Saturday, June 23, 2012

ဘာလင်တံတိုင်းကို ရှာဖွေခြင်း

Hunting  The Wall  by John Dyson , from RD Nov 2009

                                        ( စာရေးဆရာ  ဂျွန် ဒိုင်ဆန်  ဟာ ဘာလင်ကို ပြန်လာပြီး
                                        ၂၈နှစ်ကြာ နိုင်ငံကို  ၂ ပိုင်းခွဲခြား ပြစ်ခဲ့ တဲ့ 
                                         ကြောက်စရာ့ ကွန်ကရစ် သတ္တ၀ါကြီးအကြောင်း
                                         ရှာဖွေလေ့လာ တင်ဆက်ထားပုံ က.. ဒီလိုပါ ။)

                  ကျွန်တော်  ဒုတ်ကနဲ  ရင်ခုန်သွားတယ် ဗျ။ နယ်ခြားစောင့်လက်ထဲ ကျွန်တော့်  နိုင်ငံကူးလက်မှတ်ကို ပေးလိုက်ရလို့ လေ။ လက်နက်ကိုင်စစ်သားတွေ  ခြံရံနေတဲ့  အစိမ်းရောင်ယူနီဖေါင်းဝတ် အရာရှိတွေက  ခက်ထန်ကြမ်းကြုတ်ပုံ ပါပဲ ကင်မရာအလင်းတံခါးရှပ်တာများက ဂျောက်ဂျက်မြည်သံ ထွက်လာမလား။
၁၉၆၃ခုနှစ် စစ်အေးတိုက်ပွဲ ရဲ့   အမြင့်ဆုံးအချိန် ကာလ  စိုစွတ်အေးမြ ချမ်းစိမ့်နေတဲ့ ည တညမှာ  အရှေ့ဘာလင်ကို ၀င်ဘို့  အရေးအကြီးဆုံး စစ်ဆေးခံရမဲ့ နေရာ  (checkpoint Charlie)ကို ကျွန်တော် ဖြတ်ကျော်ဘို့  ဖြစ်လာပြီ။ ကျွန်တော် တကယ်ပဲ   စိတ်လှုပ်ရှားနေမိတယ်။ ကြောက်လဲ ကြောက်နေတယ်။ကျွန်တော် အသက်က ၂၀ ပဲ ရှိသေးတာပါ။  အလံနီများ   ဖုံးလွှမ်း ရစ်ပတ်ထားတဲ့                                            ကမ္ဘာ  တခြမ်းမှာ  ဒါ ကျွန်တော့် အတွက်  မျှော်လင့်မထားတဲ့  ပထမဦးဆုံး ရင်ဆိုင်ရမဲ့   ခရီးစဉ် အတွေ့ အကြုံ တခုစြစ်ပါတယ်။
              
                    ကျွန်တော့် နီုင်ငံကူးလက်မှတ်ကို  သူတို့ မျက်ပေါက်ဆိုးဆိုးနဲ့   ခပ်ရိုင်းရိုင်းပြန်ပေးပ်ါတယ်။
 ခုဆိုရင် ကျွန်တော် အရင်းရှင်းဝါဒ ထွန်းကားရာ နိုင်ငံတွေကို ကျောခိုင်းစွန့် ခွာလို့  ဖိနှိပ် ချုပ်ချယ်မှုများနဲ့ ကွန်မြူနစ်ဝါဒ ကျင့်သုံးပွားများရာ  နယ်မြေထဲ ကို ခြေဦးချတော့မှာဖြစ်ပါတယ်။
                    လမ်းမီးတွေက မှုံဝေေ၀ ရီဝါးဝါး ဈေးဆိုင်တွေက မှောင်မဲ မဲ ။ အဆောက်အဦတွေကြားမှာတော့..ဗုံးစ ဗုံးနတွေ ။ လုံးဝ ယာဉ်အသွားအလာ မရှိပါဘူး။  တခါတရံ မီးခိုး တအူအူ နဲ့   နှစ်ထပ် ကားကြီးတွေ ဖြတ်သွားဖြတ်လာတော့ရှိတယ်။  လူတချို့  ကတော့  ကိုယ့်အတွေးနဲ့ ကိုယ် သွားလာလှုပ်ရှားရင်း ဘာကိုမှ စိတ်ဝင်စားဟန်မရှိဘူး။
              
                    ပုံရိပ်မဲတွေနဲ့  ဆန့်ကျင်ပြီးတော့  အနောက်ဘာလင် ရဲ့  ရဲရဲတောက်ထင်ရှားတဲ့ သူရဲကောင်း အလင်း ပုံရိပ်တွေက ထွန်းပြောင်ပေါ်လွင်နေတယ်။  ဘရင်ဒင်ဘတ်ဂ် ဂိတ် (Brandenburg gate ) ကြီးရဲ့  ကြမ်းရှမဲနက်ခဲ့  တဲ့ ကောက်ကြောင်းတွေက  တဖန် အနောက်ဘာလင်ကို  ၀င်းလက်စေခဲ့ မှာပါ။ ကျွန်တော်ဟာ မှားယွင်းစွာတည်ရှိနေတဲ့   တံတိုင်းကြီးဘက်မှာ တုန်လှုပ်စွာ ရှိနေတယ်။   တံတိုင်းကြီးရဲ့ အတွင်းဘက်မှာ သေခြင်းတရားတွေက  ပုန်းခို ရှိနေဆဲပါ။  အိုး .. ဒါတွေ  အဲဒီမှာ ရှိနေဆဲပဲဆိုတာ  သေချာသွားတယ်။
ကျွန်တော် အမှတ်မထင် နိုင်ငံကူးလက်မှတ်ကလေးနဲ့  တို့ ထိ ကြည့်လိုက်တယ်။ ကြက်သီး ထမိတော့ ချမ်းမြမြ ပူရှိန်းရှိန်း။

                   ၁၉၆၁ခုနှစ် သြဂတ်စ် ၁၃ရက် တနင်္ဂနွေနေ့ နံနက် ၁နာရီ ကစလို့  ထောင်ပေါင်းများစွာသော လက်နက်ကိုင် စစ်သားတွေဟာ  သဲ ၊ကျောက် ၊ အုပ်  စတာတွေ ပုခုံးပြောင်းထမ်း သယ်ဆောင်လို့   တံတိုင်းကြီးကို တည်ဆောက်ခဲ့ ကြတယ်။ ကွန်မြူနစ်တွေက သူတို့  သိမ်းပိုက်ရရှိထားတဲ့  နယ်မြေကို  သီးခြားတည်ရှိအုပ်ချုပ်နိုင်ဘို့  တံတိုင်း ကာရံ ပိုင်းခြားပြစ်ခဲ့ တယ်။တံတိုင်းကြီးရဲ့  အရှည်က  ၁၅၅ ကီလိုမီတာရှည်ပါတယ်။
                    စောင့်ကြည့်မျှော်စင်တွေက ၃၀၂ ခုရှိပြီးတော့  အစောင့်လွှတ်ထားတဲ့ ခွေးပေါင်း ၂၅၉ ကောင် ရှိပါတယ်။ ဒီတံတိုင်းကို ကျော်ဖြတ် ပြီး လွတ်မြောက်ဖို့  ကြိုးစားခဲ့ ကြလို့   သေဆုံးခဲ့ ရသူပေါင်းက ၁၃၆ ယောက်ရှိပါတယ်။ အရှေ့ ဘက်ခြမ်း အနောက်ဘက်ခြမ်းနယ်စပ်ဒေသ ရှိ   သေဆုံးရသူ တွေကို စေ့စပ်သေချာစွာ စာရင်းပြု ကြည့်ရင် ဂျာမန်  အရပ်သား  ပေါင်း ၁၃၄၇ ယောက် ရှိပါတယ်။ လွတ်မြောက်သွားသူပေါင်းက  ၅၀၀၀ ရှိပြီး အဲဒီထဲမှာ စစ်သားက ၂၀၀၀ ပါရှိပါတယ်။ တံတိုင်းကြီးကို ခိုင်ခန့်  သေချုာအောင် ကွန်ကရစ်နဲ့  အတောင့် အတင်း ဆောက်လုပ်ခဲ့ တာပါ။၁၉၈၉ခုနှစ်မှာတော့ တံတိုင်းကြီးပြို လဲ ခဲ့ တာပါဘဲ။
                    ၁၉နှစ်သား  နယ်ခြားစောင့်ကေ လး   Conrad Schumann ဟာ လွယ်ထားတဲ့   ရိုင်ဖယ် သေနတ်ကြီး တရမ်းရမ်း ၊  အင်္ကျီ တလွှားလွှားနဲ့    သံဆူးကြိုးတွေကို  တိုးဝှေ့ ကျော်ဖြတ်ပြီး  ထွက်ပြေးလွတ်မြောက်သွားတယ်။ ဂျာမန်မိသားစုတခုကလဲ ဘာလင်ကို  ၂ ပိုင်း မခွဲခင်လေးမှာပဲ ကွန်မြူနစ် ကြီးစိုးရာ အရှေ့ ဘာလင်ကနေ ကံကောင်းစွာ ထွက်ပြေးလွတ်မြောက်ခဲ့ တယ်။
                
                    ဒီတံတိုင်းကြီးကို တည်ဆောက်ရတဲ့  ရည်ရွယ်ချက်ကတော့ လူဝင်မှုကို တင်းကြပ်ချင်တာပါ။ အုပ်စုလိုက် တရားမ၀င် ထွက်ပြေးခြင်း    သို့ မဟုတ် ၀င်လာခြင်းကို တားဆီးချင်တဲ့ သဘောပါပဲ။ ၀ါဒချင်းမတူညီတဲ့ အတွက် သီးခြားအုပ်ချုပ်ဖို့ ကို အရှေ့  ဘာလင် အာဏာပိုင်များက အလိုရှိခဲ့ တာလဲ ဖြစ်ပ်ါတယ်။

                   ရာစုနှစ်ဝက် နီးပါး ကုန်လွန်သွားချိန်မှာလဲ  ကျွန်တော် ဒီနေရာမှာပဲ မားမား ရပ် မိပြန်ပြီ။ အရှေ့ ဘာလင်မှာ ဘာတွေ ဖြစ်ပျက်ခဲ့ သလဲ ဆိုတာ ဟောဒီ ဘရင်ဒင်ဘတ်ဂ် ဂိတ်ဝကနေ အနီးကပ်မြင်ကွင်းတခုအနေနဲ့  မျှော်ကြည့်လိုက်တယ်။ ကျွန်တော့်  မျက်စိရှေ့မှာ ပထမဦးဆုံး မြင်တွေ့ လိုက်ရတာက   မြင်း ရုပ်တွေနဲ့   (Starbucks)  ကြီးရယ် ၊ ညာဘက်က  အမေရိကန်သံရုံး။ ရယ် ပါပဲ။
ဘာလင်မြို့ သစ်ကို လာရောက်ခဲ့တဲ့  ဧည့်သည်တဦးအနေနဲ့  ခင်းဗျားစိတ် မှာ  မပြောင်းမလဲ တည်ရှိနေမဲ့ အမေးချင်ဆုံး  ထိပ်တန်း မေးခွန်းတခု ရှိနေမှာပဲ ။ ဒါဟာ...

                  “ တံတိုင်းကြီး ဘယ်နားကစလို့  ဘယ်အထိ ရှိခဲ့သလဲ “  ဆိုတာဖြစ်ဘို့ သေချာပါတယ်။
                  စီတန်းနေတဲ့  ကျေက်စရစ်   ပြားများ အတန်းလိုက် နှစ်တန်းအပြိုင် ခင်းထားတဲ့ လမ်းကြွင်းးလမ်းကျန်လိုင်းတွေဟာ တံတိုင်းကြီးရဲ့  ခြေရာတွေ ပဲ မဟုတ်ပါလား။   အဲဒီ အကြွင်းအကျန်ကျောက်ပြားတွေရဲ့ အောက်မှာ နောက်ပြီး ကားတွေရပ်နားရာ စခန်း အောက်မှာ  ကိန်းအောင်းနေဆဲ သေသူများရဲ့  ၀ိညာဉ် ကိုပါ  ကျွန်တော့် မျက်စိထဲ မြင်သာ  ထင်သာရှိလာတယ်။

                   မီးမောင်းကြီးများ လင်းထိန်နေတဲ့ ရှည်မျောမျော မျဉ်းကွေးဒေါက်တိုင် ကြီးများ  ပံ့ပိုးထားရာ ဘရင်ဒင်ဘတ်ဂ်  အဆောက်အဦကြီးအောက်က  ရှေးရှေး  ကွယ်လွန်ပြီးသူများရဲ့  ရုပ်ကြွင်းများဟာ ဒီအနီးအနားတ၀ိုက်မှာ  ကင်းလှည့်စောင့်ကြည့်နေကြလိမ့်မယ်။ဆိုတာ မမှားနိုင်ဘူး။
 ဒါကို ကျော်ဖြတ်ပြီး  အရှေ့ ဘာလင်သားတွေ  ဒီမှာဘက်ကို ၀င်ခွင့်မရှိပါဘူး ။သူတို့ ကို ထိန်းချုပ်ထားတဲ့  နယ်မြေဇုံ တခုဖြစ်တယ် ။  သတ်မှတ်ထားတဲ့  ကာလများမှာ လျှပ်စစ်အချက်ပေးသင်္ကေတနဲ့  အ၀င်အထွက်ကို ထိန်းချုပ်ထားတာပါ။ရှေးနည်ပုံစံးအတိုင်း သံဆူးကြီုး  အချွန်အတက်တွေ ကာရံ ထားတာမျိုးလဲ ရှိပါတယ်။
(ဂျာမဏီနီုင်ငံ ပြန်လည်ပေါင်းစည်းခြင်းအထိမ်းအမှတ်အဖြစ် ဒီ ဘရင်ဒင်ဘတ်ဂ် အဆောက်အဦးကို  ရွှေရောင်သဲကျောက်များနဲ့  လှပ ခန်းနားစွာ အထူးမွန်းမံ ဆောက်လုပ်ထားတာ ယနေ့ မြင်တွေ့ နိုင်တယ်။ )

               Nordbahnhof မြေအောက်ရထား ဘူတာရုံ အပြင်ဘက် မြက်ခင်းပြင်မှာ ပေါက်ကွဲမှုဖြစ်တာကြောင့် ဘယ်လောက်ကျယ်ကျယ်ပြန့်ပြန့် သေကုန်ကြမလဲ မစဉ်းစားတတ်ဘူး။ ကျွန်တော့် ညိုံ့ သကျီးကို တခုခုနဲ့   ထိခိုက်မိတာတော့  အမှန်ပါပဲ။   ကိန် က နဲတောင် အော်ချင်မိတယ် ။ ကျွန်တော့်ဂျင်းဘောင်းဘီ ကနေ  သွေးတွေက စိမ့်ထွက်လာတယ်။  ဘောင်းဘီကို ချွတ်ပစ်ဖို့  စိတ်ကူး မရှိဘူး။ လွန်ခဲ့ တဲ့  အနှစ် ၂၀ က “လိမ္မော်ရောင်းမီးတောက်”  ခေတ်ကို ပြန်တွေးကြည့်တာပါ။ မှောင်အတိကျနေတဲ့  အချိန် သေနတ်သံတွေ ညံစီနေတဲ့  အချိန်။

အခု နဲ့ တော့  ကွာခြားသွားခဲ့ ပါပြီ။ မြေအောက်ရထား ဘူတာရုံ ( Wollankstrasse  )  ကနေ ထွက်လာတော့  ကတ္တာရာခင်းလမ်းပေါ်မှာ လူတွေ ..လှုပ်လှုပ်ရွရွနဲ့  တွေ့ နေရတယ်။ ခွေးတွေဆွဲပြီး လမ်းလျှောက်ထွက်လာကြသူများနဲ့  သားသမီးငယ်လေးတွေကို စက်ဘီးစီးသင်ပေးနေတဲ့  အဖေတွေနဲ့  ပြည့်လို့ ။
              ကျွန်တော့ ခေါင်းပေါ်က    ခုံးထနေတဲ့  ဓါတ်တိုင်တွေရဲ့  မီးအလင်းအောက်အရောက်  တုံ့ ကနဲ ဖြစ်သွားတယ်။ ချက်ခြင်း တံတိုင်းတွေ  မှာ  သေခဲ့ ကြတဲ့  ၀ိညာဉ်တွေ ..သတိရလာတယ်။  ဟုတ်ပြီ ။အဲဒီကို ကျွန်တော် လမ်းလျှောက်သွားမယ်။ 
              ဓါတ်တိုင်တခုမှာ အနီ။ အဖြူ    အစိမ်း ၊အဖြူ အစင်းကြောင်းတွေအချောင်းလိုက်  ရေးခြစ်ထားတယ်။
              နယ်ခြားစောင့်များ  က ထွက်ပြေးခိုလှုံသူများ  ကျူးကျော်ဝင်ရောက်လာသူများကို တပ်ပြေးများအဖြစ်
နဲ့ လဲ  မှားယွင်း ပစ်ခတ်မိစရာ အကြောင်း ရှိပါတယ်။
 တံတိုင်းကြီးကိုယ်တိုင်ကတော့ ဘုန်းဘုန်းလဲ ပြိုကျပြီးနောက် အကြွင်းအကျန်  ကွန်ကရစ်အချပ်ပြားတွေကို သိုလှောင် ချန်ထား သိမ်းဆည်းရင်း  ပန်းဥယာဉ်တွေနဲ့ အတူ  ထည်ရှိနေဆဲ ဆိုတာ  ကျွန်တော်မြင်နေရတယ်။

                ဒီ့နောက်  တနင်္ဂနွေနေ့ တရက် Wannsee အနီး  ၀န်းကျင်တ၀ိုက် ကျွန်တော် လမ်းရှောက်ထွက်တော့  ကျယ်ပြန့်တဲ့  ခြောက်လမ်းသွား လမ်းမကြီးဘေးက  လှပ စိုပြေတဲ့   ထင်းရူးပင်တောကို  ဖြတ်သန်းရင်း ပန်းပွင့်လှလှလေးတွေကိုစည်းနှောင်
ထားတဲ့ ပန်စည်း တစည်း မြက်ခင်းပြင်မှာ အလှဆင် အားဖြည့်ထားတာ တွေ့ ရတယ်။
 ဒီမှာ  တကယ်အစစ်ရှိခဲ့ တဲ့  တံတိုင်းကြီးက တင်ကျန်ရစ်တဲ့  ခြေရာ လက်ရာတွေ ။ အဲဒါနောက် လိုက်ရင်း လိုက်ရင်း နောက်တခု အမှတ်ရစရာ Teltow တူးမြောင်းဆီ ကို ရောက်ခဲ့  တယ်။ တခါတုံးက နယ်ခြားဒေသ  မျှော်စင်   စောင့်တယောက်  ဟာ  ခုဆိုရင် စခန်းချ နားနေလာသူများအတွက် ရေချိုးခန်း စောင့် အဖြစ်နဲ့  တာဝန်ထမ်းဆောင်နေပါတယ်။

                   တံတိုင်းကြီးရဲ့  အရေးအပါဆုံး အထူးခြားဆုံး ကြွင်းကျန်ရစ်တာက က အုပ်ချပ်တွေ အင်္ဂတေချပ်တွေသာ မဟုတ်-ပ်ါဘူး။မြေပုံပေါ်က သစ်ရွက် တွေရဲ့ အလှအပ လဲ ပါ ၀င်နေတာပါပဲ။ မြို့ ထဲနဲ့ ဆင်ခြေဖုံး တွေမှာ  ပွင့်လင်းဝေစီနေပုံက   လည်း အားရကျေနပ်စရာများပါပဲ။
သံကန့့် လန့် ကာ နောက်ကွယ်က လူတွေ  အချို့ ထိန်းချုပ်ထားရာအရှေ့ ဘက် အခြမ်း စည်းရိုးခြားနားထားရာနယ်မြေဒေသ မှာတောင်   ကြမ်းတမ်းလွန်းခဲ့ ရတဲ့ ဘ၀တွေကို ခ၀ါချပြီး   ခုအခါ ချမ်းမြေ့ အေးဆေးတဲ့ နေရာဒေသဖြစ်နေပါပီ။

                   ဒီ့နောက် ကျောက်ပြားတွေနောက် ခြေရာခံ ဆက်လိုက်ကြည့်တယ် ။ကျွန်တော် Zimmerstrasse တလျှောက်  ရှောက်လာခဲ့ ပြန့်တယ်။ အဆောက်အဦသစ်တွေက ဟိုဘက် ဒီဘက် ပြည့်ညှပ်နေတယ် ဈေးဆိုင်တွေ လူနေ အိမ်ခြေတွေ ၊ ရုံးခန်းတွေနဲ့  စုံလို့ပါပဲ။ကြေးသွန်းစိုက်ထူ ကမ္ဖည်းထိုးထားတဲ့ Peter Fechter့ ရဲ့  ရှေ့ မှာ ကျွန်တော်  ခေတ္တရပ်နေမိတယ်။ မမျှော်လင့်ပါဘူး။ဒီလို
 ဆုံတွေ့ရလိမ့်မယ်လို့ ။သူ့ခမြာ ကံမကောင်း အကြောင်းမလှ ခဲ့  ရှာဘူး။ သူုက ပန်းရံ အလုပ်သမားလေးပါ။ အသက်က ၁၈ နှစ်ပဲ ရှိပါသေးတယ်။  ၁၉၆၂ခုနှစ်မှာပဲ သူက မြင့်မြင့် ခိုင်ခိုင် ကာရံထားတဲ့  တံတိုင်းကို ကျော်ပီး ခိုးထွက်ဘို့  ကြိုးစားခဲ့ ရာမှာ လုံခြုံရေးအစောင့်တွေ လက်ချက်နဲ့  ပစ်သတ်ခံခဲ့ ရတာပါ။ သွေးအိုင်ထဲမှာ အသက်ပျောက်ခဲ့ ရှာတယ်။ သူ အသက်မထွက်ခင်
ကလေးမှာ “ ဘာ့ကြောင့်လဲ ။ ဘာ့အတွက်လဲ ။ကျွန်တော့်ကို ဘာကြောင့် ပစ်ခတ်တာလဲ ။ ကျွန်တော့်ကို လွတ်လပ်ခွင့် မပေးနိုင်ကြဘူးလား။ ဘယ်သူမှ မကူညီနိုင်ဘူးလား “လို့  သနားစဖွယ်   ညီးတွားသွားလေရဲ့ ။

ကြေမွနေတဲ့  သူ့ခန္ဒာဝိညာဉ်ပုံကလေး သတင်းစာတွေထဲ  ကြေကွဲစွာ ဖေါ်ပြခဲ့ ကြတာ ကို ခုထိ ကျွန်တော်မှတ်မိနေတယ်။  ပေါ့ဆမှုတခုက သူ့ကို သေစေညွှန်းခဲ့ ရော့သလား။
မိုက်မဲ လွန်းလှတယ်။သူဟာ ကျွန်တော်နှင့် မတိမ်းမယိမ်းပါ။ မြေးခလေး အနေနဲ့  သူ့ အဘိုးအဘွားများရဲ့  ရင်ခွင်မှာပျော်ပိုက်စွာ
 ပြီး ပြည့်စုံတဲ့ ဘ၀တခုထဲ ပိုင်ပိုင်နိုင်နိုင်  အေးအေးချမ်းချမ်း ဘာ့ကြောင့် မနေနိုင်ခဲ့ ရသလဲ ကျွန်တော်မေးချင်တယ်။ ဒါဟာ
ကြောက်ရွံ့ထိတ်လန့်ဖွယ်အကောင်းဆုံး ကွန်မြူနစ် ၀ါဒီသမားတွေ ကြောင့်ပဲ မဟုတ်လား။              
                “ ဖက်ဆစ်ဆန့်ကျင် ရေး ၊ တပ်ဖြန့် ချထားရေး “ တဲ ။သူတို့  ဒီလို့  လိမ်ညာလို့  မလိုပါဘူး။ ဒီ အုပ်တွေ ကျောက်တွေ ၀ိုင်ယာကြိုးတွေ နဲ့   သွေးအိုင်ထဲမှာ ဖိတ်စင်ခဲ့ ရတဲ့  ဝေဒနာတွေ ၊  ပေးဆပ်ခဲ့ ရတဲ့   လောင်မြိုက်မှုတွေ  ၊ ဒါတွေအားလုံးဟာ .ကျွန်တော်တို့     ရဲ့  မျိုးဆက်တွေ  အတွက်   လွတ်လပ်ပျော်ရွင်နေထိုင်နိုင်ကြဘို့ အနောက်ဘာလင်က သဘောတူ ယူဆောင်လာတာ အမှန်ပါ။
သေသူ့  ၀ိညာဉ်တွေဟာ ဒီ ဘာလင်တံတိုင်း မှာ ဖြစ်ရပ်မှန် ဇတ်လမ်းများအသွင် အမှန်တကယ် တည်ရှိနေတာပါ   ။ ဒီလို ဇတ်လမ်းမှတ်တမ်းတင်   ပြောဆိုနေမှုတွေဟာ နေရာ အနှံ့  ပြန့် နေတယ်။ မြူစီယမ် တံခါးဝကနေ  Checkpoint Charlie  ဆီ အထိပါပဲ ။
                  မှုံဝါးဝါးဆိုဗီယက် အမေရိကန် ပုံရိပ်တွေ ကျွန်တော်တွေးကြည့်  ငေးကြည့်တယ် ။  သူတို့  ၂ဦး ရဲ့   တဦးနဲ့ တဦး ထိပ်တိုက် ရင်ဆိုငိမှုတွေဟာ စစ်ကြီးဖြစ်ဘို့ ရည်ညွှန်းလေမလား။ ကမ္ဘာက ရင်ခုန်စွာ  စောင့်ကြည့်နေရတဲ့  အချိန်ပါပဲ။  ထွက်ပြေးလွတ်မြောက်သွားကြသူများရဲ့  ပုံပြင်တွေလဲ မနည်းဘူး။ ဥပမာ Sttasi မိသားစုတွေလိုပေါ့။ကြောက်စရာ့  အနုပညာမြောက် ခွဲခြားခံရခြင်း လို့  ကင်ပွန်းတပ်ရမလား ။မိသားစုဆိုတာ တကွဲတပြားစီ။
                   တခါ Bernauer  လမ်းမကြီးမှာ ကျွန်တော် တတိုင်းကြီးရဲ့  ၀ိညာဉ်တစ္ဆေကြီးနဲ့  ထိတွေ့ မိကြပြန်ပြီ။   
                  တတိုင်းကြီးရဲ့ အခြားတဘက်မှာတော့ .. သစ်ပင် အုပ်အုပ်ကလေးတွေ ရှိတယ်။ ကျွန်တော်  အဲဒီကနေ သံဆူးကြိုး တွေကို ကျော်လွှားနေဟန်  Conrad Schumann ရဲ့   ငွေရောင်ရုပ်ထု တခုကို  ဖြတ်လာခဲ့ တယ်။ သူ့သေနတ်က လေထဲမှာ တောင်ပန်လို လွင့်ခတ်နေတယ်။သူ့ ရင်တွေ တထိတ်ထိတ်ခုန်နေမယ်ဆိုတာ  ခင်ဗျား သိမှာပါ။  ရင်နာစရာ မြင်ကွင်းပါပဲ။ခွေပတ်နေတဲ့   သံဆူးကြိုး  တွေကို  ခြောက်သွေ့ နေတဲ့  အာခေါင်နဲ့  ပါးစပ်ဟောင်းလောင်းငေးလို့ ..လွတ်မြောက်ဖို့ အတွက် သူ့ ရဲ့  မထင်မှတ်တဲ့  ပေးဆပ်လိုက်ရမှု က အံ့သြစရာပါပဲ ။    သေခြင်းတရားဆိုတာ အချိန်မရွေး ကျရောက်နိုင်ပါတယ်။
                 အဲဒီအနီးမှာတော့  အမှတ်တရ စာတမ်းထိုး ကြေးဝါ ပြား  တခု လမ်းဘေး ပလက်ဖေါင်းပေါ်မှာ တွေ့ ရတယ် ။ လွတ်လပ်မှုအတွက် ကြံရာမရဖြစ်ပြီး   သူမရဲ့   ၃လွှာအခန်းပြတင်းပေါက်ကနေ ခုန်ချ စတေးခံသွားတဲ့  Ida Siekmann ကို ရည်စူး ထိုးစိုက်ထားတာဖြစ်တယ်။
                 ညနေခင်းကလေးမှာတော့  သာယာတဲ့  ခေါင်းလောင်းသံကလေး က ကျွန်တော်နားဆီ ပျံ့ လွှင့် ရိုက်ခတ်လာ ပြီး ၀တ်ပြုဆုတောင်းရာ Chapel   အရောက် ကျွန်တော့်ကို ညှို့  ခေါ်နေတယ်။။    ဒါပေမဲ့  တခါတုံးကတော့ ဒီနေရာမှာ  သေလွန်ခဲ့သူများအတွက် မွန်မြတ်တဲ့   ဘာသာရေးအခန်းအနားတခု ဘယ်သူမှ ကျင်းပဖြစ်ခဲ့ မယ် မထင်ပါဘူး။ ဒါတွေဟာ တံတိုင်း၂ခု ရဲ့  အကြား  ထောင်ချောက်တခုလည်း ဖြစိနိုင်တယ်မဟုတ်ပါလား။ ၁၉၈၅ခုနှစ်မှာ သူ နယူးယော့ခ်ကနေ TV အစီအစဉ်တခု ကို ကြည့်နေစဉ်
ပေါက်ကွဲ လွင့်ထွက်သွားတဲ့  သူ့  ဘုရားရှိခိုးကျောင်းကလေးကို သူ မြင်ခဲ့ ရပြီး အတော်လေး တုန်လှုပ်ခြောက်ခြားခဲ့ ရတာပေါ့။   
                  တံတိုင်း  ကြီးဟာ အုပ်ကျိုးအုပ်ပဲ့ တွေဖြစ် အင်္ဂတေအပိုင်းအစ အချပ်တွေ ဖြစ် ပြိုလဲ သွားပြီးနောက်.. သာမန်ရိုးစင်းတဲ့   ဘဲဥပုံ ဘုရားဝတ်ပြုရာ အဆောက်အဦးကလေးကလဲ   ချက်ခြင်းပြန်လည် နလံထူ ရပ်တည်လာဖို့   ဆိုတာ ဘယ်မှာ ခဲယဉ်းတော့
မလဲ။ ကျွန်တော် ဂျာမန်စာသင်ကျောင်းများက ဆယ်ကျော်သက်အများဆုံးပါဝင်တဲ့  လူ ပေါင်း (ရ၀) လောက် ဆက်သွယ် မေးမြန်းခဲ့ ပါတယ်။ ခဲ့ပါတယ်။ အဆင်ပြေခြင်းရှိ မရှိ ။
                အငြိမ်းစားယူထားတဲ့ တရားဟောဆရာ Hermann Jager   က တိုတောင်းလှတဲ့ ဘ၀နဲ့ သာ  ရှင်သန်ခဲ့ ကြရသူများ  စာရင်းကို
ဖတ်ပြခဲ့ တယ်  ။
                အပ်ချုပ်သမားလေး Gunter Litfin  တယောက်ကတော့  လက်နက်ကိုင်တွေ ပစ်ခတ်နေတဲ့  ကြားက ကံကောင်းထောက်မစွာ တံတိုင်းကို ကျော်ဖြတ်ထွက်ပြေးလွတ်မြောက်ခဲ့ ကြောင်း ပြောပြပါတယ်။သူဟာ ပထမဦးဆုံးလွတ်မြောက်ခဲ့ သူပါ တဲ့ ။
                 ဘုရားကျောင်းလေးထဲက.. ပန်းအိုးကြီးတလုံးထဲမှာ နှင်းဆီနီတပွင့် စိုက်ထည့်ထားတာတွေ့ ရတယ်။ ဖယောင်းတိုင်မီးများက ယိမ်းထိုး လှုပ်ရှားနေတယ်။

                 ရုတ်တရက် သင်းအုပ်ဆရာကြီးက သူ့ အခန်းလေးထဲကနေ တဟုန်ထိုး ထွက်ပြေးသွားတယ်။ တံတိုင်းကြီးရဲ့  အပြင်ဘက်ကနေ ဖြိုချမဲ့  ဘူဒိုဇာကြီးက အလုပ်လုပ်ဘို့  ပြင်နေတာကို  တားမြစ်ဖို့ ပါ။ ဘာ့ကြောင့် ဒီမျှ အရေးကြီးနေရပါသလဲ ။ ဒါဟာ ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေမဟုတ်လား။ မျှော်လင့်ချက်ရဲ့  သတင်းစကား တွေပါ။အကြွင်းအကျန် လေးတွေဟာ အမှတ်တရ ဖြစ် ချစ်စရာလေးတွေပါ ။
                 သူက ကျွန်တော့ကို ပြောပါတယ်။ ကွန်မြူနစ်ဝါဒဟာ GDR  ရဲ့  ( German Democratic Republic )  မြေဆီမြေလွှာကိုသာမက  နှလုံးသားတွေကိုပါ ညစ်နွမ်းစေပါတယ် တဲ့ ။
                  အဲဒီဝါဒဟာ လူ့ဘောင်အဖွဲ့ အစည်းတခုလုံးကို ဖယ်ရှားပစ်လိမ့်မယ်လို့  ယုံကြည်ရတယ်။ လွတ်မြောက်မှု မရှိဖူးလို့ လဲ မယုံကြည်နိုင်ပြန်ဖူး။ ဒါပေမဲ့  ဒီစီမံချက်ဟာ ငြိမ်းချမ်းရေး သံဒိဋ္ဌာန်များကို ပစ်ပယ်ထားတယ်။ ဖြစ်နီုင်ရင် တံတိုင်းကြီးက ဒါတွေကို ပြောပြပါလိမ့်မယ်။ ဒီနေရာမှာ ဖြစ်ပျက်ခဲ့ သမျှ ။ဘယ်နေရာမှာမဆို ဖြစ်ပျက်နိုင်တဲ့ သဘာဝပါပဲ။

                   အနောက်ဘာလင် ရဲသားနှစ်ယောက်ရဲ့   အကူအညီနဲ့   အသက်၁၇နှစ်သာရှိသေးတဲ့  အရှေ့ ဘာလင်သား ကလေးတယောက် ဟာ တံတိုင်းကို ကျော်လွှားခဲ့ တယ်။
                   အရှေ့ ဘာလင်မှာ နေထိုင်ကြတဲ့  အဖိုး အဖွားများကို တွေ့ ဆုံဖို့  စုံတွဲ ၂တွဲ ဟာ  သက်စွန့် ဆံဖျား တံတိုင်းကို ဖြတ်ကျော်
ခဲ့ ကြတယ်။ ကြေကွဲစရာ ဇတ်လမ်းတွေက အများကြီးပါ ဘဲ ။
                  အရှေ့ဘာလင်သား အနုပညာရှင် (Holger ,   Ingo Bethke  နှင့်  Egbert Bethke  ) တို့ ဟာ   ၃ဦး အစုအဖွဲ့  တခုအနေနဲ့  အတူတကွ ပူးပေါင်းပြီး တံတိုင်းကြီးပေါ်ကို အကြောက်အလန့် မရှိ  တယောက်ကိုတယောက် အားကိုးပြီး စိတ်ကူးစိတ်သန်းတွေ တပွေ့  တပိုက်နဲ့  ရောက်ခဲ့ ကြတယ်။ ဒီအရှေ့ ပိုင်းသား တွေ လွတ်မြောက်လာပုံကလဲ သိပ်ကို ပုံပြင် ဆန်လွန်းလှတယ်။  လို့  စာရေးဆရာ John Dyson  က ပြောပြပါတယ်။
               
                  တ၀ီဝီ မြည်ဟီးပီး ကောင်းကင်က ၀ဲပျံ ထိုးဆင်းလာတဲ့  လေယာဉ်ဟာ ဘာလင်တံတိုင်းဆီကိုဦီးတည်လာတယ်။၂၅၀ မီတာ လောက် အကွာမှာ ရပ်ပြီးတော့  ပိုက်လုံးတွေနဲ  တည်ဆောက်ထားတဲ့ ခေါက်ကုလားထိုင်တွေကို လေယာဉ်တောင်ပန်မှာတွဲ စပ်ပြီး မိနစ်အနည်းငယ်အတွင်း သယ်ဆောင်သွားတယ်။အန္တရယ်တွေ များလွန်းတဲ့  အရှေ့ဘက် ပိုင်း ဇုံနယ်မြေကို ၀င်ရောက်နီုင်ဖို့  ရည်ရွယ် ကြိုးပမ်းခြပ်းပါပဲ။      
                 GDR  ကနေ လွတ်မြောကိဖို့  အတွက် အချိန်ကာလတခုအနေနဲ့  Ingo Bethkeူက လေယာဉ်ကိုထိန်းချုပ်လို့  ဦးဆောင် နေ
ခဲ့ တယ်။  ဒါပေမဲ့  သူက ဒါကို ကောင်းကောင်းကြီး ကျေနပ်နေတာပါ။နယ်ခြားစောင့် လက်နက်ကိုင်အဖွဲ့ အစည်းရဲ့  လှုပ်ရှားမှုအမှတ် လက္ခဏာ  တစုံတရာ မတွေ့ ရပါဘူး။အထက်က ခွင့်ပြုချက် မရယူဘဲ  သူတို့  လေယာဉ်ကို ပစ်ခတ်တားဆီးခြင်းမပြုနိုင်ပါဘူး။ ပြီးတော့ဆယ်မီတာရှိ  လေယာဉ်တောင်ပန်မှာလဲ ဆိုဗီယက်စတိုင် ကြယ်နီများ တပ်ထားပါတယ်။ လေယာဉ်မောင်းသူ ၂ ဦးစလုံးမှာလဲ
 ( Ingo  နဲ့  ညီ Holger )   တို့ မှာလဲ စစ်ဝတ်စုံကို ၀တ်ဆင်ထားတဲ့ အပြင် ဟဲလ်မက် တွေမှာ ကြယ်နီကြီးတွေက ရှင်းထင်းနေတယ်။
  “ဟဲလို  .. အီးဂဲလ် တူး “  Ingo  က သူ့ ညီ ဆီ အသံလွှင့်စက်နဲ့  စကားလှမ်းပြောတယ် ။ မကြာပါဘူး ။ ဖုန်းချလိုက်တော့မယ် သူတို့  လှုပ်ရှားဖို့  စတင်နေပြီ..တဲ့ ။  တတိယမြောက်ညီ (Egbert ) က  ခြုံပုတ်တွေထဲ တိုးဝင် ခိုအောင်းလိုက်တယ်။       သူတို့  မြေပြင်ကို ဆင်းလာမဲ့ အချိန်စောင့်ရင်း။
                   သူတို့  ၃ ယောက်ဟာ ဘာလင်အရှေ့ တောင်ပိုင်းမှာ အတူတကွ ကြီးပြင်းလာတဲ့   တကယ့်ကို  သစ္စာရှိ မိတ်ဆွေ  များဖြစ်ပါတယ်။ သူတို့ ဟာ အမြဲတမ်းလှုပ်ရှားတက်ကြွနေသူများပါဘဲ။ ဆူဆူပွက်ပွက်နဲ့  ။ကြမ်းကြမ်းရမ်းရမ်းသမားတွေပေါ့ ။ သူတို့  မိဘတွေက အဆင့်မြင့် ရဲအရာရှိ  များ ဖြစ်ပြီး သဘောထားတင်းမာတဲ့  ကွန်မြူနစ်များလဲ ဖြစ်တယ်။
                  သူ့ ရည်မှန်းချက်က ကမ္ဘာကြီးကို  ကြည့်ဖို့ ဖြစ်တယ်။ အရှေ့ ဘာလင်မှာပဲ  ဒီမျှတာရှည် ချောင်ပိတ် မိ မနေချင်ဖူး။
 ဘာလင်မြို့ ရဲ့  တောင်ဘက်  Elbe မြစ်  တလျှောက်  ကီလိုမီတာ  ၈၀ လောက်ဝေးတဲ့  နယ်စပ်  လုံခြုံရေး အစောင့်အရှောက်  အဖြစ် စတင်  တာဝန်ထမ်းဆောင်ချိန်မှာ ဒီဧရိယာ အကျယ်အ၀န်း ကို   စေ့စပ်သေချာစွာ စောင့်ကြည့်ပြီး သူ့ရဲ့  အကြံအစီကို  ဖေါ်ထုတ်ရရှိနီုင်မဲ့   လျို့ဝှက်ချက်များကိုလဲ နောက်လိုက်တပည့်စစ်သားများ ထံက  တဆင့် သူ သိလာရတယ်။
                    ၁၉၇၅ခုနှစ် မေလ အတွင်း လမ်းသန့်ရှင်းရေး အဖြစ် အလုပ်လုပ်ကိုင်ခဲ့ စဉ်  သီတင်းတပတ်ကုန်ဆုံးချိန်အတွက် ကားငှားရမ်းခငွေ ရရှိဖို့ စီမံရာမှာ လေးလတိုင်တိုင်စောင့်ဆိုင်းခဲ့ ရတယ်။ အင်ဂို က သူ့အစီအစဉ်ကို  ဘယ်သူကိုမှ မပြောပါဖူး။ သူကတော့
သူ့မိတ်ဆွေတယောက်နဲ့ အတူ  သူတာဝန်ကျရာ  အစိမ်းရောင် နယ်  Elbe မြစ်ရိုးတလျှောက် ကင်းလှည့်စောင့်ရှောက်မြဲ ပါပဲ။
                   အဲဒီမှာ နံရံတံတိုင်းမရှိပါဘူး။ ဒါပေမဲ့  အန္တရယ်က အများသား။  သဲသောင်ထဲမှာ  နစ်မြုပ်နေတဲ့ အရာတွေ  အ သေအချာ ကျယ်ကျယ်ပြန့် ပြန့်   မွှေနှောက် ရှာဖွေ ကြည့်  အစ အန တွေတွေ့ ရှိအုံးမှာဖြစ် တယ်။ နောက်တခုက ခိုင်ခိုင်မာမာတည်ဆောက်ထားတဲ့  စည်းရိုး မှာ သံဆူးကြိုးခွေများ ထပ်ဆင့် ချထား တာက ထောင်ချောက်ဆင် သလိုပါပဲ။  ထိတွေ့ လိုက်တာနဲ့   မီးမောင်းတွေ က  ထိုးစိုက်ပြုံကျလာမယ်။
                   အဲဒါရဲ့  အနောက် မှာရှိတဲ့  အရာ တွေ အားလုံး ကို  မိုင်းတွေနဲ့  ဖယ်ရှားပစ်  လိုက်ပါပြီ။   အခုတော့ သူတို့  အောင်မြင်စွာ ဖြတ်သန်းခွင့်ရရှိသွားပါပြီ။ မြစ်ရဲ့  အခြားတဘက်ကို ရောက်ဖို့  မီတာ ၁၅၀ လောက် လှော်ခတ်သွားရပါလိမ့်မယ်။လေမွေ့ ယာတွေ နဲ့ ပါ။
                   လမ်းမကြီးပေါ်မှာကတော့  နယ်ခြားစောင့် ဂျာမန်ရဲ အရာရှိ  ရဲ့  ဗင်ကားတစီး ထိုးရပ်လာတယ်။ “  မြစ်ကို ကူးဖို့ ဆိုရင် တော့ ဒီည သိပ်အေးလွန်းပါတယ် “ လို့  ”အင်ဂို့ “ကို  သူကပြောတော့    အင်ဂိုက တချက်ပြုံးလိုက်ရင်း  “  ခင်ဗျားကော  အရှေ့ ကနေ အနောက် ကိုကူးမလို့  မဟုတ်ပါဖူးနော်  “ လို့  ပြောလိုက်တယ်။
                     လွတ်မြောက်ခြင်းရဲ့  အနောက်မှာက  ကျန်ရစ်တဲ့  မိသားစုအပေါ် ဖိအားတွေ တိုးပွားလာနိုင်စေပါတယ်။ အင်ဂိုရဲ့  မိဘတွေဟာ  အလုပ်လက်မဲ့  ဖြစ်သွားတယ်။ အငယ်ဆုံးညီ  Hloger ဟာ နေရာအနှံ့  သွားပြီး လွတ်လမ်းရှာတယ်။ ၁၉၈၃ခုနှစ်  မတ်လ ၃၀ရက် ဟာ သူ့ မွေးနေ့ပေါ့ ။ အဲဒီညမှာပဲ သူက သူ့ရဲ့  အကြံအစီကို စတင်လှုပ်ရှားဘို့  သူ့  မိတ်ဆွေ Egbert နဲ့   နောက်ဆုံး အရက်အတူသောက်ရင်း နှုတ်ဆက်စကားပြောခဲ့ ကြတယ်။
                   သူငယ်ချင်းတယောက်နဲ့   Hloger က မြှားပစ် လေ့ကျင့်ပါတယ်။ တောထဲမှာ တိတ်တဆိတ် အပြေးလေ့ကျင့်တယ်။  သူဟာ Treptow  Park အနီးမှာ လမ်းတလမ်းကို ရှာတွေ့ ခဲ့ တယ်။ အိမ်ကျဉ်းကဉ်း ရှည်မျောမျော မြင့်မြင့်တွေ ရှီတဲ့  နေရာ။ အဲဒီမှာ သူက တိတ်တိတ်ကလေး ချွတ်နင်းပြီး ခေါင်မိုး အောက်က ထပ်ခိုးလေးပေါ် တက်ပါတယ်။ အမိုးမှာလဲ တံခါးပေါက်ကလေးတခုက အဆင်သင့်ပဲ။ အိမ်ခေါင်မိုး ပေါ် ရောက်သွားတယ်။  ။ဒီအိမ်တွေကို ကျော်ဖြတ်ပြီး မီတာ ၄၀ အကွာကို အားကောင်းတဲ့  မြှားတံကို စေလွှတ်ပါတယ်။ ရှန်ပိန်ပုလင်းတလုံးကနေအထုံးဖြည်လွှတ်လိုက်တဲ့  နိုင်လွန်ကြိုးတချောင်း ကိုပါ  အတူ ဖြတ်သန်းသွားစေတယ်။ အဲဒီကြိုးကို ဆွဲပြီး  အင်ဂိုဟာ  နယ်စပ်ကို ကောင်းကင် ကနေ  ဖြတ်ကျော်သွားပါတယ်။ သူဟာ မီးခိုးခေါင်းတိုင်တခုရဲ့  ပတ်ပတ်လည်ကို  ချည်နှောင်စေပြီး အခြားအစ တဘက်ကိုတော့ သူ့ မော်တော်ကားဘန်ကာမှာ ချည်နှောင်လိုက်တာပါ။ မီတာ အနည်းငယ် အကွာအဝေးကို  ခိုင်ခန့်တဲ့  ကြိုးများဖြင့် လူတကိုယ်စာ လျှောက်သွားဖို့ ရအောင် အကြံထုတ်လိုက်တာပါဘဲ ။ 
                       ဒါဟာ မကြာမီ အချိန်ပိုင်းအတွင်း အန္တရယ် ကြီးကြီးမားမား ကျရောက်ဖို့   ဖိတ်ခေါ်လိုက်သလိုများ ဖြစ်နေမလား ။    ဒါပေမဲ့  သူက မကြောက်တော့ဘူး။ ရဲရင့်တက်ကြွနေတယ်။  လက်ကိုင်ကွင်းနှစ်ခု ပါတဲ့  ဖရိန်ထဲမှာ သတ္တုကြိုးတချောင်း   လျိုသွင်းပြီး လက်ကောက်ဝတ်မှာ ချည်နှောင်လိုက်တယ်။ သူဟာ လက်တွေကို ခိုင်ခိုင်မြဲမြဲ စွဲကိုင်ပြီးတဲ့ နောက် သူ့ ခန္ဒာကိုယ်ကို လေထဲမှာ ဝေးနိုင်သမျှ ဝေးဝေး ပစ်လွှတ်လိုက်တယ်။ ညင်သာတဲ့   အသံတွေ တ၀ှီးဝှီး တဖြတ်ဖြတ်ထွက်ပေါ်လာတယ်။ သူကိုယ်တိုင်လဲ ကြိုးကို တွဲလဲ ခိုစီးရင်း.. တဖြည်းဖြည်း နဲ့  ဟို တဘက်နယ်မြေပေါ်က အိမ်တအိမ်ရဲ့  လသာဆောင်  ကြမ်းပြင်ပေါ်မှာ  သူ ခြေချခွင့် ရခဲ့ ပါပြီ။
                     ယခု အချိန်မှာတော့  Ingo နဲ့  Hloger  အနောက်ဂျာမဏီ  မှာ နှစ်ယောက် အတူရှိနေကြပါပြီ။
                    သူတို့ ၃ဦး အနက် အလယ်လူ ဖြောင့်ဖြောင့်ဖြူးဖြူး ရောက်လာစေရန် အတွက် လိုအပ်တဲ့  အကူအညီ  များ ပေးအပ်နိုင်ဖို့ အကြံဥာဏ်ထုတ်ရင်း Cologne မြို့ က AlCapone  အရက် ဆိုင်ကလေးမှာ..ဦးနှောက် လန်းဆန်းလာအောင်  အဟာရ ဖြည့်တင်းကြတယ်။
အလယ်ညီ Egbert   မှာတော့  အခက်အခဲ များစွာနဲ့  Stasi မြို့  လေးမှာပဲ ရှိနေဆဲပါ။ သူတို့ က အနောက်ဂျာမဏီကို ချောမော လွတ်လပ်စွာ ၀င်ရောက်ခွင့် လက်မှတ် ကို ပေးပေမဲ့ ပယ်ချလိုက်ပါတယ်။ Egbert ကတော့ သူဟာ အရှေ့  ဂျာမဏီ ( GDR) မှာပဲ နေတော့ မယ်လို့ ပြောနေပါတယ်။
                    အင်ဂို့  မျက်စိကို ရုတ်တရက်     ဖမ်းစားလိုက်တဲ့ ပုံရိပ်ကားတခူက  မျက်စိရှေ့ မှာ ပေါ်လာတယ်။  ရဟတ်ယာဉ်ကလေးတစင်း ရယ် ၊မြူးထူးပျော်ပါးနေတဲ့  ကလေးတယောက် ရယ် ။  ဒါပေမဲု့ သူက Hannover  ကို အပြေးသွားပြီး ကြည့်တယ်။ ဒါပေမဲ့  ဒါဟာ ရှေ့ပြေးနမူနာပုံစံတခုမျှ သာဖြစ်တယ်။ ဘာဘဲဖြစ်ဖြစ် သူတို့   အခွင့်အရေးတခုရခဲံ့ပါတယ်။့ သူနဲ့  Holgerတို့်  ပြင်သစ်လေယာဉ်မှူး၂ယောက် ပြောတဲ့  Ultra lights လို့ ခေါ်တဲ့  လေယာဉ်သေးသေးကလေး အကြောင်း ကြားသိခဲ့ံရတာအမြတ်ပေါ့ ။
                   
                     သူတို့  ပြင်သစ်ကို အမြန်ဆုံးသွားရောက်ခဲ့ ကြတယ်။ ပြီးတော့ လေယာဉ်တစီးတည်ဆောက်ခဲ့ ကြတယ်။  အင်ဂို က
”  ဒီလိုပဲ ဖြစ်ရမယ်။ငါတို့  အရှေ့ ဂျာမဏီကနေ Egbert ကို ကယ်ထုတ်နိုင်တော့မယ် “ လို့  ၀မ်းမြောက်ဝမ်းသာ  ဥဒါန်းကျူးရင့်လိုက်တယ်။                                                                                                     
 လေယာဉ်တောင်ပန်ရဲ့  တဘက်အစွန်းကနေအခြားတဘက်အစွန်းကို တိုင်းကြည့်မယ်ဆိုရင်  ၁၀မီတာရှည်ပြီး လေယာဉ်မှူးနဲ့  ဘေးချင်းယှဉ်နေတဲ့  ခရီးသည်ထိုင်ခုံအစုံတွေကို အကာအကွယ်ပေးနိုင်ဖို့  ဆိုတာက နည်းနည်း လိုအပ်နေမှာဖြစ်ပါတယ်။  ခပ်သေးသေးဘီးတွေရယ် ၊ အအေးမိနေတဲ့  အင်ဂျင်စက်ရယ် တို့ က  ပြဿနာက ရှိနေတယ်။  ဘာဘဲဖြစ်ဖြစ် သူတို့  နောက်တွဲအပိုယာဉ်တခုနဲ့  အလုပ်ဖြစ်နိုင်ပါတယ်။
                      ဒီလေယာဉ်တစင်းဖြစ်ဖို့  သူတို့  ၄နှစ်တောင် ဇွဲနဘဲ ကြီးကြီးနဲ့  အချိန်ယူခဲ့ ကြရတာပါ။ ၁၉၈၉ခုနှစ်မှာတော့  ..သူတို့  လေယာဉ်ကလေးတွေနဲ့  ..အင်ဂို.. ဟော်ဂါတို့ ဘာလင်ကိုခရီးနှင်ခဲ့ ကြပါတော့မယ်။ သူတို့  ညီလတ် Egbert ထံ  ကုတ်နံပတ်တခုနဲ့ 
သတင်းစကားပို့ ကြတယ်။”  Ulrike  is doing well .” ဆိုတဲ့   မက်ဆေ့ခ်ျ  ပါ။ ဒါဟာ    အသင့်အနေအထားမှာ ရှိဖို့   မှာကြားခြင်း ဖြစ်တယ်။ 
                      မေလ ၂၅ရက်နေ့မှာတော့   ကြည့်ရတာ ရာသီဥတုလဲကြည်ကြည်လင်လင် ရှီနေပါတယ်။ Britzer Muihle လို့  ခေါ်
တဲ့  ဥယျာဉ်  ထဲက ကစားကွင်းမှာ မီးမောင်းကြီးနှစ်ခု က  ရှိနေတယ်။ တခုကို ခွဲပြစ်နိုင်တယ်။အခြားတခုကိုတော့ သူတို့  မ , ယူဖို့  ကြိုးစားကြတယ်။  ဒါပေမဲ့  ဒါဟာ ဖြစ်နိုင်ချေ မရှိဖူးလို့ လဲ သူတို့ ယူဆတယ်။
                      Egbert က  မနက် ၄နာရီ ၁၅မိနစ်မှာ ပန်းခြံရဲ့  ခြုံပုတ် တွေအထဲ  အသင့် နေရာယူထားထားပါတယ်။ မိနစ်အနည်းငယ်အကြာမှာ လေယာဉ်မှူးနှစ်ယောက် က သူတို့  လေယာဉ်တွေကို ပြန်လည် စစ်ဆေးကြည့်ရှုအပြီး အင်ဂျင်စက်တွေု စတင် နိုးလိုက်ပါပြီ။
                 
                      ၅မိနစ် အကြာကလေးမှာပဲ သူတို့   ကျယ်ပြန့်တဲ့  Britzer Muhle  ပန်းခြံကို မြင်နေရပါပြိ။ သူတို့  ခေတ္တမျှ ကောင်းကင်ယံမှာ ၀ဲပတ်လှည့်လည် ရှာဖွေနေစဉ်   Holger က  အိုကေ .. မြေပေါ် ဘီးချနိုင်ဖို့  အသင့်ရှိနေပြီ “ လို့  အချက်ပြတယ်။
Egbert က လဲ ပုန်းနေတဲ့  ခြုံပုတ်ထဲ ကနေ ပေါ်ထွက်လာတယ်။ လေယာဉ်ဆီကို ဦးးတည် အားသွန်ပြေးလွှားကာ နေရာလွှတ်ထိုင်ခုံပေါ် ထိုင်လိုက်ပါတယ် ။

                       အင်ဂိုဟာ သူနဲ့  မတွေ့ ရတာ ၁၄နှစ်ရှိပြီ ဖြစ်ပေမဲ့  စကားမပြောအားသေးဘူး။ အချိန်မရသေးပါဘူး။ မျက်စိချင်းပဲ သူတို့  စောင်းငဲ့ ကြည့်ရှု နှုတ်ဆက်ကြတယ်။ အင်ဂျင်ကထွက်မဲ့  အခိုးအငွေ့ တွေကို ရှောင်တိမ်းဖို့  သူတို့  ဟဲလ်မက်တွေ ဆောင်းကြတယ်။လေယာဉ်ဟာ လူုပို တင်ရတဲ့ အတွက်  နှေးကွေးလေးလံလာတယ်။သူက မြေပြင်ကနေ ရုံးထွက် ကြွတက်ဖို့ ဆိုရင်  ရှင်းရှင်းလင်းလင်းမရှိတဲ့  သစ်ပင်တွေရဲ့  အကိုင်းအခက်တွေကလဲ အနှောင့်အရှက် တခုပါဘဲ။                                                                                                                                                                                                                                     
                       လေယာဉ်မှူး အင်ဂိုဟာ တံတိုင်းဆီ တခါ လှည့်ပြီးမောင်းသွားပြန်တယ်။ ၅မိနစ်လောက်အကြာမှာတော့ ဘွားကနဲ ထုထည်ကြီးမားလှတဲ့  Reichstag  အဆောက်အဦးကြီးက အရှေ့ မှာ ပေါ်လာတယ်။ အစိုးရအဖွဲ့  ရုံးထိုင်ရာ လွှတ်တော် အဆောက်အဦကြီးပေါ့။ ဖန်အူတိုင်ကြီးက အလယ်မှာ တခန်းတနား ပါဘဲ ။ ရင်တော်တော် ထိတ်သွားဟန်ပါဘဲ ။ ဘာဘဲဖြစ်ဖြစ် သူတို့ လိုရာခရီးကို မောင်းနှင်နိုင်ခဲ့ ပါပြီ။
                        အခု သူတို မျှော်လင့်နေတဲ့   ပြေးလမ်း ကြီးတခု ဖြောင့်ဖြောင့်ဖြူးဖြူုး မြင်နေရပါပီ။ စိမ်းစိုလန်းဆန်းတဲ့  မြက်ခင်းပြင်ကြီး ပေါ်မှာပါ။                 
                        လေယာဉ် ငယ်ကလေး ၂စင်းရဲ့   မိုးခြိမ်းသလို အသံဆူဆူညံညံ တွေကို ရပ်တန့် သွားတဲ့ နောက် မှာ  ညီနောင်၃ဦးစလုံး အော်ဟစ်ဆူညံစွာ  ခုန်ပျံကျော်လွှား  ဆင်းချလာတယ်။  အားလုံးဟာ ပျော်ပျော်ပါးပါးပွေ့ ဖက် နှုတ်ဆက်အပြီး      ဘီယာဆိုင်မှာ အနားယူ အပန်းဖြေဖို့  ဘားကောင်တာတခုကို   ဆိုက်ရောက်သွားကြတော့တယ်။  Egbert က အရှေ့ဂျာမဏီမှာပဲ နေရစ်တော့မယ် ပြောပြီး အခုတော့  သူ ပြောပုံ တဆိတ် နားထောင်စမ်းပါ။
              
                      “ငါ့ဘ၀ တလျှောက်လုံး မှာ...ငါ အကောင်းဆုံး ဘီယာသောက်ခွင့်ရတဲ့ နေ့က ဒီနေ့ ပါပဲ”  တဲ့ ။  “ ငါ့ ညီတွေ နောင်တွေ ကို  ဘယ်တော့မှ မတွေ့ ရ တော့ဖူးလို့  ငါထင်နေတာ  ခုတော့ ကြည့်ပါအုံး ။ သူတို့က ကောင်းကင်တမန်တွေလို လေထဲကနေ ၀ဲပျံ ဆင်းချလာပြီး ငါ့ကိုနိဗ္ဗာန်ဘုံ  ခေါ်ဆောင်ခဲ့ တြတယ်” တဲ့ ။
စာဖတ်သူတို့  ကြားပါတယ် နော် ..သူ့ စကား။              ။

Forist                                                                                                                                                        3rd  nov  2010

0 comments:

Post a Comment