Wednesday, June 6, 2012

ဟိုသတင်း ဒီသတင်း

 အမွှာလေးတွေပွဲထုတ်လာတဲ့ ဂျနီဖာလိုပက်ဇ်
American Idol အဆိုပြိုင်ပွဲရဲ့ ၁၁ ရာသီမြောက်ပြိုင်ပွဲတွေကို ဇန်န၀ါရီ၁၈ရက်ကနေ စတင်ပြီး ယဉ်ပြိုင်လာခဲ့ကြပါတယ်။ ၂၀၁၁ကနေ စတီဗင်တိုင်လာနှင့်အတူတူ အကဲဖြတ်ဒိုင်ဖြစ်လာခဲ့တဲ့ ဂျနီဖာလိုပက်ရဲ့  ဖျော်ဖြေမှုတွေဟာ ပရိသတ်တွေကို စိုးမိုးခြယ်လှယ်နိုင်ခဲ့တယ်။ အသက် ၄၂ရှိပြီဖြစ်တဲ့ ဂျေလိုဟာ ၆၀ခုနှစ်တွေက ခေတ်စားခဲ့တဲ့ ပုတီးစေ့တွေသီထားတဲ့အဖြူရောင်ဝတ်စုံကို ဆင်မြန်းထားတယ်။ အဲဒီဝတ်စုံက ဂျေလိုရဲ့ လှပတဲ့ ကိုယ်ခန္ဓာနဲ့ ခြေထောက်တွေကို ထင်ရှားစေပါတယ်။ ဒီရာသီအစ ပထမဆုံးဖျော်ဖြေမှုမှာလည်း hit စင်ဂဲလ် Dance Again သီချင်းကို ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းအမျိုးသားတွေနဲ့ ၀န်းရံပြီး သီဆိုဖျော်ဖြေခဲ့တယ်။ ပရိသတ်တွေနှစ်ခြိုက်သဘောတွေ့ခဲ့ကြပါတယ်။ မေလ၁၁ရက်နေ့က ပြိုင်ပွဲမှာလည်း  ခမ်းနားလှပတဲ့ဝတ်စုံလေးဝတ်ဆင်ထားပြီး ချစ်စရာကောင်းလှတဲ့ အမွှာလေး မက်စ် နဲ့ အမ်မီကိုလည်း ပွဲထုတ်လာခဲ့တယ်။ American Idol ညတွေကို ဂျေလိုက လွှမ်းမိုးထားပါပြီလို့ ဆိုကြတယ်။ ဂျေလိုရဲ့ ၀တ်စုံကြောင့်လား၊ ဂျေလိုရဲ့ ဖျော်ဖြေမှုကြောင့်လား၊ ဂျေလိုရဲ့ ချစ်စရာကောင်းလှတဲ့ ကလေးလေးတွေကြောင့်လားတဲ့။ ပရိတ်သတ်တွေက မေးနေကြပါပြီ။
လေဟာပြင်ထဲက ပြပွဲ
ပန်းပုရုပ်တွေဟာ ပြတိုက်ထဲကနေ ထွက်ခွာခဲ့ကြပြီ။ လေဟာပြင်ထဲမှာ ပြပွဲပြုလုပ်ဖို့အတွက်ပြင်ဆင်နေကြပါပြီ။ ဆွစ်ဇာလန်နိုင်ငံ ဘက်ဒ်ရာဂက်ဇ်မြို့ နဲ့ နယ်နမိတ်မြို့ အဲလ်ပ်စ်တောင်တန်းတွေပေါ်က ဗာဒုဇ်၊ လီချန်စ်တိန်းမြို့တို့မှာပါ။ အဲဒီ၂၀၁၂ လေဟာပြင်ပြပွဲသစ်ကို နိုင်ငံပေါင်းများစွာက ပန်းပုပညာရှင်တွေရဲ့ ပန်းပုလက်ရာ ၈၀ကျော်နဲ့ပြသပါလိမ့်မယ်။ ပြပွဲကို နိုဝင်္ဘာလအစောပိုင်းအထိ ပြသထားမယ်လို့ဆိုတယ်။ ၂၀၀၀၊ ၂၀၀၃ ခုနှစ်တွေမှာလည်းပြုလုပ်ခဲ့ပြီး ၂၀၀၆ မေ ၂၀ကစတင်ပြသခဲ့တဲ့ Eye-Opening Moments(Augen-Blicke)လို့ အမည်ပေးထားတဲ့ ပြပွဲကို ဧည့်သည်ပေါင်း ၁၀၀၀၀ကျော်လာရောက်ကြည့်ရှုခဲ့ကြပါတယ်။

တူရိယာတွေထဲကို ကြည့်မယ်။ ပြီးတော့ သီချင်းနားထောင်မယ်
ဂစ်တာတစ်လုံးထဲ ရောက်ဖူးပါသလား။ တူရိယာပစ္စည်းတွေရဲ့အတွင်းပိုင်းမှာဘယ်လိုများရှိနေနိုင်မလဲ တဲ့။ ဥရောပ ထိပ်တန်းသံစုံတီးဝိုင်း ၁၀ ဖွဲ့ ထဲက နံပါတ်သုံးစာရင်းဝင်တဲ့ ဂျာမန် “Berlin Philharmonic”အဖွဲ့ဟာ ထူးခြားတဲ့ ကြော်ငြာနဲ့ ဂီတချစ်သူတွေကိုဆွဲဆောင်ပါတယ်။ ဂျာမန်ဒါရိုက်တာတွေနဲ့ ဓတ်ပုံဆရာတွေပါဝင်တဲ့ အဖွဲ့ဟာ ဂီတတူရိယာတွေကို တစ်စိတ်တစ်ပိုင်းစီဖြုတ်ပြီး တစ်ခုစီထဲမှာ ကင်မရာတစ်လုံးစီပြန်လည်တပ်ဆင်ကာ အင်မတန်ကြီးမားတဲ့ ဓါတ်ပုံတွေနဲ့ ပရိတ်သတ်တွေကို ပြသခဲ့ပါတယ်။ တူရိယာတွေရဲ့ အတွင်းပိုင်းကို ကြည့်ရှုပြီးတဲ့အခါ Berlin Philharmonic ရဲ့ ဂီတလက်သံတွေမြိုင်မြိုင်ဆိုင်ဆိုင်နားထောင်နိုင်ကြပါတယ်။

Pipe organ - Berlin Philharmonic ရဲ့ အော်ဂင်ဟာ အတွင်းမှာ ပုလွေ(ပိုက်)ပေါင်း ၆၀၀၀ကျော်ပါရှိတယ်တဲ့။

Guitar - သိုင်းကြိုးတွေအတွင်းပိုင်းမှာရှိနေတဲ့ဂစ်တာကိုယ်ထည်ဟာ သစ်သားရက်မတစ်ခုနဲ့ ဆင်တူနေလေရဲ့။

Soprano saxophone - ဒီလေမှုတ်တူရိယာရဲ့ ဖြောင့်တဲ့ကိုယ်ထည်ပိုင်းဟာ တစ်ဘက်ကနေ တစ်ဘက်ကို ရှင်းရှင်းလင်းလင်းမြင်ရစေတယ်။

Contrabass - ဒေါင်လိုက် ဘေစ့်ဂစ်တာရဲ့အသံအိုးအပေါက်တွေဟာ အလင်းတွေကို အတွင်းပိုင်းမှာဖြာကျနေစေတယ်။
တွမ်ခရုစ်ဇ်ရဲ့ Gothic စတိုင်လ်မဂ္ဂဇင်းမျက်နှာဖုံး
အမေရိကန်ဖက်ရှင်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ W မဂ္ဂဇင်းရဲ့ နောက်ဆုံးထုတ်မှာ တွမ်ခရုစ်ဇ်ရဲ့Gothic စတိုင်လ်မျက်လုံးမှာဆေးခြယ်ထားပြီး ဆေးမှင်ကြောင်ထိုးထားတဲ့ပုံမျက်နှာဖုံးတင်လိုက်တဲ့အတွက် စာဖတ်ပရိတ်သတ်တွေကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့ပါတယ်။ ခါးအထိ အ၀တ်အစားခွာချထားတယ်။ အ၀တ်အစားအနည်းငယ်သာဝတ်ဆင်ထားတဲ့မော်ဒယ်မလေးနှစ်ဦးက ဆင်းဒ၀စ်ခ်ျလို တွမ်ခရုစ်ဇ်ကို ဖိညှပ်ထားကြတယ်။ အဲဒီမျက်နှာဖုံးပုံဟာ တွမ်ခရုစ်ဇ်ရဲ့ ဇွန်လမှာပြသမယ့် Rock of Ages ထဲက ဇာတ်ကောင်ပုံစံဖြစ်ပါတယ်။ ၂၀၀၆ခုနှစ် က ဘရော့ဒ်ဝေးဂီတဇာတ်မြူးကားကို ပြန်ပြီးအသက်သွင်းထားတဲ့ရုပ်ရှင်ကားပါ။ ကက်သရင်းဇီတာဂျုန်းလည်း ပါဝင်သရုပ်ဆောင်ထားပြီး တွမ်ခရုစ်ဇ်က Arsenal အဖွဲ့ရဲ့ ခေါင်းဆောင်အဆိုတော် Stacee Jaxx အဖြစ်သရုပ်ဆောင်ထားပါတယ်။ W မဂ္ဂဇင်းရဲ့ မျက်နှာဖုံးလိုပဲ Time မဂ္ဂဇင်းရဲ့ မိခင်တစ်ဦးက ကလေးနို့ချိုတိုက်ကျွေးနေပုံ မျက်နှာဖုံးဟာလည်း ပြင်းထန်တဲ့ဝေဘန်သံတွေ ရရှိခဲ့ပါသေးတယ်။

4 comments:

  1. အခုမှပဲ သတင်းအစုံအလင်
    ဖတ်ရတော့တယ်..ဖြိုးရေ..။
    ကျေးဇူး.။။

    စကားမစပ်...ဂျေလိုက ပိုလှလာတယ်..။
    တွမ်ခရုဇ် ဒီပုံကြီးနဲ့ မလိုက်ဖက်သလို..။

    ပေါက်

    ReplyDelete
  2. ပုံကြည့်ရတာ တွမ်ခရုစ်လို့တောင် မထင်ရဘူး
    စာဖတ်မှဘဲ သိတော့တယ်
    လူတောင်မှားတယ်.
    ဟုတ်ပါရဲ့ ဂျေလိုက တော်တော်လှတယ်နော်
    မျက်နှာလေး ချစ်ဖို့ကောင်းတယ်
    ကလေးတွေလည်း တော်တော်ချစ်ဖို့ကောင်းတယ်

    ReplyDelete
  3. ဂျေလိုရဲ့ အလှကိုတွေ့ရလို့ ခံစားသွားပါတယ်။ မဖြိုးကို ကျေးဇူးပါ။ ကျွန်တော့်မိန်းမကို မပြောကြေး။ တူရိယာတွေကို အဲဒီလို ရိုက်ထားတာ တစ်ခါမျှ မမြင်ဖူးဘူး။ အဲဒီလိုမြင်ရတာ စိတ်ခံစားမှုဆန်းသစ်စေပါတယ်။ တော်တော်ကောင်းတဲ့ခေါင်းတွေဗျနော်။ တွမ်ခရုစ်ကတော့ အမှန်အတိုင်းပြောရရင် ဘာပုံပေါက်နေလဲမသိဘူး။ နည်းနည်း ဂျယ်ဆန်နေသလိုပဲ။ အားလုံးအတွက် ဗဟုသုတရပါတယ်။ ကျေးဇူး။ American Idol မကြည့်ရတာ ကြာပြီဗျ။ ဂျေလိုကို ဘယ်ကြည့်ရတော့မလဲ။

    ReplyDelete
  4. အမှန်ပဲ..
    American Idol ကို JLOအစွဲနဲ့ မလွတ်တမ်း ကြည့်ဖြစ်တယ်။ သူ့စတိုင်၊ သူ့ဖက်ရှင်နဲ့ သူ့အပြောကို နှစ်သက်လွန်းလို့..။

    ReplyDelete