားနဲ့ အင်္ဂလန် ၂၀၀၂ က ပွဲကို သတိရမိပြန်ရော၊
ဒီပွဲ ရန်မဖြစ်ကြသလိုပဲ၊ သဘောကောင်းကြတယ်၊
မာရာဒိုနာကတော့ ဒီညအတွက် အပျော်ဆုံးလူ၊ အခုန်ဆုံးလူ(သူ့လူလေးတွေပါးကို အပ်ချင်တော့ ခုန်ခုန်ပြီး ကပ်မှ အဆင်ပြေတာကိုး)
သူ့လောင်းကြေးနိုင်ဖို့များ တွေးနေသလား မသိနိုင် ...