Thursday, March 25, 2010

ခရစ်ယာန်တစ်ယောက်လို့ပြောတဲ့အခါ

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
“ငါဟာ လုံခြုံနေပါပြီလို့”အော်ဟစ်ကြုံးဝါးမနေပါဘူး
တိုးတိုးလေးသာဆိုပါရစေ “ငါဟာ အရှုံးကိုမြတ်နိုးခဲ့သူပါ”
ဒါကြောင့်ပဲ ဒီလမ်းကိုရွေးချယ်ပါတယ်။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
မာနထောင်လွှားဝံ့ကြွားလိုစိတ်နဲ့မပြောပါဘူး
ငါဟာချွတ်ချော်မှားယွင်းမှုကို ဝန်ခံလိုစိတ်ရှိနေပါတယ်
ငါ့အတွက်လမ်းပြပေးမယ့်သူ တစ်ဦးဦးကိုလဲ အလိုရှိပါတယ်။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါဟာ သန်မာကြံ့ခိုင်သူဖြစ်ဖို့ကြိုးစားနေမှာမဟုတ်ဘူး
ငါ့ရဲ့အားနည်းမှုကို ကိုယ့်ဘာသာသင်ကြားလေ့လာနေမယ်၊
ပြီးတော့ဆုတောင်းပါတယ်၊ ခွန်အားတွေနဲ့ရှေ့ဆက်ဖို့အတွက်ပေါ့။

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
အောင်မြင်မှုကို ကြွားဝါမနေပါဘူး
ငါဟာရှုံးနိမ့်တာကို လက်ခံနေမှာပါ
ငါဟာ အပြစ်အကြွေးတွေအမြဲပေးမနေနိုင်ပါဘူး၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါ့ကိုယ်ကိုပြည့်စုံနေဖို့ တောင်းဆိုမနေပါဘူး
ငါ့ရဲ့အပြစ်အနာအဆာတွေက အထင်းသားနဲ့
ဒါပေမဲ့ ဘုရားသခင်ကယုံကြည်ပါတယ် ငါဟာဘုရားသခင်နဲ့ ထိုက်တန်တဲ့သူဖြစ်တယ်ဆိုတာကိုပေါ့၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
နာကျင်မှုတွေက စူးစူးရှရှရှိနေဆဲပဲ
ငါ့နှလုံးသားကကိုက်ခဲနာကျင်မှုတွေ ဝေငှပြောပြဖို့ရှိနေသေးတယ်
ဒါကြောင့် ငါ သူ့(ဘုရားသခင်)နာမည်ကိုပြောပြတာပေါ့၊

ကိုယ်ဟာ ခရစ်ယာန်တစ်ယောက်လို့ ပြောတဲ့အခါ
ငါတရားစီရင်လိုစိတ် အလျဉ်းမရှိပါဘူး
ငါ့မှာ ဒီလိုအခွင့်အာဏာမရှိပါဘူး
ငါက ချစ်ခင်ဖို့ပဲ သိတာပါ။ ။

by Carol S.Wimmer
ref: http://www.promiseofgod.com/iamachristian/

5 comments:

  1. စာလေးတွေ လာဖတ်သွားပါတယ်...
    လာအားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်..
    face book မှာ ကိုဘိုဘိုလန်စင် ပြောထားတာလေး တော့ သိချင်သား..
    ဘာဘဲဖြစ်ဖြစ် အားပေးနေတဲ့ အတွက် ကျေးဇူးတင်ပါတယ် မဖြိုးရေ

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  2. အသွေးရောင် ဘာသာ မခွဲခြားဘဲ ခင်မင်လျက်ပါ =)

    ReplyDelete
  3. သြော်...
    ခရစ်ယာန်ဘာသာဝင်တစ်ယောက်ပေါ့ ...

    ReplyDelete
  4. ခုလောလောဆယ်တော့ ခရစ်ယာန်ဘာသာဝင်ပေါ့၊
    အမှန်ပြောရရင်တော့ ဘုရားပုံတော်တွေတွေ့တိုင်း လက်အုပ်ချီမိတုန်းပါ၊
    ဗုဒ္ဓဘုရားကိုတိုင်တည်ကန်တော့ဆဲပါ၊ ဘုရားသခင်ကိုလဲဆုတောင်းဖြစ်တာပါပဲ၊
    ဒီမှာ ဘုရားကျောင်းပဲရှိတော့ ဘုရားကျောင်းတစ်ပတ်တစ်ခါတော့ သွားဖြစ်တယ်၊ လူကောင်းတစ်ယောက်ဖြစ်ဖို့ ဘာသာတရား၂ခုရဲ့ အဆုံးအမတိုင်း ကြိုးစားနေပါတယ်၊

    ReplyDelete
  5. ကဗျာလေးကောင်းလိုက်တာ
    ရေးသားပုံလေးကြိုက်တယ်။

    ReplyDelete