Saturday, October 20, 2012

ကျော်ကြားသူတို့၏ မင်္ဂလာပွဲဝတ်စုံတွေ

Priscilla Chan နှင့် Mark Zuckerberg 

ပရစ်စီလာချန်း နှင့် မတ် (ခ်)ဇူကာဘတ်(ဂ်)တို့၏ မင်္ဂလာ အခမ်းအနားကို ကယ်လီဖိုးနီးယားက ပါလိုအယ်လ်တို နေအိမ်ရှိ အိမ်နောက်ဘက်ခြံဝန်း  မြက်ခင်းပြင် တွင် ကျင်းပခဲ့သည်။ အချိန်ကြာမြင့်စွာက ချစ်ခင်ခဲ့ရသော သတို့သမီးကို သူ လက်ထပ်ထိမ်းမြားနိုင်ခဲ့ခြင်းပင်။ UCSF ဆေးကျောင်းအဆင်း ဘွဲ့ ယူ ပြီးမှ လက်ထပ်ကြလိမ့်မည်ဟု သိထားသော မိတ်ဆွေ အပေါင်းအသင်းအားလုံးက အံ့သြကြရသည်။ ၄င်းတို့ စုံတွဲသည် မင်္ဂလာခန်းမရှိ လျှောက်လမ်းကလေးဝယ် သူတို့၏ ဟန်ဂေရီမျိုး သိုးထိန်းခွေးကြီး Beast နှင့်အတူ လျှောက်လှမ်းခဲ့ကြသည်။ ချန်း သည်နာမည်ကြီး ဖယ်ရှင် ၀ိဇ္ဇာ  ကလယ်ယာ ပက်တီဘွန်း၏ လက်ရာ  မင်္ဂလာ သတို့သမီးဝတ်စုံကို ၀တ်ဆင်ထားသည်။ အင်္ကျီမှာနူးညံ့သော ပိုးသား တွင်  ဆင်စွယ်ကို လေဆာဖြင့် ဖြတ်၍ လှပသော ဘော်ကြယ်ပွင့်များ ပန်းများကြဲပက်ရောယှက် ချုပ်လုပ်ထားသည့် ၀တ်စုံဖြစ်သည်။ မတ်(ခ်) သည် ၄င်း၏ သတို့သမီးကို အဖိုးများစွာ ထိုက်တန်သော ပတ္တမြားလက်စွပ်ဖြင့် လက်ထပ်ခွင့်တောင်းခံခဲ့သည်။ သူတို့နှစ်ဦးသည် တဦးကိုတဦး အပြန်အလှန် သစ္စာအဓိဌာန်လဲလှယ် ရွတ်ဆိုခဲ့ကြသည်။ ဘီလီ အမ်းစထရောင်းက “စိုပြေသောနေ့တစ်နေ့” အမည်ရှိ တေးချင်းဖြင့် သီဆို ဂုဏ်ပြုခဲ့သည်။ ဧည့်သည်တော် အယောက်တစ်ရာထဲမှ တစ်ယောက်က “Tell me when it’s time to say I love you” တေးချင်းဖြင့် ထပ်မံ ခြယ်မှုံး အလှဆင်ခဲ့သည်။ သူတို့နှစ်ဦးသည် ဒေသဆိုင်ရာ နာမည်ကြီး စားသောက်ဆိုင်ကြီးမှ မှာယူထားသည့် ဖူကီ ဆူရှီစားသောက်ဖွယ်ရာများဖြင့် ဧည့်ပရိသတ်များကို တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့သည်။ တတိတိကိုက်ဝါးငုံလွေးရသော ကြွက်ပုံဘားဒစ်ချော့ကလက်များလည်း ပါဝင်သည်။ ထိုချော့ကလက်များသည် သူတို့နှစ်ဦး ပထမဦးစွာ တွေ့ဆုံကြစဉ်က စားသောက်ခဲ့သော အမှတ်တရ အစားအစာလည်းဖြစ်သည်။


Drew Barrymore နှင့် Will Kopelman တို့ကမူ သူတို့၏ မင်္ဂလာပွဲကို သူမ၏ ကယ်လီဖိုးနီးယားရှိ မွန်တီစီတိုနေအိမ်တွင် ၂၀၁၂ ဇွန်လ၂ရက် နေ့ က လက်ထပ်ပွဲကျင်းပခဲ့သည်။ ကိုယ်ဝန်လွယ်ထားသော သတို့သမီးသည် မျက်နှာဖုံးပိုးဇာလွှာဆင်မြန်းထားပြီး ပန်းထိုးထားသော စကပ်ကို ရိုးရာ မူဆလင် အမျိုးသမီး ထုံးစံအတိုင်း  ၀တ်ဆင်ထားသည်။ ကတ္တီပါ ဥယျာဉ်မှ အထူးပြုလုပ်ပေးသည့် ပီယော်နီ ပန်းပွင့် များရောယှက်သော ပန်းရောင် နှင်းဆီပန်းစည်းကို ကိုင်ဆောင်ထားသည်။ အလှဝတ်စုံဖန်တီးရှင်မှာ ချဲနဲ့လ် ဖြစ်သည်။ ရွှေဖြူ တွင် စိန်ချယ်ထားသည့်နားဆွဲကိုလည်းဝတ်ဆင်ထားသည်။ အပန်းဖြေ ဥယျာဉ်မြေတွင် စံချိန်မှီ လက်ရာမွန်ကျင်းပရန်  စီစဉ်ထားသည်။ ပန်းရောင်ပွင့်များပါဝင်သော အစိမ်းရောင်ပန်းကုံးများလည်း ပြုလုပ်ထားသည်။ ဂျင်မီဖေါလင်း၊ ကင်မရွန် ဒစ်ခ်ျ၊ ဘက်စီဖိလစ် စသည့်  လက်ထပ်ပြီးစုံတွဲဧည့်သည်တော်များလည်း တက်ရောက်ကြသည်။ အခမ်းအနားတွင် ဒစ်ခ်ျ က E.E.Cummings၏ “I Carry Your Heart With Me ကဗျာကို ဖတ်ကြားသည်။ သတို့ သား၏ အမွှာ ညီမ က “The Velveteen  Rabbit”  ကို ဖတ်ကြားသည်။ “No body” s  Gonna  Love You တေးသွားဖြင့် ကကြသည်။ သတို့သမီး၏ ကိုယ်ပိုင်အမှတ်တံဆိပ်" ဘယ်ရီမိုးဝိုင် ကို သွန်းလောင်းသည်။

Christian Evans နှင့် Ricki Lake တို့၏ မင်္ဂလာပွဲ
သရုပ်ဆောင် နှစ်ဦးဖြစ်တဲ့ Christian Evans နဲ့ Ricki Lake၂၀၁၂ ခု ဧပြီလ ၈ရက်နေ့တွင် သူတို့နှစ်ဦး ခိုးရာ လိုက်ပြေးခဲ့ကြသည်။ ထို့နောက် သူတို့နှစ်ဦး၏ မင်္ဂလာပွဲ ကို ကယ်လီဖိုးနီးယားပြည်နယ် မွန်တီစီတို ရှိ ဆန်စီဒရို မွေးမြူရေးခြံကြီးတွင် ကျင်းပခဲ့သည်။ သူတို့နှစ်ဦးသည် လှပသောလေးကိုင်း ပန်းကုံးကြီးအောက်တွင် အတုံ့အလှယ် သစ္စာအဓိဌာန်ထားခဲ့ကြသည်။ သူတို့၏ အိမ်မွေးခွေးကြီး ဂျက်ဖရီ နှင့် ပါချာ  တို့လည်းတက်ရောက်သည်။ သတို့သမီး၏ ပါးလွှာပေါ့ပါးသော ပိုးသားစ ခေတ်ဟောင်းမင်္ဂလာဝတ်စုံတမျိုးကိုအလှဖန်တီးရှင် ဒယ်နီယာ က  အကောင်းဆုံးဖြစ်အောင် ဖန်တီးထားသည်။ ခရမ်းဖျော့ပန်းပွင့်နှောသော နှင်းဆီပန်းစည်းကို သိမ်မွေ့စွာ ကိုင်ဆောင်ထားသည်။ သူတို့နှစ်ဦးသည် မိနစ် ၂၀ကြာ အတုံ့အလှယ် သစ္စာ ပြုခဲ့ကြသည်။ ထို့နောက် မင်္ဂလာဦးညကို သူတို့ ၏ ခွေးကြီးများနှင့်အတူ မွေးမြူရေးခြံရှိ ယူကလစ် ကော့တေ့ခ်ျ မှာ ကုန်ဆုံးခဲ့သည်။

Abbey Clancy နှင့် Peter Crouch

၎င်းတို့၏ မင်္ဂလာပွဲကို လူစီ စတားရှိုင်းယား ရှိ စတက်လီဖို့ဒ် ပန်းခြံအတွင်း  ဧည့်သည်တော် ၁၂၀ရှေ့မှောက်တွင် ကျင်းပခဲ့ကြသည်။ ရွန်းနီ က  ဧည့်သည်တော်များကိုယ်စား အခမ်းအနားတွင် ဂုဏ်ပြု ချီးကျူးစကား ပြောခဲ့သည်။ 

 Kevin Costner နှင့်  ဒီဇိုင်နာ Christine Baumgartner တို့ ကမူ သူတို့ ၏ အော်စကာဆုကို လက်ခံ ရယူပြီး အက်စ်ပန် ရှိ  ၁၆၅ ဧက ကျယ်ဝန်းသော သူတို့၏ မွေးမြူရေးခြံတွင် ကျင်းပခဲ့ကြသည်။ "နှင်းတွေကလည်းကျတယ် ရွှံ့တွေကလည်းထူတယ်။ ဒါပေမဲ့ ဟောလီဝုဒ်က ကျွန်တော့မိတ်ဆွေတွေ ဘရူ့စ်ဝေးလစ် တို့ ဒွန်ဂျွန်ဆင် တို့ တင်မ်အလဲန် တို့ ရောက်လာကြတယ်” လို့ သတို့သားက ၀မ်းသာအားရ ပြောဆိုခဲ့သည်။

Frank Sinatra နှင့် သရုပ်ဆောင် Ava Gardner
သတို့သားသည် ဇနီးဟောင်း နန်စီ ကို ကွာရှင်းပြီး ၁၀ရက်အကြာတွင် လက်ထပ်ခဲ့ကြသည်။ သတို့သမီးမှာ သူမ၏ မင်္ဂလာဝတ်စုံနှင့် ငြိတွယ်မိပြီး ဘုရားရှိခိုးကျောင်းလှေကားတွင် ခလုတ်တိုက် လဲကျခဲ့သည်။ နိမိတ်မကောင်းဟု အယူ တချို့ ရှိသည်။
  
Grace Kelly နှင့် မိုနာကို မင်းသားကြီး Rainier III 
၁၉၅၆ တွင် မင်္ဂလာဧည်ခံပွဲပြုလုပ်ခဲ့ကြသည်။ ဂရေ့စ်ကယ်လီက နတ်သမီးတမျှ လှပ တင့်တယ်သော မိတ်ကပ်ရောင် တာဖက်တာ ပိုးသားပျော့ ဂါဝန်ရှည်ကို လက်အိတ်ကလေးများနှင့်အတူ တခမ်းတနားဝတ်ဆင်၍ ဂျူးလီးယက်ဦးထုပ်ကို ဆောင်းထားသည်။

Kate Winslet’s နှင့် Jamie Threapleton
ဖန်ဆင်းရှင် အဲလက်ဇင်းဒါးမက်ကွင်း ၏ ဒီဇိုင်းလက်ရာ အဖြူရောင်နှင့် အ၀ါရောင် နှင်းဆီပွင့်များကြဲပက်ထားသော  ပိုးသား ဂါဝန်ရှည်ကို  ၀တ်ဆင်သည်။ အင်္ဂလန်ခရစ်ယန်သင်းအုပ်ဆရာက ကြီးမှူး ကျင်းပပေးခဲ့ပြီး ကြိတ်ခြေထားသော ၀က်အူချောင်းစားမြိန်များဖြင့် တည်ခင်းဟည့်ခံ ၀ိုင်းဖွဲ့ စားသောက်ကြသည်။

3 comments:

  1. မဖြိုးအမေကတော်တော်ရှာရှာဖွေဖွေတွေရေးနိုင်တာပဲနော်။မှတ်သားရပါတယ်။ဗဟုသုတရလို့ပါ။ကိုယ်ဝန်ရှိမှလက်ထပ်တဲ့သူတို့ဓလေ့၊သတို့သမီးကသူ့ဝတ်စုံတက်နင်းလို့နိမိတ်မကောင်းဘူးဆိုတာလေးတွေ၊ပီတာခရောခ်ျရဲ့မင်္ဂလာပွဲစတဲ့စိတ်ဝင်စားစရာတွေနဲ့ပုံတွေကိုဖတ်ကြည့်သွားပါတယ်။တစ်ခုပဲမဖြိုး။ကျွန်တော်မဖြိုးဘလော့ကိုဖွင့်တိုင်းဘယ်တော့မှချောချောချူချူမပွင့်ဘူးခင်ဗျ။ကျွန်တော့်ကွန်ပျူတာကဖြစ်တာလားဆိုတော့..တခြားဘလော့တွေမှာအဲဒီလိုမဖြစ်ဘူး။မဖြိုးဘလော့ကိုတော့အနည်းဆုံးနှစ်ခါကနေသုံးခါလောက်ပြန်ဖွင့်ရတယ်။ဘာလို့လဲတော့ကျွန်တော်မသိဘူး။

    ReplyDelete
  2. :D ရှာရှာဖွေဖွေရေးနိုင်တာမဟုတ်ဘူး ဆူးသစ်ရေ။
    မေမေလည်း သနားပါတယ်။ တစ်ခါတစ်လေ လိုတယ် အဲဒါလေးအမြန်ရေးပေးပါဆို မရေးချင် သူမကြိုက်လည်း ရေးလိုက်ရတာ။ အမလည်း ဘာရယ်မဟုတ် စာတွေပုံတွေရှိတယ်ဆို တင်လိုက်တာပါ။ မေမေက အဲလိုတွေရေးချင်ဘူး။ တစ်ခါတည်းမပွင့်တာက xml animation ကြောင့်နေမှာ၊ အဲဒါသုံးထားလို့ ဒါမမဟုတ် ခေါ်ထားတဲ့ပုံ ၈ ပုံတောင်ဆိုတော့ များလို့နေမှာ၊ ပြန်ဖြုတ်ရင်ဖြုတ်လိုက်မယ်လေ၊ ဒါမှမဟုတ်ပုံ လျှော့ထားလိုက်မယ်။ အမမှာမဖြစ်တော့ ပြောမှသိမှာ ဇူးဇူး အများကြီး။
    Bless you

    ReplyDelete
  3. သူတို့မင်္ဂလာပွဲတွေ အကုန်လုံး စိတ်ဝင်စားစရာတွေချည်းး) အစ်မ မေမေ ဘာသာပြန်ထားတာလည်း ညက်လွန်းတော့ ဖတ်ရတာမဝဘူးရယ် :))

    ReplyDelete